141 - 145

102 9 0
                                    

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၄၁)ဒုတိယအကြိမ်သားရဲသဏ္ဍန်ပြောင်းလည်းမှု

လုံချန်က ခိုးချောင်ခိုးဝှက်ဖြင့် နောက်ပြန်ဆုတ်မည်
ပြုစဉ် ကြားလိုက်ရသောအသံကြောင့် ခန္ဓာကိုယ်
တစ်ခုလုံးတောင့်ကနဲဖြစ်သွားသည်။ယင်းအသံကာ
း လွန်စွာကြည်လင်၍ ငွေခေါင်းလောင်းကလေး
တစ်လုံးကို တီးလိုက်သကဲ့သို့ရှိ၏။ထို့ကြောင့်
နောက်ကိုခပ်ဖြေးဖြေးလှည့်၍ ကြည့်ရာတွင် သူ့ကို
အချိန်အတော်ကြာကပင် သတိပြုမိဟန်ရှိသည့်
ထန်၀မ်အာကိုတွေ့၏။
သူမက လီရှင်းရှောင်နှင့်တိုက်ခိုက်နေစဉ်
သူ့နာမည်ကို လှမ်းခေါ်ခြင်းဖြစ်၏။
"ဟိုကောင်...လုံချန် နင်က တိုက်ပွဲထဲကနေ
ကိုယ်လွတ်ရုန်းပြေးဖို့လုပ်နေတာလား"
ထန်၀မ်အာ၏
အသံက ဒေါသများဖြင့် ပြည့်နေ၏။လုံချန်၏
ခိုးကြောင် ခိုးဝှက်ပုံစံကိုသူမတွေ့သွားသည်မှာ
သေချာသည်။
လုံချန်က သူမသတိပြုမိသွားခြင်းကို
ဂရုမစိုက်ချေ။သို့တိုင်အောင် အခြားသူများ၏
အကြည့်များကလည်း
သူ့ထံရောက်လာပြန်၏။
"ဟားဟား...ကျုပ်ကို လာနောက်နေတာလား
ကျုပ် လုံချန်က ဒီလိုလုပ်မယ့် လူတစ်ယောက်လား
တိုက်ပွဲထဲကို မ၀င်ခင်
သွေးပူလေ့ကျင့်ခန်းလေးဘာလေး လုပ်ဖို့ကျုပ်က
နေရာရှာနေတာပါ" လုံချန်
က ချက်ချင်းပြန်ပြောသည်။
လုံချန်၏ ဗြောင်လိမ် ဗြောင်စား စကားက
လူတိုင်း၏ နားထဲသို့
အထင်သေးစွာဖြင့်၀င်သွားသည်။လုံချန်
ထွက်ပြေးရန် လုပ်နေသည့် ပုံစံကို
မျက်စိကန်းနေသူတစ်ယောက်ပင်
သိနိုင်လေသည်။
"ကျိုးဝူ ဒီကောင်လေးကို သွားဖမ်းစမ်း ဒီကောင့်ကို
ငါကြည့်မရတာကြာပြီ နည်းနည်းဆုံးမလိုက်"
လီရှင်း
ရှောင်ကသူ၏
လက်အောက်ငယ်သားတစ်ယောက်ကို
လှမ်းပြောသည်။
"ဟုတ်ကဲ့ဆရာ" ကျိုးဝူဆိုသည့်လူက
ခေါင်းငြိမ့်သည်။သူက အသာအယာပြုံး၍
လုံချန်ထံသို့ပြေး
၀င်သွားလေသည်။ကျိုးဝူကား သွေးနှော
