Blank Charge (Myanmar Transla...

By lowkey_not_Loki

13.2K 1.6K 98

Language Chinese Author Empty Chrysanthemum 空菊/Kong Ju Year 2022 Status in COO 66 Chapters တရားသူကြီး×ရှေ့နေ ... More

Description
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
attention
20.1

1

1.1K 110 4
By lowkey_not_Loki

#Unicode

အခန်း (၁)
ပညာတတ်လူရမ်းကား
<<<<<

သူ့ဘောင်းဘီအိတ်ကပ်ထဲတွင်ရှိနေသော ဖုန်းက ရုတ်တရက်တုန်ခါလာချိန်၌ လူသူကင်းမဲ့နေသော တရားခွင်ထဲတွင် လူတစ်ဦးချင်းစီ စတင်ထွက်ပေါ်လာတော့သည်။

ချင်ကျိုးက ခေါင်းကို အောက်ငုံ့၍ ကြည့်လိုက်သော်လည်း သူ့ဖုန်းကို အပြင်ထုတ်၍မကြည့်ရသေးခင်တွင် တရားသူကြီးသုံးဦးက တံခါးမှဝင်လာ၍ သူ၏လုပ်ရပ်ကို နှောင့်ယှက်လိုက်သည်။

တရားခွင်နားချိန်က ကုန်ဆုံးသွားပြီဖြစ်၍ အရေးအကြီးဆုံးဖုန်းကောလ်ဆိုလျှင်ပင် ချပစ်ရပေမည်။

တရားပြိုင်ကို ဘီလစ်စာရေးမှ တရားခွင်ထဲသို့ ပြန်လည်ခေါ်ဆောင်လာခဲ့ပြီး တရားသူကြီးချုပ်မှာ တရားရုံးသုံးတူကို အောက်သို့ရိုက်ချလိုက်ပြီး အမူအရာမဲ့နေသောမျက်နှာထားနှင့်ပြောလိုက်သည်။
"အခု တရားခွင်ထဲမှာ စီရင်ချက်ချတော့မယ်..."

ရာဇဝတ်မှုအသေးစားအတွက် ချေပချက်ဗျူဟာမှာ မှားယွင်းနေခြင်းမရှိသည့်အတွက် အဆုံးတွင်တော့ တရားသူကြီးမင်းမှာ ချင်ကျိုး၏ လျှောက်လဲချက်ချက်ကို လက်ခံလိုက်ပြီး တရားပြိုင်၏ ပြစ်ဒဏ်ကိုလျှော့ချပေးလိုက်သည်။

"ရှေ့နေချင်ရယ် ကျေးဇူးအများကြီးတင်ပါတယ်ဗျာ!"
တရားပြိုင်မှာ ချင်ကျိုးကို အဆက်မပြတ်ကျေးဇူးစကားဆိုနေသည်။
"အခုကစပြီးတော့ ကျွန်တော် ဥပဒေလိုက်နာတဲ့ နိုင်ငံသားကောင်းတစ်ယောက်ဖြစ်လာအောင် သေချာပေါက်လုပ်မှာပါ!"

ပြစ်မှုကျူးလွန်သူအများစုက ပြစ်ဒဏ်ချမှတ်ခံလိုက်ရပြီးနောက်တွင် ထိုသို့ပြောဆိုကြသော်လည်း ထောင်မှလွတ်ပြီးနောက်တွင် ထိုစကားများကို ရင်ထဲတကယ်ထည့်သည်လားကတော့ အခြားကိစ္စပင်ဖြစ်သည်။

ချင်ကျိုးက တရားပြိုင်ကိုစကားအနည်းငယ်ပြောပြီး နှစ်သိမ့်ပေးလိုက်ကာ ထောင်ထဲရောက်နေချိန်တွင် ပိုမိုသင်ယူလာရန်နှင့် တရားခွင်ထဲမှ အပြင်သို့ရောက်သည်နှင့် ဟူကျစ်ကိုဖုန်းခေါ်ပါရန် ပြောလိုက်သည်။

တရားရုံး၏ကော်ရစ်ဒါတွင် တိတ်ဆိတ်ကာ လူသူကင်းရှင်းနေပြီး လေထုတစ်ခုလုံးကတင်းကြပ်နေလျက်ရှိသည်။ သို့သော်လည်း ချင်ကျိုး၏ဖုန်းမှ အချက်ပေးသံတစ်ခုထွက်သည်နှင့်တစ်ပြိုင်နက် ဘေးချင်းကပ်ရပ်မှ ရာဇဝတ်မှုတရားခွင်ထဲတွင် အုတ်အော်သောင်းတင်းဖြစ်သွားလေသည်။ ပရော်ဖက်ရှင်နယ် ကျကျဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်က သူမ၏ဖုန်းထဲသို့အော်ဟစ်နေရင်း အပြင်သို့ပြေးထွက်လာသည်။
"ဒီမှာ အရေးကြီးသတင်းတစ်ခုရှိနေတယ်... မနက်ဖြန်အတွက် သတင်းခေါင်းစီးပိုင်းကို ငါ့အတွက်သိမ်းပေးထားလိုက်တော့!"

သူမက သတင်းထောက်တစ်ယောက်ပင်။

ချင်ကျိုး၏စိတ်ထဲတွင် ထိုအတွေးသာထွက်ပေါ်လာသည်။

သူမှတ်မိတာ မှန်သည်ဆိုလျှင် ဘေးချင်းကပ်ရပ်မှရာဇဝတ်မှုတရားခွင်တွင် နာမည်ကြီးမုဒိမ်းမှုတစ်ခုကိုကိုင်တွယ်နေပြီး ခေါင်းဆောင်တရားသူကြီးမှာ သူ၏ မိတ်ဆွေကြီး ယန်းရှီးယွီပင်ဖြစ်သည်။

အခြားနေ့တစ်နေ့ဖြစ်ပါလျှင် ချင်ကျိုးက ထိုတရားခွင်သို့သွားကာ စိတ်လှုပ်ရှားစရာကိစ္စထဲ ပါဝင်လိုက်ပြီး အရေးကြီးသတင်းဆိုသည်ကို သွားကြည့်မည်ဖြစ်သည်။ သို့သော်လည်း ကံဆိုးစွာဖြင့် ယနေ့တွင် သူ သွားရမည့် ကိစ္စတစ်ခုရှိနေပြီး တရားရုံးထဲတွင် အချိန်ဖြုန်းရန်အတွက် အချိန်သိပ်မရှိပေ။

"ချင်ကျိုး... မင်းဘယ်တော့လာမှာလဲ?"
ဖုန်းထဲမှာ ဟူကျစ်၏အသံက ဟိန်းထွက်လာပြီး ချင်ကျိုး၏စပ်စုချင်စိတ်များကို လွင့်ပါးသွားစေခဲ့သည်။
"ဒီကောင်တွေကစောင့်နေရတာ စိတ်မရှည်ဖြစ်နေကုန်ပြီကွ...."

"ဘာတွေ အလျှင်လိုနေရတာလဲ?"
ချင်ကျိုးက သူ၏အကြည့်များကို ဆူညံပွက်လောရိုက်နေသော ဘေးချင်းကပ်ရပ်မှ ရာဇဝတ်မှုတရားခွင်မှ ခွာလိုက်သည်။
"ငါတရားခွင်ထဲရောက်နေတယ်လို့ ပြောတယ်မဟုတ်ဘူးလား?"

တရားရုံး၏ ကားပါကင်သို့ရောက်ချိန်တွင် ချင်ကျိုးက သူ့ကား၏ ယာဉ်မောင်းထိုင်ခုံတွင် ထိုင်လိုက်ပြီး နောက်ကြည့်မှန်ကို ချိန်ညှိလိုက်ကာ သူ့နက်ခ်တိုင်ကို ဂရုမထားဘဲဖြေချလိုက်ပြီး ရှပ်အင်္ကျီမှထိပ်ဆုံးကြယ်သီးကိုပါ ဖြုတ်လိုက်သည်။

ဂျယ်များဖြင့် သေချာဖြီးသင်ထားသော သူ၏ဆံပင်များကို ဖွလိုက်ပြီးနောက်တွင် မှန်ထဲရှိ ဖြောင့်မတ်တည်ကြည်လှသော ရုပ်ရည်သွင်ပြင်ရှိနေသည့် လူငယ်လေးမှာ ရုတ်တရက်ဆိုသလိုအနည်းငယ်မျှ အကျင့်စာရိတ္တယိုယွင်းသွားသည့်ပုံပေါက်သွားသည်။

ချင်ကျိုးက များသောအားဖြင့် ဝတ်စုံပြည့်ဝတ်လေ့မရှိသော်လည်း တရားသူကြီးများထံမှ အထင်အမြင်ကောင်းရစေရန်အတွက် အရည်အသွေးမြင့် ကျွမ်းကျင်လှသော ရှေ့နေတစ်ဦး၏ပုံစံနှင့်တူစေရန်အတွက် ထိပ်တန်းအဆင့်ပရော်ဖက်ရှင်နယ်တစ်ယောက် ဟူသောပုံရိပ်ကို ပြသရန်လိုအပ်ပေသည်။

အင်္ကျီလက်ကို လက်ဖျံအထိရောက်အောင် လိပ်တင်လိုက်ပြီးနောက်တွင် သူ့နှုတ်ခမ်းဖျား၌ ဆေးလိပ်တစ်လိပ်ကို ခဲလိုက်တော့သည်။ ထိုအချိန်တွင် ချင်ကျိုးမှာ မတိုင်မီက တရားခွင်တွင် အစိုးရရှေ့နေနှင့် စကားစစ်ပွဲဆင်နွှဲခဲ့သည့် ပုံရိပ်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သော သူ၏ပုံမှန်လို ပူပင်ကြောင့်ကြမဲ့သည့် ပုံရိပ်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားလေသည်။

ဆယ်မိနစ်ကြာပြီးနောက်တွင် ချင်ကျိုးက သူ့ကားကို ဆံပင်ညှပ်ဆိုင်ရှေ့တွင် ပါကင်ထိုးလိုက်သည်။

ဟူကျစ်နှင့် အခြားဘော်ဒါများမှာ စောင့်နေတာအတော်ကြာနေပြီဖြစ်သည်။ ချင်ကျိုးကိုတွေ့သည်နှင့် သူ့ကိုဝန်းရံလိုက်ပြီး ဆံပင်ညှပ်ဆိုင်၏ စတိုခန်းထဲသို့ တည့်တည့်သွားလိုက်တော့သည်။

ဆံပင်ညှပ်ဆိုင်မှ ဝန်ထမ်းတစ်ယောက်ကမှ ချင်ကျိုးကိုမတားရဲချေ။ ပြည့်ကျပ်နေသော စတိုခန်းထဲတွင် ဆိုင်ပိုင်ရှင်မှာ ထောင့်နားလေး၌ ကုပ်ကုပ်လေးနေနေကာ တစ်ကိုယ်လုံးတုန်ရီနေလေသည်။ သို့သော်လည်း သူ့လည်ပင်းသူဆန့်ရင်း ချင်ကျိုးကို လှမ်းအော်လိုက်သေးသည်။
"အပြင်မှာပဲစကားထွက်ပြောရအောင်ပါ! မင်းတို့ကောင်တွေပြဿနာရှာရင် ငါရဲကိုခေါ်တော့မှာနော်!"

