Find Love Because Of you (Com...

Od Pyoe_Ou_Yim

100K 2.7K 9

ဝီလျှံရှိန်း + စိုင်းစဝ်ခွန်မျိုး Start Date - 1.12.2023 End Date - 10.1.2024 Written by ပျိုး ကိုယ့်ရဲ့ချစ်ခ... Více

မိတ်ဆက်
Part (2)uni+zaw
Part(3) uni+zaw
Part(4)uni+zaw
Part(5)Uni+Zaw
Part(6)Uni+Zaw
Part(7)uni+zaw
Part(8)Uni+Zaw
Part(9)Uni+Zaw
Part (10) uni+zaw
Part(11)uni +zaw
Part(12)uni+zaw
Part(13)Uni+Zaw
Part(14) uni+zaw
Part(15)Uni+Zaw
Part(16)Uni+Zaw
Part(17)Uni+Zaw
Part(18)Uni+Zaw
Part(19)Uni+Zaw
Part(20)Uni+Zaw
Part(21)Uni+Zaw
Part(22)Uni+Zaw
Part (23) Uni+Zaw
Part(24)Uni+Zaw
Part(25)Uni+Zaw
Part(26)Uni+Zaw
Part(27)Uni+Zaw
Part(28)Uni+Zaw
Part(29)Uni+Zaw
❣️
Part(30)Uni+Zaw
Part(31)Uni+Zaw
Part(32)Uni+Zaw
Part(33)uni+zaw
Part(34)Uni+Zaw
Part(35)Uni+Zaw
part(36)Uni+Zaw
Part(37)Uni+Zaw
Part(38)Uni+Zaw
Final Uni+Zaw

Part(1) uni+zaw

5.9K 150 2
Od Pyoe_Ou_Yim

Part (1)

"တွဲကြရအောင်"

လူစည်ကားနေသည့် တက္ကသိုလ်ကျောင်းဝန်းထိပ်သည် ရုတ်တရပ်ဆိုသလို အသံများ တိတ်ဆိတ်သွားသည်။ အေးစက်သည်ထက်ပိုသည့်အသုံးရှိလျှင် သုံးနှုန်းနိုင်သည့် အသံနှင့် တည်ငြိမ်ပြတ်သားစွာ ထွက်ပေါ်လာသောအသံသည် တုန်လှုပ်စရာကောင်းလှသည်။ နူးညံ‌သိမ့်မွေ့သော ချစ်ခြင်းမေတ္တာကို ပုံဖော်ရာတွင် နူးညံသောစကားများစွာရှိသော်လည်း ယခု ကြားလိုက်ရသော အသံသည် ခြောက်ခြားဖွယ်အတိနှင့် ဖြစ်နေသည်။

"မဖြစ်နိုင်တာ "

‌ကျောင်းဝန်းထိပ် ကျောင်းသူများတွင်သာမက ကျောင်းသားများ၏ ပါးစပ်ဖျားတွင်လဲ ဖြစ်တည်လာသော ထိုစကားဟာ အမှန်ပင်ဖြစ်သည်။ သို့သော် တစ်ဖက်လူက ထိုစကားကို ဂရုစိုက်ဟန်မတူပါ။ ကျွန်တော်ထံသို့ အကြည်စူးစူးများဖြင့် ပြောသွားသော စကားမှာ အလွန် တည်ငြိမ်လှသည်။

တက္ကသိုလ်ထဲရှိ ယောင်္ကျားလေး၊ မိန်းခလေး အများစုတို့က လိုချင်နေကြသော "ဝီလျှံရှိန်း" ‌ဆိုသည့် သူက တက္ကသိုလ်အတွင်းက လူမသိသော ကျွန်တော့်ကို "တွဲကြရအောင်" ပြောခြင်းဟာ တက္ကသိုလ်အတွင်းရှိ အချို့လူများ၏ အမုန်းပွားခြင်းကို ခံရဖို့ရန် လုံလောက်စေပါသည်။

"ကိုယ့်ကို ငေးကြည့်နေတာ မဟုတ်ဘဲ စကားလေးပြန်ပြောပါအုံး"

