ချောက်ချားဖွယ်ရာဘော့စ်ကြီးကို...
By Swae_Nyoe
100K 13.9K 162
ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို... More
Description
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
တယ်လီဂရုလေး ရရှိပါကြောင်း..
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
တယ်လီပေးဂရုပြီး‌ဆုံးပါကြောင်း...
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
တယ်လီဂရုနောက်တစ်ခု စဆုံးပြီးဆုံးပါကြောင်း...
BL Completed Package Promotion
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
☘️သင်္ကြန်ပရိုမိုးရှင်း
Part 88
Part 89
Part 90
Part 91
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 92
Part 93
Part 94
Part 95
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
Part 96
Part 97
🌧️ချစ်ခြင်းမေတ္တာများနှင့် မိုးရာသီပရိုမိုးရှင်း🌧️
🌧️ချစ်မေတ္တာများဖြင့် မိုးရာသီ ပရိုမိုးရှင်း 2nd Day🌧️
Part 48
882 132 0
By Swae_Nyoe
အပိုင်း (၄၈)
ဒေါက်တာဝိုင်၏ စမ်းသပ်ခန်းရှိရာ တလျောက် လမ်းလျှောက်နေရင်း ယွီဟောက် လေ့သွမ့်ကို ကပ်မေးလိုက်သည်။
"လေ့ကော ဒေါက်တာဝိုင်က ဘာအမိန့်တွေ ထပ်ပေးပြန်ပြီလဲ"
လေ့သွမ့် "ငါလည်း မသိဘူး"
ယွီဟောက်သည် သူ၏ လုပ်ဆောင်ချက်များက ဒေါက်တာဝိုင်လိုချင်သော ရည်မှန်းချက်တို့နှင့် ဘယ်သောအခါမှ မကိုက်ညီခဲ့သည်ကို သတိထားမိခဲ့သည်။ ထို့ကြောင့်ပင် သူသည် အကြိမ်ကြိမ်အခါခါ ဆင့်ခေါ်ခြင်းခံရတတ်ပြီး တစ်ခါခေါ်တိုင်းလည်း အလွန်အမင်း စိတ်လှုပ်ရှားတတ်လာသည်။
တံခါးကို တွန်းဖွင့်လိုက်သော် မှန်တံခါးနောက်တွင် ရပ်နေရင်း သူတို့ကို အေးစက်စက် ကြည့်နေသော ဒေါက်တာဝိုင်ကို မြင်လိုက်ကြသည်။
"Lab E(ဓာတ်ခွဲခန်း E)မှာ ရှိတဲ့ လူတစ်အုပ်က ဘာဖြစ်ကြတာလဲ"
ဒေါက်တာဝိုင် တည့်တိုးမေးလိုက်သည်။
သန္ဓေပြောင်းများကို ဖန်တီးခဲ့သော လူတစ်စုသည် Lab E မှ ဖြစ်သည်။ ထိုအချိန်တွင် မိုးတိမ်မဟာမိတ်တပ်ပေါင်းစုသည် သူတို့၏ တည်ရှိမှုကို သတိမထားခဲ့မိကြသေးပေ။ ယွီဟောက် ထပ်တလဲလဲ တွေးကြည့်ပြီး သတိကြီးကြီးဖြင့် ဖြေလိုက်သည်။
