အနီရင့်ရောင် မိုးဆက်

Por shinelay691

3.6K 149 29

ဒုတိယမြောက် စိတ်ကူးယဥ် GL ဇာတ်လမ်းလေးပါ အားပေးကျမယ်မလားဗျ Más

Intro
Part 1
Part 2
Part.3
Part.4
Part.5
Part.6
Part.7
Part.9
Part.10
💔💔💔
Part 11
Part.12
Part. 13 (1)

Part. 8

209 8 2
Por shinelay691


မေမေ....မေမေရော် မသင်း
မိုးZ အပြင်ကပြန်လာလို့ အိမ်ထဲဝင်လာတာနဲ့
အရင်ဆုံး လိုက်ရှာတတ်တာ မိခင်ဖြစ်သူကိုပါ.....အခုလည်းမေမေ့ကိုရှာမတွေ့လို့ မသင်းကို မေးနေခြင်းပါ။

မသင်းဆိုတာ မိုးZ ငယ်ငယ်လေးကတည်းက
ထိန်းကျောင်းပေးလာတဲ့ အိမ်အကူပါ နှစ်တွေကြာလာတာနဲ့အမျှ မိသားစုဝင်တယောက်လိုဖစ်နေခဲ့ပီ။

မိုးZလေးရေ မမကြီးက အပေါ်ထပ်က စာကြည့်ခန်းထဲမှာ စာရင်းတွေ လုပ်နေတယ်....

ဟုတ်ကဲ့မသင်း အဲ့တာဆို မိုးZ တတ်သွားလိုက်တော့မယ်.....အော် မသင်း မိုးZ ဒီနေ့ညစာ မစားဘူးနော် အပြင်သွားစရာရှိလို့ ..။

ဟယ်... ညဘက်ထွက်ဦးမလို့လား ဖြစ်ပါ့မလားမိုးZ လေးရယ် မမကြီးဆူနေတော့မှာပဲ ။

မိုးZ ပါဗျ ဖြစ်ပါတယ် အခု မေမေ့ဆီက ခွင့်သွားတောင်းမလို့ ဟဲဟဲ..မိုးZ မသင်းကို မျက်စိတစ်ဖက်မှိတ် လက်မလေးထောင်ပြ ပီး အပေါ်ပြေးတတ်ခဲ့တယ်။

🌫🌫🌫🌫🌫🌫🌫🌫🌫

မေမေ့....

အမလေး....လန့်လိုက်တာ မိုးZ ရယ်
အသံမပေးဘာမပေးနဲ့ မအေကိုလာလန့်နေတာ် ဒီခလေး..။

မေမေ က စာအုပ်ကြီးရှေ့ချပီး ငြိမ်နေလို့
ချောက်လိုက်တာပါ အရမ်းလန့်သွားရင် Sorry ပါ မေကြီးရဲ့... မိုးZ မေမေ့ခါးလေးကိုဖက်ထားပီးချွဲနေတော့... မေမေက

ခါးကိုဖက်ထားတဲ့ မိုးZ ရဲ့လက်ကို ဖြတ်ခနဲ့တစ်ချက်အသာလေး ရိုက်ပီး လာချွဲနေပုံထောက်ရင်တော့ မေမေ့ဆီက တစ်ခုခု လိုချင်ပီထင်တယ် .....

မေမေ့စကားကြောင့် မိုးZ သွားလေးဖြဲပီး ရယ်ပြမိတော့ မေမေက မျက်စောင်းခဲထားတယ်.... မေမေ သားဒီနေ့ Night Out ထွက်ဖို့ရှိလို့ မေမေ့ဆီက ခွင့်တောင်းချင်လို့.....

အော်ဟော် အရင်ရက်တွေကလည်း Night out ထွက်နေတာပဲလေ ဒီနေ့မှ မအေကို အထူးအဆန်းလုပ်ပီး လာခွင့်တောင်းနေတယ်......

မဟုတ်ဘူးမေမေရဲ့ အရင်ရက်တွေက သားNight Out ထွက်တာက မေမေကန့်သတ်ထားတဲ့အချိန်မတိုင်ခင် အိမ်ပြန်ရောက်ရတယ်လေ... အခုက အဲ့အချိန်ကို ပြန်မရောက်နိုင်လောက်ဘူး သူငယ်ချင်းရဲ့မွေးနေ့ပါတီရှိလို့ နဲနဲမိုးချုပ်မှာ မသွားလို့ကလည်းမကောင်းဘူး ကျောင်းကသူငယ်ချင်းအရင်းကြီးရဲ့ပွဲ....
နောက် မိစုတို့ သက်ပိုင်တို့ ဝတ်ရည်တို့လည်း ပါမှာပါ မေမေရဲ့....ခွင့်ပြုပါနော် မေမေ နော်လို့....

အွန်းပါ သူငယ်ချင်းအရင်းကြီးရဲ့ပွဲမို့လို့ မေမေခွင့်ပြုပေးလိုက်မယ်.... ဒါပေမယ့်
မေမေ့ ကလေးလေးက ဘယ်လိုပဲ ယောကျာ်း ဆန်ဆန်နေတယ်ဆိုဆို မေမေ့တို့အတွက်ကသမီးလေးတယောက်ပဲမို့ မေမေစိတ်မချတော့ဖြစ်မိတယ်.....