ထိပ်တန်းအဆင့် ဖြစ်ကာ ကြောက်မက်ဖွယ်
စွမ်းအားကို
ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်သည်။သူက
လီရှင်းရှောင်၏ အားအထားရဆုံး
ငယ်သားတစ်ယောက်လည်း
ဖြစ်၏။
တိုက်ပွဲမှ ကျိုးဝူ ထွက်ခွာသွားသောကြောင့်
ထန်၀မ်အာတို့အပေါ်တွင်
သက်ရောက်နေသောဖိအားမှာ
ရုတ်ချည်းကျဆင်းသွားသည်။ကျိုးဝူက
လုံချန်ထံသို့ ပြေး၀င်သွားချိန်တွင် ထန်၀မ်အာ၏
အကြည့်
များ၌ နားလည်ရခက်သော
အလင်းရောင်တမျိုးဖြင့် တောက်ပလာသည်။
ခပ်တိုးတိုး ကြုံးဝါးသံနှင့်
လက်ဖက်ကိုယမ်းလိုက်လျှင် ထန်၀မ်အာ၏
လက်၌ ရှည်လျှားသော လေဓား
နှစ်စင်းပေါ်လာသည်။ဓားရှည်နှစ်ချောင်းနှင့်တူသေ
ာ ယင်း လေဓားဖြင့် သူမက လီရှင်းရှောင်းကို
တိုက်
ခိုက်သည်။
သူမကား အလွန်တရာ ရှားပါးလှသော
၀ါယောခန္ဓာကို ပိုင်ဆိုင်သူတစ်ယောက်ဖြစ်ကာ
၀ါယောစွမ်း
အင်သည် သူမနှင့်အတူ မွေးရာပါ
ပါလာခဲ့ခြင်းဖြစ်သည်။သူမ၏ ဝါယော
စွမ်းအင်အပေါ်တွင် ထိန်း
ချုပ်မှုက
လွန်စွာကျွမ်းကျင်သည့်အဆင့်သို့ရောက်နေချေပြီ။
ယင်းက ဆေးဆရာများ၏ ဆေးမီးတောက်
ကို ထိန်းချုပ်သည်နှင့်တူသည်။
သူမ၏ လေဓားမှာ ဆေးဆရာများ၏
ဆေးမီးတောက်ကို
လက်နက်အဖြစ်အသုံးပြုပုံမျိုးနှင့် ဆင်သည်။
ယင်းဝါယောစွမ်းအင်မှာ သူမ၏
စိတ္တစွမ်းအင်များကို ဖိနှိပ်ထားရာမှ
ဖြစ်ပေါ်လာခြင်းဖြစ်ရာ လွန်စွာ
ကြောက်မက်ဖွယ်ကောင်းလှသည်။
ယင်း လေဓားအပြင် သူမ၏ ခန္ဓာကိုယ်ကိုပတ်၍
ဖြစ်ပေါ်နေသော လေဓားအသေး ပေါင်းများစွာ
လည်းရှိသေး၏။လေဓားအလေးများမှာမူ
သူမလက်ထဲတွင် ကိုင်ထားသော
လေဓားရှည်ကြီးနှစ်
ချောင်းလောက် အစွမ်းမထက်သော် လည်း
တစ်ဖက်ရန်သူကို ခုခံချိန်ပင် မရှိအောင်
ဆက်တိုက်
တိုက်ခိုက်နိုင်စွမ်းရှိလေသည်။
ယခုမှပင် ထန်၀မ်အာက သူမ၏
အစစ်အမှန်သိုင်းပညာအချို့ကို ထုတ်သုံး၍
တိုက်ခိုက်နေခြင်းဖြစ်သည်။
ကိုးလွှာ သစ်ခွကို သူမ ရမှ ဖြစ်မည်။
၀ုန်း...