"ဒေါက်တာ ရဲ့ ညွှန်ကြားချက်အတိုင်းပဲ ကျွန်တော်တို့ သူတို့ရှိနေတာကို မသိသလို ဟန်ဆောင်နေပြီး လုပ်ချင်တာ လုပ်ခွင့်ပေးထားပါတယ်"
ယင်ညန် မျက်လုံးမှိတ်၍ တွေးလိုက်ကာ
"သူတို့တွေ မုဝေါ မြို့နားမှာ အဖွဲ့ချုပ်လုပ်ထားတယ်ထင်တယ် တကယ်လို့ မင်းဘာမှ လုပ်စရာမရှိရင် တစ်ယောက်ယောက်ခေါ်သွားပြီး သူတို့ကို ပြဿနာနည်းနည်းလောက် ပေးလိုက် အကုန်လိုက်ပြီးတော့ ဖျက်ဆီးစရာမလိုဘူး တစ်ချို့လောက်ကိုတော့ အသက်ရှင်ခွင့်ပေးခဲ့လိုက်"
ဒေါက်တာဝိုင် ဤသို့ အသေးစိတ်ကျသည့် ညွှန်ကြားချက်မျိုးကို တစ်ခါမှ မပေးဖူးရာ ယွီဟောက်မှာ နောက်ကွယ်က အကြောင်းအရင်းကို သိချင်လာသည်။ သူက ဒေါက်တာ့မျက်နှာ အခြေအနေကို ကြည့်၍ မေးခွန်းတစ်ခု မေးလိုက်သည်။
"ဒါ.... ဘာလို့လဲ"
"ရုပ်ဆိုးလို့ မြို့တော်ရဲ့ ပုံရိပ်ကို ထိခိုက်တယ်"
ဤစကားရှစ်လုံးကိုသာ ချန်ပြီး လှည့်ထွက်သွားသည်။ မြန်လွန်းသဖြင့် သူတို့မှာ ပိတ်သွားသော တံခါးကိုသာ မြင်လိုက်ရသည်။ တံခါးနောက်သို့ လိုက်ထွက်သော ယွီဟောက်၏ နှာတံချွန်ချွန်က တံခါးနှင့် တိုက်မိသွားသည်။ သူ့နှာခေါင်းကို ခပ်ဖွဖွပွတ်ရင်း
'ဒေါက်တာက စိတ်ဆိုးသွားတာလား'
အလွန်စိတ်ဆိုးနေပုံရသော ယင်ညန်သည် သူ၏ လေကာအင်္ကျီအိတ်ကပ်ထဲသို့ တစ်ခုခု ကျလာသည်ကို ခံစားလိုက်ရသည်။ ထုတ်ကြည့်လိုက်သော အဖြူရောင်ကြောင် ကြွေရုပ်လေး ဖြစ်သည်။ ကြောင်ရုပ်ကလေးကို မြှောက်၍ ခပ်ဖွဖွ နမ်းလိုက်ပြီး သူ့အနီးနားမှ လေထုကလည်း တမုချင်းမဟုတ် အတိုင်းအဆမဲ့ သိမ်မွေ့လာသည်။
"ကျိရင်..."
------------------------
ကမ္ဘာအစစ်သို့ ပြန်ရောက်လာသော ကျန်းကျိရင်သည် ရောက်ရောက်ချင်း Item Store မှ [အဆင့်မြင့် နတ်ဖန်သားမျက်စိ] ဆယ်စုံဝယ်ခဲ့သည်။ ထို Item ၏ မိတ်ဆက်ကို ကြည့်ရုံနှင့်ပင် မည်မျှ အင်အားကြီးသည့် Item ဖြစ်ကြောင်းသိနိုင်သည်။ ၎င်းသည် မိုင်တစ်ရာအတွင်း ဖြစ်ပျက်သမျှကို အသေးစိတ် မြင်နိုင်သည်ဟု ပြောထားသည်။ ပိုင်တုမှ လမ်းကြောင်းပြစနစ်နှင့် သွားတူသည်။
