ချောက်ချားဖွယ်ရာဘော့စ်ကြီးကို...

By Swae_Nyoe

98.8K 13.7K 161

ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို... More

Description
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
တယ်လီဂရုလေး ရရှိပါကြောင်း..
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
တယ်လီပေးဂရုပြီး‌ဆုံးပါကြောင်း...
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
တယ်လီဂရုနောက်တစ်ခု စဆုံးပြီးဆုံးပါကြောင်း...
BL Completed Package Promotion
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
☘️သင်္ကြန်ပရိုမိုးရှင်း
Part 88
Part 89
Part 90
Part 91
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 92
Part 93
Part 94
Part 95
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
Part 96
Part 97
🌧️ချစ်ခြင်းမေတ္တာများနှင့် မိုးရာသီပရိုမိုးရှင်း🌧️
🌧️ချစ်မေတ္တာများဖြင့် မိုးရာသီ ပရိုမိုးရှင်း 2nd Day🌧️

Part 49

976 125 0
By Swae_Nyoe

အပိုင်း (၄၉)

ကျန်းကျိရင် Item Storeမှ ကိုယ်ပျောက်အဆောင် ဆယ်ခုဝယ်ခဲ့ပြီး ချက်ချင်း အသုံးပြု၍ မုဝေါမြို့ရှိ လျှို့ဝှက်ဓာတ်ခွဲခန်းဖြစ်သော lab-E တည်ရှိရာနေရာသို့ ညနေပိုင်းတွင် သွားခဲ့သည်။

ဤသည်မှာ Item Store ရှိခြင်း၏ ကောင်းကျိုးဖြစ်သည်။ Item Store မှ ပစ္ဏည်းတော်တော်များများမှာ ဤကမ္ဘာတွင် မရှိသော ပစ္စည်းများသာ ဖြစ်လျှင်ဖြစ် ရှိလျှင်လည်း ရှားပါးလွန်းသော ပစ္စည်းများသာ ဖြစ်သည်။ ဤ Item Store ကို အသုံးချခြင်းသည် ဤကမ္ဘာ၏ စည်းမျဉ်းများကို ကျော်လွန်ဆန့်ကျင်နေသော်လည်း ဖုံးကွယ်ထားပြီး ပေါ်သွားလျှင်လည်း ပြဿနာမရှိပေ။

ကျန်းကျိရင် ကိုယ်ပျောက်အဆောင်များကို ဆက်တိုက် အသုံးပြုပြီး နှစ်ရက်တိုင်တိုင် ထိုဓာတ်ခွဲခန်းသို့ သွားခဲ့သည်။ ထိုမြေအောက်ဓာတ်ခွဲခန်းသည် သူတို့နှင့် အလွန်နီးပြီး လူလည်း သိပ်မရှိသည်ကို တွေ့ခဲ့သည်။ တဖြည်းဖြည်းနှင့် ထိုနေရာတွင် နေသူမှာ ခုနှစ်ယောက် ရှစ်ယောက်သာ ရှိတော့သည်။ သူတို့အားလုံး၏ အဆင့်များသည် သူတို့ အမှတ်ခုနှစ် စခန်းနှင့် အမှတ် သုံး စခန်းတို့ထက် များစွာ သာသည်။ သူတို့ထဲမှ အများစုသည် အဆင့် ငါး သို့မဟုတ် ခြောက်လောက်ရှိနေပြီဖြစ်သည်။

ခေါင်းဆောင်ဆိုလျှင် အဆင့်ခုနှစ်ပင် ရောက်နေပြီဖြစ်လောက်သည်။ သို့သော် စခန်း အမှတ် ခုနှစ်နှင့် အမှတ်သုံးတို့သည် လူအင်အားတွင်တော့ အားသာချက်ရှိသည်၊ သူတို့အားလုံးပေါင်း တစ်ရာကျော်သည်။

တစ်ဖက်အဖွဲ့၏ စွမ်းအား အသုံးပြုမှုသည် အလွန်ကို ပရမ်းပတာနိုင်ပြီး စနစ်မကျသော်လည်း သူတို့တွင် သူတို့၏ အိမ်ကွင်းဖြစ်သော ဓာတ်ခွဲခန်းတွင် တိုက်ခိုက်ရမည်ဖြစ်သောကြောင့် အပြတ်အသက် အားသာသည်ပြော၍ရသည်။

ကျန်းကျိရင် ပထမတစ်ခေါက် တိတ်တိတ်လေး ဆင်းသွားသော်လည်း အလွန်ကို အထိမခံသော ခန္ဓာကိုယ် အပူချိန်နှင့် ဦးနှောက်လှိုင်းများကို ဖတ်နိုင်ပြီး အချက်ပြနိုင်သည့် သတ္ထု တံခါး မည်းမည်းကြီးကို ဝေးဝေးကကြည့်ပြီး လှည့်ပြန်ခဲ့ရသည်။ ထိုတံခါးသည် မည်သည့်သက်ရှိလူကိုမဆို စကန်ဖတ်နိုင်ပြီး ကိုယ်ပျောက်အဆောင်နှင့်ပင်လျှင် မလွတ်နိုင်သေးပေ။

သူဝယ်ထားသော မှော်မျက်လုံးက အလွန်တိကျစွာ ထောက်လှမ်းနိုင်သည်ဆိုသော်လည်း ထိုအထဲတွင် ဘာရှိနေသည်ကို တိတိကျကျ မတွေ့နိုင်ခဲ့ပေ။

သိုသော်လည်း အစီစဉ်က အပြောင်းအလဲကို လိုက်မမှီနိုင်ခဲ့ပေ။

ကျန်းကျိရင်မှာ ထိုအဖွဲ့နှင့် မည်သို့ ရင်ဆိုင်ရမည်ကို သေချာ အစီအစဉ်မချရသေးခင်တွင် စခန်းအမှတ်ခုနှစ်သို့ သတင်းတို့က ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။

'စခန်းအမှတ်သုံးတွင် ထူးဆန်းသော ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်လာသည်။'

စခန်းအမှတ်သုံးမှ အဖွဲ့သားများ တာဝန်ထမ်းဆောင်နေကြချိန်တွင် အဖွဲ့သေးတစ်ဖွဲ့မှ လူလေးယောက် ပျောက်သွားခဲ့သည်။ ထို့နောက် စခန်းအမှတ်သုံးက တပ်ဖွဲ့ကြီးတစ်ဖွဲ့လွှတ်ပေး၍ ထိုလူလေးယောက်ကို ရှာခိုင်းချိန်တွင် သူတို့သည် မည်သည့် သဲလွန်စမှ မတွေ့ခဲ့ရပေ။ ထို့အပြင် ပြန်လာချိန်တွင် လူသုံးယောက် ထပ်ပျောက်သွားခဲ့သည်။

ထိုနောက်ပိုင်းတွင် စခန်းအမှတ်သုံးမှ အနည်းဆုံး ဆယ်ဖွဲ့စာလောက်ရှိမည့် လူများ စုစည်း၍ ရှာဖွေကြသော်လည်း ထိုထဲမှ လူတစ်ချို့က အကြောင်းအရင်းမသိရစွာ ပျောက်ဆုံးသွားခဲ့ပြန်သည်။ တစ်ခြားအဖွဲ့သားများက သူတို့လူ နောက်မှလိုက်လာသည်ကို မြင်သော်လည်း နောက်တစ်စက္ကန့် ပြန်ကြည့်လိုက်လျှင် မရှိတော့ပေ။

ဤသို့ ဤသို့ဖြင့် တဖြည်းဖြည်း စခန်းအမှတ်သုံးတွင် ပျောက်ဆုံးသွားသူ တစ်ဆယ့်တစ်ယောက် ရှိလာခဲ့သည်။

စခန်းအမှတ်သုံး ဒီအတိုင်း ထိုင်မနေနိုင်တော့ပေ။ သူတို့သည် အစောပိုင်းက စခန်းအမှတ် ခုနှစ်မှ ပြောခဲ့သော အဆင့်မြင့်အဆင့် သန္ဓေပြောင်းများ၏ ကျူးကျော်မှုကို သတိရသွားကြကာ စခန်းအမှတ် ခုနှစ်ကို ဤအကြောင်းပြောပြပြီး အကူအညီတောင်းရန် ဆုံးဖြတ်လိုက်ကြသည်။

"ဒီ ပျောက်ဆုံးမှုတွေ ဖြစ်လာအောင် ကျူးလွန်တဲ့ တရားခံက ဒီနားတစ်ဝိုက်မှာပဲ ပုန်းနေမယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားတယ်"

စခန်းအမှတ်သုံးမှ လူများက ဘောလ်ပင်များထုတ်၍ မုဝေါမြို့၏ မြေပုံပေါ်သို့ အဝိုင်းများ ဝိုင်းလိုက်သည်။ တစ်ဆယ့်လေးလမ်း၊ တစ်ဆယ့်ငါးလမ်းနှင့် တစ်ဆယ့်ခြောက်လမ်းများကို ဝိုင်းထားပြီး

"ပြီးတော့ ကျွန်တော်တို့ သူတို့တွေ မြေအောက်မှာ ပုန်းနေကြလိမ့်မယ်လို့ သံသယရှိတယ် အဲဒါအပြင်ကို သူတို့မှာ ကျွန်တော်တို့ စိတ်စွမ်းအားနဲ့ ထောက်လှမ်းလို့မရအောင် စိတ်စွမ်းအားပိတ်ဆို့မဲ့ ကိရိယာကောင်းကောင်းတွေ ရှိနိုင်လောက်တယ်"

ဒါတွေ အားလုံးက မှန်သည်။

မြေပုံရှေ့မှ စခန်းအမှတ်သုံးကို ကြည့်ပြီး နည်းနည်းချင်း စူးစမ်းကြည့်ပြီးနောက် ကျန်းကျိရင်၏ စိတ်ထဲတွင် အကြောင်းအရင်းမရှိဘဲ မနှစ်မြို့ဖွယ်ကောင်းသော သတိထားရမည့် အသိစိတ်တစ်ခု ထွက်လာသည်။

'ဒါကြီးက အရမ်းတိကျလွန်းနေတယ်'

'မသိရင်.... သူတို့သိနေပြီးသားကို တမင်တကာကို ဒီလိုမျိုး ထင်နေသလို ဟန်လုပ်ထားသလိုဘဲ'

သူ ထိုမြေအောက်ခန်းမှ တံခါးနက်ကို ပြန်တွေးမိသည်။ ထိုတံခါးက ဘာမှန်းသူမသိသော်လည်း သူတို့သာ မြေအောက်သို့ သွားလျှင် ထိုတံခါးကို ဖြတ်ကျော်ဖို့ ခက်လိမ့်မည်ဆိုတာကိုတော့ သိသည်။ တစ်ဖက် အိမ်ကွင်းသို့ သွားရမည်ဖြစ်ရာ စစ်ဆင်ရေးတစ်ခုလုံးက မသေမချာ ဖြစ်နေရမည်။

အကယ်၍ ဖြစ်နိုင်လျှင် သူတို့သည် ရန်သူများနှင့် မြေအောက်တွင် ထိပ်တိုက်မတွေ့အောင် ရှောင်သင့်သည်။ လူအုပ်နောက်တွင် ရပ်နေရင်း ရှန်းရှီ အရေခြုံထားသော ဘော့စ်၏ မျက်ခုံးများ မြင့်တက်နေခဲ့သည်

'သူငါ့ကို အဲဒီ...မှာ တောင်းပန်တုန်းက ကျိရင်က အရမ်းကို ချစ်စရာကောင်းပေမဲ့လည်း...'

