231 - 235

54 4 0
                                    

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(231)လိုင်ယွမ်ဇီ၏ မဟာ အလောင်းအစား

လိုင်ယွမ်ဇီသည် သူ့၏ အမတဂူအတွင်း၌ ရှိနေပါ၏။တုဖုန်းသည် သူ့အား အစီရင်ခံလျှက်ရှိသည်။

"ဂိုဏ်းချုပ်ရဲ့တောင်းဆိုချက်အရ ရင်းမြစ်တွေကို ခွဲဝေပေးလိုက်ပါပြီ"

"အဖွဲ့လိုက်ပြိုင်ဆိုင်မှုတွေကိုလည်း ရပ်ဆိုင်းထားလိုက်ပြီး မှော်ကျောက်တုံးတွေ ခွဲဝေးပြီးပြီဆိုတော့ သူတို့
ရဲ့ သိုင်းပညာ အဆင့်မြန်မြန်မြင့်လာသင့်ပြီ"

ထိုမှော်ကျောက်တုံးများသည် တပည့်များ၏ အမတ ဂူ အတွင်းရှိ အင်းကွက်အား အဆင့်အမြင့်ဆုံးထိ တိုင်
အောင် တင်၍ သုံးလခန့်ထား ထားနိုင်သည့် ပမာဏဖြစ်လေသည်။ထို့ပြင် အမှတ်များစွာကိုလည်း ပေးထား
ခဲ့၏။တစ်နည်းအားဖြင့် ဤ သုံးလအတွင်း လူတိုင်း၏ သိုင်းပညာသည် များစွာ ခုန်ပျံ တိုးတက်သွားသင့်ပေ
သည်။

သို့သော် သည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းအောင်ထောက်ပံ့ထားသည့်ပမာဏမှာ ရွှမ်ရှင်းမှ ရေရှည်
ထောက်ပံ့ပေးနိုင်သည့် ပမာဏ မဟုတ်ချေ။ထိုပမာဏမှာ ရွှမ်ရှင်း၏ သုံးနှစ်စာ စုဆောင်းထားသည့် ရင်း
မြစ်ပမာဏ ဖြစ်ပါသည်။

သို့သော် ထိုရင်းမြစ်များ၏ သုံးပုံတစ်ပုံကို ခွဲဝြေဖန့်ဖြူးပေးလိုက်ခြင်းက တုဖုန်းကို စိုးရိမ်စေခဲ့ပါ၏။

ထိုအတိုင်းဆက်သွားလျှင် တပည့်များ ၏ သိုင်းပညာအဆင့်မြင့်သွားမည်က မှန်သော်လည်း ရင်းမြစ်များ
ကုန်သွားသည်နှင့် တပည့်များ၏ သိုင်းပညာမှာ ရောက်သည့်နေရာတွင်ပင် တန့်သွားနိုင်လေသည်။

"ခင်ဗျား မစိုးရိမ်စမ်းပါနဲ့...ဒီ ပွဲက အလုပ်ဖြစ်ရင် မဟာအဓိပတိ ရွှေကျောင်းတော် ကြီးစီကနေ ကျုပ်တို့
ရင်းမြစ်ခွဲတမ်းအမြောက်အများရလိမ့်မယ်.. တစ်ခြားကျောင်းတော်တွေကြားမှာလည်း ထုံတမ်းတွေ
ရှိခဲ့တယ်မလား" လိုင်ယွမ်ဇီ ခပ်ပေါ့ပေါ့သာပြော၏။

သို့သော် တုဖုန်း စိုးရိမ်နေဆဲပင်။

"ဒီ ကျောင်းတောင်ကြီးတွေက အကုန်လုံး ထိပ်ဆုံးအဆင့်တွေချည်းပဲလေ..သူတို့က  နှစ်ပေါင်းများစွာ
ဆုဆောင်းထားတဲ့ ရင်မြစ်တွေကြောင့် ကြောက်စရာကောင်းလောက်အောင် အင်အားကြီးနေကြပြီ သူတို့
ရဲ့ တပည့်အသစ်အချို့ဆို ကျင်ကျီအလယ်အဆင့်ကို ရောက်နေသူတွေတောင်ရှိတာပဲ...ဒီလိုကျောင်း
တော်ကြီးတွေနဲ့ ကျုပ်တုိ့ ယှဉ်လို့မရနိုင်ဘူး...ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့ ကျောင်းတော်ရဲ့ အဆင့်က
အမြဲတမ်းနောက်ဆုံးဆိုတော့ ရင်းမြစ်တွေကိုလည်း နည်းနည်းလေးပဲရတယ် ဒီလိုနဲ့ ကျုပ်တို့တပည့်တွေကို
မြေတောင်မြှောက်ပေးဖို့ ရင်းမြစ်တွေက မလုံလောက်ပြန်ဘူး"

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now