အရိုးစုသရဲပန်းချီ「骷髅幻戏图」

Oleh rongrong_aini

135K 18.9K 824

အရိုးစုသရဲပန်းချီ「骷髅幻戏图」kūlóuhuànxìtú ခူးလိုဟွမ့်ရှိထူ စာရေးသူ - 西子绪 ရှီးကျစ်ရွှိ အပိုင်းပေါင်း - ၁၁၄ ပိုင်း... Lebih Banyak

မိတ်ဆက်
အပိုင်း ၁ [ အခန်း 1303 ] (1)
အပိုင်း ၂ [ အခန်း 1303 ] (2)
အပိုင်း ၃ [ အခန်း 1303 ] (3)
အပိုင်း ၄ [ အခန်း 1303 ] (4)
အပိုင်း ၅ [ အခန်း 1303 ] (5)
အပိုင်း ၆ [ အခန်း 1303 ] (6)
အပိုင်း ၇ [ အခန်း 1303 ] (7)
အပိုင်း ၈ [ အခန်း 1303 ] (8)
အပိုင်း ၉ [ အခန်း 1303 ] (9)
အပိုင်း ၁၀ [ အခန်း 1303 ] (10)
အပိုင်း ၁၁ [ အခန်း 1303 ] (ဆုံး)
အပိုင်း ၁၂ [ တစ္ဆေပူးကပ်ခြင်း ] (1)
အပိုင်း ၁၃ [ တစ္ဆေပူးကပ်ခြင်း ] (2)
အပိုင်း ၁၄ [ တစ္ဆေပူးကပ်ခြင်း ] (3)
အပိုင်း ၁၅ [ တစ္ဆေပူးကပ်ခြင်း ] (4)
အပိုင်း ၁၆ [ တစ္ဆေပူးကပ်ခြင်း ] (5)
အပိုင်း ၁၇ [ တစ္ဆေပူးကပ်ခြင်း ] (6)
အပိုင်း ၁၈ [ တစ္ဆေပူးကပ်ခြင်း ] (ဆုံး)
အပိုင်း ၁၉ [ မရဏပျော်ပွဲ ] (1)
အပိုင်း ၂၀ [ မရဏပျော်ပွဲ ] (2)
အပိုင်း ၂၁ [ မရဏပျော်ပွဲ ] (3)
အပိုင်း ၂၂ [ မရဏပျော်ပွဲ ] (4)
အပိုင်း ၂၃ [ မရဏပျော်ပွဲ ] (5)
အပိုင်း ၂၄ [ မရဏပျော်ပွဲ ] (6)
အပိုင်း ၂၅ [ မရဏပျော်ပွဲ ] (7)
အပိုင်း ၂၆ [ မရဏပျော်ပွဲ ] (8)
အပိုင်း ၂၇ [ မရဏပျော်ပွဲ ] (ဆုံး)
အပိုင်း ၂၈ [ ကတိပြုထားသောမြေ ] (1)
အပိုင်း ၂၉ [ ကတိပြုထားသောမြေ ] (2)
အပိုင်း ၃၀ [ ကတိပြုထားသောမြေ ] (3)
အပိုင်း ၃၁ [ ကတိပြုထားသောမြေ ] (4)
အပိုင်း ၃၂ [ ကတိပြုထားသောမြေ ] (5)
အပိုင်း ၃၃ [ ကတိပြုထားသောမြေ ] (6)
အပိုင်း ၃၅ [ ကတိပြုထားသောမြေ ] (8)
အပိုင်း ၃၆ [ ကတိပြုထားသောမြေ ] (9)
အပိုင်း ၃၇ [ ကတိပြုထားသောမြေ ] (10)
အပိုင်း ၃၈ [ ကတိပြုထားသောမြေ ] (ဆုံး)
အပိုင်း ၃၉ [ လက်ကိုင်ပဝါပစ်ကြမယ် ] (1)
အပိုင်း ၄၀ [ လက်ကိုင်ပဝါပစ်ကြမယ် ] (2)
အပိုင်း ၄၁ [ လက်ကိုင်ပဝါပစ်ကြမယ် ] (3)
အပိုင်း ၄၂ [ လက်ကိုင်ပဝါပစ်ကြမယ် ] (4)
အပိုင်း ၄၃ [ လက်ကိုင်ပဝါပစ်ကြမယ် ] (5)
အပိုင်း ၄၄ [ လက်ကိုင်ပဝါပစ်ကြမယ် ] (6)
အပိုင်း ၄၅ [ လက်ကိုင်ပဝါပစ်ကြမယ် ] (7)
အပိုင်း ၄၆ [ လက်ကိုင်ပဝါပစ်ကြမယ် ] (8)
အပိုင်း ၄၇ [ လက်ကိုင်ပဝါပစ်ကြမယ် ] (9)
အပိုင်း ၄၈ [ လက်ကိုင်ပဝါပစ်ကြမယ် ] (ဆုံး)
အပိုင်း ၄၉ [ မွေးရပ်မြေသို့ပြန်ခြင်း ]
အပိုင်း ၅၀ [ မိန့်မိန် ] (1)
အပိုင်း ၅၁ [ မိန့်မိန် ] (2)
အပိုင်း ၅၂ [ မိန့်မိန် ] (3)
အပိုင်း ၅၃ [ မိန့်မိန် ] (4)
အပိုင်း ၅၄ [ မိန့်မိန် ] (ဆုံး)
အပိုင်း ၅၅ [ အိမ်မက် ] (1)
အပိုင်း ၅၆ [ အိမ်မက် ] (2)
အပိုင်း ၅၇ [ အိမ်မက် ] (3)
အပိုင်း ၅၈ [ အိမ်မက် ] (4)
အပိုင်း ၅၉ [ အိမ်မက် ] (5)
အပိုင်း ၆၀ [ အိမ်မက် ] (6)
အပိုင်း ၆၁ [ အိမ်မက် ] (7)
အပိုင်း ၆၂ [ အိမ်မက် ] (8)
အပိုင်း ၆၃ [ အိမ်မက် ] (9)
အပိုင်း ၆၄ [ အိမ်မက် ] (10)
အပိုင်း ၆၅ [ အိမ်မက် ] (11)
အပိုင်း ၆၆ [ အိမ်မက် ] (12)
အပိုင်း ၆၇ [ အိမ်မက် ] (13)
အပိုင်း ၆၈ [ အိမ်မက် ] (14)
အပိုင်း ၆၉ [ အိမ်မက် ] (15)
အပိုင်း ၇၀ [ အိမ်မက် ] (16)
အပိုင်း ၇၁ [ အိမ်မက် ] (17)
အပိုင်း ၇၂ [ အိမ်မက် ] (18)
အပိုင်း ၇၃ [ အိမ်မက် ] (19)
အပိုင်း ၇၄ [ အိမ်မက် ] (20)
အပိုင်း ၇၅ [ အိမ်မက် ] (ဆုံး)
အပိုင်း ၇၆ [ တစ္ဆေဈေး ] (1)
အပိုင်း ၇၇ [ တစ္ဆေဈေး ] (2)
အပိုင်း ၇၈ [ တစ္ဆေဈေး ] (3)
အပိုင်း ၇၉ [ တစ္ဆေဈေး ] (4)
အပိုင်း ၈၀ [ တစ္ဆေဈေး ] (5)
အပိုင်း ၈၁ [ တစ္ဆေဈေး ] (6)
အပိုင်း ၈၂ [ တစ္ဆေဈေး ] (7)
အပိုင်း ၈၃ [ တစ္ဆေဈေး ] (8)
အပိုင်း ၈၄ [ တစ္ဆေဈေး ] (9)
အပိုင်း ၈၅ [ တစ္ဆေဈေး ] (10)
အပိုင်း ၈၆ [ တစ္ဆေဈေး ] (ဆုံး)
အပိုင်း ၈၇ [ ကျားနှင်းဆီ ] (1)

အပိုင်း ၃၄ [ ကတိပြုထားသောမြေ ] (7)

1.3K 225 12
Oleh rongrong_aini

အပိုင်း ၃၄ [ ကတိပြုထားသောမြေ ] (7)

⟨⟨အလယ်သို့ရောက်ရှိခြင်း⟩⟩

အရင်အတိုင်းနေသာနေ၏။တစ်မျိုးပြောရရင်သူတို့ဒီထဲစရောက်လာကတည်းကမိုးရွာဖို့မမြင်ပေ။လင်ပန့်ရှတို့သုံးယောက်အထုပ်အပိုးဆွဲမနက်စာစားပြီးခရီးဆက်လိုက်သည်။သူတို့အရင်ဆုံးအရှေ့ကမြစ်ကျယ်ကိုဖြတ်ရမည်။ဒါပေမဲ့မနက်‌ပေမြစ်ကမနေ့ကလင်ပန့်ရှငါးဖမ်းချိန်မှာအနက်ဆုံးနေရာကဒူးခေါင်းလောက်ပဲရှိတယ်လွယ်အိတ်လွယ်လိုက်ပြီးသတိနဲ့ဖြတ်လိုက်သည်။

လင်ပန့်ရှရဲ့ရေကူးနိုင်စွမ်းကောင်းတာကြောင့်အရှေ့ဆုံးမှာစေတန့ာဝန်ထမ်းသွားလုပ်လိုက်သည်။လီစူးကနှစ်ယောက်မြောက်ဖြစ်ပြီးရှဲ့အာကိုက်ကနောက်ဆုံးဖြစ်သည်။သူကဖိနပ်နဲ့ခြေအိတ်တွေကိုချွတ်လိုက်ပြီးဘောင်းဘီကိုလည်းလိပ်တင်လိုက်သည်။သတိကြီးကြီးနဲ့ချောနေတဲ့ကျောက်တုံးတွေကနေပဲတစ်ဖက်ကိုကူးလာသည်။သူတို့ကူးလာမည်ဟုလက်ပြလာ၏။

မနက်ရောက်တော့လီစူးကအပြည့်အစုံပြင်ထားသည်။နေကာမျက်မှန်နဲ့နှာခေါင်းစည်းကိုဝတ်ထားပြီးလက်နက်ကိုပါပြင်ထားသည်။လင်ပန့်ရှလိုပဲသူလည်းဘေးကင်းကင်းနဲ့တစ်ဖက်ကမ်းကိုရောက်သွားသည်။

ရှဲ့အာကိုက်အလှည့်ရောက်လာ၏။တကယ်တော့သူကသုံးယောက်ထဲမှာအသန်ဆုံးပဲ‌အရှေ့ကရေစီးကြောင်းကိုဖြတ်ဖို့ဆိုရင်အခက်အခဲမရှိနိုင်ဘူးအဲ့ဒါကြောင့်လင်ပန့်ရှနဲ့လီစူးတို့သိပ်စိတ်မပူခဲ့ဘူးဒါပေမဲ့ရုတ်တရက်မတော်တဆတစ်ခုဖြစ်သွားတယ်

မြစ်အလယ်ကိုရောက်နေတဲ့ရှဲ့အာကိုက်တစ်ချက်ချော်သွားပြီးလူတစ်ယောက်လုံးမြစ်ထဲကျသွားသည်။မြစ်ရေကမနက်တာကြောင့်သူချက်ချင်းထလာလို့ရပေမယ့်မထင်ထားတာကသူ့ကိုမတွေ့ရတော့ပဲရုန်းကန်နေတဲ့ရေတွေကိုပဲတွေ့လိုက်ရတယ်

လင်ပန့်ရှမူမမမှန်တာကိုချက်ချင်းသတိပြုမိလိုက်တာကြောင့်သူမတုံ့ဆိုင်းပဲရေထဲခုန်ချလိုက်သည်။တွေ့တွေ့ချင်းပဲရှဲ့အာကိုက်ဘာလို့မရုန်းနိုင်လဲဆိုတာနားလည်လိုက်၏။သူ့ခြေထောက်ပေါ်မှာကြိုးလိုမျိုးအရာတွေနဲ့ချည်ခံထားရတယ်အစကလင်ပန့်ရှရေနွယ်ဒါမှမဟုတ်တစ်ခုခုလို့ထင်ထားပေမယ့်သူနီးလာတော့အဲ့ဒါကမြွေလိုမျိုးရှည်ထွက်နေတဲ့လူရဲ့လက်ဆိုတာတွေ့လိုက်ရတယ်ဒီလက်ရဲ့လက်မောင်းကနေရှည်နေပြီးမြစ်ရဲ့ကြမ်းပေါ်နုန်းတွေကနေထွက်လာတာကြိုးလိုမျိုးရှဲ့အာကိုက်ကိုအသေဆွဲထားရင်းသူ့ကိုတရွတ်တိုက်ဆွဲထားသည်။ရှဲ့အာကိုက်အားနည်းစွာရုန်းကန်နေရင်းပါးစပ်ထဲကနေလည်းပူဖောင်းတွေထွက်လာသည်။ကြည့်ရတာမဖြစ်တော့ပေလင်ပန့်ရှအဲ့ဒီအရာကိုဆွဲလိုက်ပြီးဓားမြှောင်နဲ့ဖြတ်လိုက်သည်။မြွေလိုမျိုးရှည်လျားတဲ့အဲ့ဒီဟာကိုမနားတမ်းဖြတ်နေလိုက်သည်။ကံကောင်းတာကဒီဟာတွေကိုအမြန်ရှင်းလို့ရတာပဲလင်ပန့်ရှရှဲ့အာကိုက်ရဲ့ခန္ဓာကိုယ်အလေးကြီးကိုတရွတ်တိုက်ဆွဲရင်းကြိုးကြိုးစားစားမြစ်ပေါ်ပြန်သွားလိုက်သည်။ချောင်းဆိုးလိုက်ရင်းအော်လိုက်သည် : "အမြန်_လက်တစ်ဖက်ဆွဲပေး__အရမ်းလေးတယ်_"

လီစူးအမြန်လက်ဆန့်လိုက်ပြီးနှစ်ယောက်လုံးကိုဆွဲတင်လိုက်၏။

လင်ပန့်ရှကမ်းပေါ်တက်လာပြီးအသက်ဆက်တိုက်ရှူလိုက်ရင်း : "ရှဲ့အာကိုက်မင်းဘယ်လိုနေလဲ?"

သူပြောတာကိုရှဲ့အာကိုက်နားမလည်ပေသူရေတွေကိုအန်ထုတ်လိုက်ပြီးတည်ငြိမ်သွားမှရုရှားစကားနဲ့ပြောနေသည်။လေသံကိုနားထောင်ကြည့်သလောက်တော့ဆဲနေသည်ထင်

"အဲ့ဒီမြစ်ထဲကဟာကဘာလို့ငါတို့နှစ်ယောက်ကိုကျတော့မတိုက်ခိုက်ရတာလဲ?"လင်ပန့်ရှအထူးအဆန်းဆိုလိုက်သည် "ရေနဲ့မြေကသူ့လူသူစားရတာကြိုက်တာလား?"