အကြွေးယူသူများမှာ ထိုသို့သာဖြစ်သည်။ အကြွေးတောင်းသူများက အတော်လေးလွန်လာလျှင် ရဲခေါ်လိုက်မည်ဟု အော်ပြောကြမည်သာဖြစ်သည်။

"ခေါ်လိုက်စမ်းပါ..."
ချင်ကျိုးက အိတ်ကပ်ထဲ လက်ထည့်လိုက်ပြီး သူ့ခြေထောက်နားတွင်ရှိနေသော ထိုင်ခုံကိုကန်လိုက်သည်။ ထို့နောက်တွင် ဆိုင်ရှင်အနားသို့ ခြေလှမ်းတစ်လှမ်းချင်း လှမ်းပြီး သွားလိုက်လေသည်။
"ငါတို့လည်း ရဲတွေကို ကြားဝင်ပြီး ညှိနှိုင်းခိုင်းလို့ရတာပေါ့..."

သူ့နောက်တွင်ရှိနေသော ဗလာတောင့်တောင့်ယောက်ျားကြီးများနှင့် ယှဉ်လျှင် ချင်ကျိုးတွင် ပိန်ပါးသည့်ခန္ဓာကိုယ်ရှိပြီး ဝတ်စုံပြည့်ဝတ်ထားသောကြောင့် ပညာတတ်ဟူသော အရိပ်အယောင်ကိုပေးစွမ်းနေသည်။ သို့သော်လည်း ဤအခြေအနေမျိုးတွင် ပညာတတ်လူမိုက်များမှာ ပို၍ကြောက်စရာကောင်းကြောင်း လူတိုင်းသိလေသည်။

ချင်ကျိုးက ရဲများကို လုံးဝမကြောက်သည့်ပုံပေါ်နေ၍ ဆိုင်ရှင်လည်း သူ၏ သဘောထားကို လျှော့ချလိုက်ပြီး ညှိနှိုးသလိုပြောလာသည်။
"တာ့ကောရယ် ကျွန်တော်မှာ တကယ်ပိုက်ဆံမရှိတာပါ... မစ္စတာလျှိုကို ကျွန်တော့်ကို ရက်နည်းနည်းလောက် အချိန်ပေးပါလားလို့ ပြောပေးလို့မရဘူးလားဗျာ?"

"မင်းမှာပိုက်ဆံမရှိဘူးပေါ့လေ?"
ဟူကျစ်က ထိုစကားကိုကြားသည်နှင့် ရှေ့တိုးလာပြီး ဆိုင်ရှင့်ကိုပါးရိုက်လိုက်သည်။
"မင်းမှာ စောက်ပိုက်ဆံမရှိဘူးဆို ဘာနဲ့လောင်းကစားလုပ်နေတာလဲ?"

အခြားဘော်ဒါများပါ ဝင်ရောက်ရိုက်နှက်ချင်နေပါသော်လည်း ချင်ကျိုး၏အကြည့်က သူတို့ကိုရပ်တန့်သွားစေခဲ့သည်။

ဆိုင်ရှင်ပြောသည့် "မစ္စတာလျှို" ဆိုသည်မှာ မြို့တော်တွင် ဖျော်ဖြေရေးကုမ္ပဏီများစွာကို စီမံခန့်ခွဲနေသည့် လျှိုယုံချန်ဖြစ်ပြီး ချင်ကျိုး၏အစ်ကိုကြီးလည်းဖြစ်သည်။

အတိတ်တုန်းက ချင်ကျိုးတစ်ယောင် ဘဝကို ရည်မှန်းချက်မဲ့စွာ ရှင်သန်နေချိန်တွင် လျှိုယုံချန်က သူ့ကို ဥပဒေပညာရပ်ကို သင်ကြားရန်အတွက် အပြည့်အဝထောက်ပံ့ပေးခဲ့သည်။ ချင်ကျိုးလည်း အောင်မြင်စွာ သင်ကြားပြီးနောက်တွင် သဘာဝကျစွာဖြင့် လျှိုယုံချန်၏ "တရားဝင်အကြံပေး"ဖြစ်လာပြီး လျှိုယုံချန်၏ တရားမဝင်လုပ်ငန်းများကို စီမံရတော့သည်။

ထို့ကြောင့် အကြွေးတောင်းသည့်ကိစ္စမျိုးလို လွယ်လွယ်ဖြင့် သွေးထွက်သံယိုဖြစ်နိုင်သော ကိစ္စမျိုးတွင် ချင်ကျိုးပါအတူရှိနေမှရတော့သည်။ မဟုတ်ပါက ဟူကျစ်ကဲ့သို့သော အတွေးအခေါ်မြင့်မြင့်မားမားမရှိသူများက ပြဿနာများဖြစ်လာစေတော့သည်။

"မင်းဖုန်းကိုပေးစမ်း..."
ချင်ကျိုးက အမိန့်ပေးလိုက်ပြီး ဆိုင်ရှင်ကိုယ်တိုင် မပေးလိုက်နိုင်ခင်တွင် ဟူကျစ်က သူ့ဆီမှ ဆွဲလုလိုက်လေသည်။

"ငါ့ဖုန်းထဲမှာလည်း ဘာပိုက်ဆံမှမရှိပါဘူး!"
ဆိုင်ရှင်က သူ့ဖုန်းကို ပြန်လုချင်သော်လည်း ကျားကြီးက သူ့ကိုကန်လွှတ်လိုက်၍ မြေကြီးပေါ်သို့ ဒူးထောက်ကျသွားသည်။ သို့သော်လည်း ချင်ကျိုးကိုမော့ကြည့်၍ပြောလိုက်သည်။
"ကျွန်တော့်ကို အချိန်သုံးရက်လေးပဲ ပေးနိုင်မလား တာ့ကောရယ်? သုံးရက်အတွင်း ပိုက်ဆံတွေသေချာပေါက် ပြန်ပေးပါ့မယ်!"

"စကားဝှက်..."
ချင်ကျိုးက မကြားသည့်ဟန်ဖြင့် ဖုန်းစခရင်ကို ကြည့်နေသည်။

"ကျွန်တော့်မှာ ပိုက်ဆံတကယ်မရှိတာပါ... ကျွန်တော့်ဖုန်း စကားဝှက်က ဘာသုံးလို့ရမှာလဲ?"
ဆိုင်ရှင်က သူ့တွင်ပိုက်ဆံမရှိပါဘူးဟု တွင်တွင်ငြင်းနေပြီး "ဝက်သေက ရေနွေးပူကိုမကြောက်"ဟူသော သဘောထားဖြင့် ပြောနေလေသည်။ သူကဆက်ပြောသေးသည်။
"ပြီးတော့ အခုခေတ် လူ့အသိုင်းအဝိုင်းက ဥပဒေပေါ်မှာ အခြေတည်ဖွဲ့စည်းထားတာ... နိုင်ငံက ရာဇဝတ်မှုတွေကို အမြစ်ဖြတ်သုတ်သင်ပြီး လူဆိုးတွေကိုဖယ်ထုတ်ဖို့ ပြောနေတာလေ... မင်းတို့တွေက ဘာတွေလုပ်နေကြတာလဲ?"

ချင်ကျိုးက ရယ်မောလိုက်ကာ ဆိုင်ရှင်ရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူ့ပါးများကိုပုတ်ကာပြောလိုက်သည်။
"ခင်ဗျားက ကျွန်တော့်ကို ဥပဒေအကြောင်း သင်ပေးနေတာလား?"

လျှိုယုံချန်နှင့်အတူတူ အချိန်အတော်ကြာကုန်ဆုံးခဲ့ပြီးနောက်တွင် ချင်ကျိုးက တရားခွင်၌ ဥပဒေရေးရာ ကျွမ်းကျင်သူနှင့် မည်မျှပင်တူနေစေကာမူ သူ့ကိုယ်တွင်းရှိ လူမိုက်လူရမ်းကားတစ်ယောက်၏ စိတ်ဝိဉာဉ်ကို မဖျက်နိုင်ဘဲရှိနေသည်။

"အခြားတစ်ယောက်ယောက်သာ အကြွေးလာတောင်းရင် အခုအချိန်ဆို ခင်ဗျားလက်ချောင်းတွေ ခုတ်ဖြတ်ခံလိုက်ရလောက်ပြီဆိုတာ သိလား?"
ချင်ကျိုးက ဆိုင်ရှင်၏မျက်နှာကို အသာဖွဖွရိုက်လိုက်သည်။

ဆိုင်ရှင်က ကိုယ်ကျုံ့သွားကာ ပခုံးများပင်ကျုံ့သွားပြီး ချင်ကျိုးက သွားရှုပ်လို့ရသော သူမဟုတ်ကြောင်း သတိပြုမိလိုက်ပြီး အသနားခံလေတော့သည်။
"သုံးရက်တည်းပါ တာ့ကောရယ်.. တောင်းဆိုပါတယ်..."

