ဝါးလုံးချောင်းလိုဖြောင့်တန်းရှည်လျားနေတဲ့ ခြေတံများက ညီသာ့မျက်စိရှေ့တည့်တည့်မှာ။ သူမော့ကြည့်လိုက်တော့ သူ့ကို
အုပ်မိုးကြည့်နေတဲ့မျက်နှာပေါ်က စေ့ပိတ်ထားတဲ့နှုတ်ခမ်းရဲရဲများကိုသာ သေသေချာချာမြင်ရတယ်။
တည်မိုးအေးချမ်းကို မြင်လိုက်တာမို့ သူချောင်းဟန့်ကာ ခန္ဓာကိုယ်ကိုပြင်လိုက်တယ်။ နှာတစ်ချက်ရှုံ့လိုက်တော့ မျက်လုံးထဲမှာရှိနေတဲ့ မျက်ရည်စတွေကပေါက်ခနဲ ကြွေကျလာတယ်။
သေအောင်ရယ်ရတဲ့စာအုပ်။
စာအုပ်ဖတ်ရင်း ရယ်ရလွန်းလို့ အသံမထွက်အောင် သူမနည်းထိန်းချုပ်လိုက်ရတာ။ အစကတော့ အေးအေးဆေးဆေးပဲ စာအုပ်ဖတ်မလို့။ ဘယ်လိုကနေ ဟာသစာအုပ်ရွေးမိသွားတာလဲမသိဘူး။
တည်မိုးအေးချမ်းက လက်ပိုက်ရပ်နေပြီးသူ့ကိုစေ့စေ့ကြည့်နေတယ်။
"ဘာလဲ"
"မင်းဘာလို့ ဒီကိုရောက်နေတာလဲ ဒီနေရာက ကတ်ရှိတဲ့ကျောင်းသားတွေပဲဝင်လို့ရတာ"
"ဝင်လို့ရလို့ဝင်လာတာပေါ့"
"မဟုတ်မှ ခိုးဝင်လာတာလား"
တည်မိုးအေးချမ်းရဲ့စကားကြောင့် သူစိတ်လေသွားတယ်။ ဘယ်လိုတွေတွေးချလိုက်တာလဲ။ ခိုးဝင်ရအောင် သူက ကလေကချေလား။
"ကတ်ရှိလို့ ဝင်လာတာပေါ့...ငါ့မှာအစ်ကိုအောင်ဟိန်းထက်ရဲ့ ကတ်ရှိတယ်လေ"
ဘောင်းဘီအိတ်ထဲက ကတ်ကိုထုတ်ပြတော့ တည်မိုးအေးချမ်းက
မချိုမချဉ်မျက်နှာနဲ့ခေါင်းခါရမ်းတယ်။
အနီးကပ်ကြည့်ရတဲ့ မျက်နှာအမူအရာတွေက တော်တော်ဆွဲဆောင်မှုရှိတာပဲ။ အင်းလေ...အဲတာကြောင့်ပဲ ကပ်ရပ်ကျောင်းနှစ်ကျောင်းသာမက မြို့တစ်ခုလုံးကကျောင်းတွေက မိန်းကလေးတွေကပါ လာကြူးတာကိုး။ လိုင်းပေါ်မှာလဲ အနယ်နယ်အရပ်ရပ်က ကြူးတဲ့သူတွေအပြည့်နဲ့။
"ဗရုတ်သုတ်ခနဲ့"
တည်မိုးအေးချမ်းက စိတ်ပျက်လက်ပျက်မျက်နှာနဲ့ ထိုစကားကိုထုတ်ပြောလိုက်တယ်။
အစ်ကိုအောင်ဟိန်းထက်ဆိုတာ
တည်မိုးကို ကြားထဲကနေတောင်းပန်ပြီး ပုံပြန်ဆွဲပေးတဲ့ art clubကခေါင်းဆောင်။
ညီသာဝင်းထိန်ကို တော်တော်ချစ်တယ်နေမှာ ကြားထဲကဝင်ဖျန်ဖြေပေးလိုက်၊ အခုလဲ ကတ်တောင်ပေးထားသေးတယ်။
"ဘာပဲဖြစ်ဖြစ် အပြင်လူဝင်ခွင့်မပြုဘူး မင်းကတ်ကိုပါ ပိတ်ခိုင်းရမယ်"
တည်မိုးအေးချမ်းက အတည်လုပ်မဲ့ပုံနဲ့လှည့်ထွက်ဖို့ရာပြင်တယ်။ ပြီးတော့ လည်ပင်းကိုဆန့်ကြည့်ကာ
"ဟိုမယ် စာကြည့်တိုက်မှူး တစ်ခါတည်းပြောရမယ်"
လို့ ပြောလာတယ်။
ညီသာဝင်းထိန်တစ်ယောက် ကမန်းကတန်းထကာ အရပ်ရှည်တဲ့ကောင်ကိုမမှီမကမ်းနဲ့ လှမ်းဖက်ထားရတော့တယ်။
"ဘာလုပ်တာလဲ ဖယ်စမ်းပါ...စာကြည့်တိုက်မှူး..."
