Part. 8

199 8 2
                                    


မေမေ....မေမေရော် မသင်း
မိုးZ အပြင်ကပြန်လာလို့ အိမ်ထဲဝင်လာတာနဲ့
အရင်ဆုံး လိုက်ရှာတတ်တာ မိခင်ဖြစ်သူကိုပါ.....အခုလည်းမေမေ့ကိုရှာမတွေ့လို့ မသင်းကို မေးနေခြင်းပါ။

မသင်းဆိုတာ မိုးZ ငယ်ငယ်လေးကတည်းက
ထိန်းကျောင်းပေးလာတဲ့ အိမ်အကူပါ နှစ်တွေကြာလာတာနဲ့အမျှ မိသားစုဝင်တယောက်လိုဖစ်နေခဲ့ပီ။

မိုးZလေးရေ မမကြီးက အပေါ်ထပ်က စာကြည့်ခန်းထဲမှာ စာရင်းတွေ လုပ်နေတယ်....

ဟုတ်ကဲ့မသင်း အဲ့တာဆို မိုးZ တတ်သွားလိုက်တော့မယ်.....အော် မသင်း မိုးZ ဒီနေ့ညစာ မစားဘူးနော် အပြင်သွားစရာရှိလို့ ..။

ဟယ်... ညဘက်ထွက်ဦးမလို့လား ဖြစ်ပါ့မလားမိုးZ လေးရယ် မမကြီးဆူနေတော့မှာပဲ ။

မိုးZ ပါဗျ ဖြစ်ပါတယ် အခု မေမေ့ဆီက ခွင့်သွားတောင်းမလို့ ဟဲဟဲ..မိုးZ မသင်းကို မျက်စိတစ်ဖက်မှိတ် လက်မလေးထောင်ပြ ပီး အပေါ်ပြေးတတ်ခဲ့တယ်။

🌫🌫🌫🌫🌫🌫🌫🌫🌫

မေမေ့....

အမလေး....လန့်လိုက်တာ မိုးZ ရယ်
အသံမပေးဘာမပေးနဲ့ မအေကိုလာလန့်နေတာ် ဒီခလေး..။

မေမေ က စာအုပ်ကြီးရှေ့ချပီး ငြိမ်နေလို့
ချောက်လိုက်တာပါ အရမ်းလန့်သွားရင် Sorry ပါ မေကြီးရဲ့... မိုးZ မေမေ့ခါးလေးကိုဖက်ထားပီးချွဲနေတော့... မေမေက

ခါးကိုဖက်ထားတဲ့ မိုးZ ရဲ့လက်ကို ဖြတ်ခနဲ့တစ်ချက်အသာလေး ရိုက်ပီး လာချွဲနေပုံထောက်ရင်တော့ မေမေ့ဆီက တစ်ခုခု လိုချင်ပီထင်တယ် .....

မေမေ့စကားကြောင့် မိုးZ သွားလေးဖြဲပီး ရယ်ပြမိတော့ မေမေက မျက်စောင်းခဲထားတယ်.... မေမေ သားဒီနေ့ Night Out ထွက်ဖို့ရှိလို့ မေမေ့ဆီက ခွင့်တောင်းချင်လို့.....

အော်ဟော် အရင်ရက်တွေကလည်း Night out ထွက်နေတာပဲလေ ဒီနေ့မှ မအေကို အထူးအဆန်းလုပ်ပီး လာခွင့်တောင်းနေတယ်......

မဟုတ်ဘူးမေမေရဲ့ အရင်ရက်တွေက သားNight Out ထွက်တာက မေမေကန့်သတ်ထားတဲ့အချိန်မတိုင်ခင် အိမ်ပြန်ရောက်ရတယ်လေ... အခုက အဲ့အချိန်ကို ပြန်မရောက်နိုင်လောက်ဘူး သူငယ်ချင်းရဲ့မွေးနေ့ပါတီရှိလို့ နဲနဲမိုးချုပ်မှာ မသွားလို့ကလည်းမကောင်းဘူး ကျောင်းကသူငယ်ချင်းအရင်းကြီးရဲ့ပွဲ....
နောက် မိစုတို့ သက်ပိုင်တို့ ဝတ်ရည်တို့လည်း ပါမှာပါ မေမေရဲ့....ခွင့်ပြုပါနော် မေမေ နော်လို့....

အနီရင့်ရောင် မိုးဆက်जहाँ कहानियाँ रहती हैं। अभी खोजें