ဆေးသိန္ဓိရှင် ( လုံချန် ) Boo...

By Azure5549

8.4K 542 6

မူရင်း ENG Name: Nine Star Hegemon Body Arts မူရင်း စာရေးသူ : ordinary magician တရုတ်မှ အင်္ဂလိပ်ဘာသာသို့ပြန်... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
241 - 245
246 - 250

236 - 240

72 4 0
By Azure5549

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(236)သွေးစွန်းသည့်ဓား

မြို့ငယ်လေး၏ အတွင်းပိုင်း မြင်ကွင်းသည် ငရဲကျသကဲ့သို့ ခြောက်ခြားစရာကောင်းလှ၏။အောက်လမ်းသိုင်းသမားများစွာ
မှာ အပြစ်မဲ့ ဒေသခံများကို မရပ်မနားသတ်ဖြတ်လျှက်ရှိသည်။သူတို့လက်တွင် ကိုင်ထားသည့် လက်နက်များ၌ ပေ
ကျံနေသောသွေးများကား မြေပြင်ထက်သို့ တစ်စက်စက်ကျရမည့်အစား ကိုင်ဆောင်ထားသော သူတို့၏ လက်နက်
များအတွင်းသို့ စုပ်ယူလိုက်သည့်အလား မှေးမှိန်ပျောက်ကွယ်သွားကြ၏။

ထိုသို့သွေးသောက်ကြပြီး နောက် ၎င်းလက်နက်တို့သည် အရသာ ရှိသောအစားအသောက်တစ်ခုကို စားသောက်ရဟန်
နှင့် လွန်စွာကြောက်မက်ဖွယ်ကောင်းသည့် အော်ရာများကို ထုတ်လွှတ်လိမ့်မည်ဖြစ်သည်။ထို့ပြင် ထိုအောက်လမ်းသိုင်း
သမားတစ်ဦး သည် ဒေသခံတစ်ဦးကို သတ်သည့်အခါတိုင်း သူတို့၏ ကိုယ်ခန္ဓာ အတွင်းသို့ သွေးအမှုန်၊သွေးအငွေ့
တို့ ၀င်ရောက်သွားလေ့လည်းရှိ၏။

ထိုသွေးသည် သူတို့အား ဆေးဝါးတစ်မျိုးကဲ့သို့ လှုံ့ဆော်သည်ထင့် သူတို့၏ မျက်လုံးများကား သွေးဆာဟန်ဖြင့်ရဲရဲ
နီနေကြ၏။ဤမြို့လေး ၌ လူဦးရေ တစ်သောင်းအောက်သာ ရှိရာ သိုင်းသမားများ သိပ်များမျာစားစားမရှိလှပဲ
စစ်သည်များပင် ချီပေါင်းစပ်ခြင်းအဆင့် ၌သာ ရှိကြလေ၏။ဤမျှသော သိုင်းအဆင့်အတန်းလေးက အောက်
လမ်းသိုင်းသမားများအား မည်သို့မျှ မလုပ်နိုင်ကြသည့် အပြင် သူတို့ကိုယ်သူတို့ပင် ခုခံကာကွယ်ရန် မတတ်နိုင်
ကြချေ။

အောက်လမ်းသိုင်းသမားများမှာ ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြသော မြို့သူ၊မြိုသားတို့အား ရက်ရက်စက်စက်သတ်
ဖြတ်နေကြ၏။သို့သော် အနည်းငယ်မျှသော လူတို့သာ အောက်လမ်းသိုင်းသမားတို့၏ လက်မှလွတ်မြောက်အောင်
ပြေးနိုင်ကြသည်။လူအများစုမှာမူ မြို့လေးတွင် ထွက်ပေါက်မရှိပဲ ပိတ်မိနေခဲ့ကြ၏။ခေါင်းပြတ်များ လေပေါ်သို့
လွင့်ပျံ နေကြသလို သွေးများသည်လည်း ဖြန်းကနဲ ဖြန်းကနဲ ဖြင့်နေရာအနှံ့ပျံ့ကျဲလျှက်ရှိလေ၏။မြို့သူ၊မြို့သား
တို့အဖို့ တတ်နိုင်သည်မှာ အကူအညီမဲ့စွာ အော်ဟစ်ခြင်းနှင့် ငိုယိုခြင်းတို့သာလျှင်ဖြစ်ချေတော့သည်။

သူတို့၏ အမြင်တွင် သည် အောက်လမ်းသိုင်းသမားများကား ရပ်တန့်၍ မရ နိုင်သော မိစ္ဆာများဖြစ်ကြသည်။
အရွယ်ရောက်ပြီး သူတို့မှာ သူတို့၏ ရင်၀ယ်ပိုက် ကလေးငယ်များကို ရက်စက်လှသောထိုမြင်ကွင်း အဖုံဖုံ
အား မမြင်ရစေရန် အလို့ငှာ လက်ဖြင့် ကာထားကြ၏။သူတို့ပင် ထိုမျှ ရက်စက်လှသော သူတို့ရှေ့မှ မြင်ကွင်းကို
မကြည့်ဝံ့ကြပဲ သေမည့်အချိန်ကိုသာ စောင့်လျှက်ရှိလေသည်။

အောက်လမ်းသိုင်းသမားများ၏ ကောက်ကျစ်စွာရယ်မောလိုက်သည့် အသံ များမှာ မြို့ငယ်လေးတွင် ဖုံးလွှမ်း
လျှက်ရှိသည်။သူတို့ကား ထိုကဲ့သို့ ရက်ရက်စက်စက် လူသတ်ရခြင်း၌ ပျော်မွေ့သူများဖြစ်ကြ၏။မြို့ငယ်လေး
၏ ထွက်ပေါက်အချို့ကို ပိတ်ဆို့ထားလိုက်ပြီးနောက် သူတို့သည် လက်နက်များ တစ်ပြင်ပြင် ဖြင့် ကြောက်ရွံ့
လျှက်ရှိသော လူများကို အရသာခံ၍ ကြည့်နေကြ၏။

ထိုစ်ိတ်ပျက်အားလျှော့မှု နှင့် ကြောက်စိတ်တို့သည် ၎င်းတို့အား များစွာ စိတ်လှုပ်ရှားစေပါ၏။

"မိစ္ဆာ ကောင်တွေ မင်းတို့ကိုငါသတ်မယ်"

အသက် 7 နှစ်မှ 8 နှစ်ခန့်သာ ရှိသေးသော ကလေး ငယ်လေး တစ်ယောက် သစ်သားဓားတစ်လက်
ကိုကိုင်၍ ပြေးထွက်လာခဲ့၏။ထိုသစ်သားဓားသည် ကလေးကစားစရာ တစ်ခုမျှသာ ဖြစ်ရာ
မည်သို့မျှ ထက်ရှ ခြင်းမရှိချေ။သို့သော် ထိုကလေးငယ်လေးသည် ဒေါသတကြီးဖြင့် အောက်လမ်းသိုင်း
သမားတစ်ဦးထံသို့ပြေး၀င်သွားလေသည်။

"သားလေး ဒီကိုပြန်လာခဲ့စမ်း"

ကလေးငယ်လေး ပြေးထွက်သွားသည်နှင့် မိန်းမတစ်ယောက်၏ စူးကနဲ အော်ဟစ်သံထွက်လာသည်။
သို့သော် နောက်ကျသွားချေပြီ။ကလေးငယ်လေးသည် အောက်လမ်းသိုင်းသမား၏ ရှေ့သို့ ရောက်
သွားပြီ ဖြစ်သည်။

ထိုအောက်လမ်းသိုင်းသမား သည် ကောက်ကျစ်စွာဖြင့် ရယ်မောလိုက်၏။လက်ထဲမှ ကိုင်ထားသော
ဓားရှည်ကြီးသည် ကလေးငယ်လေး၏ လည်ပင်းသို့ အညှာအတာမဲ့စွာ ပြေး၀င်လာပါ၏။
သူ အကြိုက်ဆုံးအရာသည် လေထဲသို့လွင့်စင် ထွက်လာသည့် လူ ခေါင်းပြတ်များကို ကြည့်ရခြင်း
ဖြစ်သည်။ထိုခေါင်းပြတ်များ၏ မျက်နှာ များကို မြင်ရလျှင် သူပျော်သည်။

သွေးများ ဖြန်းကနဲ ကလေးငယ်၏ အင်္ကျီ သို့ လာစင်ကုန်သည်။သို့သော် ထိုကလေးငယ်သည်
ကြောက်ရွံ့ခြင်းမရှိပဲ အောက်လမ်းသိုင်းသမားကို သစ်သားဓားဖြင့်  ဆက်၍ထိုးလိုက်၏။လူ
တိုင်းကို အံ့အားသင့်သွားစေသည်မှာ သစ်သားဓားသည် အောက်လမ်းသိုင်းသမား၏ ခန္ဓာသို့
မထိမီ  ထို အောက်လမ်းသိုင်းသမားမှာ နှစ်ခြမ်းကွဲထွက်သွားခြင်းဖြစ်သည်။

ထိုအောက်လမ်းသိုင်သမား နှစ်ခြမ်းကွဲထွက်သွားသည်နှင့်တစ်ပြိုင်နက် သွေးတို့စွန်းပေဆဲ ဖြစ်သည့်
ဆေဘာ ဓားကို ကိုင်ကာ ရပ်နေသော လူတစ်ဦးကိုမြင်ကြရသည်။ထိုလူ၏ ၀တ်ရုံသည်လေတွင်
တစ်လူလူလွင့်လျှက်ရှိသလို မဲနက်သောဆံနွယ်ရှည်ကြီးကလည်း တိုက်ခတ်နေသော လေနှင့်အတူ
လိုက်ပါကခုန်လျှက်ရှိသည်။

သူ့အသွင်အပြင်ကား ကောင်းကင်နန်းထက်မှ နတ်ဘုရားတစ်ပါးအလားထင်ရ၏။

လုံချန်သည် အောက်လမ်းသိုင်းသမားအား နှစ်ခြမ်းခွဲလိုက်ပြီးနောက် ခေါင်းမာပုံ ရသည့် ကောင်
လေးကို တစ်ချက်ကြည့်လိုက်သည်။သစ်သားဓား ကိုင်ကာ ဆော့ကစားခဲ့ဖူးသည့် သူ၏ ငယ်ဘ၀ကို
ပြန်အမှတ်ရမိနေတာပဲဖြစ်သည်။

"တော်လိုက်တဲ့ကောင်လေး..တစ်နေ့ မင်းဟာ အလွန်ထူးခြားတဲ့လူတစ်ယောက်ဖြစ်လာလိမ့်ဦးမယ်"

သူသည် ထိုကောင်လေးအား လက်တစ်ဘက်ဖြင့် သူ့၏ မိခင်ထံ ပြန်ပစ်ပေးကာ ချက်ချင်း အခြား
အောက်လမ်းသိုင်းသမားတစ်ဦးထံ ပြေး၀င်သွားပြန်၏။

"ဒီကောင်တွေ အကုန်လုံးကိုသတ်"

လုံချန်၏ ကြုံးဝါးသံကား ကောင်းကင်ဘုံကိုးခုကို ကိုင်လှုပ်လိုက်သကဲ့သို့ရှိကာ သူ၏ ဆေဘာဓားမှာ
အခြားသော အောက်လမ်းသိုင်းသမားတစ်ဦးထံ ရောက်ရှိနေပြီးဖြစ်နေသည်။ထိုဆေဘာဓားသည်
ကန်မင်က သူ့အား လုပ်ပေးခဲ့သည် ဆေဘာဓားမဟုတ်ပဲ စီနီယာ ၀မ်မှ သူ့ကို ခဏ ငှားလိုက်သည့်
ဓားဖြစ်သည်။ကန်မင် သူ့ အတွက်လုပ်ပေးခဲ့သည် ဆေးဘာဓားသည် လွန်စွာ လေလံခြင်းကြောင့်
အလင်းစက်ကွင်းကို မနှိုးပဲ သူ အသုံးမပြုနိုင်ချေ။

ထို့ပြင် ထိုဆေဘာ ဓားကို အသုံးရာတွင် လွန်စွာ စွမ်းအင်ကုန်ခမ်းသည်။သူ့အနေနှင့် လွန်စွာ အစွမ်း
ထက်သော ရန်သူများနှင့် မတွေ့ပါက ထိုဆေဘာဓားကို အသုံးပြုလိုခြင်းမရှိချေ။ယခု သူ့ရှေ့၌
ရှိနေသော အောက်လမ်းသိုင်းသမားတို့သည် အပြင်စည်းတပည့်များသာ ဖြစ်သဖြင့် ထိုဆေဘာ
ဓားကို အသုံးပြုရန် မထိုက်တန်သည်မှာ ထင်ရှားပါ၏။

ထန်၀မ်အာနှင့် အခြားသူများ အားလုံးသည် မှော်သားရဲများပေါ်မှ ခုန်ချလာကြပြီး လက်နက်
ကိုယ်စီကိုင်ဆွဲ၍ အောက်လမ်းသိုင်းသမားများထံ ပြေး၀င်သွားခဲ့ကြသည်။သူမတို့သည် ယခင်က
အနည်းငယ် စိုးရိမ်စိတ်များရှိခဲ့ကြလင့်ကစား သည် အပြစ်မဲ့ ဒေသခံတို့၏ အလောင်းများကို
မြင်လျင် ကြောက်ရွံ့မှုတို့ကို ချက်ခြင်း မေ့သွားတော့သည်။

"လေအေးဓား"

ထန်၀မ်အာသည် အင်အားကုန်သုံး၍ စတင်တိုက်ခိုက်လိုက်၏။သူမ၏ ရှေ့တွင် ရှိသော အောက်
လမ်းသိုင်းသမား မှာ အပြင်စည်းတပည့်မျှသာ ဖြစ်သည်။သူသည် ကျင်ကျီအဆင့်သိုင်းသမား
တစ်ဦးဖြစ်သော်လည်း အန္တေဝါသိက တပည့်တစ်ဦး၏ တိုက်ခိုက်မှုကို မည်သို့မျှ ခုခံနိုင်ရန်
အကြောင်းမရှိသည့်အတိုင်း ဧရာမ လေဓားကြီး၏ အောက်၌ အပိုင်းပိုင်းပြတ်သွား ပြီးလျှင်
သွေးများသည် ဖြန်းကနဲ ကောင်းကင်ထက်သို့ လွင့်စင်သွား၏။

အကယ်၍ သာမာန်အချိန်သာ ဖြစ်ပါက ထိုမြင်ကွင်းသည် ထန်၀မ်အာကို အလွန်မသက်မသာ
ဖြစ်စေမည်ပင်။သို့သော် ယနေ့ကား ထိုသို့မဟုတ်ချေ။အဆိုပါ အောက်လမ်းသိုင်သမား အပိုင်းပိုင်း
ပြတ်သွားသည်ကိုမြင်သည်နှင့် ထန်၀မ်အာ သည် လွန်စွာစိတ်ကျေနပ်လျှက်ရှိကာ ထပ်မံတိုက်
ခိုက်ရန် ပြင်စဉ်တွင် အခြား အောက်လမ်းသိုင်းသမားများမှာသေနှင့် နေကြပြီးဖြစ်သည်ကို
သူမ သတိထားမိလိုက်သည်။

"မှော်သားရဲတွေအပေါ်တက်ကြတော့... သွားမယ်ဟေ့"

သူ ..အော်ပြောလိုက်ပါ၏။သူသည် မှော်သားရဲတစ်ကောင်ပေါ်သို့တက်၍ ပျံသန်းထွက်ခွာ
သွားသည်နှင့် အခြားသူများက သူ့နောက်မှလိုက်ပါသွားကြတော့သည်။လုံချန် မှော်သားရဲ
၏ပေါ်မှ ခုန်ဆင်း၍ သတ်ဖြတ်ချိန်သည် ခေတ္တသာ ကြာမြင့်ခဲ့သည်။အောက်လမ်းသိုင်းသ
မားများမှာ မျက်စိတ်တစ်မှိတ်အတွင်းအသက်ပျောက်ကုန်ကြသည်။

ရွှမ်ရှင်းမှ အခြားတပည့်များမှာမူ တိုက်ခိုက်ရန် အခွင့်အရေးပင်မရလိုက်ကြချေ။သို့သော် သူတို့
သည် အန္တေဝါသိက တပည့်များ၏ တိုက်ခိုက်မှုကိုမြင်နေရခြင်းကြောင့် သွေးများ ဆူဝေလာ
ကြရသည်။

"အောက်လမ်းသိုင်းသမားတွေက ဒီလောက်လည်း မဟုတ်ပါလား"

လူတိုင်း၏ ယုံကြည်မှုက တိုးပွားလာကြ၏။လုံချန်နှင့်သူတို့က အောက်လမ်းသိုင်းသမားများကို
တစ်ပြိုင်တည်း သတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်။လုံချန်တို့အဖွဲ့ပျံသန်းထွက်ခွာ သွားစဉ် မှော်သား
ရဲ တစ်အုပ် ထိုနေရာသို့ ပျံသန်းလာပြီး ဒါဇင်နှင့် ချီသော လူများ ခုန်ဆင်းလာကြသည်။ထိုသူများ
က မြို့ရှိလူများအား လုံခြုံသည့်နေရာသို့ခေါ်သွားခဲ့ကြသည်။

ထိုသူများမှာ ရွှမ်ရှင်း၏ နောက်ဆုံးစမ်းသပ်မှု၌ ကျရှုံးခဲ့ကြသူများဖြစ်သည်။သူတို့က ရွှမ်ရှင်းတွင်
အလုပ်သမားများ အဖြစ် ဆက်လက်နေထိုင်ရန် ဆုံးဖြတ်ခဲ့ပြီး ထိုတိုက်ပွဲများ ၏ နောက်ဆက်
တွဲကိစ္စများကို ကိုင်တွယ်ရန် တာ၀န်ပေးခြင်းကို ခံရသည်။သည်တိုက်ပွဲကား ရက် ပိုင်းနှင့်ပြီး
မည်မဟုတ်ချေ။လူတိုင်း၏ လုံခြုံရေး အတွက် သူတို့ ဆုတ်ခွာဖို့လိုအပ်သည်။

လုံချန်သည် မြေပုံကို အလေးအနက် ကြည့်လျှက်ရှိသည်။

"ဒါ အဖွဲ့ငယ်လေးပဲ... သူတို့သတင်းကို ကျုပ်တို့ကြားတောင်မကြားဘူး..."