လှမ်းခေါ်ဖို့ပြင်နေတဲ့ ပါးစပ်ကိုပါအတင်းအုပ်ပြီး ခန္ဓာကိုယ်ကိုပါ စာအုပ်စင်နဲ့ဖိထားလိုက်မိတယ်။
တည်မိုးအေးချမ်းက မျက်လုံးအပြူးသားနဲ့သူ့ကိုကြည့်နေတယ်။ ညီသာ့မှာ ခန္ဓာကိုယ်ချင်း တန်းတူဖြစ်အောင်
ခြေဖျားထောက်ထားရတာ။
"မအော်နဲ့...ဘာဖြစ်နေတာလဲ မင်းက"
မျက်ခုံးတွေစုပြီး ခြိမ်းခြောက်ပြတော့ တည်မိုးအေးချမ်းက ရအောင်ရုန်းလာတယ်။
သူ့လက်ထဲကထွက်သွားကာ ခန္ဓာကိုယ်ကိုဆန့်လိုက်တော့ တည်မိုးအေးချမ်းကသူ့ကိုအုပ်မိုးသွားတယ်။
"မင်းကတကယ်ပြဿနာပဲ...အမြဲဗရုတ်သုတ်ခနဲ့ မင်းနဲ့တွေ့တိုင်း တစ်ခုမဟုတ်တစ်ခု ဒေါသထွက်နေရတယ်"
"အခုမင်းကငါ့ကိုအရင် ရန်လာစတာနော် ကိုယ့်လမ်းကိုယ်မသွားဘဲနဲ့ သူများစာအုပ်ဖတ်နေတာကို လာကြည့်ပြီးတော့"
"မင်းရယ်သံဆိုးကြီးနဲ့ ငါစာကျက်မရအောင် နှိပ်စက်နေတာလေ"
"စာကျက်တာ စာကျက်ခန်းသွားကျက်လေ ဒီချောင်ကလောင်ထဲလာပြီးတော့၊ အော်သိပြီ ခိုးအိပ်နေတာကို ငါ့ကြောင့်နိုးသွားလို့ ဟုတ်တယ်မလား"
တည်မိုးအေးချမ်းမှာ စကားဖြစ်ပြီးရော လျှောက်ပြောနေတဲ့ သူ့ပခုံးသာသာလောက်ပဲရှိတဲ့ကောင်ကို ပြိုင်မပြောချင်တော့။ တကယ်ပဲ ကတ်သိမ်းခိုင်းလိုက်ပြီး နှင်ထုတ်လိုက်မှအေးမှာ။
"ငါအခုသွားတော့မှာ ဟုတ်ပြီလား မင်းမတိုင်နဲ့နော် ငါဒီကတ်ကိုအစ်ကိုအောင်ဟိန်းထက်ဆီ ဒီနေ့ပြန်ပေးမှာ"
သူ့မျက်နှာနားထိ လက်ညှိုးရောက်အောင်ထိုးပြီး ခြိမ်းခြောက်သွားပြန်တယ်။ ညီသာဝင်းထိန်က ဘုကြည့်ကြည့်ပြီးစကားပြောရင် အောက်နှုတ်ခမ်းကပါ ဘာလို့ရှေ့ထွက်လာတာလဲ။ အဲတာက ကြောက်စရာကောင်းတဲ့ပုံရော အမိုက်စားပုံစံရော ဖြစ်မနေဘူး။
တည်မိုးအေးချမ်းဘဝမှာ အခုလိုမျိုး မျက်စိဒေါက်ထောက်လိုက်ကြည့်မိပြီး အပြစ်ပြောချင်တဲ့သူမျိုး တစ်ခါမှကိုမတွေ့ဖူးဘူး။
ညီသာသည်စာအုပ်ကို ယူလာတဲ့ စင်ထဲနေရာတကျပြန်ထားပြီး အောက်ထပ်ကိုဆင်းလာလိုက်တယ်။
Lockerမှာထည့်ထားတဲ့ လွယ်အိတ်ကိုထုတ်ပြီးအပြင်ပြန်ထွက်မဲ့အချိန် အနောက်ကနေ တည်မိုးအေးချမ်းပါ လိုက်ထွက်လာကြောင်းသိလိုက်ရတယ်။
တည်မိုးအေးချမ်းက သူ့လွယ်အိတ်မှာတပ်ထားတဲ့ Murakami Flowerကိုမျက်မှောင်ကြုတ်ပြီး ကြည့်လာတယ်။