စိတ်ချပါမေမေရဲ့ သားမေမေမကြိုက်တာ ဘာတခုမှမလုပ်ဘူး မေမေတို့ဖေဖေ တို့ ယုံကြည်စိတ်ချရတဲ့ သမီးအလိမ္မာလေး မို့
စိတ်မပူနဲ့နော် မေမေ.. ။

ဟုတ်ပါပီရှင် အဲ့ဒီ့အပြောလေးတွေနဲ့ပဲ ဒီကအမေလုပ်သူက အချစ်တွေ ပိုနေရတာပါတော်......

မေမေက မိုးZ ပါးလေးကို ဖွဖွလေးလိမ်ဆွဲပီး
ချစ်စနိုးနဲ့ပြောတော့ မိုးZ မေမေ ပါးလေးကို ရွှတ်ခနဲ့တစ်ချက်နမ်းပီး 

မေမေ့ကို အရမ်းချစ်တယ်..

မေမေ အဲ့တာဆို သား မွေးနေ့ပွဲသွားဖို့
သွားပြင်ဆင်လိုက်ဦးမယ်....

အွန်း...မုန့်ဖိုးသုံးစရာရှိသေးရဲ့လား မွေးနေ့လက်ဆောင်ကလည်းပေးရမှာဆိုတော့ ..မေမေ မုန့်ဖိုးပေးလိုက်မယ်...

ရတယ်မေမေ သားမှာသုံးစရာရှိ​သေးတယ် မယူတော့ဘူး နောက် သားလိုတော့မှ ယူမယ်နော်မေမေ...

ဟုတ်ပါပီ....သွားဖို့ ပြင်ဆင်တော့ အဲ့တာဆိုလည်း....

ဟုတ်မေမေ..အော်....မေမေ
မောင်ပြန်လာရင်လည်း ပြောလိုက်ဦးနော်
ပြန်လာလို့ သားပြန်မရောက်သေးရင် စိတ်ပူနေမှာဆိုးလို့....

omm ပါ မေမေ ပြောလိုက်ပါ့မယ်... ။

🌫🌫🌫🌫🌫🌫🌫🌫🌫🌫

Ring....Ring....📲📲📲📲📲
မိုးZ ရေချိုးခန်းဝင်ဖို့ ပြင်နေတုန်း
ဖုန်းဝင်လာတာမို့ ကြည့်လိုက်တော့
ဝတ်ရည် ဆက်နေတာမို့ .....

ဝတ်ရည်မ ပြော...ဘာကိတ်

ဝတ်ရည်.....ဘာကိတ်လည်း ဆိုတော့....Butter Cake.

အဲ့ Butter Cake နင်ပဲစား..

ဝတ်ရည်....စားမှာ..စားမှာ ငါကိတ်မုန့်ကြိုက်တတ်တာ နင်သိသားနဲ့ ဟားဟား

ကဲ... ဒေါ်ဝတ်ရည် ဒီမှာ ငါရေချိုးမလို့ နင်ဖုန်းဆက်တဲ့ကိစ္စ ကို ဒီနေ့ပြောဖို့ရှိလား
မရှိရင် ငါဖုန်းချလိုက်တော့မယ်...

ဝတ်ရည်.....ဟာ....ခန..ခနလေး မချလိုက်နဲ့ နင်ကလည်းဟယ် စိတ်ချည့်ပဲ နဲနဲလောက် စိတ်ရှည်ပါဟဲ့....

အေး ငါကအရပ်ပဲ ရှည်တာ စိတ်တော့ လုံးဝမရှည်နိုင်ဘူး.... ဒီမှာ လူကအအေးပတ်တော့မယ် ပြောစရာရှိတာ မြန်မြန်မပြောဘူး...

ဝတ်ရည် လည်း ဖုန်းထဲက မိုးZ စကားကြောင့် နခမ်းလေးထော်ပီး ပွစိပွစိ ရေရွတ်နေတော့တယ်....

ငါကြားတယ်နော် ဝတ်ရည်မ ပွစိပွစိလုပ်မနေနဲ့ ဟွင့်....အနားမှာသာ ရှိလို့ကတော့ ခေါင်းကို ပိတ်ထုခံရမယ်....

ဝတ်ရည်....အေးအခုလိုရင်းကိုပြောမယ် နောက်မှ နင်နဲ့ငါ ရန်ဆက်ဖြစ်မယ်...
ဒီလိုဟာငါပြောမယ် ငါတို့ ဒီညသွားမဲ့ မွေးနေ့ပါတီက ၈ နာရီမှ စမှာလေ ဒါပေမယ့် ငါက ဒီနေ့မှ Night out ထွက်ဖို့ ပါမစ်ရတဲ့ သူဆိုတော့ ထွက်ရတုန်းလေးမှာ မန္တလေး မြို့လေးရဲ့ညဘက်အလှလေးကိုလည်း ခံစားချင်တယ် နောက် ဓာတ်ပုံလေးနဲနဲ ရိုက်ချင်တယ်
အဲ့တာ နင် ငါ့ကို စောစောလာခေါ်ပေးမလား...

