Unicode.....
ပေါ်တော်မူလေး လာပါပြီ 👉👈
''ဧကရာဇ်ပန်းတွေကို မကျစ်တတ်ကျစ်တတ်နဲ့
ကျစ်လိုက် ပြေသွားလိုက်ဖြစ်နေတုန်း ခြေထောက်နားကိုတခုခုလာတိုးလို့ ကြည့်လိုက်တော့ ခွေးပေါက်လေးတွေဖြစ်နေသည်။
နားရွက်ကုပ်ကုပ်လေးတွေနဲ့ ခွေးပေါက်လေးတွေဟာ
အဖြူနဲ့အညိုစပ်ကြားက နှစ်ကောင် တစ်ကိုယ်လုံးအညိုရောင်က တစ်ကောင် ဖြူဆွတ်နေတာကတစ်ကောင်....ပေါင်းလေးကောင်။
''လာလာ မမဆီကိုလာ
ချီဦးမယ်နော် ''
''အို့ အို့ တကယ့်ကိုပိစိလေးတွေပဲ
ချစ်စရာလေး ချစ်စရာလေး
အူယားလိုက်တာ''
''ကွိ ကွိ ကွိ ကွိ....ကွိကွိ ကွိကွိ
အွန်း အွန်း ကျေနပ်နေတာကြည့်စမ်း..''
''ဂီး...ဝုတ် ဝုတ်...''
''ဟင် ''
ခွေးပေါက်လေးတွေကို အသံပေါင်းစုံအော်ပြရင်း တစ်ကောင်တစ်လှည့်စီချီကာ
စလိုက်နောက်လိုက်လုပ်နေမိတာ သူတို့အမေ
ခွေးမကြီးရောက်လာတာမသိလိုက်.....။
နဂိုကတည်းက ခွေးမကြောက်တတ်တဲ့အထဲပါတာမို့
သူ့အမေခွေးမကြီးကို ရှုတည်တည်ပဲ ပြန်ကြည့်နေလိုက်သည်။
''နင့် ကလေးတွေကို ချစ်လို့စတာ
ဘယ်မှလည်း မခေါ်သွားပါဘူးနော်
စိတ်ဆိုးမနေနဲ့''
''ဂီး ဝုတ် ဝုတ်''
''ဟဲ့ မဟောင်နဲ့လေ
ဘာလို့တအားရန်လိုနေတာလဲ''
ခွေးမကြီးကြည့်ရတာ စိတ်ဆိုးနေတဲ့ပုံပေါ်တာမို့
သူတို့နားဆက်မနေတော့ဘဲ ဧကရာဇ်ပန်းတွေကို
ကလေးတွေပိုက်သလို လက်နှစ်ဖက်နဲ့ပိုက်ကာ
ဆီဆိုင်ဘက်ကို ပြန်သွားရန်ပြင်လိုက်သည်။
''ဂီး ဂီး ...''
''အာ့ မေမေရေးးးး''
ကိုယ့်ဟာကိုယ် ထသွားတာကို နောက်ကခွေးမကြီးက
ရုတ်တရက်ကြီးထဆွဲတော့ မြမှာ ကြောင်ပြီးဖင်ထိုင်ရက်လဲသွားမိသည်။
ခွေးမကြီးက တဂီးဂီးနဲ့ လှမ်းဟပ်နေတာမို့ ကြောက်အားလန့်အားနဲ့ ကုန်းရုန်းထလိုက်ပေမဲ့ လူက အခုမှကြောက်ပြီးတုန်နေတာမို့ ထင်သလောက် အားမရှိတော့ပေ။
''ဟယ် လုပ်ကြပါဦး
ဟိုမှာ ညိုမ သောင်းကျန်းနေပြန်ပြီ''
လက်ထဲရှိတာတွေနဲ့ ကောက်ပေါက်နေတုန်း
အော်သံတွေရယ် မြရှိရာဆီပြေးလာတဲ့အသံတွေကြားလိုက်ရပြီး ခွေးမကြီးမှာလည်း အဝေးကိုပြေးသွားတော့သည်။
''ဟယ် အစ်မ
ခြေထောက်မှာ သွေးထွက်နေပြီ
အကိုက်ခံလိုက်ရတယ်နဲ့တူတယ်
ဘယ်လိုလုပ်ကြမလဲ''
ကောင်မလေးတစ်ယောက်အော်သံကြောင့်
ကိုယ့်ခြေထောက်ကိုယ်ငုံ့ကြည့်မှ ဘယ်ဘက်ခြေထောက်မှာ သွေးစို့နေတဲ့သွားရာကိုတွေ့လိုက်ရသည်။
အရမ်းကြီး မဆိုးပေမဲ့လို့ ပေါက်သွားတာကြောင့်သွေးစို့နေသည့်အပြင် တခြားပွန်းပဲ့ရာတွေလည်းရှိနေသေးသည်။
''ဘော့စ်ဘေဘီလား
ဟဲ့ အကိုက်ခံရတာ ဘော့စ်ဘေဘီဟဲ့
တစ်ယောက်ယောက် ဘောစ့်ကိုသွားပြောကြဦး''
''ဟုတ် ဟုတ် ကျွန်တော် သွားပြောလိုက်မယ်''
''ညီမလေး ထနိုင်လား
လာ အစ်မလက်ကိုတွဲပြီးတော့ထ
ဒီညိုမက အရင်ဒီလိုမဟုတ်ဘူး
ကလေးမွေးထားလို့ ဆိုးနေတာ''
''ဟုတ်
လာကူပေးလို့ ကျေးဇူးပါပဲ
မြလည်း ဒီလိုကြီးကိုက်မယ်မထင်ထားတာ
ကိုယ်တိုင်က ပေါ့တာပါလေ''
ကိုကို့ဆိုင်က အစ်မတွေအကူအညီနဲ့ ဆိုင်ဘက်ကိုပြန်ရောက်တော့ ကိုကိုက အပြေးအလွှားရောက်ချလာပြီး
ခုံပေါ်ထိုင်နေသော မြရှေ့၌ ဒူးတစ်ဖက်ထောက်ထိုင်လိုက်ကာ မြရဲ့ခြေထောက်ကိုသူ့ပေါင်ပေါ်တင်စေပြီးမှ ကိုက်မိထားတဲ့ ခြေထောက်ကို ချက်ချင်းကြည့်တော့သည်။
''ဒဏ်ရာက ပေါ့လို့မဖြစ်ဘူး
ဒီကဆေးပုံးထဲမှာ အရက်ပြန်ရှိတယ်မလား
မြန်မြန်ပေးစမ်းပါ''
ကိုကိုသည် ဆိုင်က ရေသန့်ဘူးကို ယူကာ ဒဏ်ရာကိုသေချာဆေးသည်။
ပြီးတော့မှ သူ့ဝန်ထမ်းယူလာပေးသည့် အရက်ပြန်နဲ့ အနာကို လောင်းချလိုက်သည်။
''အာ့ ကိုကို့
စပ်တယ်''
''ပိုးဝင်မှာစိုးလို့လေကွာ
ဒီမှာကြည့် ကိုက်ရာက အကွင်းလိုက်မပေါ်ရုံတမယ်ပဲ
တခြားရော ဘယ်နားခိုက်မိသေးလဲ
ပြ ဒီဘက်ခြေထောက်ရော''
ခြေထောက်နှစ်ဖက်လုံးအပြင် လက်တွေရောကိုသေချာစစ်ဆေးပြီးတော့မှ ကိုကိုသည် ဟင်းခနဲသက်ပြင်းချကာ မတ်တပ်ရပ်လိုက်သည်။
''ထ ဆေးခန်းသွားကြမယ်''
