๐Ÿฉ ๐–ฝ๐–บ๐—’๐—Œ//๐Ÿข๐Ÿฆ๐Ÿข๐Ÿค

By --Alcohol--

7.9K 957 192

โ€ข๐–ฒ๐—๐–พ๐—‡๐–ณ๐–บ๐–พ๐—‹๐–บ๐–พ'๐—Œ ๐–ฎ๐–ฒ ๐–ข๐—ˆ๐—…๐—…๐–พ๐–ผ๐—๐—‚๐—ˆ๐—‡ โ€ข More

แ€™แ€ญแ€แ€บแ€†แ€€แ€บ
แ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธแ€แ€ญแ€ฏ(แ)
แ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธแ€แ€บแ€ญแ€ฏ(แ‚)
แ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธแ€แ€บแ€ญแ€ฏ(แƒ)
แ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธแ€แ€ญแ€ฏ(แ„)
แ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธแ€แ€ญแ€ฏ(แ…)
แ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธแ€แ€ญแ€ฏ(แ†)
แ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธแ€แ€ญแ€ฏ(แ‡)
แ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธแ€แ€ญแ€ฏ(แˆ)
แ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธแ€แ€ญแ€ฏ(แ‰)
แ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธแ€แ€ญแ€ฏ(แแ€)
+แ€กแ€แ€ปแ€•แ€บแ€•แ€ญแ€ฏแ€œแ€€แ€บแ€†แ€ฑแ€ฌแ€„แ€บ+

โ™ก

236 35 4
By --Alcohol--


တစ်နေ့လုံး comebackအတွက် လေ့ကျင့်ထားရတာကြောင့် Taeraeရဲ့တစ်ကိုယ်လုံး ဟာ ညောင်းညာကိုက်ခဲနေ၏။ သို့ပေမဲ့ ခန္တာကိုယ်ကသာပင်ပန်းပြီး စိတ်က မပင်ပန်းနေတာကြောင့် တက်ကြွနေပြန်တယ်။

အခန်းဖော် HanBin hyung က ရေချိုးနေ၏။ ဒါဆိုရင် Hanbin hyungက ရေချိုးပြီးရင် အိပ်တော့မယ်ဆိုတာ သေချာပေါက်။

Taeraeလဲ ဒီည စောစောအိပ်ဖို့စိတ်ကူးတယ်။ ဒါပေမဲ့ မအိပ်ခင်လေးတော့ ဂိမ်းတစ်ပွဲလောက် ဆော့ရင်တော့ ဖြစ်တယ်မလား။

ထိုအချိန်၊ အချိန်ကိုက်စွာ Taeraeနေတဲ့ အခန်းတံခါးကို တံခါးလာခေါက်သံခပ်ဖွဖွ ကြားရတယ်။

ဒီအချိန်ကြီးကို! ဘယ်မန်ဘာ ပါလိမ့်။

Taeraeက ကုတင်ပေါ်ကနေ အီလေးဆွဲကာ ထပြီး တံခါးကို သွားဖွင့်လိုက်တဲ့အခါ ဘွားကနဲပေါ်လာတဲ့ Rickyရဲ့မျက်နှာ နုနုကလေး။

သူလဲ အခုမှ မျက်နှာသစ်ပြီးတဲ့ပုံရသည်။
ထို့ကြောင့် မျက်နှာက ကြည်ကြည်လင်လင်ဖြစ်နေတာ။

"Oh...Rick..မအိပ်သေးဘူးလား"

"အွန်း..Taerae hyung ဂိမ်းတစ်ပွဲလောက် တူတူဆော့ရအောင်"

"ရတယ်လေ "

ဂိမ်းဆော့ ဖို့ ဆို တက်ကြွတဲ့နေရာ မှာ ထိပ်ဆုံးဖြစ်တဲ့သူ နှစ်ဦး ပေါင်းမိတဲ့အခါ အတော်လေးကို ဆူညံကြဦးမှာ။
ထို့ကြောင့် နှစ်ယောက်သားက အခြားမန်ဘာတွေကို အနှောင့်အယှက်မဖြစ်အောင် အချင်းချင်း ထိန်းကြရသည်။

"အခြားမန်ဘာတွေ အိပ်တော့မှာဆိုတော့ ငါတို့ အသံတိုးရအောင်"

Taeraeရဲ့သတိပေးစကားကို Rickyက အလေးပြုသလို ပုံစံလုပ်ပြတော့ Taeraeက သဘောတစ်ကျနဲ့ ပုခုံးချင်းတောင် လှမ်းတိုက်လိုက်၏။

"Rick...ဂိမ်းဆော့ရင်း ခေါက်ဆွဲဆီချက်စားမလား"

"အစပ်မစားချင်ဘူး..အချိုရှိလား"

"အဲ့ဒါဆိုပြုတ်လိုက်တော့မယ် ခဏစောင့်ဦး"

ဓာတုဗေဒကအဲ့လိုက်ညီတာ!