လီစူးရယ်ရမလိုငိုရမလိုနဲ့ : "ဒီလိုအချိန်မင်းဟာသမပြောပါနဲ့လား"သူနဲ့ရှဲ့အာကိုက်ပြောကြည့်ပြီးသူအဆင်ပြေကြောင်းသိမှစိတ်လျှော့လိုက်သည်။

ဒါပေမဲ့ရှဲ့အာကိုက်အသက်ရှင်နေပေမယ့်သူ့အိတ်ကတော့မြစ်ရေနဲ့မျောပါသွားသည်။တစ်ကိုယ်လုံးစိုရွှဲနေပြီးလေအေးတစ်ချက်တိုက်သွားတော့လင်ပန့်ရှတုန်တက်သွား၏ : "ငါးလပိုင်းပဲရှိသေးတာကိုဘာလို့ဒီလောက်အေးနေတာလဲ"

"ပေါင်ပေ့ဒါကရုရှားလေ"လီစူးကပြောတယ်"အရင်ဆုံးမီးမွှေးရအောင်မင်းတို့အဝတ်တွေကိုခြောက်အောင်လုပ်လိုက်အဖျားမရှိစေနဲ့ပြန်သွားလို့တခြားအဖွဲ့ဝင်တွေအအေးမိလို့သေသွားတယ်ပြောရင်ရယ်ခံ‌နေရမယ်"သူပြောရင်းသစ်ကိုင်းခြောက်တွေသွားရှာပြီးမီးပုံတစ်ပုံလုပ်လိုက်၏။

လင်ပန့်ရှကိုယ့်အင်္ကျီကိုယ်အ‌ခြောက်ခံလိုက်သည်။

ရှဲ့အာကိုက်ပြန်ကောင်းလာတော့လင်ပန့်ရှကိုကျေးဇူးတင်စကားသာဆက်တိုက်ပြောနေသည်။လင်ပန့်ရှလက်ရမ်းလိုက်ပြီး : "မင်းသတိနည်းနည်းထားဦးမင်းကံမကောင်းဘူးလို့ခံစားနေရတယ်"

လီစူးကလင်ပန့်ရှကိုဘာသာကူပြန်ပေးတော့ရှဲ့အာကိုက်မြစ်ကိုတစ်ချက်ကြည့်လိုက်ပြီးပြောသည် : "အခုမှမင်းတို့နှစ်ယောက်ကအဲ့ဒီမကောင်းဆိုးဝါးမဟုတ်ဘူးဆိုတာလုံးဝသေချာသွားတယ်"

"အဲ့ဒါဆိုမနေ့ကမင်းငါ့ကိုဘာလို့အဲ့လောက်လွယ်လွယ်လေးနဲ့သေနတ်ကိုပေးလိုက်တာလဲ?"လီစူးမျက်ခုံးပင့်လိုက်မိသည်။

"သေနတ်နဲ့အပစ်ခံပြီးသေရတာကနာကျင်ရတဲ့သေနည်းမဟုတ်သေးဘူး"ရှဲ့အာကိုက်ခါးခါးသီးသီးပြုံးလိုက်ပြီး : "အနည်းဆုံးတော့.........ငါရီးလျန်နလိုပုံစံမပြောင်းချင်ဘူး"အရင်‌တုန်းကသူနဲ့ရီးလျန်နသဘောတူခဲ့တာရှိတယ်တကယ်လို့များကံမကောင်းစွာနဲ့တစ်ယောက်ယောက်ကမစ်ရှင်လုပ်ရင်းကြောက်စရာကောင်းတဲ့မကောင်းဆိုးဝါးအဖြစ်ပြောင်းသွားခဲ့ရင်လုံးဝစိတ်မပျော့မိဖို့ဘာလို့လဲဆိုတော့အဲ့အချိန်ကျရင်အသိစိတ်အားလုံးဖျက်ဆီးခံလိုက်ရမှာကိုယ်ထပ်မဖြစ်နိုင်တော့ဘူးအဲ့လိုအချိန်မှာပျော်ပျော်သေတာပဲကောင်းတယ်

သူအဲ့လိုကတိပေးထားခဲ့တယ်ဒါပေမဲ့သူ့စိတ်ထဲမှာတော့အဲ့လိုပုံစံပြောင်းသွားမှာအရမ်းကြောက်နေခဲ့တယ်

လင်ပန့်ရှသူတို့ပြောနေတာကိုနားမလည်တာကြောင့်ဘေးမှာပဲအဝတ်အခြောက်ခံနေလိုက်သည်။

လီစူးသူတည်ငြိမ်လာတာကိုတွေ့တော့မှလင်ပန့်ရှနဲ့နောက်လိုက်တယ် : "မင်းခုနကသူ့ကိုတရွတ်တိုက်ဆွဲလာပြီးရေကူးလာတဲ့ပုံစံကလေဟမ်းစတားလေးကဘီစကွတ်တစ်ချပ်ကိုကြိုးကြိုးစားစားထမ်းလာတာနဲ့တူတယ်"

လင်ပန့်ရှခက်ခက်ခဲခဲနဲ့ကိုယ့်ရဲ့မသိမသာ six-pack ကိုကြည့်လိုက်ပြီးရှဲ့အာကိုက်ရဲ့ရင်ဘတ်အမွှေးတွေကိုထပ်ကြည့်လိုက်ရင်းညှိုးနွမ်းစွာဖြင့် : "အဲ့ဒါဆိုဘယ်လိုလုပ်ရမှာလဲငါ့ကိုယ်လုံးကနည်းနည်းပိန်နေရုံကိုငါကဟမ်းစတားတစ်ကောင်ပေါ့?"

လီစူးတဟားဟားနဲ့အော်ရယ်လိုက်သည်

မနက်ပိုင်းတစ်ဝက်‌လောက်ရောက်တော့နှစ်ယောက်လုံးရဲ့အဝတ်တွေခြောက်သွားတာကြောင့်သုံးယောက်သားအလယ်ပိုင်းဆီခရီးဆက်ကြသည်။

သူတို့တောထဲကိုဝင်တော့ပတ်ပတ်လည်ကလီစူးရဲ့ဗီဒီယိုထဲကနဲ့ပိုပိုတူလာ၏။လင်ပန့်ရှသူတို့ဘာဖြစ်ခဲ့လဲဆိုတာလီစူးကိုသုံးလေးခေါက်မေးခဲ့ပေမယ့်လီစူးကစကားလွှဲသွားသည်။ဒါပေမဲ့လင်ပန့်ရှကတော့ဆက်လိုက်မေးနေတုန်းပဲမတတ်နိုင်တဲ့အမူအရာနဲ့ : "ပန့်ရှမင်းကိုမပြောပြတာကအကြောင်းအရင်းရှိလို့လေငါတို့အလုပ်မှာ........စပ်စုတာကကောင်းတဲ့ဝါသနာမဟုတ်ဘူးနော်တကယ်လို့ငါ့ကိုမေးရင်တော့ငါမင်းကိုပြောပြမယ်ဒါပေမဲ့မင်းလျှို့ဝှက်ချက်အသေးလေးတစ်ခုသိသွားရင်တောင်မင်းပြောလို့မရဘူးမဟုတ်ရင်အဲ့ဒီဟာကြားသွားခဲ့ရင်တခြားတစ်ခုခုထွက်လာနိုင်တယ်"

"ထားလိုက်တော့"လင်ပန့်ရှသူသေသေရှင်ရှင်ပါးစပ်ဖွင့်ဖို့ဆန္ဒမရှိတော့လက်လျှော့လိုက်ဖို့သာ

ရှဲ့အာကိုက်နဲ့လင်ပန့်ရှတို့အချင်းချင်းလူသားတွေဆိုတာအတည်ပြုနိုင်ခဲ့ပေမယ့်သူ့ရဲ့စိတ်အခြေအနေကတော့သိပ်မကောင်းသလိုပဲဝိညာဉ်မရှိသလိုဖြစ်နေပြီးတစ်ခါတလေလီစူးနဲ့ပြောရင်ကြောင်တက်တက်ဖြစ်နေပြီးခဏလောက်ကြာမှတုံ့ပြန်တတ်သည်။

"မင်းဘယ်နေရာကအဆင်မပြေဖြစ်နေလို့လဲ?"လီစူးရှဲ့အာကိုက်ကိုမေးလိုက်၏။

"မမရှိပါဘူးငါအတော်လေးကောင်းပါတယ်"ရှဲ့အာကိုက်မသဲမကွဲပြန်ဖြေရင်းမျက်နှာတစ်ခုလုံးကလည်းငိုက်စိုက်ကျနေလျက်သူအစကတည်းကခန္ဓာကိုယ်ကြီးပေမယ့်အမည်မသိစိတ်ဓာတ်ကျစရာခံစားချက်ပေးနေသည်။သူ့‌နောက်မှာတစ်ခုခုလိုက်နေသလိုမျိုးခဏခဏအနောက်ကိုလှမ်းကြည့်နေသည်။

လီစူးနဲ့လင်ပန့်ရှအစကတည်းကသတိထားမိတယ်ဒါပေမဲ့သူတို့အခုမျက်စိတဆုံးမြင်နိုင်တဲ့တောထဲရှိနေတာတကယ်လို့တစ်ခုခုလိုက်နေတယ်ဆိုရင်လှည့်လိုက်တာနဲ့မြင်ရမှာပဲပုတုတုချုံပုတ်တွေကလည်းနောက်ယောင်ခံတဲ့သူကိုကွယ်မထားနိုင်ဘူး

အဲ့ဒီနေ့ညမှာပဲမီးမွှေးပြီးတော့လီစူးကစုန့်ချင်းလော်သုံးတာနဲ့တစ်ပုံစံထဲတူတဲ့အံစားတုံးနှစ်တုံးကိုထုတ်လိုက်တယ်ရှဲ့အာကိုက်စိတ်ပိုင်းဆိုင်ရာစမ်းသပ်မှုတစ်ခေါက်တော့လုပ်ရမယ်

အံစာတုံးကိုတွေ့လိုက်တာနဲ့ရှဲ့အာကိုက်ပြာယာခတ်သွားသည်။လင်ပန့်ရှတကယ်တော့တစ်လျှောက်လုံးထူးဆန်းနေတယ်သူတို့အံစာတုံးကိုထုတ်လိုက်တာနဲ့အရှေ့ကအံစာတုံးကိုဘာလို့မကောင်းဆိုးဝါးထက်ကြောက်နေရတာလဲအရင်ကရွာထဲမှာတွေ့ခဲ့ရတဲ့မိုရှင်းစေးလည်းဒီလိုပဲဒါပေမဲ့စုန့်ချင်းလော်ရဲ့တွန်းအားကြောင့်မလုပ်ချင်ပဲလုပ်လိုက်သည်။

ရှဲ့အာကိုက်ကအံစာတုံးကိုစိုက်ကြည့်နေပြီးမယူပေ။လည်စေ့ကလည်းအပေါ်အောက်လှုပ်ခတ်နေပြီးလီစူးဆီတောင်းဆိုနေတဲ့အကြည့်နဲ့ကြည့်လာသည်။လီစူးလက်ထဲကအံစာတုံးကိုမယူရဲပေ

လီစူးကလည်းမလောပဲငြိမ်ငြိမ်သက်သက်နဲ့ပဲစောင့်နေ၏။

"ငါဘာမှမဖြစ်ပါဘူး"ရှဲ့အာကိုက်ကပြောတယ်"မခေါက်လို့မရဘူးလား......."

"ခေါက်ပါ"လီစူးနွေး‌ထွေးတဲ့အသံနဲ့‌ဆို၏။သူ့စိတ်အနေအထားကအရမ်းကောင်းနေသလိုပဲဒီလိုအချိန်မျိုးမှာတောင်လုံးဝစိတ်မရှည်တာမရှိဘူးတသွင်သွင်စီးဆင်းနေတဲ့ရေလိုမျိုးစိတ်တောင်တည်ငြိမ်နေသေးတယ်"အနည်းဆုံးတော့ကိုယ့်ဘာသာကိုယ်မလိမ်ရတော့ဘူးပေါ့"

ရှဲ့အာကိုက်ခါးသီးစွာတစ်ချက်ပြုံးလိုက်ပြီးနောက်ဆုံးလုပ်လိုက်သည်။တုန်နေတဲ့လက်ကိုငြိမ်အောင်လုပ်ပြီးမှအံစာတုံးကိုဖြေးဖြေးချင်းယူလိုက်သည်။အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးမှမြေပေါ်သို့အံစာပစ်လိုက်၏။ဂလုတ်ဂလုတ်အံစာတုံးလည်သွားပြီးရပ်သွားတော့အဖြူ 7 အမည်း 6 ကျသည်။စုစုပေါင်း76ဖြစ်ပြီးအန္တရာယ်ရှိအမှတ်ကိုမကျော်သေးပေ

"ဟူး_"‌ဒီရလဒ်ကိုတွေ့တော့ရှဲ့အာကိုက်သက်ပြင်းရှည်ကြီးတစ်ချက်ချမိလိုက်တယ်ဒါကကိုယ်တွေးတာထက်အများကြီးကောင်းနေသေးတယ်

"ဘာလို့သူတို့အားလုံးအဲ့လောက်ကြောက်ကြတာလဲ?"လင်ပန့်ရှထူးဆန်းစွာဆိုတယ်"ကိုယ့်စိတ်အခြေအနေကိုစစ်ကြည့်တာပဲမဟုတ်လား?"

လီစူးသတိနဲ့အံစာတုံးကိုပြန်သိမ်းနေရင်းလင်ပန့်ရှပြောတာကိုကြားတော့အသံထဲမတတ်နိုင်ပဲပြောလာသည် : "ပန့်ရှလူတိုင်းကမင်းလိုမျိုးစိတ်နှေးကွေးမနေဘူးလေပုံမှန်စိတ်ညစ်ညမ်းမှုပမာဏကခဏလေးအတွင်းမှာတင်အန္တရာယ်အမှတ်ကိုချိုးသွားနိုင်တယ်ဆိုလိုတာက"

လင်ပန့်ရှ : "ဘာကိုလဲ?"

"ဆိုလိုတာကမင်းရူးသွားနိုင်တယ်"လီစူးရဲ့လေသံကလေးနက်နေလျက်"ဒါမှမဟုတ်မင်းတခြားအရာပြောင်းသွားတာလည်းဖြစ်နိုင်တယ်ဒါတွေကသေတာထက်ကြောက်ဖို့ကောင်းတယ်မင်းစဉ်းစားဖူးလားမင်းအရှေ့ကတွေ့ရသမျှဟာတွေကတကယ်လို့အတုတွေဖြစ်နေမယ်ဆိုရင်ဘယ်လောက်ကြောက်ဖို့ကောင်းလိုက်မလဲ?"သူလင်ပန့်ရှပိုနားလည်စေဖို့ထပ်ပြောလိုက်သည်"‌ဒီလိုအခြေအနေမှာဆိုရင်မင်းရဲ့စိတ်ကအကန့်အသတ်လွန်နေပြီဆိုရင်မင်းရဲ့ပါတနာကမင်းကိုဆုံးဖြတ်ပေးနိုင်ခွင့်ရှိတယ်__မင်းသဘောတူချက်တွေကိုသေချာမကြည့်ခဲ့ဘူးလား?"

လင်ပန့်ရှရိုးရိုးသားသားရှင်းပြလိုက်တယ် : "လစာနဲ့အာမခံကြေးကိုပဲသေချာကြည့်ခဲ့တယ်လေ"

လီစူး : ...........

လင်ပန့်ရှအရှက်ကိုသက်သာရာရ‌စေဖို့ခြောက်ကပ်ကပ်ရယ်မိလိုက်တယ် : "ဟားဟားဟား"

လီစူးခဏလောက်တိတ်သွားပြီးဘာပြောရမှန်းမသိတော့ပဲနောက်မှတစ်ခွန်းပြောလိုက်သည် : "စုန့်ချင်းလော်ဒီကောင်တကယ်ကို training အတန်းနောက်တစ်ခေါက်ထပ်တက်ဖို့လိုနေပြီ!!"