''ဟင်
ဆေးခန်းသွားရမှာလား''
''သွားရမှာပေါ့ ဘေဘီရဲ့
ခွေးကိုက်တာ ပေါ့လို့မရဘူး''
''မေမေတို့က ပြောဖူးတယ်
ခွေးကိုက်ရင် ချက်ကို ဆေးရှစ်လုံးတောင်ထိုးရတာတဲ့
တကယ်ကြီး ထိုးရမှာလား''
''အရင်ကတော့ ချက် ပတ်ပတ်လည်ကိုထိုးရတယ် ကြားဖူးတယ်
ကိုကိုလည်းသေချာမသိဘူး
ဆေးခန်းရောက်မှ ဆရာဝန်ပြောသလိုလုပ်တာပေါ့
လာ ကိုကိုချီမယ် ''
ကိုကိုသည် ပြောပြောဆိုဆိုနှင့် မြကိုပွေ့ချီလိုက်ကာ
ကားရှိရာသို့ လျှောက်သွားသည်မို့
ကိုကို့လည်ပင်းကို သိုင်းဖက်ထားရင်းပင် မြကို ကူညီပေးခဲ့သော ကိုကို့ဆိုင်ကဝန်ထမ်းတွေကို လက်လှမ်းပြရသည်။
''မင်းဘောစ့်ဘေဘီလို့နာမည်ပေးတာလည်း
ဟုတ်တော့ဟုတ်ပါတယ်
ဘောစ့်အတွက်က တကယ့်ကိုကလေးလေးလိုပဲကွ''
ကလေးလေးလိုပွေ့ချီကာ ထွက်သွားသော သူတို့ဘောစ့်အကြောင်းပြောရင်းကျန်နေခဲ့ကြသည့်
လူတစ်သိုက်မှာတော့ ဒီနေ့အတွက်ပြောစရာရသွားစလိုပင်။
ကိုကို့ကားပေါ်ရောက်တော့ ကိုကိုကပဲ ခါးပတ်ကိုသေချာပတ်ပေးကာ မြကို ဆူချင်သလိုကြည့်လာသည်။
''ဘာလဲ ကိုကို့အကြည့်ကြီးက''
''ခွေးသားအုပ်မကြီးနားကို မကပ်ရဘူးဆိုတာ မသိဘူးလား ဟမ်''
''သိတယ်လေ
မြက မကိုက်လောက်ဘူးထင်လို့ပေါ့
ကိုကိုကလည်း''
'' အခုတော့ အကိုက်ခံရပြီလေ
ခွေးကိုက်ခံရတာ မပေါ့ဆရဘူးကွ
အခက်မသင့်ရင် ခွေးရူးပြန်ရောဂါဖြစ်တတ်တယ်
အခု ဘေဘီ့ကိုကိုက်လိုက်တဲ့ခွေးက ကာကွယ်ဆေးဘာညာထိုးထားတဲ့ခွေးလည်းမဟုတ်ဘူး
အန္တရာယ်များတယ်ကွ''
''ဟုတ်''
''အခြေအနေမဟန်ရင်လည်း ဒီဘက်ကဝန်ထမ်းတွေကိုတစ်ချက်လှမ်းခေါ်ပြီးတော့ လာခေါ်ခိုင်း မောင်းခိုင်းမှပေါ့
အဲဒီခွေးက အခုနောက်ပိုင်း ကလေးတွေမွေးပြီးမှဆိုးနေတာ ထိန်းမရဘူး
ပြီးတော့ တစ်ယောက်တည်းလျှောက်လျှောက်သွားတာ ဒီဘက်ပိုင်းကို ဘေဘီရောက်ဖူးတာလည်း မဟုတ်ဘဲနဲ့
ကိုကို မကြိုက်ပါဘူး''
''ဟုတ်''
''နောက်တစ်ခါ အဲဒီလိုခွေးမကြီးတွေ တွေ့ရင်ရှောင်
သွားနေကျနေရာမဟုတ်ရင် သွားသတိလာသတိနဲ့နေရတယ်
မတော်လို့တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ
စိတ်မချပါဘူး''
''ဟု.....တ်.....လို့''
''ကိုက်စရာရှားလို့ကွာ....ငါ့ဘေဘီကိုမှ''
ငေါက်ပဲငေါက်နေလို့စိတ်ကောက်ချင်လာပေမဲ့
ကိုကို့ရဲ့နောက်ဆုံးပြောလိုက်တဲ့စကားကြောင့်
ရင်ထဲမှာ ပီတိကဖြာသွားလိုက်သေးသည်။
ငါ့ဘေဘီကိုမှတဲ့.....အဟိ။
အူမြူးပြီးနှုတ်ခမ်းကိုက်မိချိန် ကိုကိုကြည့်တာနဲ့ဆုံတော့ ကိုကိုကမျက်ခုံးပင့်သည်။
''ဘာဖြစ်တာလဲ အဲဒါ''
''ကိုကို့ ...နာတယ်''
ပုံမှန်အသံထက်တိုးတဲ့အသံလေးနဲ့ နူးနူးညံ့ညံ့လေးပြောကြည့်တော့ ကိုကိုက သက်ပြင်းချကာ လက်ကိုဖွဖွလေးလှမ်းကိုင်လာသည်။
''လက်တွေကို အေးစက်နေတာပဲ
ကြောက်နေတာလား
ဘာမှမကြောက်နဲ့ ကိုကိုရှိတယ်လေ
မနာတော့အောင် ဆေးသေချာထည့်ပေးဖို့ ဆရာဝန်ကိုပြောလိုက်မယ်
ခဏလေးပဲ သည်းခံနော်''
''အွန်း''
တကယ်လည်း ဆေးခန်းကိုရောက်တော့ ကိုကိုကဆရာဝန်ကိုသေချာရှင်းပြပြောပြကာ ဆေးအများကြီးမထိုးရအောင် လုပ်ပေးပါသည်။
ဒဏ်ရာကိုဆေးသေချာပြန်ထည့်ပြီး လိုအပ်သည့်ဆေးကိုလည်းထိုးပေးလိုက်ကာ ဆောင်ရန်ရှောင်ရန်တွေကိုပါ မှာလိုက်သေးသည်။
''ဘေဘီက ဒီဒဏ်ရာကြီးနဲ့ဆိုတော့
ဘယ်မှသွားမနေနဲ့တော့
ခြံထဲပဲသွားရစို့ ကိုကိုဟင်းချက်ကျွေးမယ်''
''ဘာချက်ကျွေးမှာလဲ''
''ဘာစားချင်လဲ ဘေဘီက''
''ကြက်သားချောင်းကြော် ''
''ဟုတ်ပြီ
ကြက်သားချောင်းကြော်စားချင်ရင်
အရွက်ကြော်တစ်ခွက်နဲ့ ဟင်းရည်တစ်ခွက်ကိုပါ ကုန်အောင်သောက်ရမယ်''
''ဟင် ဘာအရွက်ကြော်ကြီးလဲ''
''တစ်ခုခုပေါ့
ဘေဘီ အသီးအရွက်သိပ်မစားတာ ကိုကိုသိတယ်နော်''
''ကိုကိုကဟာ''
''ကိုကိုက မဟာနဲ့
မုန်ညင်းနဲ့ ကိုက်လန် တစ်ခုခုရွေး''
''ကိုက်လန်''
''ရေညှိဟင်းရည် ကြက်ပေါင်းရည်''
''ရေညှိဟင်းရည်''
