Find Love Because Of you (Com...

By Pyoe_Ou_Yim

99K 2.6K 9

ဝီလျှံရှိန်း + စိုင်းစဝ်ခွန်မျိုး Start Date - 1.12.2023 End Date - 10.1.2024 Written by ပျိုး ကိုယ့်ရဲ့ချစ်ခ... More

မိတ်ဆက်
Part(1) uni+zaw
Part(3) uni+zaw
Part(4)uni+zaw
Part(5)Uni+Zaw
Part(6)Uni+Zaw
Part(7)uni+zaw
Part(8)Uni+Zaw
Part(9)Uni+Zaw
Part (10) uni+zaw
Part(11)uni +zaw
Part(12)uni+zaw
Part(13)Uni+Zaw
Part(14) uni+zaw
Part(15)Uni+Zaw
Part(16)Uni+Zaw
Part(17)Uni+Zaw
Part(18)Uni+Zaw
Part(19)Uni+Zaw
Part(20)Uni+Zaw
Part(21)Uni+Zaw
Part(22)Uni+Zaw
Part (23) Uni+Zaw
Part(24)Uni+Zaw
Part(25)Uni+Zaw
Part(26)Uni+Zaw
Part(27)Uni+Zaw
Part(28)Uni+Zaw
Part(29)Uni+Zaw
❣️
Part(30)Uni+Zaw
Part(31)Uni+Zaw
Part(32)Uni+Zaw
Part(33)uni+zaw
Part(34)Uni+Zaw
Part(35)Uni+Zaw
part(36)Uni+Zaw
Part(37)Uni+Zaw
Part(38)Uni+Zaw
Final Uni+Zaw

Part (2)uni+zaw

3.6K 119 0
By Pyoe_Ou_Yim

Part (2)

'မင်းမကြည့်လို့ မသိတာပါ အချစ်က မင်းအနားမှာပါ စိတ်မရှိလို့ မရိပ်မိတာပါ အချစ်က မင်းအနားမှာပါ ...'

"ဟဲလို"

စိုင်းစဝ်ဖုန်းသံကြား၍ အိပ်နေရာမှ ဖုန်းကို လှမ်းကိုင်လိုက်သည်။

"ဟေ့ကောင် စိုင်းစဝ် မင်းအခုထိအိပ်နေတုန်းလား"

"ဟာ မင်းကလဲ မနက်အစောကြီး ငါ့ကို အဲ့ဒါမေးဖို့ဖုန်းဆက်တာလား အိပ်ချိန်ပါဆို အိပ်မှာပေ့ါ"

"မင်းကလဲနော်  ငါသိချင်တာရှိလို့မင်းဆီဖုန်းဆက်တာပါ"

"ဟေ့ကောင် သန့်သူရကို ပြောစရာရှိတာမြန်မြန်ပြောကွာ လူက အိပ်ချင်ပါတယ်ဆို စကားက လိုရင်းကို မရောက်တော့ဘူး"

"ဘာမှမဟုတ်တော့ဘူး ကျောင်းရောက်မှ ပြောတော့မယ် အိပ်အိပ်သူငယ်ချင်း"

"ဒီ ဖေ..."

စိုင်းစဝ်၏ စကားမဆုံးသေး သန့်သူရ ဖုန်းချသွားသည်။ စိုင်းစဝ် ပြန်မအိပ်ချင်တော့၍ အိပ်ယာမှ ထကာ စိုင်းစဝ် ၏ တစ်နေ့တာ လုပ်ငန်းဆောင်တာများကို စတင်လုပ်ဆောင်တော့သည်။

စိုင်းစဝ်  ကျောင်းရှေ့သို့ ရောက်သည့်အခါ မနေ့က အဖြစ်အပျက်ကို တွေးမိသွားသည်။ အိမ်မက်ဘဲနေမှာပါ အိမ်မက်ပါ။

"ဟေ့ စိုင်းစဝ် "

ကျောင်းရှေ့က ကျောင်းသူ/သားများ ဝိုင်းကြည့်နေကြ၍ ရင်ထိတ်‌နေပါသည်ဆို ဒီ ကောင်ကတော့ ။