ထိုသူ ထိုသို့ပြောလာသည်တိုင် ကျွန်တော် ဘာပြန်ပြောရမည်မသိပါ။ လွယ်အိတ်၏ ကြိုးနှစ်ဖက်ကိုသာ ကျစ်ကျစ်ပါအောင် ကိုင်ထားကာ ထိုသူကို ပြန်ပြောရမည့် စကားကို ရှာနေမိသည်။ ကြောက်ရွံ့မှုတို့ကြောင့် စွယ်တာ အောက်တွင်ရှိနေသော ခန္ဓာကိုယ်တွင် ချွေးများပြန်နေသည်။

"နှင်းပိုးကကော ဘယ်လိုဖြစ်သွားမှာလဲ အခုလက်ရှိဝီလျှံရှိန်းက နှင်းပိုးနဲ့ တွဲနေတာမလား "

ကျောင်းသူကျောင်းသားများ၏ ပါးစပ်ဖျားတွင် ပေါ်လာသော နှင်းပိုးမှာ ဝီလျှံရှိန်း၏ (10)ယောက်မြောက်ရည်စားဟု သတင်းထွက်နေသူ နှင်းပိုးကုဋေ ဖြစ်သည်။ တက္ကသိုလ်အတွင်းရှိ ကျောင်းသူများ၏ အားကျရသော သူတစ်ဦးဆိုလဲ မမှားပေ။ ရည်းစားတစ်ယောက်ချင်းစီကို တစ်ပတ်ပြည့်အောင် မတွဲတတ်သော ဝီလျှံရှိန်း၏ ဘေးတွင် (2)လကြာသည်အထိ ရှိနေသော တစ်ဦးတည်းသော အမျိုးသမီး ဖြစ်လေသည်။ သူမနာမည်ကို ကြားလိုက်သည်နှင့် သူမ၏ ပုံစံမှာ မျက်လုံးထဲကို ဝင်ရောက်လို့လာခဲ့သည်။ နာမည်မှာ နူးညံသိမ့်မွေ့နေသော်လည်း သူမ၏ စရိုက်မှာ ပြတ်သားတည်ငြိမ်လှသည်။

"နှင်းပိုး.... နှင်းပိုး...ကုဋေ ကကော"

ကိုယ်စိတ်ထဲ အများနည်းတူ သိချင်နေသည့် ကိစ္စအား အရဲစွန့်ကာ မေးလိုက်သည်။ ထွက်ပေါ်လာသည့် အသံမှာ တုန်တုန်ရီရီဖြင့် ဖြစ်ပေါ်နေသည်။ ကိုယ်မေးလိုက်သော စကားအပေါ် ကျောင်းထဲရှိသူများ စိတ်ဝင်စားနေကြဟန်တူသည်။ ကျောင်းသူ/သားများ အားလုံး ဝီလျှံရှိန်း ပြန်ဖြေမည့် အဖြေကို နားစွန့်နေကြသည်။

ကိုယ်တိုင်လည်း ဘာ‌ပြန်ဖြေမည်ကို သိလို၍ ဝီလျှံရှိန်းအား မေ့ကြည့်လိုက်သည်။ ကိုယ့်မျက်လုံးကို တည့်တည့်ကြည့်ကာ

"ဖြတ်လိုက်မှာပေါ့ "

"ဟင်" "ဟာ"

"ဘာမှဟုတ်တဲ့ ကောင်အတွက် နှင်းပိုးကဋေလို  ကောင်မလေးမျိုးကို လဲတယ် "

အာမေဋိတ် အသံမျိုးစုံနှင့် ထွက်ပေါ်လာသည့် အသံများ ၊ ‌ထိုသူတို့ပြောသလို မမှားပါ။ ကျွန်တော်ဆိုတာ ကျောင်းကို ထောက်ပံ့ကြေးနှင့်တက်နေရသူ၊ ကျောင်းရဲ့ နာမည်ကြီး ထင်ပေါ်ကျော်ကြားသူတစ်ဦးမဟုတ်၊ သာမန်ကျောင်းသားတစ်ဦးဖြစ်သည်။

သို့သော် နှင်းပိုးကုဋေ မှာ လှပကျော့ရှင်းသည်၊ တက္ကသိုလ်အတွင်း နာမည်ကြီးသည်၊ အရာအားလုံးနှင့် ပြည့်စုံသည့် သူတစ်ဦး ဖြစ်သည်။ အရာရာပြည့်စုံသည့်သူနှင့် သာမန်ကျောင်းသားတစ်ဦးဆိုလျှင် လူတိုင်းက ပြည့်စုံသူကို ရွေးချယ်ကြသည်။