Okay လေ အဲ့တာဆို နင် အခုအဆင်သင့်လုပ်ထားတော့ ငါ ရေချိုးပီးအဝတ်လှဲပီးတာနဲ့ထွက်ခဲ့မယ် ဟိုနှစ်ကောင်ကရော် လိုက်မယ်တဲ့လား..နင်မေးကြည့်သေးလား...

ဝတ်ရည်...အေးငါမေးတယ် သူတို့နှစ်ယောက်က မွေးနေ့ပါတီကျမှပဲ ဆုံမယ်တဲ့ ...

အေးပါ အဲ့တာဆို နင်လည်းလုပ်စရာရှိတာလုပ်တော့ ငါဖုန်းချတော့မယ်...

ဝတ်ရည်...အော် မိုးZ နင် ဆိုင်ကယ်နဲ့ပဲ လာခေါ်ပေးနော် ငါ့ကို ငါ ကားနဲ့မပတ်ချင်ဘူး...

အေးပါဟ ငါသိပါတယ်... ဒါပဲဒါပဲ ....။

ဝတ်ရည်ရဲ့ အိမ်က ညဘက်ထွက်တာမကြိုက်တော့ ဝတ်ရည်မက ညဘက်ထွက်ဖို့အခွင့်အရေးကရခဲတာ သူတို့အဖွဲ့က သိထားတာမို့ အခုလိုထွက်ခွင့်ရတဲ့အခါတိုင်း မိုးZ တို့က သူမ ပူဆာသမျှ လိုက်ပို့ပေးနေကျပါ။

🌫🌫🌫🌫🌫🌫🌫🌫🌫

ပေါင်အိတ်တွေများကြီးပါတဲ့ နက်မှောင်နေတဲ့ ဂျင်းဘောင်းဘီပွပွကိုမှ အပေါ်က Crop top အဖြူလေးနဲ့တွဲဝတ်ပီး November လလယ်ရဲ့ မန္တလေးညတွေက အနည်းငယ်ချမ်းစိမ့်စိမ့်ရှိလှတာမို့ မိုးZ လယ်သာဂျာကင်အနက်ရောင်ပွပွလေး ထပ်ဝတ်လိုက်ပီး သူစီးနေကျ
ဒီရက်ပိုင်း သူအရမ်းကြိုက်နေတဲ့ Nike Airforce အဖြူစွတ်စွတ်လေးကို စီးပီးတဲ့ချိန်မှာ သူ့ရဲ့ပြင်ဆင်ချိန်က ပီးသွားပါပီ

ဖြူဖွေးနေတဲ့အသားအရေကြောင့် မျက်နာကို Cream တခုလောက်လိမ်းရုံလောက်နဲ့ သူ့ရဲ့မျက်နာက ပြည့်စုံနေပါပီ နဂိုထဲက အသားအရေလှသူမို့ မျက်နာကိုအထွေအထူးဘာမှ လိမ်းနေစရာမလို နခမ်းလေးကလည်း ရဲနေတာမို့ နခမ်းနီဆိုးဆေးတွေ ကူစရာမလို
....မိုးZ သဘာဝအတိုင်းရဲနေတဲ့ သူ့နခမ်းလေးကို တစ်ချက်ကိုင်ကြည့်ရင်း မိစု ပြောတဲ့စကားကို သတိရပီး သူ ပြုံးလိုက်မိတယ်...

"မိုးZ ရယ် နင်က ကမ္ဘာ ပေါ်မှာ ကံအကောင်းဆုံးလူသားလေးပဲ သိလား.... ငါတို့မှာ နခမ်းနီ ဖိုးတွေ Skin care ဖိုးတွေ သောက်သောက်လဲ ကုန်နေချိန်မှာ နင်ရဲ့အသားအရေက အဲ့တာတွေ တခုမှ မလိုအပ်ပဲ Cream တခုလောက်လိမ်းရုံနဲ့ လှနေတာလေ.... ကျွန်မရှင့်ကို မနာလိုလိုက်တာ ဟွန့်.”...။

🌫🌫🌫🌫🌫🌫🌫🌫🌫

ဝတ်ရည်ကတော့ မိုးZ ဆိုင်ကယ်အနောက်ကနေ ခါးလေးဖတ်ပီး လိုက်ရလို့ အပျော်ကြီးပျော်နေခဲ့တယ်...မိုးZ ဆိုတာ သူမအချစ်ရဆုံး လူသားလေးလေ

မိုးZ နဲ့သူမနဲ့က ၉ တန်းနှစ်လောက်မှ စခင်ခဲ့တာဆိုပေမယ့် မိုးZ ကို သူငယ်ချင်းမဖြစ်ခင်ကတည်းက ကြိတ် Crush ခဲ့ရတာသူမက
ဒါပေမယ့် မိုးZ နဲ့ သူမသူငယ်ချင်းဖြစ်လာတော့ ဝတ်ရည်က မိုးZ နဲ့ ခင်မင်နေတဲ့ အခိုက်အတန့်လေးပျက်စီးမှာ စိုးရိမ်ခဲ့ပီး သူမအချစ်တွေကို သူငယ်ချင်းဇုံထဲ ထည့်ထားခဲ့ပီး သိုဝှက်ထားခဲ့တာပါ....မိုးZ ကလည်း ဝတ်ရည်ကို မိစုတို့ နောက်မှ ခင်မင်ခဲ့ရသူဆိုပေမယ့် မိစုတို့ကို ခင်သလိုအရမ်းခင်တွယ်ခဲ့တယ်....အဲ့လိုခင်တွယ်မူ့တွေကြောင့်ပဲ သူမအချစ်တွေက ပိုပီးထုတ်ပြထို့ခက်ခဲသွားခဲ့ရတယ်.... ။