ယင်ညန် မည်သို့လှည့်တွေးပါစေ နောက်ဆုံးတွင် ထို lab-E မှ လူများမှာ ယခုအချိန် သူ၏ ကျိရင် ရင်ဆိုင်တိုက်ခိုင်နိုင်မည့်သူများ မဟုတ်သည်ကိုတော့ ရင်နာစွာ ဝန်ခံရပေမည်။ ကျိရင်တွင် item store ရှိနေလျှင်ပင် အနိုင်ရနိင်ခြေ မရှိသလောက် နည်းသည်။ ဤကမ္ဘာတွင် အင်အားကသာ အရာရာဖြစ်ပြီး..... သူ့မိသားစု၏ ကျိရင်လေး၏ ဉာဏ်ရည်ဉာဏ်သွေးကလည်း သိပ်ပြီး မထက်မြက်ရာ...သူ့မျက်လုံးထဲတွင်တော့ အတော်လေး နိမ့်နေသည်ဆိုသော်လည်း.....သူ၏ ကျိရင်လေးက တုံးအပေမဲ့ ချစ်စရာကောင်းနေသေးသည်။....သို့သော် လက်ဖဝါးထဲ ထည့်ဖွက်ထားချင်လောက်အောင် ချစ်စရာကောင်းလေရာ သူ့မှာ ရူးရူးမိုက်မိုက် သေတွင်းထဲ ပြေးဝင်သွားပြီး ဖြစ်လာမည့် ကြောက်ရွံ့နေသော ကျိရင်လေးကို မမြင်တွေ့နိုင်သည်မို့ ဤကိစ္စကို ခွင့်မပြုနိုင်ပါ...

သူ့ကို လူသားများက ဖန်တီးခဲ့သည်ဆိုသော််ငြား သူ့အတွက်တော့ လူသားများက တကယ်ကို အားနည်းလွန်းသည်။ တစ်နေ့တွင် ကျိရင် သန်မာလာလျှင်ပင် သူ့အမြင်တွင်တော့ သန်မာအားကောင်းသည်ဆိုသည့် အဆင့်ရောက်ဦးမှာ မဟုတ်ပေ။ 60 နှင့် 100 အကြား အရည်အသွေးကွာဟချက်ရှိနိုင်သော်လည်း ၎င်းအကွာအဝေးသည် သန်းပေါင်းများစွာရှေ့တွင်တော့ ဘာမှ မဟုတ်တော့သလိုပင်။

ဘော့စ်ယင်သည် ကျိရင်ကို သိမ်းဆည်းချုပ်နှောင်ထားဖို့ အကြံထွက်လာပြီး သူတို့၏ နေ့စဉ်ဘဝကား သိပ်တော့ အဆင်ပြေ ချောမွေ့နေမှာ မဟုတ်ပေ။ အလွန်အင်မတန် အားနည်းလွန်းသော ငဝိလေး ကျိရင်ကား နေ့တိုင်း ဒီလိုမျိုး မနာခံဘဲ လျှောက်ပြေးနေပြီး လူများနှင့် အကြောင်းအရင်းမရှိ သွားသွားတွေ့နေတတ်သည်ကိုး။

ထို့နောက် သူသည် သူ့(ယင်ညန်)ထံသို့ ပြေးလာပြီး ဖက်လိမ့်မည်။ ထို့နောက်

"ဝူးဝူးဝူး ကျွန်တော့်ကို XXX က အနိုင်ကျင့်လွတ်လိုက်တယ် ဝူးဝူးဝူး" ဟူ၍ တိုင်လိမ့်မည်က တစ်ဖုံ "ဒီနေ့ ကျွန်တော် XXX" ဟူ၍ လာပြောပြလိမ့်မည်က တစ်နည်' နှင့် ကိစ္စသေးသေးလေးများကိုပင် ပျော်ရွှင်နေတတ်သည့် သူ၏ ကျိရင် အရူးလေးပါပေ။ ထိုအချိန်မျိုးတွင် သူ၏ တာဝန်မှာ ကျိရင်ကို နှစ်သိမ့်ပေးရန်နှင့် ချီးမွမ်းပေးရန် ဖြစ်သည်။

ကျိရင်ကို ဖတ်အိပ်ပြီး ကျိရင်ကို နေ့တိုင်းပျော်အောင်ထားကာ ဆန္ဒအားလုံးကို လိုတိုင်းရအောင် ဖြည့်ဆည်းပေးမည်။

သေချာပေါက် အထက်ပါ ကိစ္စများကား စိတ်ကူးထဲမှာပဲ ရှိသေးသည်။ သူ၏ ဦးနှောက်ထဲတွင်တော့ ထိုအခြေအနေရောက်အောင် မည်သို့ ပလန်ချရမည်ကို အပြင်းအထန် တွေးနေခဲ့သည်။

သူ၏ ကျိရင်ကိုသာ အကြွင်းမဲ့ ကူညီမည်။ သို့သော် ထောင်ချောက်ဖြစ်နေသည်ကို သိသိကြီးနှင့် လုံးဝ မတားခဲ့ပေ။ စကားမစပ် ရှန်းရှီ ဒီကိစ္စကို အခွင့်အရေးယူ၍ သေသင့်သည်။

အနာဂတ်တွင် ကျိရင်ကို နည်းနည်းမှမတွေဝေဖဲ ဖမ်းဆုပ်ထားနိုင်မည်....

လျိုကျူက သူ့ကို ထိလိုက်ပြီး

"လက်ထောက်မန်နေဂျာ ဘာတွေ တွေးနေတာလဲ"

ယင်ညန်က တည်တံ့စွာ ဖြေသည်။

"စခန်းအမှတ်သုံးက ပျောက်ဆုံးသွားတဲ့သူတွေကို ဘယ်လိုကယ်ရမလဲ တွေးနေတာ"

လက်ထောက်မန်နေဂျာက သူ့ကို အသိအမှတ်ပြုစွာ ကြည့်လိုက်၏?

လျှိုကျူ "......."

'တကယ့်ကို အရေထူလိုက်တာ ကပ္ပတိန်ကျန်းအကြောင်း တွေးနေတာ မသိတာကျလို့ ကပ္ပတိန်ကျန်း ကို ကြည့်နေတဲ့အချိန်ဆို ငါတို့ ကပ္ပတိန်က တည်တည်ငြိမ်ငြိမ်ရှိသလောက် ဒီအေးစက်တဲ့ လက်ထောက်မန်နေဂျာရဲ့ မျက်နှာကြီးက ပန်းတွေ ပွင့်နေသလိုပဲကို'

'ဪ ဒါကြောင့် မျက်နှာက အရေးကြီးတာကိုး'

ယင်ညန်သာ သူ၏ ဒေါက်တာဝိုင်မျက်နှာကိုသာယူသုံးခဲ့ပါလျှင် သူဘာလုပ်လုပ် ဘာပဲ တွေးနေနေ ထူးဆန်းနေမှာ မဟုတ်ပေ။ ထိုမျက်နှာသည် နဂိုကတည်းက အေးစက်စက် မျက်နှာပေးဖြစ်သောကြောင့် မျက်နှာကိုက လုံးဝ အေးစက် တည်ငြိမ်ပြီး မြင့်မြတ်ကာ အနားကပ်မခံသော စည်းတစ်မျိုးရှိသလိုပင်။

ကတ်ကစားခြင်းကဲ့သို့ လူများနှင့် ရောနှောနေရသည့် ကိစ္စများတွင် ရှန်းရှီသည် သူ့ကိုယ်သူ သူများအမြင်တွင် ထူးဆန်းမနေအောင် ထိန်းသိမ်းတတ်ခဲ့သည်။

တစ်ဖက်က သူတို့ လုပ်နိုင်သည်ဟု တွေးသည်ထက်ပင် ပို၍ လျှင်မြန်စွာ လှုပ်ရှားခဲ့သည်။ စခန်းအမှတ်သုံးမှ လူနှစ်ယောက် ထပ်ပျောက်သွားသည်ဟု သတင်းရောက်လာသည်။

စခန်းအမှတ်သုံးမှ စွမ်းအားရှင်များသည် ယနေ့ တာဝန်ကျချိန်တွင် ဆယ့်လေးလမ်းမှ စက်မှု အဆောက်အဦးတစ်ခု၏ အောက်တွင် ထူးဆန်းသည့်အရာတစ်ခုကို တွေ့ခဲ့ကြသည်။ ကြည့်ရသည်မှာ ထိုနေရာကို နေ့စဉ်နေ့တိုင်း လူအဝင်အထွက် ရှိနေပုံမျိုးဟု ထင်ရသည်။

၎င်းက ထောင်ချောက်တစ်ခုသာ ဖြစ်ကြောင်း သေချာသည်။

ကျန်းကျိရင်သာမက အခြေအနေအကြောင်း နကန်းတစ်လုံးမှ မသိသေးသော လက်ထောက်မန်နေဂျာပင် မျက်မှောင်ကြုတ်သွားသည်။

"တစ်ခုခုတော့ မှားနေပြီထင်တယ်နော်"

လက်ထောက်မန်နေဂျာက သတိပေးသည်။

စခန်းအမှတ်သုံးက တိတ်ဆိတ်နေသည်။ သူတို့သည် လွန်ခဲ့သော သုံးနာရီခန့်က စခန်းအမှတ်သုံး အမည်တပ်၍ ရောက်လာသော စာတစ်စောင်ကို ကြည့်နေကြသည်။

အထွေထွေ မန်နေဂျာကလည်း ကြည့်နေပြီး သူ၏ မျက်နှာက တဖြည်းဖြည်းနှင့် ဖြူဖျော့လာသည်။

"အသုံးမဝင်ဘူး"

စခန်းအမှတ်သုံးမှ လူငယ်များက ခါးသီးစွာဖြင့် ပြောကြသည်။

"သူတို့ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေကို ဖမ်းထားကြတယ် ကျွန်တော်တို့ သူတို့ကို သန္ဓေပြောင်းတွေဖြစ်အောင် မလုပ်လိုက်ခင် ကယ်ရမှာ..... ကျွန်တော်တို့ သူတို့ကို ဂရုမစိုက်ဘူးဆိုရင်တောင် ကျွန်တော်တို့ ဒီကနေ မထွက်ခွာလို့ကတော့ နောက်ထပ် သန္ဓေပြောင်းကောင် အသစ်တွေ ပေါ်လာတာနဲ့ ကျွန်တော်တို့ သေကြမှာပဲ"