''အိုကေ
ရှေ့ကျရင် ကိုကိုဆင်းဝယ်လိုက်မယ်
ဘေဘီကားပေါ်မှာနေခဲ့လိုက်''
စျေးနားလေးရောက်တော့ ကိုကိုက သူကိုယ်တိုင်ပဲ
စျေးထဲဆင်းဝယ်ကာ မြကိုတော့ကားပေါ်မှာထားခဲ့သည်။ မြမှာတော့ ကိုကို့ကိုစောင့်ရတာကြာလို့ ကားမှန်ချကာ အပြင်ဘက်ကိုဟိုကြည့်ဒီကြည့်လုပ်ရင်း
မိုးပျံပူဖောင်းသည်ကြီးကိုငေးနေမိသည်။
ရောင်စုံပူဖောင်းတွေကိုကြည့်ရင်း ဝယ်ချင်လာပေမဲ့
ခပ်လှမ်းလှမ်းမှာမို့ လှမ်းအော်ပြီးတော့လည်းမဝယ်ချင်....။
စံပယ်ပန်းကုံးတွေကိုင်လာတဲ့ပန်းသည်ကြီးကိုတွေ့လိုက်ရသည်။
ကားနဲ့နီးလာလေလေ ပန်းရနံ့ကမွှေးလာလေလေမို့
ပန်းသည်ကြီးကို မနေနိုင်စွာလှမ်းခေါ်လိုက်သည်။
''တစ်ကုံးငါးရာ ကောင်မလေး''
''ဟယ် စျေးကောင်းတယ်နော်
ငါးကုံးယူမယ်လေ နှစ်ထောင်ပဲထား ''
''ခြံထွက် လတ်လတ်ဆတ်ဆတ်တွေပါအေ
ပိုမရောင်းဘူး''
'' သိပါတယ် အန်တီရဲ့
များများယူမှာလေ လျှော့ပေးလေနော်''
''ဘယ်လောက်ယူမှာတုန်း''
''ဆယ်ကုံးယူမယ်လေ
တစ်ကုံး လေးရာပဲထားလိုက်နော်''
''လေးရာ့ငါးဆယ်တော့ လုပ်အေ
စျေးကိုဆစ်လိုက်တာ လွန်ရော''
''အန်တီကလည်း....
ထားပါ လေးရာ့ငါးဆယ်''
နောက်ဆုံးတော့ လေးရာ့ငါးဆယ်နဲ့အဝယ်တည့်ကာ
စံပယ်ပန်းကုံးကို လေးထောင့်ငါးရာဖိုးဝယ်ချလိုက်သည်။
ငါးကုံးကို ခြံထဲကဘုရားလှူဖို့ ထားလိုက်ပြီး ကျန်တဲ့ငါးကုံးကို ကိုကို့ကားထဲမှာချိတ်ထားလိုက်သည်။
စံပယ်ပန်းတွေနဲ့အလုပ်ရှုပ်ပြီးချိန်မှာပဲ ကိုကိုကလည်း အထုပ်တွေဆွဲပြီးပြန်ရောက်လာရှာသည်။
အထုပ်တွေကို နောက်ခန်းထဲထည့်ပြီးမှ ကားမောင်းရန်ပြင်ရင်း မြချိတ်ထားတဲ့ ပန်းကုံးတွေကို တစ်ချက်ကြည့်ကာမေးခွန်းထုတ်လာသည်။
''အွန်း တစ်ကုံး၅၀၀နဲ့ကို
လေးရာ့ငါးဆယ်နဲ့ ဆယ်ကုံးဝယ်လိုက်တာ
လေးရာထားခိုင်းတာကိုမရဘူး''
''ဟော
စျေးဆစ်လိုက်တယ်ပေါ့လေ''
''အွန်းလေ စျေးဆစ်မှတော်ကာကျမှာပေါ့''
''အင်း ဆစ်တာကဆစ်ပါ
ဒါပေမဲ့ စျေးသည်ကိုကြည့်ဆစ်
မရှိလို့ရောင်းတဲ့ နွမ်းပါးတဲ့စျေးသည်တွေဆိုရင်တော့
အတင်းကြီးမဆစ်ပါနဲ့ ကိုယ်လည်းအများကြီးသက်သာသွားတာမဟုတ်ဘူး''
''ဟုတ်''
''ရော့ ဘေဘီပြောတာ ဒါမျိုးလေးမလား''
''ဟင် ဘာကြီးလဲ''
ကိုကို ထုတ်ပေးလာလို့ ကြည့်လိုက်တော့
သနပ်ခါးခြစ်တဲ့ ဝါးသွားပွတ်တံလေးဖြစ်သည်။
မြအိမ်မှာသနပ်ခါးလူးရင် ခြစ်နေကျ သွားပွတ်တံလေးက မကောင်းတော့လို့ဆိုပြီး မေမေကအခန်းရှင်းရင်းပစ်လိုက်လို့ မြမှာ သနပ်ခါးလိမ်းလို့ပါးကွက် ကွက်ရင် ဒီတိုင်းကြီးသာကွက်ရတာ ကြာလှပြီ။
မနေ့ညကမှ ကိုကိုနဲ့ vc ပြောရင်းစကားစပ်မိလို့ ပြောမိတာကို ဒီကိုကိုက သတိတရဝယ်လာပေးတယ်ပေါ့လေ....။
ဘာရယ်မဟုတ်ပေမဲ့လို့ ရင်ထဲထိသွားတာတော့ အမှန်။
''ဂိုမားဝေါ အိုပါး
ဆာဒါးငဲ''
''သူ့အမွှေးလေးတွေက အရမ်းကြီး မကြမ်းတော့ ဘေဘီသုံးရတာ အဆင်ပြေလောက်တယ်
ဘေဘီက ပါးကွက်နဲ့ဆို ကလေးလေးနဲ့ပိုတူတယ်
နှာခေါင်းပေါ်သနပ်ခါးအစက်လေး တင်ထားရင်
တကယ့် ကလေးလေး''
''အွန်း....ဘယ်သူ့ကလေးလေးပါလိမ့်''
''ကိုကို့ကလေးလေး လေ''
''ဒါပေါ့ ဒါပေါ့
ကိုကို့ ကလေးလေး''
ခေါင်းလေးတညိတ်ညိတ်နဲ့ ပြုံးနေသော မြပိတောက်ကြည်သာ့ကိုကြည့်ရင်း သူ့မှာကြည်နူးနေမိသည်။
ကိုယ်ချစ်ရတဲ့သူကို တယုတယနဲ့ကလေးလေးလို ထားချင်တာက သူ့စိတ်ကူးဖြစ်သည်။
ဘာမှမလုပ်ခိုင်းဘဲ သူ့အနားမှာပဲ ထားကာ သူ့ကိုပဲ
အားကိုးစေချင်သည်။
ဒါပေမဲ့ သူအဲဒီလိုတွေလုပ်လိုက်လို့ တစ်ဖက်ကလူစိတ်ပျက်သွားတာကို ကြုံဖူးထားတာမို့
ဒါပေမဲ့လည်း မြပိတောက်ကြည်သာ့ကိုတော့ သူ့စိတ်ကူးထားခဲ့သလိုမျိုးလေးပဲ ထားချင်သည်။
လွှတ်ထားပေးခဲ့ရသမျှ အနားကိုပြန်ရောက်လာချိန်မှာ သူအတိုးချပြီး ချစ်ပေးချင်သည်။
သို့သော် ချုပ်နှောင်ထားသလိုဖြစ်သွားမှာကိုလည်းစိုးရိမ်နေမိတာတော့ အမှန်.....။
''ကိုကို...''
