Find Love Because Of you (Com...
Galing kay Pyoe_Ou_Yim
100K 2.7K 9
ဝီလျှံရှိန်း + စိုင်းစဝ်ခွန်မျိုး Start Date - 1.12.2023 End Date - 10.1.2024 Written by ပျိုး ကိုယ့်ရဲ့ချစ်ခ... Higit pa
မိတ်ဆက်
Part(1) uni+zaw
Part (2)uni+zaw
Part(4)uni+zaw
Part(5)Uni+Zaw
Part(6)Uni+Zaw
Part(7)uni+zaw
Part(8)Uni+Zaw
Part(9)Uni+Zaw
Part (10) uni+zaw
Part(11)uni +zaw
Part(12)uni+zaw
Part(13)Uni+Zaw
Part(14) uni+zaw
Part(15)Uni+Zaw
Part(16)Uni+Zaw
Part(17)Uni+Zaw
Part(18)Uni+Zaw
Part(19)Uni+Zaw
Part(20)Uni+Zaw
Part(21)Uni+Zaw
Part(22)Uni+Zaw
Part (23) Uni+Zaw
Part(24)Uni+Zaw
Part(25)Uni+Zaw
Part(26)Uni+Zaw
Part(27)Uni+Zaw
Part(28)Uni+Zaw
Part(29)Uni+Zaw
❣️
Part(30)Uni+Zaw
Part(31)Uni+Zaw
Part(32)Uni+Zaw
Part(33)uni+zaw
Part(34)Uni+Zaw
Part(35)Uni+Zaw
part(36)Uni+Zaw
Part(37)Uni+Zaw
Part(38)Uni+Zaw
Final Uni+Zaw
Part(3) uni+zaw
3.3K 116 0
Galing kay Pyoe_Ou_Yim
Part (3)
‌မနေ့က တစ်နေ့လုံး စိတ်နဲ့လူနဲ့ မကပ်ဘဲ ကုန်ဆုံးခဲ့ရပြီဖြစ်သည်။ ရှေ့ဆက်လာမည့် ရက်များတွင် ထိုသို့ ဖြစ်၍ မရပါ။ စိုင်းစဝ် ဒီတက္ကသိုလ်က ဘွဲ့ရမှသာ စိုင်းစဝ် လိုချင်နေသည့် အလုပ်ကို ရလိမ့်မည် ဖြစ်သည်။ စိုင်းစဝ်ကြိုးစားမှ ဖြစ်ပါမည်။
အသက် နှစ်ဆယ်ကျော်အရွယ်တွင် ပထမဆုံး ရရှိခဲ့သော ရည်းစားဦးမှာ ကျွန်တော့်အဖို့ အလွန်ထိတ်လန့်ဖွယ် ဖြစ်နေသည်။ သူ့အမြင်မှာ ကျွန်တော်က သူ့အတွက် ကစားစရာ တစ်ခုလိုဖြစ်နေသလား။ ကျောင်းတွင်းက သူများ၏ အတွေးထဲတွင်ကော ကျွန်တော်က ဘယ်လောက်ထိ ရယ်စရာဖြစ်နေခဲ့သလားမသိပါ။
မနေ့ကပင် ကျွန်တော်သည် ဝီလျှံရှိန်းရည်းစား ဖြစ်၍ ဘဝင်မြင်သွားသည့် ပုံစံမျိုးစကားပြောသည့် ကောင်နှင့်ကြုံတွေ့ခဲ့ရသည်။ နောက်ထပ်နေ့ရက်တွေမှာ ဘယ်လို လူများနှင့် ကြုံတွေ့ရမည် မသိပါ။
ရည်းစားဖြစ်သည့် ပထမဆုံးနေမှာပင် 'ကိုယ်လိုက်ပို့ပေးရမလား'ဆိုသည့် ဝီလျှံရှိန်း၏ စကားသံကို ကြားယောင်မိတော့ ကြက်သီးထ သွားသည်။
