Part.4

189 10 2
                                    

အနီမနက်စောစောထ Workout လုပ်ပီး
Breakfast စားဖို့ဆင်းလာတော့
Breakfast ဝိုင်းမှာလူစုံနေပီ အနီတို့ မိသားစုလေးက ကိုယ်စီက အလုပ်များကျသူများမို့
မနက်စာ Breakfast ဝိုင်းကိုတော့ လူစုံအောင်စုပီးမှ စားတတ်ကျတယ် တနေကုန်က စုံဖို့မလွယ်သူများ မဟုတ်လား ။

" သမီး နီလေး ဒီရက်ပိုင်း ဆေးဝင်ကုပေးနေရတယ်ဆို ...."

ဟုတ်တယ် ဒယ်ဒီ ဆေးရုံရဲ့ နယ်လည့်ပရဟိတအဖွဲ့က ဒီတစ်ခေါက်တာဝန်ကျတာ
မြစ်ကြီးနားဖက်ဆိုတော့ သွားရတဲ့ခရီးဝေးတော့ ရက်ကြာနေတာ အဲ့တာကြောင့်... ။

အင်း....သမီးလေးလည်း ပင်ပန်းနေပီ အကုန်တာဝန်ယူပေးနေရတာ
ကိုယ့်ကျန်းမာရေးလည်း ကိုယ်ဂရုစိုက်နော်
သမီးကြီး တစ်ခါတစ်လေ အနားယူပီး ခရီးလေးဘာလေးလည်းထွက်ပေး.... ။

ဟုတ်ကဲ့ပါ ဒယ်ဒီရဲ့ အနီမပင်ပန်းပါဘူး
အနီကအလုပ်လုပ်နေရရင် ပျော်နေတဲ့သူလေ... ။ဒါပေမယ့် ဒယ်ဒီပြောသလိုပဲ အနီဒီလကုန်ရင်တော့ ခရီးတစ်ခုလောက်ထွက်ရမယ် စိတ်လည်းအပန်းပြေတာပေါ့ ။

ကောင်းတယ် သမီးကြီးသွားရင် သမီးငယ်လေးပါ လိုက်သွားပေါ့....

အာ.... Baby လိုက်လို့မရဘူး ဒယ်ဒီ
Baby အလုပ်တွေက ဒီရက်ပိုင်းထဲ ဆက်နေတာ နောက်ထပ် နှစ်လလောက်ထိ Baby အားဖို့မရှိသေးဘူး ။

OMG... အငယ်ဆုံးသမီးလေးက အိမ်မှာအလုပ်အများဆုံးပေါ့ နောက်ဆို ဒယ်ဒီတို့ တောင် Baby နဲ့တွေ့ဖို့ သီးသန့် Date ရတော့မယ်ထင်တယ် ဟားဟား...။

အားးးဒယ်ဒီကလည်း အဲ့လောက်လည်းမဟုတ်ပါဘူး Baby က ခုမှ ပညာသင်ယူဆဲကာလမို့ အလုပ်ရူပ်နေတာပါ 😃😃😃

ခရမ်းပြာက Beauty blogger တယောက်ဖြစ်ဖို့ ကြိုးစားနေသူလေးပါ ။

ဟုတ်ပါပီဗျာ ဒယ်ဒီ့ သမီးလေးတွေ ကြိုးစားနေတာမြင်ရတော့ ဒယ်ဒီက ကျေနပ်ပါတယ်ကွာ.... ကဲ ဒယ်ဒီလည်း စားလို့ပီးပီဆိုတော့
ဒယ်ဒီ သွားတော့မယ် ။

ဟုတ်ကဲ့... ဒယ်ဒီ

🌫🌫🌫🌫🌫🌫🌫🌫🌫🌫🌫🌫

မိုးZ ရေ.....

အန်တီရေ မိုးZ ရှိလား...

ဟယ် သမီး စုစုတို့ပါလား..... လာလာဝင်ခဲ့ မိုးZ သူ့ဖွားဖွားခေါ်လို့ ခနသွားတယ် အခုပြန်လာမှာ ခနလေးစောင့် သမီးတို့....

အနီရင့်ရောင် မိုးဆက်Where stories live. Discover now