''အွန်း....''
''ဗျာလို့ ထူးလေ ကိုကိုကလည်း
ပြန်ခေါ်မယ်
ကိုကို''
''ဗျာ ဗျ''
''ဟီး ချစ်တာ အရမ်း
အာဘွား အာဘွား''
လက်ရဲဇက်ရဲနဲ့ သူ့ပါးကိုလာဖဲ့ကာ နှုတ်ခမ်းတဆူဆူလုပ်နေသော ဘေဘီ့ကို ကားမောင်းရင်းနှင့်ပင် ခပ်မြန်မြန် နမ်းချလိုက်တော့ နှုတ်ခမ်းလေးကိုက်ကာ ပြုံးစိစိကြည့်နေသည်။
''ကားကိုပဲ ဂရုစိုက်မောင်းလို့
ဒီကိုကို တစ်ခုခုဖြစ်ရင် မြပိတောက်ကြည်သာတို့ရင်ကျိုးရချည်ရဲ့''
စကားတတ်လွန်းတဲ့ ဘေဘီ့ကြောင့်သူ့မှာတစ်လမ်းလုံးပါးစပ်ပင်မစေ့နိုင်ဘဲ တပြုံးပြုံးဖြစ်နေရသည်။
မြပိတောက်ကြည်သာကလေ
ချစ်ဖို့ကောင်းလိုက်တာဗျာ ......။
.
.
.
.
.
ငွေကြေးအလွဲသုံးစားလုပ်မှုဆိုတဲ့ခေါင်းစဥ်နဲ့ တရားရင်ဆိုင်ရမဲ့ ဖေဖေ့ကို လိုအပ်တဲ့ရှေ့နေတွေနဲ့တိုင်ပင်တာတွေလုပ်နေရတာကြောင့် မြသရဖီချစ်ခမျာ နားကိုမနားရပေ။
ဗိုက်ကြီးတကားကားနဲ့ သွားလာနေရပေမဲ့ ဖခင်ဇော
စည်းစိမ်ဇောနဲ့ ပင်ပန်းတာကိုပင် မမှုနိုင်ပေ။
အခုလည်း ဘိုးဘိုးကိုတွေ့ခွင့်တောင်းကာ တောင်းပန်လို့ရသလောက် တောင်းပန်ရမည်။
ဘိုးဘိုးက အရင်ကထက်ပိုပြီး နေကောင်းလာကာ
လုပ်ငန်းကိစ္စတွေဘက်ကို အာရုံပြန်စိုက်လာတာမို့
ဖေဖေသတိတစ်ချက်လွတ်တာနဲ့ အကုန်တိုင်ပတ်သွားခြင်းဖြစ်သည်။
''မမလေး ဘိုးဘိုးကြီးက သိပ်နေမကောင်းလို့ အနားယူနေပါတယ်
သက်သာလာရင် ကျွန်မဖုန်းဆက်လိုက်ပါ့မယ်''
''အိပ်နေတာလား
ဒီတိုင်း ခဏလောက်ပဲ ဝင်ကြည့်ပါရစေ
ကျွန်မက သူ့မြေးပါ
နေမကောင်းတဲ့အဘိုးကို ဝင်ကြည့်ခွင့်တော့ရှိတယ်မလား''
''ဘိုးဘိုးကြီးက အေးအေးဆေးဆေးအနားယူမှာမို့ ဘယ်သူနဲ့မှမတွေ့ချင်ဘူးလို့ မှာထားလို့ပါ
မမလေး လာသွားတာကို ကျွန်မသေချာပြောလိုက်ပါ့မယ်''
ဒီတစ်ကြိမ်နဲ့ဆို သုံးခါရှိပြီ ။
လာတဲ့အခေါက်တိုင်း နေမကောင်းလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ အတွေ့မခံတာဟာ မတွေ့ချင်လို့ဆိုတာ သိပါသည်။
ဒါပေမဲ့ ကျွန်မက သူ့ရဲ့အားအကိုးရဆုံးမြေးဖြစ်ခဲ့သေးတာပဲ ။
ဒီလိုမျက်နှာလွှဲထားတာကြီးက လွန်လွန်းပါသည်။
စိတ်တိုတိုနဲ့ ကားကိုမောင်းလာလိုက်တာက
ဘွားထိုက်ဆီကိုဖြစ်သည်။
ဘိုးဘိုးနဲတွေ့လို့မရရင်တောင် ဘွားထိုက်ရှိသေးတာပဲ။
ဘိုးဘိုးကိုပဲ တွေ့ဖို့ကြိုးစားနေခဲ့တာမို့ ဘွားထိုက်ဆီသွားဖို့မေ့နေခဲ့သည်။
ဘွားထိုက်ဆီကိုရောက်တော့ မာမီပါရှိနေတာမို့
နည်းနည်းတော့တွန့်သွားသည်။
တွန့်ရတဲ့အကြောင်းအရင်းက ဒယ်ဒီ့မှာမာမီ့အပြင်အငယ်အနှောင်းရှိနေတာကို သိထားရတာမို့ပင်။
အငယ်အနှောင်းတင်မက မယားငယ်နဲ့ရတဲ့ ကလေးပါရှိနေတာကိုသိရက်နဲ့ မာမီမသိအောင်ဖုံးကွယ်ပေးထားရသည်မို့ ကိုယ့်ကိုယ်ကိုယ်မလုံ....။
''မပေါ့မပါးကြီးနဲ့ကွယ်
အိမ်မှာနားနေတာမဟုတ်ဘူး''
'' မာမီရယ် သမီးကဘယ်စိတ်နဲ့နားနေရမှာလဲ''
မာမီသည် ကျွန်မလက်ကို ကိုင်ရင်း သနားသလိုကြည့်လာတော့ မာမီ့ရင်ခွင်ထဲဝင်ကာ ငြိမ်နေမိသည်။
မာမီကသာ ခေါင်းလေးကိုသပ်ပေးနေတာ ဘွားထိုက်က လက်ဖက်ရည်သောက်တောင်မပျက်.....။