စိုင်းစဝ် အိပ်ယာထဲတွေးနေရာမှ ထကာ ကျောင်းသွားရန် ပြင်တော့သည်။ ‌စိုင်းစဝ်နေသော နေရာသည် ယောင်္ကျားလေးများ‌သီးသန့်တိုက်ခန်း ဖြစ်သော်လည်း ကျောင်းသားများသာ နေခြင်းမဟုတ်ပါ။ အလုပ်ဝင်နေကြသည့် ယောင်္ကျားလေးများလဲ စုနေကြခြင်းဖြစ်သည်။ အိမ်က 3ထပ်ရှိကာ အပြင်တိုက်ခန်းများကဲ့သို့ အိပ်ခန်းတစ်ခန်း၊ ဧည့်ခန်းနှင့် မီးဖိုခန်းတို့ပါရှိသည်။ တစ်ချို့အခန်းများတွင် နှစ်ယောက်စုကာ နေသူများရှိတယ် ။ တစ်ချို့က ကိုယ်ပိုင်အခန်းအဖြစ်ဝယ်ထားကြသူများလဲရှိသည်။ စိုင်းစဝ်ကတော့ အိမ်ခန်းကို ငှားထားခြင်းဖြစ်ကာ ဈေးသက်သာစေရန် ထိပ်ဆုံးက အထပ်ကို ငှားထားသည်။
စိုင်းစဝ် အခန်းမှ ထွက်ကာ လှေကားအတိုင်းဆင်းလာခဲ့သည်။ စိုင်းစဝ်တို့ တိုက်နှင့် အနီးစပ်ဆုံးတဠင် စိုင်းစဝ်တို့၏ တိုက်ပိုင်ရှင်ကဘဲ ဖွင့်ထားသည့် မိသားစုတိုက်ခန်းရှိသည်။ စိုင်းစဝ် လမ်းထဲမှထွက်လာလိုက်သည်။
"ဟေ့... စိုင်းစဝ် ...မြန်မြန်လာ ဟိုမှာ ဘတ်စ်ကား လာနေပြီ"
ဘတ်စ်ကားမှတ်တိုင်မှာ စောင့်နေသည့် သူရက စိုင်းစဝ်ကို မြင်သည်နှင့် လက်ပြကာ ပြောသည်။ စိုင်းစစဝ်၏ ရှားရှားပါးပါး သူငယ်ချင်းလေး သန့်သူရကတော့ တက္ကသိုလ်နောက်ဆုံးနှစ်ရောက်၍ မကြာခင်ပင် လုပ်ငန်းခွင်သို့ ဝင်ကြရတော့မည်ဖြစ်သော်လည်း ယခုချိန်ထိ ကလေးဆန်နေဆဲပင် ဖြစ်သည်။
စိုင်းစဝ်တို့ ဘတ်စ်ကား၏နောက်ဆုံးခုံတန်းတွင် ဝင်ထိုင်လိုက်ကြသည်။
"အော် W group ရဲ့ တစ်ဦးတည်းသော ဆက်ခံသူဖြစ်တဲ့ ဝီလျှံရှိန်းရဲ့ ရည်းစားက ဘတ်စ်ကား စီးနေရတယ်တဲ့"
"သူရ ငါ့ကို လာမစနဲ့နော် ဒါနဲ့နေပါအုံး နင့်သူငယ်ချင်းငါ့အတွက် နည်းနည်းလေးတောင်စိုးရိမ်စိတ်မဖြစ်ဘူးလား"
"မဖြစ်ပါဘူး မင်းမှာ ဝီလျှံရှိန်း တစ်ယောက်လုံးရှိနေတာကို"
"မင်းတော့နော် မင်း..။သေတော့မယ်"
"သူဘဲ မေးပြီးတော့"
စိုင်းစဝ် သူကပြောသည်ကို ကြားသော်လည်း ပြန်မပြောချင်၍ ဒီအတိုင်းနေလိုက်သည်။
"ဟေ့ စိုင်းစဝ် "
"ဘာလဲကွာ"
"ဒီမှာ မနေ့က မင်းနဲ့ ပြဿနာ တတ်တဲ့ကောင် မနေ့ညက ကလပ်မှာ ရန်ဖြစ်လို့တဲ့"
"အဲ့ဒါ ငါကဘာလုပ်ရမှာလဲ"
"ဟာမင်းကလဲ သူက ငါတို့ကျောင်းရဲ့ ရှယ်ယာရှင်တစ်ယောက်ရဲ့ သားလေကွာ၊ အခု သူ ကျောင်းတစ်လနားခံရတယ်ပြောတယ် ၊ အဲ့ကောင့်ကို ကြည့်မရ‌တာနဲ့အတော်ဘဲ မနေ့က မင်းတောင်းပန်နေတာကို ရန်လာစထဲက ငါပြန်လုပ်ချင်တာ အရမ်းဘဲ"