ချင်ကျိုးက ဆိုင်ရှင်၏ တောင်းဆိုမှုကိုလျစ်လျူရှုပြီး မျက်နှာကို စကန်ဖတ်ကာ ဖုန်းကိုဖွင့်လိုက်ပြီး ဖုန်းထဲရှိ ငွေလွှဲအက်ပလီကေးရှင်းကို ဖွင့်လိုက်သည်။ ဖုန်းကိုကြည့်နေရင်း မေးလိုက်သေးသည်။
"ခင်ဗျားမှာ ပိုက်ဆံဘာလို့မရှိတာတဲ့လဲ?"

"ကျွန်တော့် စီးပွားရေးက နေ့တိုင်းအရှုံးပေါ်နေ..."

"ဒါဆို လောင်းကစားလုပ်တာ ခင်ဗျားရဲ့စီးပွားရေးလား?"
ချင်ကျိုးက ဆိုင်ရှင်၏ ဆင်ခြေကိုကြားဖြတ်ပြောလိုက်သည်။
"ခင်ဗျားကိုရဲတိုင်ဖို့ ကူညီပေးလို့ရတယ်နော်... ပြီးရင်တော့ ခင်ဗျားနောက်ကိုဘယ်သူလိုက်လာမလဲ သိတယ်မဟုတ်လား?"

ဆံပင်ညှပ်ဆိုင်မှ ထွက်လာပြီးနောက်တွင် ဟူကျစ်က ချင်ကျိုးကိုကြည့်ပြီး ရတက်မအေးစွာမေးလာလေသည်။
"ချင်ကျိုး... ငါ စာအုပ်ထဲမှာဖတ်ဖူးတာကတော့ တစ်ယောက်ယောက်ကို အတင်းအကြပ်ပိုက်ဆံလွှဲပေးခိုင်းတာကလည်း ဓားပြတိုက်တယ်လို့ ယူဆလို့ရတယ်တဲ့... ဒီလိုဆို ငါတို့က ဓားပြမှုကိုကျူးလွန်နေတာမဟုတ်ဘူးလား?"

"မင်းလည်း စာအုပ်ဖတ်တယ်ပေါ့?"
ချင်ကျိုးက ဟူကျစ်ကို အံ့ဩတကြီးကြည့်လိုက်မိသည်။ ဝရမ်းပြေးတစ်ယောက်ကို 'ရာဇဝတ်မှုရေးရာဥပဒေစာအုပ်'ဖတ်နေစဉ်တွင် ဖမ်းမိခဲ့သည်ဟူသော လတ်တလောလေးကမှ သူဖတ်မိလိုက်သည့် သတင်းကို သတိရသွားမိသည်။ ဟူကျစ်၏ တက်တူးများပြည့်နေသော လက်မောင်းကိုကြည့်ပြီး အူမြူးလာမိတော့သည်။

"ရှူး...."
ဟူကျစ်က အနောက်တွင်ရှိနေသော ညီအစ်ကိုများကို လှမ်းကြည့်လိုက်သည်။
"ဒီတိုင်းစာဖတ်ရုံပါကွာ... သူတို့မသိကြဘူး.."

လူဆိုးပေါက်စလေးပင် တိတ်တိတ်လေး စာလေ့လာရမည့်အကြောင်းကိုသိနေလေပြီ။ ချင်ကျိုးတစ်ယောက် ခေါင်းဆောင်တစ်ယောက်အနေဖြင့် ကောင်းကောင်းကြီးလုပ်နိုင်ခဲ့ပုံပင်။

"ဒါကို ဓားပြမှုလို့ သတ်မှတ်လို့မရဘူး..."
ချင်ကျိုးကပြောသည်။
"ဓားပြမှုမှာ တရားမဝင်ပိုင်ဆိုင်မှုတွေပါတယ်... ငါတို့က ဘယ်သူ့ပိုင်ဆိုင်မှုတွေကို ယူနေတာလဲ? လျှိုယုံချန်ရဲ့ ပိုက်ဆံတွေမဟုတ်လား?"

"အိုး... ဟုတ်သားပဲ..."
ဟူကျစ်က တွေးစစဖြင့် ခေါင်းငြိမ့်လေသည်။ ချင်ကျိုးက သူတကယ်နားလည်သွားသလားမသိ၍ ဟူကျစ်၏ ခေါင်းအနောက်ဘက်ကို ပုတ်ပေးလိုက်သည်။
"ဦးနှောက်များများသုံးပေး..."

ဟူကျစ်က သူပုတ်ပေးလိုက်သည့်နေရာကို ကုတ်လိုက်ပြီး ပြောလိုက်သည်။
"စကားမစပ် ချင်ကျိုးရေ... အကြွေးယူထားတဲ့ ပေါက်စီဆိုင်ကလည်း ပြန်ဆပ်ရမယ့်အချိန်ကျော်နေပြီ....ငါတို့  ဒီနေ့သူတို့ဆီကော သွားလည်ကြဦးမှာလား?"

"ဟင့်အင်း..."
ချင်ကျိုးက ကားသော့ကိုထုတ်ပြီး သူ့ကားဆီသွားလိုက်သည်။
"အဲ့ဒီ့မိသားစုက တကယ်မချောင်လည်ကြတာ.. သူတို့ကို အချိန်ပိုပေးဖို့ ငါ လျှိုယုံချန်နဲ့ပြောပြီးပြီ.."

ချင်ကျိုးက နေ့တိုင်း တရားရုံးမသွားသလို အကြွေးလည်းမတောင်းပါချေ။ အချိန်အများစုတွင် သူ၏ ကားပြင်ဆိုင်လေးတွင်သာ နေလေ့ရှိသည်။

ကားပြင်ဆိုင်လေးမှာ လမ်းထိပ်စတိုးဆိုင်၏ မြေညီထပ်တွင်ရှိလေသည်။ ဘေးခန်းကအဟောင်းဆိုင်လေးဖြစ်ပြီး အပေါ်ထပ်တွင်  ဥပဒေအကျိုးဆောင် ကုမ္ပဏီအသေးစားလေးတစ်ခုရှိသည်။  ချင်ကျိုး၏ ရှေ့နေလိုင်စင်ကို ထိုကုမ္ပဏီ၏ နံရံတွင်ချိတ်ထားသည်။ အခါအားလျော်စွာဖြင့် သာမန် တိုင်ကြားမှုများ၊ ရန်ပွဲအတွက် တရားစွဲဆိုမှုများကို ဖြေရှင်းပေးလေ့ရှိသော်လည်း သူ၏အဓိက အလုပ်မှာကားပြင်ဆိုင်ဖွင့်ခြင်းပင်ဖြစ်သည်။

များသောအားဖြင့် ချင်ကျိုးနှင့် ပထမဆုံးတွေ့သည့်လူတိုင်းက လျှိုယုံချန်၏ အခြားနောက်လိုက်များလို ပညာမတတ်သည့် လူမိုက်တစ်ယောက်ဟု ထင်ကြလေသည်။ သို့သော်လည်း အမှန်တကယ်တွင် ချင်ကျိုးတစ်ယောက် အချိန်ပိုင်းရှေ့နေလုပ်ခဲ့သည့် နှစ်များအတွင်း ဘယ်သောအခါမှ အမှုရှုံးဖူးခြင်းမရှိပေ။

လူမိုက်များက ကြောက်စရာမကောင်းဘဲ တကယ်ကြောက်စရာကောင်းသည်မှာ ပညာတတ်လူမိုက်များသာဖြစ်ပေသည်ဟု ပြောစမှတ်ရှိကြသည်။ ထိုဆိုရိုးမှာ ချင်ကျိုးကို ပြီးပြည့်စုံစွာ ဖော်ပြနိုင်သည့်ဆိုရိုးပင်။

ကားပြင်ဆိုင်သို့ပြန်ရောက်ပြီး ထိုင်ဖို့ပြင်မပြင်ရသေးချိန်တွင် ဆိုင်အဝင်ဝတွင် ရဲကားတစ်စီးရပ်လာသည်။

ကြုံ့တောင့်ကြုံခဲဧည့်သည်တော်ကြီး ဖြစ်မှန်းသိလိုက်၍ ချင်ကျိုးဘက်ကစ၍ နှုတ်ဆက်လိုက်သည်။
"အရာရှိရန်... ဒီနေ့အလုပ်မများဘူးပေါ့လေ?"

ရိုးရိုးအရပ်ဝတ် အဝတ်အစားကို ဝတ်ဆင်ထားသော ဆံပင်တိုတိုဖြင့် ရဲမေတစ်ဦးက ကားပေါ်မှဆင်းလာသည်။ သူမက အသက်သုံးဆယ့်ငါးနှစ်ဝန်းကျင် ရှိနေဖြစ်သော ချင်ကျိုး၏ မိတ်ဆွေဟောင်းကြီး ရန်ဝမ်လီပင်။

ရန်ဝမ်လီ ပတ္တရောင်လှည့်သည့်ရဲအရာရှိအဖြစ် တာဝန်ကျချိန်တွင် ချင်ကျိုးက သူမနှင့် မကြာခဏဆုံတွေ့ရလေ့ရှိသည်။ သို့သော်လည်း ရန်ဝမ်လီတစ်ယောက် ရာဇဝတ်မှု စုံစမ်း စစ်ဆေးရေးဌာနသို့ ပြောင်းရွှေ့သွားချိန်တွင် အချင်းချင်း သိပ်မတွေ့ဖြစ်ကြတော့ပေ။ ထို့ကြောင့် ရန်ဝမ်လီ၏ ရုတ်တရက်ရောက်ချလာမှုက ချင်ကျိုးကို အံ့ဩသွားစေခြင်းပင်ဖြစ်သည်။

"ငါနင်နဲ့ ဆွေးနွေးစရာရှိတယ်... နောက်ရက်အတွင်းမှာ စုံစမ်းစစ်ဆေးရေးအတွင် နင့်ရဲ့ပူးပေါင်းမှုကိုလိုအပ်တဲ့ အမှုတစ်ခုရှိလောက်တယ်..."
ရန်ဝမ်လီက သူမ၏အလုပ်တွင် အမြဲတမ်း မြန်ဆန်ပြီး ကျွမ်းကျင်နေသကဲ့သို့ အပိုဆာဒါးပြောဆိုနေမှုများကို ကျော်ခွကာ လိုချင်သည့်အချက်ကို တိုက်ရိုက်ပြောလိုက်သည်။

ချင်ကျိုးဆိုသည်မှာ ပြဿနာရှာရတာကြိုက်သည့် ညီအစ်ကိုများဖြင့် ပတ်ပတ်လည်ဝိုင်းနေသည်ဖြစ်ရာ ထိုကဲ့သို့သော ကိစ္စမျိုးက သူ့အတွက် သာမန်လုပ်ရိုးလုပ်စဉ်လိုပင်ဖြစ်သည်။ သူက တည်ငြိမ်စွာပြန်မေးလိုက်သည်။
"ဘာအမှုလဲ?"