''ဘွားထိုက်
ဘိုးဘိုးကို ဖျောင်းဖျပေးပါဦးနော်
ဒယ်ဒီမှားတာတွေများမှန်း သိပေမဲ့လေ ဒယ်ဒီ့ကိုနည်းနည်းတော့ လျှော့ပေါ့ပေးပါဦးလို့''
''အိုကွယ်
သူ့အပြစ်နဲ့သူလေ ဘွားထိုက်ကဘာလုပ်ပေးနိုင်မှာလဲ
ဒီလိုတွေဖြစ်မှာကြောက်ရင် အစကတည်းကမလုပ်နဲ့ပေါ့''
''ဒယ်ဒီက လမ်းမှားကို ခဏလိုက်မိရုံပါ ဘွားထိုက်ရယ်''
''ညည်းအဖေလမ်းမှားကလည်း တို့တွေလုပ်ငန်း
မပျက်ရုံတမယ်ပဲနော် အချိန်မီသိလို့သာပေါ့
ညည်းလည်း မဟုတ်တာတွေအာရုံစိုက်မနေနဲ့
ကိုယ့်ကျန်းမာရေးကိုယ်သာ ဂရုစိုက်
ညည်းကအခု အိမ်ထောင်သည်ဖြစ်နေပြီ
ကိုယ့်အိမ်ထောင်ကိုပဲ သေချာဂရုစိုက်
အလုပ်ကိုလည်း ခွင့်လေးဘာလေးယူတော့လေ
ကိုယ်ဝန်ကဖြင့် လရင့်နေပြီကို''
''ဟုတ်ကဲ့''
အားကိုးရမလားလို့လာခဲ့ပေမဲ့ ဘွားထိုက်ကပိုဆိုးနေသည်။ သူတို့စီစဥ်နေတာတွေကို ဝင်မရှုပ်အောင်
အလုပ်ကနေပါ သက်သက်မဲ့ခွင့်ယူခိုင်းနေတာကိုလည်း သိပါသည်။
ဘွားထိုက်ဆိုတာ ပိုပြီးကြောက်ဖို့ကောင်းမှန်းသိပေမဲ့
လောလောဆယ်က ဘာမှမတတ်နိုင်သေးတာမို့ ဘွားထိုက်ကိုအားကိုးရှာလိုက်မိတာကို အခုတော့ အံကိုပဲကြိတ်ကာ မာမီ့ရင်ခွင်ထဲ မျက်ရည်ကျပြနေရသည်။
အဖေလုပ်သမျှအရာတွေက ကျွန်မဆီမှာ ဝဋ်လာလည်နေသလားအောက်မေ့ရလောက်အောင်
ယောကျ်ားဖြစ်သူသည် မြာပွေလွန်းသည်။
လူသိရှင်ကြားပွဲတက်မယားဆိုသည့် ဂုဏ်ပုဒ်ရယ်
သူတို့လုပ်ငန်းစုရဲ့ချွေးမဆိုတဲ့ဂုဏ်ပုဒ်ရယ်ကြောင့်သာ စိတ်ကိုတင်းခံထားရသည်။
တစ်ခါတလေတော့လည်း အရင်ကလိုအချစ်ခံရတဲ့
မြသရဖီချစ်ဘဝကိုပြန်သွားချင်မိသည်။
မာမီတို့ဆီကပြန်သွားပြီး အိမ်ပြန်ရောက်တော့
ယောကျ်ားဖြစ်သူက အိမ်ကိုစောပြန်ရောက်နေသည်။
ကြည့်ရတာ ရေမိုးချိုးပြီးအပြင်ပြန်ထွက်မည့်ပုံပင်။
''ကို ဖုန်းဆက်လိုက်တာ မဟုတ်ဘူး
ချစ်ပြန်လာမှာပေါ့''
''သြော် ဆက်မတော့ဘူးလေ
ကိုလည်း အပြင်ပြန်သွားဦးမှာ''
''ရပါတယ် ကိုရယ်
ညသာ စောစောပြန်ခဲ့နော်''
''အင်း မသေချာဘူး''
''အင်းပါ
ပြီးတော့ နက်ဖြန် ဆေးခန်းသွားမလို့ ကို လိုက်ခဲ့ပေးလို့ရတယ်မလား''
''ဘယ်အချိန်လဲ မနက်ခင်းဆိုရင်တော့ရတယ်''
''ရတယ် မနက်ခင်းပဲ
ရှစ်နာရီကျော်လောက်ထွက်တာပေါ့''
''အင်း
ဒါဆို သွားပြီနော်''
အိမ်ထောင်သက်တမ်းကြာလာလေလေ နဂိုကမှမရှိပါဘူးဆိုတဲ့ နွေးထွေးမှုတွေက ပိုပြီးအေးစက်လာပြီး ဝတ်ကျေတန်းကျေဆိုတဲ့ ဆက်ဆံမှုတွေသာရှိတော့သည်။
အများအမြင်မှာတော့ ခင်ပွန်းကောင်းဆိုတဲ့ပုံရိပ်ရှိနေပေမဲ့ မိသားစုအတွင်းက လှိုက်စားနေတဲ့ ပြဿနာတွေကတော့ တစ်နေ့ထက်တစ်နေ့စုပုံနေသလိုပင်.....။
ယောက္ခမတွေကရော ကောင်းလားဆိုရင်
သဘောကောင်းပါတယ်
သူတို့သားနဲ့ပတ်သက်တဲ့ ပြဿနာမဟုတ်သရွေ့
ကျွန်မအပေါ်ကောင်းပေးကြပါတယ်....။
သူတို့သားနဲ့ ပတ်သက်လာရင်တော့ မှားမှားမှန်မှန် ဒီတိုင်းသာမန်ကာလျှံကာဖြင့် ပြီးသွားတဲ့ပြဿနာက များသည်။
အဆင်ပြေပါတယ်.....
လက်ရှိအသိုင်းအဝိုင်းထဲမှာတော့ ကျွန်မဘဝက
အများအားကျနေရတဲ့ ဘဝပဲလေ။
ဟုတ်တယ်မလား.....။
.
.
.
.
.