"မင်း သူ့ကို ပြန်လုပ်ချင်လို့ဘဲနော် ငါမပြောတော့ဘူး သူများအကြောင်းတွေဘဲစပ်စုမနေနဲ့ ခနနေရောက်တော့မယ် ဆင်းဖို့ လုပ်တော့"
"အေးပါကွာ မင်းကလဲ"
စိုင်းစဝ်တို့ကျောင်းခန်းထဲကို ရောက်သည့်အခါတွင် ကျောင်းသားအချို့သာရှိသေးသည်။ ကံကောင်းသည်က စိုင်းစဝ်တက်ရသည့်အခန်းနှင့် ဝီလျှံရှိန်းတက်ရသည့်အခန်းက မတူပါ။ ဝီလျှံရှိန်းသည် ကျောင်းတွင် ရှယ်ယာရှင်လူကြီးများ၏ သားသမီးများ တက်ရသည့် အခန်းတွင် တက်သည်ယ ထိုအခန်းတွင် ဝီလျှံရှိန်း၊ နှင်းပိုး အပါအဝင် ကျောင်းသားစုစုပေါင်း , (10) ယောက်သာရှိသည်။
"ဟေ့ စိုင်းစဝ် ..ဟိုမှာ မင်းကိုမနေ့က ရန်စတဲ့ကောင်လာနေတယ်"
"ကျောင်းလာတတ်တာနေမှာပေါ့"
"ဟေ့ကောင့် သူကကျောင်းတစ်လနားခံ ထိထားတယ်လေကွာ"
"သူကိစ္စရှိလို့နေမှာပေါ့"
"မင်းဆီကို တည့်တည့်လာနေလို့ပြောနေတာကွ"
အမှန်ပင် မနေ့က ကိုယ့်ကို ပြောဆိုရန်ရှာထားသည့်သူသည် ယခုမူ မျက်နှာတွင် ဒဏ်ရာ ဒဏ်ချက်တွေနှင့် ရှိနေသည်။ ကိုယ်ထံသို့ တည့်တည့်လျှောက်လာကာ
"စိုင်းစဝ်ခွန်မျိုး... မနေ့က ....မင်းအပေါ် ပြောဆိုခဲ့မိတာကို တောင်းပန်ပါတယ် ခွင့်လွှတ်ပေးပါ"
"ရ...ရပါတယ် ကိစ္စမရှိပါဘူး ငါ..လဲ ဘာမှမဖြစ်ပါဘူး"
"မင်းငါ့ကို ခွင့်လွှတ်မလား... ‌ငါတောင်းပန်ပါတယ် ...ငါ့ကို ခွင့်လွှတ်တယ် ပြောပေးပါ"
"ခွင့်...ခွင့်လွတ်တယ် သွားတော့ "
စိုင်းစဝ်ကို မနေ့ကပြောဆိုခဲ့သည့် အသံနှင့် မတူညီစွာ ဒီမှာတော့ စိုင်းစဝ်ကို အလွန်ကြောက်ရွံ့နေဟန်နှင့်တူနေသည်။
"ဘာဖြစ်တာလဲ သူက ဘာလာပြောတာလဲ အဆင်ပြေလား"
"ဘာမှမဖြစ်ပါဘူး လာတောင်းပန်တာတဲ့ မင်းက ဘယ်လိုရောက်လာတာလဲ"
"အခန်းရှေ့က ဖြတ်သွားတော့ မင်းအနား သူရပ်နေတာတွေ့လို့ ဝင်လာတာ"
"‌အော်... မင်းအခန်း မင်းသွားတော့လေ ဆရာလာတော့မယ် "
ဝီလျှံရှိန်း စိုင်းစဝ်ကို ပြုံးပြီးကြည့်ကာ ထွက်သွားသည်။
"ဟေ့ကောင် စိုင်းစဝ် မင်းကတော့ တစ်မိုးအောက်က ဝီလျှံရှိန်းကို  အမိန့်ပေးလိုက်တာပေါ့ ဝိုး ဟိုတစ်ယောက်ကလဲ ချက်ချင်းကို နားထောင်တာနော်"
"ငါကဘာပြောလို့လဲ သူများကို ပြောမနေနဲ့ စာအုပ်ထုတ်ထားတော့ ဆရာမလာတော့မယ်"
"သူ့လူကို အပြောမခံဘူး"