ပခုံးကို "ဖတ်" ခနဲပုတ်ကာ ခေါ်လိုက်သံကြောင့် စိုင်းစပ် အတော်ပင်လန့်သွားသည်။ ကိုယ့်သူငယ်ချင်းဖြစ်နေ၍သာပေါ့ မဟုတ်လို့ကတော့ ဒီကောင် နာတော့မယ်။

"စိုင်းစဝ် မင်းကို မနေ့က ဝီလျှံရှိန်းက တွဲကြရအောင် ပြောတယ်ဆို  မင်းအခု ဝီလျှံရှိန်း ရည်းစားဖြစ်သွားပြီဆို"

"မင်းကို ဘယ်သူပြောတာလဲ"

"ဘယ်သူမှ မပြောလဲ ကျောင်းရဲ့ Pageမှာ တတ်နေပြီလေ ဝီလျှံရှိန်းက ဘယ်သူမို့လို့လဲ မင်းက ဘာဖြစ်နေတာလဲ ပျော်ပျော်နေစမ်းပါ"

"မင်း အမေကို ပျော်ပျော်နေစမ်းပါ အခုငါ့ရင်ဘတ် တစ်ခုလုံး ပြုတ်ထွက်သွား‌တော့မလို ဖြစ်နေတာ မင်းသိလား"

အမှန်ပင် စိုင်းစဝ်ရင်ထဲ ပူပင်များကို ခံစားနေရသည်။ ဘယ်အချိန်ထိ သူ့အနားရှိနေရမှာလဲ။ ကျောင်းထဲမှာ ကိုယ့်သူငယ်ချင်းဆို၍ သန့်သူရကို တစ်ယောက်တာရှိသည်။ သန့်သူရအားကြည့်လိုက်တော့ ဝီလျှံရှိန်း၏ ရည်းစားဖြစ်သွားသည်မှာ သူဟုပင်ထင်ရလောက်အောင် ပြုံးရွှင်နေလေသည်။

"မင်း ငါအဲ့ဝီလျှံရှိန်းရဲ့ ရည်းစားဖြစ်ဖို့ အမိန့်ပေးခံရပြီး အခုသူ့ရည်းစားရာထူးကို မယူလဲ ရသွားတဲ့ မင်းသူငယ်ချင်းငါ့ကို စိတ်မပူဘူးလား"

"ငါမင်းကို စိတ်မပူဘဲနေပါ့မလား စိတ်ပူတာပေါ့ အဲ့ကြောင့် ငါ ဝီလျှံရှိန်းရဲ့ အကြောင်းကို အကုန်စုံးစမ်းခဲ့တယ်လေ သူ့အကြောင်းသိရတော့ မင်းကို စိတ်ချသွားတာ"

"မင်း ကြီးတော် စိတ်ချ ငါကသူတင်မဟုတ်ဘူး တက္ကသိုလ်ထဲက ကောင်မလေးတွေကိုလဲ ကြောက်တယ်ကွ ငါဟာငါ အေးဆေးနေတာပါ ငါသူ့ကို ဘာလုပ်မိလဲ စဉ်းစားလို့ကို မရဘူး"

"ကြောက်မနေပါနဲ့ စိုင်းစဝ်ရာ မင်းရည်းစားက တစ်ခြားသူမဟုတ်ပါဘူး ဝီလျှံရှိန်းကွ ဝီလျှံရှိန်း ပြုံးထားစမ်းပါ"

ဟုတ်သည်၊ ဝီလျှံရှိန်း တက္ကသိုလ်၏ နာမည်အကြီးဆုံး ကျောင်းသား၊ W group ၏ ဆက်ခံသူ သားတစ်ဦးလည်းဖြစ်သည်။ မွေးချင်းအစ်မ‌တစ်ယောက်ရှိသည်။ ငွေကြေးချမ်းသားသည့် အသိုင်းအဝိုင်းကဖြစ်သော်လည်း နာမည်ပျက်၊ နာမည်ဆိုး မရှိသည့် သူဌေးသားများတွင် တစ်ဦးအပါအဝင် ဖြစ်သည်။  ကျောင်းထဲရှိ မိန်းခလေးအတော်များများ၏ အိမ်မက် မင်းသားတစ်ပါးဆိုလဲ မမှားပေ။ဝီလျှံရှိန်း၏ လက်မောင်းကို တွဲခိုချင်နေကြသည့် သူများမှာ များပြားလှသည်။ မိသားစုနောက်ခံကြောင့် အနည်းငယ်သာ ပါဝင်သော်လည်း အျားစုကတော့ သူ၏ ရုပ်ရည်ကြောင့် တွဲချင်သူများ များပြားကြသည်။ ထိုသို့သောသူက ကိုယ့်အား ရည်းစားအဖြစ် အမည်ခံလိုက်ခြင်းက အနည်းငယ်ထူးဆန်းနေသလို ခံစားနေရသည်။ သူထံတွင် မည်သည့်အကြောင်းအရာ ရှိနေသည်ကို မသိနိုင်တော့ပါ ။