"တစ်နည်းအားဖြင့် အောက်လမ်းသိုင်းသမားတွေ ရဲ့ ကျူးကျော်၀င်ရောက်မှုဟာ ဒီတစ်ကြိမ်က အရင်
အကြိမ်တွေ ထွက် ပိုပြီးကြီးမား ပြင်းထန်လိမ့်မယ် ဒါ့ကြောင့် လူတိုင်းသတိထားကြပါ..အကြီးအကဲတွေ
နဲ့ စည်း၊ထိမ်း တွေက မင်းတို့ကို အန္တာရာယ်တွေ့တိုင်းကာကွယ်ပေးကြလိမ့်မယ်လို့ မထင်ကြနဲ့"

"လုံချန် .. မင်းဆိုလိုတာက.." ဆောင်မင်းယွမ် အလွန်အံ့သြသွားသည်။

လုံချန်ခေါင်းငြိမ့်သည်။

"ဒီမှတ်တမ်းအရဆိုရင် အထက်လမ်းနဲ့အောက်လမ်း သိုင်းပညာရှင်အကြီးအကဲတွေဟာ တိုက်ပွဲအတွင်း
မလှမ်းမကမ်းကနေစောင့်ကြည့်နေလိမ့်မယ် အလွန်အန္တာရာယ်ရှိတဲ့အနေအထားကလွဲလို့ နှစ်ဖက်လုံး
က တိုက်ပွဲကို ၀င်စွက်ဖက်ကြမှာမဟုတ်ဘူး"

"ဒါပေမယ့် သူတို့ ၀င်စွက်ဖက်ရင်လည်း အခြားတစ်ဖက်ကလည်း ၀င်စွက်ဖက်လာမှာပဲ..သူတို့အချင်းချင်းက
တစ်ဖက် နဲ့ တစ်ဖက် နှစ်ပေါင်းများစွာကြာအောင် ဘယ်ဘက်ကမှ အနိုင်မရပဲ တိုက်ခိုက်လာခဲ့ကြသူတွေ....
ဆိုလိုတာက နှစ်ဘက်စလုံးက လက်ရည်ညီတယ်"

"ဒီတစ်ခါ အောက်လမ်းသိုင်းသမားတွေ ပိုပြီးများလာတာက ကျုပ်တို့ကို ဖိအားတွေပိုများလာစေခဲ့တယ် အရေး
ကြီးတဲ့ အချိန်မှာ အကြီးအကဲတွေက မင်းတို့ကို ကယ်နိုင်လိမ့်မယ် လို့မယူဆကြနဲ့"

"တစ်ကယ်လို့အကြီးအကဲတွေ တိုက်ပွဲထဲ၀င်လာခဲ့ရင်... တစ်ဘက်က အကြီးအကဲတွေကလည်း
တိုက်ပွဲထဲ၀င်တိုက်မှာမို့လို့ ဘာမှ မထူးဘူး"

ထိုစကားကြောင့် လူတိုင်း တုန်လှုပ်မိကြပါ၏။ဤတိုက်ပွဲအတွင်း သူတို့အား ကာကွယ်ပေးမည့် အကြီးအကဲ
များရှိလိမ့်မည်ဟု သူတို့က ထင်ခဲ့မိခြင်းပင်။သို့သော် လုံချန်ပြောသည့် စကားများက အမှန်ဆုံး ဖြစ်မည်ဟု
သူတို့သဘောပေါက်သွားကြသည်။ထိုအချိန်ရောက်လျှင် အကြီးအကဲ တစ်ယောက်မျှ သူတို့ကို ကူညီ
နိုင်ကြလိမ့်မည်မဟုတ်ပေ။

"ဒီအကြောင်းတွေကို မင်းတို့သိထားတာပဲကောင်းမယ်.. အခြားတပည့်တွေမသိစေနဲ့" လုံချန်ကပြောသည်။

လီချီ မဲ့ပြုံးပြုံး၏။

"မင်းလည်း ငါတို့ကို ဒီအကြောင်းတွေ မပြောခဲ့ရင်ကောင်းမှာပဲ... ငါတို့လည်းမသိရင်ပိုကောင်းမယ်"

လုံချန် လေးနက်စွာဖြင့် ခေါင်းယမ်းသည်။

"ဒီဖိအားလေးကိုတောင်မှ မင်းတို့မကိုင်တွယ်နိုင်ရင် ဘယ်လိုလုပ်သိုင်းသမားတစ်ဦးဖြစ်လာတော့
မှာလည်း သေခြင်း နဲ့ ရှင်ခြင်းကြားထဲက မျဉ်တစ်ကြောင်းကို ဖြတ်နေရတဲ့အချိန်မှာ ဘယ်လိုလုပ်
မင်းတို့စ်ိတ်တွေက တည်ငြိမ်နိုင်တော့မလည်း"

"အဟမ်း ကျုပ်က နောက်နေတာ" အနေရခက်ဟန်နှင့် လီချီရယ်လိုက်သည်။

လုံချန်က လူတိုင်းကို ကြည့်လိုက်သည်။

"မင်းတို့အားလုံးဟာ မင်းတို့အားလုံးရဲ့ အဖွဲ့ခေါင်းဆောင်တွေ ဖြစ်ကြတာကြောင့် ဒီ တာ၀န်ကိုယူရမယ်
ဒါ့ကြောင့် မင်းတို့က ဒီအကြောင်းတွေကို သိထားရလိမ့်မယ်.. မင်းတို့အဖွဲ့သားတွေက မင်းတို့ကို
ယုံတယ်.. ဒါဟာ သူသေ ကိုယ်သေ တိုက်တဲ့ပွဲပဲ.. မင်းတို့အဖွဲ့သားတွေရဲ့ ယုံကြည်မှုကို ကာ
ကွယ်ချင်ရင် မင်းတို့သေဖို့လိုအပ်တာတောင်မှ မင်းတို့အဖွဲ့သားတွေရှေ့မှာသေရမယ်"

"ဟီးဟီး.. ဘာကြောက်စရာရှိလည်း.. ကျုပ် ကုယင်ကလည်း အောက်လမ်းသိုင်းသမားတွေ
ဘယ်လောက်စွမ်းတယ် ဆိုတာကို သိချင်နေခဲ့တာကြာပေါ့.. ဒီကောင်စွမ်းကြစမ်းပါစေ..
ဘယ်လောက်စွမ်းစွမ်း ကိစ္စကိုမရှိတာ .. လုံချန်လို သာမာန်မဟုတ်ပဲ စွမ်းနေရင်ကလွဲ
လို့ပေါ့"

ကုယင်သည် သူရဲကောင်းဆန်ဆန် ရယ်မောနေပြီး သူ၏ နောက်ဆုံးစကားများက လူတိုင်းကို
ရယ်စေပါသည်။ရွှမ်ရှင်း၏ တပည့်များအတွင်း ကုယင်ကို အနိုင်ယူနိုင်သူဟူ၍ လုံချန်တစ်ယောက်
သာရှိခဲ့ပါ၏။သူ့၏ ဆရာသခင် ဖြစ်သူမှာ ဂိုဏ်းချုပ်နှင့် မျိုးဆက်တစ်ဆက်ထဲဖြစ်နေခြင်းကြောင့်
လူကြမ်းလေးကိုကား ရွှမ်ရှင်း၏ တပည့်အဖြစ်မယူဆနိုင်ပေ။

ထို့ပြင် ထို ကိုလူထွားမှာ မှော်သားရဲပေါ်တွင် တစ်ခူးခူးဖြင့်အိပ်မောကျလျှက်ရှိရာ ယခင်တိုက်ပွဲ
၌ နိုးပင်မနိုးချေ။ကံကောင်းသည်မှာ ကိုထူထွား၏ လက်နက်ကို သိုလှောင်လက်စွပ်ထဲ၌
သိမ်းဆည်းထား၍ ရခြင်းကြောင့်သာဖြစ်သည်။သို့မဟုတ်လျှင် ထိုလက်နက်ကြီးအား
တတိယအဆင့်မှော်သားရဲနှင့်ပင်  သယ်နိုင်လိမ့်မည်မဟုတ်ချေ။

မြို့ငယ်တစ်မြို့ အပေါ်သို့ ဖြတ်ပျံ လျှင် မြင်လိုက်ရသောမြင်ကွင်းကြောင့် လူတိုင်း လွန်စွာစိတ်
မကောင်းဖြစ်မိကြသည်။မြို့ငယ်လေး၏ နေရာအနှံ့အပြားမှာ အလောင်းချင်း ထပ်နေပြီး
သွေးများဖြင့် ချင်းချင်းနီလျှက်ရှိသည်။

"ရက်စက်ယုတ်မာလိုက်ကြတဲ့ကောင်တွေ.. တောက်" အန္တေဝါသိက တပည့်တစ်ဦးက မြင်ကွင်း
ကိုကြည့်ကာ အံတင်းတင်းကြိတ်မိသည်။အပြစ်မဲ့ ဒေသခံများ၏ အလောင်းများကို မြင်သည်တွင်
မည်သူမျှ ထိုခံစားချက်ကို မနှစ်သက်ကြချေ။

"အောက်လမ်းသိုင်းသမားတွေ ဘယ်လောက်ရက်စက်တယ်ဆိုတာကိုမင်းတို့မြင်ပြီမလား..
သူတို့ရဲ့တစ်ခုတည်းသော ယုံကြည်ချက်က ရက်ရက်စက်စက် သတ်ဖြတ်ခြင်းပဲဆိုတာကိုမင်းတို့
တစ်တွေ မြင်ခဲ့ကြရပြီးပြီ"

"ဒါပေမယ့် တစ်ခုတော့ မင်းတို့ မှတ်ထားကြဦး"

"သူတို့ကို တစ်စစီ လုပ်ပစ်ရင် မင်းတို့ အမှတ်တွေရမှာမဟုတ်တော့ဘူးနော်
သူတို့ခေါင်းတွေကို ရမှ အမှတ်နဲ့လည်းလို့ရမှာ" လုံချန်က ပြော၏။

လူတိုင်းခေါင်းညိတ်ကြသည်။ရွှမ်ရှင်း၏ စည်းမျဉ်းများအရ အောက်လမ်းသိုင်းသမားများ၏ ခေါင်းပြတ်
များဖြင့်သာ အမှတ်များကို လည်းလှယ်နိုင်မည်ဖြစ်သည်။ရွှမ်ရှင်းသည် အောက်လမ်းသိုင်းသမား
များ၏ ဦးခေါင်းပြတ်များ မှ တစ်ဆင့် ထိုအောက်လမ်းသိုင်းသမားများ၏ ပါရမီကို သိရှိနိုင်ပြီး အောက်
လမ်းသိုင်းသမား၏ အဆင့်နှင့် ညီမျှသော အမှတ်များကို လည်းလှယ်ပေးမည် ဖြစ်သည်။

ယခင်က လူတိုင်းသည် ဒေါသကြောင့် ထိုအချက်ကို မေ့လျှော့နေခဲ့ရာမှ လုံချန်ပြောသည်တွင် နှမြော
ဿတ ဖြစ်ကြရသည်။အောက်လမ်းသိုင်းသမားတစ်ဦး၏ ဦးခေါင်းပြတ်တစ်ခုပင် အမှတ် 5000 နှင့်
ညီမျှရာ ယခုတော့ သောင်းနှင့်ချီသည့် အမှတ်များမှာ ဤနည်းအားဖြင့် အချည်းနှီးဖြစ်ရတော့သည်။

သူတို့ ဆက်လက်ပျံသန်းလာကြရင်း သတ်ဖြတ်နေသည့် အသံများကို ရုတ်တရက်ကြားလိုက်ကြရ၏။
သောင်းနှင့်ချီသော စစ်တပ်ကြီးတစ်တပ်က အောက်လမ်းသိုင်းသမားများနှင့် တိုက်ခိုက်နေခြင်း
ဖြစ်လေသည်။တောင်တန်းတစ်လျှောက် လုံး အလောင်းခြင်းထပ်လျှက်ရှိပေပြီ။သို့သော် သူတို့၏
ရဲဘော်ရဲဘက်များ ဆက်လက်သေဆုံးနေသည့်တိုင် အောက်လမ်းသိုင်းသမားများကို အတတ်နိုင်
ဆုံးခုခံရန်အတွက် တစ်ဗိုလ်ကျ တစ်ဗိုလ်တက်ဖြင့် တိုက်ခိုက်လျှက်ရှိချေသည်။

"အားလုံး.. ရှေ့ကိုတက်"

ကျဆုံးသွားခဲ့ပါသော သူတို့၏ ရဲဘော် များနေရာ၌ နေရာယူ၍ ရှေ့သို့ထပ်မံတက်လာကြသော သာမာန်
စစ်သည် ရဲမက်များအားကြည့်ကာ လုံချန်သည် သူ့၏ ဖခင်ကြီးကို သတိရမိသည်။သူ့မျက်လုံးတို့ နီလာ
ရပါသည်။လုံချန်၏ အမိန့်အဆုံးတွင် လူတိုင်းသည် မှော်သားရဲများပေါ်မှ ခုန်ဆင်း၍ ရှေ့သို့ပြေး
တက်သွာြးကြတော့သည်။သူတို့သည် သူတို့၏ အဖွဲ့ကိုယ်စီကို ဖွဲ့စည်းလိုက်ကြပြီး အန္တေဝါသိက
တပည့်များက ဦးဆောင်သည်။

ထို့နောက် လုံချန်သည် အန္တေဝါသိက တပည့် များကို ဦးဆောင်ကာ ရှေ့ဆုံးမှနေ၍ အောက်လမ်းသိုင်း
သမားများထံ ပြေး၀င်သွားချေတော့သည်။

MK AUNG

.....

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(237)ဝိညာဏသတ္တိ

"ရွှမ်ရှင်းကျောင်းတော်က ကူညီဖို့လာပြီ အောက်လမ်းသိုင်းသမားတွေသေကြစမ်း"

လုံချန်၏ ကြုံးဝါးသံက မိုးခြိမ်းသံကဲ့သို့ ဟိန်းကနဲထွက်လာပြီးလျှင် မိုင်ပေါင်းများစွာထိတိုင် ပျံ့လွင့်သွား၏။
တစ်ကယ်တော့ သူက သို့ အော်ဟစ်ကြုံးဝါးခြင်းကိုမကြိုက်လှ။ထို့ထက် ရန်သူများ မည်သို့ဖြစ်သွားမှန်
နားမလည်လိုက်မီ ရန်သူများကို လျှပ်တပြက် သတ်ဖြတ်ချင်သည်။သို့သော် ယခု စစ်မြေပြင်သည် ဖရို
ဖရဲဖြစ်နေသော စစ်မြေပြင်ဖြစ်သည်။စစ်သည်များအနေဖြင့် သူတို့ လာရောက်ကူညီပေးကြသည်ကို
သိရန်လိုသည်။သို့မှသာ ရန်သူမှန်း မိတ်ဆွေမှန်းကွဲပြားမည်။

လုံချန် ရှေ့သို့တက်လျှင် အောက်လမ်းသိုင်းသမားတစ်ဦးက သူ၏ ရှေ့မှ ပိတ်ထားလိုက်၏။

လုံချန်၏ သိုင်းပညာမှာ သွေးနှောထိပ်တန်းအဆင့်မျှသာဖြစ်သည်ကိုမြင်လျှင် သူက တခီးခီးဖြင့်ရယ်၏။
သို့သော် သူ၏ ရယ်သံက လမ်းတစ်၀က်တွင် ရပ်သွားသည်။လုံချန်၏ ဓားက သူ၏ လည်ပင်ထက်သို့
လျှက်ပြက်သလို ရွှပ်ကနဲ ပြေး၀င်သွားခြင်းကြောင့်ပင်။

"မင်းရယ်နေတာကို နားထောင်ဖို့အချိန်မရှိဘူး"

ယခုထိ မယုံနိုင်ဟန်ဖြစ်လျှက်ရှိသော ခေါင်းပြတ်၏ အမူအယာကို ကြည့်ရင်း သိုလှောင်လက်စွပ်ထဲသို့
သူထည့်လိုက်၏။ထို အောက်လမ်းသိုင်းသမားကား လုံချန်၏ သိုင်းပညာကြောင့် မျက်စိလည်သွား
ခြင်းဖြစ်သည်။သူသေသွားတာတောင်မှ မည်သို့ဖြစ်သွားသည်ကို မသိလိုက်ပေ။

"အကုန်လုံးဆုတ်ကြ.. ဒီကောင်တွေအကုန်လုံးကို ကျုပ်တို့တာ၀န်ထား"

ထိုစစ်သည်များမှာ တိုက်ခိုက်ရင်းဖြင့် တစ်ဖြုတ်ဖြုတ်သေနေကြဆဲဖြစ်သည်။သူတို့မှာ အောက်လမ်း
သိုင်းသမားများဖြင့် သိုင်းပညာအဆင့်ခြင်းမတူသည် ဖြစ်ရာ အောက်လမ်းသိုင်းသမားများ၏
ခေါင်းဖြတ်ခြင်းကို တစ်ယောက်ပြီးတစ်ယောက်ခံနေရလေသည်။သူ အော်လိုက်တာတောင်မှ
စစ်သည်များသည် ရှေ့သို့ပြေးတက်သွားကြပြန်သေးသည်။

အောက်လမ်းသိုင်းသမားတစ်ဦး သူ့ထံ ပြေး၀င်လာ၏။သူသည် လုံချန်အား ဓားဖြင့်ရွယ်၍
ပြောသည်။

"အထက်လမ်းသိုင်းသမားငတုံးတွေ နားထောင်ကြစမ်း...ကျုပ်က.."