လီရှင်းရှောင်၏ အော်ရာများက
ပေါက်ကွဲထွက်သွား၏။သူ၏
ခန္ဓာကိုယ်ပတ်လည်တွင်ဖြစ်ပေါ်နေ
သော မိုးကြိုးစွမ်းအင်မှာ ထန်၀မ်အာ ၏
လေဓားဖြင့် ထိမိသည်တွင် တစ်ဂျိမ်းဂျိမ်း
အသံကြီးများ
မြည်ဟည်းလျှက်ရှိသည်။
လီရှင်းရှောင်၏ ခန္ဓာကိုယ်တွင်
လျှပ်စီးများတဖျတ်ဖျတ်လက်လျှက်ရှိ၏။သူ၏
ခန္ဓာကိုယ်က သံကဲ့သို့
ပင်မာသည်။ထို့ပြင် သာမာန်ဓားတစ်လက်ထက်ပင်
ပို၍ ထက်ကာ ကြောက်မက်ဖွယ်ကောင်းသော
လေဓားများကို သူက လက်သီးဖြင့်
ဆက်တိုက်ဆိုသလို ကာကွယ်လျှက်ရှိရာ
တဂျိမ်းဂျိမ်းအသံများ
ဆက်တိုက်ထွက်နေသည်။သူ၏ အစွမ်းမှာလည်း
ထန်၀မ်အာ အောက်သို့နည်းနည်းပင်
မလျှော့ပါချေ။
သို့သော် တိုက်ပွဲ ပိုပြင်းထန်လာလေလေ
လီရှင်းရှောင်မှာ ပို၍
စိတ်လှုပ်ရှားလာလေလေဖြစ်နေသည်။
ထန်၀မ်အာကား သူထင်ထားသည်ထက်ပို၍
အစွမ်းထက်လွန်းနေသည်။အကယ်၍
သည်ကဲ့သို့သော
မိန်းမမျိုးကို သူ အနိုင်ယူနိုင်လျှင် သူ့ဘ၀၌
အောင်မြင်မှုကြီးတစ်ခု ဖြစ်ပေမည်။
သူ၏ ခန္ဓာကိုယ်က လွန်စွာ အစွမ်းထက်လေရာ
ကိုးလွှာသစ်ခွကိုရလျှင် နောက်ထပ် အဆင့်တစ်ခု
သို့
ထပ်ရောက်သွားမည်ဖြစ်သည်။ထိုကြောင့်သူကလ
ည်း ယင်း သစ်ခွကို လက်လွှတ်၍ မဖြစ်ပေ။
လီရှင်းရှောင်နှင့် ထန်၀မ်အာတို့၏ တိုက်ပွဲမှာ
အပြင်းထန်ဆုံး သို့ရောက်လာချိန်တွင်
ကျိုးဝူကလည်း
လုံချန်၏ ရှေ့သို့ရောက်နေပြီဖြစ်၏။
သူက ကောက်ကျစ်စွာဖြင့်ရယ်သည်။
"ကောင်လေး...မင်းမှာအခုဆိုရင် တတိယအဆင့်
မှော်သားရဲလည်းမရှိတော့ဘူး မှော်သားရဲ မရှိပဲ
ဘယ်လောက်မင်းအစွမ်းထက်မလည်းဆိုတာကို
ကြည့်ချင်သေးတယ်"
လုံချန်၏ အမူအယာမှာ
အနည်းငယ်ထူးဆန်းသွားသကဲ့သို့ရှိသည်။ကြည့်ရ
သည်မှာ သူ့၏ အစွမ်း
အစက နှင်းပွင့်ကလေးအပေါ်၌ သာ
မူတည်သည်ဟု လူတိုင်းက
ယူဆထားပုံပင်။သူသည် လူအများ
၏ အမြင်တွင် တစ်ကယ့်ကို
မလောက်လေးမလောက်စားပုံ
ပေါက်နေခဲ့သည်လား။
"မင်းစဉ်းစားတတ်ပြီဆိုရင် ငါ့ကိုချက်ချင်း
ဒူးထောက်ပြီးတောင်းပန်လိုက်" ကျိုးဝူက