လမ်းနံပါတ် ဆယ့်လေးမှ မူမှန်မှုများကို သတိထားမိခဲ့သော စခန်းအမှတ်သုံးသည် ရှာဖွေလေ့လာမှုများလုပ်ပြီးနောက် ထိုနေရာသို့ဝင်ရန် အသေခံတပ်ဖွဲ့တစ်ခု ဖွဲ့စည်းခဲ့သည်။ သူတို့ထဲက မည်သူကမှ ထွက်မလာနိုင်ခဲ့ပေ။ သို့သော် သူတို့၏ ပျောက်ဆုံးသွားသော အဖွဲ့သားများ၏ သတင်းနှင့် မြေအောက်တွင် သန္ဓေပြောင်းများ တီထွင်စမ်းသပ်နေသည့် ဓာတ်ခွဲခန်းတစ်ခု ရှိကြောင်းတော့ သတင်းပြန်ပို့နိုင်ခဲ့သည်။ သို့သော် ကြည့်ရသည်မှာ ထိုသတင်းသည် သူတို့ကို မျှားခေါ်ရန် တမင်သက်သက် တစ်ဖက်မှ ပို့လာသော သတင်းဖြစ်နိုင်သည်။

စခန်းအမှတ် ခုနှစ် အစည်းအဝေးခန်းထဲမှ လေထုက တင်းမာလာသည်။

ကျန်းကျိရင် ခေါငး်ငုံ့ထားသည်။ ဂိမ်းထဲမှ ဝမ်းနည်းဖွယ်ရာ အဆုံးသတ်ကို မျှော်မှန်းထားပြီး ဖြစ်သော်လည်း ဤအချိန်ကား တော်တော် နောက်ကျနေပြီး သူတို့တွင် လုံလောက်သော သတင်းအချက်အလက်များ မရှိပေ။ ရလာဒ်ကတော့ တစ်ခြားဘက်မှ သူတို့ကို ဤအခြေအနေအထိ ဆွဲခေါ်လာခဲ့ပြီဖြစ်ပြီး သူတို့တွင် ဤနေရာမှ ထွက်ခွာရန်ကလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

သို့သော် ဤနေရာတွင် သံသယရှိစရာ တစ်ခုခုတော့ ရှိနေသေးသည်။ ဆက်သွယ်ရေးစနစ်များက ဆိုးဆိုးရွားရွား ပျက်စီးသွားပြီ ဆိုသော်ငြား အဓိက အခြေစိုက်စခန်းကြီးများနှင့် ရှေ့တန်းလက်ခွဲစခန်းများ အမျိုးမျိုးသော ရှေ့တန်းတပ်စခန်းများကြားတွင် မဟာမိတ်များအချင်းချင်း ဆက်သွယ်နိုင်ရန် ဆက်သွယ်ရေးနည်းလမ်းများကို ဦးစားပေး အကောင်အထည်ဖော်ခဲ့သည်။ သို့သော် ဂိမ်းထဲတွင် မဟာမိတ်တပ်ပေါင်းစုက စခန်းအမှတ် ခုနှစ်နှင့် အမှတ်သုံးတို့ ဖြိုခွင်းခံလိုက်ရသည့် သတင်း တစ်ခုမှ မရသလိုပင်။

ဤနေရာတွင် ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းမှ မသိနိုင်သော အကြောင်းအရာများ ဖြစ်လာသည်။

"မဟာမိတ်တပ်ဖွဲ့ကို ငါတို့ ထွက်ခွာလာပြီလို့ သတင်းပို့လိုက်"

ကိစ္စများကို လေးလေးနက်နက် စဉ်းစားပြီးနောက် အထွေထွေမန်နေဂျာသည် ချက်ချင်း တစ်ချက်လွတ်အမိန့်ထုတ်ခဲ့သည်။ သတင်းများအရ သန္ဓေပြောင်းကောင် အသစ်များသည် သူတို့ ရင်ဆိုင်နိုင်သော အရာများမဟုတ်ပါချေ။ ထို့အပြင် ရန်သူက အမှောင်ထဲတွင် ရှိနေပြီး သူတို့က အလင်းထဲတွင် ရှိနေကာ တစ်ဖက် မှ အင်အားကလည်း ဆန်းကြယ်သည်ဆိုသည်ကလွဲ၍ ဘာမှ မသိရပေ။

သူတို့က တစ်နည်းနည်းနှင့် အနိုင်ခဲ့ရလျှင်ပင် သူတို့ဘက်မှ ဆုံးရှုံးမှုများကလည်း ကြီးမားလိမ့်မည်၊ အဆုံးတွင် အရေးအပါဆုံးအရင်းအမြစ်များမှာ လူသားအဖွဲ့အစည်းတိုးတက်ခိုင်မာလာရေး လုပ်ငန်းစဉ်တွင် ပါဝင်လိုစ်ိတ်ရှိသော လူများသာဖြစ်ပြီး ဤသို့သော ဆုံးရှုံးမှုမျိုးကိုတော့ မစွန့်စားရဲကြပေ။

လတ်တလောတွင် သူတို့အတွက် အကောင်းဆုံးနည်းလမ်းမှာ စခန်းအမှတ်ငါး နှင့် အမှတ်ခြောက်သို့ သွားရောက် ခိုလှုံကြရဣ်ဖြစ်ပြီး အထက်မှ ညွှန်ကြားချက်ကိုစောင့်၍ အထောက်အပံ့များကို စောင့်ရန်သာဖြစ်သည်။

နောက်ထပ် စခန်းတာဝန်ခံတစ်ယောက်ဖြစ်သော လက်ထောက်မန်နေဂျာချင်က မဟာမိတ်တပ်ပေါင်းစုဆီသို့ အလျင်အမြန် ဆက်သွယ်သည်။

"မရဘူး ကျွန်တော် သူတို့ကို ဆက်သွယ်လို့မရဘူး ...... ကျွန်တော်တို့ ဆက်သွယ်ရေးလှိုင်းတွေ အကုန်ဖြတ်ခံထားရတယ်.... ကျွန်တော်တို့ ဆက်သွယ်ရေး စက်ဝန်းအကာအဝေး ကန့်သတ်ထားခံရတယ် ထင်တယ် လောလောဆယ် အနီးဆုံးက စခန်းအမှတ်သုံးကိုပဲ ဆက်သွယ်လို့ရမယ်"

'သတင်းစာ'

သူမေ့သွားမိသည်။ ခေတ်မှီလူ့အဖွဲ့အစည်းတွင် နေထိုင်တာ ကြာမြင့်လာသည်နှင့်အမျှ ဟိုအရင်အချိန်များက ကမ္ဘာကြီးတွင် ဆက်သွယ်ရေး မည်မျှ မကောင်းခဲ့ အဆင်မပြေခဲ့ကြောင်း မေ့သွားမိသည်။

ကျန်းကျိရင် နာကျည်းစွာဖြင့် လက်သီးဆုပ်ထားမိသည်။

သို့သော် အခြေအနေက ဂိမ်းထဲကနှင့် လုံးဝ ကွာခြားနေသည်။ သူတို့တွင် တစ်ခြားသော စခန်းများဆီသို့ တိမ်းရှောင်ရန် အချိန်အလုံအလောက် ရှိနေခဲ့ပြီး ဤနေရာတွင် မဟာမိတ်အကြီးအကဲများကို ဆက်သွယ်နိုင်သည် မဆက်သွယ်နိုင်သည်က အရေးမပါတော့ပေ။

ယွီဟောက်၏ တပ်ဖွဲ့များ ဝင်ရောက်စွက်ဖက်လာမှုများကြောင့် ပုံမှန်ထက်ပိုစော၍ ရှာဖွေတွေ့ရှိခံလိုက်ရပြီး ကျန်းကျိရင်နှင့် ရှန်းရှီတို့၏ သန္ဓေပြောင်းကောင်များကို နှိမ်နှင်းလိုက်ခြင်းများကြောင့် ဓာတ်ခွဲခန်းအီးက စိတ်မရှိတော့ပေ၊ ဂိမ်းထဲမှကဲ့သို့ အဖွဲ့နှစ်ခုကို လုံးဝ ပျောက်သွားအောင် လုပ်နိုင်ဖို့ မလွယ်တော့ပုံရသည်။

သူတို့သာ ရိုးရိုးရှင်းရှင်း ထွက်ခွာသွားသ၍ တစ်ဖက်နှင့်တစ်ဖက် တိုက်လိုက်ခိုက်လိုက်မဖြစ်နိုင်တော့ပေ။ စခန်းအမှတ်သုံးမှ ပျောက်ဆုံးသွားသော လူများ ပြန်ရောက်မလာနိုင်တော့သော်လည်း အနည်းဆုံးတော့ စစ်တပ်တစ်ခုလုံး ပျက်စီးပျောက်ကွယ်သွားတော့မှာ မဟုတ်ပေ။

စခန်းအမှတ်သုံးဘက်မှလည်း သူတို့ဆုံးဖြတ်ချက်နှင့် အခြေအနေကလည်း သူတို့(အမှတ်ခုနှစ်) နှင့် အတူတူပါပဲဟူ၍ သတင်းပြန်ပို့လာသည်။

"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ အစီအစဉ်မချခင် စခန်းအမှတ်ခြောက်ကို အရင်ဆုံး ထွက်ခွာကြမယ်"

ရှေ့တန်းတပ်ဖွဲ့များ၏ အဓိက ကျွမ်းကျင် ထူးခြားချက်မှာ မြန်မြန်ဆန်ဆန် ရွှေ့ပြောင်းနိုင်စွမ်းဖြစ်ပြီး သူတို့အားလုံး နာရီဝက်အတွင်း ထွက်ခွာရန် အဆင်သင့်ဖြစ်သွားကြသည်။

စခန်းအမှတ်ခုနှစ်မှ လူတိုင်းသည် တပ်မှူး၏ ညွှန်ကြားချက်အတိုင်း ထွက်ခွာရန် မြန်မြန်လုပ်နေကြသော်လည်း စခန်းအမှတ်သုံးမှ ရောက်လာသော လူနှစ်ယောက်ကတော့ ရပ်နေပြီး သူတို့အချင်းချင်း ကြည့်နေကြသည်။ သူတို့သည် အထုတ်အပိုးပြင်ရန် အစည်းအဝေးခန်းမှ ထွက်ဖို့လုပ်နေသူများကို တားရန် ဆူညံစွာ လှုပ်ရှားမိကြသည်။

"စိတ်မကောင်းပါဘူးဗျာ ဒီလိုမျိုးပြောရတာ အရမ်းကို တစ်ကိုယ်ကောင်းဆန်သလို ဖြစ်နေတယ်ဆိုတာသိပါတယ် ပြီးတော့ ငါတို့ ဒီလိုမျိုး မတောင်းဆိုသင့်ဘူးဆိုတာလည်း သိပါတယ်.....ဒါပေမဲ့ ကျွန်တော်တို့ ပြန်သွားပြီး တစ်ခေါက်လောက်တော့ သွားကြည့်ကြရအောင်ပါဗျာ စခန်းအမှတ်သုံးရဲ့ အင်အားစုကလည်း ပျက်စီးသွားပြီး ကျွန်တော်တို့နဲ့ လိုက်ပြီး အကူအညီပေးချင်တဲ့ မိတ်ဆွေတို့များ ရှိကြလားဗျာ"