သူစကားမဆုံးလိုက် လုံချန်၏ ဆေဘာ ဓားက သူထံ ရွှပ်ကနဲ၀င်လာခြင်းကြောင့် မျက်
လုံးများပြူးသွားရသည်။ထိုသူ အလွန် လန့်သွားခဲ့၏။ယခင်က အောက်လမ်းသိုင်းသမား
တစ်ဦးကိုမျှ လုံချန်သတ်သည်ကို ထိုသူက မတွေ့ခဲ့။ထို့ကြောင့် သူက သူ့နာမည်ကိုပြော
ကာ လုံချန်ကို ခြိမ်းခြောက်ရန်လုပ်ခြင်းဖြစ်သည်။

သို့သော် လျှင်မြန်စွာ ၀င်လာသည့် လုံချန်၏ ဓားကြောင့် ကျောထဲစိမ့်ကနဲနေအောင်
ထိုသူခံစားလိုက်ရသည်။သေခြင်း၏ အငွေ့အသက်များကြောင့် သူက ၀င်လာသော
ဓားကို ထန်ကနဲကာလိုက်ရပါ၏။

သူ့ဓားက ထက်ပိုင်းကျိုးသွားခဲ့သည်။သို့သော် လုံချန်၏ ဓားမှာ သူ့ထံပြေး၀င်လာဆဲဖြစ်
ကာ သူ့လည်ပင်းကိုဖြတ်ချသွားသည်။လေပေါ်သို့ ဦးခေါင်းတစ်ခု ဝီးကနဲ မြောက်တက်လာ
သည်။

"မင်း.. ဘယ်သူဖြစ်တယ်ဆိုတာကို ကျုပ်စိတ်မ၀င်စားဘူး" အေးစက်သည့်လေသံနှင့် သူ
ရေရွတ်၏။ထို့နောက်တဖန် ရှေ့ကို ပြေးတက်သွားပြန်သည်။ခဏကြာလျှင် ထန်၀မ်အာနှင့်
အဖွဲ့က သူ့ကို မီလာသည်။

သို့သော် သူမတို့အဖွဲ့က လုံချန်၏ အစီအစဉ်အတိုင်း အဖွဲ့လိုက်မတက်ကြပဲ ရှေ့မှဆက်
တိုက်သွားနေသည့် လုံချန်၏ နောက်မှသာ ချန်၍ လိုက်ကြလေသည်။သို့သော် အံ့သြ
စရာကောင်းသည်မှာ ရွှမ်ရှင်းမှ တပည့်များက အရေအတွက်ပိုများနေသည့်တိုင် အောက်
လမ်းသိုင်းသမားများက တစ်စက်မှ အကြောက်အလန့်မရှိခြင်းဖြစ်သည်။

အောက်လမ်းသိုင်းသမားများက စစ်သည်များနှင့်တိုက်ခိုက်နေရာမှ သူတို့ထံပြေးလာကြသည်။
အောက်လမ်းသိုင်းသမားများ၏ ရှေ့တွင် လွန်စွာပိန်ခြောက်လျှက် ရှိသော လူတစ်ယောက်
ရှိရာ ထိုသူ၏ ပုံစံသည် ကြပ်ထုပ်စီးထားသော မံမီ တစ်ကောင်လိုဖြစ်နေသည်။

သူ၏ လေသံသည် နားခံရခက်စွာဖြင့် ခပ်ကြမ်းကြမ်းနိုင်လှ၏။

"ဒီ အထက်လမ်းသိုင်းသမားတွေကို အကုန်သတ်စမ်း မင်းတို့ကြိုက်သလောက်သာသတ်
သူတို့က ငါတို့အတွက်တော့ သိပ်အကျိုးရှိတဲ့ ကောင်လေးတွေ သူတို့ရဲ့ သွေး၊အသား ကုန်ကုန်
ပြောရင် ဝိညာဉ်ကတောင် ငါတို့အတွက် ရတနာပဲ .. င့ါအတွက်အကုန်သတ်ကြစမ်း"

အောက်လမ်းသိုင်းသမားများက ကောက်ကျစ်စွာ ဖြင့် တဟီးဟီး ရယ်လိုက်ကြသကဲ့သို့ မျက်လုံးများ
ကလည်း အရောင်များ တလက်လက်တောက်ပလာကြ၏။သူတို့က ရက်စက်ကြမ်းတမ်းသော
သားရဲကောင်များကဲ့သို့ ရှေ့သို့ ပြေး၀င်လာကြသည်။လူတိုင်းဒေါသထောင်းကနဲထွက်ကုန်ကြလျှင်
အထူးသဖြင့် အန္တေဝါသိက တပည့်များက ပို၍ ဒေါသထွက်နေကြသည်။သူတို့၏ မျက်လုံးများက
မီးများ၀င်း၀င်းတောက်သလိုရှိနေသည်။

သူတို့မှာ ပါရမီရှင်များဖြစ်ကြသည်။သူတို့သည် လုံချန်မှ လွဲ၍ မည်သူ့အား အာရံုံစိုက်မှု ပေးရန် ထိုက်တန်
ပါမည်နည်း။အစောပိုင်းက အောက်လမ်းသိုင်းသမားများ ပြောလိုက်သည့်စကားက သူတို့အား ရှင်းရှင်းလင်း
လင်း ရန်စခြင်းပင်။

ထိုသူများထဲတွင် လုံချန်တစ်ယောက်သာ မည်သည့်ခံစားချက်မျှ မရှိပဲ တည်တည်ငြိမ်ငြိမ်နှင့်ရှိနေ၏။သူသည်
ရှေ့သို့ ပြေးတက်သွားကာ ဓားနှင့် သိမ်းကြုံး၍ ခုတ်ချလိုက်၏။

"လေခွင်းဓား"

စူးရှပြင်းထန်လှသည့် ဓားချီသည် နဂါးတစ်ကောင်၏ အမြီးပမာ ရွှီးကနဲရှေ့သို့ပြေးတက်သွားလေ၏။
သွေးနှောအဆင့် 13 သို့ရောက်သော် လုံချန်၏ ရူပခန္ဓာခွန်အားသာ တိုးတက်လာသည်မက
သူ၏ ချီစွမ်းအင်ကလည်း အထွတ်အထိပ်အဆင့်သို့ရောက်လာခဲ့ပါ၏။ထိုဆေဘာ ဓားချက်တစ်ချက်က
မြေပြင်ကို သိမ့်သိမ့်ခါမျှ လှုပ်ခါသွားစေခဲ့ကာ ယခင်ကထက် များစွာပြင်းထန်အစွမ်းထက်လာသည်။

ထို ဆေဘာ ဓားချီ သည် ရိုးရိုးချီစွမ်းအင်မျှသာ မဟုတ်တော့ပဲ ထန်၀မ်အာ၏ လေပွေဓားများကဲ့သို့
ခိုင်မာသော ဖွဲ့စည်းပုံရှိသည့် ဓားချီစွမ်းအင်ဖြစ်သည်။ထိုဓားချီနှင့်ထိလျှင် အောက်လမ်းသိုင်းသမား
တစ်ဒါဇင် ကျော်ခန့် အပိုင်းပိုင်းပြတ်ကုန်ကြ၏။သွေးများကား မိုးရွာသကဲ့သို့ တပေါက်ပေါက်ဖြင့်ကျလာ၏။

လေထုထဲတွင် သွေးညှီနံ့များဖြင့် မွှန်ထူနေသည်။ထိုသွေညှီနံ့တို့ကြောင့်ထင့် သူ၏ ပင်ကိုယ်သွေးများ
ဆူဝေလာရကာ လူသတ်ချင်သည့် စိတ်ကား အမြင့်ဆုံးထိဖြစ်လာခဲ့ရသည်။သူ၏ ဆေဘာဓားချက်က
လေကိုဖြတ်၍ ရွှမ်းကနဲထွက်လာပြန်သည်။သွေများ ဖြန်းကနဲ ပြန့်ကျဲကုန်ပြန်၏။

လုံချန်၏ တိုက်ခိုက်မှုက အဖွင့်တိုက်ခိုက်မှုသာ ဖြစ်ရာ နောက်မှ ရောက်လာသော ထန်၀မ်အာနှင့်
အဖွဲ့များ တရကြမ်းတိုက်ခိုက်ကြတော့သည်။အောက်လမ်းသိုင်းသမားများက ရွှမ်ရှင်းတွင် ထိုမျှ များ
ပြားသော တပည့်များ ရှိလိမ့်မည်မဟုတ်ဟု ထင်မှတ်မထားပဲ ပေါ့ပေါ့တန်တန်နေမိကြရာ တစ်ယောက်
ပြီးတစ်ယောက် အသတ်ခံရလေ၏။

ရုတ်တရက် အောက်လမ်းသိုင်းသမားတစ်ဦးက အသံတစ်မျိုးဖြင့်အူလိုက်ရာ ထိုအသံသည် သူတို့၏
နားများကို ဓားဖြင့်ထိုးနေသကဲ့သို့ ခံစားလိုက်ရသည်။

"နာမ်ဝိညာဉ် တိုက်ခိုက်မှု"

လုံချန် ထိတ်လန့်သွားသည်။ထိုတိုက်ခိုက်မှုကအလွန်ထူးဆန်းသည်။ထိုတိုက်ခိုက်မှုကို နာမ်ဝိညာဉ်ဆိုင်
ရာ ချီစွမ်းအင်ဖြင့်သာ ကာကွယ်၍ ရသည်။လူတစ်ယောက်၏ နာမ်ဝိညာဉ်ဆိုင်ရာ ချီစွမ်းအင်က
တစ်ဦးနှင့်တစ်ဦးမတူချေ။သိုင်းပညာ၌ အဆင့်မြင်သော သူတစ်ဦသည် နာမ်ဝိညာဉ်ဆိုင်ရာ ချီစွမ်း
အင်တွင် လည်းအဆင့်မြင့်မည် ဟု ပြော၍ မရချေ။

နာဝိညာဉ်ဆိုင်ရာ ချီစွမ်းအင်တွင် သူမတူအောင်အားကောင်းကြသည့် လုံချန်၊ယဲ့ထင်းချုံနှင့် ထန်၀မ်အာတို့
မှာမူ ထိုမျှလောက်သော တိုက်ခိုက်မှုက သူတို့အတွက်မည်သို့မျှမဖြစ်ချေ။သို့သော် လူတိုင်းက သူတို့လို
မဟုတ်။အထူးသဖြင့် ကုယင်မှာ နာမ်ဝိညာဉ်ဆိုင်ရာချီစွမ်းအင်တွင်အားအနည်းဆုံးဖြစ်နေသည်။
သူက ထိုအသံကြားသည်တွင် မတုန်မလှုပ်ဖြစ်ကာ အောက်လမ်းသိုင်းသမားတစ်ဦး၏ ဓားဖြားတွင်
ပါတော့မည်ကဲ့သို့ဖြစ်ရာ လီရှင်းရှောင်က သူ့ကို ခပ်မြန်မြန်ဆွဲထုတ်၍ ထိုအောက်လမ်းသိုင်သမားအား
လျှပ်စစ်လက်သီးဖြင့်သတ်ပစ်လိုက်ရ၏။

သို့သော် အိပ်မက်ကမ္ဘာထဲသို့ ရောက်သွားသလို ဖြစ်နေကြသည့် အခြားသူများလည်းရှိကြသေး၏။သို့ရာတွင်
ထိုသူများ၏ ရှေ့တွင်ရှိနေသူအားလုံးမှာ အန္တေဝါသိကတပည့်များဖြစ်သည်။ထို နာမ်ဝိညာဉ်ပိုင်းဆိုင်ရာ
တိုက်ခိုက်မှုက သူတို့နောက်မှ ရိုးရိုးတပည့်များအပေါ် အကျိုးသက်ရောက်မှုရှိသည့်တိုင် သည်ကဲ့သို့
သာမာန်တိုက်ခိုက်မှုက သိပ်မပြင်းထန်သောကြောင့် သူ့တို့အတွက် မစိုးရိမ်ရချေ။အချိန်ခဏကြာလျှင်
အစွမ်းသတ္တိပြယ်သွားမည်သာဖြစ်သည်။

အကယ်၍ သူတို့က စပြီးတစ်ကယ်တိုက်ခိုက်လျှင် ထိုအချိန်အတွင်း လူတစ်ယောက်ကို ဆယ်ကြိမ်ခန့် ပြန်သတ်
ရန်ပင်လုံလောက်နေသည်။သို့သော် အောက်လမ်းသိုင်းသမားများအနေဖြင့် အန္တေဝါသိက တပည့်များကို
အတော်လေး ရှိန်သွားခဲ့ရသည်။ထို့ကြောင့် အချိန်ကိုက်တိုက်ခိုက်ရမည့် နာမ်ဝိညာဉ်ပိုင်းဆိုင်ရာတိုက်ခိုက်
မှုကို ဟန်ချက်မညီနိုင်တော့ပဲ ခပ်စောစော ကြိုတင်တိုက်ခိုက်မိခြင်းဖြစ်လေသည်။

အလွန်အရေးကြီးသည့်အချိန်တွင် ထို နာမ်ဝိညာဉ်ဆိုင်ရာ တိုက်ခိုက်မှုမှာ လွန်စွာကြောက်မက်ဖွယ်ကောင်း၏။
ရာနှင့်ချီသော သူတို့၏ တပည့်များက ထိုတိုက်ခိုက်မှုကို ပြန်၍ မခုခံနိုင်ပဲ အဆုံးတွင်သေသွားလိမ့်မည်ပင်။
ထိုနာမ်ဝိညာဉ်ဆိုင်ရာ တိုက်ခိုက်မှုကို ခံရအပြီးတွင် သူတို့၏ စိတ်သည် အနည်းငယ်လေးလံထိုင်မှိုင်းသွား၏။

"လူကြမ်းလေး ဟိုအလံကိုင်ထားတဲ့ ပိန်ခြောက်ခြောက်ကောင်ကို သတ်စမ်း"

လူကြမ်းလေးအား စိတ်ဝိညာဉ်ဆိုင်ရာ တိုက်ခိုက်မှုဖြင့် တိုက်ခိုက်၍ မရမှန်းသူသိသည်။သူက ဝိညာဉ် ဆွဲဆောင်
ရေးအင်းကွက်ကို ကိုင်ဆောင်ထားသော ပိန်ချောက်ချောက်လူကို ညွှန်ပြ၍ ပြောခြင်းဖြစ်သည်။

"အကိုလုံ .. ကျုပ် လက်နက်သုံးရမလား"

လူကြမ်းလေးက လုံချန်၏နောက်သို့ လိုက်ရင်း သူ၏ အမိန့်ကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ပါ၏။

"ရတယ် သုံး.. အဲ့ဒိကောင်ကို သေအောင်သတ်စမ်း"

"ကောင်းပါပြီ"

"မင်းတို့ ကောင်တွေအကုန်လုံးသေကြစမ်း"

လူကြမ်းလေး ပြေးတက်သွားသည်။သူမည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို လူတိုင်းမြင်ကြရသည်။
သူကား လူသားအသားကြိတ်စက်တစ်ခုကဲ့သို့ဖြစ်နေသည်။သူ၏ ဧရာမဆူးလုံးကြီးနှင့် ရိုက်မိသည်နှင့်
လူဖြစ်စေ လက်နက်ဖြစ်စေ နှစ်ခြမ်းကွဲထွက်ခြင်း၊စိစိညက်ညက်ကြေခြင်းများဖြစ်ကြရသည်။

"အနီးကပ်တိုက်ခိုက်ရေးသမားတွေက ရှေ့မှာနေ .. အဝေးတိုက်ခိုက်ရေးသမားတွေ နောက်မှာနေ
အချင်းချင်းကာ ပြီး ခပ်ဖြေးဖြေးတက်" လုံချန် အမိန့်ပေးလိုက်သည်။ယခု သူတို့၏ ရန်သူတွင်
ထူးထူးဆန်းဆန်းပညာရပ်များရှိနေခြင်းကြောင့် အရမ်းကာရော ရှေ့တက်၍ မဖြစ်နိုင်ချေ။

သူတို့ မှန်မှန်နှင့်သေချာအောင် တိုက်ခိုက်ရမည်။ယခု သူတို့တွင် တပည့်ဆယ်ဦး ဒဏ်ရာ ရနေကြသည်။
ကံကောင်းထောက်မစွာဖြင့် ထိုဒဏ်ရာများမှာ အသက်ထိခိုက်လောက်သည့်ဒဏ်ရာများ မဟုတ်ကြပေ။
ဒဏ်ရာရသူများက ကုသခန်းမများ သူများထံကုသရန်အတွက် နောက်သို့ပြန်ဆုတ်သွားကြပြီဖြစ်သည်။

ယခင်က ရွှာ၌ သူတို့ကြုံခဲ့ရသည့်တိုက်ပွဲက တိုက်ပွဲဟုပင်မဆိုနိုင်ချေ။တိုက်ပွဲသည် ယခုမှ အမှန်စပြီဖြစ်
သည်။လုံချန်အနေနှင့် အဖွဲ့သားများ၏ စိတ်ဓာတ်အား သတမတ်ထဲဖြစ်နေစေရန် ထိန်းသိမ်းထားနေ
ရသလို စိတ်ဓာတ်တက်ကြွစေမည့် နည်းလမ်းများကို လည်းအမြဲမပြတ်ရှာဖွေလျှက်ရှိပါသည်။

အကယ်၍ ပွဲဦးထွက်တိုက်ပွဲတွင် လူအများအပြားသေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရခြင်းများရှိလာခဲ့ပါက
သူတို့၏ တပ်ဖွဲ့တစ်ဖွဲ့လုံးစိတ်ဓာတ်ကျကုန်လိမ့်မည်။လူတိုင်း ရှေ့ကို တဖြည်းဖြည်း တက်လျှက်ရှိသည်။
အောက်လမ်းသိုင်းသမားများကမူ အဖွဲ့လိုက်တိုက်ခိုက်သည့်ပုံစံမျိုးပင်မရှိကြချေ။ရွှမ်ရှင်း တပည့်များ၏
တည်တည်ငြိမ်ငြိမ်တိုက်ခိုက်မှုတွင် သူတို့သည် နောက်သို့ တစ်လှမ်းခြင်းဆုတ်ပေးနေရသည်။

အောက်လမ်းသိုင်းသမားများအတွက် လူကြမ်းလေးသည် အိပ်မက်ဆိုးတစ်ခုဖြစ်နေခဲ့ရသည်။သူ့ကိုမည်သူ
မျှ မတားဆီးနိုင်ချေ။သူ၏ ဆူးလုံးကြီးသည် တဝီးဝီး မြည်သံကြီးဖြင့် ယမ်းလျှက် ရှိရာထိုဆူးလုံးဖြင့်
ထိသည့်အခါတိုင်း အောက်လမ်းသိုင်းသမားတစ်ယောက် စိစိညက်ညက်ဖြင့် သေမြဲဖြစ် သည်။ မျက်စိ
တစ်မှိတ်အတွင်း သူက ပိန်ချောက်ချောက် လူထံရောက်သွား၏။

နာဝိညာဉ် တိုက်ခိုက်ုသူအများပြားတွင် ထိုပိန်ချောက်ချောက်လူ၏ တိုက်ခိုက်မှုသည်အပြင်းထန်ဆုံးဖြစ်သည်
ကို လုံချန် သတိထားမိခဲ့သည်။ထိုသူကို သတ်ပစ်နိုင်လျှင် လူတိုင်းအတွက်ပို၍ လုံခြုံသွားပေလိမ့်မည်။
လူကြမ်းလေး သူ့ထံပြေး၀င်လာသည်ကို မြင်လျှင် ကိုပိန်ချောက်က ဟမ့်ကနဲအသံပြု၏။သူ၏ မျက်စိနှစ်
ကွင်း၌ ထူးဆန်းသော အနီရောင်အလင်းတန်းတစ်ခုပေါ်လာသည်။

ယင်းက ကိုပိန်ချောက်တို့ဂိုဏ်း၏ အနီရောင် ညှို့မျက်လုံးဟု ခေါ်သော လျှို့ဝှက်အတတ်တစ်မျိုးဖြစ်ရာ
ထိုမျက်လုံးကို စိုက်ကြည့်မိသူ နာမ်ဝိညာဉ်စွမ်းအင် နည်းပါးသူမည်သူမဆိုသည် ပုံရိပ်ယောင်လောက
တစ်ခုသို့ရောက်သွားတတ်သောကြောင့် အလွယ်တကူသတ်ပစ်နိုင်ပေသည်။ထို့ပြင် သူ့လက်အတွင်း
မှ ကိုင်ထားသော ဝိညာဉ်ခေါ် အင်း ကလည်းသူ့အားကူညီနေသည်။ထိုအင်းသည် အသတ်ခံရသူများ
၏ မကျေမချမ်းမှုများကို စုပ်ယူထားလေ၏။

အစွမ်းထက်သော လူတစ်ယောက်အဖို့ အသတ်ခံရလျှင် ကျန်နေရစ်သည့် သူတို့၏ မကျေမချမ်းမှုသည်
ပို၍ပြင်းထန်၏။အကယ်၍ သူတို့သည် ရက်စက်စွာအသတ်ခံရလျှင် ထိုနာကြည်းချက်သည် ပို၍ပြင်း
ထန်လိမ့်မည်ပင်။သူတို့အဖို့ သတ်ဖြတ်ခြင်းက သူတို့လေ့ကျင့်သည့် သိုင်းပညာရပ်ဖြစ်သည်။ထို့ကြောင့်
သည် အထက်လမ်းသိုင်းသမားများကို တွေ့လျှင် သူတို့ များစွာ စိတ်လှုပ်ရှားကြသည်။

အထက်လမ်းသိုင်းသမားများကား သတ္တိမရှိသော အားနွဲ့ပျော့ညံ့့သူများဖြစ်ကာ သူတို့အတွက် အကျိုးအမြတ်
များဖြစ်သည်ဟု သူတို့က သူတို့၏ အကြီးအကဲများနှင့် စီနီယာ များထံမှ ကြားဖူးထားကြသည်။သို့သော် ယခု
သူတို့ တွေ့ကြုံနေရသည်က သူတို့အကြီးအကဲများပြောသကဲ့သို့ လူကြောက်များမဟုတ်ပဲ သူတို့လိုပင် လွန်စွာ
ရက်စက်သူတွေဖြစ်နေတာပဲဖြစ်သည်။

ကိုပိန်ချောက်မှာ ရုတ်တရက်ထွက်ပေါ်လာသော လူကြမ်းလေးကိုကြည့်ကာ အံ့သြနေသကဲ့သို့ ၀မ်းလည်းသာ
နေမိသည်။လူကြမ်းလေး၏ ပြင်းထန်လှသော မကျေးမချမ်းဖြစ်မှုများကို စုပ်ယူနိုင်လျှင် သူ၏ သိုင်းပညာမှာ
လျှင်မြန်စွာတိုးတက်သွားလိမ့်မည်ဖြစ်သည်။

ထိုသို့ သူ၏ သိုင်းပညာအဆင့်မြင့်လာသည်နှင့် အမျှ သူ၏ လျှို့ဝှက်ပညာရပ်ကလည်း ပို၍ အစွမ်းထက်လာမည်
ဖြစ်ကာ သူ့ထက်ပိုအဆင့်မြင့်သည့် သိုင်းသမားများကို သတ်ပစ်နိုင်မည်ဖြစ်သည်။သူ့မျက်လုံးနှစ်လုံးက ရဲရဲနီနေပါ၏။
သူသည် သူ့၏ နာမ်ဝိညာဉ် စွမ်းအားကို အမြင့်ဆုံးအဆင့်ထိ တွန်းတင်လိုက်ကာ သဏ္ဍာန်မဲ့ ဝိညာဉ်စွမ်းအားကို
လူကြမ်းလေးထံသို့ ထုတ်လွှတ်လိုက်တော့၏။

သို့သော် လူကြမ်းလေးသည် သူ၏ ဧရာမ ဆူးလုံးကြီးကို မြှောက်၍ အားပါးတရ သူ့ကို ခုတ်ချလိုက်သည်ကို သူ
အံ့အားသင့်စွာဖြင့် ငေးကြောင် ကြည့်နေမိခဲ့ပါသည်။

"မင်းက ငါ့ကို ဘာလို့စိုက်ကြည့်နေတာလည်း... သေလိုက်စမ်း"

MK AUNG

.....