ဝတ်ရည်...ဟာ...ဝတ်ရည်မ
မိုးZ ဝတ်ရည် ဓာတ်ပုံရိုက်ချင်တယ်ဆိုလို့ ကျုံးနားခေါ်လာပီး ဆိုင်ကယ်ရပ်ပီးပီး ခုထိမဆင်းသေး ခေါ်နေတာလည်း မကြား မိုးZ အနောက်လှည့် အော်လိုက်မှ လန့်သွားတဲ့ သူငယ်ချင်းမကြောင့်.... ဝတ်ရည်မ ငါခေါ်နေတာကြာပီ မဆင်းပဲ ဘာတွေ စိတ်ကူးယဥ်နေတာ .....နင် ဘဲရနေတာလား ငါ့ကိုမလိမ်နဲ့နော်မှန်မှန်ပြော.... ။

ဟာ...မိုးZ ရယ် ပေါက်ပေါက်ရှာရှာ ငါ ဘာဘဲမှ မရဘူး ငါ့ဟာငါ တခြားကိစ္စတွေးနေမိလို့...

"သေချာလား....”

"သေချာပါတယ်ဆို.... ဘယ်လိုဖြစ်နေတာ”

"ငါလည်းထင်ပါတယ် နင့်လိုရုပ်ဆိုးလေးကိုကြိုက်မဲ့သူမှ မရှိတာ... ဟားဟား”

"ဟာ...မိုးZ အစုတ်ပလုပ် သူများကို ပြောရက်တယ် ဒီလောက်ရုပ်ချောချောလေးကို.. ”

"ဘယ်နေရာချောတာလည်း ပြစမ်းပါ... ရေညှိတတ်နေလို့နေမှာပါ ချောတာက 😁😁..”

"မိုးZ.. ဝတ်ရည်ကိုမခံချင်အောင်လိုက်စတော့ ဝတ်ရည် သူ့ကိုလိုက်ထုနေတာမို့ သူပတ်ပြေးနေရတယ်....”

🌫🌫🌫🌫🌫🌫🌫🌫🌫

Ring.....Ring...📲📲📲

မိုးZ တစ်ယောက် ဝတ်ရည်ကို ဓာတ်ပုံရိုက်ပေးနေရင်း ဖုန်းဝင်လာလို့ ကြည့်လိုက်တော့
သက်ပိုင် ဆက်နေတာမို့.....

"Hello.....အေး သက်ပိုင် ပြော...”

............
.............
.............

"အေး... ငါတို့လည်း အခုလာတော့မှာလေ
ရောက်ပီလား မင်းတို့က ...

............
............

"အော် Okay.... အဲ့တာဆိုငါတို့လည်း အခု ထွက်လာတော့မှာ....

.........
.........

"Okay.... သူငယ်ချင်း အဲ့တာဆို မွေးနေ့မှာဆုံကျမယ်...

.......

"အေး Bye Bye... ”

မိုးZ သက်ပိုင်နဲ့ပြောပီး ဖုန်းချလိုက်တော့

"ဝတ်ရည်က”.... ဘာတဲ့လည်း သက်ပိုင်က ရောက်နေပီတဲ့လား....

မရောက်သေးပါဘူး သူတို့လည်း ထွက်လာနေပီတဲ့ အဲ့တာလှမ်းပြောတာ...

"Omm... ဒါဆို ငါတို့လည်း သွားကျမယ်လေ.... ”

"Okay”

မိုးZ တို့ မွေးနေ့ရှင် သူငယ်ချင်း မိုးမာန်တို့အိမ်နားရောက်ခါနီးလောက်မှာတော့ အမောင်ထဲမှာ ကားတစ်စီးရပ်ထားပီး ကားဘေးနားမှာ အမျိုးသမီးတစ်ဦးရပ်နေတာတွေ့လိုက်ရတာမို့.....

ဝတ်ရည် အရှေ့ကအမျိုးသမီးကိုကြည့်စမ်း ကားပျက်နေတာထင်တယ်...

အေးဟ ဟုတ်လောက်တယ်... နင်ဆိုင်ကယ်ခနရပ်လိုက် မိုးZ ငါတို့အကူညီပေးရအောင်...

အေး....

"မိုးZ ဆိုင်ကယ်ကို ဘေးနားကပ်ရပ်တော့မှ ဆိုင်ကယ်ကမီးနဲ့ မြင်လိုက်ရတဲ့မျက်နာကြောင့် အံသြသွားတယ်....

