အပိုင်း (၁၅)

13.4K 1.2K 62
                                    

တည်မိုးအေးချမ်းရဲ့ ဒုတိယတောင်းဆိုချက်က ဘက်စကတ်ဘောဆော့တာကို လာစောင့်ပေးရန်တဲ့။

ရေဘူး၊တဘက်တွေအကုန် အပြည့်အစုံယူလာရမယ်။ အားကစားသမားတစ်ယောက်ကို သေချာအားပေးတဲ့အတိုင်းအားပေးရမဲ့အပြင် ခိုင်းသမျှလုပ်ပေးရမယ်ဆိုတဲ့အချက်လဲ ပါတယ်။ နောက်ပြီး
ချွေးသုတ်ပေးရမယ် ရေဘူးလဲအဆင်သင့်ဖွင့်ပေးရမယ် လက်ခုပ်တီးပြီးလဲ မကြာခဏတော်တယ်လို့ လက်မထောင်ပြရမယ်တဲ့။

တည်မိုးအေးချမ်းက တကယ်ပဲ ခိုင်းတတ်တယ်၊ အခွင့်အရေးကို အပြည့်အဝအသုံးချတတ်တယ်လို့ ခပ်ချဥ်ချဥ်တော့ တွေးမိသေးတယ်။

ညီသာဝင်းထိန်က တည်မိုးအေးချမ်းရဲ့ပြဿနာအစစ်ကို အခုမှသဘောပေါက်တော့တယ်။ စကားအပြောအဆိုလုံးဝမတတ်တာပဲ၊ ထီမထင်မျက်နှာပေးနဲ့သူပြောချင်ရာပြောချတတ်ပုံက လူရိုက်ပေါက်အစစ်။ သူ့ကို ပေါ်တင်ငြင်းချသွားတုန်းကမျက်နှာနဲ့ စကားတွေကို ညီသာအခုထိမမေ့သေးဘူး။ အကယ်၍သာ တစ်ဖက်သတ်ကြိုက်နေတဲ့သူဆိုရင် တည်မိုးအေးချမ်းစကားတွေကြောင့် ဘယ်တော့မှမကြိုးစားဘဲ တစ်ခါတည်းလက်လျှော့ပစ်လိုက်တော့မှာ။

ချိန်းထားတဲ့နေရာကိုရောက်တော့ တည်မိုးအေးချမ်းက စတင်ပြီးကစားနေပြီ။ အပြင်က အားကစားခန်းမမို့ ညီသာဝင်းထိန်နဲ့သိတဲ့သူတစ်ယောက်မှမရှိ။

တည်မိုးအေးချမ်းက သူ့ရဲ့ရှည်လျား‌သောအရပ်နဲ့လိုက်တဲ့အားကစားကို ဆော့နေတာမို့ တရားလွန်ကြည့်ကောင်းနေတယ်ဆိုတာ ပြောစရာပင်မလို။
တည်မိုးအေးချမ်းကို သဲသဲလှုပ်နေတဲ့သူတွေ၊ လိုင်းပေါ်ပုံတစ်ပုံတင်တာနဲ့ အပြေးလေးရောက်လာပြီးကြူးတဲ့သူတွေကို ဒီမြင်ကွင်းမြင်စေကြည့်ချင်တယ်။

ကြည်လင်နေတဲ့အသားရည်ပေါ်မှာ ကပ်တင်နေတဲ့ပြောင်ဝင်းလှတဲ့ ချွေးစက်တွေကိုကြည့်ပါအုံး။ ဆန့်တန်းထွက်လာတဲ့ လက်တံရှည်တွေနဲ့ လက်ပြတ်ဝတ်ထားတာမို့ မြင်နေရတဲ့လက်မောင်းပေါ်ကကြက်ဥတွေလိုမျိုး ကြွက်သားတွေ။

ညီသာဝင်းထိန်သည် ဒူးပေါ်လက်တင်ကာမေးထောက်ရင်းဖြင့် အငေးကြီးငေးနေမိတော့တယ်။ ဒါက ဘယ်လောက်တောင်ကံကောင်းမှမြင်ခွင့်ရတဲ့ မြင်ကွင်းလဲ။
ခုန်လိုက်တဲ့အချိန်မှာ တည်မိုးအေးချမ်းရဲ့ အင်္ကျီကအပေါ်ကိုမြင့်တက်သွားပြီးနောက် မြင်လိုက်ရတဲ့ ဗိုက်ကြွက်သားတွေ။ ညီသာ့အကြည့်တွေက ထိုနေရာကနေမခွာနိုင်တော့။


Watermelon Juice Où les histoires vivent. Découvrez maintenant