လုံချန်နှင့် ခပ်လှမ်း
လှမ်းတွင်ရပ်၍ လက်ကိုနောက်ပစ်ကာ ပြောသည်။
လုံချန်က သူ့ကိုကြည့်၍ ခေါင်းယမ်းသည်
"မင်းဆိုတဲ့စောင့်ကြွားကြွားကောင်ဟာ
မင်းရဲ့သိုင်းပညာကို
တောင် ထုတ်မပြနိုင်ပ ဲ သေသွားမလားဆိုတာက ို
ငါတစ်ကယ်သိချင်တယ်"
"မင်းက လိပ်ခွံထဲကနေ
ခေါင်းမထုတ်ရဲတဲ့လိပ်တစ်ကောင်လိုဖြစ်နေတယ်
ပွင့်ပွင့်လင်းလင်းပြောရရင်
မင်းတို့ကောင်တွေဟာ ကိုယ့်နေရာကလေးကိုသာ
ကမ္ဘာထင်နေတဲ့ ရေတွင်းထဲက ဖားသူငယ်တွေလို
ပဲ"
လုံချန်သည် နောက်ခံအင်အား
ကြီးမားတောင့်တင်းကြသော မိသားစုမှ
လာသူများကို အတော်ပင်
စိတ်ပျက်မိပါသည်။
ကျိုးဝူသည် လီရှင်းရှောင်ရှေ့တွင် မရိုမသေ
မပြုရဲသော်လည်း လုံချန်၏ ရှေ့သို့ရောက်သည့်
အခါတွင် မောက်မာသော သူတစ်ယောက်ကဲ့သို့
ပြုမူနေသည်။
"မင်းရဲ့စကားတွေက တစ်ကယ့်ကို ရွံစရာပဲ
မင်းရဲ့ပါးစပ်ကို အရင်ဆုံးခပ်နာနာ
ရိုက်ပေးမှထင်တယ်"
ကျိုးဝူ မျက်နှာပျက်သွားကာ
အော်ဟစ်ပြောလိုက်၏။မြေပြင်သို့
ခြေတစ်ချက်စောင့်လိုက်သည်တွင် သူ
သည် မူလနေရာမှ ပျောက်သွားကာ လုံချန်
ရှေ့သို့ရောက်လာပြီး
ပါးတစ်ချက်လှမ်းရိုက်လေသည်။
"မင်းဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့"
လုံချန်ကလည်း စဉ်းပင် မစဉ်းစားပဲ လက်ဝါးဖြင့်
ပြန်ရိုက်လိုက်၏။
လုံချန်၏ လက်ဝါးနှင့် ကျိုးဝူ၏ လက်ဝါးထိလျှင်
၀ုန်းကနဲ အသံကြီးမြည်းဟည်း၍ ချီလှိုင်းသည်
ကြောက်
မက်ဖွယ်ရာ ရိုက်ခတ်သွားသည်။လုံချန်သည်
သည်မျှ ကြောက်မက်ဖွယ်ကောင်းသည့်
ခွန်အားမျိုးကို
ပိုင်ဆိုင်ထားလိမ့်မည်ဟု ကျိုးဝူက
ထင်မှတ်မထားမိခဲ့။တောင်ကြီးတစ်တောင်ကို
ရိုက္မိသကဲ့ သူခံစား
ရ၏။လက်မှာကျိုးခါနီးနီးပင် ဖြစ်သွားသည်။
ကျိုးဝူ နောက်သို့ပြန်လွင့်သည်။သူ့လက်သည်
လွန်စွာနာကျင်လာခဲ့သလို စိတ်ထဲ၌လည်း အလွန်
တုန်လှုပ်မိသွား၏။
ကျိုးဝူ ဆိုသည်မှာလည်းအဆင့်တူခြင်းတွင်
ပြိုင်ဘက်မရှိသော
ထိပ်တန်းပါရမီရှင်တစ်ယောက်ဖြစ်သည်။
