Thingyan Festival

9.3K 891 131
                                    

ရည်းစားရှိတာက ဘာကောင်းကျိုးရှိလို့လဲ။

ဒီမေးခွန်းကို မြတ်စောသာက ညီသာဝင်းထိန်ကိုမေးလာခဲ့တယ်။ တည်မိုးအေးချမ်းကလွဲရင် ဘာမှမသိတော့သလိုမျိုးလုပ်နေတဲ့ စီနီယာအစ်ကိုကို ရည်းစားရသွားမှပဲ မြတ်စောသာ အမြင်မကြည်ချင်တော့ဘူး။

ရည်းစားရှိတာဘာကောင်းကျိုးရှိလဲဆိုတော့ အရင်တုန်းက ငါဘာကောင်ကြီးမှမဟုတ်ပါဘူး၊ ငါ့ကိုဘာလို့မုန်းနေကြတာလဲ၊ ငါကရုပ်အရမ်းချောနေရုံပါလို့ တွေးတာကနေ...
ရည်းစားရှိသွားတော့ ငါဘာကောင်ကြီးမှမဟုတ်ပါဘူး၊ ငါ့ကိုဘာလို့မုန်းနေကြတာလဲ၊ ရည်းစားရှိတဲ့သူမို့လို့လား ဆိုပြီးပြောင်းတွေးလို့ရသွားတာပါပဲ။

ညီသာဝင်းထိန်အတွက်ကျ အဲဒီထက်ပိုတယ်။ ငါဘာကောင်ကြီးမှမဟုတ်ဘူး၊ ငါ့ကိုဘာလို့မုန်းနေကြတာလဲ၊ တည်မိုးအေးချမ်းရဲ့ရည်းစားဖြစ်နေလို့လားဆိုပြီး ထပ်ပြီး ဂုဏ်ယူလို့ပါရသေးတယ်။

ညီသာကအဲလိုပြန်ဖြေတော့ မြတ်စောသာက ပြန်ပြောတယ်။

"ဒါဆို ကျွန်တော်လဲအစ်ကို့လိုတွေးနိုင်အောင် ကျောင်းကွင်းကို ရည်းစားစကားပြောလိုက်ရမလား" တဲ့။

ဒါပေမဲ့ မြတ်စောသာက သူ့အတွေးကို နောက်နှစ်ရက်ကြာ နှင်းရည်လွင်ကိုမြင်တော့ ပြန်ရုပ်သိမ်းလိုက်ပါတယ်။

နှင်းရည်လွင်၊ မြတ်သူနဲ့ ညီသာတို့သုံးယောက် သင်္ကြန်လည်ဖို့အတွက်ဆိုပြီး ဆံပင်အရောင်တွေဆိုးလာကြတာကို မြင်ပြီးတော့ပါ။

သုံးယောက်လုံးကို တစ်ပြိုင်နက်တည်းတွေ့လိုက်ရတဲ့ တည်မိုးအေးချမ်းဆီက တော်တော်နဲ့စကားသံထွက်မလာပါဘူး။

သူတို့သုံးယောက်လုံးကို အကြောင်သားရပ်ကြည့်နေခဲ့တာ။ တကယ်တော့ salon
ကပြန်ထွက်တည်းက သူတို့ဆုံးဖြတ်ချက်တွေမှားသွားမှန်း ခံစားလိုက်ရပါတယ်။

"ဘာလို့အရောင်တွေဆိုးလာကြတာလဲ"

နောက်ဆုံးတော့ တည်မိုးအေးချမ်းက ရိုးရိုးရှင်းရှင်းပဲ မေးလာခဲ့တယ်။

"ဆိုင်ကလိုက်မှာလို့ပြောလို့ပေါ့"

"ဟုတ်တယ် နင်မသိလို့ဆိုင်ကမှန်ထဲကြည့်တုန်းကတောင် တော်တော်လှနေတာ"

Watermelon Juice Onde as histórias ganham vida. Descobre agora