ယခု ဝီလျှံရှိန်း ထံမှ 'တွဲကြရအောင်' ဆိုသည့်စကားကို ကြားရသည့်အပြင် နှင်းပိုးကုဋေကိုပါ ဖြတ်မည်ဟု စကားကို ကြားလိုက်ရသည့်အခါ ကိုယ်သူ့အပေါ်မည်သို့သော အမှားမျိုးကို ကျူးလွန်ထား၍ ဤသို့ပြောရသနည်းဟု စဉ်းစားမိသည်။ သူနဲ့ ကိုယ် တစ်ကြိမ် တစ်ခါမျှ မတွေ့ဖူးသည်မှာအမှန်ပင်ဖြစ်သည်။ သို့သော် အဘယ်ကြောင့် ထို့သို့ပြောနေမှန်း စဉ်းစား၍ မရနိုင်တော့ပါ။

"ကိုယ် နှင်းပို့နဲ့ ပြတ်သွားရင် မင်း သေချာပေါက် ကိုယ်နဲ့ တွဲရမယ်နော် "

"မဟုတ်....ဟို ..ကျွန်တော်..."

ကိုယ်ပြောသည့် စကားသံကဘဲ တိုးလွန်းနေသလား။ ဘေးနားပတ်ဝန်းကျင်က မိန်းခလေးတို့၏ အသံတို့ကဘဲ ဆူညံနေသလား ။ ကိုယ်ပြောသည့် စကားကို ထိုသူ မကြားလိုက်ပါ။

သူ၏ ဖုန်းကို ကိုင်ကာ နံပါတ်တစ်ခုထံသို့ ဆက်နေသည်။ သူဖုန်းဆက်နေချိန်တွင် တစ်ဖက်က မည်သူ ဟု ခန့်မှန်းနေရန် မလိုဘဲ နှင်းပိုးကုဋေ ထံသို့ဆိုသည်မှာ အလွန်ပင် သေချာနေသည်။

"ဟဲလို  ကို"

ဖုန်းကို စပီကာ ဖွင့်ထားသည်။

နှင်းပိုး၏ အသံကို ကြားလိုက်ရသည်နှင့် ကျွန်တော့်ရင်ထဲ ပို၍ ထိတ်လန့်လာသည်။ အေးဆေးနူးညံသည့်အသံပင်ဖြစ်သော်လည်း ကျွန်တော့်အား ထိတ်လန့်မှု‌တို့ကို ဖြစ်ပေါ်စေသည်။

"လမ်းခွဲရအောင်"

အေးစက်စွာ ပြောကြားလိုက်သည့် ထိုစကားကို တစ်ဖက်က နှင်းပိုးကုဋေ မည်သို့ ပြန်ပြောမည်ကို စိတ်ဝင်စားစွာ နားထောင်နေမိသည်။ ကျွန်တော့် နဖူးတွင်လဲ ချွေးစေးပြန်နေသည်။

"အသစ်တွေ့နေလို့လား ကို  ဟုတ်လား သူက နှင်းနဲ့လမ်းခွဲခိုင်းလို့လား"

တည်ငြိမ်လွန်းလှသည့် အသံနှင့် ပြန်ပြောလိုက်သည့် နှင်းပိုး၏အသံဖြစ်သည်။ ဝီလျှံရှိန်းနှင့် နှင်းပိုး တို့၏ ဆက်ဆံရေးက ဘယ်လိုမျိုးလဲ။

"အွန်း ဟုတ်တယ် ကိုယ့် ကောင်လေးက မင်းနဲ့ လမ်းခွဲစေချင်နေတယ် အဲ့တော့ ကိုယ်တို့ လမ်းခွဲကြမယ်"

ဝီလျှံရှိန်း၏ ကျွန်တော့်မျက်နှာကို ကြည့်ကာ ပြန်ပြောလိုက်သော စကားသံကြောင့် ကျွန်တော် ပို၍ လန့်လာသည်။

"ဟုတ်ပြီလေ ကို့ကောင်လေးရဲ့ သဘောအရ နှင်း ကို့ကို ခန လက်လွှတ်ပေးမယ်‌ကို ပြီးရင်တော့ နှင်းဆီ ပြန်လာမယ်မဟုတ်လား"