"ဟေ့ စိုင်းစဝ် အနောက်မှာ မင်းကောင်လေး ဝီလျှံရှိန်းလာနေတယ်"

"ဘာငါ့ကောင်လေးလဲ မင်းနော် သန့်သူရ"

စိုင်းစဝ် သန့်သူရ၏ လက်ကိုဆွဲကာ စာသင်ခန်းဘက်သို့ လမ်းလျှောက်သွားလိုက်သည်။ ဘေးနားက စပ်စုနေကြသည့် ကျောင်းသားများကို လျစ်လျူရှုကာ သွားလိုက်သည်။

ဝီလျှံရှိန်း၏ ခြေလှမ်းတို့ကဘဲ ပို၍ မြန်နေသလားမသိပါ။ စိုင်းစပ်တို့ သူငယ်ချင်း နှစ်ယောက်ကို ခဏ အတွင်းပင် ကျော်သွားလေသည်။

ဘောင်းဘီ ဘေးနှစ်ဖက် အိတ်ထောင်ထဲသို့ လက်နှစ်ဖက်လုံးထည့်ကာ လမ်းလျှောက်သွားသည့် ဝီလျှံရှိန်းမှာ အလွန်ကြည့်ကောင်းပါသည်။ နောက်ကျောပြင်မှာ အတော်ပင် ကြည့်ကောင်းပါသည်။

"စိုင်းစဝ် စိုင်းစဝ် ဟေ့ကောင် စိုင်းစဝ်"

"ဟင် ဘာလဲ ဘာပြောမလို့လဲ"

"မင်းကောင်လေးကို အဲ့လောက်မငေးလဲ ရပါတယ်ကွာ မင်းကောင်လေးဆိုတာ တစ်ကျောင်းလုံးသိပါတယ်"

"မငေးပါဘူး ကြည့်မိသွားတာ"

"အေးပေါ့ မငေးလို့ဘဲ ခေါ်တာမကြားတာ"

"မင်း ငါ့ကို လာမစနဲ့နော်"

"ပြောမှာဘဲ ကောင်လေးတစ်ယောက် ကိုယ့်ကောင်လေးကို အငေးလွန်နေပါတယ်"

"မင်း သေမယ်"

"ဟား...ဟား... မကြောက်တာ"

စိုင်းစဝ် သန့်သူရကို ရိုက်လိုက်သည်။ သန့်သူရကို က ပြေးထွက်သွားဖြင့် သန့်သူရကို မရိုက်မိလိုက်ပေ။ စိုင်းစဝ် စိတ်ထဲမကျေနပ်နိုင်သေး၍ သန့်သူရကို လိုက်ရိုက်သည်။ သန့်သူရက ထွက်ပြေးသည်နှင့် နှစ်ယောက်သား ဆော့နေကြဟန် တူသည်။

"အာ့ "

"စိုင်းစဝ်"

စိုင်းစဝ်တို ပြေးနေချိန် ဟောခန်းဘက်က နောက်ပြန်လမ်းလျှောက်လာသော ကျောင်းသားတစ်ဦးနှင့်တိုက်မိလေသည်။ စိုင်းစဝ် တစ်ဖက်ကျောင်းသား၏ ပခုံးနှင့်တိုက်မိ၍ နာသွားသည်မို့ အသံထွက်သွားသည်။

"တောင်းပန်ပါတယ် ကျွန်တော် မမြင်လိုက်လို့ပါ"