သူတို့သည် စခန်းအမှတ်ခုနှစ်မှ လူများကို သောကရောက်နေသော မျက်ဝန်းများဖြင့် ကြည့်၍ တောင်းဆိုကြသည်။

အထွေထွေ မန်နေဂျာ မျက်မှောင်ကြုတ်သွားသည်။

"မင်းတို့လည်း ခေါင်းဆောင်တွေပဲဆိုတော့ ဒီအခြေအနေမှာ ထွက်ခွာသွားတာက အကောင်းဆုံး ရွေးချယ်မှုပဲ ဆိုတာ သိကြမှာပါ"

စခန်းအမှတ်သုံးက ဘာမှ ပြန်မပြောလာပဲ ခေါင်းယမ်းပြလာသည်။ သူတို့သည် ရုတ်တရက် ဒူးထောက်၍ ဆို့နင့်သော အသံဖြင့်

"ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေကို ကယ်ပေးကြပါဗျာ သူတို့သာ အသက်ရှင်နေသေးတယ်ဆိုရင် ကျွန်တော်တို့ ညီနောင်တွေ အားလုံးရဲ့ ဘဝက ခင်များတို့အပိုင်ပါပဲဗျာ"

စခန်းအမှတ်သုံး၏ အခြေအနေသည် အတော်လေး ထူးခြားသည်။ ဥပမာဆိုလျှင် စခန်းအမှတ် ခုနှစ် ဆိုလျှင် စခန်းပေါင်းများစွာမှ စေလွတ်လာသော အဖွဲ့များကို ပေါင်းစည်းထားခြင်းဖြစ်ကာ သူတို့ကြားတွင် အလွန်နက်ရှိုင်းသည့် သံယောဇဉ်မျိုးမရှိကြပေ။

သို့သော် စခန်းအမှတ်သုံးမှ သုံးပုံနှစ်ပုံခန့်မှာ မုဝေါမြို့၏ အနီးနားမှ ရွာလေးတစ်ရွာမှ လာသော လူများဖြစ်ကြသည်။ ထိုရွာမှ စွမ်းအားရှင်အများစုမှာ တော်တော်လေး ဆက်ဆံရေးကောင်းကြသည်။ ကမ္ဘာပျက်ကပ်တွင်ပင်လျှင် သူတို့ကြားမှ ဆက်ဆံရေးနှင့်ချည်နှောင်ထားသော သံယောဇဉ်တို့က ခိုင်မာနေဆဲဖြစ်သည်။

မဟာမိတ်တပ်ပေါင်းစုကို ဝင်ရောက်ပူးပေါင်းလာပြီးနော်က သူတို့သည် အနီးနားမှ မုဝေါမြို့တွင် ရှင်းလင်းရေးလုပ်ရမည့် မစ်ရှင်တွင် အကျိုးအမြတ် မမျှော်ကိုးပဲ လိုက်လာခြင်းဖြစ်သည်။

သို့သော် စခန်းအမှတ်သုံးမှ လူနှစ်ယောက်က ပျောက်သွားသော ဆယ်ယောက် သွားကယ်လျှင် ပြန်လာနိုင်မည်ဟုလည်း ယုံကြည်ထားသည်။ မည်သည့် သာမန်လူကမှ သူတို့ကို ကူညီမှာမဟုတ်ပေ။ ထို့အပြ်င သူတို့သည် တစ်ခြားသူများကိုလည်း လိုက်သွားပေးရန် တောင်းဆိုပေးကြမှာလည်း မဟုတ်ပေ။

သူတို့၏ အရှုပ်အထွေးထဲသို့ တစ်ခြားသူများကို ဆွဲမထည့်သင့်ကြောင်း သူတို့သိသည်။ သို့သော် သူတို့သည် အခွင့်အရေးတစ်ခု ရလိုရငြား ဟူသည့် အတွေးဖြင့် အတင်းတောင်းဆိုမိကြသည်။

အစည်းအဝေးခန်းက အခိုက်အတန့်လောက် တိတ်ဆိတ်သွားသည်။

အမျိုးသားတစ်ယောက်က ရုတ်တရက် ပြောလာသည်။

"ကျုပ် ခင်များတို့နဲ့ လိုက်မယ်"

၎င်းက ရှန်းရှီ တည်း။

ထိုစဉ် အော်သံများထွက်လာသည်။

"လက်ထောက် မန်နေဂျာ"

အထွေထွေ မန်နေဂျာက လုံးဝ တွန့်ဆုတ်မနေဘဲ ခက်ထန်စွာ ပြောလာသည်။

"ရှန်းရှီ မင်း နေရမဘ် ပြီးတော့ မင်းလက်အောက်က လူတွေအားလုံးက မင်းကို လိုသေးတယ်"

သို့သော် အနှီလက်ပေါက်ကပ်လှသော လက်ထောက်မန်နေဂျာက သူ့ကို တကယ်ကြီး လစ်လျူရှုလိုက်လေသည်။

ထို့နောက် အားလုံးသည် ကျန်းကျိရင်ကို ကြည့်လိုက်ကြသည်။

သူတို့၏ စိတ်ထဲတွင် လက်ထောက် မန်နေဂျာကို မသွားရန် တားနိုင်မည့် တစ်စုံတစ်ယောက်သည် သူသာ ဖြစ်သည်။

ကျန်းကျိရင်မှာ သူ့တွင် သေချာပေါက် ဒဏ္ဍာရီလာ ရွှေလက်ချောင်းကြီး ရှိသော်လည်း စခန်းအမှတ်သုံးနှင့် အမှတ်ခုနှစ်မှ လူများကို မကယ်နိုင်ဖြစ်နေဆဲဖြစ်သည်ကို စိတ်ပျက်မိနေသည့်အထဲ နှစ်မြုပ်နေခဲ့သည်။ ရုတ်တရက် လူတိုင်းက သူ့ကို ကြည့်နေသည်ကို တွေ့လိုက်သည်။

ကြည့်ရသည်မှာ အခုလေးတင် စခန်းအမှတ်သုံးက အထောက်အပံ့ တောင်းခဲ့ပုံရပြီး ...

'ရှန်းရှိက သူတို့နဲ့ လိုက်သွားမလို့လား'

'ဘာလို့ လူတိုင်းက ငါ့ကို ကြည့်နေရတာလဲ'

ထိုအကြည့်များ၏ ဖိအားအောက်တွင် အကျိုးအကြောင်းကို မဆင်ခြင်မသေးသော ကျန်းကျိရင်က မြန်မြန်ဝင်ပြောလိုက်သည်။

"ကျွန်တော် သူနဲ့လိုက်သွားမယ်"

သူမျက်နှာက တည်ငြိမ်ပြီး လေးနက်နေသည်။

သူ့တွင် ပျံသန်းအဆောင်ကဲ့သို့သော အထူးစပယ်ရှယ် item များရှိပြီး သေချာပေါက် ထွက်ပြေးနိုင်မည့် အခွင့်အရေးရှိသည်ကို ယုံသည်။ ထို့အပြင် သူသေသွားလျှင်ပင် တကယ်သေသွားမှာ မဟုတ်ပေ။ သူသာ အထောက်အပံ့အဖြစ် လိုက်သွားမည်ဆိုလျှင် ကျန်းကျိရင် သူသည်သာ အသင့်တော်ဆုံး တပ်ကူဖြစ်သည်ဟု တွေးမိသည်။

လက်ထောက်မန်နေဂျာရှန်းကို မသွားရန် ဖြောင်းဖျ မည်ဟု မျှော်လင့်ထားကြသော လူတိုင်း : "..."

*ကပ္ပတိန် ရေ မဟုတ်သေးဘူးလေ*

*သေခြင်းရှင်ခြင်းဆိုတာ ဒီအတိုင်းလေး အပျော်သွားဆော့သင့်တာ မဟုတ်နေဘူးနော်*

............................................................

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

Zawgyi

အပိုင္း (၄၉)

က်န္းက်ိရင္ Item Storeမွ ကိုယ္ေပ်ာက္အေဆာင္ ဆယ္ခုဝယ္ခဲ့ၿပီး ခ်က္ခ်င္း အသုံးျပဳ၍ မုေဝါၿမိဳ႕ရွိ လွ်ိဳ႕ဝွက္ဓာတ္ခြဲခန္းျဖစ္ေသာ lab-E တည္ရွိရာေနရာသို႔ ညေနပိုင္းတြင္ သြားခဲ့သည္။

ဤသည္မွာ Item Store ရွိျခင္း၏ ေကာင္းက်ိဳးျဖစ္သည္။ Item Store မွ ပစၰည္းေတာ္ေတာ္မ်ားမ်ားမွာ ဤကမာၻတြင္ မရွိေသာ ပစၥည္းမ်ားသာ ျဖစ္လွ်င္ျဖစ္ ရွိလွ်င္လည္း ရွားပါးလြန္းေသာ ပစၥည္းမ်ားသာ ျဖစ္သည္။ ဤ Item Store ကို အသုံးခ်ျခင္းသည္ ဤကမာၻ၏ စည္းမ်ဥ္းမ်ားကို ေက်ာ္လြန္ဆန႔္က်င္ေနေသာ္လည္း ဖုံးကြယ္ထားၿပီး ေပၚသြားလွ်င္လည္း ျပႆနာမရွိေပ။

က်န္းက်ိရင္ ကိုယ္ေပ်ာက္အေဆာင္မ်ားကို ဆက္တိုက္ အသုံးျပဳၿပီး ႏွစ္ရက္တိုင္တိုင္ ထိုဓာတ္ခြဲခန္းသို႔ သြားခဲ့သည္။ ထိုေျမေအာက္ဓာတ္ခြဲခန္းသည္ သူတို႔ႏွင့္ အလြန္နီးၿပီး လူလည္း သိပ္မရွိသည္ကို ေတြ႕ခဲ့သည္။ တျဖည္းျဖည္းႏွင့္ ထိုေနရာတြင္ ေနသူမွာ ခုႏွစ္ေယာက္ ရွစ္ေယာက္သာ ရွိေတာ့သည္။ သူတို႔အားလုံး၏ အဆင့္မ်ားသည္ သူတို႔ အမွတ္ခုႏွစ္ စခန္းႏွင့္ အမွတ္ သုံး စခန္းတို႔ထက္ မ်ားစြာ သာသည္။ သူတို႔ထဲမွ အမ်ားစုသည္ အဆင့္ ငါး သို႔မဟုတ္ ေျခာက္ေလာက္ရွိေနၿပီျဖစ္သည္။

ေခါင္းေဆာင္ဆိုလွ်င္ အဆင့္အပိုင္း (၄၉)

ေခါင္းေဆာင္ဆိုလွ်င္ အဆင့္ခုႏွစ္ပင္ ေရာက္ေနၿပီျဖစ္ေလာက္သည္။ သို႔ေသာ္ စခန္း အမွတ္ ခုႏွစ္ႏွင့္ အမွတ္သုံးတို႔သည္ လူအင္အားတြင္ေတာ့ အားသာခ်က္ရွိသည္၊ သူတို႔အားလုံးေပါင္း တစ္ရာေက်ာ္သည္။