၎င်းသည် အရာရာတိုင်းကို အသေးစိတ်စောင့်ကြည့်နိုင်ပြီး တစ်ခုခု သာမန်မဟုတ်သည်ကို တွေ့သည်နှင့် ချက်ချင်း အစီရင်ခံနိုင်သည်။ သို့သော် ဂိမ်းထဲတွင် ၎င်းသည် ကစားသမားတစ်ဦးမှ အခြားကစားသမားတစ်ဦးကို သတ်ရန် လမ်းကြောင်းကို ခြေရာခံရာတွင်သာ ဤ Item ကို အသုံးပြုလေ့ ရှိသည်။
ကျန်းကျိရင်သည် မုဝေါမြို့တွင်းကို စောင့်ကြည့်ရန် တစ်မြို့လုံးနီးပါး နတ်မျက်စိများ ဖြန့်ကျက်တပ်ဆင်ထားခဲ့သည်။ ဇွန်ဘီများက အသက်မရှူကြရာ သူတို့ကို သေပြီးသားဟု သတ်မှတ်နိုင်သည်။ ထို့ကြောင့် သီအိုရီများအရ မုဝေါမြို့သည် မြို့တော်သေတစ်ခုဖြစ်ပြီး အကယ်၍ တစ်ခုခု သဘာဝမကျသည့် ကိစ္စများဖြစ်လာလျှင် ၎င်းတို့သည် "နောက်ကွယ်မှ ကြံစည်သူများ" ဟုခေါ်သည့် အဖွဲ့က တစ်ခုခု လုပ်နေတာသာ ဖြစ်နိုင်သည်။
တစ်ချိန်တည်းမှာပင် ဤကိစ္စကို အထက်သို့ မြန်မြန် တင်ပြခဲ့သည်။ ဤအရေးနျင့်ပတ်သက်ပြီး အလွန်အရေးကြီးသည့်ကိစ္စဟု သတ်မှတ်ပြီး အလျင်အမြန် အရေးတယူစီစဉ်စေလိုသောကြောင့် တင်ပြခဲ့ခြင်းဖြစ်သလို ဤကိစ္စကို သူတစ်ယောက်တည်း မကိုင်တွယ်နိုင်သောကြောင့်လည်း ဖြစ်သည်။
သူသည် အရင်ဆုံး ရှန်းရှီကို သွားရှာခဲ့သည်။
"လက်ထောက်မန်နေဂျာရှန်း ကျွန်တော်တို့ အပြင်သွားကြတုန်းက အဲဒီတစ်ခေါက်က.... အမ်း.... တိုက်ခိုက်ကြဖို့လေ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော်တို့ အဆင့်မြင့် သန္ဓေပြောင်းကောင် အများကြီးနဲ့ ကြုံခဲ့တာလေ အဲဒါ ခင်များ အဲဒါ တစ်ခုခု မှားနေတယ်လို့ မထင်ဘူးလား"
"အမ်"
"ပြိးတော့ အဲဒီ သန္ဓေပြောင်းကောင်တွေ အားလုံး ဒီကို ဘယ်လိုရောက်လာကြတာလဲ အရမ်း သံသယဝင်စရာကောင်းမနေဘူးလား...."
"အမ်"
ကျန်းကျိရင် သံသယဝင်မှု အများအပြားကို စာရင်းလုပ်ထားပြီး ပြောပြခဲ့သည်။
ကံမကောင်းစွာဖြင့် ရှန်းရှီသည် သူနှင့် အတူလိုက်လာပြီး သူပြောသည်ကို နားထောင်နေသည်မှ လွဲ၍ မည်သည့်အမြင်ကိုမှ မဖော်ပြခဲ့ပေ။ ရှန်းရှီသည် စားပွဲပေါ် လက်တစ်ဖက်တင်၍ သူ့ကိုသာ ချိစ်ကိတ်ပိုင်းတစ်ခုလို စိုက်ကြည့်နေခဲ့သည်။ ကျန်းကျိရင် ရှန်းရှီ၏ ရုံးခန်းအတွင်းမှ စိတ်ပျက်စွာ ထွက်လာခဲ့သည်။