ငါးမိနစ်စွန်းစွန်းလောက်မှာ မီးဖိုချောင်ကနေ ဆီချက် ခေါက်ဆွဲ ဆီချက်အချိုရဲ့ အနံ့ခပ်သင်းသင်းက ထွက်လာ၏။ ထို့အတူ ခေါက်ဆွဲအပေါ်မှာ အုပ်ထားတဲ့ ပဲပင်ပေါက်ပြုတ်နှင့် ကင်မ်ချီ တို့ကိုတွဲထားတဲ့ အနံ့ကိုပါ တွဲရလိုက်တော့ ပိုတောင်ဗိုက်ဆာလာသလိုပင်။

ဧည့်ခန်းရဲ့ စားပွဲပေါ်တွင် ခေါက်ဆွဲပန်းကန်ကို ချပြီး Ricky က Taeraeရဲ့လက်ရာ ကို မြည်းဖို့ ခရင်းကို ကိုင်လိုက်သည်။ ဒါပေမဲ့ မစားခင် တစ်ခုခုကို သတိရသွားတဲ့အခါ Rickyက Taeraeရဲ့ဘက်ကို ပန်းကန်တိုးပေးတယ်။
သဘောက ကြီးသူကို ဦးချတာပါပေါ့။

Taeraeကတော့ ပါးစပ်လှုပ်ရုံမျှ 'ကိုယ့်ဟာကိုယ်သာ စားစမ်းပါ' ဟုဆိုတဲ့အခါ Rickyက ပြောင်ချော်ချော် မျက်နှာပေးလေးလုပ်ပြကာ 'ပြီးမှ ဘာလို့ အကုန်စားလိုက်တာလဲ လာမအော်နဲ့နော်' ဟု နှာမှုတ်ထုတ်တဲ့အသံနဲ့အတူ ပြောလိုက်သည်။

Taeraeကတော့ မဲ့ရွဲ့ပြီး ပေစောင်းစောင်းကြည့်လိုက်တယ်။ ထို့နောက် ဧည့်ခန်းစားပွဲပေါ်တွင် ဒီအတိုင်းရှိနေတဲ့ သရေကွင်းတစ်ပင်ကိုTaeraeအကြည့်ရောက်သွားသည်။

Rickyရဲ့ ဆံပင်တွေဟာ ရှည်လွန်းနေပြီမို့ ဂုတ်ထောက်နေပြီ။ Taeraeက ထိုသရေကွင်းကို ကောက်ကိုင်လိုက်ပြီး Rickyကို ကျောခိုင်းစေလိုက်တော့ ခေါက်ဆွဲပန်းကန်ကိုင်ကာ ခေါက်ဆွဲတွေစားနေရင်းမှ ပြူးကြောင်ကြောင်မော့ကြည့်လာမို့ Taeraeက Rickyရဲ့ နားထင်ကို အသာ တွန်းဖိလိုက်သည်။

"မင်းသားလေးကို ဆံပင်စည်းပေးမလို့ပါ"

Rickyက ဘာမှ ထပ်မပြောပဲ ရှေ့သို့ပြန်လှည့်သွား၏။

"Rick!မင်းဆံပင်တွေ တော်တော်ရှည်နေပြီပဲ"

"အွန်း ကျွန်တော်နဲ့လိုက်တယ်မလား"

"မင်းက ဘယ်ကေနဲ့ပဲဖြစ်ဖြစ်လိုက်တယ်"

Rickyရဲ့ဆံပင် Blondeအရောင်တွေကို တစ်ဝက်မျှ ချည်ပေးလိုက်ပြီးနောက် Taeraeက ချီးကျုးပြန်သည်။

"ဝါး..မင်းက တကယ်မင်းသားလေးပဲ"

Rickyကတော့ သဘောတွေကျနေပြီး Taeraeဘက်ကို လှည့်ကာ

"Taerae hyung...အခု မင်းသားလေးက လူတစ်ယောက်ကို တစ်အား အာဘွားပေးချင်နေတာတဲ့"

