Part.12

87 9 0
                                    

မိုးZ တယောက်အနီ့ရှေ့မှာ ရပ်ပီး မူန်ကုတ်ကုတ်နဲ့ တိတ်တိတ်ဆိတ်ဆိတ် လာရပ်နေတာမို့ အနီကပဲ တိတ်ဆိတ်နေတာကို မနေတတ်တော့လို့ စပီးစကားပြောရတယ်။

"မိုးZ.... "

" အွန်း....”

ဟော ထူးပုံက သူစိတ်ဆိုးနေပါတယ်လို့ ပြောလိုက်သလိုပဲ  ။

" မိုးZ...”

" ဗျာ....”

သူဗျာ လို့ထူးတော့မှ ပြုံးလိုက်တဲ့ သူမကြောင့် မိုးZ လည်း သူမ မမြင်အောင်ကြိတ်ပြုံးလိုက်မိတယ် ။

ကဲပြောပါဦး ရှင်လေး ကျွန်မကို စိတ်ဆိုးနေတယ်မလား ။

စိတ်မဆိုးပါဘူး အနီရယ် မိုးZ က အနီ ရောက်မလာလို့ စိတ်မကောင်းပဲ ဖြစ်နေတာ
အနီခရီးထွက်သွားတာကိုလည်း မိုးZ ကအစက မသိဘူးလေ အဲ့တာကြောင့် စိတ်မကောင်းဖြစ်နေတာ မနေ့ကမှ အရမ်းတွေ့ချင်လို့ ဆေးရုံကို လိုက်သွားတော့မှ အနီခရီးထွက်သွားတာကို သိရတာ ။

အွန်း အဲ့တော့ ခရီးသွားတာကို ပြောမသွားလို့ နဲနဲတော့ ကောက်သွားတယ်မလား ချာတိတ် မညာနဲ့နော် အမှန်တိုင်းပြော ။

အနီက မိုးZ ကို လက်ညိုးလေးထိုးပီး ချစ်စဖွယ်အမူအရာလေးလုပ်ပီးမေးနေတာမို့ မိုးZ လည်း ရှက်ရယ်ပဲရယ်ပြလိုက်မိတယ် ။

မိုးZ ကို ဆေးရုံက ပြောလိုက်တာ အနီ ဟိုမှာ နှစ်ပတ်လောက်ကြာမယ်ပြောတာ အခု နှစ်ပတ်တောင်မပြည့်သေးဘူး ပြန်လာတာလား
အနီကပြန်သွားရမှာလား ။

အနီ့ကို ပြန်သွားရမယ်အထင်နဲ့ မျက်လုံးပြူးလေးနဲ့ စိုးရိမ်တကြီးမေးနေတဲ့ ချာတိတ်လေးကို အနီချစ်လိုက်တာလေ ပါးလေးကို ဆွဲဖျစ်ညစ်ပစ်ချင်စရာလေး ။

အနီ အလုပ်ကိစ္စတွေကို တစ်ပတ်ထဲနဲ့ပီးပြတ်အောင်လုပ်ပီး ပြန်လာခဲ့တာ အနီပြန်ရောက်တာ နှစ်ရက်ရှိပီ ဆေးရုံကိုမသွားပဲ အိမ်မှာပဲ နားနေတာ ။

ဟာဗျာ...အနီက ရက်စက်လိုက်တာ ပြန်ရောက်တာတောင် ဖုန်းတစ်ချက်မဆက်ဘူး
အနီ့ဖုန်းကို မိုးZ ခေါ်တော့လည်း စက်ပိတ်ထားတယ်ပဲ ဖြေနေတာ.။

ဟုတ်တယ်အနီအရမ်းပင်ပန်းလာလို့ ခနနားချင်တာနဲ့ ဖုန်းပါစက်ပိတ်ထားလိုက်တာ ။
ကဲပါ အဲ့မျက်နာလေးကို မူန်ကုတ်မထားနဲ့
နောက်တစ်ခါ အဆက်အသွယ်ဖြတ်ပီးပစ်ထားတာမျိုးမလုပ်တော့ဘူး စိတ်မဆိုးနဲ့တော့နော်... အနီတောင်းပန်ပါတယ် မိုးZ ကို စိတ်မကောင်းဖြစ်အောင် လုပ်မိတဲ့အတွက် ။

အနီရင့်ရောင် မိုးဆက်Where stories live. Discover now