ရှဲ့အာကိုက်ကစိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုလုပ်ပြီးပေမယ့်အရင်လိုမပျော်တော့ပေသူ့ကိုယ်သူရူးနေတယ်ထင်ပေမယ့်အံစာတုံးပေါ်ကဂဏန်းတွေကသူ့ကိုပြောတာကသူရူးဖို့အဝေးကြီးလိုသေးတယ်ဒီလိုဆိုရင်သူမြင်လိုက်တဲ့ဟာကြီးကတကယ်ပဲဘာကြီးလဲ?ရှဲ့အာကိုက်နှုတ်ခမ်းသပ်လိုက်မိတယ်မြစ်ဘေးကနေထွက်လာပြီးတော့သူတို့နောက်ကနေတစ်ခုခုလိုက်နေတယ်လို့ခံစားမိတယ်အဲ့ဒီဟာရဲ့ပုံစံကိုမတွေ့ရအသံလည်းမကြားရပေမယ့်ရှဲ့အာကိုက်ကတော့ရှင်းရှင်းလင်းလင်းခံစားလို့ရတယ်တစ်ခုခုကသူ့နောက်လိုက်နေတယ်အဲ့ဒီအရာကရီးလျန်နနဲ့တစ်ပုံစံထဲတူတဲ့မျက်နှာခန္ဓာကိုယ်ကလည်းပျော့စိစိနဲ့သူမမြင်နိုင်တဲ့သဲထဲပုန်းနေသလိုပဲတခြားသူတွေလုံးဝသတိမပြုမိပေမယ့်ရှဲ့အာကိုက်သူမရူးဘူးလို့အတည်ပြုပြီးချိန်မှာပိုအဆင်မပြေဖြစ်လာတယ်အရူးတစ်ယောက်ဆိုရင်တွေးနေဖို့မလိုတော့ဘူးနာကျင်ဖို့လည်းမလိုတော့ဘူးအခုသူ့ကိုဝိညာဉ်တစ်ကောင်ကပ်နေသလိုပဲဝိညာဉ်ရဲ့ပုံစံကိုမတွေ့နိုင်ဘူးပြီးတော့သူတစ်ယောက်ထဲခံစားမိနေတာ

ညဘက်ရောက်တော့တောထဲရှိအပူချိန်မှာပိုကျလာသည်

ဒီနေ့လင်ပန့်ရှနဲ့ရှဲ့အာကိုက်ညစောင့်မည်ပင်။လီစူးကစိတ်သဘောထားကြီးသူဖြစ်တာကြောင့်အစောကြီးပျော့ပျောင်းပျောင်းပေါင်းပင်များခင်းလိုက်ပြီးအဲ့ဒီအပေါ်မှာပဲတဟူးဟူးနဲ့အိပ်ပျော်သွားသည်။

အခုကိုးနာရီကျော်လောက်ပဲရှိဦးမယ်လင်ပန့်ရှသိပ်အိပ်မပျော်တာကြောင့်ရှဲ့အာကိုက်နဲ့မီးပုံဘေးမှာပဲမီးလှုံနေ၏။သူရှဲ့အာကိုက်စိတ်အခြေအနေမကောင်းတာကိုတွေ့တော့သူနဲ့စကားစမြည်ပြောချင်ပေမယ့်ဘာသာစကားတူမနေပေမတောက်တခေါက်အင်္ဂလိပ်စာနဲ့ပဲခက်ခက်ခဲခဲနဲ့နှစ်ခွန်းလောက်sayလိုက်သည်။

ရှဲ့အာကိုက်လည်းအင်္ဂလိပ်လိုသိပ်မပြောတတ်ပေဒါပေမဲ့သူလင်ပန့်ရှနဲ့စကားပြောဖို့ဆန္ဒရှိနေသေး၏။လက်နက်အပြည့်နဲ့ထူးထူးဆန်းဆန်းလီစူးနဲ့ယှဉ်ရင်သူတို့ထဲလင်ပန့်ရှကပဲပုံမှန်လူနဲ့တူနေသည်။ပြီးတော့ကြည့်ရတာပေါင်းသင်းဆက်ဆံရေးကောင်းမယ့်ပုံရှိနေသည်။

နှစ်ယောက်သားပြတ်တောင်းပြတ်တောင်းနဲ့ပြောနေရင်းလင်ပန့်ရှအတော်လေးအဆင်ပြေလာတယ်လို့ထင်တယ်သူ့ရဲ့အင်္ဂလိပ်ဘာသာက50-centကနေ60-centတိုးသွားတယ်လို့ခံစားရတယ်ရှဲ့အာကိုက်ကသူ့ကိုယ်သူအင်္ဂလိပ်စာလေ့ကျင့်ရေးအဖော်ဖြစ်နေမှန်းမသိပဲလင်ပန့်ရှကအရမ်းကောင်းတယ်လို့ထင်သည်။သူ့ကိုကယ်ရုံသာမကနှစ်သိမ့်ပေးဖို့ပါကြိုးစားနေတယ်

"မင်းအရင်ခဏလောက်နား‌လိုက်လေ"လင်ပန့်ရှသူ့စိတ်အခြေအနေသိပ်မကောင်းတာကြောင့်သူ့ကိုများများနားခိုင်းလိုက်သည်။သူကတော့ဆက်နေဦးမယ်"ကိစ္စတစ်ခုခုရှိရင်ငါမင်းကိုခေါ်လိုက်မယ်"

"ကောင်းပြီ"ရှဲ့အာကိုက်ရဲရဲတင်းတင်းမရှိပဲလီစူးဘေးမှာလှဲလိုက်ပြီးခဏတောင်မကြာပဲအသက်ရှူသံထွက်လာသည်။

လင်ပန့်ရှမီးပုံဘေးကင်းစောင့်နေရင်းတောထဲကလေတိုက်သံကိုနားထောင်နေလိုက်သည်။ဒီမှာအမိုးအကာမရှိတာကြောင့်ညတိုင်းလေသံကငိုသံလိုပြောင်းပြောင်းလာသည်။သူတို့ခေါင်းပေါ်ရစ်ဝဲနေပြီးအပင်တွေကပါလေထဲပါလာကာမျက်စိရှေ့ရောက်လာ၏။လင်ပန့်ရှလေနဲ့ပါလာတဲ့အပင်တွေကိုဖမ်းလိုက်ပြီးမီးပုံထဲထည့်လိုက်သည်။သူကောင်းကင်ကိုကြည့်နေရင်းဒီလိုရှုခင်းထဲထူးခြားဆန်းပြားတဲ့အလှတစ်မျိုးကိုခံစားလိုက်ရသည်။

လင်ပန့်ရှကောင်းကင်ကိုကြည့်နေချိန်မှာပဲအစကတောက်ပနေတဲ့ကြယ်တွေနဲ့ကောင်းကင်ကနေမှောင်မည်းလာတယ်အစကလင်ပန့်ရှတိမ်အုပ်သွားတယ်ထင်ပေမယ့်သူ့နားအနီးမှာတဝီဝီကြားလိုက်ရချိန်မှာတော့သူရုတ်တရက်သဘောပေါက်သွားတယ်__အဲ့ဒါကအကောင်တစ်အုပ်ရောက်လာတဲ့အသံပဲ

"လီစူးရှဲ့အာကိုက်__အမြန်ထ!!"မူမမှန်တာကိုတွေ့တော့လင်ပန့်ရှအသံကျယ်ကျယ်နဲ့အော်လိုက်သည်။လီစူးချက်ချင်းနိုးလာ၏။ရှဲ့အာကိုက်လည်းလင်ပန့်ရှဘာတွေအော်နေမှန်းမသိပေမယ့်သူ့လေသံကနေလောနေတာကိုသိနိုင်တာကြောင့်အမြန်ထလိုက်ပြီးဘာဖြစ်တာလဲလို့မေးလိုက်သည်။

"အကောင်တွေအများကြီး___"လင်ပန့်ရှအလောတကြီးပြောလိုက်သည်"ဘာတွေလဲမသိဘူးမင်းတို့ထကြတော့!"

လီစူးလည်းတဝီဝီသံကိုကြားမိတာကြောင့်ထကြည့်လိုက်တော့ကောင်းကင်ကိုဖုံးနေတဲ့အင်းဆက်တစ်အုပ်ကိုတွေ့လိုက်ရ၏။ဒီအကောင်တွေကသဲမုန်တိုင်းလိုမျိုးအရှိန်မြန်မြန်နဲ့သူတို့ဆီဦးတည်နေတယ်

"ငါလူးဘယ်ကနေလာတာလဲဟသူ့မေဘယ်လိုပြေးရမှာလဲ!"အတွေ့အကြုံများတဲ့လီစူးပြေးဖို့ကိုပြန်တွက်ပြသည်။ဒီခဏလေးမှာသူတို့အင်းစက်အုပ်နဲ့ပြိုင်ပြေးမယ်ဆိုရင်တောင်လုံးဝပြေးလို့မလွတ်ပေသူအသံကျယ်ကျယ်နဲ့ဆိုသည် : "အမြန်_မင်းရဲ့လွယ်အိတ်ထဲကအဝတ်တွေနဲ့အပေါ်ပိုင်းကိုထုတ်ထားမြေပေါ်ဝပ်နေအသက်ဆက်ရှူထား____"

လင်ပန့်ရှအမြန်လိုက်လုပ်လိုက်သည်။ရှဲ့အာကိုက်ဘာဖြစ်နေလဲမသိပေမယ့်ပတ်ဝန်းကျင်နဲ့လင်ပန့်ရှကိုကြည့်ပြီးတော့တစ်ဝက်လောက်နားလည်သွား၏။လီစူးလုပ်တဲ့အတိုင်းအဝတ်တွေနဲ့ကိုယ့်ကိုယ့်ကိုဖုံးလိုက်သည်။

ဒါပေမယ့်မျက်စိတစ်မှိတ်အတွင်းမှာပဲမည်းတူးတူးအင်းစက်အုပ်ကရောက်ချလာတယ်လင်ပန့်ရှလေပြင်းတစ်ချက်တိုက်သွားတာကိုခံစားလိုက်ရပြီးသူ့ခန္ဓာကိုယ်ကိုတစ်ခုခုကပြင်းပြင်းထန်ထန်ထိုးနေသလိုပဲပြီးတော့

အရေပြားပေါ်ယားယံလာပြီးအင်းစက်အုပ်သူ့ရဲ့ကိုယ်ပေါ်ရောက်လာတာသိသာနေ၏။

လီစူးသူတို့ကိုယ်တိုင်ကယ်နေရတာကအသုံးမကျတဲ့ကြိုးစားမှုဆိုတာသိတယ်ဒီအကောင်‌တွေအသားမကြိုက်ဖို့ပဲဆုတောင်းရမယ်ကံကောင်းတာကအကောင်‌တွေလာပြီးတော့ကိုယ်ပေါ်ကျလာတာသိပေမယ့်နာကျင်မှုကိုလုံးဝမခံစားရပေအနည်းဆုံးတော့ဒီအကောင်တွေကအသားမစားဘူး

သူတို့သုံးယောက်မြေပေါ်ဝပ်နေကြပြီးကိုယ်ပေါ်မှာလည်းအကောင်တွေပြည့်နေသည်။အဲ့ဒီအချိန်မှာပဲလင်ပန့်ရှအဲ့ဒီအကောင်တွေရဲ့ပုံစံကိုသေချာမြင်လိုက်ရတယ်အမည်းရောင်ပိုးဖလံတွေပဲအရောင်ကမည်းတူးနေပြီးကျောပေါ်မှာလည်းထူးဆန်းတဲ့ပုံတစ်ပုံရှိနေတယ်လင်ပန့်ရှအစကသာမန်ပိုးဖလံလို့ပဲထင်ခဲ့ပေမယ့်လင်ပန့်ရှရှေ့အထိပျံလာချိန်မှောင်နေပေမယ့်မမျှော်လင့်ပဲပိုးဖလံပေါ်ရှိထူးထူးဆန်းဆန်းပုံကိုရုတ်တရက်တွေ့လိုက်ရတယ်ဒီပုံကိုတစ်ချက်ကြည့်လိုက်တာနဲ့အမျိုးသမီးတစ်ယောက်ရဲ့မျက်နှာနဲ့တူနေတယ်လင်ပန့်ရှသေချာကြည့်လိုက်တော့ဒီမျက်နှာကတစ်ခါတွေ့ဖူးတဲ့ရီးလျန်နနဲ့အရမ်းတူနေတယ်ဒါပေမယ့်အင်္ဂါငါးရပ်ကတော့အများကြီးပြောင်းလဲနေတယ်အမှတ်မထင်ကြည့်လိုက်ရင်သူမရဲ့ပါးစပ်ကိုဖွင့်ထားပြီးအော်နေသလိုပဲ

ဘယ်လောက်ကြာသွားလဲမသိတော့နားဘေးကတဝီဝီအသံတွေတဖြေးဖြေးနည်းသွားသည်။လင်ပန့်ရှခန္ဓာကိုယ်ရဲ့တောင့်တင်းမှုလည်းလျော့ကျသွားတာကိုခံစားရသည်။ခက်ခက်ခဲခဲထကြည့်လိုက်တော့အင်းဆက်အုပ်က‌အဝေးကိုရောက်သွားသည်ကိုတွေ့လိုက်ရ၏။သူခါလိုက်တာကြောင့်အင်္ကျီ ပေါ်ကအကောင်တွေပါပြုတ်ကျသွားသည်။ပတ်ပတ်လည်ကိုကြည့်လိုက်ပြီးလီစူးနဲ့ရှဲ့အာကိုက်ကိုရှာလိုက်သည်။

"အဟွတ်အဟွတ်အဟွတ်အဟွတ်_"သူနဲ့မဝေးတဲ့တစ်နေရာမှာလီစူးလည်းမြေပေါ်ကနေထလာသည်။နှာခေါင်းပိတ်လိုက်ရင်းဆိုသည် : "ရွံလို့သေတော့မယ်ရွံလို့သေတော့မယ်"

လင်ပန့်ရှပြောလိုက်တယ် : "မင်းအင်းစက်တွေကိုကြောက်တာလား?"

"အင်းစက်တွေကိုမကြောက်ဘူးပိုးဖလံတွေကိုကြောက်တာ"သူဆက်တိုက်ခါလိုက်ပြီး : "မင်းငါ့ကိုအမြန်ခါပေးပါဦးငါရွံလို့သေတော့မယ်ရှဲ့အာကိုက်ရော?"

လင်ပန့်ရှမှပြောသည် : "အဲ့ဒီမှာလေ"

သူညွှန်ပြတဲ့နေရာမှာရပ်နေသင့်တဲ့ရှဲ့အာကိုက်ကအရင်အတိုင်းတုန်နေပြီးဝပ်နေ၏။လင်ပန့်ရှသူ့ကိုအထူးအဆန်းတစ်ချက်ကြည့်လိုက်ပြီး : "သူဘာဖြစ်နေတာလဲ?"

