26 - 30

210 14 0
                                    

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၂၆)ကြောက်စရာကောင်းတဲ့လူကြမ်းလေး

"လူကြမ်းလေး မင်းအခုဘာဖြစ်နေတာလည်း ဘာ့ကြောင့်မင်စွမ်းအားတွေရုတ်တရက်ကြောက်စရာ
ကောင်းလောက်အောင်ကောင်းလာတာလည်း"

အိမ်ရောက်ရောက်ချင်းလူကြမ်းလေးကိုလုံချန်မေးတော့တယ်။စားသောက်ဆိုင်မှာရှိနေတုန်းကလူကြမ်း
လေးပုံစံကိုကြည့်ပြီးလုံချန်တောင်ကြောက်သွားတယ်။

"ကျုပ်မသိဘူး အဲ့ဒိလူ အကိုလုံကိုရိုက်တော့မယ့်လုပ်တော့ ကျုပ်ခေါင်းတွေတစ်ဇီဇီမြည်လာပြီး ခန္ဓာကိုယ်
တစ်ခုလုံးပူလာတယ် ကျုပ်ခန္ဓာကိုယ်ထဲကနေမကုန်ခမ်းနိုင်တဲ့စွမ်းအားတွေထွက်လာသလိုမျိုးပဲ"

မသေချာဟန်နဲ့လူကြမ်းလေးပြောပါတယ်။လုံချန် သူ့ရဲ့လက်တစ်ဖက်ကို လူကြမ်းလေးရဲ့ပုခုံးပေါ်တင်
လိုက်ပြီး စိတ်စွမ်းအင်တွေပိုလွှတ်ကြည့်လိုက်တယ်။စိတ်စွမ်းအင်တွေ လူကြမ်းလေးခန္ဓာကိုယ်ထဲကို
စီး၀င်သွားတာနဲ့ အတော်အံ့သြစရာကောင်းတဲ့အခြေအနေတစ်ခုကိုလုံချန်တုန်လှုပ်စွာသတိထားမိ
လိုက်တယ်။

လူကြမ်းလေးရဲ့ခန္ဓာကိုယ်ဟာမည့်သို့သောလူတစ်ဦးတစ်ယောက်ရဲ့ခန္ဓာကိုယ်နဲ့မှမတူတာကိုလုံချန်သတိ
ထားမိသွားတယ်။လူအများစုမှာဆိုရင် ၄င်းတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ချီစီးဆင်းရာလမ်းကြောင်းတွေဟာ
တစ်ခုနဲ့တစ်ခု ရှုပ်ထွေးစွာနဲ့ရှိနေတတ်ပေမယ့် လူကြမ်းလေးခန္ဓာကိုယ်ထဲကချီစီးဆင်းရာလမ်းကြောင်း
ကတော့ လမ်းကြောင်းလေးကြောင်းသာရှိနေတယ်။ထိုလမ်းကြောင်းလေးကြောင်းဟာ လူကြမ်းလေးရဲ့
ခြေနှစ်ဖက်၊လက်နှစ်ဖက်နဲ့ချိတ်ဆက်နေကြတယ်။

ဒီလိုခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုးကိုလုံချန်အခုမှမြင်ဖူးတာပါ။ထို့အပြင် ပိုအံ့သြဖို့ကောင်းတာက ထိုချီစီးဆင်းရာ
လမ်းကြောင်းတွေတင်မဟုတ်ပဲ လူကြမ်းလေးရဲ့ခန္ဓာကိုယ်လည်းဖြစ်နေပါသေးတယ်။လူကြမ်းလေး ခန္ဓာ
ကိုယ်အတွင်းပိုင်းမှာရှိတဲ့ဆဲလ်အများစုဟာသေနေတဲ့ပုံစံမျိုးနဲ့ပိတ်နေကြတယ်။

ဒါပေမယ့်တစ်ကယ်သေတာတော့မဟုတ်ဘူး။ထိုဆဲလ်တွေအပေါ်ကိုအပူဓာတ်တစ်ခုခုဖြတ်စီးတဲ့အခါမျိုး
မှာဆဲလ်တွေဟာရုတ်တရက်အသက်ပြန်၀င်လာတတ်ပြီးခဏကြာရင်တော့ သေသလိုဖြစ်နေတဲ့အခြေ
အနေတစ်ခုစီကိုပြန်ရောက်ရောက်သွားတတ်ကြောင်းလုံချန်အာရုံခံမိလိုက်ပါတယ်။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now