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(238)အံ့အားသင့်စရာကောင်းသောဒူးလေး

"မင်းက ငါ့ကိုစိုက်ကြည့်ရဲတယ်ဟုတ်လား... သေပေတော့"

လူကြမ်းလေးက ကြုံးဝါး၍ ဧရာမ ဆူးလုံးကြီးဖြင့်ကိုပိန်ချောက်အပေါ်သို့ ရိုက်ချရာ ကြောက်မက်ဖွယ်
ရာ စွမ်းအင်ကြောင့် လေသည် တဟူးဟူးအော်မြည်တိုက်ခတ်လျှက်ရှိသည်။ကိုပိန်ချောက်လွန်စွာ တုန်လှုပ်
သွားပါ၏။

သူ့၏ နာမ်ဝိညာဉ်တိုက်ခိုက်ခြင်းပညာရပ်မှာ သူ၏ ကြောက်စရာအကောင်းဆုံးတိုက်ခိုက်မှုဖြစ်သည်။
သူသည် သူနှင့်အဆင့်တူများကြားတွင် ပြိုင်ဘက်မရှိဟု ြေပြာ၍ ရ၏။သို့သော် သူ့၏ အင်အားအပြင်းထန်
ဆုံးတိုက်ခိုက်မှုက လြူကြမ်းလေးအပေါ်တွင် မည်သို့မျှ သက်ရောက်မှု မရှိဖြစ်နေသည်။

ဧရာမ ဆူးလုံးကြီးသည် တောင်ကြီးတစ်တောင် ပြိုကျလာသကဲ့သို့ ကိုပိန်ချောက်ထံ ပြေး၀င်သွားသည်။ထို
မျှကြောက်မက်ဖွယ်ရာဖိအားကြီးသည် စိတ်ကတောက်ကတက်ဖြစ်ခြင်းကြောင့် ထင်ရာ၊မြင်ရာ မြင်နေခြင်း
မဟုတ်ဟု ကိုပိန်ချောက်ကို ပြောနေလေရာ ကိုပိန်ခြောက်မှာ နောက်သို့ကြောက်လန့်စွာဖြင့်ဆုတ်လိုက်
ရသည်။

သူကား သိုင်းပညာအဆင့်မြင့်သော အောက်လမ်းအန္တေဝါသိက တပည့်တစ်ဦးဖြစ်လေသည်။သူ၏ ထူးဆန်း
သော ခြေသိုင်းပညာက လူကြမ်းလေး၏ ဆူးလုံြးကြီးထံမှ အလွန်ထူးဆန်းစွာဖြင့် လွတ်မြောက်သွားစေသည်။
သူမည်သို့လွတ်မြောက်သွားသည်ကို မည်သူကမျှ မသိလိုက်ပေ။

ထိုတိုက်ခိုက်မှုမှ တိမ်းရှောင်ပြီးလျှင် သူသည် သူ့၏ နာမ်ဝိညာဉ် တိုက်ခိုက်ခြင်းအင်းကွက်ကို ဖယ်ထားလိုက်၏။နာမ်ဝိညာဉ်တိုက်ခိုက်မှုက လူကြမ်းလေးတွင်
အကျိုးသက်ရောက်ခြင်း မရှိရာ သူကအခြား သိုင်းပညာတစ်ခုခုကို အသုံးပြုရတော့မည်ဖြစ်သည်။

သူက လက်နက်အသစ်တစ်ခုကို ထုတ်ယူတော့မည့်အချိန်တွင်  မြေပြင်သည် သွက်သွက်ခါ တုန်လှုပ်သွားခဲ့
သည်။ကိုပိန်ခြောက်အနေနှင့် သူလှိမ့်ရှောင်ပြီးချိန်တွင်ပင် လူကြမ်းလေး၏တိုက်ခိုက်မှုက မြေပြင်ထက်သို့
ကျရောက်သွားလိမ့်မည်ဟု မထင်မှတ်ထားမိခဲ့ချေ။

သိုင်းသမားတစ်ယောက်သည် ထိုသို့ ဘယ်သောအခါမျှလုပ်လိမ့်မည်မဟုတ်ချေ။မည်သည့် သိုင်းသမားဖြစ်
စေ အင်အားကို အကုန်သုံး၍ တိုက်ခိုက်ခြင်းမပြု၊ အနည်းကိုတော့ ချန်ထားကြစမြဲဖြစ်သည်။သို့မှသာ မိမိ၏
တိုက်ခိုက်မှုသည် ရန်သူနှင့် လွဲသွားခဲ့လျှင် အချိန်မီ ပြန်ဆုတ်နိုင်မည်ဖြစ်သည်။

သို့သော် လူကြမ်းလေးကား သိုင်းသမားတစ်ယောက်ကဲ့သို့ တိုက်ခိုက်ခြင်းမဟုတ်ချေ။သူသည် ခွန်အားကို
အနည်းငယ်မျှ ချန်ထားခြင်းမရှိပဲ ဆူးလုံးကြီးဖြင့် အားကုန်ခုတ်ချလိုက်ခြင်းဖြစ်သည်။ထိုတိုက်ခိုက်မှုသည်
လွန်စွာရက်စက်သည်။မြေပြင်မှာ ချိုင့်၀င်ကာ ပြင်းထန်သည် စွမ်းးအားတစ်ခုကြောင့် ထိုပတ်၀န်းကျင်တွင်
ရှိသော အနှီကိုပိန်ခြောက်အပါအ၀င် လူတိုင်း ဝုန်းကနဲ နောက်သို့လွင့်ထွက်သွား၏။

မနီးမဝေးမှ ရွှမ်ရှင်း၏ တပည့်များပင် လဲကျလုနီးနီးဖြစ်သွားသဖြင့် မနည်းဟန်ချက်ထိန်းရ၏။အနီးတွင်ရှိ
သည့် အောက်လမ်းသိုင်းသမားများမှာမူ ဝုန်းကနဲလွင့်စင်ကုန်ကြတာပဲဖြစ်သည်။ကိုပိန်ခြောက်အလွန်
ထိတ်လန့်သွားမိ၏။ထိုမျှကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သူတားဆီးရန်မဖြစ်နိုင်။သို့သော် သူ
ထိုသို့ တုန်လှုပ်နေစဉ်မှာပင် လူကြမ်းလေးက သူ့ထံပြေး၀င်လာခဲ့ချေပြီ။

"ငါ့ကို စိုက်ကြည့်နေတာရပ်စမ်း"

ထိတ်လန့်စရာပင်။ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြင့်တိုက်ခိုက်ခဲ့သော်ငြား လူကြမ်းကား
နည်းနည်းမျှ အနားယူရန် မလိုအပ်ချေ။သူသည် ဆူးလုံးကြီးကိုမြောက်၍ ခုတ်ချလိုက်ပြန်သည်။မြေပြင်
သည် သိမ့်ကနဲ လှုပ်ခါသွား၏။

ဆူးလုံးကြီးက ရွှီကနဲအသံဖြင့်ပြေး၀င်လာသည်။ကိုပိန်ခြောက်သည် လေထဲ၌ လွင့်စင်နေတုန်းဖြစ်သည်။
ဆူးလုံးကြီးကို သူမရှောင်နိုင်တော့ချေ။သူသည် ဧရာမ ဒိုင်းကြီးတစ်ခုကို အလျှင်အမြန်ထုတ်၍ ကာလိုက်
၏။အနက်ရောင် မြူများက သူ့၏ ကိုယ်ခန္ဓာပတ်လည်မှ ထွက်လာကာ သူ့၏ ခုခံနိုင်စွမ်းကို အမြင့်ဆုံး
အဆင့်ထိရောက်သွားစေသည်။

ထိုအနက်ရောင်မြူများသည် သူ့ကိုယ်ခန္ဓာပတ်လည်၌ အရံအတားတစ်ခုအဖြစ် ဖွဲ့စည်းလာ၏။ထိုမြူ များကြား
၌ သွေးကဲ့သို့အရောင်အဆင်းရှိသည့် ရုန်းအမှတ်အသားများပေါ်လာခဲ့သည်။ထို ရုန်းများပေါ်လာသည်နှင့်
ပြင်းထန်သော မကျေမချမ်းဖြစ်ခြင်း တို့က ထိုရုန်းများမှ ထွက်လာရာ လူတိုင်းကို တုန်တုန်ယင်ယင်ဖြစ်စေ
သည်။

"သွေးရုန်း အကာအကွယ်"

ကိုပိန်ခြောက် သူ့၏ ကာကွယ်မှုကို ပြင်ဆင်ပြီးစ အချိန်မှာပဲ လူကြမ်းလေး၏ ဆူးလုံးကြီးသည် ရွှီးကနဲ
အသံဖြင့် ပြေး၀င်လာခဲ့သည်။ထိုဧရာမ အကာအကွယ်ကြီးသည် ရေခဲတုန်းကြီးတစ်တုံးလို အစိတ်စိတ်အ
မွှာမွှာ ချွင်ကနဲ ကွဲကြေသွားတော့သည်။အမှန်တွင် လူကြမ်းလေး၏ ဆူးလုံးကြီးသည် ထို အကာအကွယ်
ထံသို့မရောက်ခင်မှာပဲ ဆူးလုံးကြီးမှ လာသော ပြင်းထန်သည့် လေတုိ့ကြောင့် ကိုပိန်ခြောက်၏ အကာအကွယ်
က တစ်စီကြေမွနေခဲ့ပြီးဖြစ်၏။

ထို့နောက် ဆူးလုံးကြီးသည် အနက်ရောင်မြူခိုးများအပေါ်သို့ ကျရောက်သွားသည်နှင့် အနက်ရောင်မြူခိုး
များနှစ်ခြမ်းကွဲထွက်သွားသည်ကိုမြင်လျှင် လူတိုင်း လွန်စွာအံ့အားသင့်ကြရသည်။ထိုအတားအဆီးသာ
နှစ်ခြမ်းကွဲထွက်သွားခြင်းမဟုတ်ပဲ ဆူးလုံးကြီးသည် ဆက်လက်၀င်လာပြီး ကိုပိန်ခြောက်ကို ဖောင်းကနဲ
ဖြင့်ခုတ်လေရာ သွေးများလေထဲ ဖြန်းကနဲ တက်လာသည်။

"ကောင်းလိုက်တာ"

တစ်ချက်တည်းဖြင့် လူကြမ်းလေးက ကိုပိန်ခြောက်ကို အနိုင်ယူလိုက်သည်အား တွေ့လျှင် ကုယင်နှင့်အဖွဲ့
မှာ များစွာစိတ်လှုပ်ရှာြးကြသည်။အခြားတစ်ဖက်တွင် လုံချန် အဖို့အနည်းငယ်ရင်နာစရာဖြစ်ရသည်။ပထမ
ဆုံး သူတွေးမိသည်မှာ အမှတ်နှစ်သောင်းကတော့ ထိုသို့ဖြင့် အချည်းနှီးဖြစ်သွားပြီ ဟူ၍ ဖြစ်သည်။

"အားလုံးတိုက်ခိုက်ကြ အန္တေဝါသိက တပည့်သုံးဦးရှိနေသေးတယ်.. သူတို့ခေါင်းကို လိုချင်သူမှန်သမျှ
အခြားသူတွေ သူတို့ကို မတိုက်ခိုက်ခင်တိုက်ခိုက်တာပိုကောင်းလိမ့်မယ် လူတိုင်း တည်တည်ငြိမ်ငြိမ်
တိုက်ခိုက်ကြပါ" လုံချန်အမိန့်ပေးလိုက်သည်။

လူကြမ်းလေးကား သိုးအုပ်အလယ် ရောက်နေသည့် ဝံပုလွေတစ်ကောင်ပမာ ဖြစ်နေသည်။သူသည်
အောက်လမ်းသိုင်းသမားများ၏ အလယ်တွင်ရှိလျှက် ဘယ်၊ညာ လှည့်ကာ တိုက်ခိုက်နေ၏။အောက်လမ်း
သိုင်းသမားများသည် မူလကပင် တိတိကျကျဖွဲ့စည်းပုံ မရှိခဲ့ခြင်းကြောင့် ယခုအခါ၎င်းတို့မှာ တပ်ပျက်လျှက်
ရှိချေ၏။အကယ်၍ သူတို့၏ နာမ်ဝိညာဉ်ဆိုင်ရာ တိုက်ခိုက်မှုကြောင့် လုံချန်စိတ်ရှုပ်ခဲ့ခြင်းမရှိလျှင် သူ့
အနေနှင့် အောက်လမ်းသိုင်းသမား များ အကုန်လုံးကို ခေါင်းဖြတ်ရန် အမိန့်ပေးပြီးချေပြီ။

မူလကတည်းက အောက်လမ်းသိုင်းသမားများ၌ အန္တေဝါသိက တပည့်လေးဦးရှိသည်ကို သူသိခဲ့၏။ယခု
လူကြမ်းလေးက တစ်ယောက်ကို သတ်ဖြတ်လိုက်ခြင်းကြောင့် သုံးဦးသာရှိတော့သည်။

လုံချန်၏အမိန့်အတိုင်း ထန်၀မ်အာ၊ယဲ့ထင်းချုံ နှင့် ကုယင်တို့က ထိုအန္တေဝါသိက အောက်လမ်းသိုင်းသမား
သုံးဦးထံ ပြေးတက်သွား၏။

"လီရှင်းရှောင်.... ကုယင်ကို သွားဂရုစိုက်လိုက်" လုံချန် ခပ်တိုးတိုးပြောလိုက်သည်။

လီရှင်းရှောင်က သူ့၏ မိုးကြိုးလှံဖြင့် အောက်လမ်းသိုင်းသမားတစ်ဦးကို ထိုးနေသည်။နာမ်ဝိညာဉ် တိုက်ခိုက်
မှုသည် ကုယင်၏ မဟာအားနည်းချက်ကြီးဖြစ်ကြောင်းသူသိသည်။ကုယင်ထံ လီရှင်းရှောင် ခပ်သွက်သွက်
ပြေးသွားသည်။

နှစ်ဘက်စလုံးက ပြင်းထန်စွာ တိုက်ခိုက်လျှက်ရှိသည်။သို့သော် ရွှမ်ရှင်းကျောင်းတော်မှ တပည့်များက လွန်
စွာ စိတ်ဓာတ်တက်ကြွနေကြသည်။အမွေးတိုင် တိုင်တစ်၀က်ခန့် ကုန်သည့်အချိန်တွင် အောက်လမ်းသိုင်း
သမားအများစုက သေသွားပြီဖြစ်သည်။အောက်လမ်းသိုင်းသမား အယောက်သုံးရာခန့်သာ ကျန်တော့သည်။

"ရှေ့တန်းက တိုက်ခိုက်နေသူတွေ နောက်တန်းပြန်အနားယူတော့... အနောက်ကလူတွေရှေ့တက် ငါး
ယောက် တစ်ဖွဲ့စီ ဖွဲ့ပြီးတိုက်ခိုက်ကြ"

အောင်ပွဲနှင့် နီးကပ်လာသည့်အချိန်တွင် လုံချန်က နောက်တန်းမှ တပည့်များကို ရှေ့တန်းက တပည့်များ
ဖြင့်အစားထိုးနေရာယူစေသည်။ရှေ့တန်းမှနေ၍ တိုက်ခိုက်နေသူများက သိုင်းပညာအဆင့်အမြင့်ဆုံး
တပည့်များဖြစ်ကာ နောက်တန်းမှ တပည့်များမှာမူ ရှေ့တန်းက တပည့်များလောက်အဆင့်မမြင့်ကြသူ
များဖြစ်သည်။

တစ်နည်းအားဖြင့် ယခုကဲ့သို့ သူတို့ဘက်မှ ဆက်တိုက်ဖိ၍ တိုက်ခိုက်နိုင်နေခြင်းမှာ သိုင်းပညာအဆင့်အမြင့်
ဆုံးတပည့်များကြောင့်ဖြစ်သည်။သို့သော် နောက်တန်းမှ တပည့်များကိုလည်း အခွင့်အရေးပေးရန် လိုသည်။
ယခုကဲ့သို့ သူတို့ဘက်မှ ဖိတိုက်ထားနိုင်ချိန်၌ အင်အားနည်းသော နောက်တန်းမှ တပည့်များကိုလည်း
တိုက်ပွဲ အတွေ့အကြုံရစေရန် ပြုလုပ်ပေးဖို့ သူ လိုအပ်ပါသည်။

သို့မဟုတ်လျှင် သိုင်းပညာအဆင့်မြင့်သူများသာ ပို၍ တိုးတက်လာကြမည်ဖြစ်ကာ အားနည်းသူများမှာမူ
သာ၍ ချိနဲ့သွားမည်ဖြစ်သည်။ယင်းက သူတို့၏ စုစုပေါင်းတိုက်ခိုက်နိုင်မှု အင်အား၌ ပြဿနာ ဖြစ်ချေလိမ့်
မည်။တပ်မှုးတစ်ယောက်အနေနှင့် လုံချန်၏ အဓိကတာ၀န်တစ်ရပ်မှာ ဤတပည့်များ၏ စုစုပေါင်းတိုက်ခိုက်နိုင်
စွမ်းကို မြှင့်တင်ပေးရန်ဖြစ်လေသည်။