''ကိုကို့ အဲဒါတွေပေး ဘေဘီနွှာပေးမယ်''
''ငြိမ်ငြိမ်လေးထိုင်နေလို့ ကိုကိုပြောထားတယ်လေ
ဒါတွေ ကိုကို့ဘာသာလုပ်မယ်''
ကိုကိုသည် မြဝင်မလုပ်နိုင်စေရန် ကြက်သွန်ဖြူ ဂျင်းတွေကို ဘေစင်ဘက်သို့ယူသွားကာ သူ့ဟာသာ နွှာနေပြန်သည်။
''ကိုကိုကဟာ
ဘေဘီက ကိုကိုနဲ့တူတူ လုပ်ချင်လို့ဟာကို''
''ကျန်တဲ့ချိန် လုပ်ခိုင်းမှာပေါ့
အခုတော့ မရဘူး
ကဲ လာ လာ''
ကိုကိုသည် လက်ဆေးလိုက်ကာ မြဆီကိုလျှောက်လာပြီး ပွေ့ချီလျက် အိမ်ပြင်ကိုထွက်တော့သည်။
''ကဲ ဘေဘီ
ခြံထဲကို လိုက်ပို့ပါ့မယ်
ကိုကို ညှော်ကြော်တော့မှာမို့ ရေကန်နားကိုငြိမ်ငြိမ်လေးခဏလောက်ထိုင်နေနော်
ကြော်ပြီးတာနဲ့ အနံ့ပျောက်ရင် ဘေဘီ့ကိုလာခေါ်လှည့်မယ်''
ကိုကိုသည် ရေကန်ကြီးဘေးနားမှာ လုပ်ထားတဲ့ထိုင်ခုံပေါ်သို့ မြကိုအသာချပေးကာ အိမ်ထဲသို့ပြန်ဝင်သွားသည်။
စပို့ရှပ်အနက်ရောင်နဲ့ ပုဆိုးအစိမ်းအနက်ကြားကွက်စိပ်ကိုတွဲဖက်ဝတ်ထားသည့် ကိုကိုဟာ မြအမြင်မှာတော့ ချောလွန်းသန့်လွန်းလှပါသည်။
ကိုယ့်ငါးချဥ်ကို ချဥ်သည်ဟုထင်လျှင်လည်း
မတတ်နိုင်.....။
အိမ်ထဲရောက်သွားပြီဖြစ်သော ကိုယ့်အပိုင်ရည်းစားလေးအကြောင်းတွေးနေတာကိုရပ်ပြီးတော့ ဖုန်းထုတ်ကာ ဒီနေ့ရိုက်ထားသော ပုံတွေကိုပြန်ကြည့်ရင်း လှမဲ့ပုံလေးတွေကိုရွေးနေလိုက်သည်။
ပုံတင်မယ်ဆိုပြီးတော့ facebook ထဲဝင်လိုက်တော့
ကိုသုတတို့ရဲ့ status ကို newfeed မှာတန်းတွေ့လိုက်ရသည်။
''In a relationship with Shin Thant ''
နေပါဦး.....။
မြကဘာလို့ သူတို့ထက်အမြဲခြေတစ်လှမ်းနောက်ကျနေရတာလဲ.....။
အခုနောက်ပိုင်း သူတို့အရမ်းကို ကဲသဲနေကြတာမဟုတ်ဘူးလား။
အနိုင်မခံစိတ်ဓာတ်နဲ့ ကိုယ့်profile setting ထဲဝင်ကာ relationship status ကောက်တင်ပစ်လိုက်သည်။
''In a relationship with Khant Hmuu Zay Yar''
ပြီးတာနဲ့ my day မှာ ကိုကိုနဲ့ မြတို့ကားပေါ်မှာလက်ချင်းတွဲထားတဲ့ပုံကို တင်လိုက်သည်။
caption ကိုတော့ တအားစဥ်းစားစရာမလို
မြပိတောက်ကြည်သာတို့ခေါင်းက မဟုတ်တရုတ်ဆိုအရမ်းသွက်တယ်လေ.....။
'' Answer Me !!!
Who am I ??? '' ဆိုတဲ့ caption နဲ့အတူ
ကိုကို့အကောင့်ကိုပါ mention ထားလိုက်သည်။
relationship တင်ပြီးတာနဲ့ တောက်လျှောက်တက်လာလိုက်တဲ့ noti တွေ...။
relationship status ကို လက်မကြီးလာပေးလို့ ဘယ်သူပါလိမ့်ဆိုပြီး ကြည့်လိုက်တော့ အကောင့်နာမည်မြင်ပြီး ပါးစပ်လေးပိတ်နေလိုက်ရသည်။
Mya ThazinHtike တဲ့လေ....။
မာတာမိခင်က လက်မကြီးပေးသွားတော့လည်း
ကြိတ်ပြီးဝမ်းသာရသည်။ သူလက်ခံတဲ့သဘောပဲမလား။
ပျင်းလို့ လမ်းထလျှောက်မယ်ကြံတော့ ကိုကိုပွေ့ချီလာတုန်းက ဖိနပ်ကပါမလာခဲ့။
အောက်က မြေကြီးမဟုတ်ဘဲ မြက်ခင်းပြင်မို့လို့
ဖိနပ်မပါလည်း ဘာမှမဖြစ်ပါဘူးလေဆိုပြီး ထော့နဲ့ထော့နဲ့ဖြင့် လမ်းလျှောက်နေလိုက်သည်။
သံပရာပင်တွေစိုက်ထားတဲ့နားသွားကာ အရွက်ဝါတွေကို ခြွေချလိုက် နှင်းဆီပင်ကအရွက်ဝါတွေကိုခြွေချလိုက်ဖြင့် ကိုယ်လုပ်ချင်တာလုပ်နေမိသည်။
ရေဖြန်းတဲ့ ကရားလေးကိုယူ ရေကန်ထဲကရေခပ်ထည့်လိုက် ပန်းပင်တွေလိုက်ဖြန်းလိုက်နဲ့သာယာနေတုန်း ကိုကို့အသံပြဲကြီးထွက်လာသည်။
''မြပိတောက်ကြည်သာ
အငြိမ်မနေဘူးလား အခု ရပ်နေလိုက်နော်''
မီးဖိုချောင်ပြတင်းပေါက်ကနေ ခါးကြီးထောက်ကာ
အော်နေသော ကိုကို့ကြောင့် မြမှာ လှုပ်တောင်မလှုပ်ဘဲ ရေကရားလေးကိုင်လျက်ရပ်နေမိသည်။
အိမ်ထဲကနေ ဝုန်းဒိုင်းဝုန်းဒိုင်းထွက်လာသော ကိုကိုသည် မြအနားရောက်တော့ ခါးထောက်ကို မြကိုငုံ့မိုးကြည့်နေသည်။
''ဘာလို့လဲ''
''အငြိမ်မနေဘူးပေါ့လေ''
''အငြိမ်နေတာပဲလေ''
''ဖိနပ်မပါဘဲ လျှောက်သွားနေတာက အငြိမ်နေတာလား ကိုယ့်ခြေထောက်ကိုယ်ငုံ့ကြည့်''
ခြေထောက်ကိုငုံ့ကြည့်တော့ မြက်ခင်းပေါ်မှာလျှောက်သွားထားတာမို့ မဆိုသလောက်လေး ပေပွနေသည်။