"ခနတာ လက်လွှတ်ပေးရတာလဲ မဟုတ်သလို မင်းဆီကိုလဲ ဘယ်တော့မှာ ပြန်လာမှာမဟုတ်ဘူး မင်းမှတ်ထားလိုက်"

ကျွန်တော့်ကို အသုံးချပြီး ဝီလျှံရှိန်းနဲ့ နှင်းပိုးကုဋေတို့က အချစ်စမ်းနေကြတာလား။ ကြည်စားနေကြသလား။ တစ်ခုခု လုပ်နေကြတာလားလို့ အော်မေးလိုက်ချင်ပေမယ့် အသံကထွက်မလာပါ။

"အခု ... မင်းပြောတဲ့ အတိုင်း ကိုယ်သူနဲ့ လမ်းခွဲလိုက်ပြီ အဲ့တော့..."

ဝီလျှံရှိန်းက စကားပြောရင်း ကျွန်တော့်ဘက်သို့ လျှောက်လာခဲ့သည်။

"နှင်းပိုး...နှင်းပိုးကုဋေက ကျွန်တော့်ကို တစ်ခုခု ..မလုပ်နိုင်ဘူးလို့ ခင်များပြောနိုင်လား "

"သေချာတာပေါ့ သူဘယ်တော့မှ မင်းကို အနှောက်အယှက်ပေးမှာ မဟုတ်ဘူး "

ကျွန်တော် သူပြောသည့် စကားကို ကြားတော့ ပို၍ ‌အတွေးလွန်သွားသည်။ ကိုယ်ရည်းစားက အခြားတစ်ယောက်အတွက် ကိုယ့်ကို လမ်းခွဲသွားတာကို ဘာမှ ပြန်မလုပ်ဘဲ ဒီတိုင်းနေလောက်သည်အထိ 'နှင်းပိုးကုဋေက အဲ့လောက်ထိတောင် သဘောထားပြည့်ဝတာလား'

ကျွန်တော့်စိတ်ထဲက စကားသံက အပြင်သို့ တိုးညင်းစွာ ထွက်ကျလာသည်။

"အဲ့ဒါကြောင့်လဲ ကိုယ်တို့ တွဲတာ ဒီလောက်ထိကြာနေတာပေါ့"

ကျွန်တော့်၏ အသံတိုးတိုးကို ဝီလျှံရှိန်းက နားပါးစွာဖြင့်ကြားသွားလေသည်။

"မင်း ပြောထားတာမှတ်မိပါသေးတယ်နော် ကတိတည်တတ်တယ်မလား"

သူကျွန်တော့်အနားကို ကပ်ကာပြောလာသောစကားဖြစ်သည်။ သူ့အရပ်မှာ အတော်ရှည်သည်ဖြစ်၍ ကျွန်တော် မော့ကြည့်နေရသည်။ ရှည်လျားလှသည့်အရပ်၊ တက္ကသိုက်ကျောင်းသားတစ်ယောက်တွင်ရှိသင့်သည်ထက် ပို၍ ကျယ်ပြန့်သော ရင်ပြင်၊ ချွန်ထွက်နေသည့်မေးရိုး ၊ မျက်လုံးအိမ် အညိုရောင်နှင့် ဆံပင်ကို အညိုရောင်ဆိုးထားသောသူမှာ အလွန်ပင်ကြည့်ကောင်းပါသည်။

"ကိုယ့်ကို ငေးနေတာမဟုတ်ဘဲ ကိုယ်မေးတာကို ဖြေအုံးလေ မင်းကတိတည်တယ်မလား"

တဖက်လူ၏ အမေးစကားကို "ဟုတ်" လို့ဖြေလိုက်ရင် တက္ကသိုလ်ထဲရှိ မိန်းခလေးတော်တော်များများအား စိန်ခေါ်လိုက်သကဲ့သို့ ဖြစ်သွားမည်။ အကောင်းအတိုင်းရှိနေသည့် ကိုယ့်ကို ဘယ်နေရာမှာ၊ ဘယ်အချိန်မှာ ၊ အရိုက်ခံရမည် မသိလောက်အောင်ပင် ဖြစ်မည်။ ရည်းစားထားလိုက်သည့်အခါမှ ဘယ်အချိန် ဘာဖြစ်မလဲဟု ပူပန်နေရမည်ဟု တစ်ခါမျှ မတွေးဖူးပါ။