သူသည် လွန်စွာမာနကြီးပြီး လီရှင်းရှောင်မှ တပါး
မည်သူ့ကိုမှ လူမထင်သူဖြစ်၏။သူ၏ အစွမ်းအစကို
လီရှင်းရှောင်က သတိပြုမိခဲ့ပြီး လီရှင်းရှောင်၏
ညာလက်ရုံးဖြစ်လာခဲ့သူ ဖြစ်သည်။သို့သော
လုံချန်၏
သိုင်းတစ်ကွက်နှင့်ပင် သူကား
ရှုံးချေပြီ။မည်သို့လျှင် မအံ့သြပဲ နေနိုင်မည်နည်း။
"အခုငါ့အလှည့်ပဲ ဟုတ်တယ်မလား"
အံ့အားသင့်နေသည့် ကျိုးဝူ
ရှေ့သို့လုံချန်ရောက်လာသည်။ထို့နောက်
ဗြောင်းကနဲ အသံကြီးကို လူတိုင်း
ကြားလိုက်ကြရ၏။
"မင်း...သေပေတော့" ကျိုးဝူက
ကျုံးဝါးလိုက်သည်။လုံချန်သည် သူ့ကို လူရှေ့တွင်
ပါးရိုက်ရဲသည်လား။
ဤသို့ ပါးရိုက်ခံရခြင်းမှာ သူ့အတွက်
ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ထို့ကြောင့်
ဒေါသထောင်းကနဲ
ထွက်သွားရ၏။
သွေးနှင့် ချီဓာတ်သည် ပေါက်ကွဲ၍
လှိုင်းအများအဖြစ်
ပတ်၀န်းကျင်သို့ရိုက်ခတ်သွားသည်။ကျိုးဝူသည်
အော်ဟစ်ကြုံးဝါးရင် လက်ဝါးဖြင့် လုံချန်ကို
ရိုက်၏။
၀ုန်း...
သည်တကြိမ်တွင် လက်ဝါးနှစ်ဖက်၏
ထိတွေ့မှုသည် ယခင်အကြိမ်များကထက်ပင်
ပြင်းထန်သည်။
တိုက်ခိုက်နေကြသော ဘက်နှစ်ဘက် မှ လူများပင်
တန့်ကန ဲ ဖြစ်ကုန်ကြ၏။ထိတွေ့မ ှု ဖြစ်ပွားပြီး
နောက် လူတစ်ယောက် ဆိုးဆိုးရွားရွား
လွင့်လာသည်ကို သူတို့မြင်ကြရရာ ထိုလူမှာ
ကျိုးဝူဖြစ်နေသည်
ကို တုန်လှုပ်စွာဖြင့် သိကြရသည်။
မူလတွင် ထန်၀မ်အာမှတစ်ပါး သည်နေရာ၌
ရှိနေသူများသည် လုံချန်ဖြင့်
သွားပြီဟုတွေးထားကြသူများ
ဖြစ်သည်။ကျိုးဝူသည် ထန်၀မ်အာ၏ အဖွဲ့မှ
လူသုံးယောက်ကို
တစ်ပြိုင်နက်တိုက်ခိုက်နိုင်စွမ်းရှိသူဖြစ်
၏။မှန်သည်။ကျိုးဝူလည်းသိပ်ကို
အံ့သြရသည်။သူ့အတွက်မူ လုံချန်သည် မည်မျှပင်
အားစိုက်သည်ဖြစ်
စေ ရွေ့၍
မရသည့်တောင်ကြီးတစ်လုံးနှင့်တူ၏။ကျိုးဝူမှာ
တင်္ဂကြာအောင် မင်တက်နေမိသည်။
ရုတ်တရက် သူမျက်နှာတွင် စူးရှသော
နာကျင်မှုတစ်ခုကု ိ ခံစားရပြီး
နောက်သို့လွင့်သွားပြန်သည်။