သူပြန်ကြည့်ရင်း သတိထားမိတာက တည်မိုးအေးချမ်းမှာပါ အဲတာရှိနေတာပဲ။
ညီသာဝင်းထိန် အံ့သြသွားရတယ်။
သူတကယ်ပဲ ဆင်တူလိုက်ဝယ်ထားတာ မဟုတ်ပါဘူး။
သူတို့နှစ်ယောက်ကိုမြင်တော့ ကောင်မလေးတချို့က စူးစမ်းသလို ကွက်ကြည့်ကွက်ကြည့် လုပ်သွားကြတယ်။
"မင်းငါ့ကိုကြိုက်နေလို့ ဆေးကျောင်းကိုခြေရာချင်းထပ်အောင် လာနေတာလို့ထင်ကြတော့မှာပဲ"
"ဘယ်သူတွေ ဘာထင်ထင်ပေါ့"
ညီသာထွက်သွားဖို့ပြင်တော့ တည်မိုးအေးချမ်းက သူ့လက်ကိုဆွဲထားတယ်။ လက်ကောက်ဝတ်ကိုအားပြင်းပြင်းနဲ့ ကိုင်ထားတာက ရုတ်တရက်ရုန်းမရ။
တည်မိုးအေးချမ်းရဲ့ မျက်လုံးတွေက စူးရှတောက်ပြောင်လွန်းတယ်။ မျက်လုံး၊ နှာခေါင်း၊ နှုတ်ခမ်း၊ မေးရိုးအားလုံးက ပြီးပြည့်စုံအောင်လှပနေတယ်။ ညီသာမှာ ဆွဲထားတာကိုရုန်းဖို့ မေ့သွားပြီးငေးမိသွားတယ်။
"ညီသာဝင်းထိန်...
ငါ့ရှေ့မှာတော့ မကြိုက်ဘူးလို့ပြောတယ်...လိုင်းပေါ်မှာကျ အများသိအောင် ကြိုက်တယ်လို့ပြောတယ် ငါဘယ်ဟာကို အတည်ယူရမှာလဲ"
ညီသာဝင်းထိန် တစ်ယောက် သုံးစက္ကန့်လောက်ငြိမ်သွားတယ်။ ပြီးမှမျက်တောင် နှစ်ချက်ခတ်ကာ...
"လိုင်းပေါ်ကိုငါတင်ချင်လို့ တင်တာလားအဲတာမင်းသူငယ်ချင်းတွေကြောင့်လေ သူတို့တွေငါ့ကိုသက်သက်ကြီး ဖောင်းလို့"
"အဲတော့ ကြိုက်တာလား မကြိုက်တာလား"
"ဖျော်ရည်ရောင်းအား ကျလို့မဖြစ်ဘူး"
ညီသာ့ပါးစပ်က အဖြေကခပ်မြန်မြန်ထွက်သွားတယ်။ အရမ်းချောပြီးပြည့်စုံတဲ့မျက်နှာကြောင့် အသက်ရှူမှားနေရပါတယ်ဆိုမှ ဘာတွေလာမေးနေတာလဲ။ သူအယောင်ယောင်အမှားမှားတွေ ဖြေမိတော့မယ်။
"မင်းကိုရောင်းအားတက်အောင် အသုံးချတာပါဆိုရင် ဘယ်သူကဝယ်ချင်ပါတော့မလဲ...အဲဒီအအေးဘူးတွေရဲ့ themeကိုကအချစ်ရဲ့ချိုမြိန်အေးချမ်းခြင်းဥစ္စာ"
"နောက်ဆုံးတော့ အဲဒီအအေးပဲလား မင်းအတွက် တော်တော်ကိုအရေးပါနေတာပေါ့...အဖြောင့်ဆိုတဲ့ကိစ္စကို စွန့်လွှတ်ပြီးတော့လေ"
"ဦးလေးစီးပွားရေးကွ ဦးလေးလူပျိုကြီးက သူ့အမေကိုပါထောက်ပံ့နေတာ ဒါတွေမင်းနားမလည်ပါဘူး"
ပြီးတော့ ဦးလေးကညီသာ့ကို မုန့်ဖိုးအများကြီးပေးသေးတယ်။ သူ ဒီပျော်ရွှင်မှုတွေကို မဖျက်ဆီးနိုင်ပါဘူး။