"မသိဘူးလေငါသွားမေးလိုက်မယ်"လီစူးကိုယ်ပေါ်ကအကောင်တွေကိုခါချလိုက်ရင်းရှဲ့အာကိုက်ဆီသွားလိုက်သည်။သူရှဲ့အာကိုက်ဘေးရောက်တော့အသံတိုးတိုးနဲ့သူ့ကိုဘယ်နေရာနေလို့မကောင်းလည်းမေးလိုက်တော့ရှဲ့အာကိုက်ပြန်မဖြေပေ

"ရှဲ့အာကိုက်?မင်းအဆင်ပြေရဲ့လား?"လီစူးခါးကိုင်းလိုက်ပြီးသူ့ရဲ့ပခုံးကိုဖြေးဖြေးပုတ်လိုက်သည်။

ရှဲ့အာကိုက်ပြင်းပြင်းထန်ထန်တစ်ချက်တုန်သွားပြီးဖြေးဖြေးချင်းမျက်နှာကိုမော့လာသည်။သူ့ရဲ့မျက်နှာပေါ်မှာပိုးဖလံတွေပြွတ်သိပ်နေလျက်လုံးဝကွာသွားမယ့်ပုံမရှိပေ

လီစူးအစကထဲကပိုးဖလံတွေကိုကြောက်တာကြောင့်ရှဲ့အာကိုက်ရဲ့မျက်နှာကိုမြင်ပြီးတစ်ချက်ခုန်မိသွားသည်။လက်တစ်ခုလုံးကြက်သီးထလာပြီးလင်ပန့်ရှဆီပျာယာခတ်နေရင်းအော်ခေါ်လိုက်သည် : "မြန်မြန်မြန်မြန်အမြန်သူ့ကိုလာကူပေးဦး____"

လင်ပန့်ရှခြေလှမ်းကျဲတွေနဲ့လျှောက်လာပြီးရှဲ့အာကိုက်ရဲ့မျက်နှာပေါ်ကလှုပ်တောင်မလှုပ်တဲ့ပိုးကောင်တွေကိုပုတ်ချလိုက်သည်။ရိုက်နေရင်းဒီပိုးကောင်တွေကသူနဲ့ရှဲ့အာကိုက်အပေါ်မတူသလိုပဲသေချာပြောရရင်ပိုးကောင်တွေကိုသူတို့ခန္ဓာကိုယ်ကလမ်းပိတ်ထားသလိုပဲရှဲ့အာကိုက်ကျတော့သူ့ဆီပဲလာတာတချို့ပိုးဖလံတွေဆိုရင်ရှဲ့အာကိုက်ရဲ့နားထဲတောင်ဝင်ဖို့ကြိုးစားနေကြတယ်ကံကောင်းတာကသူတို့ကအကောင်ကြီးနေတာကြောင့်အထဲကိုမဝင်နိုင်ပေမယ့်တုန်လှုပ်အောင်ကြောက်စရာကောင်းနေသေးတယ်

လင်ပန့်ရှအချိန်တစ်ခုကြာမှဒီပိုးဖလံတွေကိုအကုန်ခါချနိုင်သည်။ရှဲ့အာကိုက်ကိုပြန်ကြည့်လိုက်တော့လူတစ်ကိုယ်လုံးနေရာမှာတင်တောင့်တင်းတင်းနဲ့ရပ်နေပြီးတစ်ချက်တောင်မလှုပ်‌ပဲကျောက်နဲ့တူနေတယ်မျက်စံတောင်မရွှေ့

"လောင်ရှုံးမင်းအဆင်ပြေရဲ့လား?"လင်ပန့်ရှသူ့ကိုစိုးရိမ်စွာမေးလိုက်သည်။

လီစူးလည်းမေးမှသူ့ရဲ့မျက်ခွံတစ်ချက်လှုပ်သွားကာအိမ်မက်ကနေနိုးလာသလိုပင်။ပါးစပ်ကနေလည်းလင်ပန့်ရှနားမလည်နိုင်တဲ့စကားတွေနဲ့ရေရွတ်နေသည်။လီစူးကလည်းစကားနည်းနည်းပြောလိုက်သည်။ရှဲ့အာကိုက်ကိုနှစ်သိမ့်နေသလိုပဲအသုံးဝင်မဝင်မသိပေမယ့်အနည်းဆုံးတော့ရှဲ့အာကိုက်ရေရွတ်နေတာရပ်သွား၏။

အင်းဆက်အုပ်ကဖြတ်သွားပေမယ့်လည်းသဲပေါ်မှာကျနေတဲ့အကောင်တွေကတော့တွားသွားနေတုန်း‌ပင်လင်ပန့်ရှနားဖို့နေရာရအောင်မီးထပ်ထည့်လိုက်ပြီးအကောင်တွေကိုအမြန်ပစ်ထည့်လိုက်သည်။ရှဲ့အာကိုက်ကတော့တစ်ချိန်လုံးနေရာမှာပဲရပ်နေပြီးတစ်ချက်မှမလှုပ်ပဲရုတ်တရက်လီစူးကိုတစ်ခုခုမေးလိုက်သလိုပဲ

လီစူးနားထောင်ပြီးပြန်မဖြေပေ

လင်ပန့်ရှနားမလည်တာကြောင့်လီစူးကိုသာရှဲ့အာကိုက်ဘာမေးတာလဲလို့မေးလိုက်၏။လီစူးလင်ပန့်ရှကိုတစ်ချက်ကြည့်လိုက်ပြီးပြောသည် : "မင်းအတောင့်တဆုံးကဘာလဲ?အကြောက်ဆုံးကရောဘာလဲ?"

လင်ပန့်ရှခဏလောက်တွေးလိုက်ပြီးပြန်ဖြေဖို့လုပ်ပေမယ့်လီစူးကရပ်ဖို့ပြလိုက်ပြီးအိတ်ထဲကနေဒေါ်လာတစ်ရွက်ထုတ်လိုက်ကာလင်ပန့်ရှရဲ့ရင်ဘတ်ဆီပုတ်လိုက်ရင်းဆို၏ : "ထားလိုက်တော့ငါမင်းဘာကိုကြောက်လဲဆိုတာသိတယ်_လိမ္မာတယ်မင်းမီးထပ်ထည့်လိုက်ဦး"

"ဟုတ်လီကော!"လင်ပန့်ရှဘာမှမကြောက်တော့ပဲဝမ်းသာပီတိဂွမ်းဆီထိသွားပြီးမီး‌ထပ်ထည့်ရန်သွားလိုက်သည်

သုံးယောက်လုံးအိပ်မပျော်တော့တာကြောင့်ရှဲ့အာကိုက်နဲ့လီစူးတို့မီးပုံဘေးထိုင်စကားပြောနေသည်။လင်ပန့်ရှကတော့မီးပုံကအလင်းနဲ့လက်ထဲကပိုက်ဆံရွက်ကိုအလေးအနက်သုတေသနလုပ်နေသည်။ရှဲ့အာကိုက်ရဲ့ကိုယ်ပေါ်ကအကောင်တွေကိုခါချပြီးသွားပေမယ့်စိတ်ထဲမှာတော့ trauma ရနေ၏။သူ့ရှေကမီးပုံကိုကြည့်နေရင်းသူနဲ့ရီးလျန်နရဲ့အကြောင်းပြောပြလာသည်။

ရီးလျန်နကသူနဲ့ပါတနာဖြစ်နေတာကြာပြီပင်နှစ်ယောက်သားအရမ်းညီပြီးအဆက်အသွယ်တောင်ရှိသေးသည်။သူမကိုအရမ်းနားလည်တယ်လို့သူထင်ပေမယ့်ရီးလျန်နသေသွားတာသိတော့မှသူဒီမိန်းကလေးအပေါ်တစ်ခုမှမသိဘူးဆိုတာသိလိုက်ရသည်။သူမကိုယ်ဝန်ရှိနေတာတောင်မသိပေတကယ်လို့သူသိခဲ့ရင်သူသေချာပေါက်သူမကိုဒီတစ်ခေါက်မစ်ရှင်ဆီမလိုက်ခိုင်းဘူးသူထွက်သွားမယ့်အချိန်အထိရီးလျန်နရဲ့တာဝန်မယူတတ်တဲ့ယောက်ျားဆီသေချာသွားရှာမှာပဲပြီးရင်သူ့ကိုရိုက်နှက်ဆုံးမမယ်သူ့ကိုရိုက်ရမှာအခေါက်ပေါင်းများစွာပြောနေတဲ့စကားထဲနောင်တနဲ့နာကျင်မှုတွေကိုတွေ့နိုင်၏

လီစူးဘေးမှာနားထောင်နေရင်းဘာမှတ်ချက်မှမပေးပေသူဒီမှာလုပ်လာတာကြာနေတာကြောင့်ဒီလိုကိစ္စမျိုးကိုတွေ့ရပေါင်းများနေပြီပင်မှတ်တမ်းတင်သူသာမကထူးခြားတဲ့စွမ်းရည်တွေရှိတဲ့စောင့်ကြည့်သူတွေတောင်သေတာဒဏ်ရာရတာ‌တွေမနည်းပေအယူမှားကနေယူလာတဲ့အန္တရာယ်တွေကိုဘယ်သူမှခန့်မှန်းလို့မရပေခုခံဖို့ဆိုရင်ပြင်းထန်တဲ့သတ္တိနဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်ရှိမှရမယ်

ဒါပေမဲ့သတ္တိရှိတဲ့လူတွေကဘယ်လောက်ရှိမှာလဲလီစူးတွေးကြည့်တော့လူတော်တော်များများကစမ်းသ်ချက်တွေကိုမခံနိုင်တဲ့သာမန်လူတွေပဲ

ရီးလျန်နကလည်းသာမန်လူဖြစ်တယ်အားလျဲ့ခဲ့ရှဲ့ကလည်းသာမန်လူပဲအဲ့ဒါကြောင့်သူတို့အကုန်သေရတာသူတို့ဘယ်လိုသေသွားလဲဆိုတာဘယ်သူမှရှင်းရှင်းလင်းလင်းမသိသေးဘူး

ရှဲ့အာကိုက်ရဲ့အသံထဲပိုဝမ်းနည်းလာရင်းပြောနေသည် : "ရီးလျန်နမသေခင်တုန်းကငါ့ကိုအပြစ်တင်နေလောက်လား?"

လီစူးကဆိုတယ် : "သူမကတကယ်လို့မင်းပြောသလိုမိန်းကလေးဖြစ်မယ်ဆိုရင်သူမမင်းကိုအပြစ်မတင်လောက်ပါဘူး"

"ဒါပေမဲ့ငါ့ရဲ့အနောက်မှာသူမတစ်ချိန်လုံးရှိနေလို့ခံစားရတယ်"ရှဲ့အာကိုက်အသံကျကျလာပြီးလေသံထဲမှာလည်းကြောက်ရွံ့မှုတွေပါနေ၏ : "တစ်ချိန်လုံး......ငါ့နောက်လိုက်နေတာ"

လီစူးမျက်မှောင်ကျုံ့လိုက်မိတယ်မနေ့ကသူရှဲ့အာကိုက်ကိုစိတ်စမ်းသပ်မှုလုပ်ခဲ့တာမလို့ရှဲ့အာကိုက်ရူးမနေတာသေချာတယ်အဲ့‌‌ဒါဆိုမရူးသေးတဲ့လူတစ်ယောက်ကဘာလို့ဒီလိုစကားပြောနေတာလဲ?

ဒီနေ့ကောင်းကင်ကထူးထူးခြားခြားလင်းလာတာနှေးနေတယ်

နေက‌တဖြေးဖြေးတက်လာပြီးတောက်ပနေပေမယ့်လူကိုလုံးဝနွေးထွေးတယ်မခံစားရပဲတောထဲမှာလေပိုပြင်းလာသည်။မီးပုံဘေးမှာအကင်ခံထားရတဲ့ပိုးဖလံတွေရှိနေသည်။သူတို့အလင်းဘက်ကိုအပြေးအလွှားပြေးလာကြပေမယ့်အလင်းတုဖြစ်နေပြီးတကယ့်အလင်းရောင်ရောက်လာတော့မထိတွေ့နိုင်တော့ပေ

သုံးယောက်လုံးခရီးထပ်ဆက်ကြသည်။

မျက်စိတဆုံးရှိနေတဲ့တောထဲအဆုံးကိုလည်းမမြင်နိုင်ပေ

လင်ပန့်ရှသူတို့ဒီလိုဘယ်လောက်ထိဆက်သွားရမလဲမသိပေဒီအဆုံးမရှိတဲ့ခရီးစဉ်ကလူကိုအရှူံးပေးချင်စိတ်ပေါက်သည်။ပိုးဖလံတွေရောက်လာပြီးတော့ရှဲ့အာကိုက်ရဲ့စိတ်အခြေအနေကလည်းပိုပိုဆိုးလာသည်။ကြီးကောင်ကြီးမားခန္ဓာကိုယ်ကလည်းတဖြေးဖြေးကိုင်းလာပြီးမကြာမကြာအနောက်ကိုပြန်လှည့်လှည့်ကြည့်နေ၏။ဒါပေမဲ့သူတို့ရဲ့နောက်မှာတောပဲရှိနေတယ်ရှဲ့အာကိုက်ဘာရှာနေလဲဆိုတာဘယ်သူမှမသိပေ

ဒီလိုသွားရင်းငါးရက်ခြောက်ရက်ကြာတော့ညနေတစ်ခုမှာရုတ်တရက်တောထဲလေပြင်းတိုက်လာသည်။လေထဲသဲတွေပါနေတာကြောင့်သူတို့ရဲ့အမြင်တွေကိုပါဖုံးသွားတာကြောင့်သုံးယောက်လုံးရပ်လိုက်ပြီးစခန်းချလိုက်၏

‌ဒီရက်တွေထဲလင်ပန့်ရှလီစူးဆီသူတို့ဦးတည်ရာနေရာကိုအဆက်မပြတ်မေးပေမယ့်လီစူးကသေသေရှင်ရှင်ပြောမယ့်ပုံမပေါ်ပဲရောက်ရင်သိလိမ့်မယ်သာပြောတာကြောင့်လင်ပန့်ရှလက်လျှော့ရုံသာ

လေတစ်ညလုံးတိုက်နေပြီးသုံးယောက်လုံးဘယ်လိုမှကောင်းကောင်းအိပ်လို့မရပေမိုးလင်းတော့မှလေတိုက်တာတဖြေးဖြေးရပ်သွားသည်။ညစောင့်ဖြစ်‌နေတဲ့လင်ပန့်ရှရုတ်တရက်အနက်ရောင်အဆောက်အအုံတစ်ခုတွေ့လိုက်ရသည်။သူအစကအမြင်မှားတယ်ထင်နေပေမယ့်လေတိုက်တာရပ်သွားတော့မှအမြင်မမှားဘူးဆိုတာသေချာသွားတယ်သူတို့နဲ့သိပ်မဝေးတဲ့နေရာတစ်ခုမှာတကယ်ပဲမြို့သေးသေးလေးပေါ်လာတယ်

"လီစူးလီစူး!!"လင်ပန့်ရှလီစူးကိုလှုပ်နှိုးနေရင်းအော်ပြောလိုက်တယ် : "အမြန်ထ"

လီစူးအိပ်ချင်မူးတူးဖြင့် : "ဘာဖြစ်လို့လဲ?"

လင်ပန့်ရှပြောလိုက်တယ် : "မင်းကြည့်မင်းကြည့်!"

လီစူးလင်ပန့်ရှပြတဲ့နေရာကိုတွေ့တော့မျက်လုံးထဲတစ်ချက်လက်သွားသည်လင်ပန့်ရှကဆိုတယ် : "ဒါငါတို့ရှာရမယ့်နေရာလားအထဲမှာဘာရှိနေလို့လဲ?"