"သူရ ငါကြားတယ်နော်"
"ဘာမှ မပြောဘူးနော်"
စိုင်းစဝ်တို့သူငယ်ချင်းနှစ်ယောက် စကားပြောနေချိန် ဆရာမ အခန်းထဲသို့ ဝင်လာသည်။
နေ့လည်ထမင်းစားချိန်ရောက်သောအခါ
"စိုင်းစဝ် ငါဗိုက်ဆာနေပြီ စာအုပ်အမြန်ထည့် မုန့်သွားစားမယ်"
"ငါ အကုန်သိမ်းပြီးပြီး ကန်တင်းကို သွားမယ်"
စိုင်းစဝ်တို့ကျောင်း၏ ကန်တင်းတွင် ကျွေးသော အစားအသောက်ဖိုးများသည် ကျောင်းအပ်သည့် အချိန်တွင် တစ်ခါထဲ သွင်းထားပြီးဖြစ်သည်။ ငွေကြေးချမ်းသားသူများအတွက် ဖွင့်လှစ်ထားခြင်းဖြစ်သည့်‌အလျောက် ကန်တင်းရှိ အစားအသောက်များမှာ အလွန်အရသာရှိလှသည်။
စိုင်းစဝ် ထိုင်နေကြနေရာတွင်ထိုင်လိုက်သည်။
"စိုင်းစဝ် အရင်အတိုင်းဘဲ စားမှာ မလား ငါယူပေးခဲ့မယ်"
"ဟုတ်တယ် သောက်စရာက ရေဘဲ အရင်ယူခဲ့ပေး ရေဆာနေလို့"
"အေအေ "
စိုင်းစဝ် သူရကို စောင့်နေသည့် အချိန်တွင် ကန်တင်းထဲသို့ ဝီလျှံရှိန်း ဝင်လာသည်ကို တွေ့လိုက်သည်။ သူကန်တင်းထဲဝင်လာသည်နှင့် အနောက်ကလိုက်လာသည့် မိန်းကလေးက ‌အများအပြားပါလာသည်။ စိုင်းစပ် သူ့ကိုကြည်မနေတော့ဘဲ ဖုန်းကိုသာ ကြည့်နေလိုက်သည်။
သူက စိုင်းစဝ်ထိုင်နေသည့် ခုံ၏ မျက်စောင်းထိုး ခုံတွင် ဝင်ထိုင်လိုက်သည်။ စိုင်းစဝ်၏ ဘက်သို မျက်နှာလှည့်ကာ ထိုင်ထားသည်။ စိုင်းစဝ်မှာ သူကို့ မမြင်ချင်လဲ မြင်နေရသည်။
"စိုင်းစဝ်ရော မင်းကြိုက်တာလေးတွေ့လို ယူခဲ့တယ်"
"ကျေးဇူးဘဲ သူရ"
"ရပါတယ် မင်းက သောက်စရာရေဘဲ ယူခဲ့ဆိုလို့ တစ်ခြားသောက်ချင်တာရှိရင်ပြော ငါပြန်သွားယူပေးမယ်"
"ရတယ် ခနနေ ငါဘဲသွားယူလိုက်မယ်"
စိုင်းစဝ် သူရနှင့် စကားပြောလိုက် ထမင်းစားလိုက်လုပ်နေသည်။ ထိုအချိန် ကန်တင်းထဲသို့  "ဆောင်းဟေမာန်သွင်" ဝင်လာသည်။ ဆောင်းဟေမာန်သွင်သည် ဝီလျှံရှိန်းအား နှင်းပိုးကုဋေနှင့် တွဲနေသည့် အချိန်ကလဲ သိသိသာသာ လိုက်ဖူးသည့် မိန်းက‌လေး တစ်ဦးဖြစ်သည်။
သူမ ဝီလျှံရှိန်း၏ ခုံတွင် ဝင်ထိုင်လိုက်သည်။ သူမထိုင်လိုက်သည်နှင့် ကန်တင်းထဲတွင် "ဝိုး" ဆိုသည့် အသံများထွက်လာကာ ကျွန်တော်ဘက်သို့ကြည့်လာကြသည်။
"သူရ ငါ အအေးသွားယူလိုက်အုံးမယ်"
"အေ ငါလိုက်ခဲ့ရမလား"
"ရတယ်နေခဲ့"
