အပိုင်း (၆)

16.4K 1.4K 58
                                    

ညီသာဝင်းထိန်သည် သေချာစဥ်းစားပြီး အကောင်းဆုံးဖြေရှင်းလိုက်တယ်။ postကိုတင်ပြီးတာနဲ့ ဘာမှဆက်မကြည့်တော့ဘဲ အိပ်ပစ်လိုက်တယ်။

ညီသာpostတင်ပြီး နောက်ပိုင်း ဘယ်သူမှဆက်ပြီး ဘာမှထပ်မတင်ကြတော့ပေ။

ကိစ္စအားလုံး အေးဆေးသွားသလို ဆိုင်ရောင်းအားလဲ မထိခိုက်ဘူး။

ညီသာဝင်းထိန်သည် သက်ပြင်းချ၊စိတ်ဒုံးဒုံးချကာ ထိုpostကိုတင်လိုက်ခြင်းသာ။ ရှိစေတော့ သူ့ကိုယ်သူ စတေးလိုက်ပါ့မယ်။

/တည်မိုးအေးချမ်းကို တကယ်ကြိုက်လို့ပေးခဲ့တာပါ...အဲကိစ္စကနောက်ကျ နာမည်ကြီးသွားမယ်လို့လဲ မထင်ခဲ့ဘူး။ တည်မိုးအေးချမ်းကိုကြိုက်တာကျ ကျွန်တော့်ကိုယ်ရေးကိုယ်တာကိစ္စပါ အဲတာကိုဓာတ်ပုံရိုက်ပြီးအတင်ခံရတယ် အကောခံရတယ်...အခုတော့ စေတနာကိုပါတစ်မျိုးအမြင်ခံရတယ်။ လုံးဝအဆင်မပြေပါဘူး၊ ဒါနဲ့ပတ်သက်ပြီး နောက်ထပ်ဘာမှမကြားချင်ပါဘူး မေတ္တာရပ်ခံပါတယ်/


ညီသာဝင်းထိန်က လုံးဝနစ်နာသူဖြစ်သွားပြီးတော့ ဒီကိစ္စကလုံးဝပြီးသွားတယ်။ ညီသာက postအောက်မှာ commentပါပိတ်ထားတယ်။

သူ့ကိုထောက်ခံအားပေးတဲ့သူတွေ တည်မိုးအေးချမ်းနဲ့ပေးစားတဲ့သူတွေတော့ များလာတယ်။

ညီသာဝင်းထိန်ရဲ့နေ့ရက်တွေက ပုံမှန်လိုပဲဖြတ်သန်းနေတယ်။ ဘယ်အတန်းချိန်တွေလစ်လို့ရလဲ၊ ဘယ်နေရာမှာဖဲဝိုင်းရှိလဲ၊ အမေ့ဆိုင်ကနေပိုက်ဆံဘယ်လိုဘတ်ရမလဲ တွက်ချက်မှုတွေနဲ့ပြည့်နှက်နေတဲ့ သူ့ဦးနှောက်လေးက တည်မိုးအေးချမ်းကိုလဲ လုံးလုံးမေ့သွားတယ်။



ဒီနေ့ဆေးဘဲတွေနဲ့ အဆောင်မှာဖဲရိုက်ကြဖို့ ချိန်းထားတယ်။ အခုတလော ညီသာ့ရဲ့ အတန်းချိန်တွေကပြည့်နေတာ။ သူ့ ကျောင်းခေါ်ကြိမ်တွေကစိုးရိမ်ရေမှတ်ရောက်ဖို့ နီးကပ်နေတာမို့ အတန်းတွေပျက်မရပေ။ နောက်ဆုံးရာခိုင်နှုန်းတွေကို အကြိမ်ကြိမ်အဖန်ဖန်တွက်ချက်ပြီးတဲ့အခါ သူလစ်လို့ရမဲ့အချိန်တွေ ထွက်လာတယ်။

ဆေးကျောင်းက ကောင်တွေကတော့ပြတ်တယ်။ ငါတို့မတက်ဘူး ဆိုတာနဲ့ပဲပြီးတယ်။ တွက်လဲမနေ၊ တိုင်စာရောက်တောင်စိတ်မပူ။ တချို့ကျောင်းပျော်နှစ်ချို့နေနေတဲ့စီနီယာတွေပါ ညီသာသိသတယ်။ ဒီလောက်ကြီးကျ ပျင်းစရာမကောင်းဘူးလားလို့ ညီသာတွေးမိတယ်။
သူတို့ပုံမှန်စာသင်နှစ်ကိုက ဒီလောက်ရှည်လျားနေတာကို။

Watermelon Juice Место, где живут истории. Откройте их для себя