"ရှူး"လီစူးတိတ်တိတ်နေဖို့ပြောလာသည်။ကြည့်ရတာကြောက်ပြီးစိတ်လှုပ်ရှားနေသလိုပဲသူဘေးမှာအိပ်မောကျနေတဲ့ရှဲ့အာကိုက်ကိုတစ်ချက်ကြည့်လိုက်ရင်းဆိုသည်: "ငါတို့သွားရမှာ"

လင်ပန့်ရှသူ့အမူအရာလေးနက်နေတာကိုတွေ့တော့စိတ်ထဲထူးဆန်းသွားတယ်ဒီမြို့လေးနဲ့သူတို့နဲ့လုံးဝမဝေးဘူးဘာလို့လီစူးရဲ့လေသံကဘာလို့ဒီလောက်လေးနက်နေတာလဲမြို့လေးဆီရောက်ဖို့ကလွယ်ကူတဲ့ကိစ္စမဟုတ်သလိုပဲလင်ပန့်ရှစဉ်းစားနေတုန်းလီစူးရှဲ့အာကိုက်ကိုနှိုးလိုက်သည်

"ရှဲ့အာကိုက်"လီစူးကပြောတယ်"မင်းအဆင်ပြေသေးလား?"

ရှဲ့အာကိုက်မျက်လုံးပွင့်လာပြီးအကြည့်ထဲကရှုပ်ထွေးမှု‌တွေအမြန်ပျောက်သွား၏။လီစူးမေးတာကိုကြားတော့ခေါင်းငြိမ့်ပြသည်

"မင်းငါတို့နဲ့အတူလိုက်ချင်လား?မလိုက်ချင်လည်းကိစ္စမရှိဘူး"လီစူးကပြောတယ် "ငါတို့မင်းအတွက်အစာများများချန်ခဲ့မယ်မင်းဒီမှာပဲငါတို့ကိုစောင့်နေ......."

ရှဲ့အာကိုက်ကပြောတယ် : "ငါမင်းတို့နဲ့အတူလိုက်ချင်တယ်"

လီစူးမှပြောသည် : "မင်းသေချာလား?"

ရှဲ့အာကိုက်ကဆိုတယ် : "သေချာတယ်"သူ့အကြည့်ကခိုင်မာနေပြီးလီစူးကိုနည်းနည်းလေးမှတွန့်ဆုတ်မနေပဲပြန်‌ဖြေလာ၏။

"ကောင်းပြီ"လီစူးမှပြောသည်"အဲ့ဒါဆိုငါတို့ထွက်ကြမယ်"

သုံးယောက်လုံးအိတ်တွေသယ်လိုက်ပြီးခရီးထပ်ဆက်ကြသည်။တစ်လမ်းလုံးတိတ်ဆိတ်နေပြီးလီစူးကစကားသိပ်မပြောချင်သလိုပဲတစ်ဦးတည်းသောဘာသာပြန်သူမပြောတော့လင်ပန့်ရှနဲ့ရှဲ့အာကိုက်လည်းပြောလို့မရပေ

မြို့လေးနဲ့နီးလာလေလေလင်ပန့်ရှလည်းအရှေ့ကအဆောက်အအုံကိုရှင်းရှင်းလင်းလင်းတွေ့ရလေလေပင်ဒါကကျောက်တုံးတွေနဲ့ဆောက်ထားတာအပေါ်ဘက်မှာအစိမ်းရောင်ရေညှိတွေရှိနေပြီးလူရိပ်တောင်မတွေ့ပေတည်ဆောက်ပုံကိုကြည့်ရင်လူနေတာနဲ့မတူပဲဘုံကျောင်းနဲ့ပိုတူနေ၏။ဒါပေမဲ့နှစ်ကြာနေတာကြောင့်ပျက်စီးနေပြီပတ်ပတ်လည်မှာလည်းတိုင်တွေဝိုင်းထားပြီးအပေါက်ဝမှာလည်းတံခါးခုံးတစ်ခုရှိနေတယ်အပေါ်မှာလည်းရှုပ်ရှပ်ခတ်နေတဲ့ပုံတွေကြောင့်တံခါးကိုလုပ်တဲ့လက်သမားမှာအတော်ကောင်းတဲ့စွမ်းရည်ရှိနေတယ်ဆိုတာသိနိုင်တယ်

တံခါးပေါက်ကိုရောက်တော့တစ်လျှောက်လုံးစိတ်လှုပ်ရှားနေတဲ့လီစူးကရုတ်တရက်သက်ပြင်းချလိုက်ပြီးဆိုသည် : "နောက်ဆုံးတော့ဝင်လို့ရပြီ____"

လင်ပန့်ရှကပြောတယ် : "မင်းဘာလို့ဒီလောက်စိတ်လှုပ်ရှားနေတာလဲ?"

လီစူးကဆိုတယ် : "ငါတို့အရင်အဖွဲ့ကလည်းဒီမြို့လေးကိုတစ်ခါတွေ့ဖူးတယ်"

လင်ပန့်ရှကဆိုတယ် : "အဲ့ဒါဆိုမင်းတို့ဘာလို့ဝင်လို့မရတာလဲ?"

လီစူးကပြောတယ် : "အဖွဲ့ထဲမှာမဝင်ချင်တဲ့သူရှိနေလို့"

လင်ပန့်ရှခဏလောက်တိတ်သွား၏။ရုတ်တရက်လီစူးဆိုလိုတာကိုနားလည်သွားတယ်သူအတွေ့အကြုံရှိဖူးတာကြောင့်ဒီနေရာရဲ့ပုံမှန်မဟုတ်တာကိုခံစားမိတယ်အားလျဲ့ခဲ့ရှဲ့သူ့ကိုရွှေနဲ့ဆွဲဆောင်သလိုမျိုးဒီနေရာကလည်းလူ့စိတ်ထဲကနေအတောင့်တဆုံးအရာကိုစောင့်နေတယ်ဒါပေမဲ့လူ့စိတ်ကရှုပ်ထွေးနေမယ်ဆိုရင်အတောင့်တဆုံးအရာကလည်းစိတ်ရှိသလိုပြောင်းနိုင်တယ်လီစူးရဲ့အဖွဲ့ကလည်းဒီအဆောက်အအုံထဲဝင်ဖို့လုပ်ဖူးတယ်မနီးစပ်ခင်မှာပဲအဖွဲ့ထဲကတစ်ယောက်ကစိတ်ပြောင်းသွားခဲ့တယ်

"မဝင်ချင်ဘူးငါဒီနားမကပ်ချင်ဘူးကြောက်တယ်ပြန်သွားချင်တယ်" တောင့်တမှုကအကြောင်းအရင်းဖြစ်သွားသည်။လီစူးတို့အရှေ့ကအဆောက်အအုံလည်းပျောက်သွားပြီးပုံမှန်မဟုတ်တဲ့တောထဲနောက်တစ်ခေါက်ပြန်ရောက်လာရ၏။အရာအားလုံးအချည်းနှီးပင်

လီစူးလင်ပန့်ရှကိုအမှန်မပြောရဲတာကလည်းဒီမြို့လေးပေါ်လာရင်အဲ့ဒီလိုဖြစ်သွားမှာကြောက်လို့ပဲ

ရှဲ့အာကိုက်သူတို့ပြောနေတာကိုနားမလည်တာကြောင့်ဒါကိုဂရုမစိုက်ပေအန္တရာယ်မရှိတာသေချာတော့အရင်ဝင်သွားသည်။

"ဒီထဲကဟာကပလ္လင်ထင်တယ်"ရှဲ့အာကိုက်ပတ်ပတ်လည်ကိုစစ်ကြည့်ရင်းဆိုသည် : "မြေပုံပေါ်မှာကဒီထဲမှာ........မြို့လေးရှိသင့်တာမလား?"

လီစူးမြေပုံကိုကြည့်ရင်းဆိုလိုက်သည် : "ဟုတ်တယ်"

သူအထဲကိုဆက်လျှောက်သွားပြီးရုတ်တရက်ရပ်လိုက်ရင်းပြောသည် : "အဲ့ဒါကဘာလဲ?"

လင်ပန့်ရှလီစူးအတိုင်းလိုက်ကြည့်လိုက်တော့မြေပေါ်မှာသွေးကွက်တွေရှိနေတယ်ဒါကအရေးအကြီးဆုံးမဟုတ်သေးဘူးအရေးအကြီးဆုံးကဒီသွေးကွက်တွေလတ်ဆတ်နေသေးတယ်သူတို့အရင်တစ်ယောက်ယောက်ဒီကိုရောက်လာတယ်!!

"မင်းရဲ့အဖွဲ့လား?ဒါမှမဟုတ်စုန့်ချင်းလော်တို့လား?"လင်ပန့်ရှစိတ်လှုပ်ရှားလာသည်။

"သွားကြည့်ရမယ်"လီစူးသွေးကွက်အတိုင်းလိုက်သွားသည်။

ဒီသွေးကွက်ကဆက်တိုက်ဖြစ်နေတယ်တစ်ခုအရှေ့ကိုရောက်မှရုတ်တရက်ပြတ်သွားတယ်လင်ပန့်ရှမြေပေါ်ဆောင့်ဆောင့်ထိုင်စစ်ကြည့်လိုက်ပြီးတော့ပျော်ရွှင်စွာဆိုလိုက်တယ် : "ဒီအပေါ်မှာလွတ်နေတာ"သူအားနဲ့ခေါက်လိုက်ပြီး "အောက်မှာမြေအောက်လမ်းတစ်ခုရှိလိမ့်မယ်"

"ငါလာမယ်"လီစူးကပြောတယ်

လင်ပန့်ရှအစကသူတစ်ခုခုနဲ့ဖွင့်မယ်လို့ထင်ပေမယ့်မထင်ထားတာကရှဲ့အာကိုက်ရဲ့သေနတ်ပေါ်လက်တင်လိုက်ပြီးတဒိုင်းဒိုင်းနဲ့နှစ်ချက်ပစ်လိုက်သည်။ကျောက်ပြားကွဲသွားပြီးမှောင်မည်းမည်းလှိုင်ခေါင်းတစ်ခုပေါ်လာ၏။

လှိုင်ခေါင်းထဲကနေသွေးညှီနံ့ထွက်လာပြီးသူတို့ရဲ့နှာခေါင်းထဲအလုအယက်ဝင်လာသည်။လင်ပန့်ရှလီစူးကိုဆင်းရမဆင်းရမေးဖို့လုပ်တုန်းခြေထောက်အောက်လွတ်ထွက်သွားတာကိုခံစားလိုက်ရတယ်သူတို့ခြေထောက်အောက်ကကျောက်ပြားတွေလွတ်သွားတာလီစူးရဲ့သေနတ်တစ်ချက်ကြောင့်သူတို့နင်းထားတဲ့ကျောက်ပြားတွေပါကွဲသွားသည်ပင်

"ငါလူး____"လင်ပန့်ရှမတုံ့ပြန်ရသေးခင်မှာပဲအောက်ကျသွားသည်။သူရှည်လျားကျဉ်းမြောင်းတဲ့ဖြတ်လမ်းထဲရောက်သွားသလိုပဲခန္ဓာကိုယ်ကလည်းနံရံနဲ့တိုက်နေပြီးနောက်ဆုံးမြေပေါ်အပြင်းအထန်ကျသွား၏။လွယ်အိတ်ခံနေလို့တော်သေးတယ်လေးလံတဲ့အရာတစ်ခုဗိုက်ပေါ်ကျလာတာခံစားလိုက်ရပြီးအန်ထွက်တော့မလိုပဲ

"အား____"ရှဲ့အာကိုက်၏အော်သံပင်

"အမြန်အမြန်ငါ့ပေါ်ကဆင်းငါမင်းဖိလို့သေတော့မယ်____"လင်ပန့်ရှအော်လိုက်သည်။

ရှဲ့အာကိုက်လင်ပန့်ရှဘာအော်နေမှန်းမသိပေမယ့်သူ့အော်သံကနေအဖိခံထားရတာကိုသိလိုက်၏။ဒါကြေင့်အလျင်စလိုသူ့ကိုယ်ပေါ်ကနေဆင်းလိုက်တယ်

လင်ပန့်ရှဗိုက်ကိုအုပ်ထားရင်းခဏလောက်ငြိမ်နေပြီးမှအဆင်ပြေသွားသည်။သူ့နံရိုးကျိုးသွားပြီထင်တယ်ပတ်ပတ်လည်မှာမည်းမှောင်နေပြီးသွေးညှီနံ့တွေနဲ့စိုစွတ်နေ၏။

သူနံရံကိုကိုင်ရင်းမတ်တပ်ရပ်လိုက်ပြီးခေါ်လိုက်သည် : "လီစူးလီစူးမင်းဘယ်မှာလဲ?"

လီစူးဆီကအသံမကြားရပေ

လင်ပန့်ရှတတောက်တောက်သံကြားလိုက်ရတယ်တစ်ခုခုသူ့နဖူးနဲ့မျက်နှာပေါ်အဆက်မပြတ်ကျလာသလိုပဲသူသုတ်ကြည့်လိုက်တော့သွေးညှီနံ့ရလိုက်၏။လင်ပန့်ရှခေါင်းမော့လိုက်ပြီးခေါင်းပေါ်ကဟာကိုကြည့်လိုက်သည်။

စာရေးသူတွင်ပြောစရာရှိပါသည် :

လီစူး : ရုရှားကိုလာရင်းအများကြီးရလိုက်တယ်မလား?

လင်ပန့်ရှ : ဟုတ်တယ်နော်မလေ့လာရတာကြာနေတဲ့အင်္ဂလိပ်စာလည်းလေ့ကျင့်ဖြစ်တယ်ဒေါ်လာတစ်ရွက်လည်းရလိုက်တယ်ငါစုန့်ချင်းလော်ဆီသေချာလေးအစီအရင်ခံပေးမယ်နော်

လီစူး : .........ငါ့ကိုမတိုင်လို့မရဘူးလား?

စုန့်ချင်းလော်ဓားဆွဲလျက်အမြန်လာနေသည်။

ဟားဟားဟားဟားစာရေးသူမှားရေးထားတာအရိပ်အမြွတ်ပေးတာမဟုတ်ပါဘူး!!