Rickyရဲ့ စကားကြောင့် Taeraeမှာ မျက်လုံးဟာ ကျွတ်ကျမတတ်ပြူးသွားရကာ မလုံမလဲဖြင့် နောက်ကို လှည့်ကြည့် ဟိုကိုလှည့်ကြည့် ဒီကိုလှည့်ကြည့်လိုက်ပြီး ဘယ်သူမှရှိမနေတာကို အတည်ပြုပြီးတဲ့အခါRickyရဲ့လက်မောင်းကို ခပ်နာနာရိုက်ပစ်လိုက်သည်။

"အာ့..မင်းသားလေးနာသွားပြီ"

"ကြားသွားရင်ဘယ်လိုလုပ်မလဲ"

"အကုန်အိပ်သွားပြီကို..လာလာ..ဂိမ်းဆော့ကြမယ်"

Taeraeက Rickyကို လက်ညှိုးတစ်ထိုးထိုးဖြင့် သတိထားနေဟု ခပ်ဖွဖွဆိုတော့ Rickyကဂရုမစိုက်သလို ပြုမူသည်။

တကယ် မနိုင်ပေ။

ဂိမ်းတစ်ပွဲကိုသာ ကစားရန် အစချီကြဖို့သာ အာရုံစိုက်လိုက်ကြတယ်။

ထို့နောက်တွင်တော့ ဂိမ်းတစ်ပွဲဟုသာ အစချီရာ မှ စ၍ ဂိမ်းပွဲပေါင်းများစွာဆီသို့ ဦးတည်ကြကုန်၏။ မနက်မိုးလင်းတဲ့အခါ ဧည့်ခန်းထဲမှာ ညည့်နက်တဲ့အထိ ဂိမ်းဆော့ကြလို့ ဘယ်အချိန်မှ အိပ်ပျော်သွားကြမှန်းမသိတဲ့ မန်ဘာနှစ်​ယောက်ကို ကျန်မန်ဘာများက တွေ့ကြရပေလိမ့်မည်။


-

ဟက်ပီးဟက်ပီး

Continue Reading

You'll Also Like

8.5K 1.1K 15
" แ€„แ€ซแ€™แ€„แ€บแ€ธแ€€แ€ญแ€ฏแ€€แ€ฌแ€€แ€ฝแ€šแ€บแ€•แ€ฑแ€ธแ€แ€ปแ€„แ€บแ€แ€ฌ แ€”แ€ฌแ€™แ€Šแ€บแ€€แ€ปแ€ฑแ€ฌแ€บแ€…แ€แ€ฌแ€ธ แ€€แ€„แ€บแ€™แ€บแ€‚แ€ปแ€ฎแ€กแ€ฏแ€ถแ€ธแ€กแ€”แ€ฑแ€”แ€ฒแ€ทแ€™แ€Ÿแ€ฏแ€แ€บแ€˜แ€ฒ แ€’แ€ฎแ€แ€ญแ€ฏแ€„แ€บแ€ธ แ€™แ€„แ€บแ€ธแ€›แ€ฒแ€ทแ€แ€ปแ€…แ€บแ€žแ€ฐ แ€€แ€„แ€บแ€™แ€บแ€‚แ€ปแ€ฎแ€กแ€ฏแ€ถแ€ธแ€กแ€–แ€ผแ€…แ€บแ€œแ€ฑ " " แ€Ÿแ€ปแ€ฑแ€ฌแ€„แ€บแ€ธแ€”แ€ฒแ€ทแ€›แ€พแ€ญแ€”แ€ฑแ€›แ€แ€ฒแ€ทแ€กแ€แ€ปแ€ญแ€”แ€บแ€แ€ฝแ€ฑแ€€ แ€€แ€ปแ€ฝแ€”...
3.5K 409 12
Just a simple story ...โ™ก
1.1M 19.5K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
672 86 3
แ€แ€ปแ€”แ€บแ€ธแ€€แ€œแ€ฑ แ€€แ€ญแ€ฏแ€šแ€ทแ€บแ€กแ€แ€ฝแ€€แ€บ แ€แ€…แ€บแ€™แ€ปแ€ญแ€ฏแ€ธแ€œแ€ฑแ€ธ แ€กแ€›แ€ฑแ€ธแ€•แ€ซแ€žแ€œแ€ญแ€ฏแ€•แ€ฒ -แ€™แ€ฌแ€แ€ทแ€บ(แแ‰แ‚แ‡)