နှစ်ဖက်အမှား ဖြစ်သော်လည်း ကိုယ်ကအမှန်ပင် မမြင်လိုက်သည်မို့ စိုင်းစဝ်တောင်းပန်လိုက်သည်။

"ဟုတ်လား မမြင်လိုက်လို့ပေါ့ ဝီလျှံရှိန်းရဲ့ ကောင်လေး ဖြစ်သွားတယ်ဆိုပြီး မိုးမမြင်လေမမြင်ဖြစ်‌အနေနဲ့ "

စိုင်းစဝ်တောင်းပန်နေသော်လည်း တစ်ဖက်သူမှ စိုင်းစဝ်၏ ပခုံးကို တွန်းကာ ပြောလာသည်။

"ဘာကိုငါက မိုးမမြင်လေမမြင်ဖြစ်နေလို့လဲ အခုက ငါတစ်ယောက်ထဲ မှားတာဟုတ်ဘူးလေ မင်းလဲမှားတာဘဲ လမ်းလျှောက်တာ ကောင်းကောင်းလျှောက်လာပါလား ငါ့အမှားငါသိလို့ တောင်းပန်နေတာကို မင်းက ဘာတွေလာပြောနေတာလဲ"

"ဟေ့ ကြည့်စမ်း အရင်တုန်းက ကျောင်းထဲမှာ အသံတောင်မထွက်ရဲတဲ့ကောင်က အခု ဝီလျှံရှိန်း ကောင်လေးဖြစ်တာနဲ့ အသံတွေတောင်ထွက်လာပါလား ..ဟား"

"ဒီမှာ မင်းဘာမင်း ဘာကြီးဖြစ်နေ ဝီလျှံရှိန်းက မင်းကို အကြည့်လေးတစ်ချက်တောင် ပေးသွားတာမဟုတ်ဘူး မင်းလိုလူကို မပြောနဲ့ ကျောင်းရဲ့ အလှဘုရင်မ နှင်းပိုးကု‌‌ဋေကိုတောင် အဖက်လုပ်ခဲ့တာမဟုတ်ဘူး "

"အဲ့‌တာကို ငါက ဘာလုပ်ပေးရမှာလဲ အခုငါမှားလို့မင်းကို တောင်းပန်ပြီးပြီ မင်းသာ မဆိုင်တဲ့ကိစ္စတွေကို ဆွဲထည့်မနေနဲ့ ကလေးဆန်လွန်းတယ်"

"ဘာကွ မင်း"

စိုင်းစဝ်၏ အင်္ကျီစကို ဆွဲကိုင်ကာ မျက်နှာကို လက်သီးနဲ့ထိုးဖို့ ရွယ်ထားလေသည်။

"ဟို... ဒီဘက်က အကိုတို့ကို ကျွန်‌တော့် သူငယ်ချင်းအစား တောင်းပန်ပါတယ် "

"စိုင်းစဝ် သွားကြရအောင် "

သန့်သူရကိုက တစ်ဖက်လူအားတောင်းပန်ကာမှ ကျွန်တော် အင်္ကျီက လက်ကို လွှတ်ပေးသည်။ စိုင်းစဝ်နဲ့သန့်သူရ အခန်းထဲသို့ အမြန်ဝင်လာခဲ့သည်။

နေ့‌တစ်နေ့၏ အစမှာပင် ကျွန်တော့်အတွက် ကံဆိုးမှုတွေ စတင်လာသည်။ ဝီလျှံရှိန်းဆိုသူနှင့် ဘယ်အချိန်ထိ ပတ်သတ်နေရသေးမည် မသိသေးပါ။

တစ်နေ့လုံး ကျောင်းသူ/သားများ၏ စိတ်ဝင်စားခြင်းကို ခံနေရသည်။ အရင်က ကိုယ်ရှိလို့ ရှိမှန်းမသိသည့် အတန်းသည် ယခုတော့ ကိုယ့်အား သိသိသာသာ ကြည့်ရှုနေကြသည်။ စာသင်ချိန် တစ်ချိန်ပြီး တစ်ချိန်၊ ဆရာမ တစ်ယောက်ပြီး တစ်ယောက် ဝင်ပြီးသွားသော်လည်း တစ်နေ့သာ ကုန်သွားသည်စာတစ်လုံးမှ မရလိုက်ပါ။ ဒီနေ့အဖို့ စိုင်းစဝ်ခွန်မျိုးအတွက် အလွန်ပင် နစ်နာနေခဲ့ပြီ ဖြစ်သည်။