___________________

sayကလေတရုတ်မှာကိုအဲ့လိုရေးထားတာ‌အဲ့ဒါကြောင့်အဲ့လိုပဲပြန်ထည့်လိုက်ပါတယ်နော်

နောက်ဆုံးတစ်ခု~ဒါကိုအရှေ့မှာဘာသာပြန်သူတစ်ယောက်ရှိပါသေးတယ်တချို့တော့သိမယ်တချို့တော့မသိသေးဘူးပေါ့နော်ဘာသာပြန်သူမတူပါဘူးနော်(⁠◍⁠•⁠ᴗ⁠•⁠◍⁠)⁠❤
___________________

Zawgyi

အပိုင္း ၃၄ [ ကတိျပဳထားေသာေျမ ] (7)

⟨⟨အလယ္သို႔ေရာက္ရွိျခင္း⟩⟩

အရင္အတိုင္းေနသာေန၏။တစ္မ်ိဳးေျပာရရင္သူတို႔ဒီထဲစေရာက္လာကတည္းကမိုး႐ြာဖို႔မျမင္ေပ။လင္ပန႔္ရွတို႔သုံးေယာက္အထုပ္အပိုးဆြဲမနက္စာစားၿပီးခရီးဆက္လိုက္သည္။သူတို႔အရင္ဆုံးအေရွ႕ကျမစ္က်ယ္ကိုျဖတ္ရမည္။ဒါေပမဲ့မနက္‌ေပျမစ္ကမေန႔ကလင္ပန႔္ရွငါးဖမ္းခ်ိန္မွာအနက္ဆုံးေနရာကဒူးေခါင္းေလာက္ပဲရွိတယ္လြယ္အိတ္လြယ္လိုက္ၿပီးသတိနဲ႔ျဖတ္လိုက္သည္။

လင္ပန႔္ရွရဲ႕ေရကူးႏိုင္စြမ္းေကာင္းတာေၾကာင့္အေရွ႕ဆုံးမွာေစတန႔ာဝန္ထမ္းသြားလုပ္လိုက္သည္။လီစူးကႏွစ္ေယာက္ေျမာက္ျဖစ္ၿပီးရွဲ႕အာကိုက္ကေနာက္ဆုံးျဖစ္သည္။သူကဖိနပ္နဲ႔ေျခအိတ္ေတြကိုခြၽတ္လိုက္ၿပီးေဘာင္းဘီကိုလည္းလိပ္တင္လိုက္သည္။သတိႀကီးႀကီးနဲ႔ေခ်ာေနတဲ့ေက်ာက္တုံးေတြကေနပဲတစ္ဖက္ကိုကူးလာသည္။သူတို႔ကူးလာမည္ဟုလက္ျပလာ၏။

မနက္ေရာက္ေတာ့လီစူးကအျပည့္အစုံျပင္ထားသည္။ေနကာမ်က္မွန္နဲ႔ႏွာေခါင္းစည္းကိုဝတ္ထားၿပီးလက္နက္ကိုပါျပင္ထားသည္။လင္ပန႔္ရွလိုပဲသူလည္းေဘးကင္းကင္းနဲ႔တစ္ဖက္ကမ္းကိုေရာက္သြားသည္။

ရွဲ႕အာကိုက္အလွည့္ေရာက္လာ၏။တကယ္ေတာ့သူကသုံးေယာက္ထဲမွာအသန္ဆုံးပဲ‌အေရွ႕ကေရစီးေၾကာင္းကိုျဖတ္ဖို႔ဆိုရင္အခက္အခဲမရွိႏိုင္ဘူးအဲ့ဒါေၾကာင့္လင္ပန႔္ရွနဲ႔လီစူးတို႔သိပ္စိတ္မပူခဲ့ဘူးဒါေပမဲ့႐ုတ္တရက္မေတာ္တဆတစ္ခုျဖစ္သြားတယ္

ျမစ္အလယ္ကိုေရာက္ေနတဲ့ရွဲ႕အာကိုက္တစ္ခ်က္ေခ်ာ္သြားၿပီးလူတစ္ေယာက္လုံးျမစ္ထဲက်သြားသည္။ျမစ္ေရကမနက္တာေၾကာင့္သူခ်က္ခ်င္းထလာလို႔ရေပမယ့္မထင္ထားတာကသူ႔ကိုမေတြ႕ရေတာ့ပဲ႐ုန္းကန္ေနတဲ့ေရေတြကိုပဲေတြ႕လိုက္ရတယ္

လင္ပန႔္ရွမူမမမွန္တာကိုခ်က္ခ်င္းသတိျပဳမိလိုက္တာေၾကာင့္သူမတုံ႔ဆိုင္းပဲေရထဲခုန္ခ်လိုက္သည္။ေတြ႕ေတြ႕ခ်င္းပဲရွဲ႕အာကိုက္ဘာလို႔မ႐ုန္းႏိုင္လဲဆိုတာနားလည္လိုက္၏။သူ႔ေျခေထာက္ေပၚမွာႀကိဳးလိုမ်ိဳးအရာေတြနဲ႔ခ်ည္ခံထားရတယ္အစကလင္ပန႔္ရွေရႏြယ္ဒါမွမဟုတ္တစ္ခုခုလို႔ထင္ထားေပမယ့္သူနီးလာေတာ့အဲ့ဒါကေႁမြလိုမ်ိဳးရွည္ထြက္ေနတဲ့လူရဲ႕လက္ဆိုတာေတြ႕လိုက္ရတယ္ဒီလက္ရဲ႕လက္ေမာင္းကေနရွည္ေနၿပီးျမစ္ရဲ႕ၾကမ္းေပၚႏုန္းေတြကေနထြက္လာတာႀကိဳးလိုမ်ိဳးရွဲ႕အာကိုက္ကိုအေသဆြဲထားရင္းသူ႔ကိုတ႐ြတ္တိုက္ဆြဲထားသည္။ရွဲ႕အာကိုက္အားနည္းစြာ႐ုန္းကန္ေနရင္းပါးစပ္ထဲကေနလည္းပူေဖာင္းေတြထြက္လာသည္။ၾကည့္ရတာမျဖစ္ေတာ့ေပလင္ပန႔္ရွအဲ့ဒီအရာကိုဆြဲလိုက္ၿပီးဓားေျမႇာင္နဲ႔ျဖတ္လိုက္သည္။ေႁမြလိုမ်ိဳးရွည္လ်ားတဲ့အဲ့ဒီဟာကိုမနားတမ္းျဖတ္ေနလိုက္သည္။ကံေကာင္းတာကဒီဟာေတြကိုအျမန္ရွင္းလို႔ရတာပဲလင္ပန႔္ရွရွဲ႕အာကိုက္ရဲ႕ခႏၶာကိုယ္အေလးႀကီးကိုတ႐ြတ္တိုက္ဆြဲရင္းႀကိဳးႀကိဳးစားစားျမစ္ေပၚျပန္သြားလိုက္သည္။ေခ်ာင္းဆိုးလိုက္ရင္းေအာ္လိုက္သည္ : "အျမန္_လက္တစ္ဖက္ဆြဲေပး__အရမ္းေလးတယ္_"

လီစူးအျမန္လက္ဆန႔္လိုက္ၿပီးႏွစ္ေယာက္လုံးကိုဆြဲတင္လိုက္၏။

လင္ပန႔္ရွကမ္းေပၚတက္လာၿပီးအသက္ဆက္တိုက္ရွဴလိုက္ရင္း : "ရွဲ႕အာကိုက္မင္းဘယ္လိုေနလဲ?"

သူေျပာတာကိုရွဲ႕အာကိုက္နားမလည္ေပသူေရေတြကိုအန္ထုတ္လိုက္ၿပီးတည္ၿငိမ္သြားမွ႐ုရွားစကားနဲ႔ေျပာေနသည္။ေလသံကိုနားေထာင္ၾကည့္သေလာက္ေတာ့ဆဲေနသည္ထင္

"အဲ့ဒီျမစ္ထဲကဟာကဘာလို႔ငါတို႔ႏွစ္ေယာက္ကိုက်ေတာ့မတိုက္ခိုက္ရတာလဲ?"လင္ပန႔္ရွအထူးအဆန္းဆိုလိုက္သည္ "ေရနဲ႔ေျမကသူ႔လူသူစားရတာႀကိဳက္တာလား?"

လီစူးရယ္ရမလိုငိုရမလိုနဲ႔ : "ဒီလိုအခ်ိန္မင္းဟာသမေျပာပါနဲ႔လား"သူနဲ႔ရွဲ႕အာကိုက္ေျပာၾကည့္ၿပီးသူအဆင္ေျပေၾကာင္းသိမွစိတ္ေလွ်ာ့လိုက္သည္။

ဒါေပမဲ့ရွဲ႕အာကိုက္အသက္ရွင္ေနေပမယ့္သူ႔အိတ္ကေတာ့ျမစ္ေရနဲ႔ေမ်ာပါသြားသည္။တစ္ကိုယ္လုံးစို႐ႊဲေနၿပီးေလေအးတစ္ခ်က္တိုက္သြားေတာ့လင္ပန႔္ရွတုန္တက္သြား၏ : "ငါးလပိုင္းပဲရွိေသးတာကိုဘာလို႔ဒီေလာက္ေအးေနတာလဲ"

"ေပါင္ေပ့ဒါက႐ုရွားေလ"လီစူးကေျပာတယ္"အရင္ဆုံးမီးေမႊးရေအာင္မင္းတို႔အဝတ္ေတြကိုေျခာက္ေအာင္လုပ္လိုက္အဖ်ားမရွိေစနဲ႔ျပန္သြားလို႔တျခားအဖြဲ႕ဝင္ေတြအေအးမိလို႔ေသသြားတယ္ေျပာရင္ရယ္ခံ‌ေနရမယ္"သူေျပာရင္းသစ္ကိုင္းေျခာက္ေတြသြားရွာၿပီးမီးပုံတစ္ပုံလုပ္လိုက္၏။

လင္ပန႔္ရွကိုယ့္အက်ႌကိုယ္အ‌ေျခာက္ခံလိုက္သည္။

ရွဲ႕အာကိုက္ျပန္ေကာင္းလာေတာ့လင္ပန႔္ရွကိုေက်းဇူးတင္စကားသာဆက္တိုက္ေျပာေနသည္။လင္ပန႔္ရွလက္ရမ္းလိုက္ၿပီး : "မင္းသတိနည္းနည္းထားဦးမင္းကံမေကာင္းဘူးလို႔ခံစားေနရတယ္"

လီစူးကလင္ပန႔္ရွကိုဘာသာကူျပန္ေပးေတာ့ရွဲ႕အာကိုက္ျမစ္ကိုတစ္ခ်က္ၾကည့္လိုက္ၿပီးေျပာသည္ : "အခုမွမင္းတို႔ႏွစ္ေယာက္ကအဲ့ဒီမေကာင္းဆိုးဝါးမဟုတ္ဘူးဆိုတာလုံးဝေသခ်ာသြားတယ္"

"အဲ့ဒါဆိုမေန႔ကမင္းငါ့ကိုဘာလို႔အဲ့ေလာက္လြယ္လြယ္ေလးနဲ႔ေသနတ္ကိုေပးလိုက္တာလဲ?"လီစူးမ်က္ခုံးပင့္လိုက္မိသည္။

"ေသနတ္နဲ႔အပစ္ခံၿပီးေသရတာကနာက်င္ရတဲ့ေသနည္းမဟုတ္ေသးဘူး"ရွဲ႕အာကိုက္ခါးခါးသီးသီးၿပဳံးလိုက္ၿပီး : "အနည္းဆုံးေတာ့.........ငါရီးလ်န္နလိုပုံစံမေျပာင္းခ်င္ဘူး"အရင္‌တုန္းကသူနဲ႔ရီးလ်န္နသေဘာတူခဲ့တာရွိတယ္တကယ္လို႔မ်ားကံမေကာင္းစြာနဲ႔တစ္ေယာက္ေယာက္ကမစ္ရွင္လုပ္ရင္းေၾကာက္စရာေကာင္းတဲ့မေကာင္းဆိုးဝါးအျဖစ္ေျပာင္းသြားခဲ့ရင္လုံးဝစိတ္မေပ်ာ့မိဖို႔ဘာလို႔လဲဆိုေတာ့အဲ့အခ်ိန္က်ရင္အသိစိတ္အားလုံးဖ်က္ဆီးခံလိုက္ရမွာကိုယ္ထပ္မျဖစ္ႏိုင္ေတာ့ဘူးအဲ့လိုအခ်ိန္မွာေပ်ာ္ေပ်ာ္ေသတာပဲေကာင္းတယ္

သူအဲ့လိုကတိေပးထားခဲ့တယ္ဒါေပမဲ့သူ႔စိတ္ထဲမွာေတာ့အဲ့လိုပုံစံေျပာင္းသြားမွာအရမ္းေၾကာက္ေနခဲ့တယ္

လင္ပန႔္ရွသူတို႔ေျပာေနတာကိုနားမလည္တာေၾကာင့္ေဘးမွာပဲအဝတ္အေျခာက္ခံေနလိုက္သည္။

လီစူးသူတည္ၿငိမ္လာတာကိုေတြ႕ေတာ့မွလင္ပန႔္ရွနဲ႔ေနာက္လိုက္တယ္ : "မင္းခုနကသူ႔ကိုတ႐ြတ္တိုက္ဆြဲလာၿပီးေရကူးလာတဲ့ပုံစံကေလဟမ္းစတားေလးကဘီစကြတ္တစ္ခ်ပ္ကိုႀကိဳးႀကိဳးစားစားထမ္းလာတာနဲ႔တူတယ္"

လင္ပန႔္ရွခက္ခက္ခဲခဲနဲ႔ကိုယ့္ရဲ႕မသိမသာ six-pack ကိုၾကည့္လိုက္ၿပီးရွဲ႕အာကိုက္ရဲ႕ရင္ဘတ္အေမႊးေတြကိုထပ္ၾကည့္လိုက္ရင္းညႇိဳးႏြမ္းစြာျဖင့္ : "အဲ့ဒါဆိုဘယ္လိုလုပ္ရမွာလဲငါ့ကိုယ္လုံးကနည္းနည္းပိန္ေန႐ုံကိုငါကဟမ္းစတားတစ္ေကာင္ေပါ့?"

လီစူးတဟားဟားနဲ႔ေအာ္ရယ္လိုက္သည္

မနက္ပိုင္းတစ္ဝက္‌ေလာက္ေရာက္ေတာ့ႏွစ္ေယာက္လုံးရဲ႕အဝတ္ေတြေျခာက္သြားတာေၾကာင့္သုံးေယာက္သားအလယ္ပိုင္းဆီခရီးဆက္ၾကသည္။

သူတို႔ေတာထဲကိုဝင္ေတာ့ပတ္ပတ္လည္ကလီစူးရဲ႕ဗီဒီယိုထဲကနဲ႔ပိုပိုတူလာ၏။လင္ပန႔္ရွသူတို႔ဘာျဖစ္ခဲ့လဲဆိုတာလီစူးကိုသုံးေလးေခါက္ေမးခဲ့ေပမယ့္လီစူးကစကားလႊဲသြားသည္။ဒါေပမဲ့လင္ပန႔္ရွကေတာ့ဆက္လိုက္ေမးေနတုန္းပဲမတတ္ႏိုင္တဲ့အမူအရာနဲ႔ : "ပန႔္ရွမင္းကိုမေျပာျပတာကအေၾကာင္းအရင္းရွိလို႔ေလငါတို႔အလုပ္မွာ........စပ္စုတာကေကာင္းတဲ့ဝါသနာမဟုတ္ဘူးေနာ္တကယ္လို႔ငါ့ကိုေမးရင္ေတာ့ငါမင္းကိုေျပာျပမယ္ဒါေပမဲ့မင္းလွ်ိဳ႕ဝွက္ခ်က္အေသးေလးတစ္ခုသိသြားရင္ေတာင္မင္းေျပာလို႔မရဘူးမဟုတ္ရင္အဲ့ဒီဟာၾကားသြားခဲ့ရင္တျခားတစ္ခုခုထြက္လာႏိုင္တယ္"

"ထားလိုက္ေတာ့"လင္ပန႔္ရွသူေသေသရွင္ရွင္ပါးစပ္ဖြင့္ဖို႔ဆႏၵမရွိေတာ့လက္ေလွ်ာ့လိုက္ဖို႔သာ

ရွဲ႕အာကိုက္နဲ႔လင္ပန႔္ရွတို႔အခ်င္းခ်င္းလူသားေတြဆိုတာအတည္ျပဳႏိုင္ခဲ့ေပမယ့္သူ႔ရဲ႕စိတ္အေျခအေနကေတာ့သိပ္မေကာင္းသလိုပဲဝိညာဥ္မရွိသလိုျဖစ္ေနၿပီးတစ္ခါတေလလီစူးနဲ႔ေျပာရင္ေၾကာင္တက္တက္ျဖစ္ေနၿပီးခဏေလာက္ၾကာမွတုံ႔ျပန္တတ္သည္။