သူ့သဘောအတိုင်းဆိုလျှင် အောက်လမ်းသိုင်းသမားများအား သူ စိတ်ရှိသရွေ့ အားပါးတရ သတ်ဖြတ်ချင်သည်။
သို့သော် ထိုသို့လုပ်၍မဖြစ်။အခြားတပည့်တစ်ဦးချင်းစီတိုင်းကို သူက အလှည့်ပေးရန်လိုသည်။သူ၏ ဆေဘာ
ဓားကြီးကားလေထဲတွင် ကခုန်လျှက် အောက်လမ်းသိုင်းသမားများ၏ ဦးခေါင်းများကို တစ်ခေါင်းပြီး တစ်ခေါင်းဖြတ်
လျှက်ရှိလေ၏။

ထန်၀မ်အာက သူမ၏ လေပွေဓားကိုအသုံးပြု၍ သွေးကဲ့သို့ ရဲရဲနီသော ဓားရှည်ကြီးတစ်လက်ကိုကိုင်ထားသည့်
အန္တေဝါသိက အောက်လမ်းသိုင်းသမား တစ်ဦးအား တိုက်ခိုက်လျှက်ရှိလေသည်။လုံချန် ခေါင်းယမ်းလိုက်၏။
သူ့မျက်နှာသည် အနည်းငယ်တင်းမာနေ၏။ဒေါသတကြီးဖြင့် သူ အော်ပြောလိုက်ပါသည်။

"၀မ်အာ မင်းဘာလုပ်နေတာလည်း ဒါက တိုက်ပွဲလေ ပြိုင်ပွဲတစ်ခုမဟုတ်ဘူး"

ထန်၀မ်အာ၏ တိုက်ပွဲအတွေ့အကြုံများသည် ရွှမ်ရှင်း၏ အလံလုပွဲများမှ လာခြင်းဖြစ်လေသည်။ထိုသို့သော ပြိုင်ပွဲ
မျိုးဖြင့် သူမ လွန်စွာအသားကျနေခဲ့ချေပြီ။သူမ၏ အစွမ်းဖြင့်ပင် သူမမှာ ထိုအန္တေဝါသိက အောက်လမ်းသိုင်းသမား၏
အနိုင်ယူခြင်းကို ခံနေရပြီး အန္တာရာယ်ရှိသော အနေအထားနှင့် တစ်ကြိမ်ပြီးတစ်ကြိမ်ကြုံတွေ့နေခဲ့ရ၏။ယင်းက
လုံချန်ကို အတော်ဒေါသထွက်လာစေသည်။သူပြောခဲ့သည့်စကားများကို သူမနားမထောင်ခဲ့ဘူးကိုး။

ထန်၀မ်အာ ရင်ထဲထိတ်ကနဲ ဖြစ်ရပါ၏။လုံချန် ဒေါသထွက်သည်က ရှားသည်။ထို့ပြင် သူက သူမအပေါ်ဘယ်အခါကမျှ
စိတ်မဆိုး၊ဒေါသမထွက်စဖူးခဲ့။သူပြောခဲ့သည့် စကားအချို့ကို ပြန်မှတ်မိတော့ သူမ လိပ်ပြာမလုံသလို ခံစားရလေသည်။
သူမကိုယ်သူမ မထိန်းချုပ်ထားတော့။သူမ၏အော်ရာများက အရှိန်ပြင်းပြင်းဖြင့် ပေါက်ကွဲထွက်သွားပါသည်။
သူမက လက်ထဲမှ လေပွေ ဓားဖြင့် ပြိုင်ဘက်အား ခုတ်ချလိုက်၏။

ယဲ့ထင်းချုံက ထန်၀မ်အာထက် များစွာပို၍ တိုက်ခိုက်နိုင်နေသည်။သူမ၏ ရေခဲဓားက လေထဲ၌ ကခုန်လျှက် စူးရှသည့်
အအေးဓာတ်ကြောင့် ပြိုင်ဘက်ရန်သူမှ နောက်သို့ တဖြေးဖြေး ဆုတ်နေရသည်။များမကြာမီ ပြိုင်ဘက်အား သူမ သတ်
နိုင်လိမ့်မည်ဖြစ်သည်။

ကုယင်ကမူ ရုန်းအမှတ်အသားများ နှင့်ပြည့်နှက်လျှက်ရှိသော လက်သီးဖြင့် သူ၏ ပြိုင်ဘက်ကို ဆက်တိုက်ထိုးလျှက်ရှိရာ
သူ၏ပြိုင်ဘက်က သွေးပင်အန်နေပြီဖြစ်သည်။ကုယင်၏ ခွန်အားကား ပြောရန်ပင်မလိုချေ။

လီရှင်းရှောင်ကတော့ အောက်လမ်းသိုင်းသမား များကိုဆက်တိုက်သတ်ဖြတ်ရင်း ကုယင်ကို သတိထားစောင့်ကြည့်ပေးနေသည်။
နောက်ဆုံး၌ တစ်ဒါဇင်မျှသာ ကျန်ရှိတော့သည့် အောက်လမ်းသိုင်းသမားများက ထိုသို့သတ်ဖြတ်နေခြင်းကို သီးမခံနိုင်ကြ
တော့။ရွှမ်ရှင်း၏ တပည့်များက ကျားများ၊ဝံပုလွေများကဲ့သို့ ရက်ရက်စက်စက် သတ်ဖြတ်နေရာ သူတို့မှာ ဆက်တိုက်ရန်
မဝံ့ကြတော့ပဲ ထွက်ပြေးကုန်ကြလေတော့သည်။

ယင်းသည် တိုက်ပွဲတစ်ခုမဟုတ်တော့ချေ။တစ်ဖက်သတ် လူသတ်ပွဲကြီးဖြစ်နေသည်။အခြားသူများကို သူတို့ရက်ရက်စက်စက်
သတ်ဖြတ်ခဲ့စဉ်က သူတို့လည်း ဤလိုနေ့မျိုးဖြင့်ကြုံလာရလိမ့်မည်ဟု ဘယ်အခါကမျှ မတွေးမိခဲ့ကြချေ။

"မင်းတို့ပြေးလည်း လွတ်မယ်လို့ထင်လား"

လုံချန်၏ မျက်နှာထက်၌ အေးစက်စက်အပြုံးတစ်ခုပေါ်လာသည်။ဆယ်ဂဏန်းခန့်ရှိသော မြားများ ရွှီးကနဲ ရွှီးကနဲ
ပြေးထွက်လာကြ၏။မျက်စိတစ်မှိတ်အတွင်း ထွက်ပြေးနေကြသော အောက်လမ်းသိုင်းသမားများသည် မြားမှန်ကာ
မချိမဆန့်အော်ဟစ် ရင်း သေပွဲ၀င်ကြရတော့သည်။ပုခုံးထက်၌ ဧရာမ ထုလုံးရှည်သဏ္ဍန်ကြီးတစ်ခုကို ထမ်းထား
သော လူတစ်ယောက်ကိုမြင်လျှင် လူတိုင်းက တအံ့တသြ ကြည့်ကြသည်။ထိုထုလုံးရှည်ကြီးထဲတွင် အပေါက်အသေးလေး
ပေါင်းများစွာရှိသည်။ထိုအပေါက်များမှ မြားများ ထွက်လာပုံပင်။

"ဟီးဟီး.. ဆရာ.. ကျုပ် နောက်ဆုံးတော့ အစွမ်းထုတ်ပြနိုင်ခဲ့ပြီ" ကုယန်က စိတ်လှုပ်ရှားဟန်ဖြင့်ပြောသည်။

လုံချန် ဖုန်ဆိုးမြေသို့ နယ်နှင်ဒဏ်ခံရစဉ်က ကုယန်ကို သူသတိပေးခဲ့ဖူးသည်။သူ၏ ပါရမီက သာမာန်ပဲဖြစ်ရာ
အခြား နည်းလမ်းတစ်ခုခုဖြင့် သူ့ကိုယ်သူပို၍ အစွမ်းထက်လာစေရန် လိုအပ်လိမ့်မည်။ထို့အတွက်ကုယန်က
တစ်ယောက်တည်း အကြံထုတ်နေခဲ့ခြင်းဖြစ်သည်။သူ့တွင် အစွမ်းထက်သည့်အရာဟူ၍ ဘယ်အရာမျှမရှိ။သူ့၏
ပါရမီနှင့် စိတ္တစွမ်းအင်ကလည်း သာမာန်ပဲဖြစ်သည်။သူ၏ ဘိုးဘေးအစဉ်အဆက်၌လည်း မည်သည့် ထိပ်တန်း
ပါရမီရှင်မျိုးမှ ပေါ်ပေါက်ခဲ့ခြင်းမရှိရာ မျိုးဆက်သွေးကိုလည်း အားကိုး၍ မရချေ။

သို့သော် တစ်ရက် ရွှမ်ရှင်းပင်မစံကျောင်းတော်သို့ သွားရင်း ယန္တရားပညာနှင့် ပန်းပဲပညာရပ်အချို့အားတွေ့လျှင် သူ့
မျက်လုံးများ မြင့်တက်သွားရသည်။ထိုကဲ့သို့ ထူးထူးဆန်းဆန်း ပညာရပ်မျိုးကို သူ များစွာစိတ်၀င်စားသွားမိသည်။
ထို့နောက် ထန်၀မ်အာထံမှ အမှတ်များစွာကို ချေးယူ၍ ထိုကျမ်းစာအုပ်များကို သူ ချက်ခြင်း၀ယ်ယူခဲ့တော့သည်။

လူတိုင်းတွင် ကိုယ်လျှောက်ရမည့်လမ်းကြောင်း ကိုယ်စီ ရှိသည်ဟု ပြောကြ၏။ကုယန်ကား ထိုကျမ်းစာအုပ်များကို
ဖွင့်ဖတ်မိသည်နှင့် သူ၏ အင်မော်တယ် ဂူအတွင်း၌ နေ့မနား၊ညမနား ဆက်တိုက်လေ့လာတော့သည်။မီးရှို့၍ ပစ်ခတ်
ရသော သာမာန်ဒူးလေးတစ်လက်သည် ထိရောက်မှုနည်းသည်။သို့သော်.. စပရိန်များ၊ဂီယာ သွားများတပ်ဆင်၍
ပြုလုပ်ထားသည့် ကုယင်၏ ဒူးလေးမှာမူ သာမာန်ဒူးလေးတစ်လက်ထက် ဆယ်ဆခန့် အားပြင်းကာ လွန်စွာလည်း
ထိရောက်လေသည်။

သို့သော် ကုရန်ကား အလွန်ညာဏ်သွားသည်ကိုမြင်လျှင် လုံချန်အတော်အံ့အားသင့်ရသည်။သူက မြားခေါင်းကို
ကိုလည်း ပြုပြင်ထားသေးသည်။သူက မြားခေါင်းကို ယင်၊ယန် ဆာလဖာအတုံးလေးများဖြင့် မွမ်းမံထား၏။
ထိုမြားမှာ တစ်ခုခုကို ထိမှန်သည်နှင့် မြားခေါင်းထဲမှ ဆာလဖာတုံးလေးနှစ်ခုက ပွတ်တိုက်မိကာ ပေါက်ကွဲ
သွားမည်ဖြစ်သည်။

မှန်သည်။ထိုပေါက်ကွဲမှုက သုံးလက်မခန့် အကွာအဝေးတွင်းမှာသာ ရှိ၍ ပြင်းထန်သောပေါက်ကွဲမှုတစ်ခုမဟုတ်ချေ။
ကိုယ်ခန္ဓာပြင်ပတွင် ပေါက်ကွဲလျှင် ချီအဆင့်သိုင်းသမားတစ်ဦးပင် သေမည်မဟုတ်ချေ။သို့သော် ထိုမြားက ကိုယ်
ခန္ဓာ တစ်ခုသို့ ဖောက်၀င်သွားလျှင် အတွင်း၌ ပေါက်ကွဲသွားမည်ဖြစ်ရာ ထို ပေါက်ကွဲမှု အား ကျင်ကျီသိုင်းသမား
တစ်ဦးပင် ခံနိုင်ခြင်းမရှိချေ။

ထွက်ပြေးနေသည့် ဒါဇင် ခန့်ရှိ အောက်လမ်းသိုင်းသမားများ တစ်ဘုန်းဘုန်းလဲကျသေဆုံးသွားလျှင် လူတိုင်းအံ့အား
သင့်ကြသည်။လုံချန်မပွင့်တစ်ပွင့် ပြုံးသည်။သည်ကုယန်က ကိုယ်ပိုင်ပါရမီတစ်မျိုးရှိသည်။

"ဘာအစွမ်းထုတ်ပြတာလည်း.. ငါလည်းဘာမှမတွေ့လိုက်ရပါလား"

လုံချန်၏ ထိုစကားအတွက် ကုယန်က တဟားဟားရယ်နေပြီး မည်သို့မျှ မပြောချေ။ထို့နောက် ထွက်ပြေးလျှက်ရှိ
သော အောက်လမ်းသိုင်းသမားများထံ ချိန်ကာ မြားများကို ပစ်လွှတ်ပြန်သည်။နောက်ထပ် အောက်လမ်း
သိုင်းသမား 7 ယောက်မှ 8 ယောက်ခန့် တစ်ဖုန်းဖုန်း ပေါက်ကွဲ၍ သေသွားပြန်၏။အသားစများက လေထုထဲ
ဖွာကနဲ လွင့်စင်လာသည်။

သို့သော် အချို့မြားများက ပစ်မှတ်ကို မထိချေ။ပစ်မှတ်လွဲသည့် ထိုမြားများက မြေပြင်နှင့်ထိသည်နှင့်
တဖုန်းဖုန်းပေါက်ကွဲကုန်ကြသည်။

"လွဲသွားတဲ့ မြားတွေအတွက် နှမြောစရာပဲ" လုံချန်ခေါင်းယမ်းလိုက်၏။မြားများ တစ်ကြိမ်ပစ်လျှင် အစင်းလေးဆယ်
မှ ငါးဆယ်ခန့်ရှိရာ လွဲသွားသည့် မြားများအတွက်နှမြောစရာကောင်းနေသည်။

"ဟီးဟီး ကိစ္စမရှိပါဘူး ကျုပ်မှာ လိုအပ်တဲ့ ပစ္စည်းတွေ အဆင့်သင့်ရှိတာမို့လို့ ဒါမျိုးကအချိန်မရွေးလုပ်နိုင်တယ်
ပြီးတော့ အခုက စမ်းသပ်ဆဲအဆင့်ပဲရှိသေးတာ .. နောက်တစ်ကြိမ် ဒီထက်ပိုကောင်းအောင် ဒါကိုပြင်ရမယ်..
ဟဲဟဲ... ကျုပ်က သိပ်တော်တဲ့ ပန်းပဲဆရာတစ်ယောက်ဖြစ်လာတော့မှာ" ကုယန်က ခပ်ကြွားကြွားလေသံ
ဖြင့်ပြောသည်။

ယခု.. သူ့အတွက် ထိုလက်နက်ကို ထုတ်သုံးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ယခု စမ်းသပ်မှု အောင်မြင်သည်နှင့်
သူက သူ၏ နိမ့်ကျနေသော ပါရမီအတွက် စိုးရိမ်နေမည်မဟုတ်တော့ချေ။ထို့ပြင် သူ့၌ မစမ်းသပ်ရသေးသော
အကြံတစ်ချို့လည်းရှိနေသေးပါသည်။ယခု..တစ်ကြိမ်အောင်မြင်မှုသည် သူ့အား များစွာယုံကြည်ချက်ရှိသွားစေပါ၏။
အန္တေဝါသိက တပည့်များမှ လွဲကာ အခြားမည်သူကမျှ ထိုကဲ့သို့ တစ်ချက်တည်းဖြင့် လူပေါင်းများစွာကို သတ်နိုင်သည့်
အရည်အချင်းမျိုးရှိလိမ့်မည်နည်း။

"လေပွေတစ်သောင်း"

အေးစက်စက်လေသံ တစ်သံ၏ နောက်၌ ကောင်းကင်ထက်တွင် များစွာသော လေဓားများ ဖြစ်ပေါ်ဖွဲ့စည်းလာကာ
ဗလာနယ်သည် တစ်ဖြတ်ဖြတ်တုန်လာသည်။ယင်းနောက်.. သွေးများသည် ဖြန်းကနဲ နေရာအနှံ့သို့ ပြန့်ကျဲသွားလေသည်။

MK AUNG

.....