ဗြောင်းကနဲ အသံကြီးမှာ တိုက်ပွဲဖြစ်နေသော
ကွင်းပြင်ကို ပဲ့တင်သံထပ်သွား၏။ကျိုးဝူ
နောက်သို့လွင့်
သွားစဉ်တွင် သွေးများပေကျံနေသော
သွားအချို့ကလည်း သူနှင့်အတူ
လွင့်သွားလေသည်။
လူတိုင်းသည် ကျိုးဝူကို ကြောက်လန့်တကြားဖြင့်
ကြည်ြ့က၏။လုံချန်သည် လွန်စွာခံ့ညားသည်
စစ်နတ်
ဘုရားတစ်ပါးကဲ့သို့ဖြစ်နေရာ အစောပိုင်းက
ငပွေးမှာ သူပင်ဟုတ်သလားဟု
မေးခွန်းထုတ်ရမလို ဖြစ်
နေလေ၏။
လီရှင်းရှောင်နှင့် ထန်၀မ်အာသည်ပင်
အတော်ကလေး အံ့အားသင့်မိကြသည်။ကျိုးဝူ၏
သိုင်းပညာကို
သူတို့ သိထားပြီးဖြစ်၏။ထန်၀မ်အာ သည်
လုံချန်ကို အဆင့်အတော်မြင့်သည့်
သိုင်းသမားတစ်ယောက်
ဖြစ်သည်ဟု သံသယဖြစ်နေခဲ့ပြီး ကျိုးဝူကို
ကောင်းကောင်းကိုင်တွယ်နိုင်သည်ဟု
ယုံကြည်ခြင်းကြောင့်
လီရှင်းရှောင်ကို ကောင်းကောင်းအာရုံစိုက်နေ
နိုင်ခြင်းဖြစ်သည်။
သို့သော် ကျိုးဝူကို အချိန်ခပ်တိုတို
အတွင်းအနိုင်ယူလိုက်နိုင်မည်ဟုတော့
ထင်မထားမိခဲ့ချေ။
ထို့ပြင် လုံချန်မှာ ချီစွမ်းအင်ကိုပင်အသုံးပြု၍
တိုက်ခိုက်ခြင်းမဟုတ်သည်ကို သူမ
ကောင်းကောင်း
ပြောနိုင်သည်။တစ်ချိန်တည်း၌ပင်
ရယ်စရာတစ်ခုကိုလည်း သူမ
တွေးမိသေး၏။သူမကို ရိုင်းရိုင်းစိုင်း
စိုင်း ပြောဆိုခဲ့ခြင်းကြောင့် ကလဲ့စားပြန်ချေသည့်
အနေဖြင့် လုံချန်ကို လှည့်စား၍ သူမ၏ အဖွဲ့ထဲ
ဆွဲသွင်းခဲ့သော်လည်း အမှန်တွင်
အလွန်အဆင့်မြင့်သော သိုင်းသမားတဦးကို
အဖွဲ့ထဲ သွင်းထားမိရက်
သားဖြစ်နေသည်။
ယဲ့ထင်းချုံ အနေဖြင့် လုံချန်ကို သူမအဖွဲ့ထဲ
ဆွဲသွင်းလိုသည်မှာ အံ့အားသင့်ဖွယ်မဟုတ်တော့။
ယဲ့ထင်းချုံ သည် လုံချန်၏ အစွမ်းအစကို
အစောကပင် သတိပြုမိခဲ့ဟန်တူ၏။သည်အရာကို
စဉ်းစားမိ
လျှင် ယဲ့ထင်းချုံ၏ အမြင်စူးရှမှုကိုသူမ
အတော်ကလေး တုန်လှုပ်မိရသည်။
လုံချန်ကြောင့် တိုက်ခိုက်နေသည့်
နှစ်ဘက်အဖွဲ့သားများမှာ အနည်းငယ်
အရှိန်ကျသွား၏။
နှစ်ဘက်အဖွဲ့ကား တိုက်ခိုက်လျှက်ပင်