တစ္ဖက္အဖြဲ႕၏ စြမ္းအား အသုံးျပဳမႈသည္ အလြန္ကို ပရမ္းပတာႏိုင္ၿပီး စနစ္မက်ေသာ္လည္း သူတို႔တြင္ သူတို႔၏ အိမ္ကြင္းျဖစ္ေသာ ဓာတ္ခြဲခန္းတြင္ တိုက္ခိုက္ရမည္ျဖစ္ေသာေၾကာင့္ အျပတ္အသက္ အားသာသည္ေျပာ၍ရသည္။

က်န္းက်ိရင္ ပထမတစ္ေခါက္ တိတ္တိတ္ေလး ဆင္းသြားေသာ္လည္း အလြန္ကို အထိမခံေသာ ခႏၶာကိုယ္ အပူခ်ိန္ႏွင့္ ဦးေႏွာက္လႈိင္းမ်ားကို ဖတ္ႏိုင္ၿပီး အခ်က္ျပႏိုင္သည့္ သတၳဳ တံခါး မည္းမည္းႀကီးကို ေဝးေဝးကၾကည့္ၿပီး လွည့္ျပန္ခဲ့ရသည္။ ထိုတံခါးသည္ မည္သည့္သက္ရွိလူကိုမဆို စကန္ဖတ္ႏိုင္ၿပီး ကိုယ္ေပ်ာက္အေဆာင္ႏွင့္ပင္လွ်င္ မလြတ္ႏိုင္ေသးေပ။

သူဝယ္ထားေသာ ေမွာ္မ်က္လုံးက အလြန္တိက်စြာ ေထာက္လွမ္းႏိုင္သည္ဆိုေသာ္လည္း ထိုအထဲတြင္ ဘာရွိေနသည္ကို တိတိက်က် မေတြ႕ႏိုင္ခဲ့ေပ။

သိုေသာ္လည္း အစီစဥ္က အေျပာင္းအလဲကို လိုက္မမွီႏိုင္ခဲ့ေပ။

က်န္းက်ိရင္မွာ ထိုအဖြဲ႕ႏွင့္ မည္သို႔ ရင္ဆိုင္ရမည္ကို ေသခ်ာ အစီအစဥ္မခ်ရေသးခင္တြင္ စခန္းအမွတ္ခုႏွစ္သို႔ သတင္းတို႔က ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ေရာက္လာခဲ့သည္။

'စခန္းအမွတ္သုံးတြင္ ထူးဆန္းေသာ ေပ်ာက္ဆုံးမႈမ်ား ဆက္တိုက္ျဖစ္လာသည္။'

စခန္းအမွတ္သုံးမွ အဖြဲ႕သားမ်ား တာဝန္ထမ္းေဆာင္ေနၾကခ်ိန္တြင္ အဖြဲ႕ေသးတစ္ဖြဲ႕မွ လူေလးေယာက္ ေပ်ာက္သြားခဲ့သည္။ ထို႔ေနာက္ စခန္းအမွတ္သုံးက တပ္ဖြဲ႕ႀကီးတစ္ဖြဲ႕လႊတ္ေပး၍ ထိုလူေလးေယာက္ကို ရွာခိုင္းခ်ိန္တြင္ သူတို႔သည္ မည္သည့္ သဲလြန္စမွ မေတြ႕ခဲ့ရေပ။ ထို႔အျပင္ ျပန္လာခ်ိန္တြင္ လူသုံးေယာက္ ထပ္ေပ်ာက္သြားခဲ့သည္။

ထိုေနာက္ပိုင္းတြင္ စခန္းအမွတ္သုံးမွ အနည္းဆုံး ဆယ္ဖြဲ႕စာေလာက္ရွိမည့္ လူမ်ား စုစည္း၍ ရွာေဖြၾကေသာ္လည္း ထိုထဲမွ လူတစ္ခ်ိဳ႕က အေၾကာင္းအရင္းမသိရစြာ ေပ်ာက္ဆုံးသြားခဲ့ျပန္သည္။ တစ္ျခားအဖြဲ႕သားမ်ားက သူတို႔လူ ေနာက္မွလိုက္လာသည္ကို ျမင္ေသာ္လည္း ေနာက္တစ္စကၠန႔္ ျပန္ၾကည့္လိုက္လွ်င္ မရွိေတာ့ေပ။

ဤသို႔ ဤသို႔ျဖင့္ တျဖည္းျဖည္း စခန္းအမွတ္သုံးတြင္ ေပ်ာက္ဆုံးသြားသူ တစ္ဆယ့္တစ္ေယာက္ ရွိလာခဲ့သည္။

စခန္းအမွတ္သုံး ဒီအတိုင္း ထိုင္မေနႏိုင္ေတာ့ေပ။ သူတို႔သည္ အေစာပိုင္းက စခန္းအမွတ္ ခုႏွစ္မွ ေျပာခဲ့ေသာ အဆင့္ျမင့္အဆင့္ သေႏၶေျပာင္းမ်ား၏ က်ဴးေက်ာ္မႈကို သတိရသြားၾကကာ စခန္းအမွတ္ ခုႏွစ္ကို ဤအေၾကာင္းေျပာျပၿပီး အကူအညီေတာင္းရန္ ဆုံးျဖတ္လိုက္ၾကသည္။

"ဒီ ေပ်ာက္ဆုံးမႈေတြ ျဖစ္လာေအာင္ က်ဴးလြန္တဲ့ တရားခံက ဒီနားတစ္ဝိုက္မွာပဲ ပုန္းေနမယ္လို႔ ကြၽန္ေတာ္တို႔ ခန႔္မွန္းထားတယ္"

စခန္းအမွတ္သုံးမွ လူမ်ားက ေဘာလ္ပင္မ်ားထုတ္၍ မုေဝါၿမိဳ႕၏ ေျမပုံေပၚသို႔ အဝိုင္းမ်ား ဝိုင္းလိုက္သည္။ တစ္ဆယ့္ေလးလမ္း၊ တစ္ဆယ့္ငါးလမ္းႏွင့္ တစ္ဆယ့္ေျခာက္လမ္းမ်ားကို ဝိုင္းထားၿပီး

"ၿပီးေတာ့ ကြၽန္ေတာ္တို႔ သူတို႔ေတြ ေျမေအာက္မွာ ပုန္းေနၾကလိမ့္မယ္လို႔ သံသယရွိတယ္ အဲဒါအျပင္ကို သူတို႔မွာ ကြၽန္ေတာ္တို႔ စိတ္စြမ္းအားနဲ႔ ေထာက္လွမ္းလို႔မရေအာင္ စိတ္စြမ္းအားပိတ္ဆို႔မဲ့ ကိရိယာေကာင္းေကာင္းေတြ ရွိႏိုင္ေလာက္တယ္"

ဒါေတြ အားလုံးက မွန္သည္။

ေျမပုံေရွ႕မွ စခန္းအမွတ္သုံးကို ၾကည့္ၿပီး နည္းနည္းခ်င္း စူးစမ္းၾကည့္ၿပီးေနာက္ က်န္းက်ိရင္၏ စိတ္ထဲတြင္ အေၾကာင္းအရင္းမရွိဘဲ မႏွစ္ၿမိဳ႕ဖြယ္ေကာင္းေသာ သတိထားရမည့္ အသိစိတ္တစ္ခု ထြက္လာသည္။

'ဒါႀကီးက အရမ္းတိက်လြန္းေနတယ္'

'မသိရင္.... သူတို႔သိေနၿပီးသားကို တမင္တကာကို ဒီလိုမ်ိဳး ထင္ေနသလို ဟန္လုပ္ထားသလိုဘဲ'

သူ ထိုေျမေအာက္ခန္းမွ တံခါးနက္ကို ျပန္ေတြးမိသည္။ ထိုတံခါးက ဘာမွန္းသူမသိေသာ္လည္း သူတို႔သာ ေျမေအာက္သို႔ သြားလွ်င္ ထိုတံခါးကို ျဖတ္ေက်ာ္ဖို႔ ခက္လိမ့္မည္ဆိုတာကိုေတာ့ သိသည္။ တစ္ဖက္ အိမ္ကြင္းသို႔ သြားရမည္ျဖစ္ရာ စစ္ဆင္ေရးတစ္ခုလုံးက မေသမခ်ာ ျဖစ္ေနရမည္။

အကယ္၍ ျဖစ္ႏိုင္လွ်င္ သူတို႔သည္ ရန္သူမ်ားႏွင့္ ေျမေအာက္တြင္ ထိပ္တိုက္မေတြ႕ေအာင္ ေရွာင္သင့္သည္။ လူအုပ္ေနာက္တြင္ ရပ္ေနရင္း ရွန္းရွီ အေရၿခဳံထားေသာ ေဘာ့စ္၏ မ်က္ခုံးမ်ား ျမင့္တက္ေနခဲ့သည္

'သူငါ့ကို အဲဒီ...မွာ ေတာင္းပန္တုန္းက က်ိရင္က အရမ္းကို ခ်စ္စရာေကာင္းေပမဲ့လည္း...'

ယင္ညန္ မည္သို႔လွည့္ေတြးပါေစ ေနာက္ဆုံးတြင္ ထို lab-E မွ လူမ်ားမွာ ယခုအခ်ိန္ သူ၏ က်ိရင္ ရင္ဆိုင္တိုက္ခိုင္ႏိုင္မည့္သူမ်ား မဟုတ္သည္ကိုေတာ့ ရင္နာစြာ ဝန္ခံရေပမည္။ က်ိရင္တြင္ item store ရွိေနလွ်င္ပင္ အႏိုင္ရနိင္ေျခ မရွိသေလာက္ နည္းသည္။ ဤကမာၻတြင္ အင္အားကသာ အရာရာျဖစ္ၿပီး..... သူ႔မိသားစု၏ က်ိရင္ေလး၏ ဉာဏ္ရည္ဉာဏ္ေသြးကလည္း သိပ္ၿပီး မထက္ျမက္ရာ...သူ႔မ်က္လုံးထဲတြင္ေတာ့ အေတာ္ေလး နိမ့္ေနသည္ဆိုေသာ္လည္း.....သူ၏ က်ိရင္ေလးက တုံးအေပမဲ့ ခ်စ္စရာေကာင္းေနေသးသည္။....သို႔ေသာ္ လက္ဖဝါးထဲ ထည့္ဖြက္ထားခ်င္ေလာက္ေအာင္ ခ်စ္စရာေကာင္းေလရာ သူ႔မွာ ႐ူး႐ူးမိုက္မိုက္ ေသတြင္းထဲ ေျပးဝင္သြားၿပီး ျဖစ္လာမည့္ ေၾကာက္႐ြံ႕ေနေသာ က်ိရင္ေလးကို မျမင္ေတြ႕ႏိုင္သည္မို႔ ဤကိစၥကို ခြင့္မျပဳႏိုင္ပါ...

