Part.3

171 7 2
                                    


ဒီ Fic လေးကိုဖတ်နေတဲ့ စာဖတ်သူအားလုံး
ဒီအရှေ့ပိုင်း ၃ ပိုင်းလောက်ထိက ဇာတ်ကောင်တွေရဲ့ စရိုက်ကို မှိတ်ဆက်ပေးနေတဲ့အပိုင်းလေးတွေမို့ စာဖတ်ရတာနဲနဲ ပျင်းစရာကောင်းခဲ့သည်ရှိသော် သည်းခံပေးကျပါလို့ မင်မင်တောင်းဆိုပါရစေခင်ဗျ
အပိုင်း  ၄ လောက်ကနေစပီးမှ ဇာတ်အိမ်တည်မှာမို့ပါ 🙏🙏🙏

🌫🌫🌫🌫🌫🌫🌫🌫🌫🌫🌫🌫🌫🌫🌫🌫🌫🌫

အနီတို့ ညီမနှစ်ယောက် မွေးနေ့ပွဲကနေပြန်လာတဲ့ လမ်းမှာ နှစ်ယောက်သား
တဟားဟားနဲ့ ပွဲကျနေတော့တယ် .....။

ပွဲမကျပဲရှိမလား မမလုပ်ပုံကိုလည်းကြည့်ဦး လေ ပွဲကျင်းပတဲ့ခန်းမထဲရောက်တာနဲ့
မျက်မှန်အမဲကြီးကောက်တပ်ပီး သူ့ဝတ်စားထားပုံနဲ့ မျက်မှန်အမဲကြီးနဲ့ဆိုတော့ ကိုကျော်သီဟတစ်ယောက်ကတော့ မျက်စိမျက်နာတွေပြတ်နေပီး ခန်းမထဲမှာရှိတဲ့သူတွေ အားလုံးရဲ့အကြည့်တွေကတော့သူမတို့ညီမနှစ်ယောက်စီမှာ ....

"အနီရင့်ရင့် ” တို့ ညီမနှစ်ယောက်က အဲ့လိုမျက်နာပြောင်ရမဲ့နေရာဆို အရမ်းအတိုင်အဖောက်ညီတာ.... ။

🌫🌫🌫🌫🌫🌫🌫🌫🌫🌫🌫🌫

" အနီရင့်ရင့် နဲ့ ခရမ်းပြာ ”

မိဘတွေက ကျိကျိတတ်ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အနီ့အသက် ၂၀ အရွယ်မှာ မိခင်ဆုံးပါးသွားခဲ့ပီး ညီမနှစ်ယောက်စလုံးက ဖခင်ရဲ့အုပ်ထိန်းမူ့အောက်မှာကြီးပြင်းခဲ့ရတယ်...... ။

မိခင်ဆုံးပါးတဲ့အချိန်မှာ အသက် ၁၅ နှစ်ပဲရှိသေးတဲ့ ညီမလေးအတွက်တော့ အနီကပဲ မိခင်လိုရော် အစ်မလိုရော် သူငယ်ချင်းတစ်ယောက်လိုပါ စောင့်ရှောက်ခဲ့ရတယ် ။

အနီတို့ ညီမနှစ်ယောက်အတွက် မိခင်မရှိတော့ပေမယ့် ဖခင်ကြီး က နောက်အိမ်ထောင်ထပ်မပြုခဲ့ပါပဲ သမီးနှစ်ယောက်ကို သူငယ်ချင်းပေါင်းပေါင်းပီး စောင့်ရှောက်ခဲ့တယ် ။

အနီက ပညာရေးမှာအရမ်းထူးချွန်တယ်
သူမဝါသနာပါတာက စီးပွားရေးလုပ်ငန်းကို ဝါသနာပါခဲ့ပေမယ့် မိခင်ရဲ့ ဆန္ဒကိုဖြည့်စီးပေးချင်ခဲ့တာမို့ သူမဆရာဝန်လိုင်းကိုပဲယူပီး ဆေးကျောင်းပဲတတ်ဖြစ်ခဲ့တယ် ။မေမေက အနီ့ကိုဆရာဝန်မလေးတစ်ယောက်ဖြစ်စေချင်ခဲ့တယ် မေမေဖြစ်စေချင်သလို ဆရာဝန်တစ်ယောက်ဖြစ်ခဲ့ပေမယ့် အနီဘွဲ့ယူတဲ့အချိန်မှာတော့ အနီ့ဘေးမှာမေမေမရှိခဲ့လို့ အနီအရမ်းဝမ်းနည်းရတယ် ။

အနီရင့်ရောင် မိုးဆက်Where stories live. Discover now