ရှိသေသော်လည်း လုံချန်အပေါ်သို့ အဓိက
အာရုံစိုက်လျှက်
ရှိသည်။
"ခွေးကောင် ငါမင်းကိုသတ်မယ်"
ကျိုးဝူ၏ အော်ဟစ်ကြုံးဝါးသံအဆုံးတွင်
သူ့၀တ်ရုံသည် လုံးဝြပဲထွက်ကာ ၀တ်ထားသော
ဘောင်းဘီသာ
ကျန်ခဲ့တော့သည်။သူ၏ အရေပြားများပေါ်တွင်
အနက်ရောင် အကြေးခွံများ
တဖြေးဖြေးဖြစ်ပေါ်လာကြ
သည်။အကြေးခွံများသည် သူ၏
မျက်နှာပါမကျန်အောင် ဖြစ်ပေါ်လာခဲ့ရာ
လွန်စွာကြောက်လန့်ဖွယ်
ကောင်းလေသည်။
"သားရဲသဏ္ဍန်ပြောင်းလည်းမှုပါလား"
တစ်ယောက်က ထိတ်လန့်စွာဖြင့်အော်သည်။
သည်အရာက သိုင်းပညာ
တစ်ခုခုကိုအသုံးပြုခြင်းဆိုသည်မှာ
ထင်ရှားသည်။မှော်သားရဲ၏ အမြူတေ
ကိုသန့်စင်ခြင်းဖြင့် မှော်သားရဲ၏ ခွန်အားကို
ပိုင်ဆိုင်နိုင်သည်။လုံချန်
အနည်းငယ်အံ့အားသင့်သည်။
သားရဲ သဏ္ဍန်ပြောင်းလည်းမှုကို သူမြင်ဖူးသည်မှာ
ယခုတစ်ကြိမ်နှင့်ဆိုလျှင် နှစ်ကြိမ်မြောက်ဖြစ်သည်။
ပထမအကြိမ်က ဖီးနစ်မြို့ မီးအိမ်နီပွဲတော်တွင်
ဟောင်ချန်နှင့် တိုက်ခိုက်ခဲ့စဉ်က
တစ်ကြိမ်မြင်ဖူးခဲ့သည်။
သို့သော ကျိုးဝူသည် ဟောင်ချန်ထက်ပို၍
အစွမ်းထက်၏။သူ၏ ခေါင်းကိုပင် အကြေးခွံများက
ဖုံးအုပ်ထားပြီး အော်ရာကလည်း ပို၍
တောက်ပလာခဲ့သည်။
"ခွေးကောင် ငါ မင်းကိုသတ်မယ်" ကျိုးဝူသည်
အော်ဟစ်ကြုံးဝါး၍ မြေပြင်သို့ ခြေတစ်ချက်
စောင့်သည်။ယင်းသို့ ခြေတစ်ချက်စောင့်လျှင်
မြေပြင်သည် ကျွင်းကြီးတစ်ခုဖြစ်သွား၏။သူသည်
အမြောက်ဆံ တစ်ခုကဲ့သို့
လုံချန်ထံပြေး၀င်လာသည်။ထို့နောက်
အကြေးခွံများ ဖုံးနေသော သူ
၏ ဧရာမလက်ကြီးဖြင့် လုံချန်ကို ထိုး၏
ယင်းလက်သီးသည် လုံချန်ထံသို့မရောက်မီ၌ပင်
လက်သီးမှလာသောအော်ရာက
များပြားလွန်းလေရာ
လေထုမှာ တစ်ဝီ၀ီ သံကြီး
မြည်ဟည်းလျှက်ရှိသည်။
"ကြောက်စရာကောင်းလိုက်တဲ့လက်သီး"
ကျိုးဝူသည် လီရှင်းရှောင်၏
ညာလက်ရုံးတစ်ယောက်ဖြစ်နေ
သည်မှာ
အံ့အားသင့်စရာမဟုတ်တော့ချေ။သည်ခွန်အားမျိုး
မှာ အလွန်ကြောက်စရာ ကောင်းသည်။