"မင္းဘယ္ေနရာကအဆင္မေျပျဖစ္ေနလို႔လဲ?"လီစူးရွဲ႕အာကိုက္ကိုေမးလိုက္၏။

"မမရွိပါဘူးငါအေတာ္ေလးေကာင္းပါတယ္"ရွဲ႕အာကိုက္မသဲမကြဲျပန္ေျဖရင္းမ်က္ႏွာတစ္ခုလုံးကလည္းငိုက္စိုက္က်ေနလ်က္သူအစကတည္းကခႏၶာကိုယ္ႀကီးေပမယ့္အမည္မသိစိတ္ဓာတ္က်စရာခံစားခ်က္ေပးေနသည္။သူ႔‌ေနာက္မွာတစ္ခုခုလိုက္ေနသလိုမ်ိဳးခဏခဏအေနာက္ကိုလွမ္းၾကည့္ေနသည္။

လီစူးနဲ႔လင္ပန႔္ရွအစကတည္းကသတိထားမိတယ္ဒါေပမဲ့သူတို႔အခုမ်က္စိတဆုံးျမင္ႏိုင္တဲ့ေတာထဲရွိေနတာတကယ္လို႔တစ္ခုခုလိုက္ေနတယ္ဆိုရင္လွည့္လိုက္တာနဲ႔ျမင္ရမွာပဲပုတုတုခ်ဳံပုတ္ေတြကလည္းေနာက္ေယာင္ခံတဲ့သူကိုကြယ္မထားႏိုင္ဘူး

အဲ့ဒီေန႔ညမွာပဲမီးေမႊးၿပီးေတာ့လီစူးကစုန႔္ခ်င္းေလာ္သုံးတာနဲ႔တစ္ပုံစံထဲတူတဲ့အံစားတုံးႏွစ္တုံးကိုထုတ္လိုက္တယ္ရွဲ႕အာကိုက္စိတ္ပိုင္းဆိုင္ရာစမ္းသပ္မႈတစ္ေခါက္ေတာ့လုပ္ရမယ္

အံစာတုံးကိုေတြ႕လိုက္တာနဲ႔ရွဲ႕အာကိုက္ျပာယာခတ္သြားသည္။လင္ပန႔္ရွတကယ္ေတာ့တစ္ေလွ်ာက္လုံးထူးဆန္းေနတယ္သူတို႔အံစာတုံးကိုထုတ္လိုက္တာနဲ႔အေရွ႕ကအံစာတုံးကိုဘာလို႔မေကာင္းဆိုးဝါးထက္ေၾကာက္ေနရတာလဲအရင္က႐ြာထဲမွာေတြ႕ခဲ့ရတဲ့မိုရွင္းေစးလည္းဒီလိုပဲဒါေပမဲ့စုန႔္ခ်င္းေလာ္ရဲ႕တြန္းအားေၾကာင့္မလုပ္ခ်င္ပဲလုပ္လိုက္သည္။

ရွဲ႕အာကိုက္ကအံစာတုံးကိုစိုက္ၾကည့္ေနၿပီးမယူေပ။လည္ေစ့ကလည္းအေပၚေအာက္လႈပ္ခတ္ေနၿပီးလီစူးဆီေတာင္းဆိုေနတဲ့အၾကည့္နဲ႔ၾကည့္လာသည္။လီစူးလက္ထဲကအံစာတုံးကိုမယူရဲေပ

လီစူးကလည္းမေလာပဲၿငိမ္ၿငိမ္သက္သက္နဲ႔ပဲေစာင့္ေန၏။

"ငါဘာမွမျဖစ္ပါဘူး"ရွဲ႕အာကိုက္ကေျပာတယ္"မေခါက္လို႔မရဘူးလား......."

"ေခါက္ပါ"လီစူးေႏြး‌ေထြးတဲ့အသံနဲ႔‌ဆို၏။သူ႔စိတ္အေနအထားကအရမ္းေကာင္းေနသလိုပဲဒီလိုအခ်ိန္မ်ိဳးမွာေတာင္လုံးဝစိတ္မရွည္တာမရွိဘူးတသြင္သြင္စီးဆင္းေနတဲ့ေရလိုမ်ိဳးစိတ္ေတာင္တည္ၿငိမ္ေနေသးတယ္"အနည္းဆုံးေတာ့ကိုယ့္ဘာသာကိုယ္မလိမ္ရေတာ့ဘူးေပါ့"

ရွဲ႕အာကိုက္ခါးသီးစြာတစ္ခ်က္ၿပဳံးလိုက္ၿပီးေနာက္ဆုံးလုပ္လိုက္သည္။တုန္ေနတဲ့လက္ကိုၿငိမ္ေအာင္လုပ္ၿပီးမွအံစာတုံးကိုေျဖးေျဖးခ်င္းယူလိုက္သည္။အသက္ျပင္းျပင္းတစ္ခ်က္ရွဴလိုက္ၿပီးမွေျမေပၚသို႔အံစာပစ္လိုက္၏။ဂလုတ္ဂလုတ္အံစာတုံးလည္သြားၿပီးရပ္သြားေတာ့အျဖဴ 7 အမည္း 6 က်သည္။စုစုေပါင္း76ျဖစ္ၿပီးအႏၲရာယ္ရွိအမွတ္ကိုမေက်ာ္ေသးေပ

"ဟူး_"‌ဒီရလဒ္ကိုေတြ႕ေတာ့ရွဲ႕အာကိုက္သက္ျပင္းရွည္ႀကီးတစ္ခ်က္ခ်မိလိုက္တယ္ဒါကကိုယ္ေတြးတာထက္အမ်ားႀကီးေကာင္းေနေသးတယ္

"ဘာလို႔သူတို႔အားလုံးအဲ့ေလာက္ေၾကာက္ၾကတာလဲ?"လင္ပန႔္ရွထူးဆန္းစြာဆိုတယ္"ကိုယ့္စိတ္အေျခအေနကိုစစ္ၾကည့္တာပဲမဟုတ္လား?"

လီစူးသတိနဲ႔အံစာတုံးကိုျပန္သိမ္းေနရင္းလင္ပန႔္ရွေျပာတာကိုၾကားေတာ့အသံထဲမတတ္ႏိုင္ပဲေျပာလာသည္ : "ပန႔္ရွလူတိုင္းကမင္းလိုမ်ိဳးစိတ္ေႏွးေကြးမေနဘူးေလပုံမွန္စိတ္ညစ္ညမ္းမႈပမာဏကခဏေလးအတြင္းမွာတင္အႏၲရာယ္အမွတ္ကိုခ်ိဳးသြားႏိုင္တယ္ဆိုလိုတာက"

လင္ပန႔္ရွ : "ဘာကိုလဲ?"

"ဆိုလိုတာကမင္း႐ူးသြားႏိုင္တယ္"လီစူးရဲ႕ေလသံကေလးနက္ေနလ်က္"ဒါမွမဟုတ္မင္းတျခားအရာေျပာင္းသြားတာလည္းျဖစ္ႏိုင္တယ္ဒါေတြကေသတာထက္ေၾကာက္ဖို႔ေကာင္းတယ္မင္းစဥ္းစားဖူးလားမင္းအေရွ႕ကေတြ႕ရသမွ်ဟာေတြကတကယ္လို႔အတုေတြျဖစ္ေနမယ္ဆိုရင္ဘယ္ေလာက္ေၾကာက္ဖို႔ေကာင္းလိုက္မလဲ?"သူလင္ပန႔္ရွပိုနားလည္ေစဖို႔ထပ္ေျပာလိုက္သည္"‌ဒီလိုအေျခအေနမွာဆိုရင္မင္းရဲ႕စိတ္ကအကန႔္အသတ္လြန္ေနၿပီဆိုရင္မင္းရဲ႕ပါတနာကမင္းကိုဆုံးျဖတ္ေပးႏိုင္ခြင့္ရွိတယ္__မင္းသေဘာတူခ်က္ေတြကိုေသခ်ာမၾကည့္ခဲ့ဘူးလား?"

လင္ပန႔္ရွ႐ိုး႐ိုးသားသားရွင္းျပလိုက္တယ္ : "လစာနဲ႔အာမခံေၾကးကိုပဲေသခ်ာၾကည့္ခဲ့တယ္ေလ"

လီစူး : ...........

လင္ပန႔္ရွအရွက္ကိုသက္သာရာရ‌ေစဖို႔ေျခာက္ကပ္ကပ္ရယ္မိလိုက္တယ္ : "ဟားဟားဟား"

လီစူးခဏေလာက္တိတ္သြားၿပီးဘာေျပာရမွန္းမသိေတာ့ပဲေနာက္မွတစ္ခြန္းေျပာလိုက္သည္ : "စုန႔္ခ်င္းေလာ္ဒီေကာင္တကယ္ကို training အတန္းေနာက္တစ္ေခါက္ထပ္တက္ဖို႔လိုေနၿပီ!!"

ရွဲ႕အာကိုက္ကစိတ္ပိုင္းဆိုင္ရာစစ္ေဆးမႈလုပ္ၿပီးေပမယ့္အရင္လိုမေပ်ာ္ေတာ့ေပသူ႔ကိုယ္သူ႐ူးေနတယ္ထင္ေပမယ့္အံစာတုံးေပၚကဂဏန္းေတြကသူ႔ကိုေျပာတာကသူ႐ူးဖို႔အေဝးႀကီးလိုေသးတယ္ဒီလိုဆိုရင္သူျမင္လိုက္တဲ့ဟာႀကီးကတကယ္ပဲဘာႀကီးလဲ?ရွဲ႕အာကိုက္ႏႈတ္ခမ္းသပ္လိုက္မိတယ္ျမစ္ေဘးကေနထြက္လာၿပီးေတာ့သူတို႔ေနာက္ကေနတစ္ခုခုလိုက္ေနတယ္လို႔ခံစားမိတယ္အဲ့ဒီဟာရဲ႕ပုံစံကိုမေတြ႕ရအသံလည္းမၾကားရေပမယ့္ရွဲ႕အာကိုက္ကေတာ့ရွင္းရွင္းလင္းလင္းခံစားလို႔ရတယ္တစ္ခုခုကသူ႔ေနာက္လိုက္ေနတယ္အဲ့ဒီအရာကရီးလ်န္နနဲ႔တစ္ပုံစံထဲတူတဲ့မ်က္ႏွာခႏၶာကိုယ္ကလည္းေပ်ာ့စိစိနဲ႔သူမျမင္ႏိုင္တဲ့သဲထဲပုန္းေနသလိုပဲတျခားသူေတြလုံးဝသတိမျပဳမိေပမယ့္ရွဲ႕အာကိုက္သူမ႐ူးဘူးလို႔အတည္ျပဳၿပီးခ်ိန္မွာပိုအဆင္မေျပျဖစ္လာတယ္အ႐ူးတစ္ေယာက္ဆိုရင္ေတြးေနဖို႔မလိုေတာ့ဘူးနာက်င္ဖို႔လည္းမလိုေတာ့ဘူးအခုသူ႔ကိုဝိညာဥ္တစ္ေကာင္ကပ္ေနသလိုပဲဝိညာဥ္ရဲ႕ပုံစံကိုမေတြ႕ႏိုင္ဘူးၿပီးေတာ့သူတစ္ေယာက္ထဲခံစားမိေနတာ

ညဘက္ေရာက္ေတာ့ေတာထဲရွိအပူခ်ိန္မွာပိုက်လာသည္

ဒီေန႔လင္ပန႔္ရွနဲ႔ရွဲ႕အာကိုက္ညေစာင့္မည္ပင္။လီစူးကစိတ္သေဘာထားႀကီးသူျဖစ္တာေၾကာင့္အေစာႀကီးေပ်ာ့ေပ်ာင္းေပ်ာင္းေပါင္းပင္မ်ားခင္းလိုက္ၿပီးအဲ့ဒီအေပၚမွာပဲတဟူးဟူးနဲ႔အိပ္ေပ်ာ္သြားသည္။

အခုကိုးနာရီေက်ာ္ေလာက္ပဲရွိဦးမယ္လင္ပန႔္ရွသိပ္အိပ္မေပ်ာ္တာေၾကာင့္ရွဲ႕အာကိုက္နဲ႔မီးပုံေဘးမွာပဲမီးလႈံေန၏။သူရွဲ႕အာကိုက္စိတ္အေျခအေနမေကာင္းတာကိုေတြ႕ေတာ့သူနဲ႔စကားစျမည္ေျပာခ်င္ေပမယ့္ဘာသာစကားတူမေနေပမေတာက္တေခါက္အဂၤလိပ္စာနဲ႔ပဲခက္ခက္ခဲခဲနဲ႔ႏွစ္ခြန္းေလာက္sayလိုက္သည္။

ရွဲ႕အာကိုက္လည္းအဂၤလိပ္လိုသိပ္မေျပာတတ္ေပဒါေပမဲ့သူလင္ပန႔္ရွနဲ႔စကားေျပာဖို႔ဆႏၵရွိေနေသး၏။လက္နက္အျပည့္နဲ႔ထူးထူးဆန္းဆန္းလီစူးနဲ႔ယွဥ္ရင္သူတို႔ထဲလင္ပန႔္ရွကပဲပုံမွန္လူနဲ႔တူေနသည္။ၿပီးေတာ့ၾကည့္ရတာေပါင္းသင္းဆက္ဆံေရးေကာင္းမယ့္ပုံရွိေနသည္။

ႏွစ္ေယာက္သားျပတ္ေတာင္းျပတ္ေတာင္းနဲ႔ေျပာေနရင္းလင္ပန႔္ရွအေတာ္ေလးအဆင္ေျပလာတယ္လို႔ထင္တယ္သူ႔ရဲ႕အဂၤလိပ္ဘာသာက50-centကေန60-centတိုးသြားတယ္လို႔ခံစားရတယ္ရွဲ႕အာကိုက္ကသူ႔ကိုယ္သူအဂၤလိပ္စာေလ့က်င့္ေရးအေဖာ္ျဖစ္ေနမွန္းမသိပဲလင္ပန႔္ရွကအရမ္းေကာင္းတယ္လို႔ထင္သည္။သူ႔ကိုကယ္႐ုံသာမကႏွစ္သိမ့္ေပးဖို႔ပါႀကိဳးစားေနတယ္

"မင္းအရင္ခဏေလာက္နား‌လိုက္ေလ"လင္ပန႔္ရွသူ႔စိတ္အေျခအေနသိပ္မေကာင္းတာေၾကာင့္သူ႔ကိုမ်ားမ်ားနားခိုင္းလိုက္သည္။သူကေတာ့ဆက္ေနဦးမယ္"ကိစၥတစ္ခုခုရွိရင္ငါမင္းကိုေခၚလိုက္မယ္"

"ေကာင္းၿပီ"ရွဲ႕အာကိုက္ရဲရဲတင္းတင္းမရွိပဲလီစူးေဘးမွာလွဲလိုက္ၿပီးခဏေတာင္မၾကာပဲအသက္ရွဴသံထြက္လာသည္။

လင္ပန႔္ရွမီးပုံေဘးကင္းေစာင့္ေနရင္းေတာထဲကေလတိုက္သံကိုနားေထာင္ေနလိုက္သည္။ဒီမွာအမိုးအကာမရွိတာေၾကာင့္ညတိုင္းေလသံကငိုသံလိုေျပာင္းေျပာင္းလာသည္။သူတို႔ေခါင္းေပၚရစ္ဝဲေနၿပီးအပင္ေတြကပါေလထဲပါလာကာမ်က္စိေရွ႕ေရာက္လာ၏။လင္ပန႔္ရွေလနဲ႔ပါလာတဲ့အပင္ေတြကိုဖမ္းလိုက္ၿပီးမီးပုံထဲထည့္လိုက္သည္။သူေကာင္းကင္ကိုၾကည့္ေနရင္းဒီလိုရႈခင္းထဲထူးျခားဆန္းျပားတဲ့အလွတစ္မ်ိဳးကိုခံစားလိုက္ရသည္။

လင္ပန႔္ရွေကာင္းကင္ကိုၾကည့္ေနခ်ိန္မွာပဲအစကေတာက္ပေနတဲ့ၾကယ္ေတြနဲ႔ေကာင္းကင္ကေနေမွာင္မည္းလာတယ္အစကလင္ပန႔္ရွတိမ္အုပ္သြားတယ္ထင္ေပမယ့္သူ႔နားအနီးမွာတဝီဝီၾကားလိုက္ရခ်ိန္မွာေတာ့သူ႐ုတ္တရက္သေဘာေပါက္သြားတယ္__အဲ့ဒါကအေကာင္တစ္အုပ္ေရာက္လာတဲ့အသံပဲ

"လီစူးရွဲ႕အာကိုက္__အျမန္ထ!!"မူမမွန္တာကိုေတြ႕ေတာ့လင္ပန႔္ရွအသံက်ယ္က်ယ္နဲ႔ေအာ္လိုက္သည္။လီစူးခ်က္ခ်င္းႏိုးလာ၏။ရွဲ႕အာကိုက္လည္းလင္ပန႔္ရွဘာေတြေအာ္ေနမွန္းမသိေပမယ့္သူ႔ေလသံကေနေလာေနတာကိုသိႏိုင္တာေၾကာင့္အျမန္ထလိုက္ၿပီးဘာျဖစ္တာလဲလို႔ေမးလိုက္သည္။

"အေကာင္ေတြအမ်ားႀကီး___"လင္ပန႔္ရွအေလာတႀကီးေျပာလိုက္သည္"ဘာေတြလဲမသိဘူးမင္းတို႔ထၾကေတာ့!"