သူ(ကျန်းကျိရင်)သည် သူ(ရှန်းရှီ)နှင့် သာမန် သူငယ်ချင်းလောက်တော့ လုပ်လို့ရမည်ဟု ထင်ခဲ့သည်။ ဤကိစ္စကို သူ အလွန် လွယ်လွယ်တွေးခဲ့သည် ထင်၏။
ရုံးခန်းထဲတွင် ကျန်ခဲ့သော ဘော့စ်သည် အိတ်ကပ်ထဲမှ ကျိရင်ပေးခဲ့သော ကြွေကြောင်ရုပ်လေး ကို ထိကြည့်ပြီး မြတ်နိုးစွာ နမ်းရှိုက်လိုက်သည်။
အတိတ်မှ သင်ခန်းစာများအရ ကျိရင်က သူ့ရှေ့မှောက်ရောက်နေလျှင်ပင် သွားမဖက်ရဲတော့ပေ။ ဤသည်မှာ လူသားတစ်ယောက်၏ အဖြစ်ဆိုးတစ်များလေလား။
ယင်ညန်သည် ကျိရင်ကို ဖက်နိုင်ရန် ညလယ်တွင် ကျိရင်၏ အခန်းထဲသို့ ခိုးဝင်နိုင်မည့် ဖြစ်နိုင်ခြေကို လေးလေးနက်နက် စဉ်းစားတော့သည်။
ကျန်းကျိရင်သည် အထွေထွေမန်နေဂျာကို သွားရှာပြီး သူထင်သော သံသယများအကြောင်း ပြောပြခဲ့သည်။ အထွေထွေမန်နေဂျာက ဤကိစ္စကို တလေးတနက် ယူပြီး အထက်သို့ ချက်ချင်း တင်ပြခဲ့သည်။ မိုးတိမ်မဟာမိတ် တပ်ပေါင်းစုက မြန်နိုင်သမျှ မြန်မြန် မုဝေါမြို့ထဲသို့ ရှာဖွေရန် လူတစ်စု လွတ်ပေးခဲ့သော်လည်း ဘာမှ မတွေ့ခဲ့ပေ။
နောက်ဆုံးတွင် သူတို့သည် မပြန်ခင်တွင် စခန်း အမှတ် ခုနှစ်နှင့် အမှတ်သုံးတို့ကို လက်နက်ကိရိယာများ ပေးခဲ့ပြီး ဂရုစိုက်ကြဖို့ မှာထားခဲ့သည်။
ဂိမ်းထဲမှာလိုပင် စခန်း အမှတ် ခုနှစ်နှင့် အမှတ် သုံး တို့ ပြိုကွဲပြီး အမှန်တရားတို့ တိမ်မြှုပ်သွားရန် အချိန် နှစ်နှစ်ကြာခဲ့သည်။ တကယ်တမ်းတွင် မှော်မျက်လုံးများက ပို၍ ယုံကြည်စိတ်ချရသည်။ ၎င်းသည် မြေပြင်ပေါ်ကို စောင့်ကြည့်သည်သာမက မြေအောက်များကိုပါ စောင့်ကြည့်ကာ အဆောက်အဦးများ၏ အတွင်းပိုင်း ဒီဇိုင်းများကိုပါ မြင်ရစေသည်။ နေရာလွတ်ရှိသည့် နေရာတိုင်းကို နက်နက်ရှိုင်းရှိုင်း စောင့်ကြည့်၍ မှတ်တမ်းတင်သည်။ ထို့နောက် မည်သူမှ သတိမထားမိချိန်တွင် "မှတ်တမ်း" များဖြင့် ပြန်ရောက်လာသည်။
ဆက်တိုက် မှတ်တမ်းဗီဒီယိုငါးခုကို ကြည့်ပြီးနောက် ကျန်းကျိရင် တဖြည်းဖြည်းနှင့် ဇာတ်လမ်းတစ်ခုလုံးကို နားလည်လာသည်။
မုဝေါမြို့သည် "နောက်ကွယ်မှ ကြံစည်သူများ" သန္ဓေပြောင်းများကို ဖန်တီးရန် ခြေကုတ်ယူထားသော အဓိက်ကျသည့် ဓာတ်ခွဲခန်းနေရာဖြစ်သည်။ ထို "နောက်ကွယ်မှ ကြံစည်သူများ" အဖွဲ့က သူတို့ကိုယ်သူတို့ သုတေသနအဖွဲ့ E (Lab E) ဟု ခေါ်ကြကြောင်းလည်း သိခဲ့သည်။