ထန်၀မ်အာက ကြောက်လန့်တကြားကြည့်၍
အေးစက်စက်လေသံဖြင့်ပြောသည်။
"ကျိုးဝူရဲ့သားရဲသဏ္ဍန် ပြောင်းမှုကြောင့် သူ့မှာ
စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိတော့ဘူး မတော်တဆ
လူသတ်မိသွားမှာကို ရှင်မစိုးရိမ်ဘူးလား"
စမ်းသပ်မှုအတွင်း
လူမသတ်ရ။သတ်လျှင်နှင်ထုတ်ခံရမည်ဟု
ရွှမ်းရှင်း၌ စည်းကမ်းရှိသည်။သည်စမ်း
ကမ်းဖြင့် ရက်ရက်စက်စက် သတ်ဖြတ်မှုများ
မဖြစ်ရလေအောင် တားဆီးထားခြင်းဖြစ်သည်။
လီရှင်းရှောင်က နှာခေါင်းရှုံ့၏။
"မင်းတို့လူတွေအသက်ကို ငါက
ဘာ့ကြောင့်ဂရုစိုက်ရမှာလည်း ရွှမ်ရှင်းမှာ ငါကသာ
အဓိကလူပဲ
ကျန်တဲ့သူတွေက
အဖြည့်ခံတွေ....မင်းကိုယ်မင်းသာ ဂရုစိုက်စမ်းပါ"
ထိုသို့ပြောအပြီးတွင် သူ့ခြေထောက်ပတ်လည်၌
လျှပ်စီးများ တဖြတ်ဖြတ်လက်လာ၏။ထန်၀မ်အာ
၏ လမ်းကြောင်းများကို ပိတ်၍ သူက
တိုက်ခိုက်လိုက်လေသည်။
လီရှင်းရှောင်၏ ပြင်းထန်သော တိုက်ခိုက်မှုကြောင့်
ထန်၀မ်အာမှာ နောက်သို့အနည်းငယ်ဆုတ်
လိုက်ရသည်။သူမ ဒေါသထွက်သွားသည်။
"ရှင်က ရှင့်ရဲ့ ငယ်သားတွေရဲ့ အသက်ကိုတောင်
ဂရုမစိုက်တော့ဘူးလား"
"သူတို့ကိုဘယ်သူက ဂရုစိုက်မှာလည်း
သည်လိုလူတွေက ငါ့လို မဟာပါရမီ့ရှင်တွေကို
အမှုထမ်း
ဖို့အတွက် သပ်သပ်ပ"ဲ
လီရှင်းရှောင်က
အရေးမပါဟန်ဖြင့်ပြောသည်။ထန်၀မ်အာ၏
လှပသောမျက်နှာကလေးသည် အေးစက်
လာ၏။လက်နှစ်ဖက်ကို သူမ၏ ရင်ဘတ်ရှေ့တွင်
မုဒြာ ပုံစံလုပ်လိုက်သည်တွင် သူမ၏
လက်နှစ်ဘက်ကြား၌ ပြင်းထန်သော
စွမ်းအင်များလည်ပတ်လာကြလေသည်။
"ခွေးကောင်...နင် သေပေတော့"
၀ုန်း...
ထန်၀မ်အာ၏ လက်အတွင်း၌
လည်ပတ်လျှက်ရှိသော စွမ်းအင်များ အပြည့်ဆုံ
ဆုံးအဆင့်ထိ
မပေါင်းစပ်သေးမီတွင် မြေကြီးသည်
ပြင်းထန်စွာတုန်လှုပ်လာသည်။ချီလှိုင်းကြီး၏
ရိုက်ခတ်မှု
ကြောင့် ထန်၀မ်အာသည် အဝေးတစ်နေရာသို့
အံ့အားသင့်ဟန်ဖြင့် ကြည့်မိလိုက်သည်။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now