"ညီသာဝင်းထိန် နောက်ဆိုရင် စကားကိုအဲလို အမျိုးမျိုးမပြောနဲ့ ငါမကြိုက်ဘူး"
သူ့မျက်နှာတည့်တည့်ကြည့်ပြောလာတဲ့ စကားကြောင့် သူ"ဟုတ်"လို့ပြန်ဖြေမိတော့မလိုပဲ။ တည်မိုးအေးချမ်းက
ဘာလို့ဒီလောက် လွှမ်းမိုးနိုင်တဲ့အရှိန်အဝါတွေ ပေါများနေရတာလဲ။ အမြဲတမ်းအနေတည်တာကြောင့်လား။
ညီသာဆိုရင် အဲလိုမျိုးတည်ကြည်ဖို့က မဖြစ်နိုင်တော့ဘူး။
အင်္ကျီအနီရောင်ဝတ်ထားတဲ့ ညီသာဝင်းထိန်က နေပူထဲလမ်းလျှောက်ရင်း နည်းပညာတက္ကသိုလ်ဘက် ပြန်သွားတယ်။ နေပူရှိန်အောက်မှာ မျက်ခုံးကိုအစွမ်းကုန်စုကုတ်ရင်း ထွက်သွားတဲ့နောက်ကျောပြင်ကိုကြည့်ပြီး ပူလောင်နေရတာက တည်မိုး။
/တည်မိုးအေးချမ်းကို တကယ်သဘောကျတာ/
/တည်မိုးအေးချမ်းကို သဘောကျတယ် ဒီအချစ်တွေကို အခုလိုအအေးဘူးနဲ့ပဲဖော်ပြနိုင်တာ/
/တည်မိုးအေးချမ်းအတွက် ဖရဲသီးဖျော်ရည်/
ဖျော်ရည်ပုလင်းတွေပေါ်မှာ ပါလာတဲ့စာတွေကိုပါ သူအမှတ်ရလာတယ်။ ဥာဏ်ကကောင်းလွန်းနေတာ တစ်ခါဖတ်တာနဲ့အလွတ်ရနေတယ်။ ဒီနေ့လဲ anatomy practical ချိန်ရှိတယ်။ ဂျူတီကုတ်တွေရော လက်အိတ်တွေရောဝတ်ထားရတဲ့အပြင် လူများတော့ချွေးတွေစို့လာတယ်။ ထွက်လာတဲ့ ဖော်မလင်အနံ့တွေက မျက်ရည်ကျအောင် စပ်ဖျဥ်းဖျဥ်းဖြစ်ရသေးတယ်။ဒါပေမဲ့ အရင်လိုမျိုး သူအမောပြေသောက်လို့ရတဲ့ ဖရဲသီးဖျော်ရည်တွေရောက်မလာတော့ဘူး။ ရေခဲဘူးဖွင့်ပြီး သူများတွေ အအေးကိုယ်စီသောက်နေတဲ့အချိန်မှာ သူ့အတွက်ဖရဲသီးဖျော်ရည် မရှိတော့ဘူး။
ကိုယ့်ဘာသာ ဝယ်သောက်လို့ရတဲ့ဖျော်ရည်တွေအတွက် ဝမ်းနည်းပြီးစိတ်မကောင်းဖြစ်သွားရတာ တကယ်အဆင်မပြေဘူး။
တဖြည်းဖြည်းနဲ့ သူ့မြင်ကွင်းကနေပျောက်သွားတဲ့ အနီရောင်နောက်ကျောပြင်
ညီသာဝင်းထိန်
မင်းကြောင့် ဖရဲသီးဖျော်ရည်တွေပါ ငါမုန်းလာပြီ
Zawgyi
ဝါးလုံးေခ်ာင္းလိုေျဖာင့္တန္းရွည္လ်ားေနတဲ့ ေျခတံမ်ားက ညီသာ့မ်က္စိေရွ႕တည့္တည့္မွာ။ သူေမာ့ၾကည့္လိုက္ေတာ့ သူ႕ကို
အုပ္မိုးၾကည့္ေနတဲ့မ်က္ႏွာေပၚက ေစ့ပိတ္ထားတဲ့ႏႈတ္ခမ္းရဲရဲမ်ားကိုသာ ေသေသခ်ာခ်ာျမင္ရတယ္။