ဟာာ.....အနီ ကားပျက်နေတာလား
တယောက်ထဲလား... ဟာကွာ အမောင်ကြီးထဲမှာကို.. ”

Evening Dress အနက်ရောင်လေးကိုမှ
ပေါင်လယ်နားလောက်ကနေခွဲထားပီး အပေါ်ကနေ အနီရောင်
ကုတ်တစ်ထည်ကို ခြုံထားပီး ကားဘေးနားမှာ ဆင်းရပ်နေတဲ့ တောက်ပလွန်းတဲ့ အနီ့ရဲ့အလှကို သူ ခနတော့ မှင်သက်ပီးငေးမောနေမိတယ် ....
လှလိုက်တာ အနီရယ် နတ်သမီးလေးတစ်ပါးက ညဘက်မှာ လူယောင်ဖန်ဆင်းပီး နတ်သတ်များကြွေလာလေသလားပဲ ...ဒီကကောင်တော့ ရင်ခုန်ရလွန်းလို့ ရူးရချည်ရဲ့ဗျာ...။

"မိုးZ ရောက်လာတာနဲ့အတော်ပဲ... အနီ တယောက်ထဲမွေးနေ့ပွဲ သွားမလို့ထွက်လာတာ
အဲ့တာဒီနားရောက်မှ ကားပျက်သွားတာ
အရေးထဲမှ ဖုန်းကလည်း ပါမလာဘူး တော်သေးတယ် မိုးZ နဲ့တွေ့လို့... ဟူးးးး..မဟုတ်ရင်မလွယ်ဘူး”

"အနီ စကားစလိုက်တော့မှ မိုးZ တယောက်​ ​ငေးနေရာကနေ အသက်ဝင်လာသလို လှုပ်ရှားသွားပီး ....အနီ ကကွာ ညဘက်တယောက်ထဲအပြင်ထွက်တာကို ဖုန်းဘာလို့ ထားခဲ့ရတာလည်း
ပေါ့တယ်အရမ်းပဲ တယောက်ထဲ တခုခုဖြစ်ရင်ဘယ်လိုလုပ်မလည်း.....

ကဲပါ မိုးZ ရယ် အနီ့ကို နောက်မှဆူပါနော် အခုလောလောဆယ် အနီ့ကားဘာဖြစ်တယ်ဆိုတာ ကြည့်တတ်ရင် တစ်ချက်ကြည့်ပေး နော်.... အနီ သူငယ်ချင်းရဲ့မောင်လေး မွေးနေ့ပွဲသွားရမှာနောက်ကျနေမှာဆိုးလို့.....

အဲ့တာမှ ဒုက္ခ မိုးZ ကလည်းဆိုင်ကယ်လောက်ပဲပြင်တတ်တာ ကားမပြင်တတ်ဘူးဗျ.....

ဝတ်ရည်တယောက် အနီနဲ့ မိုးZ အကြောင်းကို ဘာမှ မသိသေးတာမို့ ကြောင်တောင်တောင်လေးသာ ကြည့်နေမိတယ်

ဟာ့....အနီသွားမဲ့ မွေးနေ့က မိုးZ တို့သွားမဲ့ မွေးနေ့နဲ့ တူနေမလား မသိဘူး... မိုးZ တို့က
မော်ဒလ် မိုးမာန်ခ ရဲ့ မွေးနေ့ပွဲကို သွားမလို့

"အယ်..ဟုတ်တယ် အနီသွားမှာလည်း သူ့ပွဲပဲ ”

"အဲ့တာဆို အတူတူသွားလို့ရ... အယ် ခနလေး မိုးZ က ဆိုင်ကယ်နဲ့လာတာ သူငယ်ချင်းပါသေးတယ် ...ဒီတော့မှ မိုးZ အနီနဲ့ ဝတ်ရည်ကို မိတ်ဆက်ပေးဖို့သတိရတယ်.....
အနီ ဒါ မိုးZ သူငယ်ချင်း ဝတ်ရည်တဲ့.....ဝတ်ရည် ဒါ ငါ့ရဲ့အနီ ဒေါက်တာအနီရင့်ရင့်တဲ့....ဟိုတလောက နင့်အမေတတ်တဲ့ဆေးရုံမှာ အနီက ဆေးရုံအုပ် လေ ....

ဟုတ်ကဲ့မမ တွေ့ရတာဝမ်းသာပါတယ်
အခုနကတည်းက ဝတ်ရည်က မမကို ရင်းရင်းနှီးနှီး မြင်ဖူးနေပါတယ်လို့ ကြည့်နေတာ မာမီ ဆေးရုံတတ်နေတုန်းက မြင်ဖူးထားတာ အဲ့တုန်းကတည်းက မမအရမ်းလှလို့ သတိထားမိနေတာ....

ကျေးဇူးပါနော် ဒီကညီမလေးဝတ်ရည်ကလည်း အချောလေးပါပဲ...

ဟီးဟီး..ကျေးဇူးပါမမ

မိုးZ ကတော့ ဝတ်ရည်ကို အချောလေးပြောလို့ မဲ့ရွဲ့ပီး စနေတာမို့ ဝတ်ရည် မိုးZ နောက်ကျောကို ဆွဲစိတ်ပစ်လိုက်တယ်.....

သူတို့စကားပြောနေတုန်း ဘေးနားက ဖြတ်သွားတဲ့ကားက နောက်ပြန်ဆုတ်လာတာမို့ ကြည့်လိုက်တော့ သက်ပိုင်တို့ကားဖြစ်နေတာမို့...မိုးZ အတွက်အတော်အဆင်ပြေသွားတယ်...

အတော်ပဲ သက်ပိုင်ရေ ဒီမှာ အနီ့ကား ပျက်နေလို့ မင်းအနီ့ကို ကားနဲ့တင်ခေါ်သွားပေး
အနီကလည်း ငါတို့သွားမဲ့ မွေးနေ့ပွဲကိုပဲ သွားရမှာ....