"အခုတလော နာမည်ကြီးနေတဲ့ မုဒိမ်းမှုကို နင်သိတယ်မဟုတ်လား? ဒီနေ့ စစ်ဆေးတဲ့အမှုလေ.."
ရန်ဝမ်လီပြောလိုက်သည်။

"သိတယ်လေ..."
ချင်ကျိုးက ထိုအမှုအကြောင်းသိသည့်အပြင် အမှုစစ်ဆေးနေချိန်တွင် တရားခွင်၌ပင်ရှိနေသေးသည်။ တရားခွင်အတွင်း အုတ်အော်သောင်းတင်းဖြစ်သွားသည်ကို ပြန်တွေးနေရင်း တစ်ခုခုတော့ဖြစ်သွားခဲ့ပုံပင်။ ထိုကိစ္စက သူနှင့် ဘာသက်ဆိုင်သလဲသာ မသိခြင်းဖြစ်သည်။

"တရားခံကို အမိန့်ချခါနီးမှာ တရားခံက သူ့ရဲ့ ထောင်ဒဏ်ကိုလျှော့ပေါ့အောင်လို့ ကောင်းမွန်တဲ့လုပ်ဆောင်ချက်အနေနဲ့ တစ်ခုခုကိုသတင်းပေးခဲ့တယ်..."
ရန်ဝမ်လီ၏ အမူအရာက ချက်ချင်းဆိုသလို ပျက်ယွင်းသွားပြီး ပြောရမည့်စကားလုံးကို ဂရုတစိုက်ရွေးချယ်နေရဟန်ဖြင့် တုန့်ဆိုင်းနေသည့်အမူအရာများကိုပြသလာသည်။
"တရားခံက ပြောတယ်... သူက တောင်ပိုင်းအကျဉ်းထောင်ထဲမှာ ဝမ်တရုန်ဆိုတဲ့သူရှိ..."

"ဝမ်တရုန်?"
ချင်ကျိုးက ထိုနာမည်ကိုကြားသည်နှင့် မှတ်ဉာဏ်ဟောင်းများကို ပြန်လည်တူးဆွမိလိုက်ဟန်ဖြင့် မျက်မှောင်ကြုတ်မိသွားကာ ရန်ဝမ်လီကို စကားဖြတ်ပြောမိလိုက်သည်။

"ဟုတ်တယ်..."
ရန်ဝမ်လီက စကားပြောရပ်လိုက်ပြီးမှ ချင်ကျိုး၏ခံစားချက်များကို သတိပြုမိဟန်ဖြင့် သတိဖြင့်ပြောလိုက်သည်။
"သူက နင့်မိဘတွေကို မတော်တဆမှု ဖြစ်စေခဲ့တဲ့လူပဲ..."

ချင်ကျိုး၏ အမူအရာက ခဏမျှတောင့်ခဲသွားသော်လည်း ချက်ချင်းစိတ်ပြန်ငြိမ်သွားကာ မေးလိုက်သည်။
"အဲ့ဒီ့တော့?"

မတော်တဆမှုဖြစ်ပွားခဲ့သည်မှာ ကိုးနှစ်ပင်ကြာမြင့်ပြီဖြစ်၍ ချင်းကျိုးလည်း ထိုခံစားချက်များမှ ရုန်းထွက်နိုင်သည်မှာ ကြာလှပြီဖြစ်သည်။ တစ်ခါတစ်ရံထိုအကြောင်းတွေးမိသော်လည်း သူ့နှလုံးသားထဲတွင် လှိုင်းထသွားအောင်ပင် သိပ်မလုပ်နိုင်တော့ပေ။

သို့သော်လည်း ရန်ဝမ်လီဆက်ပြောလာသည့်စကားများက ငြိမ်သက်နေသော ကန်ရေပြင်ထဲ လေးလံလှသောကျောက်တုံးကြီး ပစ်ချလိုက်သကဲ့သို့ ချင်ကျိုး၏ ငြိမ်သက်အေးချမ်းနေသော ဘဝကိုလုံးလုံးလျားလျား မွှေနှောက်ဖျက်ဆီးလိုက်လေသည်။

"တရားခံက ဝမ်တရုန်က တရားသူကြီးတစ်ယောက်နဲ့သူ့ဇနီးကို သေဆုံးစေတဲ့ ကားမတော်တဆမှုဖြစ်အောင်  တမင်ဆွပေးခဲ့တာလို့ ထောင်ထဲမှာပြောခဲ့ဖူးတယ်လို့ ပြောပြတယ်..."

ထိုစကားများက ချင်ကျိုး၏နားအတွင်းသို့ မိုးခြိမ်းသလို ဝင်ရောက်လာပြီး သူ့စိတ်တစ်ခုလုံးကို ဗလာကျင်းသွားစေသည်။

ရန်ဝမ်လီ၏ ပြောလိုက်သည့်စကားများကြောင့်သာ မဟုတ်လျှင် ချင်ကျိုးက သူ့ကိုယ်သူ ပညာတတ်မိသားစုတစ်ခုတွင် မွေးဖွားလာခဲ့ကြောင်း မေ့လုနီးပါးပင်ဖြစ်နေပြီဖြစ်သည်။ သူ့အဖေက တရားသူကြီးတစ်ယောက်ဖြစ်ပြီး ပုံမှန်အခြေအနေဆိုလျှင် ချင်ကျိုးလည်း ထိုလမ်းအတိုင်းလျှောက်ရမည်သာဖြစ်သည်။

သို့သော်လည်း သူ ယခုလို လုံးလုံးလျားလျားကွာခြားနေသည့်ဘဝဖြင့် အဆုံးသတ်သွားရသည်မှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဖြစ်ပွားခဲ့သည့် အဆိုပါ"ကားမတော်တဆမှု"ကြောင့်ပင်ဖြစ်သည်။

သူ့မှတ်ဉာဏ်အတွင်းရှိ ပုံရိပ်များက ဝေဝါးသွားခဲ့ပြီဖြစ်ပြီး ချင်ကျိုးမနည်းကိုပြန်တွေးနေရသော်လည်း မည်သည့် အသေးစိတ်အချက်အလက်များကိုမှ မမှတ်မိနိုင်တော့ပေ။

သို့သော်လည်း ထိုအချိန်တွင် ချင်ကျိုးပိုမိုစိတ်ပူပန်နေသည့် ကိစ္စတစ်ခုမှာ—

ယန်းရှီးယွီက ထိုမုဒိမ်းမှု၏ ခေါင်းဆောင်တရားသူကြီးဖြစ်သည်။ ထိုအကြောင်းကိုကြားပြီးနောက်တွင် သူဘယ်လိုတုန့်ပြန်မှုမျိုးလုပ်မလဲ ဆိုသည်ကိုပင်။

*****
3198
26.11.2023

ကိုယ်ကျွမ်းကျင်တဲ့နယ်ပယ်မဟုတ်တာကို ယူမိပြီး စကားလုံးတွေကိုမသိလို့ တိုင်ပတ်နေလိုက်တာ ဒီတစ်ပိုင်းလေးကို လေးနာရီလောက်ပြန်လိုက်ရတယ်

စကားလုံးတွေ အသုံးအစွဲတွေမှားရင်ထောက်ပြပေးကြပါဦးနော် 🛐







#Zawgyi

အခန္း (၁)
ပညာတတ္လူရမ္းကား
<<<<<

သူ႔ေဘာင္းဘီအိတ္ကပ္ထဲတြင္ရွိေနေသာ ဖုန္းက ႐ုတ္တရက္တုန္ခါလာခ်ိန္၌ လူသူကင္းမဲ့ေနေသာ တရားခြင္ထဲတြင္ လူတစ္ဦးခ်င္းစီ စတင္ထြက္ေပၚလာေတာ့သည္။

ခ်င္က်ိဳးက ေခါင္းကို ေအာက္ငုံ႔၍ ၾကည့္လိုက္ေသာ္လည္း သူ႔ဖုန္းကို အျပင္ထုတ္၍မၾကည့္ရေသးခင္တြင္ တရားသူႀကီးသုံးဦးက တံခါးမွဝင္လာ၍ သူ၏လုပ္ရပ္ကို ေႏွာင့္ယွက္လိုက္သည္။

တရားခြင္နားခ်ိန္က ကုန္ဆုံးသြားၿပီျဖစ္၍ အေရးအႀကီးဆုံးဖုန္းေကာလ္ဆိုလွ်င္ပင္ ခ်ပစ္ရေပမည္။

တရားၿပိဳင္ကို ဘီလစ္စာေရးမွ တရားခြင္ထဲသို႔ ျပန္လည္ေခၚေဆာင္လာခဲ့ၿပီး တရားသူႀကီးခ်ဳပ္မွာ တရား႐ုံးသုံးတူကို ေအာက္သို႔႐ိုက္ခ်လိုက္ၿပီး အမူအရာမဲ့ေနေသာမ်က္ႏွာထားႏွင့္ေျပာလိုက္သည္။
"အခု တရားခြင္ထဲမွာ စီရင္ခ်က္ခ်ေတာ့မယ္..."

ရာဇဝတ္မႈအေသးစားအတြက္ ေခ်ပခ်က္ဗ်ဴဟာမွာ မွားယြင္းေနျခင္းမရွိသည့္အတြက္ အဆုံးတြင္ေတာ့ တရားသူႀကီးမင္းမွာ ခ်င္က်ိဳး၏ ေလွ်ာက္လဲခ်က္ခ်က္ကို လက္ခံလိုက္ၿပီး တရားၿပိဳင္၏ ျပစ္ဒဏ္ကိုေလွ်ာ့ခ်ေပးလိုက္သည္။

"ေရွ႕ေနခ်င္ရယ္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ဗ်ာ!"
တရားၿပိဳင္မွာ ခ်င္က်ိဳးကို အဆက္မျပတ္ေက်းဇူးစကားဆိုေနသည္။
"အခုကစၿပီးေတာ့ ကြၽန္ေတာ္ ဥပေဒလိုက္နာတဲ့ ႏိုင္ငံသားေကာင္းတစ္ေယာက္ျဖစ္လာေအာင္ ေသခ်ာေပါက္လုပ္မွာပါ!"