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(239)ထူးဆန်းသည့်လူတစ်ဦး

သွေးများသည် လေထဲသို့ ဖြန်းကနဲ ပျံ့နှံ့သွား၏။ကောင်းကင်နှင့်အပြည့် ဖြစ်နေသည့် လေပွေဓားများ မှေးမှိန်ပျောက်ကွယ်သွားလေသည်။
ထန်၀မ်အာနှင့် ရင်ဆိုင်လျှက်ရှိသည့် အောက်လမ်းသိုင်းသမားများမျာ တစ်ယောက်ပြီးတစ်ယောက် ဘိုင်းကနဲ လဲကျကုန်ကာ မျက်လုံး
များအသက်မဲ့ကုန်ကြသည်။

"နိုင်ပြီဟေ့"

ဤ နောက်ဆုံး အန္တေဝါသိက တပည့် သေလျှင် တိုက်ပွဲအတွင်း မည်သည့် အန္တေဝါသိက တပည့်မျှမရှိတော့ချေ။
ယင်းသည် လုံးဝအောင်ပွဲပင်ဖြစ်သည်။သူတို့ထဲမှ တပည့်ဒါဇင် ခန့်လောက်သာ ဒဏ်ရာရကြပြီး ထိုဒဏ်ရာများကို
လည်း ကုသရေး ခန်းမ မှ အလျှင်အမြန်ကုသပေးခဲ့သည်။ဤတိုက်ပွဲသည် လူတိုင်း၏ ယုံကြည်မှုကို သိသိသာ
သာမြင့်တက်စေပါသည်။အောက်လမ်းသိုင်းသမားများကား ပြောသလောက်လည်း ကြောက်စရာ မကောင်းကြဟု
တပည့်များစိတ်ထဲ ထင်မြင်နေကြသည်။

"လုံချန် .. ကျွန်မနိုင်ပြီ" ထန်၀မ်အာက သူ့ထံ စိတ်လှုပ်ရှားစွာနှင့် ခပ်သွက်သွက်လေးလှမ်းလာ၏။သို့သော် သူ့မျက်
နှာတွင် မည်သည့်အပြုံးကိုမျှ သူမ မတွေ့ရ။ထိုအစား ကြောက်မက်ဖွယ်ရာ ကောင်းအောင် မှုန်မှိုင်းလျှက်ရှိ၏။
ထိုအမူအရာကြောင့် လူတိုင်း၏ အောင်ပွဲခံနေသည့် အသံများ ရုတ်ချည်း တိကနဲ တိတ်ကျသွားလေသည်။
လုံချန် မည်သည့်အရာကို မကျေမနပ်ဖြစ်နေပါသနည်း။သူတို့မသိကြချေ။

"ဒီတိုက်ပွဲဟာ စကတည်းက ကျုပ်တို့ဘက်က အင်အားအများအပြားနဲ့ ဖိတိုက်ထားခဲ့တာ.. ပြောရရင် ဘယ်လိုမှ
တစ်ဘက်နဲ့မမျှဘူး... ဒီတိုက်ပွဲက မင်းတို့အတွက်ဂုဏ်ယူစရာကောင်းနေလို့လား"

တင်းမာ အေးစက်သည့်မျက်နှာထားနှင့် လူတိုင်းကို သူကြည့်လိုက်ပါသည်။

"သူတို့ရဲ့ အဖွဲ့၀င်ဟာ ထောင်ဂဏန်းနားကပ်နေပေမယ့် သူတို့မှာ အန္တေဝါသိကတပည့်လေးဦးသာရှိတယ်.. ကျုပ်တို့
မှာကော ဘယ်နှစ်ယောက်တောင်ရှိလည်း"

"ဒီအောင်ပွဲက ဂုဏ်ယူစရာကောင်းတယ်လို့ မင်းတို့ထင်နေကြလား မင်းတို့ဘယ်လိုတိုက်ခိုက်နေကြလည်းဆိုတာကို
ကြည့်စမ်း... မင်းတို့က ကစားနေကြတာ .. တိုက်ခိုက်နေတာမှမဟုတ်တာ.. ဒါကို ကစားပွဲလို့ထင်နေကြတာလား"

"ယွဲ့ဇူဖုန်း.. ဓားသမားတစ်ယောက်အနေနဲ့ မင်းက မင်းကိုယ်မင်း ဓားပညာရှင်ကြီးလို့အထင်ရောက်နေတာလား
မင်းထက်အဆင့်နိမ့်တဲ့သူတွေနဲ့တွေ့ရင် မင်းက အထင်သေး အမြင်သေးနဲ့ လက်လွတ်စပယ်တိုက်ခိုက်တာပေါ့
ဟုတ်လား"

"မင်းနောက်ကွယ်က လူတွေကို လျှစ်လျူရှု၊လူကြားထဲ ပြေး၀င်ပြီး ပိုအစွမ်းထက်တဲ့သူတွေကိုသတ်ရတာ မင်းရဲ့
သိုင်းပညာ ဘယ်လောက်အဆင့်မြင့်တယ်ဆိုတာကို ပြသရာရောက်တယ်လို့ မင်းကထင်နေတာလား"

"နောက်.. အန္တေဝါသိက တပည့်တွေကကော.. မင်းတို့ကိုယ်မင်းတို့ မိုးအောက်မြေပြင်မှာ ပြိုင်ဘက်ကင်းတွေလို့
များထင်နေကြလား.. မင်းတို့တစ်တွေက လူမိုက်တွေလား"

သူ၏ မျက်နှာသည် တင်းမာလျှက်ရှိကာ လူတိုင်းကို အော်ပြောလိုက်သည်။

"ကျုပ်မင်းတို့ကို ဘယ်နှစ်ကြိမ်ပြောရမလည်း.. ကျုပ်တို့က တစ်ဖွဲ့ထဲမဟုတ်ဘူးလား သူရဲကောင်းမလုပ်ကြနဲ့
မင်းတို့ရဲ့ ထင်ပေါ်ကျော်ကြားမှု ဘယ်လောက်ရှိတယ်ဆိုတာကိုဘယ်သူမှ မသိဘူးလို့မင်းတို့ထင်နေကြတာလား"

"အကယ်၍ အဖွဲ့လိုက်စွမ်းရည်တစ်ခုကို ကျုပ်တို့ပိုင်ဆိုင်ချင်တယ်ဆိုရင် သာတူညီမျှ ဆိုတဲ့အဓိပ္ပါယ်ကိုမင်း
တို့တစ်တွေ နားလည်ထားမှဖြစ်မယ်.. ကျုပ်ပြောထားခဲ့တဲ့စကားတွေက ဘယ်နားက၀င်ပြီး ညာနားက
ထွက်သွားတာလား"

"အခု တွေ့ရတဲ့ ရန်သူဟာ မင်းတို့အန္တေဝါသိက တပည့်တွေအတွက် အားနည်းတဲ့ ရန်သူဖြစ်ကောင်းဖြစ်နေမယ်
ဒါပေမယ့် .. မင်းတို့နောက်က တပည့်တွေအတွက်တော့ သေလောက်တဲ့ ရန်သူတွေပဲ"

"မင်းတို့နောက်က တပည့်တွေက မင်းတို့ကို ကာကွယ်ပေးကြရတယ် ဒါပေမယ့် သူတို့အတွက် မင်းတို့ကဘာ
စဉ်းစားပေးသလည်း သူတို့က ထိုးကျွေးဖို့အတွက်လား .. အသုံးချစရာတွေလား"

အန္တေဝါသိက တပည့်တို့၏ မျက်နှာမှာ လိပ်ပြာမလုံဟန်ဖြင့် နီရဲနေကြသည်။သူတို့သည် ယခုတိုက်ပွဲတွင်
အမှန်ပင် သူတို့ကိုယ်သူတို့ ပြန်လည် ရှုံးနိမ့်ခဲ့ကြပါ၏။အခြေအနေကို ထိန်းချုပ်ပြီးသည့်နောက် သူတို့
သည် သူတို့၏ နောက်မှ တပည့်များအတွက် ထည့်မစဉ်းစားတော့ပဲ အောက်လမ်းသိုင်းသမားများကို သတ်နိုင်
သမျှ သတ်ကြတော့သည်။

ယင်းတွင် အကြောင်းပြချက်နှစ်ချက်ရှိရာ ပထမတစ်ချက်သည် စိတ်လှုပ်ရှားမှုကြောင့်ဖြစ်၍ ဒုတိယတစ်ချက်က
သူတို့၏ ဂုဏ်သိက္ခာအတွက်ဖြစ်လေသည်။အခြား အန္တေဝါသိက တပည့်များသည် မည်မျှ အစွမ်းထက်ကြောင်း
အစွမ်းအစများ ထုတ်ပြကြသည်နှင့် သူတို့လည်း သူတို့အတွက်သာ ကြည့်၍ တိုက်ခိုက်ရာမှ လုံချန် ချပေးခဲ့သည့်
တိုက်ပွဲပုံစံ၏ ပြင်ပသို့ထွက်သွားခြင်းဖြစ်သည်။

အန္တေဝါသိက တပည့်များ ခေါင်းကိုယ်စီ ငုံ့ထားကြပါ၏။မျိုးဆက်အမှတ်အသားများနိုးထလိုလျှင် သူတို့၏ ရင်ထဲတွင်
အဖိုးထိုက် သောအရာတစ်ခုခု ရှိရမည်ဟု လုံချန်က သူတို့ကို ပြောပြီးဖြစ်သည်။သို့သော် သူ၏ စကားကို သူတို့
မေ့လျှော့ခဲ့ပါသည်။သူ၏ အပြစ်တင် စကားများကို ခံယူရင်း သူတို့မျက်လုံးအစုံသည် မြေပြင်သို့သာ စိုက်ကြည့်ထား
လိုက်ကြလေသည်။

"နောက်ပြီးတော့ မင်း... ထန်၀မ်အာ ကျုပ်... မင်းကို မေးစမ်းပါရစေဦး... မင်းသာ အစွမ်းကုန်သုံးပြီးတိုက်ခိုက်ရင်
မင်းနဲ့ တိုက်နေတဲ့ အန္တေဝါသိက တပည့်က မင်းကို သိုင်းဆယ်ကွက်အတွင်းမှာနိုင်လိမ့်မယ်လို့ထင်လား"

သူမ တောင့်ကနဲဖြစ်သွားရသည်လေ။သူ..သူမ အပေါ် ဒေါသထွက်တာဟာ ဒီတစ်ကြိမ်က ပထမဆုံးဖြစ်သည်မို့
သူမ တစ်ခုခုမှားနေသလို ခံစားမိရတာပါပဲ။

"ကျွန်မ"

သူမ တစ်ခုခုပြန်ပြောချင်ပေမယ့် တဟင့်ဟင့်ရှိုက်သံတို့ကြောင့် စကားက ထွက်မလာ။နှုတ်ခမ်းလေးကို
ပြတ်လုမတတ်ကိုက်မိရတာပါပဲ။ရှင့်ရှေ့မှောက်မှာတော့... ကျွန်မက ယုန်ကလေး တစ်ကောင်ပေါ့လုံချန်။
သူမ ငိုတာကိုမြင်တော့ ချင်ယုရင်ထဲ ကျင်ကနဲ ဖြစ်သွားရပါသည်။လုံချန်ကို သူမ တစ်ချက်လှမ်းကြည့်
လိုက်ပေမယ့် လုံချန်ကတော့ ထိုအကြည့်ကို မမြင်ချင်ယောင်ဆောင်ထားခဲ့တာပဲဖြစ်သည်။

"ဒါဆိုကျုပ်ပြောမယ်...မင်းရဲ့အစွမ်းကိုသာ အကုန်သုံးပြီးတိုက်ရင် အဲ့ဒိ အောက်လမ်းသိုင်းသမားကို သိုင်း
7 ကွက်အတွင်းမှာ မင်းသတ်ပစ်လိုက်လို့ရတယ်"

"ဒါပေမယ့် သိုင်း 15 ကွက်လောက်မှ သတ်နိုင်တယ်... ဒီအောင်မြင်မှုအတွက် မင်းက စိတ်လှုပ်ရှားနေတယ်ဟုတ်လား"

"မင်းသိလား...ဒီလိုလုပ်နေရင် တစ်ဖွဲ့လုံး အန္တာရာယ်တောထဲ ရောက်သွားမယ်ဆိုတာကို...တစ်ကယ်လို့ အဲ့ဒီ
အောက်လမ်း အန္တေဝါသိက တပည့်မှာသာ ထူးဆန်းတဲ့ ပညာရပ်တစ်မျိုးမျိုး ဒါမဟုတ် ရတနာ တစ်မျိုးမျိုးရှိလို့
အသုံးချခဲ့ရင် မင်းကိုယ်တိုင်ကတော့ ရှင်လျှက် လွတ်မြောက်သွားနိုင်ပေမယ့် မင်းနောက်ကလူတွေ
အကုန်သေကုန်မှာကို သဘောပေါက်လား"

"ဒါဟာ ပြိုင်ပွဲတစ်ခုလုပ်နေတာမဟုတ်ဘူးလို့ မင်းကို ကျုပ်ဘယ်နှစ်ခါပြောရမလည်း .. မင်းတို့ရဲ့ ပန်းတိုင်က မင်း
တို့ရဲ့ ရန်သူတွေကိုသတ်ဖို့ပဲ မင်းရဲ့ ရန်သူကို သိုင်းကွက်အနည်းငယ်အတွင်းမှာ မြန်နိုင်သမျှ မြန်အောင်သတ်ရမယ်"

"နောက်ပြီးတော့ မင်းတို့နှစ်ယောက်...ယဲ့ထင်းချုံနဲ့.. ကုယင်.. မင်းတို့ဟာက ရက်စက်သင့်သလောက် မရက်စက်ဘူး
ဖြစ်နေတယ်..မင်းတို့ရဲ့ ရန်သူတွေကို သတ်ဖို့မင်းတို့မှာအခွင့်အရေးအများကြီးရှိခဲ့တာ သေချာတယ်...ဒါပေမယ့် မင်းတို့က
အန္တာရာယ်ကို မစွန့်စားဝံ့တော့ ရှားပါးတဲ့ အခွင့်ကောင်းတွေလက်လွှတ်လိုက်ရတယ်"

"ကျုပ်ထက် သိုင်းပညာမှာ ပိုအဆင့်မြင့်တဲ့ ဝူချီကို ကျုပ်ဘာ့ကြောင့်သတ်နိုင်ခဲ့လည်း....ဘာ့ကြောင့်လည်းဆိုတော့
ကျုပ်က အသက်နဲ့ရင်းပြီးစွန့်ဝံ့ချိန်မှာ သူကတော့ ကျုပ်လိုမဟုတ်ခဲ့လို့ပဲ"

"မင်း...သေမှာကိုကြောက်ရင် မင်းပဲအရင်ဆုံးသေတတ်တယ်....ဒါ့ကြောင့်ပဲသူသေသွားတယ်..ကျုပ်တော့မသေပဲနဲ့
ဒီနေရာမှရပ်ပြီး မင်းတို့ကို ဆူပူနေတယ်"

"ဒီကနေ့တိုက်ပွဲဟာ မင်းတို့ကို ကျုပ် တစ်ကယ်စိတ်ပျက်မိတယ် နောက်တစ်ကြိမ် မင်းတို့ဒီအတိုင်းဆက်လုပ်နေဦးမယ်
ဆိုရင်.. မင်းတို့ ဒိုးလိုက်ကြတော့.. ကျုပ် ရဲ့ ညီအကိုနှစ်ဦးနဲ့ပဲ အောက်လမ်းသိုင်းသမားတွေကိုသတ်တော့မယ်....
ဒါမှ မင်းတို့ကိုကြည့်ပြီး ဒေါသထွက်မနေရမှာ"

ထိုမျှ ဆူပူကြိမ်းမောင်းပြီးသည့်တိုင် သူ့ ဒေါသသည် မပြေသေးချေ။ဤအကြောင်းအရာများ အားလုံးကို သူသည် သူတို့
အားလုံးအား ဤနေရာသို့ လာသည့်လမ်းတွင် ရှင်းပြခဲ့ပြီးဖြစ်သည်။သို့သော် တိုက်ခိုက်သည်နှင့်သူတို့သည် အကုန်လုံး
ကိုမေ့ပစ်လိုက်ကြလေသည်။သူ၏ နေရာတွင် မည်သူမဆို ဒေါသထွက်မိကြမည်ပင်။

သူ စိတ်အပျက်ရဆုံးကား သူမကို ဖြစ်လေသည်။သူမသည် လွန်စွာအစွမ်းထက်သည့် သိုင်းပညာနှင့် ပါရမီကို ပိုင်ဆိုင်
ထားသူဖြစ်ပါ၏။သို့သော် ထိုအရာများကို သူမသည် အသုံးချနိုင်စွမ်းမရှိချေ။အဘယ့်ကြောင့်နည်း။သူ နားမလည်နိုင်ပါ
ပေ။

"လုံချန်.. ကျွန်မမှားခဲ့ပါတယ်... ကျွန်မကို စိတ်မဆိုးပါနဲ့နော်.. ကျွန်မကို ခွင့်လွတ်နိုင်မလား"

မျက်ရည်တို့ကို လက်ခုံဖြင့် ခပ်ကြမ်းကြမ်းသုတ်လိုက်ပါ၏။သူ၏ ဒေါသအများစုက သူမကြောင့်ဟု ထန်၀မ်အာနားလည်ခဲ့
ပါသည်။လူတိုင်းသည် သူ၏ ဦးဆောင်မှုအားပို၍ လိုလားမည်ဟု မျှော်လင့်လျှက် အစပိုင်း၌ သူမသည် သူ့ကို လူတိုင်းအား
ဦးဆောင်ပေးရန် အသနားခံခဲ့သည်။

ယနေ့ သူမ၏ အပြုအမူသည် သူမ၏ ဆန္ဒနှင့် လုံး၀ဆန့်ကျင်ဘက်ဖြစ်နေ၏။သူမကား သူ့၏ ယုံကြည်မှုကို များစွာထိ
ခိုက်အောင်လုပ်ခဲ့မိချေပြီ။သူမတွင်လည်း သူမကိုယ်ပိုင် အခက်အခဲများရှိပါ၏။အစွမ်းထက်သည်မှန်သော်လည်း သူမ
သည် သူသေ ကိုယ်သေ တိုက်ပွဲများဖြင့် မကြုံတွေ့ဖူးသေးသည့် မိန်းမသားတစ်ဦးသာလျှင်ဖြစ်သည်။သူမ၏ တိုက်ခိုက်
မှု ပုံစံကို ရုတ်တရက်ပြောင်းပစ်ဖို့ သူမအတွက် သိပ်ခက်လွန်းလှသည်။

"ဟူး...မင်း..ကိုယ့်အဖွဲ့ကိုယ်ပြန်တော့...မင်းရဲ့နောက်က အဖွဲ့သားတွေ ကျဆုံးကုန်တော့မှ မင်းဟာ
နာကျင်မှုဆိုတာကို တစ်ကယ်နားလည်လာလိမ့်မယ်နဲ့တူပါရဲ့..." သက်ပြင်းတစ်ချက်ရှိုက်၍ ကိုယ့်ကိုကိုယ် တည်ငြိမ်စေ
ရန်  သူ ထိမ်းသည်။

သူမ နှုတ်ခမ်းလေး ကိုက်၍ သူမအဖွဲ့ထံပြန်သွားလေ၏။၀န်းကျင် တစ်ခုလုံးသည် တိတ်ဆိတ်လျှက်ရှိသည်။ကံကောင်း
ထောက်မစွာဖြင့် သေကံမရောက်ကြသည့် စစ်သည်ရဲမက် များပင် တင်းမာနေသည့်အခြေအနေကြောင့် အသက်မရှု
၀ံ့ ဖြစ်ကြရသည်။

သူ သက်ပြင်းချလိုက်၏။

"တစ်စုံတစ်ခုကို ဘယ်လိုတန်ဖိုးထားရမယ် ဆိုတာ မသိခင် ဆုံးရှုံးရမှာကို မစောင့်ပါနဲ့
နာကျင်မှုဆိုတာ ဘာလည်းမသိခင် ဆုံးရှုံးရမှာကို မစောင့်ပါနဲ့
ကာကွယ်ဖို့ ဆိုတဲ့ ဘာလည်းမသိခင် ဆုံးရှုံးရမှာကို မစောင့်ပါနဲ့"

"တစ်ကယ့်အရှိတရားတစ်ခုကို ကျုပ် မင်းကိုပြောပြပါရစေ...အထက်လမ်းနဲ့ အောက်လမ်းသိုင်းသမားတွေကြားက ဒီတိုက်
ပွဲကြီးမှာ ကျုပ်တို့ တစ်၀က်လောက်ရှင်ကျန်နေရင်တောင် ဒါဟာအင်မတန်ကံကောင်းလို့ပဲ"

"မင်းတို့မရင့်ကျက်သေးရင် ရှေ့..ရင်ဆိုင်ရမယ့် တိုက်ပွဲတွေမှာ သေသွားတာကမှ ပိုကောင်းဦးမယ်...အနည်းဆုံးတော့
မင်းတို့အတွက်ပြီးသွား.ပြီပေါ့...သို့သော် ကျုပ်ပြောတဲ့အချက်တွေကို သဘောမပေါက်ပဲ အသက်ရှင်နေမယ်ဆိုရင်
မင်းတို့တစ်ဘ၀လုံးနောင်တရလို့ပြီးမှာမဟုတ်တော့ဘူး"

"စီနီယာ အကိုလုံ မစိုးရိမ်ပါနဲ့ ကျုပ်တို့ ဒီအမှားကို ဒီတစ်ကြိမ်ပဲဖြစ်စေရပါမယ်...နောက်တစ်ကြိမ်လုံး၀မရှိစေရဘူး"

