Part 11

130 11 3
                                    

အနီ ဖုန်းမြည်သံကြောင့် လုပ်လက်စအလုပ်ကို ခနရပ်ပီး ဖုန်းထကိုင် လိုက်တော့
မိုးZ စီက ဖုန်းဖြစ်နေတယ်

Hello....

ဟို အနီလား

အယ် မိုးZ ရယ် အနီ့ ဖုန်းကို ခေါ်ပီး အနီလားဆိုတော့.. မဟုတ်ပါဘူးရှင် ကျွန်မ အနက်ပါရှင် လို့ ဖြေရမလား 😄😄😄..

သွားပါပီ မိုးZ တယောက် သူ့အကြောင်းနဲ့သူ ရင်တုန်ပီး မေးလိုက်မိတာ အနီ စတာခံနေရပီ

ကဲပါ ကိုယ်တော်ရယ် ဒါလေး စလိုက်မိတာ အသံ တိတ်သွားပီ မျက်နာလေးပါ ဆူပုပ်နေပီလား မသိပါဘူး...

မဆူပုပ်ပါဘူး အနီကလည်း.... လူကို ကလေးများထင်နေလား..

ဟွန့်... တို့မျက်စိထဲတော့ မင်းက ကလေးပဲ
လူကောင်ကြီးသာ ထွားနေတာ ကလေးကကလေးပဲ..

ဟာဗျာ အနီ နော် မိုးZ ကလေးမဟုတ်ဘူး အဲ့လို ကလေးလို လာ မဆက်ဆံနဲ့ ကွာ..

ဟုတ်ပါပီ ရှင်လေးမကြိုက်ဘူးဆိုလည်း မစတော့ပါဘူး..ပြောပါအုန်း ဖုန်းခေါ်ရတဲ့အကြောင်းအရင်းကို..

မိုးZ အနီ့ကို ဖုန်းခေါ်ပီးမှ ဘာပြောရမှန်းမသိဖြစ်သွားတယ် သူ့နူတ်ကနေဖွင့်ပြောဖို့ကို မရဲဘူးဖြစ်နေမိတယ် အနီသူ့ကိုစိတ်ဆိုးသွားမှာကို သူသေလောက်အောင်လည်းကြောက်နေမိတယ်...

မိုးZ... ပြောစရာမရှိရင် အနီဖုန်းချတော့မယ်ကွယ်..ဖုန်းခေါ်ပီး ဘာမှလည်းမပြောဘူးအသံပဲတိတ်နေတယ် ဘာတွေဖြစ်နေမှန်းကိုမသိဘူးဒီကလေး..

အနီ...

ရှင့်....

မနက်ကို ဆေးရုံဘယ်ချိန်သွားရမှာလည်း

မနက်ဖြန် ဆရာဝန်များအသင်းက Meeting ရှိလို့ တတ်ရမှာဆိုတော့ ဆေးရုံကို နောက်ကျမှပဲသွားဖြစ်မယ် meeting ပီးမှ သွားဖြစ်မှာ..

အဲ့တာဆို အစည်းအဝေးသွားရင် မိုးZ ပဲ လိုက်ပို့ပေးမယ်လေ ..

အွန်း.. မိုးZ လိုက်ပို့မယ်ဆိုရင် အဆင်ပြေတာပေါ့
......
......
......ဖုန်းထဲကနေလည်း ဖွင့်မပြောရဲတဲ့ အတူတူတော့ အနီ့ကို လိုက်ပို့မဲ့အကြောင်းပြောပီး သူ ဖုန်းချလိုက်တော့တယ်..

အနီရင့်ရောင် မိုးဆက်Onde as histórias ganham vida. Descobre agora