ျပစ္မႈက်ဴးလြန္သူအမ်ားစုက ျပစ္ဒဏ္ခ်မွတ္ခံလိုက္ရၿပီးေနာက္တြင္ ထိုသို႔ေျပာဆိုၾကေသာ္လည္း ေထာင္မွလြတ္ၿပီးေနာက္တြင္ ထိုစကားမ်ားကို ရင္ထဲတကယ္ထည့္သည္လားကေတာ့ အျခားကိစၥပင္ျဖစ္သည္။

ခ်င္က်ိဳးက တရားၿပိဳင္ကိုစကားအနည္းငယ္ေျပာၿပီး ႏွစ္သိမ့္ေပးလိုက္ကာ ေထာင္ထဲေရာက္ေနခ်ိန္တြင္ ပိုမိုသင္ယူလာရန္ႏွင့္ တရားခြင္ထဲမွ အျပင္သို႔ေရာက္သည္ႏွင့္ ဟူက်စ္ကိုဖုန္းေခၚပါရန္ ေျပာလိုက္သည္။

တရား႐ုံး၏ေကာ္ရစ္ဒါတြင္ တိတ္ဆိတ္ကာ လူသူကင္းရွင္းေနၿပီး ေလထုတစ္ခုလုံးကတင္းၾကပ္ေနလ်က္ရွိသည္။ သို႔ေသာ္လည္း ခ်င္က်ိဳး၏ဖုန္းမွ အခ်က္ေပးသံတစ္ခုထြက္သည္ႏွင့္တစ္ၿပိဳင္နက္ ေဘးခ်င္းကပ္ရပ္မွ ရာဇဝတ္မႈတရားခြင္ထဲတြင္ အုတ္ေအာ္ေသာင္းတင္းျဖစ္သြားေလသည္။ ပေရာ္ဖက္ရွင္နယ္ က်က်ဝတ္ဆင္ထားေသာ အမ်ိဳးသမီးတစ္ေယာက္က သူမ၏ဖုန္းထဲသို႔ေအာ္ဟစ္ေနရင္း အျပင္သို႔ေျပးထြက္လာသည္။
"ဒီမွာ အေရးႀကီးသတင္းတစ္ခုရွိေနတယ္... မနက္ျဖန္အတြက္ သတင္းေခါင္းစီးပိုင္းကို ငါ့အတြက္သိမ္းေပးထားလိုက္ေတာ့!"

သူမက သတင္းေထာက္တစ္ေယာက္ပင္။

ခ်င္က်ိဳး၏စိတ္ထဲတြင္ ထိုအေတြးသာထြက္ေပၚလာသည္။

သူမွတ္မိတာ မွန္သည္ဆိုလွ်င္ ေဘးခ်င္းကပ္ရပ္မွရာဇဝတ္မႈတရားခြင္တြင္ နာမည္ႀကီးမုဒိမ္းမႈတစ္ခုကိုကိုင္တြယ္ေနၿပီး ေခါင္းေဆာင္တရားသူႀကီးမွာ သူ၏ မိတ္ေဆြႀကီး ယန္းရွီးယြီပင္ျဖစ္သည္။

အျခားေန႔တစ္ေန႔ျဖစ္ပါလွ်င္ ခ်င္က်ိဳးက ထိုတရားခြင္သို႔သြားကာ စိတ္လႈပ္ရွားစရာကိစၥထဲ ပါဝင္လိုက္ၿပီး အေရးႀကီးသတင္းဆိုသည္ကို သြားၾကည့္မည္ျဖစ္သည္။ သို႔ေသာ္လည္း ကံဆိုးစြာျဖင့္ ယေန႔တြင္ သူ သြားရမည့္ ကိစၥတစ္ခုရွိေနၿပီး တရား႐ုံးထဲတြင္ အခ်ိန္ျဖဳန္းရန္အတြက္ အခ်ိန္သိပ္မရွိေပ။

"ခ်င္က်ိဳး... မင္းဘယ္ေတာ့လာမွာလဲ?"
ဖုန္းထဲမွာ ဟူက်စ္၏အသံက ဟိန္းထြက္လာၿပီး ခ်င္က်ိဳး၏စပ္စုခ်င္စိတ္မ်ားကို လြင့္ပါးသြားေစခဲ့သည္။
"ဒီေကာင္ေတြကေစာင့္ေနရတာ စိတ္မရွည္ျဖစ္ေနကုန္ၿပီကြ...."

"ဘာေတြ အလွ်င္လိုေနရတာလဲ?"
ခ်င္က်ိဳးက သူ၏အၾကည့္မ်ားကို ဆူညံပြက္ေလာ႐ိုက္ေနေသာ ေဘးခ်င္းကပ္ရပ္မွ ရာဇဝတ္မႈတရားခြင္မွ ခြာလိုက္သည္။
"ငါတရားခြင္ထဲေရာက္ေနတယ္လို႔ ေျပာတယ္မဟုတ္ဘူးလား?"

တရား႐ုံး၏ ကားပါကင္သို႔ေရာက္ခ်ိန္တြင္ ခ်င္က်ိဳးက သူ႔ကား၏ ယာဥ္ေမာင္းထိုင္ခုံတြင္ ထိုင္လိုက္ၿပီး ေနာက္ၾကည့္မွန္ကို ခ်ိန္ညႇိလိုက္ကာ သူ႔နက္ခ္တိုင္ကို ဂ႐ုမထားဘဲေျဖခ်လိုက္ၿပီး ရွပ္အက်ႌမွထိပ္ဆုံးၾကယ္သီးကိုပါ ျဖဳတ္လိုက္သည္။

ဂ်ယ္မ်ားျဖင့္ ေသခ်ာၿဖီးသင္ထားေသာ သူ၏ဆံပင္မ်ားကို ဖြလိုက္ၿပီးေနာက္တြင္ မွန္ထဲရွိ ေျဖာင့္မတ္တည္ၾကည္လွေသာ ႐ုပ္ရည္သြင္ျပင္ရွိေနသည့္ လူငယ္ေလးမွာ ႐ုတ္တရက္ဆိုသလိုအနည္းငယ္မွ် အက်င့္စာရိတၱယိုယြင္းသြားသည့္ပုံေပါက္သြားသည္။

ခ်င္က်ိဳးက မ်ားေသာအားျဖင့္ ဝတ္စုံျပည့္ဝတ္ေလ့မရွိေသာ္လည္း တရားသူႀကီးမ်ားထံမွ အထင္အျမင္ေကာင္းရေစရန္အတြက္ အရည္အေသြးျမင့္ ကြၽမ္းက်င္လွေသာ ေရွ႕ေနတစ္ဦး၏ပုံစံႏွင့္တူေစရန္အတြက္ ထိပ္တန္းအဆင့္ပေရာ္ဖက္ရွင္နယ္တစ္ေယာက္ ဟူေသာပုံရိပ္ကို ျပသရန္လိုအပ္ေပသည္။

အက်ႌလက္ကို လက္ဖ်ံအထိေရာက္ေအာင္ လိပ္တင္လိုက္ၿပီးေနာက္တြင္ သူ႔ႏႈတ္ခမ္းဖ်ား၌ ေဆးလိပ္တစ္လိပ္ကို ခဲလိုက္ေတာ့သည္။ ထိုအခ်ိန္တြင္ ခ်င္က်ိဳးမွာ မတိုင္မီက တရားခြင္တြင္ အစိုးရေရွ႕ေနႏွင့္ စကားစစ္ပြဲဆင္ႏႊဲခဲ့သည့္ ပုံရိပ္ႏွင့္ လုံးဝဆန႔္က်င္ဘက္ျဖစ္ေသာ သူ၏ပုံမွန္လို ပူပင္ေၾကာင့္ၾကမဲ့သည့္ ပုံရိပ္အျဖစ္သို႔ ျပန္လည္ေရာက္ရွိသြားေလသည္။

ဆယ္မိနစ္ၾကာၿပီးေနာက္တြင္ ခ်င္က်ိဳးက သူ႔ကားကို ဆံပင္ညႇပ္ဆိုင္ေရွ႕တြင္ ပါကင္ထိုးလိုက္သည္။

ဟူက်စ္ႏွင့္ အျခားေဘာ္ဒါမ်ားမွာ ေစာင့္ေနတာအေတာ္ၾကာေနၿပီျဖစ္သည္။ ခ်င္က်ိဳးကိုေတြ႕သည္ႏွင့္ သူ႔ကိုဝန္းရံလိုက္ၿပီး ဆံပင္ညႇပ္ဆိုင္၏ စတိုခန္းထဲသို႔ တည့္တည့္သြားလိုက္ေတာ့သည္။

ဆံပင္ညႇပ္ဆိုင္မွ ဝန္ထမ္းတစ္ေယာက္ကမွ ခ်င္က်ိဳးကိုမတားရဲေခ်။ ျပည့္က်ပ္ေနေသာ စတိုခန္းထဲတြင္ ဆိုင္ပိုင္ရွင္မွာ ေထာင့္နားေလး၌ ကုပ္ကုပ္ေလးေနေနကာ တစ္ကိုယ္လုံးတုန္ရီေနေလသည္။ သို႔ေသာ္လည္း သူ႔လည္ပင္းသူဆန႔္ရင္း ခ်င္က်ိဳးကို လွမ္းေအာ္လိုက္ေသးသည္။
"အျပင္မွာပဲစကားထြက္ေျပာရေအာင္ပါ! မင္းတို႔ေကာင္ေတြျပႆနာရွာရင္ ငါရဲကိုေခၚေတာ့မွာေနာ္!"