သူတို့၏ ဓာတ်ခွဲခန်းသည် နှစ်ဆယ့်လေးလမ်းမှ စက်မှုအဆောက်အဦးဟူသည့် သင်္ကေတပါသော အဆောက်အဦးကြီး၏ မြေအောက်ထဲတွင် တည်ဆောက်ထားသည်။ မုဝေါမြို့သည် သူတို့၏ စမ်းသပ်ခန်း တစ်ခုသာဖြစ်သည်။ သူတို့၏ အဓိက ရုံးချုပ်က တစ်နေရာရာတွင် ရှိနိုင်သည်။ သို့သော် ဤနေရာနှင့် သိပ်တော့ မဝေးလှပေ။
စခန်း အမှတ်သုံး နှင့် အမှတ် ခုနှစ်တို့၏ ရှင်းလင်းရေး လုပ်ငန်းများသည် သူတို့၏ စမ်းသပ်မှုများကို အနှောက်အယှက်ဖြစ်သွားခြင်း သို့မဟုတ် သူတို့ လုပ်နေသော အရာတစ်ခုခုကို ရှာတွေ့သွားခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ယခု အခြေအနေအရ စခန်း အမှတ် ခုနှစ်နှင့် အမှတ်သုံးတို့ကသာ ရှင်းလင်းရေး တာဝန်ကိုသာ လက်မလျော့ဘဲ ဆက်၍ လုပ်နေမည်ဆိုလျှင် ပျောက်ကွယ်သွားမည့် အဖြစ်က ရှောင်လွှဲရမှာ မဟုတ်တော့ပေ။
ကျန်းကျိရင်၏ ပန်းတိုင်သည် သူ့ဘက်မှ တတ်နိင်သမျှ ထိန်းသိမ်းပြီး သူ၏ ပြိုင်ဘက်များကို တိုက်ခိုက်ရန်နှင့် ဂိမ်း‌ဇာတ်ကြောင်းကို အသစ်ပြန်ရေးရန် ဖြစ်သည်။
တစ်ချိန်တည်းမှာပ်င ယင်ညန်သည် ကျန်းကျိရင် ဘာလုပ်ချင်သည်ကို သိသလိုလို ရှိသော်လည်း သူ့ရည်မှန်းချက်ကတော့ ကျန်းကျိရင်နှင့် ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်သည်။ သူ၏ ရေတိုပန်းတိုင်သည် လောလောဆယ်တွင်
"ရှန်းရှီကို သင့်တော်သော နည်းလမ်းနှင့် မှန်ကန်သော အချိန်တွင် သေဆုံးသွားရန်နှင့် မည်သည့်သံသယဖြစ်စရာမှမရှိဘဲ ပျောက်ကွယ်သွားနိုင်ရန်" ဖြစ်သည်။
သူ၏ အနိတ္တိမ အလွန့်အလွန် ကြီးမားသော ရည်မှန်းချက်မှာ
"ကျိရင်၏ သူ့အပေါ် ခံစားချက်များ ကောင်းလာရန် မှန်ကန်သော နည်းလမ်းဖြင့်လုပ်ယူနိုင်မည့် နည်းလမ်းများကို သင်ယူရန်နှင့် ဇာတ်ကြောင်းကို မှန်မှန်ကန်ကန်နှင့် မြန်မြန် တိုးတက်လာစေရန် အထူးလုပ်ရန်ဖြစ်သည်။ သို့မှသာ သူ၏ ကျိရင်နှင့် မြန်မြန် တွေ့ခွင့်ရပြီး တစ်တီတူးလို့ရမှာ ဖြစ်သည်။"