စိုင်းစဝ် ဝီလျှံရှိန်းထိုင်နေသည့် ခုံဘေးကဖြတ်ကာ အအေးသွားယူလိုက်သည်။  စိုင်းစဝ်ဘေးက ဖြတ်သွားတော့ ဆောင်းဟေမာန်သွင်က စိုင်းစဝ်အား မဲ့ပြုံးဖြင့် ကြည့်လေသည်။
"ရှိန်း ... ဒီည တို့အိမ်မှာ party ရှိတယ် လာခဲ့ပါလား"
"ငါမအားဘူး အားလဲ မလာနိုင်ဘူး မင်းပြောချင်တာဒါဘဲမလား ထွက်သွားလိုက်တော့"
" ရှိန်းကလဲ တို့ ဒီမှာထိုင်ပြီး မုန့်စားလို့တော့ရတယ်မလား"
"ဟေ့ မင်း ငါနောက်မှာ လာနေတဲ့ ငါ့ကောင်လေးကို တွေ့လား မင်းရဲ့ လုပ်ပုံတွေက ငါ့ကောင်လေးကို အထင်လွဲသွားစေနိုင်တယ် ထွက်သွားလိုက်တော့"
"ရှိန်း"
"အာ့"
"အိုး... sorry... ရှိန်းက သွားလို့ ပြောလို့ ထလိုက်တာ ထိမိသွားတာလား"
စိုင်းစဝ်လာနေသည်ကို သိရက်နှင့် သူမ တမင်လုပ်လိုက်ခြင်းဖြစ်သည်။ သူမ စိုင်းစဝ်လာနေသည့်ဘကသို့ ခြေထောက် ထိုးလိုက်သည်မို့ စိုင်းစဝ်၏ အအေးဘူးအကုန်မှောက်ကျကုန်သည်။ကြမ်းပြင်ပေါ် စိုင်းစဝ် ဒူးထောက်ကျသွားသည်မို့ နာကျင်သွားသည်။
ကျွန်တော်၏ ဒူးနာသွားသည်မို့ ချက်ချင်းမထနိုင် ဖြစ်နေသည်။ အနီးစပ်ဆုံး ဝီလျှံရှန်းအား မော့ကြည့်လိုက်တော့ ကိုယ့်အား တစ်ချက်ကြည့်ကာ ထိုင်နေရာမှ ထကာအမြန်ထွက်သွား‌သည်။ ဝီလျှံရှိန်း ထွက်သွားသည်နှင့် ကျောင်းသားများက ကျွန်တော့်ကို ကြည့်ကာ ရယ်နေကြသည်။
ထိုစဉ် သူရက ကျွန်တော့ အနားသို့ရောက်လာကာ
"စိုင်းစဝ် ရလား ထ သန့်စင်ခန်းအရင်သွားရအောင် အင်္ကျီတွေ ပေသွားတယ် စိုင်းစဝ် ရေနဲ့ဆေးရမယ်"
"အွန်း သွားမယ် ငါ့ကို တွဲပေးအုံး"
စိုင်းစဝ် သူမကိုပါ မကျေနပ်သည့် အကြည့်နှင့်ကြည့်ကာ ဝီလျှံရှိန်း‌အား မျက်စောင်းထိုးကာ ထွက်ခဲ့သည်။
ဝီလျှံရှန်းဆိုသည့်ကောင်က တကယ်အကျိုးမပေးတဲ့ကောင် ၊ သူကြောင့် ထိခိုက်သွားတာကို အေးဆေးထိုင်ကြည့်နေတဲ့ကောင်၊ ရည်းစားတဲ့ ဘာမှ ကောင်းကျိုးမပေးတဲ့ရည်းစား ၊ ကျွန်တော့်ဘက်ကနေ၍ သူမကို ပြန်လုပ်ပေးရမည်ဟု မဆိုလိုသော်လည်း အနည်းဆုံးတော့ ကျွန်တော့်ကို ထူပေးသင့်သေးသည်မလား။သူမအား ကျွန်တော်ဘက်ကနေ၍ ဝင်ပြောသင့်‌သည်မဟုတ်လား။  ကျွန်တော်၏ ပထမဆုံးရည်းစားသည် ထိုမျှ စိတ်ပျက်ဖွယ်ကောင်းပါသည်။
SEE you Soon 🔜🔜🔜
Alison_Ahsaw
3/12/3023
Part (3)
"သူကိစ်စရှိလို့နမှောပေါ့"
"ရ...ရပါတယျ ကိစ်စမရှိပါဘူး ငါ..လဲ ဘာမှမဖွဈပါဘူး"