တည္မိုးေအးခ်မ္းကို ျမင္လိုက္တာမို႔ သူေခ်ာင္းဟန့္ကာ ခႏၶာကိုယ္ကိုျပင္လိုက္တယ္။ ႏွာတစ္ခ်က္ရႈံ႕လိုက္ေတာ့ မ်က္လုံးထဲမွာရွိေနတဲ့ မ်က္ရည္စေတြကေပါက္ခနဲ ေႂကြက်လာတယ္။
ေသေအာင္ရယ္ရတဲ့စာအုပ္။
စာအုပ္ဖတ္ရင္း ရယ္ရလြန္းလို႔ အသံမထြက္ေအာင္ သူမနည္းထိန္းခ်ဳပ္လိုက္ရတာ။ အစကေတာ့ ေအးေအးေဆးေဆးပဲ စာအုပ္ဖတ္မလို႔။ ဘယ္လိုကေန ဟာသစာအုပ္ေ႐ြးမိသြားတာလဲမသိဘူး။
တည္မိုးေအးခ်မ္းက လက္ပိုက္ရပ္ေနၿပီးသူ႕ကိုေစ့ေစ့ၾကည့္ေနတယ္။
"ဘာလဲ"
"မင္းဘာလို႔ ဒီကိုေရာက္ေနတာလဲ ဒီေနရာက ကတ္ရွိတဲ့ေက်ာင္းသားေတြပဲဝင္လို႔ရတာ"
"ဝင္လို႔ရလို႔ဝင္လာတာေပါ့"
"မဟုတ္မွ ခိုးဝင္လာတာလား"
တည္မိုးေအးခ်မ္းရဲ႕စကားေၾကာင့္ သူစိတ္ေလသြားတယ္။ ဘယ္လိုေတြေတြးခ်လိဳက္တာလဲ။ ခိုးဝင္ရေအာင္ သူက ကေလကေခ်လား။
"ကတ္ရွိလို႔ ဝင္လာတာေပါ့...ငါ့မွာအစ္ကိုေအာင္ဟိန္းထက္ရဲ႕ ကတ္ရွိတယ္ေလ"
ေဘာင္းဘီအိတ္ထဲက ကတ္ကိုထုတ္ျပေတာ့ တည္မိုးေအးခ်မ္းက
မခ်ိဳမခ်ဥ္မ်က္ႏွာနဲ႕ေခါင္းခါရမ္းတယ္။
အနီးကပ္ၾကည့္ရတဲ့ မ်က္ႏွာအမူအရာေတြက ေတာ္ေတာ္ဆြဲေဆာင္မႈရွိတာပဲ။ အင္းေလ...အဲတာေၾကာင့္ပဲ ကပ္ရပ္ေက်ာင္းႏွစ္ေက်ာင္းသာမက ၿမိဳ႕တစ္ခုလုံးကေက်ာင္းေတြက မိန္းကေလးေတြကပါ လာၾကဴးတာကိုး။ လိုင္းေပၚမွာလဲ အနယ္နယ္အရပ္ရပ္က ၾကဴးတဲ့သူေတြအျပည့္နဲ႕။
"ဗ႐ုတ္သုတ္ခနဲ႕"
တည္မိုးေအးခ်မ္းက စိတ္ပ်က္လက္ပ်က္မ်က္ႏွာနဲ႕ ထိုစကားကိုထုတ္ေျပာလိုက္တယ္။
အစ္ကိုေအာင္ဟိန္းထက္ဆိုတာ
တည္မိုးကို ၾကားထဲကေနေတာင္းပန္ၿပီး ပုံျပန္ဆြဲေပးတဲ့ art clubကေခါင္းေဆာင္။
ညီသာဝင္းထိန္ကို ေတာ္ေတာ္ခ်စ္တယ္ေနမွာ ၾကားထဲကဝင္ဖ်န္ေျဖေပးလိုက္၊ အခုလဲ ကတ္ေတာင္ေပးထားေသးတယ္။
"ဘာပဲျဖစ္ျဖစ္ အျပင္လူဝင္ခြင့္မျပဳဘူး မင္းကတ္ကိုပါ ပိတ္ခိုင္းရမယ္"
တည္မိုးေအးခ်မ္းက အတည္လုပ္မဲ့ပုံနဲ႕လွည့္ထြက္ဖို႔ရာျပင္တယ္။ ၿပီးေတာ့ လည္ပင္းကိုဆန့္ၾကည့္ကာ
"ဟိုမယ္ စာၾကည့္တိုက္မႉး တစ္ခါတည္းေျပာရမယ္"
လို႔ ေျပာလာတယ္။
ညီသာဝင္းထိန္တစ္ေယာက္ ကမန္းကတန္းထကာ အရပ္ရွည္တဲ့ေကာင္ကိုမမွီမကမ္းနဲ႕ လွမ္းဖက္ထားရေတာ့တယ္။
"ဘာလုပ္တာလဲ ဖယ္စမ္းပါ...စာၾကည့္တိုက္မႉး..."