"အနီ့ကို သက်ပိုင်တို့ကားနဲ့ပဲတင်ပေးလိုက်ရတယ် တကယ်က သူ့ဆိုင်ကယ်လေးအနောက်ကနေတင်ခေါ်သွားချင်ပေမယ့် အနီဝတ်ထားတဲ့ Dress နဲ့က သူ့ဆိုင်ကယ်နဲ့အဆင်မပြေလို့သာ ထည့်လွတ်လိုက်ရတာ... ”

"ဝတ်ရည်တယောက် သက်ပိုင်တို့ကားထွက်သွားတာနဲ့ မိုးZ ဘက်ကို လှည့်ပီး...

မိုးZ ငါ့ရဲ့အနီ ဆိုတဲ့ ကိစ္စလေးကို ရှင်းပါဦး
ကျွန်မ နားမလည်လို့....

ဟဲဟဲ....ငါ့ရဲ့အနီဆိုတဲ့ အဓိပ္ပါယ်က ငါအရမ်းချစ်မြတ်နိုးနေတဲ့ တစ်ချိန်ချိန်မှာ ငါ့ရဲ့ ချစ်သူလေး ဖြစ်လာနိုင်မဲ့သူလို့ အဓိပ္ပါယ်ရတဲ့သူပေါ့ကွာ... ဟီးဟီး😁😁😁

မိုးZ ကတော့ ပြောချင်တာပြောပီး ဆိုင်ကယ် စက်နိုးနေပီ ဝတ်ရည်ကတော့ မိုးZ စကားကြောင့် ပြိုတော့မဲ့ မိုးလို မျက်နာလေးပျက်သွားခဲ့ပီး မျက်ဝန်းထဲမှာ မျက်ရည်တွေ ပြည့်နက်လာခဲ့တယ်....

"ဒေါ်ဝတ်ရည် ဆိုင်ကယ်ပေါ်တတ်တော့လေ ဘာရပ်လုပ်နေတာ....

ဝတ်ရည် မိုးZ မမြင်အောင် ခေါင်းအသာငုံ့ပီး
မျက်နာကို ဆံပင်နဲ့ကွယ်လိုက်တော့ မျက်ရည်တစ်စက်က မြေကြီးပေါ် ပေါက်ခနဲ့ ကျဆင်းသွားတယ်....

မွေးနေ့ပွဲကို သွားနေတဲ့ ဆိုင်ကယ်လေးတစ်စီးပေါ်မှာ
တယောက်က ချစ်ရတဲ့သူကို တွေ့လိုက်ရလို့ ပြုံးပျော်နေတဲ့မျက်နာလေးနဲ့
တယောက်ကတော့ ချစ်ရတဲ့သူကို ဆုံးရူံးလိုက်ရလို့ ကြိတ်ငိုနေတဲ့ ဝမ်းနည်းမျက်ရည်တွေနဲ့.....

🌫🌫🌫🌫🌫🌫🌫🌫🌫

ဒီနေ့မွေးနေ့ပွဲထဲမှာ မွေးနေ့ရှင်ထက်ပိုပီး ပြုံးပျော်နေတဲ့သူတယောက်ကို ပြပါဆိုရင်တော့
မိုးZ ကိုပဲ ဆွဲပြရလိမ့်မယ်...။

မွေးနေ့ပွဲထဲ ရောက်လာကတည်းက အနီ့နားက တစ်ဖဝါးမှ မခွာ ...အနီကလည်း မိုးZ တို့ သူငယ်ချင်းအုပ်စုနဲ့ တစ်ဝိုင်းထဲ ထိုင်နေတာမို့
အနီ့ကို လာနုတ်ဆက်တဲ့ အနီ့သူငယ်ချင်းမိန်းခလေးတွေ အကုန်လုံးက မိုးZ ကို ငမ်း သွားကျတာမို့ .....အနီ စိတ်ပေါက်ပေါက်နဲ့ မိုးZ ကို လှည့်ပီး မျက်စောင်းထိုးမိတော့....

ဟမ်...အနီ မိုးZ ကို ဘာလို့မျက်စောင်းထိုးနေတာလည်း...

ရှင့်ကို အမြင်ကပ်လာလို့...

အမ်.....ဘာလို့လည်း..မိုးZ က ဘာလုပ်လို့လည်း...

ဘာလို့ အဲ့လောက်ချောသန့်နေရတာလည်း
ဘယ်လောက်တောင်ပဲများလာလည်းမသိဘူး
လူတစ်ကိုယ်လုံးလည်း မွေးကြိုင်နေတာပဲ
အဲ့တာကြောင့် လာသမျှမိန်းခလေးတိုင်း ရှင့်ကိုပဲ ငမ်းသွားကျတယ်....

