အပိုင်း (၂)

21.7K 1.6K 6
                                    

"မင်းဟာကလွန်တာပေါ့ တစ်ခါလဲမဟုတ် နှစ်ခါလဲမဟုတ် ကျောင်းကင်း ကိုသွားသွားရန်စနေတာ"

"နှစ်ခါတည်းပါဗျာ"

အစ်ကိုအောင်ဟိန်းထက်စကားကို ညီသာကလက်နှစ်ချောင်း ထောင်ပြပြီးချေပတယ်။

အရင်တစ်ခါက မရည်ရွယ်ဘူး။
အခုကိစ္စလဲ တကယ်မရည်ရွယ်ဘူး။ သိသွားဖို့လဲ မမျှော်လင့်ခဲ့ဘူး။

"ဟုတ်လား ဒီထက်အရင်ကိစ္စရှိသေးတာလား ကျွန်တော့်လဲပြောပြအုံးလေ"

သူ့ထက်တစ်နှစ်ငယ်တဲ့ ဂျူနီယာမြတ်စောသာက သိချင်စိတ်အပြည့်နဲ့ဝင်မေးတယ်။ မြတ်စောသာက civilကျောင်းသားဖြစ်ပြီး ညီသာကcomputer ITကမို့ နည်းပညာတက္ကသိုလ်ကျောင်းသားချင်း တူတူပဲ။
အစ်ကိုအောင်ဟိန်းထက်ကသာ ဆေးကျောင်းသား။ ညီသာက ဆေးတက္ကသိုလ်ရော နည်းပညာတက္ကသိုလ်မှာပါ အသိမိတ်ဆွေပေါတယ်။

"နှစ်စမှာ ကျောင်းပြောင်းလာတဲ့ တည်မိုးအေးချမ်းကို ဂျင်းထည့်တာလေ...တကယ့်အမွှေကောင်၊ ငါ့မှာဌာနမျက်နှာနဲ့ ပြန်တောင်းပန်ပြီးကျေနပ်အောင် လုပ်ပေးလိုက်ရတယ်"

အစ်ကိုအောင်ဟိန်းထက်က ထိုသို့အစချီပြီး ရှင်းပြလေတော့ ထိုစဥ်က အဖြစ်အပျက်ကိုသူစဥ်းစားမိသွားတယ်။ အဲတုန်းကလဲ ဖဲကြွေးဆပ်စရာမရှိလို့ ကြံရာမရလုပ်ခဲ့တာ။

အင်း အဲဒီကိစ္စပါပေါင်းရင်
တည်မိုးအေးချမ်း သူ့ကိုတော်တော်လေးမုန်းချင်မုန်းနေမှာ။ ဒါပေမဲ့ သဘောထားကြီးကြီးထားမယ်ဆိုရင် ဒီကိစ္စတွေက ဘာမှကိုမဟုတ်တဲ့မဖြစ်စလောက်လေးတွေပဲ။

"အခုလဲ အအေးရောင်းချင်တာနဲ့ crushချင်ယောင်ဆောင်ရတယ်လို့"

"ကျောင်းကင်းကရှက်သွားတာလား မသိဘူးနော်...သူကအတည်ကြီးလာငြင်းတဲ့ဟာကို အစ်ကိုညီသာက အအေးရောင်းချင်တာဆိုတော့"

"ငါတကယ်အဲလိုမပြောချင်ပါဘူး ထားလိုက်ပါတော့လေဆိုပြီး ဒီတိုင်းထားမလို့ကို...မင်းတို့သူ့မျက်နှာကြီးမမြင်လို့ လူကိုငြင်းနေတာများဆတ်ဆတ်ခါကြီး သူ့ကိုအကုန်လုံးကကြိုက်တာနဲ့ပဲ တရားလွန်ဘဝင်တွေမြင့်နေတာ"

Watermelon Juice Wo Geschichten leben. Entdecke jetzt