လွမ္းေခၚဖို႔ျပင္ေနတဲ့ ပါးစပ္ကိုပါအတင္းအုပ္ၿပီး ခႏၶာကိုယ္ကိုပါ စာအုပ္စင္နဲ႕ဖိထားလိုက္မိတယ္။
တည္မိုးေအးခ်မ္းက မ်က္လုံးအျပဴးသားနဲ႕သူ႕ကိုၾကည့္ေနတယ္။ ညီသာ့မွာ ခႏၶာကိုယ္ခ်င္း တန္းတူျဖစ္ေအာင္
ေျခဖ်ားေထာက္ထားရတာ။
"မေအာ္နဲ႕...ဘာျဖစ္ေနတာလဲ မင္းက"
မ်က္ခုံးေတြစုၿပီး ၿခိမ္းေျခာက္ျပေတာ့ တည္မိုးေအးခ်မ္းက ရေအာင္႐ုန္းလာတယ္။
သူ႕လက္ထဲကထြက္သြားကာ ခႏၶာကိုယ္ကိုဆန့္လိုက္ေတာ့ တည္မိုးေအးခ်မ္းကသူ႕ကိုအုပ္မိုးသြားတယ္။
"မင္းကတကယ္ျပႆနာပဲ...အၿမဲဗ႐ုတ္သုတ္ခနဲ႕ မင္းနဲ႕ေတြ႕တိုင္း တစ္ခုမဟုတ္တစ္ခု ေဒါသထြက္ေနရတယ္"
"အခုမင္းကငါ့ကိုအရင္ ရန္လာစတာေနာ္ ကိုယ့္လမ္းကိုယ္မသြားဘဲနဲ႕ သူမ်ားစာအုပ္ဖတ္ေနတာကို လာၾကည့္ၿပီးေတာ့"
"မင္းရယ္သံဆိုးႀကီးနဲ႕ ငါစာက်က္မရေအာင္ ႏွိပ္စက္ေနတာေလ"
"စာက်က္တာ စာက်က္ခန္းသြားက်က္ေလ ဒီေခ်ာင္ကေလာင္ထဲလာၿပီးေတာ့၊ ေအာ္သိၿပီ ခိုးအိပ္ေနတာကို ငါ့ေၾကာင့္နိုးသြားလို႔ ဟုတ္တယ္မလား"
တည္မိုးေအးခ်မ္းမွာ စကားျဖစ္ၿပီးေရာ ေလွ်ာက္ေျပာေနတဲ့ သူ႕ပခုံးသာသာေလာက္ပဲရွိတဲ့ေကာင္ကို ၿပိဳင္မေျပာခ်င္ေတာ့။ တကယ္ပဲ ကတ္သိမ္းခိုင္းလိုက္ၿပီး ႏွင္ထုတ္လိုက္မွေအးမွာ။
"ငါအခုသြားေတာ့မွာ ဟုတ္ၿပီလား မင္းမတိုင္နဲ႕ေနာ္ ငါဒီကတ္ကိုအစ္ကိုေအာင္ဟိန္းထက္ဆီ ဒီေန႕ျပန္ေပးမွာ"
သူ႕မ်က္ႏွာနားထိ လက္ညွိုးေရာက္ေအာင္ထိုးၿပီး ၿခိမ္းေျခာက္သြားျပန္တယ္။ ညီသာဝင္းထိန္က ဘုၾကည့္ၾကည့္ၿပီးစကားေျပာရင္ ေအာက္ႏႈတ္ခမ္းကပါ ဘာလို႔ေရွ႕ထြက္လာတာလဲ။ အဲတာက ေၾကာက္စရာေကာင္းတဲ့ပုံေရာ အမိုက္စားပုံစံေရာ ျဖစ္မေနဘူး။
တည္မိုးေအးခ်မ္းဘဝမွာ အခုလိုမ်ိဳး မ်က္စိေဒါက္ေထာက္လိုက္ၾကည့္မိၿပီး အျပစ္ေျပာခ်င္တဲ့သူမ်ိဳး တစ္ခါမွကိုမေတြ႕ဖူးဘူး။
ညီသာသည္စာအုပ္ကို ယူလာတဲ့ စင္ထဲေနရာတက်ျပန္ထားၿပီး ေအာက္ထပ္ကိုဆင္းလာလိုက္တယ္။
Lockerမွာထည့္ထားတဲ့ လြယ္အိတ္ကိုထုတ္ၿပီးအျပင္ျပန္ထြက္မဲ့အခ်ိန္ အေနာက္ကေန တည္မိုးေအးခ်မ္းပါ လိုက္ထြက္လာေၾကာင္းသိလိုက္ရတယ္။