အေႂကြးယူသူမ်ားမွာ ထိုသို႔သာျဖစ္သည္။ အေႂကြးေတာင္းသူမ်ားက အေတာ္ေလးလြန္လာလွ်င္ ရဲေခၚလိုက္မည္ဟု ေအာ္ေျပာၾကမည္သာျဖစ္သည္။

"ေခၚလိုက္စမ္းပါ..."
ခ်င္က်ိဳးက အိတ္ကပ္ထဲ လက္ထည့္လိုက္ၿပီး သူ႔ေျခေထာက္နားတြင္ရွိေနေသာ ထိုင္ခုံကိုကန္လိုက္သည္။ ထို႔ေနာက္တြင္ ဆိုင္ရွင္အနားသို႔ ေျခလွမ္းတစ္လွမ္းခ်င္း လွမ္းၿပီး သြားလိုက္ေလသည္။
"ငါတို႔လည္း ရဲေတြကို ၾကားဝင္ၿပီး ညႇိႏႈိင္းခိုင္းလို႔ရတာေပါ့..."

သူ႔ေနာက္တြင္ရွိေနေသာ ဗလာေတာင့္ေတာင့္ေယာက္်ားႀကီးမ်ားႏွင့္ ယွဥ္လွ်င္ ခ်င္က်ိဳးတြင္ ပိန္ပါးသည့္ခႏၶာကိုယ္ရွိၿပီး ဝတ္စုံျပည့္ဝတ္ထားေသာေၾကာင့္ ပညာတတ္ဟူေသာ အရိပ္အေယာင္ကိုေပးစြမ္းေနသည္။ သို႔ေသာ္လည္း ဤအေျခအေနမ်ိဳးတြင္ ပညာတတ္လူမိုက္မ်ားမွာ ပို၍ေၾကာက္စရာေကာင္းေၾကာင္း လူတိုင္းသိေလသည္။

ခ်င္က်ိဳးက ရဲမ်ားကို လုံးဝမေၾကာက္သည့္ပုံေပၚေန၍ ဆိုင္ရွင္လည္း သူ၏ သေဘာထားကို ေလွ်ာ့ခ်လိုက္ၿပီး ညႇိႏႈိးသလိုေျပာလာသည္။
"တာ့ေကာရယ္ ကြၽန္ေတာ္မွာ တကယ္ပိုက္ဆံမရွိတာပါ... မစၥတာလွ်ိဳကို ကြၽန္ေတာ့္ကို ရက္နည္းနည္းေလာက္ အခ်ိန္ေပးပါလားလို႔ ေျပာေပးလို႔မရဘူးလားဗ်ာ?"

"မင္းမွာပိုက္ဆံမရွိဘူးေပါ့ေလ?"
ဟူက်စ္က ထိုစကားကိုၾကားသည္ႏွင့္ ေရွ႕တိုးလာၿပီး ဆိုင္ရွင့္ကိုပါး႐ိုက္လိုက္သည္။
"မင္းမွာ ေစာက္ပိုက္ဆံမရွိဘူးဆို ဘာနဲ႔ေလာင္းကစားလုပ္ေနတာလဲ?"

အျခားေဘာ္ဒါမ်ားပါ ဝင္ေရာက္႐ိုက္ႏွက္ခ်င္ေနပါေသာ္လည္း ခ်င္က်ိဳး၏အၾကည့္က သူတို႔ကိုရပ္တန႔္သြားေစခဲ့သည္။

ဆိုင္ရွင္ေျပာသည့္ "မစၥတာလွ်ိဳ" ဆိုသည္မွာ ၿမိဳ႕ေတာ္တြင္ ေဖ်ာ္ေျဖေရးကုမၸဏီမ်ားစြာကို စီမံခန႔္ခြဲေနသည့္ လွ်ိဳယုံခ်န္ျဖစ္ၿပီး ခ်င္က်ိဳး၏အစ္ကိုႀကီးလည္းျဖစ္သည္။

အတိတ္တုန္းက ခ်င္က်ိဳးတစ္ေယာင္ ဘဝကို ရည္မွန္းခ်က္မဲ့စြာ ရွင္သန္ေနခ်ိန္တြင္ လွ်ိဳယုံခ်န္က သူ႔ကို ဥပေဒပညာရပ္ကို သင္ၾကားရန္အတြက္ အျပည့္အဝေထာက္ပံ့ေပးခဲ့သည္။ ခ်င္က်ိဳးလည္း ေအာင္ျမင္စြာ သင္ၾကားၿပီးေနာက္တြင္ သဘာဝက်စြာျဖင့္ လွ်ိဳယုံခ်န္၏ "တရားဝင္အႀကံေပး"ျဖစ္လာၿပီး လွ်ိဳယုံခ်န္၏ တရားမဝင္လုပ္ငန္းမ်ားကို စီမံရေတာ့သည္။

ထို႔ေၾကာင့္ အေႂကြးေတာင္းသည့္ကိစၥမ်ိဳးလို လြယ္လြယ္ျဖင့္ ေသြးထြက္သံယိုျဖစ္ႏိုင္ေသာ ကိစၥမ်ိဳးတြင္ ခ်င္က်ိဳးပါအတူရွိေနမွရေတာ့သည္။ မဟုတ္ပါက ဟူက်စ္ကဲ့သို႔ေသာ အေတြးအေခၚျမင့္ျမင့္မားမားမရွိသူမ်ားက ျပႆနာမ်ားျဖစ္လာေစေတာ့သည္။

"မင္းဖုန္းကိုေပးစမ္း..."
ခ်င္က်ိဳးက အမိန႔္ေပးလိုက္ၿပီး ဆိုင္ရွင္ကိုယ္တိုင္ မေပးလိုက္ႏိုင္ခင္တြင္ ဟူက်စ္က သူ႔ဆီမွ ဆြဲလုလိုက္ေလသည္။

"ငါ့ဖုန္းထဲမွာလည္း ဘာပိုက္ဆံမွမရွိပါဘူး!"
ဆိုင္ရွင္က သူ႔ဖုန္းကို ျပန္လုခ်င္ေသာ္လည္း က်ားႀကီးက သူ႔ကိုကန္လႊတ္လိုက္၍ ေျမႀကီးေပၚသို႔ ဒူးေထာက္က်သြားသည္။ သို႔ေသာ္လည္း ခ်င္က်ိဳးကိုေမာ့ၾကည့္၍ေျပာလိုက္သည္။
"ကြၽန္ေတာ့္ကို အခ်ိန္သုံးရက္ေလးပဲ ေပးႏိုင္မလား တာ့ေကာရယ္? သုံးရက္အတြင္း ပိုက္ဆံေတြေသခ်ာေပါက္ ျပန္ေပးပါ့မယ္!"

"စကားဝွက္..."
ခ်င္က်ိဳးက မၾကားသည့္ဟန္ျဖင့္ ဖုန္းစခရင္ကို ၾကည့္ေနသည္။

"ကြၽန္ေတာ့္မွာ ပိုက္ဆံတကယ္မရွိတာပါ... ကြၽန္ေတာ့္ဖုန္း စကားဝွက္က ဘာသုံးလို႔ရမွာလဲ?"
ဆိုင္ရွင္က သူ႔တြင္ပိုက္ဆံမရွိပါဘူးဟု တြင္တြင္ျငင္းေနၿပီး "ဝက္ေသက ေရေႏြးပူကိုမေၾကာက္"ဟူေသာ သေဘာထားျဖင့္ ေျပာေနေလသည္။ သူကဆက္ေျပာေသးသည္။
"ၿပီးေတာ့ အခုေခတ္ လူ႔အသိုင္းအဝိုင္းက ဥပေဒေပၚမွာ အေျခတည္ဖြဲ႕စည္းထားတာ... ႏိုင္ငံက ရာဇဝတ္မႈေတြကို အျမစ္ျဖတ္သုတ္သင္ၿပီး လူဆိုးေတြကိုဖယ္ထုတ္ဖို႔ ေျပာေနတာေလ... မင္းတို႔ေတြက ဘာေတြလုပ္ေနၾကတာလဲ?"

ခ်င္က်ိဳးက ရယ္ေမာလိုက္ကာ ဆိုင္ရွင္ေရွ႕တြင္ ေဆာင့္ေၾကာင့္ထိုင္ခ်လိုက္ၿပီး သူ႔ပါးမ်ားကိုပုတ္ကာေျပာလိုက္သည္။
"ခင္ဗ်ားက ကြၽန္ေတာ့္ကို ဥပေဒအေၾကာင္း သင္ေပးေနတာလား?"

လွ်ိဳယုံခ်န္ႏွင့္အတူတူ အခ်ိန္အေတာ္ၾကာကုန္ဆုံးခဲ့ၿပီးေနာက္တြင္ ခ်င္က်ိဳးက တရားခြင္၌ ဥပေဒေရးရာ ကြၽမ္းက်င္သူႏွင့္ မည္မွ်ပင္တူေနေစကာမူ သူ႔ကိုယ္တြင္းရွိ လူမိုက္လူရမ္းကားတစ္ေယာက္၏ စိတ္ဝိဉာဥ္ကို မဖ်က္ႏိုင္ဘဲရွိေနသည္။

"အျခားတစ္ေယာက္ေယာက္သာ အေႂကြးလာေတာင္းရင္ အခုအခ်ိန္ဆို ခင္ဗ်ားလက္ေခ်ာင္းေတြ ခုတ္ျဖတ္ခံလိုက္ရေလာက္ၿပီဆိုတာ သိလား?"
ခ်င္က်ိဳးက ဆိုင္ရွင္၏မ်က္ႏွာကို အသာဖြဖြ႐ိုက္လိုက္သည္။

ဆိုင္ရွင္က ကိုယ္က်ဳံ႔သြားကာ ပခုံးမ်ားပင္က်ဳံ႔သြားၿပီး ခ်င္က်ိဳးက သြားရႈပ္လို႔ရေသာ သူမဟုတ္ေၾကာင္း သတိျပဳမိလိုက္ၿပီး အသနားခံေလေတာ့သည္။
"သုံးရက္တည္းပါ တာ့ေကာရယ္.. ေတာင္းဆိုပါတယ္..."

ခ်င္က်ိဳးက ဆိုင္ရွင္၏ ေတာင္းဆိုမႈကိုလ်စ္လ်ဴရႈၿပီး မ်က္ႏွာကို စကန္ဖတ္ကာ ဖုန္းကိုဖြင့္လိုက္ၿပီး ဖုန္းထဲရွိ ေငြလႊဲအက္ပလီေကးရွင္းကို ဖြင့္လိုက္သည္။ ဖုန္းကိုၾကည့္ေနရင္း ေမးလိုက္ေသးသည္။
"ခင္ဗ်ားမွာ ပိုက္ဆံဘာလို႔မရွိတာတဲ့လဲ?"