သူ႔ကို လူသားမ်ားက ဖန္တီးခဲ့သည္ဆိုေသာ္္ျငား သူ႔အတြက္ေတာ့ လူသားမ်ားက တကယ္ကို အားနည္းလြန္းသည္။ တစ္ေန႔တြင္ က်ိရင္ သန္မာလာလွ်င္ပင္ သူ႔အျမင္တြင္ေတာ့ သန္မာအားေကာင္းသည္ဆိုသည့္ အဆင့္ေရာက္ဦးမွာ မဟုတ္ေပ။ 60 ႏွင့္ 100 အၾကား အရည္အေသြးကြာဟခ်က္ရွိႏိုင္ေသာ္လည္း ၎အကြာအေဝးသည္ သန္းေပါင္းမ်ားစြာေရွ႕တြင္ေတာ့ ဘာမွ မဟုတ္ေတာ့သလိုပင္။

ေဘာ့စ္ယင္သည္ က်ိရင္ကို သိမ္းဆည္းခ်ဳပ္ေႏွာင္ထားဖို႔ အႀကံထြက္လာၿပီး သူတို႔၏ ေန႔စဥ္ဘဝကား သိပ္ေတာ့ အဆင္ေျပ ေခ်ာေမြ႕ေနမွာ မဟုတ္ေပ။ အလြန္အင္မတန္ အားနည္းလြန္းေသာ ငဝိေလး က်ိရင္ကား ေန႔တိုင္း ဒီလိုမ်ိဳး မနာခံဘဲ ေလွ်ာက္ေျပးေနၿပီး လူမ်ားႏွင့္ အေၾကာင္းအရင္းမရွိ သြားသြားေတြ႕ေနတတ္သည္ကိုး။

ထို႔ေနာက္ သူသည္ သူ႔(ယင္ညန္)ထံသို႔ ေျပးလာၿပီး ဖက္လိမ့္မည္။ ထို႔ေနာက္

"ဝူးဝူးဝူး ကြၽန္ေတာ့္ကို XXX က အႏိုင္က်င့္လြတ္လိုက္တယ္ ဝူးဝူးဝူး" ဟူ၍ တိုင္လိမ့္မည္က တစ္ဖုံ "ဒီေန႔ ကြၽန္ေတာ္ XXX" ဟူ၍ လာေျပာျပလိမ့္မည္က တစ္နည္' ႏွင့္ ကိစၥေသးေသးေလးမ်ားကိုပင္ ေပ်ာ္႐ႊင္ေနတတ္သည့္ သူ၏ က်ိရင္ အ႐ူးေလးပါေပ။ ထိုအခ်ိန္မ်ိဳးတြင္ သူ၏ တာဝန္မွာ က်ိရင္ကို ႏွစ္သိမ့္ေပးရန္ႏွင့္ ခ်ီးမြမ္းေပးရန္ ျဖစ္သည္။

က်ိရင္ကို ဖတ္အိပ္ၿပီး က်ိရင္ကို ေန႔တိုင္းေပ်ာ္ေအာင္ထားကာ ဆႏၵအားလုံးကို လိုတိုင္းရေအာင္ ျဖည့္ဆည္းေပးမည္။

ေသခ်ာေပါက္ အထက္ပါ ကိစၥမ်ားကား စိတ္ကူးထဲမွာပဲ ရွိေသးသည္။ သူ၏ ဦးေႏွာက္ထဲတြင္ေတာ့ ထိုအေျခအေနေရာက္ေအာင္ မည္သို႔ ပလန္ခ်ရမည္ကို အျပင္းအထန္ ေတြးေနခဲ့သည္။

သူ၏ က်ိရင္ကိုသာ အႂကြင္းမဲ့ ကူညီမည္။ သို႔ေသာ္ ေထာင္ေခ်ာက္ျဖစ္ေနသည္ကို သိသိႀကီးႏွင့္ လုံးဝ မတားခဲ့ေပ။ စကားမစပ္ ရွန္းရွီ ဒီကိစၥကို အခြင့္အေရးယူ၍ ေသသင့္သည္။

အနာဂတ္တြင္ က်ိရင္ကို နည္းနည္းမွမေတြေဝဖဲ ဖမ္းဆုပ္ထားႏိုင္မည္....

လ်ိဳက်ဴက သူ႔ကို ထိလိုက္ၿပီး

"လက္ေထာက္မန္ေနဂ်ာ ဘာေတြ ေတြးေနတာလဲ"

ယင္ညန္က တည္တံ့စြာ ေျဖသည္။

"စခန္းအမွတ္သုံးက ေပ်ာက္ဆုံးသြားတဲ့သူေတြကို ဘယ္လိုကယ္ရမလဲ ေတြးေနတာ"

လက္ေထာက္မန္ေနဂ်ာက သူ႔ကို အသိအမွတ္ျပဳစြာ ၾကည့္လိုက္၏?

လွ်ိဳက်ဴ "......."

'တကယ့္ကို အေရထူလိုက္တာ ကပၸတိန္က်န္းအေၾကာင္း ေတြးေနတာ မသိတာက်လို႔ ကပၸတိန္က်န္း ကို ၾကည့္ေနတဲ့အခ်ိန္ဆို ငါတို႔ ကပၸတိန္က တည္တည္ၿငိမ္ၿငိမ္ရွိသေလာက္ ဒီေအးစက္တဲ့ လက္ေထာက္မန္ေနဂ်ာရဲ႕ မ်က္ႏွာႀကီးက ပန္းေတြ ပြင့္ေနသလိုပဲကို'

'ဪ ဒါေၾကာင့္ မ်က္ႏွာက အေရးႀကီးတာကိုး'

ယင္ညန္သာ သူ၏ ေဒါက္တာဝိုင္မ်က္ႏွာကိုသာယူသုံးခဲ့ပါလွ်င္ သူဘာလုပ္လုပ္ ဘာပဲ ေတြးေနေန ထူးဆန္းေနမွာ မဟုတ္ေပ။ ထိုမ်က္ႏွာသည္ နဂိုကတည္းက ေအးစက္စက္ မ်က္ႏွာေပးျဖစ္ေသာေၾကာင့္ မ်က္ႏွာကိုက လုံးဝ ေအးစက္ တည္ၿငိမ္ၿပီး ျမင့္ျမတ္ကာ အနားကပ္မခံေသာ စည္းတစ္မ်ိဳးရွိသလိုပင္။

ကတ္ကစားျခင္းကဲ့သို႔ လူမ်ားႏွင့္ ေရာေႏွာေနရသည့္ ကိစၥမ်ားတြင္ ရွန္းရွီသည္ သူ႔ကိုယ္သူ သူမ်ားအျမင္တြင္ ထူးဆန္းမေနေအာင္ ထိန္းသိမ္းတတ္ခဲ့သည္။

တစ္ဖက္က သူတို႔ လုပ္ႏိုင္သည္ဟု ေတြးသည္ထက္ပင္ ပို၍ လွ်င္ျမန္စြာ လႈပ္ရွားခဲ့သည္။ စခန္းအမွတ္သုံးမွ လူႏွစ္ေယာက္ ထပ္ေပ်ာက္သြားသည္ဟု သတင္းေရာက္လာသည္။

စခန္းအမွတ္သုံးမွ စြမ္းအားရွင္မ်ားသည္ ယေန႔ တာဝန္က်ခ်ိန္တြင္ ဆယ့္ေလးလမ္းမွ စက္မႈ အေဆာက္အဦးတစ္ခု၏ ေအာက္တြင္ ထူးဆန္းသည့္အရာတစ္ခုကို ေတြ႕ခဲ့ၾကသည္။ ၾကည့္ရသည္မွာ ထိုေနရာကို ေန႔စဥ္ေန႔တိုင္း လူအဝင္အထြက္ ရွိေနပုံမ်ိဳးဟု ထင္ရသည္။

၎က ေထာင္ေခ်ာက္တစ္ခုသာ ျဖစ္ေၾကာင္း ေသခ်ာသည္။

က်န္းက်ိရင္သာမက အေျခအေနအေၾကာင္း နကန္းတစ္လုံးမွ မသိေသးေသာ လက္ေထာက္မန္ေနဂ်ာပင္ မ်က္ေမွာင္ၾကဳတ္သြားသည္။

"တစ္ခုခုေတာ့ မွားေနၿပီထင္တယ္ေနာ္"

လက္ေထာက္မန္ေနဂ်ာက သတိေပးသည္။

စခန္းအမွတ္သုံးက တိတ္ဆိတ္ေနသည္။ သူတို႔သည္ လြန္ခဲ့ေသာ သုံးနာရီခန႔္က စခန္းအမွတ္သုံး အမည္တပ္၍ ေရာက္လာေသာ စာတစ္ေစာင္ကို ၾကည့္ေနၾကသည္။

အေထြေထြ မန္ေနဂ်ာကလည္း ၾကည့္ေနၿပီး သူ၏ မ်က္ႏွာက တျဖည္းျဖည္းႏွင့္ ျဖဴေဖ်ာ့လာသည္။

"အသုံးမဝင္ဘူး"

စခန္းအမွတ္သုံးမွ လူငယ္မ်ားက ခါးသီးစြာျဖင့္ ေျပာၾကသည္။

"သူတို႔ ကြၽန္ေတာ္တို႔ရဲ႕ ညီအစ္ကိုေတြကို ဖမ္းထားၾကတယ္ ကြၽန္ေတာ္တို႔ သူတို႔ကို သေႏၶေျပာင္းေတြျဖစ္ေအာင္ မလုပ္လိုက္ခင္ ကယ္ရမွာ..... ကြၽန္ေတာ္တို႔ သူတို႔ကို ဂ႐ုမစိုက္ဘူးဆိုရင္ေတာင္ ကြၽန္ေတာ္တို႔ ဒီကေန မထြက္ခြာလို႔ကေတာ့ ေနာက္ထပ္ သေႏၶေျပာင္းေကာင္ အသစ္ေတြ ေပၚလာတာနဲ႔ ကြၽန္ေတာ္တို႔ ေသၾကမွာပဲ"

လမ္းနံပါတ္ ဆယ့္ေလးမွ မူမွန္မႈမ်ားကို သတိထားမိခဲ့ေသာ စခန္းအမွတ္သုံးသည္ ရွာေဖြေလ့လာမႈမ်ားလုပ္ၿပီးေနာက္ ထိုေနရာသို႔ဝင္ရန္ အေသခံတပ္ဖြဲ႕တစ္ခု ဖြဲ႕စည္းခဲ့သည္။ သူတို႔ထဲက မည္သူကမွ ထြက္မလာႏိုင္ခဲ့ေပ။ သို႔ေသာ္ သူတို႔၏ ေပ်ာက္ဆုံးသြားေသာ အဖြဲ႕သားမ်ား၏ သတင္းႏွင့္ ေျမေအာက္တြင္ သေႏၶေျပာင္းမ်ား တီထြင္စမ္းသပ္ေနသည့္ ဓာတ္ခြဲခန္းတစ္ခု ရွိေၾကာင္းေတာ့ သတင္းျပန္ပို႔ႏိုင္ခဲ့သည္။ သို႔ေသာ္ ၾကည့္ရသည္မွာ ထိုသတင္းသည္ သူတို႔ကို မွ်ားေခၚရန္ တမင္သက္သက္ တစ္ဖက္မွ ပို႔လာေသာ သတင္းျဖစ္ႏိုင္သည္။