တည္မိုးေအးခ်မ္းက သူ႕လြယ္အိတ္မွာတပ္ထားတဲ့ Murakami Flowerကိုမ်က္ေမွာင္ၾကဳတ္ၿပီး ၾကည့္လာတယ္။
သူျပန္ၾကည့္ရင္း သတိထားမိတာက တည္မိုးေအးခ်မ္းမွာပါ အဲတာရွိေနတာပဲ။
ညီသာဝင္းထိန္ အံ့ၾသသြားရတယ္။
သူတကယ္ပဲ ဆင္တူလိုက္ဝယ္ထားတာ မဟုတ္ပါဘူး။
သူတို႔ႏွစ္ေယာက္ကိုျမင္ေတာ့ ေကာင္မေလးတခ်ိဳ႕က စူးစမ္းသလို ကြက္ၾကည့္ကြက္ၾကည့္ လုပ္သြားၾကတယ္။
"မင္းငါ့ကိုႀကိဳက္ေနလို႔ ေဆးေက်ာင္းကိုေျခရာခ်င္းထပ္ေအာင္ လာေနတာလို႔ထင္ၾကေတာ့မွာပဲ"
"ဘယ္သူေတြ ဘာထင္ထင္ေပါ့"
ညီသာထြက္သြားဖို႔ျပင္ေတာ့ တည္မိုးေအးခ်မ္းက သူ႕လက္ကိုဆြဲထားတယ္။ လက္ေကာက္ဝတ္ကိုအားျပင္းျပင္းနဲ႕ ကိုင္ထားတာက ႐ုတ္တရက္႐ုန္းမရ။
တည္မိုးေအးခ်မ္းရဲ႕ မ်က္လုံးေတြက စူးရွေတာက္ေျပာင္လြန္းတယ္။ မ်က္လုံး၊ ႏွာေခါင္း၊ ႏႈတ္ခမ္း၊ ေမးရိုးအားလုံးက ၿပီးျပည့္စုံေအာင္လွပေနတယ္။ ညီသာမွာ ဆြဲထားတာကို႐ုန္းဖို႔ ေမ့သြားၿပီးေငးမိသြားတယ္။
"ညီသာဝင္းထိန္...
ငါ့ေရွ႕မွာေတာ့ မႀကိဳက္ဘူးလို႔ေျပာတယ္...လိုင္းေပၚမွာက် အမ်ားသိေအာင္ ႀကိဳက္တယ္လို႔ေျပာတယ္ ငါဘယ္ဟာကို အတည္ယူရမွာလဲ"
ညီသာဝင္းထိန္ တစ္ေယာက္ သုံးစကၠန့္ေလာက္ၿငိမ္သြားတယ္။ ၿပီးမွမ်က္ေတာင္ ႏွစ္ခ်က္ခတ္ကာ...
"လိုင္းေပၚကိုငါတင္ခ်င္လို႔ တင္တာလားအဲတာမင္းသူငယ္ခ်င္းေတြေၾကာင့္ေလ သူတို႔ေတြငါ့ကိုသက္သက္ႀကီး ေဖာင္းလို႔"
"အဲေတာ့ ႀကိဳက္တာလား မႀကိဳက္တာလား"
"ေဖ်ာ္ရည္ေရာင္းအား က်လိဳ႕မျဖစ္ဘူး"
ညီသာ့ပါးစပ္က အေျဖကခပ္ျမန္ျမန္ထြက္သြားတယ္။ အရမ္းေခ်ာၿပီးျပည့္စုံတဲ့မ်က္ႏွာေၾကာင့္ အသက္ရႉမွားေနရပါတယ္ဆိုမွ ဘာေတြလာေမးေနတာလဲ။ သူအေယာင္ေယာင္အမွားမွားေတြ ေျဖမိေတာ့မယ္။
"မင္းကိုေရာင္းအားတက္ေအာင္ အသုံးခ်တာပါဆိုရင္ ဘယ္သူကဝယ္ခ်င္ပါေတာ့မလဲ...အဲဒီအေအးဘူးေတြရဲ႕ themeကိုကအခ်စ္ရဲ႕ခ်ိဳၿမိန္ေအးခ်မ္းျခင္းဥစၥာ"
"ေနာက္ဆုံးေတာ့ အဲဒီအေအးပဲလား မင္းအတြက္ ေတာ္ေတာ္ကိုအေရးပါေနတာေပါ့...အေျဖာင့္ဆိုတဲ့ကိစၥကို စြန့္လႊတ္ၿပီးေတာ့ေလ"