"ကြၽန္ေတာ့္ စီးပြားေရးက ေန႔တိုင္းအရႈံးေပၚေန..."

"ဒါဆို ေလာင္းကစားလုပ္တာ ခင္ဗ်ားရဲ႕စီးပြားေရးလား?"
ခ်င္က်ိဳးက ဆိုင္ရွင္၏ ဆင္ေျခကိုၾကားျဖတ္ေျပာလိုက္သည္။
"ခင္ဗ်ားကိုရဲတိုင္ဖို႔ ကူညီေပးလို႔ရတယ္ေနာ္... ၿပီးရင္ေတာ့ ခင္ဗ်ားေနာက္ကိုဘယ္သူလိုက္လာမလဲ သိတယ္မဟုတ္လား?"

ဆံပင္ညႇပ္ဆိုင္မွ ထြက္လာၿပီးေနာက္တြင္ ဟူက်စ္က ခ်င္က်ိဳးကိုၾကည့္ၿပီး ရတက္မေအးစြာေမးလာေလသည္။
"ခ်င္က်ိဳး... ငါ စာအုပ္ထဲမွာဖတ္ဖူးတာကေတာ့ တစ္ေယာက္ေယာက္ကို အတင္းအၾကပ္ပိုက္ဆံလႊဲေပးခိုင္းတာကလည္း ဓားျပတိုက္တယ္လို႔ ယူဆလို႔ရတယ္တဲ့... ဒီလိုဆို ငါတို႔က ဓားျပမႈကိုက်ဴးလြန္ေနတာမဟုတ္ဘူးလား?"

"မင္းလည္း စာအုပ္ဖတ္တယ္ေပါ့?"
ခ်င္က်ိဳးက ဟူက်စ္ကို အံ့ဩတႀကီးၾကည့္လိုက္မိသည္။ ဝရမ္းေျပးတစ္ေယာက္ကို 'ရာဇဝတ္မႈေရးရာဥပေဒစာအုပ္'ဖတ္ေနစဥ္တြင္ ဖမ္းမိခဲ့သည္ဟူေသာ လတ္တေလာေလးကမွ သူဖတ္မိလိုက္သည့္ သတင္းကို သတိရသြားမိသည္။ ဟူက်စ္၏ တက္တူးမ်ားျပည့္ေနေသာ လက္ေမာင္းကိုၾကည့္ၿပီး အူျမဴးလာမိေတာ့သည္။

"ရွဴး...."
ဟူက်စ္က အေနာက္တြင္ရွိေနေသာ ညီအစ္ကိုမ်ားကို လွမ္းၾကည့္လိုက္သည္။
"ဒီတိုင္းစာဖတ္႐ုံပါကြာ... သူတို႔မသိၾကဘူး.."

လူဆိုးေပါက္စေလးပင္ တိတ္တိတ္ေလး စာေလ့လာရမည့္အေၾကာင္းကိုသိေနေလၿပီ။ ခ်င္က်ိဳးတစ္ေယာက္ ေခါင္းေဆာင္တစ္ေယာက္အေနျဖင့္ ေကာင္းေကာင္းႀကီးလုပ္ႏိုင္ခဲ့ပုံပင္။

"ဒါကို ဓားျပမႈလို႔ သတ္မွတ္လို႔မရဘူး..."
ခ်င္က်ိဳးကေျပာသည္။
"ဓားျပမႈမွာ တရားမဝင္ပိုင္ဆိုင္မႈေတြပါတယ္... ငါတို႔က ဘယ္သူ႔ပိုင္ဆိုင္မႈေတြကို ယူေနတာလဲ? လွ်ိဳယုံခ်န္ရဲ႕ ပိုက္ဆံေတြမဟုတ္လား?"

"အိုး... ဟုတ္သားပဲ..."
ဟူက်စ္က ေတြးစစျဖင့္ ေခါင္းၿငိမ့္ေလသည္။ ခ်င္က်ိဳးက သူတကယ္နားလည္သြားသလားမသိ၍ ဟူက်စ္၏ ေခါင္းအေနာက္ဘက္ကို ပုတ္ေပးလိုက္သည္။
"ဦးေႏွာက္မ်ားမ်ားသုံးေပး..."

ဟူက်စ္က သူပုတ္ေပးလိုက္သည့္ေနရာကို ကုတ္လိုက္ၿပီး ေျပာလိုက္သည္။
"စကားမစပ္ ခ်င္က်ိဳးေရ... အေႂကြးယူထားတဲ့ ေပါက္စီဆိုင္ကလည္း ျပန္ဆပ္ရမယ့္အခ်ိန္ေက်ာ္ေနၿပီ....ငါတို႔  ဒီေန႔သူတို႔ဆီေကာ သြားလည္ၾကဦးမွာလား?"

"ဟင့္အင္း..."
ခ်င္က်ိဳးက ကားေသာ့ကိုထုတ္ၿပီး သူ႔ကားဆီသြားလိုက္သည္။
"အဲ့ဒီ့မိသားစုက တကယ္မေခ်ာင္လည္ၾကတာ.. သူတို႔ကို အခ်ိန္ပိုေပးဖို႔ ငါ လွ်ိဳယုံခ်န္နဲ႔ေျပာၿပီးၿပီ.."

ခ်င္က်ိဳးက ေန႔တိုင္း တရား႐ုံးမသြားသလို အေႂကြးလည္းမေတာင္းပါေခ်။ အခ်ိန္အမ်ားစုတြင္ သူ၏ ကားျပင္ဆိုင္ေလးတြင္သာ ေနေလ့ရွိသည္။

ကားျပင္ဆိုင္ေလးမွာ လမ္းထိပ္စတိုးဆိုင္၏ ေျမညီထပ္တြင္ရွိေလသည္။ ေဘးခန္းကအေဟာင္းဆိုင္ေလးျဖစ္ၿပီး အေပၚထပ္တြင္  ဥပေဒအက်ိဳးေဆာင္ ကုမၸဏီအေသးစားေလးတစ္ခုရွိသည္။  ခ်င္က်ိဳး၏ ေရွ႕ေနလိုင္စင္ကို ထိုကုမၸဏီ၏ နံရံတြင္ခ်ိတ္ထားသည္။ အခါအားေလ်ာ္စြာျဖင့္ သာမန္ တိုင္ၾကားမႈမ်ား၊ ရန္ပြဲအတြက္ တရားစြဲဆိုမႈမ်ားကို ေျဖရွင္းေပးေလ့ရွိေသာ္လည္း သူ၏အဓိက အလုပ္မွာကားျပင္ဆိုင္ဖြင့္ျခင္းပင္ျဖစ္သည္။

မ်ားေသာအားျဖင့္ ခ်င္က်ိဳးႏွင့္ ပထမဆုံးေတြ႕သည့္လူတိုင္းက လွ်ိဳယုံခ်န္၏ အျခားေနာက္လိုက္မ်ားလို ပညာမတတ္သည့္ လူမိုက္တစ္ေယာက္ဟု ထင္ၾကေလသည္။ သို႔ေသာ္လည္း အမွန္တကယ္တြင္ ခ်င္က်ိဳးတစ္ေယာက္ အခ်ိန္ပိုင္းေရွ႕ေနလုပ္ခဲ့သည့္ ႏွစ္မ်ားအတြင္း ဘယ္ေသာအခါမွ အမႈရႈံးဖူးျခင္းမရွိေပ။

လူမိုက္မ်ားက ေၾကာက္စရာမေကာင္းဘဲ တကယ္ေၾကာက္စရာေကာင္းသည္မွာ ပညာတတ္လူမိုက္မ်ားသာျဖစ္ေပသည္ဟု ေျပာစမွတ္ရွိၾကသည္။ ထိုဆို႐ိုးမွာ ခ်င္က်ိဳးကို ၿပီးျပည့္စုံစြာ ေဖာ္ျပႏိုင္သည့္ဆို႐ိုးပင္။

ကားျပင္ဆိုင္သို႔ျပန္ေရာက္ၿပီး ထိုင္ဖို႔ျပင္မျပင္ရေသးခ်ိန္တြင္ ဆိုင္အဝင္ဝတြင္ ရဲကားတစ္စီးရပ္လာသည္။

ႀကဳံ႔ေတာင့္ႀကဳံခဲဧည့္သည္ေတာ္ႀကီး ျဖစ္မွန္းသိလိုက္၍ ခ်င္က်ိဳးဘက္ကစ၍ ႏႈတ္ဆက္လိုက္သည္။
"အရာရွိရန္... ဒီေန႔အလုပ္မမ်ားဘူးေပါ့ေလ?"

႐ိုး႐ိုးအရပ္ဝတ္ အဝတ္အစားကို ဝတ္ဆင္ထားေသာ ဆံပင္တိုတိုျဖင့္ ရဲေမတစ္ဦးက ကားေပၚမွဆင္းလာသည္။ သူမက အသက္သုံးဆယ့္ငါးႏွစ္ဝန္းက်င္ ရွိေနျဖစ္ေသာ ခ်င္က်ိဳး၏ မိတ္ေဆြေဟာင္းႀကီး ရန္ဝမ္လီပင္။

ရန္ဝမ္လီ ပတၱေရာင္လွည့္သည့္ရဲအရာရွိအျဖစ္ တာဝန္က်ခ်ိန္တြင္ ခ်င္က်ိဳးက သူမႏွင့္ မၾကာခဏဆုံေတြ႕ရေလ့ရွိသည္။ သို႔ေသာ္လည္း ရန္ဝမ္လီတစ္ေယာက္ ရာဇဝတ္မႈ စုံစမ္း စစ္ေဆးေရးဌာနသို႔ ေျပာင္းေ႐ႊ႕သြားခ်ိန္တြင္ အခ်င္းခ်င္း သိပ္မေတြ႕ျဖစ္ၾကေတာ့ေပ။ ထို႔ေၾကာင့္ ရန္ဝမ္လီ၏ ႐ုတ္တရက္ေရာက္ခ်လာမႈက ခ်င္က်ိဳးကို အံ့ဩသြားေစျခင္းပင္ျဖစ္သည္။

"ငါနင္နဲ႔ ေဆြးေႏြးစရာရွိတယ္... ေနာက္ရက္အတြင္းမွာ စုံစမ္းစစ္ေဆးေရးအတြင္ နင့္ရဲ႕ပူးေပါင္းမႈကိုလိုအပ္တဲ့ အမႈတစ္ခုရွိေလာက္တယ္..."
ရန္ဝမ္လီက သူမ၏အလုပ္တြင္ အၿမဲတမ္း ျမန္ဆန္ၿပီး ကြၽမ္းက်င္ေနသကဲ့သို႔ အပိုဆာဒါးေျပာဆိုေနမႈမ်ားကို ေက်ာ္ခြကာ လိုခ်င္သည့္အခ်က္ကို တိုက္႐ိုက္ေျပာလိုက္သည္။

ခ်င္က်ိဳးဆိုသည္မွာ ျပႆနာရွာရတာႀကိဳက္သည့္ ညီအစ္ကိုမ်ားျဖင့္ ပတ္ပတ္လည္ဝိုင္းေနသည္ျဖစ္ရာ ထိုကဲ့သို႔ေသာ ကိစၥမ်ိဳးက သူ႔အတြက္ သာမန္လုပ္႐ိုးလုပ္စဥ္လိုပင္ျဖစ္သည္။ သူက တည္ၿငိမ္စြာျပန္ေမးလိုက္သည္။
"ဘာအမႈလဲ?"