စခန္းအမွတ္ ခုႏွစ္ အစည္းအေဝးခန္းထဲမွ ေလထုက တင္းမာလာသည္။

က်န္းက်ိရင္ ေခါငး္ငုံ႔ထားသည္။ ဂိမ္းထဲမွ ဝမ္းနည္းဖြယ္ရာ အဆုံးသတ္ကို ေမွ်ာ္မွန္းထားၿပီး ျဖစ္ေသာ္လည္း ဤအခ်ိန္ကား ေတာ္ေတာ္ ေနာက္က်ေနၿပီး သူတို႔တြင္ လုံေလာက္ေသာ သတင္းအခ်က္အလက္မ်ား မရွိေပ။ ရလာဒ္ကေတာ့ တစ္ျခားဘက္မွ သူတို႔ကို ဤအေျခအေနအထိ ဆြဲေခၚလာခဲ့ၿပီျဖစ္ၿပီး သူတို႔တြင္ ဤေနရာမွ ထြက္ခြာရန္ကလြဲ၍ ေ႐ြးခ်ယ္စရာမရွိေတာ့ေပ။

သို႔ေသာ္ ဤေနရာတြင္ သံသယရွိစရာ တစ္ခုခုေတာ့ ရွိေနေသးသည္။ ဆက္သြယ္ေရးစနစ္မ်ားက ဆိုးဆိုး႐ြား႐ြား ပ်က္စီးသြားၿပီ ဆိုေသာ္ျငား အဓိက အေျခစိုက္စခန္းႀကီးမ်ားႏွင့္ ေရွ႕တန္းလက္ခြဲစခန္းမ်ား အမ်ိဳးမ်ိဳးေသာ ေရွ႕တန္းတပ္စခန္းမ်ားၾကားတြင္ မဟာမိတ္မ်ားအခ်င္းခ်င္း ဆက္သြယ္ႏိုင္ရန္ ဆက္သြယ္ေရးနည္းလမ္းမ်ားကို ဦးစားေပး အေကာင္အထည္ေဖာ္ခဲ့သည္။ သို႔ေသာ္ ဂိမ္းထဲတြင္ မဟာမိတ္တပ္ေပါင္းစုက စခန္းအမွတ္ ခုႏွစ္ႏွင့္ အမွတ္သုံးတို႔ ၿဖိဳခြင္းခံလိုက္ရသည့္ သတင္း တစ္ခုမွ မရသလိုပင္။

ဤေနရာတြင္ ျဖစ္ပ်က္ခဲ့သမွ် အရာရာတိုင္းမွ မသိႏိုင္ေသာ အေၾကာင္းအရာမ်ား ျဖစ္လာသည္။

"မဟာမိတ္တပ္ဖြဲ႕ကို ငါတို႔ ထြက္ခြာလာၿပီလို႔ သတင္းပို႔လိုက္"

ကိစၥမ်ားကို ေလးေလးနက္နက္ စဥ္းစားၿပီးေနာက္ အေထြေထြမန္ေနဂ်ာသည္ ခ်က္ခ်င္း တစ္ခ်က္လြတ္အမိန႔္ထုတ္ခဲ့သည္။ သတင္းမ်ားအရ သေႏၶေျပာင္းေကာင္ အသစ္မ်ားသည္ သူတို႔ ရင္ဆိုင္ႏိုင္ေသာ အရာမ်ားမဟုတ္ပါေခ်။ ထို႔အျပင္ ရန္သူက အေမွာင္ထဲတြင္ ရွိေနၿပီး သူတို႔က အလင္းထဲတြင္ ရွိေနကာ တစ္ဖက္ မွ အင္အားကလည္း ဆန္းၾကယ္သည္ဆိုသည္ကလြဲ၍ ဘာမွ မသိရေပ။

သူတို႔က တစ္နည္းနည္းႏွင့္ အႏိုင္ခဲ့ရလွ်င္ပင္ သူတို႔ဘက္မွ ဆုံးရႈံးမႈမ်ားကလည္း ႀကီးမားလိမ့္မည္၊ အဆုံးတြင္ အေရးအပါဆုံးအရင္းအျမစ္မ်ားမွာ လူသားအဖြဲ႕အစည္းတိုးတက္ခိုင္မာလာေရး လုပ္ငန္းစဥ္တြင္ ပါဝင္လိုစ္ိတ္ရွိေသာ လူမ်ားသာျဖစ္ၿပီး ဤသို႔ေသာ ဆုံးရႈံးမႈမ်ိဳးကိုေတာ့ မစြန႔္စားရဲၾကေပ။

လတ္တေလာတြင္ သူတို႔အတြက္ အေကာင္းဆုံးနည္းလမ္းမွာ စခန္းအမွတ္ငါး ႏွင့္ အမွတ္ေျခာက္သို႔ သြားေရာက္ ခိုလႈံၾကရဣ္ျဖစ္ၿပီး အထက္မွ ၫႊန္ၾကားခ်က္ကိုေစာင့္၍ အေထာက္အပံ့မ်ားကို ေစာင့္ရန္သာျဖစ္သည္။

ေနာက္ထပ္ စခန္းတာဝန္ခံတစ္ေယာက္ျဖစ္ေသာ လက္ေထာက္မန္ေနဂ်ာခ်င္က မဟာမိတ္တပ္ေပါင္းစုဆီသို႔ အလ်င္အျမန္ ဆက္သြယ္သည္။

"မရဘူး ကြၽန္ေတာ္ သူတို႔ကို ဆက္သြယ္လို႔မရဘူး ...... ကြၽန္ေတာ္တို႔ ဆက္သြယ္ေရးလႈိင္းေတြ အကုန္ျဖတ္ခံထားရတယ္.... ကြၽန္ေတာ္တို႔ ဆက္သြယ္ေရး စက္ဝန္းအကာအေဝး ကန႔္သတ္ထားခံရတယ္ ထင္တယ္ ေလာေလာဆယ္ အနီးဆုံးက စခန္းအမွတ္သုံးကိုပဲ ဆက္သြယ္လို႔ရမယ္"

'သတင္းစာ'

သူေမ့သြားမိသည္။ ေခတ္မွီလူ႔အဖြဲ႕အစည္းတြင္ ေနထိုင္တာ ၾကာျမင့္လာသည္ႏွင့္အမွ် ဟိုအရင္အခ်ိန္မ်ားက ကမာၻႀကီးတြင္ ဆက္သြယ္ေရး မည္မွ် မေကာင္းခဲ့ အဆင္မေျပခဲ့ေၾကာင္း ေမ့သြားမိသည္။

က်န္းက်ိရင္ နာက်ည္းစြာျဖင့္ လက္သီးဆုပ္ထားမိသည္။

သို႔ေသာ္ အေျခအေနက ဂိမ္းထဲကႏွင့္ လုံးဝ ကြာျခားေနသည္။ သူတို႔တြင္ တစ္ျခားေသာ စခန္းမ်ားဆီသို႔ တိမ္းေရွာင္ရန္ အခ်ိန္အလုံအေလာက္ ရွိေနခဲ့ၿပီး ဤေနရာတြင္ မဟာမိတ္အႀကီးအကဲမ်ားကို ဆက္သြယ္ႏိုင္သည္ မဆက္သြယ္ႏိုင္သည္က အေရးမပါေတာ့ေပ။

ယြီေဟာက္၏ တပ္ဖြဲ႕မ်ား ဝင္ေရာက္စြက္ဖက္လာမႈမ်ားေၾကာင့္ ပုံမွန္ထက္ပိုေစာ၍ ရွာေဖြေတြ႕ရွိခံလိုက္ရၿပီး က်န္းက်ိရင္ႏွင့္ ရွန္းရွီတို႔၏ သေႏၶေျပာင္းေကာင္မ်ားကို ႏွိမ္ႏွင္းလိုက္ျခင္းမ်ားေၾကာင့္ ဓာတ္ခြဲခန္းအီးက စိတ္မရွိေတာ့ေပ၊ ဂိမ္းထဲမွကဲ့သို႔ အဖြဲ႕ႏွစ္ခုကို လုံးဝ ေပ်ာက္သြားေအာင္ လုပ္ႏိုင္ဖို႔ မလြယ္ေတာ့ပုံရသည္။

သူတို႔သာ ႐ိုး႐ိုးရွင္းရွင္း ထြက္ခြာသြားသ၍ တစ္ဖက္ႏွင့္တစ္ဖက္ တိုက္လိုက္ခိုက္လိုက္မျဖစ္ႏိုင္ေတာ့ေပ။ စခန္းအမွတ္သုံးမွ ေပ်ာက္ဆုံးသြားေသာ လူမ်ား ျပန္ေရာက္မလာႏိုင္ေတာ့ေသာ္လည္း အနည္းဆုံးေတာ့ စစ္တပ္တစ္ခုလုံး ပ်က္စီးေပ်ာက္ကြယ္သြားေတာ့မွာ မဟုတ္ေပ။

စခန္းအမွတ္သုံးဘက္မွလည္း သူတို႔ဆုံးျဖတ္ခ်က္ႏွင့္ အေျခအေနကလည္း သူတို႔(အမွတ္ခုႏွစ္) ႏွင့္ အတူတူပါပဲဟူ၍ သတင္းျပန္ပို႔လာသည္။

"ဘယ္လိုပဲျဖစ္ျဖစ္ ငါတို႔ အစီအစဥ္မခ်ခင္ စခန္းအမွတ္ေျခာက္ကို အရင္ဆုံး ထြက္ခြာၾကမယ္"

ေရွ႕တန္းတပ္ဖြဲ႕မ်ား၏ အဓိက ကြၽမ္းက်င္ ထူးျခားခ်က္မွာ ျမန္ျမန္ဆန္ဆန္ ေ႐ႊ႕ေျပာင္းႏိုင္စြမ္းျဖစ္ၿပီး သူတို႔အားလုံး နာရီဝက္အတြင္း ထြက္ခြာရန္ အဆင္သင့္ျဖစ္သြားၾကသည္။

စခန္းအမွတ္ခုႏွစ္မွ လူတိုင္းသည္ တပ္မႉး၏ ၫႊန္ၾကားခ်က္အတိုင္း ထြက္ခြာရန္ ျမန္ျမန္လုပ္ေနၾကေသာ္လည္း စခန္းအမွတ္သုံးမွ ေရာက္လာေသာ လူႏွစ္ေယာက္ကေတာ့ ရပ္ေနၿပီး သူတို႔အခ်င္းခ်င္း ၾကည့္ေနၾကသည္။ သူတို႔သည္ အထုတ္အပိုးျပင္ရန္ အစည္းအေဝးခန္းမွ ထြက္ဖို႔လုပ္ေနသူမ်ားကို တားရန္ ဆူညံစြာ လႈပ္ရွားမိၾကသည္။