ပွနေသောခြေထောက်လေးကို နောက်ပို့လိုက်ကာ သွားလေးဖြီးပြတော့ ကိုကိုကရှုတည်တည်ပြန်ကြည့်သည်။
''နည်းနည်းလေးပေတာပါ ကိုကိုကလည်း''
''ပေတာကိုပြောတာမဟုတ်ဘူးကွ
ရေတွေစိုနေပြီလေ အအေးပတ်မှာပေါ့
လာ လာ
ငါကိုက မှားတာပါ
ဖိနပ်မပါဘဲ ထားခဲ့မိတာ''
ကိုကိုသည် မြကိုပွေ့ချီလိုက်ပြန်ကာ အိမ်ထဲသို့ခေါ်ချသွားပြန်သည်။
ထို့နောက် ဆက်တီခုံပေါ်သို့ထားခဲ့ပြီး မီးဖိုထဲ ဝင်သွားပြန်ကာ တဘတ်တစ်ထည်ယူပြီးပြန်ထွက်လာသည်။
''ပေး ခြေထောက်
ပြောစကားဆိုစကားကို နားမထောင်ဘူး''
''ဟာ ငရဲကြီးလိမ့်မယ်
မလုပ်နဲ့လို့ ''
ကိုကိုသည် ကြမ်းပြင်ပေါ်ထိုင်ချလိုက်ကာ ယူလာတဲ့တဘတ်ကြီးနဲ့ မြခြေထောက်တွေကို သုတ်ပေးနေတာမို့ အပြာပြာသလဲလဲဖယ်ခိုင်းမိသည်။
ခြေဖဝါးထိရင် ယားတတ်သော မြမှာ ကိုကိုကခြေထောက်ကိုင်လိုက်တာနဲ့ တွန့်လိမ့်နေတော့သည်။
ကိုကိုကလည်း ရုန်းနေတဲ့ မြရဲ့ခြေထောက်ကိုအတင်းလိုက်ဖမ်းကာ တဘတ်နဲ့သုတ်ဖို့လုပ်သည်။
မြကလည်း ယားတာမို့ဇွတ်ရုန်းသည်။
''ယားတယ်လို့ ကိုကို့ရဲ့
ငရဲတွေကြီးကုန်တော့မှာပဲ
အာ့.....အာ့ ယားတယ်လို့
မလုပ်နဲ့တော့လို့ ကိုကိုရေ့
ဘေဘီ မနေတတ်ဘူးလို့''
''ကောင်းအောင်လုပ်ပေးနေတာလေ
ငြိမ်ငြိမ်နေမှပေါ့
ဒီမှာ စိုရွှဲပြီး ပေပွနေတာပဲ
ခြေထောက်ကို ကိုကို့ပေါ်တင်လိုက်''
''တင်ဘူး ယားတယ်လို့
အားးး ဘေဘီ့ဘာသာပဲလုပ်မယ်လို့
ငရဲကြီးမယ်လို့ အာ့ ''
အိမ်ထဲက အသံတွေကြောင့် ကိုဂျက်တို့ညီအစ်ကိုနှစ်ယောက် အိမ်ပေါက်ဝနားလေးတင် ကြက်သေသေနေမိသည်။
ဆရာသမား နေ့ခင်းကြောင်တောင်ကြီး ဧည့်ခန်းထဲမှာ ဘာတွေများလုပ်နေတာပါလိမ့်.....။
''အငယ်ကောင် ဒီချိန် ငါတို့ဝင်သွားရင် ဘယ်လိုဖြစ်သွားနိုင်လဲ''
''အလုပ်ဖြုတ်ခံရလောက်မယ်ထင်တယ်နော်''
''ဖြုတ်တော့မဖြုတ်လောက်ဘူးကွ
ငါတို့ကတပည့်ရင်းကြီးတွေပဲဥစ္စာ''
''ကိုကြီးဂျက်က ဝင်ကြည့်ဖို့ စိတ်ကူးနေတာလား''
''သဘောပြောပြတာပါကွာ
ဘယ်လိုလုပ်သင့်တော်မှာတုံး
လာ သွားကြမယ်''
မျက်နှာပူပူနဲ့ အိမ်ရှေ့ကလှည့်ထွက်မယ်ကြံတုန်း
ခုမှရောက်သည့် နောက်တပည့်တစ်ယောက်က
ဆိတ်သားထုပ်ကြီးကိုင်ကာ အိမ်ထဲဝင်ချသွားသည်။
''ဟာ သွားပြီ
ဟေ့ကောင် ဟေ့ကောင်''
လှမ်းဆွဲလိုက်ပေမဲ့ မမှီတော့ပေ
ကိုယ်တော်ချောကအိမ်ထဲဝင်သွားလေပြီ။
ခေါင်းကြိမ်းစွာနဲ့ပဲ သူတို့ပါအမြန်လိုက်ဝင်ရင်း အခြေအနေကြည့်လိုက်တော့ ဆက်တီခုံပေါ်ထိုင်လျက်ကနေ ဆရာအာစိပေါ်ခြေထောက်တင်ထားသော မြပိတောက်ကြည်သာ့ကိုတွေ့လိုက်ရသည်။
''ဆောရီး ဆောရီးဆရာ
ဒီကောင့်ကို ကျွန်တော်လှမ်းတားပါသေးတယ်''
''ဘာမှမဖြစ်ပါဘူး ရတယ်
ဘေဘီ နောက်ခါ ဖိနပ်မပါဘဲ လျှောက်မသွားရဘူး
ကြားလား အအေးပတ်ကုန်မယ်''
''ဟုတ်''
ကိုယ်တွေကသာ မျက်နှာပူနေတာ ဆရာအာစိတို့ကအေးဆေးပဲမို့ အရိပ်အခြေကိုအမြန်လိုက်အကဲခတ်နေရသည်။နောက်ဆုံးစဥ်းစားမနေတော့ဘဲ မျက်နှာပူပူနဲ့ ထုတ်သာမေးလိုက်သည်။
''ဟိုလေ ဆရာအာစိ.....
ခုနက ဘာလုပ်နေတာလဲဟင်''
''ဘယ်တုန်းကလဲ''
''ခုနကလေ မြလေး အော်သံကြားလို့''
''သြော်
မြပိတောက်ကြည်သာလေ ဖိနပ်မပါဘဲ မြက်ခင်းပေါ်လျှောက်သွားလို့ ခြေထောက်သုတ်ပေးနေတာ
တကယ် အငြိမ်မနေတဲ့ဟာလေး''
''ကိုကိုနော်
ခြေထောက်ထိရင် ယားတတ်တာသိရဲ့သားနဲ့ကို ကိုကိုက ဇွတ်သုတ်တာလေ''
''အခု အဲ့မှာ ငြိမ်ငြိမ်နေလိုက်တော့နော်
ခဏနေ ဟင်းကျက်ရင် လာခေါ်မယ်''
''အွန်း အွန်း
ဘေဘီ့ဖုန်း ယူခဲ့ပေးဦး
အပြင်ကခုံပေါ်မှာ ကျန်ခဲ့ပြီ''
''အငယ်ကောင်ရေ ယူပေးလိုက်စမ်းပါကွာ
သွားသွား ဆရာအာစိ ဖုန်းကိုအငယ်ကောင်ယူပေးလိမ့်မယ်''
အေပရွန်ကြီးကိုင်လျက် ကားယားကားယားနဲ့ ဗျာများနေသော ဆရာသမားကိုကြည့်ကာ ခေါင်းယမ်းလိုက်မိသည်။
မင်းလည်း မကောင်းတဲ့အတွေးတွေ တွေးတာများနေပြီ ငဂျက်ရေ စိတ်လျှော့ စိတ်လျှော့။
........................💙........................