အန္တေဝါသိက တပည့်များ ပြိုင်တူအော်လိုက်ကြသည်။သူတို့စိတ်ကို လုံချန်ကောင်းကောင်း အနိုင်ရလိုက်ပြီဖြစ်၏။ထိုသို့
ဖြစ်ရသည်မှာ လုံချန်သည် လွန်စွာအစွမ်းထက်နေခြင်းကြောင့်သာမကပဲ သူ၏ ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်း
နှင့် ကြိုတင်ရှုမြင် နိုင်စွမ်းတို့မှာ ၎င်းတို့ထက် အပြတ်အသတ်သာခြင်းကြောင့် ဖြစ်လေ၏။

လုံချန် ခေါင်းငြိမ့်သည်။

"အခု ကျုပ်တို့ တိုက်ပွဲမြေပြင်ရောက်လာပြီ ဖြစ်တာမို့ မိုးပျံ မှော်သားရဲတွေကို သုံးလို့မရတော့ဘူး"

"ကျုပ်ထင်တာ မှန်ရင် အကြီးအကဲတွေ နဲ့ စီနီယာ တွေက အောက်လမ်းသိုင်းသမားတွေဘက်က အကြီးအကဲတွေ
တွေကို စောင့်ကြည့်နေကြလောက်ပြီ အခု ကျုပ်တို့က ကိုယ့်အားကိုယ်ကိုးမှပဲ ရတော့မယ်"

"ဒီအဖွဲ့က ရှေ့ပြေး အဖွဲ့ပဲရှိသေးတယ် ... ဒီအောက်လမ်းသိုင်းသမားတွေထက်ပိုပြီးအစွမ်းထက်တဲ့ သူတွေ
လာကြလိမ့်ဦးမယ်"

"ကျုပ်တို့ ရွှမ်ရှင်းကျောင်းတော် က ဒီ စစ်မြေပြင်နဲ့ သိပ်နီးနေတယ် ဒါဟာ ကောင်းလည်း ကောင်းသလို မကောင်း
လည်း မကောင်းဘူး....မကောင်းတာက အခြားအထက်လမ်းသိုင်းသမားတွေက ဒီလို စံကျောင်းတော်နဲ့
သိပ်နီးလွန်းနေတာဟာ စံကျောင်းတော်က ကျုပ်တို့ကို ထောက်ပံ့နေဆဲလားလို့ ယူဆစရာတွေဖြစ်လာမယ်
ကောင်းတဲ့အချက်က အခု ကျုပ်တို့ရှေ့မှာ တိုက်ခိုက်နေတဲ့အခြားအဖွဲ့ တစ်ဖွဲ့မှ မရှိပဲ..မင်းတို့သဘောပေါက်ကြ
မှာပါ"

လုံချန်သည် နောက်ဆုံးတွင် အေးဆေးတည်ငြိမ်သွားပြီး ပြုံးလိုက်သည်ကို မြင်လျှင် လူတိုင်း၏ စိတ်လှုပ်ရှားမှု
များက တစ်ဖန် ပြန်လည် ဖြစ်ပေါ်လကြပြန်၏။

"မင်းတို့တစ်တွေ ဒီကိုလာပြီ အကောင်းအတိုင်းရှိနေသေးတဲ့ ဒီခေါင်းတွေကိုဖြတ်လိုက် ဒါက အလကားရမယ့်အမှတ်
တွေပဲ"

ရုတ်တရက် လုံချန်သည် လူကြမ်းလေးဘက်သို့လှည့်သည်။

"လူကြမ်းလေး မင်းရဲ့တိုက်ခိုက်မှုကို နည်းနည်းလောက် လျှော့လို့မရဘူးလား... မင်းရဲ့ဆူးလုံးကြီးနဲ့ တစ်ချက်ရိုက်ရင်
အမှတ် 200000 လောက်အလကား ဖြစ်ဖြစ်နေတယ်"

ထိုစကားကို ကြားလျှင် လူတိုင်းသည် နှမြောသတ ဖြစ်ကြရလေ၏။

"အဲ့ဒိကောင်က ကျုပ်ကိုစိုက်ကြည့်နေတာကိုး"

"ကောင်းပြီ... နောက်ဆိုရင်တော့ မင်းရဲ့ ခွန်အားကို ကျုပ်တို့ အာရုံစိုက်မှ ဖြစ်တော့မယ်...ပြီးတော့ ..
အဆင့်မြင့် သိုင်းသမားတစ်ယောက်ယောက်နဲ့ တိုးခဲ့လို့ရှိရင် အဲ့ဒိသိုင်းသမားရဲ့ အောက်ပိုင်းကိုပဲ
တိုက်ခိုက်... ခေါင်းကိုတော့ ချန်ထားရမယ် ကြားလား" သူ မသက်သာစွာသက်ပြင်းချမိသည်။

လူကြမ်းလေး၏ မှတ်ဥာဏ်သည် သိပ်မကောင်းဟု သူက သိသော်လည်း ဤသို့ပြောထားခြင်းသည် လုံးလုံးမပြော
ခြင်းထက်တော့ပို၍ ကောင်းပေသည်။

"ဒီနေရာနဲ့ အနီးဆုံးမှာ မြို့တစ်မြို့လောက် ရှိလား" စစ်သည်၊ရဲမက် တို့ကို သူမေးလိုက်ပါ၏။

"လျှောက်တင်ပါတယ် အရှင်သခင်...တောင်ဘက် မိုင် လေးရာအကွာမှာ နန်းလီ မြို့ရှိပါတယ် အဲ့ဒီမြို့ဟာ
ကျုပ်တို့မြို့ထက် ဆယ်ဆလောက် ကြီးပါတယ်...အဲ့ဒိမြို့လည်း အတိုက်ခံနေရပြီလား အတိုက်မခံရဘူးလား
ဆိုတာတော့ ကျွန်တော်မျိုးလည်းမသိရပါဘူး" စစ်သည်များထဲမှ တစ်ယောက်သည် ရိုသေစွာဖြင့် လျှောက်
တင်သည်။

လုံချန်သည် ခေါင်းတဆတ်ဆတ်ငြိမ့်၍ စစ်သည်တို့ကို လက်မထောင်ပြလိုက်သည်။

"မင်းတို့မြို့ထဲက လူတွေကို ကာကွယ်ဖို့အတွက် မင်းတို့ရဲ့ အသက်တွေကို အသေခံခဲ့တယ်
...မင်းတို့ဟာ တစ်ကယ့်သူရဲကောင်းတွေပဲ"

ထို့နောက်လုံချန်သည် အဖွဲ့ကို ဦးဆောင်၍ တောင်ဘက်သို့ အပြင်းသွားသည်။သူတို့၏တာ၀န်သည် သူတို့
နယ်မြေများအတွင်းကို ကျူးကျော်၀င်ရောက်လာသည့် ရှေ့ပြေးအောက်လမ်းသိုင်းသမား အဖွဲ့များကို
သုတ်သင်ရန်ဖြစ်သည်။ဒေသခံများ၏ အသက်ဆုံးရှုံးမှုကို သူတို့တတ်နိုင်သမျှ အနည်းဆုံးထိ ရောက်
အောင် လျှော့ချရမည်။

ဤရှေ့ပြေး တပ်ဖွဲ့များမှာ အောက်လမ်းသိုင်းဂိုဏ်းများ၏ အဓိက တပည့်များမဟုတ်ပဲ ဒုတိယတန်းစား
ဂိုဏ်း၀င်များ မျှသာဖြစ်သည်။အဓိက တပ်ဖွဲ့ကြီးမှာ သူတို့၏ နောက်၌ ရှိသည်။
ထိုရှေ့ပြေးအဖွဲ့များသည် ရှေ့တန်း မျက်နှာစာ ဖြင့်နီးနီးစပ်စပ် ရှိနေသည်။တိုက်ခိုက်ရန်
အမိန့်ပေးခြင်းကို ခံရပြီးနောက် ၎င်းတို့သည် ပမဆုံး သတ်ဖြတ်မှုများကို စတင်လုပ်ဆောင်တော့သည်။

၎င်းတို့မှာ သာမာန် ဒေသခံများအတွက် ဝံပုလွေအုပ်ပမာဖြစ်နေသည်။သူတို့သည် သူတို့၏ လက်နက်
များကိုသွေးတိုက်ရန် နှင့် သူတို့၏ နာမ်ဝိညာဉ်များကို သန်စွမ်းစေရန်အတွက်လည်းကောင်း
သိုင်းပညာများ တိုးတစ်စေရန် အတွက်လည်းကောင်း လူအများအပြားကို ရူးသွပ်စွာသတ်ဖြတ်
ခဲ့ကြလေ၏။

တောင်ဘက်သို့ ဦးတည်၍ အပြင်းလာခဲ့ရာတွင် လွန်စွာကြီးမားသည့် မြို့ကြီးတစ်မြို့ကို ခပ်လှမ်းလှမ်းမှ
နေ၍ သူတို့တွေ့ကြရတော့သည်။

"သေစမ်း အောက်လမ်းသိုင်းသမားတွေ မြို့ထဲရောက်တော့မယ်"

လူတိုင်း စိုးရိမ်မိကြ၏။အကယ်၍ သူတို့မြို့ထဲ၀င်သွားလျှင် စစ်သည်ရဲမက်ပေါင်းများစွာနှင့် ပြည်သူပေါင်း
များစွာ သေကြေ၊ပျက်ဆီးရတော့မည်ဖြစ်၏။ထိုမြို့သို့ မြန်နိုင်သမျှမြန်အောင် ရောက်စေရန် မျှော်လင့်
လျှက် သူတို့သည် ခြေလှမ်းများကို အရှိန်တင်လိုက်ကြပါသည်။သို့သော် ရုတ်ချည်း လုံချန်၏ မျက်လုံး
များ သည် မှေးကျဉ်းသွားခဲ့ရပါ၏။

မြို့၏ ကင်းမျှော်စင်ထက်တွင် ခေါင်းစွပ်ပါသည့် ၀တ်ရုံကို၀တ်ဆင်ထားသည့် လူတစ်ယောက်ရှိကာ သူ၏
လက်ထဲတွင် ရှေးကျဟန်ရှိ၍ အရောင်စုံလင်သော လေးတစ်လက်ကိုကိုင်ထားသည်။သူသည် ထိုအောက်
လမ်းသိုင်းသမားများ မြို့ထဲ ၀င်တော့မည် မြင်လျှင် ညာဘက်လက်ဖြင့် လေးကြိုးကို ခပ်သာသာဆွဲ၍
ကြိုးတင်လိုက်၏။လေးပေါ်၌ ရွှေရောင်မြားတစ်ချောင်း ရောက်လာ၏။

"တိမ်ဖောက်မြား"

အေးစက်စက် ကြုံးဝါးသံ ထွက်ပေါ်လာပါသည်။ထိုအသံသည် သိပ်မကျယ်လှသည့်တိုင် အဘယ့်ကြောင့်
ရယ် မသိ မိုင်တစ်ရာ ကျော်မှ ရောက်နေသူများပင် ထိုအသံကို ကြားနိုင်ကြပါ၏။ရွှေရောင်တောက်နေသည့်
မြားကား လေးထံမှ ရွှေရောင်လျှပ်တန့် တစ်ခုအလား ရွှီးကနဲ ပြေးထွက်ကာ အောက်လမ်းသိုင်းသမားများထံ
ပြေး၀င်သွားလေ၏။

MK AUNG

.....

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(240)မော်နီယန်

ရွှေရောင်မြားတစ်စင်းသည် ရွှီးကနဲမြည်သံဖြင့် လေးမှထွက်လာသည်။ဗလာနယ်သည် တဖြတ်ဖြတ်တုန်ခါ
ကာ ကြယ်တစ်ပွင့်ကြွေကျသကဲ့သို့ အောက်လမ်းသိုင်းသမားများထံ ပြေး၀င်သွား၏။မူလတွင် မြားသည် ပုံ
မှန်မြားတစ်စင်းအဖြစ်သာရှိ၏။သို့သော် လေးညှို့မှ ထွက်သည်နှင့် မူလထက်အရွယ်အစား ကြီးမားလာကာ
မြား၏ အော်ရာကလည်း လွန်စွာကြောက်မက်ဖွယ်ကောင်းလာပါသည်။

အောက်လမ်းသိုင်းသမားများနှင့် မီတာ သုံးဆယ်ခန့်အကွာသို့ရောက်သည်နှင့် မြားသည် မီတာသုံးဆယ်ခန့်
တိုင်အောင်ကြီးလာခဲ့ပါ၏။

အုန်း.....

မိုးအောက်မြေပြင် တစ်ခွင် သိမ့်သိမ့်တုန်သွားသည်ဟု ထင်ရလေ၏။ကြောက်မက်ဖွယ်ရာ စွမ်းအင်ကြီးတစ်ရပ်
သည် အရပ်လေးမျက်နှာသို့ ပြန့်ကား၍ ထွက်လာသည်။မြေပြင်၌ လွန်စွာကြီးမားသည့် စွပ်ကြောင်း ကြီးတစ်
ခုပေါ်လာ၏။မည်မျှကြီးမားသနည်းဟူသော် အောက်ခြေကိုပင် မမြင်နိုင်ပေ။ထိုမြားဖြင့် တိုက်ရိုက်ထိမှန်ခြင်းခံရသူများသည် ပေါက်ကွဲ၍ သေကုန်ကြ၏။

သွေးများသည် လေထုထဲသို့ ဖြန်းကနဲ ပြန့်ကျဲကုန်ကြပါသည်။ထိုမြားတစ်ချောင်းဖြစ်ပင် စုစုပေါင်းထောင်ဂ
ဏန်းခန့်ရှိသည့် အောက်လမ်းသိုင်းသမားများ၏ ထက်၀က်ခန့်မှာ သေကုန်ကြလေသည်။ကံကောင်းထောက်
မ၍ အသက်ဘေးမှလွတ်မြောက်လာသူ အချို့သည် မြားအရှိန်ကြောင့် လွင့်စင်ကာ သွေးများဝေါ့ကနဲ ထိုး
အန်ကြကုန်သည်။

ထိုမြားကား မြေကမ္ဘာပင် တသိမ့်သိမ့်တုန်သွားသည်ထိ အစွမ်းထက်လှသည်။အံ့အားသင့်စရာအကောင်းဆုံး
အချက်သည် ထိုမြား၌ စိတ်စွမ်းအင် တစ်မျိုးပေါင်းစပ်ပါ၀င်နေခြင်းဖြစ်သည်။

"ကြောက်စရာအတော်ကောင်းတာပဲ" ဆောင်မင်းယွမ်နှင့်အဖွဲ့သည် ကြက်သေသေ နေမိကြသည်။
ထိုနေရာ၌ အောက်လမ်းသိုင်းသမား တစ်ထောင်ခန့်ရှိနေသည်။ထိုအရေအတွက်သည် ရွှမ်ရှင်း၏
တပည့်ညများအရေအတွက်ထက် မည်သို့မျှ မနည်းပါချေ။

ထို့ပြင် အောက်လမ်း အန္တေဝါသိက တပည့်ရှစ်ဦးလည်းရှိရာ ထိုမြားချက်နှင့်ပင် ရှစ်ယောက်အနက်မှ ခုနစ်
ယောက်သည် သေဆုံးသွားခဲ့ပါ၏။ယင်းသည် အံ့ဖွယ်သရဲဖြစ်နေသည်။ထိုရှစ်ယောက်ထဲမှ တစ်ယောက်
မှာမူ နောက်သို့ အလျှင်အမြန်ဆုတ်ကာ ထူးဆန်းသော စေတီပုံသဏ္ဍန် ဒိုင်းကြီးတစ်ခုဖြင့် ထိုမြားကို ကာကွယ်
ထားလိုက်ခြင်းဖြစ်သည်။သို့သော် စေတီဒိုင်းကား ထိုတိုက်ခိုက်မှုတွင် ရုတ်ချည်း ပေါက်ကွဲထွက်သွားလေ၏။

အခြားသော အန္တေဝါသိက တပည့်များ အကုန်လုံးသည် သေဆုံးကုန်ကြ၏။မြားကျရောက်ခဲ့သည့် ဧရိယာ
အတွင်း၌ မရှိသော တပည့်များထဲမှ လေးရာခန့်သာ ကံကောင်း၍ အသက်ရှင်ကြရသည်။ူသို့သော် ဒဏ်ရာတော့
အကြီးအကျယ်ရသွားကြသည်။

သူတို့အနေနှင့် ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲပေါင်းများစွာကို ကြုံခဲ့ရဖူးပါ၏။သို့သော်ထိုမျှ ကြောက်မက်ဖွယ်
ကောင်းသည့် မြင်ကွင်းကိုမူ တစ်ကြိမ်မျှ မြင်ခဲ့ဖူးခြင်းမရှိပါချေ။လုံချန်၏ ရင်များသည် တစ်ဒုန်းဒုန်းဖြင့် ခုန်နေသည်။
သူသည် လွန်စွာ အစွမ်းထက်သည့်ထိုမြားကို အံ့အားသင့်ခြင်းမဟုတ်ပဲ မြား၌ ပေါင်းစပ်ပါ၀င်နေသည့် ကြောက်မက်
ဖွယ် စိတ်စွမ်းအားကို အံ့အားသင့်မိခြင်းဖြစ်လေသည်။စိတ်စွမ်းအားဖြင့် ပေါင်းစပ်၍ ပစ်ခတ်တိုက်ခိုက်ခြင်းကို သူသည်
ယခုမှပင် ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းဖြစ်သည်။

ယခုနေရာတွင် ရှိနေသူများထဲမှ သူတစ်ယောက်သာ ထိုစိတ်စွမ်းအား ကို အာရုံခံနိုင်ခြင်းဖြစ်၏။ယင်းသို့အာရုံခံ၍ ရခြင်းမှာ
သူသည်လည်း ထိုသို့ စိတ်စွမ်းအားဖြင့် ပေါင်းစပ်တိုက်ခိုက်နိုင်သောကြောင့်ဖြစ်ပါသည်။သူတို့နှစ်ယောက်၏ စိတ်စွမ်းအား
ခြင်းသည် ထပ်တူမကျသော်လည်း တူညီသည့်တစ်ချက်ကားရှိလေသည်။ထိုအရာမှာ နှစ်ယောက်စလုံး၏ စိတ်၌ မိမိကိုယ်ကို
တုမရှိဟူသည့် ဆန္ဒ မျိုးပါနေခြင်းဖြစ်သည်။

ထိုသို့သော စိတ်စွမ်းအင်ရှေ့မှောက်၀ယ် ရန်သူများသည် မြားတစ်စင်းကိုပင် မခံနိုင်ဖြစ်ကြရသည်။သေသွားကြသည့်
အောက်လမ်းသိုင်းသမား အန္တေဝါသိက တပည့်တို့မှာ ထိုစိတ်စွမ်းအင်အောက်၌ ကျရှုံးသွားရခြင်းဖြစ်၏။ထိုစိတ်စွမ်း
အင်သည် စက္ကန့်ပိုင်းမျှသာ ဖြစ်ပေါ်ခဲ့သော်ငြား လုံလောက်သည့် အချိန် အပိုင်းအခြား ဖြစ်ခဲ့ပါ၏။

"ပြေး"

အောက်လမ်းသိုင်းသမားများထဲမှ မည်သူသည် ထိုသို့ အော်ဟစ်လိုက်သည်မသိ၊အောက်လမ်းသိုင်းသမားများသည်
အသက်ဘေးအတွက် ထွက်ပြေးကြတော့သည်။

"ဒီကောင်တွေကို လွှတ်ပေးလို့ မဖြစ်ဘူး ကျုပ်တို့ တိုက်ကြရအောင်"

အောက်လမ်းသိုင်းသမားများ ရှုံးနိမ့်သွားသည်ကိုမြင်လျှင် ရွှမ်ရှင်း၏ တပည့်များမှာ ထိုအခွင့်ကောင်းကို လက်လွှတ်မခံ
လိုကြချေ။

"မလိုဘူး" လုံချန် ခေါင်းယမ်းလိုက်ခြင်းကြောင့် လူတိုင်း တန့်ကနဲရပ်သွားသည်။

သူတို့ကို လုံချန် တားဆီးလိုက်ချိန်မှာပင် ကင်းမျှော်စင်ထက်မှ လူသည် အေးစက်စက် အပြုံးဖြင့်ပြုံးလာ၏။

သူသည်လေးကို ခပ်ဖြေးဖြေးမြောက်ကာ လေးကြိုးကို ဆွဲတင်လိုက်သည်။ထိုအချိန်တွင် လုံချန်သည် ထိုသူ၏ လှုပ်
ရှားမှုများကိုအာရုံစိုက်လျှက်ရှိရာ ထိုသူလေးကြိုးတင်လိုက်သည်နှင့် အလွန်များပြားသော ရုန်းအမှတ်အသားများ
လေး၏ ထိပ်တွင် ဖြစ်ပေါ်လာသည်ကိုမြင်နေရသည်။ထိုစဉ် ရုတ်ချည်း ပတ်၀န်းကျင်မှ ယင်၊ယန်စွမ်းအင်တို့ကို
တရကြမ်း စုပ်ယူလျှက် မြားတစ်စင်းသည် လေး၌ ဖွဲ့စည်းဖြစ်ပေါ်လာသည်။

"ကြောက်စရာကောင်းလိုက်တဲ့ လက်နက်ပါလား ဒီလက်နက်က ယင်၊ယန် စွမ်းအင်တွေကို စုပ်ယူပြီး ၀ထ္ထုတစ်ခုအဖြစ်
ပြန်လည် ဖွဲ့စည်းသွားပါလား" ရယ်လို့ လုံချန် အံ့သြတကြီးရေရွတ်မိပါ၏။

"မြားတစ်ထောင်"

ထောင်းကနဲ အသံဖြင့်လေးညှို့မှ ပြေးထွက်လာသည့် မြားတစ်စင်း....