"စိတ္မေကာင္းပါဘူးဗ်ာ ဒီလိုမ်ိဳးေျပာရတာ အရမ္းကို တစ္ကိုယ္ေကာင္းဆန္သလို ျဖစ္ေနတယ္ဆိုတာသိပါတယ္ ၿပီးေတာ့ ငါတို႔ ဒီလိုမ်ိဳး မေတာင္းဆိုသင့္ဘူးဆိုတာလည္း သိပါတယ္.....ဒါေပမဲ့ ကြၽန္ေတာ္တို႔ ျပန္သြားၿပီး တစ္ေခါက္ေလာက္ေတာ့ သြားၾကည့္ၾကရေအာင္ပါဗ်ာ စခန္းအမွတ္သုံးရဲ႕ အင္အားစုကလည္း ပ်က္စီးသြားၿပီး ကြၽန္ေတာ္တို႔နဲ႔ လိုက္ၿပီး အကူအညီေပးခ်င္တဲ့ မိတ္ေဆြတို႔မ်ား ရွိၾကလားဗ်ာ"

သူတို႔သည္ စခန္းအမွတ္ခုႏွစ္မွ လူမ်ားကို ေသာကေရာက္ေနေသာ မ်က္ဝန္းမ်ားျဖင့္ ၾကည့္၍ ေတာင္းဆိုၾကသည္။

အေထြေထြ မန္ေနဂ်ာ မ်က္ေမွာင္ၾကဳတ္သြားသည္။

"မင္းတို႔လည္း ေခါင္းေဆာင္ေတြပဲဆိုေတာ့ ဒီအေျခအေနမွာ ထြက္ခြာသြားတာက အေကာင္းဆုံး ေ႐ြးခ်ယ္မႈပဲ ဆိုတာ သိၾကမွာပါ"

စခန္းအမွတ္သုံးက ဘာမွ ျပန္မေျပာလာပဲ ေခါင္းယမ္းျပလာသည္။ သူတို႔သည္ ႐ုတ္တရက္ ဒူးေထာက္၍ ဆို႔နင့္ေသာ အသံျဖင့္

"ေက်းဇူးျပဳၿပီး ကြၽန္ေတာ္တို႔ရဲ႕ ညီအစ္ကိုေတြကို ကယ္ေပးၾကပါဗ်ာ သူတို႔သာ အသက္ရွင္ေနေသးတယ္ဆိုရင္ ကြၽန္ေတာ္တို႔ ညီေနာင္ေတြ အားလုံးရဲ႕ ဘဝက ခင္မ်ားတို႔အပိုင္ပါပဲဗ်ာ"

စခန္းအမွတ္သုံး၏ အေျခအေနသည္ အေတာ္ေလး ထူးျခားသည္။ ဥပမာဆိုလွ်င္ စခန္းအမွတ္ ခုႏွစ္ ဆိုလွ်င္ စခန္းေပါင္းမ်ားစြာမွ ေစလြတ္လာေသာ အဖြဲ႕မ်ားကို ေပါင္းစည္းထားျခင္းျဖစ္ကာ သူတို႔ၾကားတြင္ အလြန္နက္ရႈိင္းသည့္ သံေယာဇဥ္မ်ိဳးမရွိၾကေပ။

သို႔ေသာ္ စခန္းအမွတ္သုံးမွ သုံးပုံႏွစ္ပုံခန႔္မွာ မုေဝါၿမိဳ႕၏ အနီးနားမွ ႐ြာေလးတစ္႐ြာမွ လာေသာ လူမ်ားျဖစ္ၾကသည္။ ထို႐ြာမွ စြမ္းအားရွင္အမ်ားစုမွာ ေတာ္ေတာ္ေလး ဆက္ဆံေရးေကာင္းၾကသည္။ ကမာၻပ်က္ကပ္တြင္ပင္လွ်င္ သူတို႔ၾကားမွ ဆက္ဆံေရးႏွင့္ခ်ည္ေႏွာင္ထားေသာ သံေယာဇဥ္တို႔က ခိုင္မာေနဆဲျဖစ္သည္။

မဟာမိတ္တပ္ေပါင္းစုကို ဝင္ေရာက္ပူးေပါင္းလာၿပီးေနာ္က သူတို႔သည္ အနီးနားမွ မုေဝါၿမိဳ႕တြင္ ရွင္းလင္းေရးလုပ္ရမည့္ မစ္ရွင္တြင္ အက်ိဳးအျမတ္ မေမွ်ာ္ကိုးပဲ လိုက္လာျခင္းျဖစ္သည္။

သို႔ေသာ္ စခန္းအမွတ္သုံးမွ လူႏွစ္ေယာက္က ေပ်ာက္သြားေသာ ဆယ္ေယာက္ သြားကယ္လွ်င္ ျပန္လာႏိုင္မည္ဟုလည္း ယုံၾကည္ထားသည္။ မည္သည့္ သာမန္လူကမွ သူတို႔ကို ကူညီမွာမဟုတ္ေပ။ ထို႔အျပ္င သူတို႔သည္ တစ္ျခားသူမ်ားကိုလည္း လိုက္သြားေပးရန္ ေတာင္းဆိုေပးၾကမွာလည္း မဟုတ္ေပ။

သူတို႔၏ အရႈပ္အေထြးထဲသို႔ တစ္ျခားသူမ်ားကို ဆြဲမထည့္သင့္ေၾကာင္း သူတို႔သိသည္။ သို႔ေသာ္ သူတို႔သည္ အခြင့္အေရးတစ္ခု ရလိုရျငား ဟူသည့္ အေတြးျဖင့္ အတင္းေတာင္းဆိုမိၾကသည္။

အစည္းအေဝးခန္းက အခိုက္အတန႔္ေလာက္ တိတ္ဆိတ္သြားသည္။

အမ်ိဳးသားတစ္ေယာက္က ႐ုတ္တရက္ ေျပာလာသည္။

"က်ဳပ္ ခင္မ်ားတို႔နဲ႔ လိုက္မယ္"

၎က ရွန္းရွီ တည္း။

ထိုစဥ္ ေအာ္သံမ်ားထြက္လာသည္။

"လက္ေထာက္ မန္ေနဂ်ာ"

အေထြေထြ မန္ေနဂ်ာက လုံးဝ တြန႔္ဆုတ္မေနဘဲ ခက္ထန္စြာ ေျပာလာသည္။

"ရွန္းရွီ မင္း ေနရမဘ္ ၿပီးေတာ့ မင္းလက္ေအာက္က လူေတြအားလုံးက မင္းကို လိုေသးတယ္"

သို႔ေသာ္ အႏွီလက္ေပါက္ကပ္လွေသာ လက္ေထာက္မန္ေနဂ်ာက သူ႔ကို တကယ္ႀကီး လစ္လ်ဴရႈလိုက္ေလသည္။

ထို႔ေနာက္ အားလုံးသည္ က်န္းက်ိရင္ကို ၾကည့္လိုက္ၾကသည္။

သူတို႔၏ စိတ္ထဲတြင္ လက္ေထာက္ မန္ေနဂ်ာကို မသြားရန္ တားႏိုင္မည့္ တစ္စုံတစ္ေယာက္သည္ သူသာ ျဖစ္သည္။

က်န္းက်ိရင္မွာ သူ႔တြင္ ေသခ်ာေပါက္ ဒ႑ာရီလာ ေ႐ႊလက္ေခ်ာင္းႀကီး ရွိေသာ္လည္း စခန္းအမွတ္သုံးႏွင့္ အမွတ္ခုႏွစ္မွ လူမ်ားကို မကယ္ႏိုင္ျဖစ္ေနဆဲျဖစ္သည္ကို စိတ္ပ်က္မိေနသည့္အထဲ ႏွစ္ျမဳပ္ေနခဲ့သည္။ ႐ုတ္တရက္ လူတိုင္းက သူ႔ကို ၾကည့္ေနသည္ကို ေတြ႕လိုက္သည္။

ၾကည့္ရသည္မွာ အခုေလးတင္ စခန္းအမွတ္သုံးက အေထာက္အပံ့ ေတာင္းခဲ့ပုံရၿပီး ...

'ရွန္းရွိက သူတို႔နဲ႔ လိုက္သြားမလို႔လား'

'ဘာလို႔ လူတိုင္းက ငါ့ကို ၾကည့္ေနရတာလဲ'

ထိုအၾကည့္မ်ား၏ ဖိအားေအာက္တြင္ အက်ိဳးအေၾကာင္းကို မဆင္ျခင္မေသးေသာ က်န္းက်ိရင္က ျမန္ျမန္ဝင္ေျပာလိုက္သည္။

"ကြၽန္ေတာ္ သူနဲ႔လိုက္သြားမယ္"

သူမ်က္ႏွာက တည္ၿငိမ္ၿပီး ေလးနက္ေနသည္။

သူ႔တြင္ ပ်ံသန္းအေဆာင္ကဲ့သို႔ေသာ အထူးစပယ္ရွယ္ item မ်ားရွိၿပီး ေသခ်ာေပါက္ ထြက္ေျပးႏိုင္မည့္ အခြင့္အေရးရွိသည္ကို ယုံသည္။ ထို႔အျပင္ သူေသသြားလွ်င္ပင္ တကယ္ေသသြားမွာ မဟုတ္ေပ။ သူသာ အေထာက္အပံ့အျဖစ္ လိုက္သြားမည္ဆိုလွ်င္ က်န္းက်ိရင္ သူသည္သာ အသင့္ေတာ္ဆုံး တပ္ကူျဖစ္သည္ဟု ေတြးမိသည္။

လက္ေထာက္မန္ေနဂ်ာရွန္းကို မသြားရန္ ေျဖာင္းဖ် မည္ဟု ေမွ်ာ္လင့္ထားၾကေသာ လူတိုင္း : "..."

*ကပၸတိန္ ေရ မဟုတ္ေသးဘူးေလ*

*ေသျခင္းရွင္ျခင္းဆိုတာ ဒီအတိုင္းေလး အေပ်ာ္သြားေဆာ့သင့္တာ မဟုတ္ေနဘူးေနာ္*

............................................................

Telegram မွာ အၿပီးအထိ တင္ၿပီးပါၿပီေနာ္။

ခုႏွစ္ပင္ ေရာက္ေနၿပီျဖစ္ေလာက္သည္။ သို႔ေသာ္ စခန္း အမွတ္ ခုႏွစ္ႏွင့္ အမွတ္သုံးတို႔သည္ လူအင္အားတြင္ေတာ့ အားသာခ်က္ရွိသည္၊ သူတို႔အားလုံးေပါင္း တစ္ရာေက်ာ္သည္။

Continue Reading

You'll Also Like

72.6K 9.3K 54
An ordinary teenager who unexpectedly encounters a little zombie and begins an adventure full of surprises and frights. Original chinese manhua name...
789K 34.2K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
38.6K 4.5K 51
Title- Dressed as The School Grass's ex Boyfriend Description ကျင်းစစ် : သင်္ချာပုစ္ဆာတွေကလည်း ဖြေရှင်းရခက်သလို စာမေးပွဲတွေကလည်း စိတ်ဝင်စားစရာမကောင်...
263K 44.7K 127
English name:The Zombie Emperor's Domesticated Cat Type : web novel Genre : Adventure, romance, supernatural, yaoi Status in COO:95 chapters+2 extra...