ဝီလျှံရှိန်းက ကျွန်တော့်ကို ကစားနည်းအသစ်နှင့် ကစားနေသလား။ဒါမှမဟုတ် သူ၏စိတ်ထဲ ကျွန်တော်ကို ဘယ်လို တွေးနေမလဲ။ ထောက်ပံ့ကြေးနဲ့ တက်ရသည့် ကျောင်းသားတစ်ယောက်ဖြစ်နေ၍ ထိုသို့ စ နောက်နေသလား ။ ဟာသလုပ်နေသလား။ သူ ကျွန်တော်ကို မည်သို့ပင် ပြောနေပါစေ အခုအဖြစ်ပျက်များသည် စ နောက်မှုများ ဖြစ်ပါစေဟု ကျွန်တော် ဆုတောင်းနေမိသည်။

"မင်းက ဒီနေ့ ဒီအချိန်ကစပြီး ကိုယ့်ရဲ့ အပိုင်ဖြစ်သွားပြီ ကိုယ်တစ်ယောက်ထဲရဲ့ အပိုင်"

ဝီလျှံရှိန်းဟာ အခုလက်ရှိတွင်ဘဲ သူ၏ ရည်းစား နှင်းပိုးကုဋေ အား လမ်းခွဲခဲ့ပြီး ကျွန်တော့ကို သူ့အပိုင်အဖြစ် ကျောင်းထဲတွင် ကြေညာလိုက်သည်။
ကျွန်တော့်ကို ဝီလျှံရှိန်းက ကျောပေးကာ ထွက်သွားနိုင်သော်လည်း ကျွန်တော်ကတော့ ထိုနေရာတွင် ခဲဆွဲထားသကဲ့သို့ ရပ်နေမိသည်။

နေ့ရက်တိုင်း သာယာအေးချမ်းနေခဲ့သည့် ကျွန်တော့်အဖို့ မနက်ဖြန်တိုင်းဟာ တုန်လှုပ်ခြောက်ခြားဖွယ်ရာများနှင့် ပြည့်နှက်လာတော့မည်။

ကျွန်တော် စိုင်းစဝ်ခွန်မျိုးအတွက် မနက်ဖြန်တိုင်းဟာ ဝီလျှံရှိန်း၏ လက်ထဲတွင်သာ ရှိနေတော့မည်။

ကျွန်တော်ဟာ ဝီလျှံရှိန်း၏ ရည်းစားအဖြစ် ဖြစ်မှန်းမသိ ဖြစ်ခဲ့ရပြီ။ မနက်ဖြန်တိုင်း အဆင်ပြေစေဖို့ ဆုတောင်းမိသည်။

စိုင်းစဝ် အလုပ်လုပ်နေသည့် စတိုးဆိုင်သို့ ဒီနေ့မသွားနိုင်တော့ပေ။ ကျောင်းထဲမှာ ထွက်လာကာ ‌အဆောင်သို့ အမြန်ပြန်လာခဲ့လိုက်တော့သည်။ ဒီနေ့အတွက် အလွန်ပင် ပင်ပန်းနေခဲ့ပြီဖြစ်သည်။ မနက်ဖြန်မှာ အရာအားလုံး ပုံမှန်အတိုင်းဖြစ်ဖို့ ဆု‌တောင်းမိသည်။ ဒီနေ့အဖြစ်အပျက်အားလုံးဟာ အိမ်မက်တွေဖြစ်သွားစေဖို့ ဆုတောင်းမိပါသည်။

See you Soon 🔜🔜🔜

Alison_Ahsaw
1.12.2023




Part (1)






















































See you Soon 🔜🔜🔜

Alison_Ahsaw
1.12.2023

Pokračovat ve čtení

Mohlo by se ti líbit

48.3K 2.1K 37
သူ၏ ခြေကျင်းဝတ်ထက်က မှဲ့နက်လေးကိုမှ ချစ်မိပါသည်။
7.9K 266 5
We all know the story of Jaune Aizawa, otherwise known as Excalibur, the Knight of Heroes. We've seen his journey in the halfway point of his 1st Yea...
4.1M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.4M 34.4K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...