သို့သော် ထိုမြားသည် လေထဲတွင် ရောင်ခြည်တစ်ထောင်အဖြစ်ခွဲဖြာ၍ သူတို့၏ အံ့အားသင့်လျှက်ရှိသည့်အကြည့်များအောက်
တွင် အောက်လမ်းသိုင်းသမားများအား လမ်းဘေးမှ မြက်များကို ဓားဖြင့် ပိုင်းချသကဲ့သို့ ပိုင်းချသွားလေတော့သည်။အသက်ရှင်
ကျန်ရစ်သည့် အောက်လမ်းသိုင်းသမား အန္တေဝါသိက တပည့်တစ်ဦးသာလျှင် မြင့်မားသည့်သိုင်းပညာ ကြောင့် ထိုမြားကို ကာကွယ်
နိုင်ခဲ့သည်။

သူသည် လက်ထဲမှ ဓားကို မြှောက်လျှင် ကောင်းကင်ထက်၌ ဓားအရိပ်များ ဖြတ်ကနဲ ဖြတ်ကနဲ ပေါ်လာ၍ ထို အလင်းမြား တို့ကို
ပိုင်းချလိုက်သည်။သို့သော် ယခင်တိုက်ခိုက်မှုနှင့် ယခုတိုက်ခိုက်မှုတို့ကြောင့် သူ၏ ခန္ဓာကိုယ်သည် မဟန်နိုင်တော့ချေ။ထိုမြားကို
တားဆီးရခြင်းသည် သူ့အား သွေးတစ်ပွက်ကို ဝေါ့ကနဲ ထိုးအန်သွားစေသည်။

ကြောက်စရာအကောင်းဆုံးသည် ထိုတိုက်ခိုက်မှု နှစ်ခုအပြီးတွင် သူ့၏ သတ္တိများ လုံးလုံး ပျောက်ကွယ်သွားရခြင်းဖြစ်သည်။
သူတွေးမိသည်မှာ ပြေးဖို့သာ ဖြစ်၏။လျှက်တပြက်အတွင်း၌ အောက်လမ်းသိုင်းသမား တစ်ထောင်ကျော်ခန့်သေဆုံးသွား
ခဲ့ရာ ထိုအန္တေဝါသိက တပည့်တစ်ဦးသာလျှင် ကျန်ရစ်ခဲ့ပြီး သူသည် ထွက်ပြေးလေတော့သည်။

ထိုအန္တေဝါသိက တပည့် ထွက်ပြေးသွားသည်ကိုမြင်သည်တွင် ကင်းမျှော်စင်ထက်မှလူသည် အနည်းငယ်ပြုံး၍ လေးကြိုးကို တင်းကနဲ
ဆွဲလိုက်၏။ထန် ကနဲ ခပ်တိုးတိုးအသံ ထွက်လာသည်။အဘယ့်ကြောင့်မှန်းမသိ ထိုခပ်တိုးတိုးအသံလေးသည် လူတိုင်း၏ ရင်ကို
တစ်ဒုန်းဒုန်း ခုန်လာစေသည်။ထွက်ပြေးလျှက်ရှိသည့် ထို တပည့်သည် တောင့်ကနဲ ဖြစ်သွားကာ လုံး၀ လှုပ်၍ မရတော့ပေ။

ထို့နောက်တွင် သွေးများ ဝေါ့ကနဲ အန်ရာ သွေးထဲ၌ ကလီစာများ ပါလာသည်။ပြီးလျှင် သူသည် မြေပြင်ထက်သို့ ဘိုင်းကနဲ
ပစ်လဲ ကျသွားတော့သည်။သူမျက်၀န်းများတွင်မူ လွန်စွာထိတ်လန့်ဟန်တို့ဖြင့် ပြည့်နှက်လျှက်ရှိသည်။

"လေးသံကြားတာနဲ့ ငှက်တွေ ကြောက်ကြတယ်"

ရွှမ်ရှင်းမှ တပည့်များအားလုံးလိုလိုသည် ထိုစာပိုဒ်လေးကို တစ်ပြိုင်တည်းလိုလိုတွေးမိကြသည်။သူတို့ရှေ့မှ မြင်ကွင်းကား ပုံပြင်များထဲ
ကအတိုင်းဖြစ်နေသည်။လုံချန် သက်ပြင်းတစ်ချက်ရှိုက်၏။ဤလူသည် လွန်စွာအသိခက်လှသူတစ်ဦးဖြစ်လေသည်။သူ၏ သိုင်းပညာသည်
သာအဆင့်မြင့်သည်မဟုတ်ပဲ ဥာဏ်ပညာကလည်း အံ့သြလောက်ဖွယ်ဖြစ်သည်။

ထိုတိုက်ခိုက်မှု နှစ်ခုကြောင့် အန္တေဝါသိက တပည့်၏ ယုံကြည်ချက်ကို ပျက်ယွင်းသွားစေသည်။ထိုသူ၏ သိုင်းပညာနှင့် ဥာဏ်ပညာသည်
မည်မျှအဆင့်မြင့်သည်ဆိုခြင်းအား ပြောစရာပင်မလိုချေ။ထိုသူက မြားကို ထား၍ သူ့အားလှည့်ကြည့်လာသည်။လုံချန်နှင့် အကြည့်
ခြင်း ဆုံလျှင် သူသည် အနည်းငယ် အံ့အားသင့်သွားသကဲ့သို့ရှိ၏။

လုံချန်သည် သူ့၏ မျက်လုံးထဲသို့စိုက်ကြည့်လျှက်ရှိသည်။မျက်လုံးခြင်းဆုံလျှင် သူ၏ သွေးများသည် ဆူဝေလာသကဲ့သို့
ခံစားရသည်။တိုက်ခိုက်လိုစိတ်များ ပြင်းပြစွာ ဖြစ်ပေါ်လာခဲ့သည် မို့ လုံချန်သည် အကြည့်ကိုလွှဲ၍ စိတ်ကို ပြန်လည် ဖိနှိပ်
ပစ်ရလေသည်။ကြောက်မက်ဖွယ်ကောင်းသည့် ထိုသူနှင့် သူသည် ယခုပင် သွားရောက်တိုက်ခိုက်ချင်နေမိသည်။၎င်းသည်
ထူးခြားသည့် ခံစားချက်တစ်မျိုးဖြစ်၏။

ထိုသူလည်း သူကဲ့သို့ ခံစားရပုံပေါ်သည်။သူ၏ ၀တ်ရုံသည် လေမတိုက်ပဲလျှက် တစ်ဖြတ်ဖြတ်လွင့်လျှက်ရှိသည်။
သူသည် သူ၏ အော်ရာများကို လျှင်မြန်စွာ သိုဝှက်လျှက် ခေါင်းစွပ်ကို လှန်လိုက်သည်တွင် ချောမောသည့် ရုပ်သွင်
က ပေါ်ပေါက်လာ၏။သူ၏ အကြည့်တို့သည် တစ်လက်လက်တောက်ပလျှက်ရှိကာ ဓားနှစ်စင်းကဲ့သို့ ဖြစ်နေသည့်
မျက်ခုံးတို့မှာ ဖြောင့်တန်း၍ နေပါ၏။သို့သော် ပါးရိုးအကျအနကို ကြည့်လျှင် အသက်ငယ်သေးကြောင်းသိရသည်။

သူသည် ကောင်းကင်ထက်သို့ လေးဆယ့်ငါးဒီဂရီ စောင်း၍ ကြည့်လျှက် အထီးကျန် ဟန်ဖြင့် ပြောလေ၏။

"နှစ်ပေါင်းအတော်ကြာခဲ့ပြီ ကျုပ်ရဲ့မြားတွေဟာ မိုးမြေတစ်ခွင်ကို တုန်လှုပ်စေခဲ့တယ်... ဘုံကိုးခု...ဋ္ဌာနကြီးဆယ်ဋ္ဌာန
နဲ့ စကြာ၀ဠာ ကြီးဟာ ကျုပ်ဘေးမှာပဲ ဖြစ်ပျက်ပြောင်းလည်းနေလိမ့်မယ်.. ကျုပ် မော်နီယန် တစ်ယောက်ပဲ
အလွန် ထင်ရှားကျော်စော်လိမ့်မယ်"

ထိုသူ၏ အသံသည် လွန်စွာကြောက်မက်ဖွယ်ကောင်း၏။သြဇာ ဓာတ်တစ်မျိုးလည်းပါ၏။ကြားရသူအပေါင်းအားကြက်
သီးဖြန်းဖြန်းထစေ၏။ထို့နောက်တွင် သူသည် ကင်းမျှော်စင်ထက်မှ ခုန်ဆင်း၍ လျှောက်သွားခဲ့ရာ မြေကြော ရှုံ့လိုက်သည့်
အလား ခြေတစ်လှမ်း နှစ်လှမ်းအတွင်း၌ မိုင်းပေါင်းများစွာအကွာအဝေးသို့ ရောက်သွားကြောင်း အံ့အားသင့်ဖွယ်တွေ့ကြ
ရလေ၏။

"အတော်မောက်မာတဲ့သူပဲ... ဒါပေမယ့် သူ့အစွမ်းနဲ့ဆိုရင်လည်း မောက်မာထိုက်ပါတယ် အတော်လည်းကြောက်ဖို့ကောင်း
တဲ့သူ" ထိုသူထွက်သွားသည့် ဘက်သို့ ကုယင်သည် ကြည့်လျှက်ရှိသေးသည်။သူသည် လွန်စွာ အံ့အားသင့်လျှက်ပင်ရှိသေး
လေ၏။လူတစ်ယောက်၊လေးတစ်လက်နှင့် အောက်လမ်းသိုင်းသမား တစ်ထောင်ခန့် သေသွားကြရသည်။

ရက်စက်၊ကြမ်းကြုတ်လှပါသည် ဆိုသော အောက်လမ်းသိုင်းသမားများကား ထိုလူ့လက်၀ယ် ကြက်ကလေး ၊ငှက်ကလေး
များကဲ့သို့ သေပွဲ၀င်ခဲ့ရခြင်းဖြစ်ပါ၏။

"အဲ့ဒိလူကဘယ်သူလည်း ဟင်.. လုံချန်" ထန်၀မ်အာ မေးလေသည်။ထိုသူမထွက်သွားမီတွင် လုံချန်ကို သေသေချာချာကြည့်
သွားသည်ကို သူတို့ အားလုံးမြင်ခဲ့ရသည်။အဘယ့်ကြောင့် ထိုသို့ကြည့်သွားသနည်းဆိုသည်ကိုမူ သူတို့မသိချေ။
လုံချန် ခေါင်းယမ်းလိုက်သည်။သူသည်လည်း အံ့အားသင့်မိနေပါသည်။အဘယ့်ကြောင့်မှန်းမသိ၊ထိုသူကို သူသိနေသလို ခံစား
မိလေသည်။ထိုသူသည်လည်း သူကဲ့သို့ပင် ခံစားရကောင်း ခံစားရပေလိမ့်မည်။

"သူ ဘယ်သူပဲဖြစ်ဖြစ် ကိစ္စမရှိဘူး အနည်းဆုံးတော့ သူဟာ ကျုပ်တို့ရဲ့ရန်သူမဟုတ်ဘူး" အံ့အားသင့်မှုကို သိုဝှက်လျှက်
သူ အနည်းငယ်ပြုံးလိုက်ပါ၏။

လူတိုင်းသည် ပျော်ရွှင်စွာဖြင့် ခေါင်းကိုယ်စီငြိမ့်ကြသည်။ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် သူသာ သူတို့၏ ရန်သူဖြစ်
လျှင် သူတို့အတွက်မဟာ အိပ်မက်ဆိုးကြီးတစ်ခုဖြစ်ပေလိမ့်မည်။

"သူဟာ ဘယ်ဂိုဏ်းကလည်းဆိုတာကိုတောင်ကျုပ်တို့မသိဘူး သူ့ရဲ့သိုင်းပညာအဆင့်က ကျုပ်တို့နဲ့မကွာလှပေမယ့်
သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက သိပ်ကို ကြောက်ဖို့ကောင်းတယ်"

အစောပိုင်းတိုက်ခိုက်မှု၌ ထိုသူသည် သူ၏ အော်ရာတစ်ချို့ကို ထုတ်လွှတ်ခဲ့ရာ ကျင်ကျီကနဦးပိုင်းအဆင့်တွင်
ရှိသေးမှန်းသိကြရသည်။ထိုအဆင့်သည် လူတိုင်း၏ သိုင်းပညာအဆင့်နှင့်အတူတူဖြစ်လေ၏။သို့သော် သူ၏
ခွန်အားသည် လွန်စွာကြောက်မက်ဖွယ်ကောင်းနေရာ သူတို့အဖို့ ကြက်သီးဖြန်းဖြန်း ထမိကြရသည်။

"ကဲ..ဒီအကြောင်းသိပ်မတွေးကြနဲ့ မင်းတို့တစ်တွေ ဒီခေါင်းတွေကိုလာယူကြ .. ဒီလူကြောင့် ကျုပ်တို့အချီကြီးပွတာပဲ"

လုံချန်သည် ပြုံး၍ ပြောလိုက်သည်။

မော်နီယန်ဟု ခေါ်သည့်လူကား ကြောက်စရာကောင်းသကဲ့သို့ ထူးလည်း ထူးဆန်လေသည်။ဆူဝေနေသည့်သွေးများ
ကို လုံချန်သည် ရပ်တန့်နိုင်စွမ်းမရှိတော့ချေ။အဆင့်တူခြင်း၌ သူ့အား ယှဉ်ပြိုင်တိုက်ခိုက်နိုင်သောသူတစ်ယောက်ကို
သူသည် တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။သို့သော် မော်နီယန်ကို တွေ့သည်နှင့် မျှော်လင့်ချက်ဖြင့် သူ၏ သွေးများပွက်ပွက်
ဆူလာရပါ၏။သူကဲ့သို့ လူတစ်ယောက်ရှိသေးလျှင် အနာဂါတ်တွင် သူ့အတွက် ပျင်းစရာကောင်းလိမ့်မည်မဟုတ်တော့။
စစ်မြေပြင်ကို သူတို့ လျှင်မြန်စွာရှင်းလင်းလိုက်ကြသည်။

လူ 700 ကျော်၏ ဦးခေါင်းများကို သူတို့တွေ့ကြရာ ထိုအထဲက သုံးယောက်မှာ အန္တေဝါသိက တပည့်များဖြစ်နေသည်။
လုံချန်သည် မြေပုံကို အသေ၊အချာ စူးစမ်းကြည့်ရှုလျှက်ရှိလေသည်။ဤနေရာသည် နန်းလီမြို့ဟု ခေါ်တွင်ပြီး ၎င်းတို့
ကာကွယ်ပေးရမည့် ဧရိယာအတွင်းပါလေသည်။၎င်းတို့၏ အဓိက တာ၀န်မှာ မြို့သားတို့ကို ကာကွယ်ပေးရန်ဖြစ်သည်။

"မင်းတို့တစ်တွေ မြို့သားတွေကို မြို့က ဆုတ်နိုင်အောင် ကူညီပေးလိုက်ကြ" ဤကျူးကျော်၀င်ရောက်ခဲ့သော ထောင်ချီသည့်
အောက်လမ်းသိုင်းသမားအဖွဲ့ကား ပဏမ အဖွဲ့မျှသာဖြစ်လေရာ နောက်ထပ် အောက်လမ်းသိုင်းသမားများ ထပ်၍
ရောက်မလာမီ မြို့သားများ မြို့မှ အချိန်မီ ဆုတ်ခွာရန်လိုအပ်လေသည်။

မြို့သားများသည် မြို့မှ တစ်ဖြေးဖြေး ထွက်ခွာလျှက်ရှိစဉ် လုံချန်၏ ခါး၌ ချိတ်ထားသော ကျောက်စိမ်းပြားသည် ရုတ်ချည်းပူ
နွေးလာလေသည်။ထိုကျောက်စိမ်းပြားကို သူသည် ခပ်မြန်မြန်လေး ထုတ်ကြည့်ခိုက် ကျောက်စိမ်းပြား၌ တွေ့ရသော
အကြောင်းအရာ တစ်ရပ်ကြောင့် မျက်နှာကွက်ကနဲ ပျက်သွားရပါ၏။

MK AUNG

Continue Reading

You'll Also Like

195K 2.3K 72
ဖအေကနေ သားကိုသွားထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ် ဖေအက သားကိုသြားထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ်
168K 4.9K 96
After the death of Gwen Stacy, Peter hadn't had the courage to become a hero again. Meanwhile, the Justice League were looking for a more experience...
131K 3.6K 200
Author: Banshenghuan/半生欢 Category: Tanmei Novels Status: 469 chapter (Ongoing) (The end of the world + no heroine + strong) Book 1 Introducing: In t...
17K 743 29
In this story A boy named The same as the protagonist's name in his previous life a Boy named Satoru Mikami is and ordinarily Otaku High schooler H...