အော်...အနီကပြောင်းပြန်ပြောတော့မယ်
အနီ့ကို ငမ်းနေတဲ့ ယောကျာ်း ထုကြီးက များလွန်းလို့ မိုးZ က အနီ့ကို ဘယ်နားဖွက်ထားရမလည်းစဥ်းစားနေတာ...နောက်ပီးတော့
အဲ့ဂါဝန်က ဘာလို့ အဲ့လောက်ရီးခွဲထားတာကို ဝတ်ရတာလည်း အဲ့လောက်လှနေမှတော့
ငမ်းကျပီပေါ့လို့.... ”

"မိုးZ က အနီးနားနားလေးကပ်ပီး စကားပြောနေခဲ့တာမို့ မသိရင် နှစ်ယောက်က မခွဲနိုင်မခွာရက်ဖြစ်နေတဲ့ အတွဲလေးတွေလို့ ဖြစ်နေခဲ့တယ် ....။

ထိုစဥ် .....သီချင်းတွေဆိုနေတဲ့ တီးဝိုင်းဘက်ကနေ မွေးနေ့ရှင်ရဲ့အသံထွက်လာတာမို့
သူတို့လှည့်ကြည့်နေတုန်းကို မွေးနေ့ရှင်က
မိုးZ ကို သီချင်းတစ်ပုဒ်နဲ့ ဖျော်ဖြေပေးဖို့ တောင်းဆိုတော့ မိုးZ တို့  ကျောင်းက ကျောင်းသားကျောင်းသူတွေက  မိုးZ ဆိုတာကို နားထောင်ဖူးကျတာမို့ အားလုံးက လက်ခုပ်တီးပီး မိုးZ ကို ဆိုဖို့ တောင်းဆိုနေကျတယ်.... မိုးZ လည်း မွေးနေ့ရှင် စိတ်ချမ်းသာအောင် ဆိုပေးဖို့ ဆင်ပေါ်တတ်လာခဲ့ပီး.....
အရင်သူဘာဆိုရမလည်းစဥ်းစားလိုက်တော့
ဒီနေ့ သူ့ကိုအားပေးမယ့်သူတွေထဲမှာ အနီလည်းပါနေတော့ သူ အချစ်သီချင်းတပုဒ်လောက်ဆိုရမလား စဥ်းစားရင်း သူအကြံရသွားပီး.... အနောက်က တီးဝိုင်းအဖွဲ့ကို သူဆိုမဲ့သီချင်းရွေးပေးလိုက်တော့ အဆင်ပြေတာမို့ ......

တီးဝိုင်းအဖွဲ့ကနေ သံဇဥ်တစ်ချို့စထွက်လာတဲ့အချိန်မှာ Announcer က  မိုးZ ဆိုမဲ့ သီချင်းလေးကို အရင်ကြော်ငြာပေးလိုက်တယ်

ဖိုးကာရဲ့ တစ်စိမ့်စိမ့်ကြည့် ဆိုတဲ့ သီချင်းလေးနဲ့ သီဆိုဖျော်ဖြေပေးမှာပဲ ဖြစ်ပါတယ်  ခင်ဗျာ.....

ဖြောင်း....ဖြောင်း....ဖြောင်း (လက်ခုပ်တီးအားပေးသံ😁)

