86 - 90

125 10 0
                                    

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၈၆)တုံးတိုက်တိုက် ကျားကိုက်ကိုက်

၀က်ဝံကြီးက လုံချန်ထံသို့ဒုန်းစိုင်း၀င်လာသည်။ယင်း ၀က်ဝံ၏ အစွမ်းအထက်ဆုံးလက်နက်များမှာ
သူ့၏ လက်သည်းများပင် ဖြစ်သည်။ထိုလက်သည်းများဖြင့် ကျောက်တုံး များကိုပင် အလွယ်တစ်ကူ
ကုတ်ဖဲ့နိုင်လေရာ လူသားခန္ဓာကိုယ်ဆိုလျှင် ပြောစရာလိုမည်ပင်မဟုတ်ပေ။

ဤအချက်ကြောင့်ရွာသားများက ထို ၀က်ဝံနှင့်မည်သည့်အခါမှ ထိပ်တိုက်ရင်မဆိုင်ရဲခြင်းဖြစ်သည်။
သူတို့အကုန်လုံးပေါင်း၍ ထို၀က်ဝံအား တိုက်ခိုက်သည့်တိုင်အောင် ၀က်ဝံကို ဒဏ်ရာပြင်းပြင်းထန်
ထန်ရအောင်လုပ်နိုင်မည်မဟုတ်ပေ။သို့သော် ၀က်ဝံကတော့ သူတို့အကုန်လုံးနီးပါးကို လက်တစ်ချက်ဖြင့်သတ်
နိုင်စွမ်းရှိသည်။

၀ုန်း....

ရှောင်ဟွာ က သူမ ပါးစပ်ကိုလက်ကလေးဖြင့်အုပ်ထားသည်။မြင်ကွင်းက ယုံနိုင်စရာပင်မရှိ။
၀က်ဝံကြီး၏ ကြောက်မက်ဖွယ်ရာတိုက်ခိုက်မှုကို လုံချန်က ကာလိုက်သည်။ချီလှိုင်း ကြီး အပြင်းအထန်
ရိုက်ခတ်သွားသည်။သို့သော် လုံချန်က လှုပ်ပင်မလှုပ်ချေ။

သူ့၏ ဆံနွယ် အရှည်ကြီးက လေနှင့်အတူကျောဘက်တွင်တစ်လူလူလွင့်နေသည်။သူ့ပုံစံက စစ်နတ်ဘုရား
တစ်ပါးကဲ့သို့ပင်။ဤကဲ့သို့သော ၀က်ဝံတစ်ကောင်ကို ထိန်းရန် သူ့အတွက်က လွယ်သည်။မှော်သားရဲ
များက ကြောက်စရာကောင်းသည်။သွေးနှောအဆင့် သိုင်းသမားများပင် ၎င်းတို့၏ တိုက်ခိုက်မှုကို ကာကွယ်
ရုံသာ တတ်နိုင်၏။

သို့သော် လုံချန်၏ ရှေ့မှောက်တွင် ၀က်ဝံသည် ကျားရှေ့ရောက်သော ကြောင်ကဲ့သို့ဖြစ်နေသည်။
တစ်ချိန်တည်းတွင် လုံချန် က လူကြမ်းလေးကို သတိရမိလိုက်သည်။အကယ်၍ လူကြမ်းလေးသာ ရှိ
မည်ဆိုလျှင် ၀က်ဝံကို လည်ပင်းတစ်ခါတည်း လိမ်ချိုးကောင်း ချိုးပစ်နိုင်သည်။

လုံချန် အချိန်ကုန်မခံတော့။မြေပြင်ပေါ်သို့လဲကျသွားသည့် ၀က်ဝံကိုအခွင့်ကောင်းယူကာ သိုလှောင်
လက်စွပ်ထဲမှ ဓားကိုထုတ်၍ ပိုင်းချလိုက်၏။ရှောင်ဟွာက လုံချန်လုပ်သမျှကို ကြောင်အမ်းအမ်းဖြင့် ကြည့်နေ
၏။အိမ်မက် မက်နေသကဲ့သို့သူမခံစားနေရသည်။သူမကား ယခင်ကတည်းက မှော်သားရဲများကို
မသတ်ဖူးခြင်းမဟုတ်၊အမဲလိုက်သတ်ဖြတ်ခဲ့ဖူးသည် သာ ဖြစ်သည်။သို့သော် ယခုလို မှော်သားရဲ
တစ်ကောင်အား လက်ချည်းသတ်သတ်ဖြင့်တိုက်ခိုက်ခြင်းကိုတော့ သူမမည်သည့်အခါကမှ မမြင်
ဖူးခဲ့ချေ။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Où les histoires vivent. Découvrez maintenant