November 29, 2023
ဖတ်ရှုပေးကြသော ကလေးတစ်ယောက်ချင်းစီရော
votes & comments ပေးကြသော ကလေးတစ်ယောက်ချင်းစီကိုရော ကျေးဇူးအများကြီးတင်ပါတယ်ရှင်💙 ။
Zawgyi........
''လာလာ မမဆီကိုလာ
ချီဦးမယ်နော် ''
အူယားလိုက်တာ''
''ဂီး...ဝုတ် ဝုတ်...''
''ဟင် ''
စိတ်ဆိုးမနေနဲ့''
''ဂီး ဝုတ် ဝုတ်''
''ဟဲ့ မဟောင်နဲ့လေ
''ဂီး ဂီး ...''
''အာ့ မေမေရေးးးး''
''ဟယ် လုပ်ကြပါဦး
''ဟယ် အစ်မ
ဘယ်လိုလုပ်ကြမလဲ''
''ဘော့စ်ဘေဘီလား
''ညီမလေး ထနိုင်လား
''ဟုတ်
မြန်မြန်ပေးစမ်းပါ''
''အာ့ ကိုကို့
စပ်တယ်''
ပြ ဒီဘက်ခြေထောက်ရော''
''ထ ဆေးခန်းသွားကြမယ်''
''ဟင်
ဆေးခန်းသွားရမှာလား''
''သွားရမှာပေါ့ ဘေဘီရဲ့
''မေမေတို့က ပြောဖူးတယ်
တကယ်ကြီး ထိုးရမှာလား''
လာ ကိုကိုချီမယ် ''
ဟုတ်တော့ဟုတ်ပါတယ်
''သိတယ်လေ
ကိုကိုကလည်း''
အန္တရာယ်များတယ်ကွ''
''ဟုတ်''
ကိုကို မကြိုက်ပါဘူး''
''ဟုတ်''
စိတ်မချပါဘူး''
''ဟု.....တ်.....လို့''
ငါ့ဘေဘီကိုမှတဲ့.....အဟိ။
''ဘာဖြစ်တာလဲ အဲဒါ''
''ကိုကို့ ...နာတယ်''
ကြောက်နေတာလား
ခဏလေးပဲ သည်းခံနော်''
''အွန်း''
ဘယ်မှသွားမနေနဲ့တော့
''ဘာချက်ကျွေးမှာလဲ''
''ဘာစားချင်လဲ ဘေဘီက''
''ကြက်သားချောင်းကြော် ''
''ဟုတ်ပြီ
''တစ်ခုခုပေါ့
''ကိုကိုကဟာ''
''ကိုကိုက မဟာနဲ့
''ကိုက်လန်''
''ရေညှိဟင်းရည်''
''အိုကေ
ဈေးနားလေးရောက်တော့ ကိုကိုက သူကိုယ်တိုင်ပဲ
မိုးပ်ံပူေဖာင်းသည်ဆီကနေအကြည့်လွွဲလိုက်ေတာ့
''ဟယ် ဈေးကောင်းတယ်နော်
ပိုမရောင်းဘူး''
'' သိပါတယ် အန်တီရဲ့
''ဘယ်လောက်ယူမှာတုန်း''
''ဆယ်ကုံးယူမယ်လေ
ဈေးကိုဆစ်လိုက်တာ လွန်ရော''
''အန်တီကလည်း....
ထားပါ လေးရာ့ငါးဆယ်''
''ဟော
ဈေးဆစ်လိုက်တယ်ပေါ့လေ''
''အွန်းလေ ဈေးဆစ်မှတော်ကာကျမှာပေါ့''
''အင်း ဆစ်တာကဆစ်ပါ
ဒါပေမဲ့ ဈေးသည်ကိုကြည့်ဆစ်
မရှိလို့ရောင်းတဲ့ နွမ်းပါးတဲ့ဈေးသည်တွေဆိုရင်တော့
''ဟုတ်''
''ဟင် ဘာကြီးလဲ''
''ဂိုမားဝေါ အိုပါး
ဆာဒါးငဲ''
တကယ့် ကလေးလေး''
''ကိုကို့ကလေးလေး လေ''
''ဒါပေါ့ ဒါပေါ့
ကိုကို့ ကလေးလေး''
အားကိုးစေချင်သည်။
''ကိုကို...''
''အွန်း....''
ပြန်ခေါ်မယ်
ကိုကို''
''ဗျာ ဗျ''
''ဟီး ချစ်တာ အရမ်း
အာဘွား အာဘွား''
မြပိတောက်ကြည်သာကလေ
.
.
.
.
.
''အိပ်နေတာလား
ကျွန်မက သူ့မြေးပါ
''ဘွားထိုက်
''အိုကွယ်
''ဟုတ်ကဲ့''
ယောက်ျားဖြစ်သူသည် မြာပွေလွန်းသည်။
ယောက်ျားဖြစ်သူက အိမ်ကိုစောပြန်ရောက်နေသည်။
ချစ်ပြန်လာမှာပေါ့''
''သြော် ဆက်မတော့ဘူးလေ
''ရပါတယ် ကိုရယ်
''အင်း မသေချာဘူး''
''အင်းပါ
''ရတယ် မနက်ခင်းပဲ
''အင်း
ဒါဆို သွားပြီနော်''
သဘောကောင်းပါတယ်
အဆင်ပြေပါတယ်.....
ဟုတ်တယ်မလား.....။
.
.
.
.
.
''ကိုကိုကဟာ
အခုတော့ မရဘူး
ကဲ လာ လာ''
''ကဲ ဘေဘီ
မတတ်နိုင်.....။
နေပါဦး.....။
'' Answer Me !!!
Mya ThazinHtike တဲ့လေ....။
''မြပိတောက်ကြည်သာ
''ဘာလို့လဲ''
''အငြိမ်မနေဘူးပေါ့လေ''
''အငြိမ်နေတာပဲလေ''
လာ လာ
ငါကိုက မှားတာပါ
''ပေး ခြေထောက်
''ဟာ ငရဲကြီးလိမ့်မယ်
မလုပ်နဲ့လို့ ''
အာ့.....အာ့ ယားတယ်လို့
ဘေဘီ မနေတတ်ဘူးလို့''
ငြိမ်ငြိမ်နေမှပေါ့
''တင်ဘူး ယားတယ်လို့
ငရဲကြီးမယ်လို့ အာ့ ''
''သဘောပြောပြတာပါကွာ
လာ သွားကြမယ်''
''ဟာ သွားပြီ
ဟေ့ကောင် ဟေ့ကောင်''
''ဆောရီး ဆောရီးဆရာ
''ဘာမှမဖြစ်ပါဘူး ရတယ်
''ဟုတ်''
''ဟိုလေ ဆရာအာစိ.....
ခုနက ဘာလုပ်နေတာလဲဟင်''
''ဘယ်တုန်းကလဲ''
''သြော်
''ကိုကိုနော်
''အွန်း အွန်း
......................💙..........................
November 29, 2023