81 - 85

122 9 0
                                    

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၈၁)ဒဏ်ရာအကြီးအကျယ်ရကြခြင်း

"လေခွင်ဓား"

ချီလှိုင်းက လုံချန်ကို ပြေး၍ ရိုက်ခတ်သည်။ယင်အမတ်ကြီး၏ ဓားကား တားဆီးမရနိုင်တော့သည့်
ပုံပေါ်နေသည်။ဤသိုင်းပညာသည် ယင်အမတ်ကြီး၏ အထူးကျွမ်းကျင်သော သိုင်းပညာဖြစ်သည့်
အပြင် အစောပိုင်းက လုံချန်ကို တိုက်ခိုက်ခဲ့သည့် သိုင်းပညာထက်လည်း ပို၍ အစွမ်းထက်၏။

သေဘေးနှင့်နဖူးတွေ့ ဒူးတွေ့ရင်ဆိုင်နေရလင့်ကစား လုံချန်သည် တည်ငြိမ်လှ၏။သူသည် စိတ်နယ်ပယ်
၏ ထူးဆန်းသော အဆင့်တစ်ခုသို့ ၀င်ရောက်သွားသကဲ့သို့ဖြစ်နေသည်။နိယာမတစ်သောင်းနှင့် တာအို
ကိုသာမက သတ္တဝါတစ်ကောင်းချင်းစီတိုင်း၊အရာ၀ထ္ထု တစ်ခုချင်းစီတိုင်းသည် သူ့အာရုံတွင်လာရောက်
ထင်ဟပ်လျှက်ရှိသည်။

သူသည် သူ့၏ အတ္တဘော ခန္ဓာဝါ ရူပ ခန္ဓာမှ လွတ်မြောက်သွားသကဲ့သို့ဖြစ်ကာ သူ့၏ ရုပ်ခန္ဓာကြီးအား
အပြင်မှ ပြန်ကြည့်သကဲ့သို့မြင်နေရ၏။ယင်းအချိန်တွင် လုံချန်သတိမပြုမိသေးသည့်အချက်တစ်ချက်
ရှိရာ ၎င်းမှာ သူ့၏ ဖုန်ဖူကြယ်သည်ငြိမ်သက်နေသည်ကိုဖြစ်သည်။ချီဓာတ်သည် စွမ်းအင်စက်ကွင်း
ဆယ့်နှစ်ခုထံသို့ လျှင်မြန်စွာစီးဆင်းသွား၏။

အဆုံးအစမဲ့သည်ဟု ထင်ရသည့် စွမ်းအားတစ်ရပ်သည် သူ့၏ ချီလမ်းကြောင်းများမှ တစ်ဆင့်ဖြတ်ကာ
လက်ထဲမှကိုင်ထားသည့် ဓားရှည်ထံသို့စီး၀င်ကုန်သည်။ထူးဆန်းသည့် လမ်းကြောင်းများ ဓားတွင်ဖြစ်
ပေါ်လာကာ အသက်၀င်သကဲ့သို့ထင်လာရသည်။ယင်းသည် လုံချန်၏ အစွမ်းအထက်ဆုံးတိုက်ခိုက်မှု
လည်းဖြစ်၏။

၀ုန်း....

ချီလှိုင်း ရုတ်တရက်ပေါက်ကွဲမှုတွင် သူတို့နှစ်ယောက်စလုံးနောက်သို့ ကိုယ်စီလွင့်သွားကြသည်။
ကောင်းကင်ထက်၌ သွေးများ ဖြန်းကနဲ ပျံ့ကျဲသွား၏။လုံချန်၏ ဓားရှည်သည် သူ့လက်ထဲမှလွတ်၍
အတော်ဝေးဝေးမှ ကျောက်တုံးတစ်တုံးထဲတွင် သွားစိုက်နေသည်။

သွေးတစ်ပွက်ကို ပွက်ကနဲ အံချရင်း မြေပေါ်ပြိုလဲကျမတတ် လုံချန်ခံစားနေရသည်။သူ့ခန္ဓာကိုယ်တွင်
ပြတ်ရှရာများစွာ ဖြစ်ပေါ်နေပြီး သွေးများ ထိုဒဏ်ရာမှ တစ်သွင်သွင် ထွက်လျှက်ရှိ၏။အဆိုးဆုံးမှာ သူ့
တစ်ကိုယ်လုံးမှ ချီစီးဆင်းရာ လမ်းကြောင်းများသည် ပျက်ဆီးမတတ်ဖြစ်သွားခြင်းဖြစ်သည်။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now