အကယ်၍ ဗီလိန်များကို သဘောကျတတ်သော ကျန်းကျိရင်သာ ယင်ညန်၏ ဤသို့ ဆိုးဝါးရှုပ်ထွေးသည့် အကြံအစည်ကိုသာ သိလျှင် သူတော့ သေချာပေါက် သက်ပြင်းချလိမ့်မည်ဖြစ်သည်။ သူ့မိသားစု၏ သခင်ကြီး ဘော့စ်ယင်ညန်သည် ကမ္ဘာ့ပထမဆုံးသော အလွန်အမင်းမရင့်ကျက် ဆိုးဝါးလှသော ရည်ရွယ်ချက်ကို ဘဝကြီးပုံအပ်ထားသလို လုပ်နေခဲ့သည့် လူ ဖြစ်သည်။
ကံမကောင်းစွာဖြင့် ဤသည်ကို ကျန်းကျိရင် မသိသောကြောင့် သူ၏ မျက်လုံးထဲတွင် ဒေါက်တာဝိုင်သည် အေးစက် မြင့်မြတ် တည်ငြိမ်ပြီး လောကီရေးရာများကို ဝင်မပါတတ်သော၊ နီးစပ်ရန်ခက်ခဲသော ကမ္ဘာပျက်ကပ်ကို တစ်နည်းတစ်ဖုံ ဖန်တီးလိုက်သော ဗီလိန်ကြီး ဖြစ်နေဆဲပင်။
ယင်ညန်၏ လုပ်ရပ်များစွာက သူ၏ ယင်ညန်အပေါ် နားလည်မှုများကို ထပ်ခါတလဲလဲ ပြန်၍ ဆန်းသစ်လာစေသည်။
သို့သော်....
ကျန်းကျိရင်၏ နှလုံးသားထဲတွင် သူ၏ ဘော့စ်သည် စကားလုံးနှင့်ပင် ဖော်ပြ၍ မရနိုင်အောင် ချစ်စရာကော်ငးပြီး ဤသို့သော ယင်ညန်က ပို၍ပင် ချစ်စရာကောင်းလှကာ လုံးဝ လုံးဝ ထိန်းချုပ်မရနိုင်တော့မည့် ယင်ညန်ကတော့....
(T/N : ကျန်းကျိရင် join the trend : ဘာမှမလိုဘူး ယင်ညန် နဲ့ ရေ ပဲ )
သူ့(ယင်ညန်)ကို စကြိုက်ကတည်းက ဤလူက ကောင်းသည့်လူမဟုတ်မှန်း သူသိထားပြီးသားဖြစ်သော်လည်း နှစ်ကြိမ်တိုင်တိုင် အဆက်အသွယ်ရှိဖူးသွားပြီးသည့် နောက်တွင် သူ့မိသားစု၏ ဘော့စ်သည် အရာအားလုံးကို ဘာမှမရှိတော့အောင် ဖျက်ဆီးပစ်ချင်သည့် ဒဏ္ဍာရီလာ ဖျက်ဆီးသူ တစ်ယောက်နှင့် လုံးဝမတူဘဲ အလွန်ကို အပြစ်ကင်းသည့် လူဖြစ်နေသည်ကို သိခဲ့ရသည်။
တည်နေရာမသိရသော နေရာတစ်ခုတွင် ဒေါက်တာဖြစ်ချင်သည်နှင့် အမြဲတမ်း လွဲအောင် လုပ်တတ်သော ယွီဟောက်သည် ယခုတစ်ကြိမ်တော့ မထင်မှတ်ထားဘဲ လိပ်ပြာတောင်ပံခတ်လိုက်နိုင်သွားသည်။ မုဝေါမြို့အတွင်းရှိ Lab E မှ လူတိုင်း အုတ်အော်သောင်းနင်းဖြစ်ကုန်သည်။
"ရုတ်တရက်ကြီး ယွီဟောက်ရဲ့ တပ်ဖွဲ့တွေက ငါတို့ကို ဘာလို့ ဒုက္ခလာပေးတာလဲကွ"
"ကြည့်ရတာ ယွီဟောက်က ကျွန်တော်တို့ကို တကျော့ပြန်အခြေစိုက်စခန်းက လူတွေလို့များ ထင်နေတာဖြစ်မယ်"