"အခုတေလာ နာမည္ႀကီးေနတဲ့ မုဒိမ္းမႈကို နင္သိတယ္မဟုတ္လား? ဒီေန႔ စစ္ေဆးတဲ့အမႈေလ.."
ရန္ဝမ္လီေျပာလိုက္သည္။

"သိတယ္ေလ..."
ခ်င္က်ိဳးက ထိုအမႈအေၾကာင္းသိသည့္အျပင္ အမႈစစ္ေဆးေနခ်ိန္တြင္ တရားခြင္၌ပင္ရွိေနေသးသည္။ တရားခြင္အတြင္း အုတ္ေအာ္ေသာင္းတင္းျဖစ္သြားသည္ကို ျပန္ေတြးေနရင္း တစ္ခုခုေတာ့ျဖစ္သြားခဲ့ပုံပင္။ ထိုကိစၥက သူႏွင့္ ဘာသက္ဆိုင္သလဲသာ မသိျခင္းျဖစ္သည္။

"တရားခံကို အမိန႔္ခ်ခါနီးမွာ တရားခံက သူ႔ရဲ႕ ေထာင္ဒဏ္ကိုေလွ်ာ့ေပါ့ေအာင္လို႔ ေကာင္းမြန္တဲ့လုပ္ေဆာင္ခ်က္အေနနဲ႔ တစ္ခုခုကိုသတင္းေပးခဲ့တယ္..."
ရန္ဝမ္လီ၏ အမူအရာက ခ်က္ခ်င္းဆိုသလို ပ်က္ယြင္းသြားၿပီး ေျပာရမည့္စကားလုံးကို ဂ႐ုတစိုက္ေ႐ြးခ်ယ္ေနရဟန္ျဖင့္ တုန႔္ဆိုင္းေနသည့္အမူအရာမ်ားကိုျပသလာသည္။
"တရားခံက ေျပာတယ္... သူက ေတာင္ပိုင္းအက်ဥ္းေထာင္ထဲမွာ ဝမ္တ႐ုန္ဆိုတဲ့သူရွိ..."

"ဝမ္တ႐ုန္?"
ခ်င္က်ိဳးက ထိုနာမည္ကိုၾကားသည္ႏွင့္ မွတ္ဉာဏ္ေဟာင္းမ်ားကို ျပန္လည္တူးဆြမိလိုက္ဟန္ျဖင့္ မ်က္ေမွာင္ၾကဳတ္မိသြားကာ ရန္ဝမ္လီကို စကားျဖတ္ေျပာမိလိုက္သည္။

"ဟုတ္တယ္..."
ရန္ဝမ္လီက စကားေျပာရပ္လိုက္ၿပီးမွ ခ်င္က်ိဳး၏ခံစားခ်က္မ်ားကို သတိျပဳမိဟန္ျဖင့္ သတိျဖင့္ေျပာလိုက္သည္။
"သူက နင့္မိဘေတြကို မေတာ္တဆမႈ ျဖစ္ေစခဲ့တဲ့လူပဲ..."

ခ်င္က်ိဳး၏ အမူအရာက ခဏမွ်ေတာင့္ခဲသြားေသာ္လည္း ခ်က္ခ်င္းစိတ္ျပန္ၿငိမ္သြားကာ ေမးလိုက္သည္။
"အဲ့ဒီ့ေတာ့?"

မေတာ္တဆမႈျဖစ္ပြားခဲ့သည္မွာ ကိုးႏွစ္ပင္ၾကာျမင့္ၿပီျဖစ္၍ ခ်င္းက်ိဳးလည္း ထိုခံစားခ်က္မ်ားမွ ႐ုန္းထြက္ႏိုင္သည္မွာ ၾကာလွၿပီျဖစ္သည္။ တစ္ခါတစ္ရံထိုအေၾကာင္းေတြးမိေသာ္လည္း သူ႔ႏွလုံးသားထဲတြင္ လႈိင္းထသြားေအာင္ပင္ သိပ္မလုပ္ႏိုင္ေတာ့ေပ။

သို႔ေသာ္လည္း ရန္ဝမ္လီဆက္ေျပာလာသည့္စကားမ်ားက ၿငိမ္သက္ေနေသာ ကန္ေရျပင္ထဲ ေလးလံလွေသာေက်ာက္တုံးႀကီး ပစ္ခ်လိုက္သကဲ့သို႔ ခ်င္က်ိဳး၏ ၿငိမ္သက္ေအးခ်မ္းေနေသာ ဘဝကိုလုံးလုံးလ်ားလ်ား ေမႊေႏွာက္ဖ်က္ဆီးလိုက္ေလသည္။

"တရားခံက ဝမ္တ႐ုန္က တရားသူႀကီးတစ္ေယာက္နဲ႔သူ႔ဇနီးကို ေသဆုံးေစတဲ့ ကားမေတာ္တဆမႈျဖစ္ေအာင္  တမင္ဆြေပးခဲ့တာလို႔ ေထာင္ထဲမွာေျပာခဲ့ဖူးတယ္လို႔ ေျပာျပတယ္..."

ထိုစကားမ်ားက ခ်င္က်ိဳး၏နားအတြင္းသို႔ မိုးၿခိမ္းသလို ဝင္ေရာက္လာၿပီး သူ႔စိတ္တစ္ခုလုံးကို ဗလာက်င္းသြားေစသည္။

ရန္ဝမ္လီ၏ ေျပာလိုက္သည့္စကားမ်ားေၾကာင့္သာ မဟုတ္လွ်င္ ခ်င္က်ိဳးက သူ႔ကိုယ္သူ ပညာတတ္မိသားစုတစ္ခုတြင္ ေမြးဖြားလာခဲ့ေၾကာင္း ေမ့လုနီးပါးပင္ျဖစ္ေနၿပီျဖစ္သည္။ သူ႔အေဖက တရားသူႀကီးတစ္ေယာက္ျဖစ္ၿပီး ပုံမွန္အေျခအေနဆိုလွ်င္ ခ်င္က်ိဳးလည္း ထိုလမ္းအတိုင္းေလွ်ာက္ရမည္သာျဖစ္သည္။

သို႔ေသာ္လည္း သူ ယခုလို လုံးလုံးလ်ားလ်ားကြာျခားေနသည့္ဘဝျဖင့္ အဆုံးသတ္သြားရသည္မွာ လြန္ခဲ့သည့္ ႏွစ္ေပါင္းမ်ားစြာက ျဖစ္ပြားခဲ့သည့္ အဆိုပါ"ကားမေတာ္တဆမႈ"ေၾကာင့္ပင္ျဖစ္သည္။

သူ႔မွတ္ဉာဏ္အတြင္းရွိ ပုံရိပ္မ်ားက ေဝဝါးသြားခဲ့ၿပီျဖစ္ၿပီး ခ်င္က်ိဳးမနည္းကိုျပန္ေတြးေနရေသာ္လည္း မည္သည့္ အေသးစိတ္အခ်က္အလက္မ်ားကိုမွ မမွတ္မိႏိုင္ေတာ့ေပ။

သို႔ေသာ္လည္း ထိုအခ်ိန္တြင္ ခ်င္က်ိဳးပိုမိုစိတ္ပူပန္ေနသည့္ ကိစၥတစ္ခုမွာ—

ယန္းရွီးယြီက ထိုမုဒိမ္းမႈ၏ ေခါင္းေဆာင္တရားသူႀကီးျဖစ္သည္။ ထိုအေၾကာင္းကိုၾကားၿပီးေနာက္တြင္ သူဘယ္လိုတုန႔္ျပန္မႈမ်ိဳးလုပ္မလဲ ဆိုသည္ကိုပင္။

*****
3198
26.11.2023

ကိုယ္ကြၽမ္းက်င္တဲ့နယ္ပယ္မဟုတ္တာကို ယူမိၿပီး စကားလုံးေတြကိုမသိလို႔ တိုင္ပတ္ေနလိုက္တာ ဒီတစ္ပိုင္းေလးကို ေလးနာရီေလာက္ျပန္လိုက္ရတယ္

စကားလုံးေတြ အသုံးအစြဲေတြမွားရင္ေထာက္ျပေပးၾကပါဦးေနာ္ 🛐






Continue Reading

You'll Also Like

55.4K 7.3K 78
"Se refiere a la belleza de corta duración de la flor de cerezo" ╰──➢ Advertencias ✧ ⁞ ❏. Omegaverse < SLOW BURN ⁞ ❏. Todoroki Bottom! ⁞ ❏. Smu...
47.1K 1.5K 8
فَتاه قوية و لكِن القدر أقوى مِنها غدرت مِن اقرب الناس ، تعذبت و ضلمت مِن اشباه الرِجال كانت تحب لكن طعنت فدخل رجال آخر رغما عِنها هل ستقع في الحُب...
8.1K 1K 23
Sardar Burhan Khan owns the whole of Buner Valley and the villages around it. He has a very reserved, strict, and dominant personality. Everyone fear...