မျက်လုံးအရှေ့မှာမြင်တိုင်း

ကြည့်ခဲ့ဖူးတယ် မထင်ပါနဲ့

သူများအတွက် လှလွန်းသူတွေလည်း

ကိုယ်အမှတ်တမဲ့ပါပဲ

အားလုံးထဲက မင်းကျတော့ .. ရေး

ကိုယ်မျက်တောင်မခတ်ပဲနဲ့

တစ်နေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်

နဖူးကခြေဖျားထိအောင် ချစ်တယ်

အသည်းလေးအားစွဲညှို့သူရေ

မျက်စိအောက်က ပျောက်မသွားနဲ့ဦး

တစ်နေကုန်ထိုင်ပြီးကြည့်

ဒီမျက်စိက အသည်းထဲထိစီးဝင်

ဘယ်တော့ကြည့်ကြည့် ချစ်မိသူရေ

ဒီလိုမျက်စိအောက်က ပျောက်မသွားနဲ့ဦး

တစ်နေကုန်ထိုင်ပြီး ကြည့်

ဒီအတိုင်းကြည့်နေရုံလေး

သိပ်တော့ မများပါဘူး

ကိုယ့်ရဲ့အကြည့်က ပန်းတွေလိုပွင့်

ကဲယူ မင်းဆွတ်ခူး

အားလုံးထဲက မင်းပဲ

အမြဲတမ်း မြင်နေခွင့်ပြု

တစ်နေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်

နဖူးကခြေဖျားထိအောင် ချစ်တယ်

အသည်းလေးအားစွဲညှို့သူရေ

မျက်စိအောက်က ပျောက်မသွားနဲ့ဦး

တစ်နေကုန်ထိုင်ပြီးကြည့်

ဒီမျက်စိက အသည်းထဲထိစီးဝင်

ဘယ်တော့ကြည့်ကြည့် ချစ်မိသူရေ

ဒီလိုမျက်စိအောက်က ပျောက်မသွားနဲ့ဦး

တစ်နေကုန်ထိုင်ပြီးကြည့်

တစ်နေကုန်ထိုင်ပြီးကြည့်

ရေး .. ရေး

တစိမ့်စိမ့်ကြည့်နေမိ

အရှေ့ကအနောက်က ဘေးကကြည့်

အနီးကြည့်အဝေးကြည့်လေး

တစိမ့်စိမ့်ကြည့်ရှု အမြဲချစ်နေခွင့်ပြု

တစ်နေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်

နဖူးကခြေဖျားထိအောင် ချစ်တယ်

အသည်းလေးအား စွဲညှို့သူရေ

မျက်စိအောက်က ပျောက်မသွားနဲ့ဦး

တစ်နေကုန်ထိုင်ပြီးကြည့်

ဒီမျက်စိက အသည်းထဲထိစီးဝင်

ဘယ်တော့ကြည့်ကြည့် ချစ်မိသူရေ

ဒီလိုမျက်စိအောက်က ပျောက်မသွားနဲ့ဟေ့

တစ်နေကုန်ထိုင်ပြီးကြည့်

တစိမ့်စိမ့်ကြည့်နေမယ်

တစ်နေကုန်ကြည့်နေဦးမယ်

တစိမ့်စိမ့်ကြည့်နေမယ်

တစ်နေကုန်ထိုင်ပြီးကြည့်.....

မိုးZ သီးချင်းတစ်ပုဒ်လုံးကို အနီ့မျက်နာလေးကိုပဲ ကြည့်ပီး သီဆိုသွားခဲ့သလို အနီ ကိုယ်တိုင်လည်း မိုးZ ရဲ့အသံလေးစကြားလိုက်ရတဲ့အချိန်ကစပီး မိုးZ ရဲ့မျက်နာကိုပဲ ငေးမောနေခဲ့မိပီး
လက်ခုပ်သံတွေ ဆူညံလာမှ အနီ အသိဝင်လာခဲ့ပီး မိုးZ ဆီကနေ အကြည့်ကိုခွာလိုက်မိတယ်
ဧည့်ပရိတ်သတ်တွေကတော့ မိုးZ ကို နောက်တစ်ပုဒ်ဆိုပေးဖို့ ဝိုင်းဝန်းတောင်းဆိုနေကျပီ

မွေးနေ့ရှင်ကလည်း ကိတ်မုန့်ခွဲတော့မှာဆိုတော့ မိုးZ မွေးနေ့ သီချင်းလေးကိုပဲ ဆိုပေးလိုက်တယ်..... ”

"မိုးZ အနီ့ဘေးမှာ ပြန်လာထိုင်တော့
အနီက မိုးZ နားရွက်ဖျားလေးကို နမ်းမိတော့မယ့် အနေအထားလောက်ထိကပ်ပီး

ဘာလို့ အဲ့လောက်ထိ Perfect ဖြစ်နေရတာလည်း ချာတိတ် ...

အနီ့စကားကို မိုးZ သိပ်နားမလည်တာမို့
အနီ ဘာကိုပြောချင်တာလည်း.....

ရှင်လေးက ကောင်းခြင်း ၅ ဖြာ ထက်ကိုကျော်လွန်အောင် ပီးပြည့်စုံနေလို့ ပြောတာ

အော်...အနီစိတ်ထင်လို့ပါ
အခုလောလောဆယ်မှာ မိုးZ ရဲ့ ဘဝက မပြည့်စုံသေးဘူး တစ်ခုလိုနေသေးတယ်...

omm ပြောပါဦး ဘာလိုနေသေးတာလည်း ဆိုတာ...

ommmmm..မိုးZ အရမ်းချစ်ရတဲ့သူကို ...
မိုးZ စကားကိုခနရပ်လိုက်ပီး အနီ့မျက်ဝန်းတွေကို စိုက်ကြည့်ပီး....

ချစ်တယ်....လို့
ဖွင့်မပြောရသေးဘူးလေ

မိုးZ က ချစ်တယ်လို့ ဆိုတဲ့စကားမှာ သံရှည်ဆွဲပြောပီး အနီ့ကိုစိုက်ကြည့်နေခဲ့တာမို့
အနီ့ရင်ဘတ်ထဲမှာ လိပ်ပြာတွေပဲထပျံသွားသလိုလို အနီရင်တွေခုန်နေခဲ့ပီး...
မိုးZ စကားအဆုံးမှာ အနီ မျက်နာလေး ရဲနေခဲ့ပီး သူမရင်ခုန်သံကြောင့် မိုးZ ကို ပြန်မကြည့်ရဲပဲ ရှက်သွေးဖြာနေခဲ့တယ်... ။

မိုးZ သူ့စကားကြောင့် မျက်နာလေးရဲပီး ရှက်သွေးဖြာနေတာတောင် လှရက်နိုင်လွန်းတဲ့ သူ့ရဲ့ချစ်ရသူလေး မျက်နာကို တစိမ့်စိမ့်ကြည့်ပီး ကြည်နူးနေမိတယ်... ။

🌫🌫🌫🌫🌫🌫🌫🌫🌫🌫

December 5 2023
4.1K Words

Happy Birthday Becky Rebbaca
မင်မင်က Freenbecky Fan ဆိုတော့
အူကြူးလေးမွေးနေ့အမှတ်တရအနေနဲ့ဖြစ်အောင် ဒီနေ့မှ Update လာပေးလိုက်တာပါ
Update လေးကြာသွားရင် တောင်းပန်ပါတယ်ဗျ.... ။











Seguir leyendo

También te gustarán

40K 588 89
Where a Hufflepuff who stays hidden in the shadows falls for the Gryffindor who shines brighter than everyone. This is my first story, please leave...
3.2M 261K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
1.2M 29K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
708K 73.2K 27
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...