"ဒါပေမဲ့ သူတို့ ငါတို့ကို ဒီလောက်ကြီး အနိုင်ကျင့်နေရင်တော့ ဆက်ပြီး စမ်းသက်မှုလုပ်ဖို့ ခက်လာတော့မှာပဲ အခုက အရေးအကြီးဆုံးအဆင့်ရောက်နေပြီကိုကွာ"
"ဒါဆိုလည်း လုပ်ငန်းစဉ်ကို ဒီထက်မြန်မြန် လုပ်တော့"
'ဒုတိယမြောက်ပြည့်ရှင်' ဟူသော ကုတ်နာမည်နှင့် ခေါင်းဆောင်က လူများ၏ မှတ်ချက်များ ကွန်ပလိန်းများကို စကားတစ်ခွန်းတည်းနှင့် ဖျက်ချလိုက်သည်။
"ဒါပေမဲ့..."
ရုတ်တရက် ထိုအသံက တိတ်ဆိတ်သွားသလို ခေါင်းဆောင်၏ အေးစက်သော အကြည့်များကို နားလည်စွာ လူတိုင်း ငြိမ်ကျသွားသည်။ မည်သည့် ငြင်းဆိုချက် အကြံပြုချက်တို့မှ ထွက်မလာတော့အောင် ထိုအကြည့်တို့က ဩဇာညောင်းလေသည်။
သူတို့တွင် ဖန်တီးထားသော ပစ္စည်းလေးများက ရှားပါးနေသေးသော်လည်း ပိုင်ရင် ရှေ့တန်းတပ်စခန်း အမှတ် ခုနှစ် နှင့် အမှတ်သုံး တို့တွင် လူများစွာ ရှိနေသေးသည် မဟုတ်ပါလား။ နိုင်ငံသစ် တည်ထောင်ရန် နေ့စဉ်နေ့တိုင်း အသက်ရင်းပြီး နေရာတိုင်း ပြေးလွှားနေသော ကြွက်ကလေးများက စိတ်ရှုပ်စရာကောင်းလွန်းလှသည်။
ဒုတိယမြောက်ပြည့်ရှင်က သူ့မျက်နှာပေါ်မှ သံမျက်နှာဖုံးကို တွန်းလိုက်ပြီး
"အိုးမီ သူတို့ကို ဒီကိုရောက်လာအောင် တစ်ခုခုလုပ်လိုက်"
အိုးမီ အမည်ရှိ ယောက်ျားတစ်ယောက်က ခေါင်းညိတ်၍ အမှောင်ထုထဲတွင် မြန်ဆန်စွာ ပျောက်ကွယ်သွားသည်။
သူသည် သာမန်အားဖြင့် နည်းနည်းလေးမှ အသုံးမကျဟု သတ်မှတ်ထားသော အရှိန်/အမြန်နှုန်း စွမ်းအားရှင်ဖြစ်သည်။
.............................................
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။
Zawgyi
အပိုင်း (၄၈)
"ဒါ.... ဘာလို့လဲ"
"ကျိရင်..."
------------------------
"အမ်"
"အမ်"
သို့သော်....
"ဒါပေမဲ့..."
.............................................
Continue Reading
You'll Also Like
1.6M 197K 160
1.1M 61.8K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...
26.2K 3.2K 39
"ကိုယ်ရပ်တန့်ပစ်ဖို့​ ရွေးချယ်လိုက်တယ်၊ မင်းကိုချစ်​နေတဲ့ အချိန်​တွေမှာပဲ ရပ်တန့်ပစ်လိုက်ဖို့" Shut Down-《停摆》(mm trans) Native Title - 停摆 Total Chapt...