"ဟေ့ စိုင်းစဝ် ‌ဟိုမှာ ဝီလျှံရှိန်းလာတယ်"

စိုင်းစဝ်မော့ကြည့်လိုက်တော့ အခန်းထဲဝင်လာသည့် ဝီလျှံရှိန်းအား တွေ့လိုက်ရသည်။

"လာ၊ လာပေါ့ သူလာတာ ငါကဘာလုပ်ရမှာလဲ စာအုပ်အမြန်သိမ်း အိမ်ပြန်မယ်"

"အေးပါ ဟိုမှာ  ဝီလျှံရှိန်းက မင်းဆီကို လာနေတာလို့ ငါထင်တယ်နော် စိုင်းစပ် သူမင်းကို ကြည့်နေတယ်"

သူရ၏ စကားပင် မဆုံးသေးပါ။ ဝီလျှံရှိန်းသည် ကျွန်တော့၏ အနားသို့ ရောက်ရှိလို့လာသည်။

"ကိုယ့်ကို မင်းရဲ့ဖုန်း ခနပေး "

စိုင်းစဝ် ဘာအတွက်လဲ ဆိုသည့် အကြည့်နှင့်ကြည့်လိုက်သည်။

"မင်းရဲ့ ဖုန်းနံပါတ် ကိုယ့်ဆီမှာ မရှိသေးဘူးလေ"

စိုင်းစဝ်လွယ်အိတ်ထဲရှိဖုန်းကို ထုတ်ပေးလိုက်သည်။ ရည်းစားပင် ဖြစ်နေသော ကျွန်တော်တို့ နှစ်ဦးသည် တစ်ယောက်ဖုန်းနံပါတ် မသိဆိုသည်မှာ ထူးဆန်းလှသည်။ ဝီလျှံရှိန်း နံပါတ် တစ်ခုကို နှိပ်ကာ ခေါ်လိုက်သည်ကို တွေ့လိုက်သည်။

"ရပြီ အဲ့ဒါ ကိုယ့်နံပါတ် မှတ်ထားနော် ကိုယ်သွားပြီ လိုက်ပို့ပေးရမလား"

"ရတယ် မလိုဘူး ငါ့သူငယ်ချင်းနဲ့သွားမှာ"

"ဟုတ်ပြီ အဲ့ဆို ကိုယ်တကယ်သွားပြီ"

ဒါက ဘယ်လို ရည်းစားလဲ စိုင်းစဝ်မစဉ်းစားတတ်တော့ပေ။ တစ်ခါခေါ်၍မလိုက်လျှင် နောက်တစ်ကြိမ် ထပ်ခေါ်သင့်သေးသည်မလား။

အမြဲကံမကောင်းတတ်သည့် ကျွန်တော်က ရည်းစားရသည့် အခါတွင်လည်း ကံမကောင်းခဲ့ပါ။

ဝီလျှံရှိန်း၏ ရည်းစားအဖြစ် ပထမဆုံးရက်သည် ရင်တထိတ်ထိတ်နှင့် ဖြတ်သန်းပြီးဆုံးသွားသည်။ နောက်ထပ် ဘယ်နှစ်ရက်များ ဆက်ဖြစ်နေအုံးမှာပါလဲ။

See you Soon 🔜🔜🔜

Alison_Ahsaw
2/12/2023




Part (2)









































































See you Soon 🔜🔜🔜

Alison_Ahsaw
2/12/2023


Continue Reading

You'll Also Like

2.9M 54.6K 17
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
47.8K 2.1K 37
သူ၏ ခြေကျင်းဝတ်ထက်က မှဲ့နက်လေးကိုမှ ချစ်မိပါသည်။
68.7K 1.8K 22
nini is a frequent customer at her local starbucks. why wouldn't she be when her barista keeps giving her free drinks? slow burn
11.9K 549 12
⚣ NOMIN. [ COMPLETED ! ] where jeno's love for jaemin only gives him anxiety. . lee jeno x na jaemin.