"ဦးေလးစီးပြားေရးကြ ဦးေလးလူပ်ိဳႀကီးက သူ႕အေမကိုပါေထာက္ပံ့ေနတာ ဒါေတြမင္းနားမလည္ပါဘူး"
ၿပီးေတာ့ ဦးေလးကညီသာ့ကို မုန့္ဖိုးအမ်ားႀကီးေပးေသးတယ္။ သူ ဒီေပ်ာ္႐ႊင္မႈေတြကို မဖ်က္ဆီးနိုင္ပါဘူး။
"ညီသာဝင္းထိန္ ေနာက္ဆိုရင္ စကားကိုအဲလို အမ်ိဳးမ်ိဳးမေျပာနဲ႕ ငါမႀကိဳက္ဘူး"
သူ႕မ်က္ႏွာတည့္တည့္ၾကည့္ေျပာလာတဲ့ စကားေၾကာင့္ သူ"ဟုတ္"လို႔ျပန္ေျဖမိေတာ့မလိုပဲ။ တည္မိုးေအးခ်မ္းက
ဘာလို႔ဒီေလာက္ လႊမ္းမိုးနိုင္တဲ့အရွိန္အဝါေတြ ေပါမ်ားေနရတာလဲ။ အၿမဲတမ္းအေနတည္တာေၾကာင့္လား။
ညီသာဆိုရင္ အဲလိုမ်ိဳးတည္ၾကည္ဖို႔က မျဖစ္နိုင္ေတာ့ဘူး။
အကၤ်ီအနီေရာင္ဝတ္ထားတဲ့ ညီသာဝင္းထိန္က ေနပူထဲလမ္းေလွ်ာက္ရင္း နည္းပညာတကၠသိုလ္ဘက္ ျပန္သြားတယ္။ ေနပူရွိန္ေအာက္မွာ မ်က္ခုံးကိုအစြမ္းကုန္စုကုတ္ရင္း ထြက္သြားတဲ့ေနာက္ေက်ာျပင္ကိုၾကည့္ၿပီး ပူေလာင္ေနရတာက တည္မိုး။
/တည္မိုးေအးခ်မ္းကို တကယ္သေဘာက်တာ/
/တည္မိုးေအးခ်မ္းကို သေဘာက်တယ္ ဒီအခ်စ္ေတြကို အခုလိုအေအးဘူးနဲ႕ပဲေဖာ္ျပနိုင္တာ/
/တည္မိုးေအးခ်မ္းအတြက္ ဖရဲသီးေဖ်ာ္ရည္/
ေဖ်ာ္ရည္ပုလင္းေတြေပၚမွာ ပါလာတဲ့စာေတြကိုပါ သူအမွတ္ရလာတယ္။ ဥာဏ္ကေကာင္းလြန္းေနတာ တစ္ခါဖတ္တာနဲ႕အလြတ္ရေနတယ္။ ဒီေန႕လဲ anatomy practical ခ်ိန္ရွိတယ္။ ဂ်ဴတီကုတ္ေတြေရာ လက္အိတ္ေတြေရာဝတ္ထားရတဲ့အျပင္ လူမ်ားေတာ့ေခြၽးေတြစို႔လာတယ္။ ထြက္လာတဲ့ ေဖာ္မလင္အနံ႕ေတြက မ်က္ရည္က်ေအာင္ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္ရေသးတယ္။ဒါေပမဲ့ အရင္လိုမ်ိဳး သူအေမာေျပေသာက္လို႔ရတဲ့ ဖရဲသီးေဖ်ာ္ရည္ေတြေရာက္မလာေတာ့ဘူး။ ေရခဲဘူးဖြင့္ၿပီး သူမ်ားေတြ အေအးကိုယ္စီေသာက္ေနတဲ့အခ်ိန္မွာ သူ႕အတြက္ဖရဲသီးေဖ်ာ္ရည္ မရွိေတာ့ဘူး။
ကိုယ့္ဘာသာ ဝယ္ေသာက္လို႔ရတဲ့ေဖ်ာ္ရည္ေတြအတြက္ ဝမ္းနည္းၿပီးစိတ္မေကာင္းျဖစ္သြားရတာ တကယ္အဆင္မေျပဘူး။
တျဖည္းျဖည္းနဲ႕ သူ႕ျမင္ကြင္းကေနေပ်ာက္သြားတဲ့ အနီေရာင္ေနာက္ေက်ာျပင္
ညီသာဝင္းထိန္
မင္းေၾကာင့္ ဖရဲသီးေဖ်ာ္ရည္ေတြပါ ငါမုန္းလာၿပီ