လီစူးလည္းတဝီဝီသံကိုၾကားမိတာေၾကာင့္ထၾကည့္လိုက္ေတာ့ေကာင္းကင္ကိုဖုံးေနတဲ့အင္းဆက္တစ္အုပ္ကိုေတြ႕လိုက္ရ၏။ဒီအေကာင္ေတြကသဲမုန္တိုင္းလိုမ်ိဳးအရွိန္ျမန္ျမန္နဲ႔သူတို႔ဆီဦးတည္ေနတယ္

"ငါလူးဘယ္ကေနလာတာလဲဟသူ႔ေမဘယ္လိုေျပးရမွာလဲ!"အေတြ႕အႀကဳံမ်ားတဲ့လီစူးေျပးဖို႔ကိုျပန္တြက္ျပသည္။ဒီခဏေလးမွာသူတို႔အင္းစက္အုပ္နဲ႔ၿပိဳင္ေျပးမယ္ဆိုရင္ေတာင္လုံးဝေျပးလို႔မလြတ္ေပသူအသံက်ယ္က်ယ္နဲ႔ဆိုသည္ : "အျမန္_မင္းရဲ႕လြယ္အိတ္ထဲကအဝတ္ေတြနဲ႔အေပၚပိုင္းကိုထုတ္ထားေျမေပၚဝပ္ေနအသက္ဆက္ရွဴထား____"

လင္ပန႔္ရွအျမန္လိုက္လုပ္လိုက္သည္။ရွဲ႕အာကိုက္ဘာျဖစ္ေနလဲမသိေပမယ့္ပတ္ဝန္းက်င္နဲ႔လင္ပန႔္ရွကိုၾကည့္ၿပီးေတာ့တစ္ဝက္ေလာက္နားလည္သြား၏။လီစူးလုပ္တဲ့အတိုင္းအဝတ္ေတြနဲ႔ကိုယ့္ကိုယ့္ကိုဖုံးလိုက္သည္။

ဒါေပမယ့္မ်က္စိတစ္မွိတ္အတြင္းမွာပဲမည္းတူးတူးအင္းစက္အုပ္ကေရာက္ခ်လာတယ္လင္ပန႔္ရွေလျပင္းတစ္ခ်က္တိုက္သြားတာကိုခံစားလိုက္ရၿပီးသူ႔ခႏၶာကိုယ္ကိုတစ္ခုခုကျပင္းျပင္းထန္ထန္ထိုးေနသလိုပဲၿပီးေတာ့

အေရျပားေပၚယားယံလာၿပီးအင္းစက္အုပ္သူ႔ရဲ႕ကိုယ္ေပၚေရာက္လာတာသိသာေန၏။

လီစူးသူတို႔ကိုယ္တိုင္ကယ္ေနရတာကအသုံးမက်တဲ့ႀကိဳးစားမႈဆိုတာသိတယ္ဒီအေကာင္‌ေတြအသားမႀကိဳက္ဖို႔ပဲဆုေတာင္းရမယ္ကံေကာင္းတာကအေကာင္‌ေတြလာၿပီးေတာ့ကိုယ္ေပၚက်လာတာသိေပမယ့္နာက်င္မႈကိုလုံးဝမခံစားရေပအနည္းဆုံးေတာ့ဒီအေကာင္ေတြကအသားမစားဘူး

သူတို႔သုံးေယာက္ေျမေပၚဝပ္ေနၾကၿပီးကိုယ္ေပၚမွာလည္းအေကာင္ေတြျပည့္ေနသည္။အဲ့ဒီအခ်ိန္မွာပဲလင္ပန႔္ရွအဲ့ဒီအေကာင္ေတြရဲ႕ပုံစံကိုေသခ်ာျမင္လိုက္ရတယ္အမည္းေရာင္ပိုးဖလံေတြပဲအေရာင္ကမည္းတူးေနၿပီးေက်ာေပၚမွာလည္းထူးဆန္းတဲ့ပုံတစ္ပုံရွိေနတယ္လင္ပန႔္ရွအစကသာမန္ပိုးဖလံလို႔ပဲထင္ခဲ့ေပမယ့္လင္ပန႔္ရွေရွ႕အထိပ်ံလာခ်ိန္ေမွာင္ေနေပမယ့္မေမွ်ာ္လင့္ပဲပိုးဖလံေပၚရွိထူးထူးဆန္းဆန္းပုံကို႐ုတ္တရက္ေတြ႕လိုက္ရတယ္ဒီပုံကိုတစ္ခ်က္ၾကည့္လိုက္တာနဲ႔အမ်ိဳးသမီးတစ္ေယာက္ရဲ႕မ်က္ႏွာနဲ႔တူေနတယ္လင္ပန႔္ရွေသခ်ာၾကည့္လိုက္ေတာ့ဒီမ်က္ႏွာကတစ္ခါေတြ႕ဖူးတဲ့ရီးလ်န္နနဲ႔အရမ္းတူေနတယ္ဒါေပမယ့္အဂၤါငါးရပ္ကေတာ့အမ်ားႀကီးေျပာင္းလဲေနတယ္အမွတ္မထင္ၾကည့္လိုက္ရင္သူမရဲ႕ပါးစပ္ကိုဖြင့္ထားၿပီးေအာ္ေနသလိုပဲ

ဘယ္ေလာက္ၾကာသြားလဲမသိေတာ့နားေဘးကတဝီဝီအသံေတြတေျဖးေျဖးနည္းသြားသည္။လင္ပန႔္ရွခႏၶာကိုယ္ရဲ႕ေတာင့္တင္းမႈလည္းေလ်ာ့က်သြားတာကိုခံစားရသည္။ခက္ခက္ခဲခဲထၾကည့္လိုက္ေတာ့အင္းဆက္အုပ္က‌အေဝးကိုေရာက္သြားသည္ကိုေတြ႕လိုက္ရ၏။သူခါလိုက္တာေၾကာင့္အက်ႌ ေပၚကအေကာင္ေတြပါျပဳတ္က်သြားသည္။ပတ္ပတ္လည္ကိုၾကည့္လိုက္ၿပီးလီစူးနဲ႔ရွဲ႕အာကိုက္ကိုရွာလိုက္သည္။

"အဟြတ္အဟြတ္အဟြတ္အဟြတ္_"သူနဲ႔မေဝးတဲ့တစ္ေနရာမွာလီစူးလည္းေျမေပၚကေနထလာသည္။ႏွာေခါင္းပိတ္လိုက္ရင္းဆိုသည္ : "႐ြံလို႔ေသေတာ့မယ္႐ြံလို႔ေသေတာ့မယ္"

လင္ပန႔္ရွေျပာလိုက္တယ္ : "မင္းအင္းစက္ေတြကိုေၾကာက္တာလား?"

"အင္းစက္ေတြကိုမေၾကာက္ဘူးပိုးဖလံေတြကိုေၾကာက္တာ"သူဆက္တိုက္ခါလိုက္ၿပီး : "မင္းငါ့ကိုအျမန္ခါေပးပါဦးငါ႐ြံလို႔ေသေတာ့မယ္ရွဲ႕အာကိုက္ေရာ?"

လင္ပန႔္ရွမွေျပာသည္ : "အဲ့ဒီမွာေလ"

သူၫႊန္ျပတဲ့ေနရာမွာရပ္ေနသင့္တဲ့ရွဲ႕အာကိုက္ကအရင္အတိုင္းတုန္ေနၿပီးဝပ္ေန၏။လင္ပန႔္ရွသူ႔ကိုအထူးအဆန္းတစ္ခ်က္ၾကည့္လိုက္ၿပီး : "သူဘာျဖစ္ေနတာလဲ?"

"မသိဘူးေလငါသြားေမးလိုက္မယ္"လီစူးကိုယ္ေပၚကအေကာင္ေတြကိုခါခ်လိုက္ရင္းရွဲ႕အာကိုက္ဆီသြားလိုက္သည္။သူရွဲ႕အာကိုက္ေဘးေရာက္ေတာ့အသံတိုးတိုးနဲ႔သူ႔ကိုဘယ္ေနရာေနလို႔မေကာင္းလည္းေမးလိုက္ေတာ့ရွဲ႕အာကိုက္ျပန္မေျဖေပ

"ရွဲ႕အာကိုက္?မင္းအဆင္ေျပရဲ႕လား?"လီစူးခါးကိုင္းလိုက္ၿပီးသူ႔ရဲ႕ပခုံးကိုေျဖးေျဖးပုတ္လိုက္သည္။

ရွဲ႕အာကိုက္ျပင္းျပင္းထန္ထန္တစ္ခ်က္တုန္သြားၿပီးေျဖးေျဖးခ်င္းမ်က္ႏွာကိုေမာ့လာသည္။သူ႔ရဲ႕မ်က္ႏွာေပၚမွာပိုးဖလံေတြႁပြတ္သိပ္ေနလ်က္လုံးဝကြာသြားမယ့္ပုံမရွိေပ

လီစူးအစကထဲကပိုးဖလံေတြကိုေၾကာက္တာေၾကာင့္ရွဲ႕အာကိုက္ရဲ႕မ်က္ႏွာကိုျမင္ၿပီးတစ္ခ်က္ခုန္မိသြားသည္။လက္တစ္ခုလုံးၾကက္သီးထလာၿပီးလင္ပန႔္ရွဆီပ်ာယာခတ္ေနရင္းေအာ္ေခၚလိုက္သည္ : "ျမန္ျမန္ျမန္ျမန္အျမန္သူ႔ကိုလာကူေပးဦး____"

လင္ပန႔္ရွေျခလွမ္းက်ဲေတြနဲ႔ေလွ်ာက္လာၿပီးရွဲ႕အာကိုက္ရဲ႕မ်က္ႏွာေပၚကလႈပ္ေတာင္မလႈပ္တဲ့ပိုးေကာင္ေတြကိုပုတ္ခ်လိုက္သည္။႐ိုက္ေနရင္းဒီပိုးေကာင္ေတြကသူနဲ႔ရွဲ႕အာကိုက္အေပၚမတူသလိုပဲေသခ်ာေျပာရရင္ပိုးေကာင္ေတြကိုသူတို႔ခႏၶာကိုယ္ကလမ္းပိတ္ထားသလိုပဲရွဲ႕အာကိုက္က်ေတာ့သူ႔ဆီပဲလာတာတခ်ိဳ႕ပိုးဖလံေတြဆိုရင္ရွဲ႕အာကိုက္ရဲ႕နားထဲေတာင္ဝင္ဖို႔ႀကိဳးစားေနၾကတယ္ကံေကာင္းတာကသူတို႔ကအေကာင္ႀကီးေနတာေၾကာင့္အထဲကိုမဝင္ႏိုင္ေပမယ့္တုန္လႈပ္ေအာင္ေၾကာက္စရာေကာင္းေနေသးတယ္

လင္ပန႔္ရွအခ်ိန္တစ္ခုၾကာမွဒီပိုးဖလံေတြကိုအကုန္ခါခ်ႏိုင္သည္။ရွဲ႕အာကိုက္ကိုျပန္ၾကည့္လိုက္ေတာ့လူတစ္ကိုယ္လုံးေနရာမွာတင္ေတာင့္တင္းတင္းနဲ႔ရပ္ေနၿပီးတစ္ခ်က္ေတာင္မလႈပ္‌ပဲေက်ာက္နဲ႔တူေနတယ္မ်က္စံေတာင္မေ႐ႊ႕

"ေလာင္ရႈံးမင္းအဆင္ေျပရဲ႕လား?"လင္ပန႔္ရွသူ႔ကိုစိုးရိမ္စြာေမးလိုက္သည္။

လီစူးလည္းေမးမွသူ႔ရဲ႕မ်က္ခြံတစ္ခ်က္လႈပ္သြားကာအိမ္မက္ကေနႏိုးလာသလိုပင္။ပါးစပ္ကေနလည္းလင္ပန႔္ရွနားမလည္ႏိုင္တဲ့စကားေတြနဲ႔ေရ႐ြတ္ေနသည္။လီစူးကလည္းစကားနည္းနည္းေျပာလိုက္သည္။ရွဲ႕အာကိုက္ကိုႏွစ္သိမ့္ေနသလိုပဲအသုံးဝင္မဝင္မသိေပမယ့္အနည္းဆုံးေတာ့ရွဲ႕အာကိုက္ေရ႐ြတ္ေနတာရပ္သြား၏။

အင္းဆက္အုပ္ကျဖတ္သြားေပမယ့္လည္းသဲေပၚမွာက်ေနတဲ့အေကာင္ေတြကေတာ့တြားသြားေနတုန္း‌ပင္လင္ပန႔္ရွနားဖို႔ေနရာရေအာင္မီးထပ္ထည့္လိုက္ၿပီးအေကာင္ေတြကိုအျမန္ပစ္ထည့္လိုက္သည္။ရွဲ႕အာကိုက္ကေတာ့တစ္ခ်ိန္လုံးေနရာမွာပဲရပ္ေနၿပီးတစ္ခ်က္မွမလႈပ္ပဲ႐ုတ္တရက္လီစူးကိုတစ္ခုခုေမးလိုက္သလိုပဲ

လီစူးနားေထာင္ၿပီးျပန္မေျဖေပ

လင္ပန႔္ရွနားမလည္တာေၾကာင့္လီစူးကိုသာရွဲ႕အာကိုက္ဘာေမးတာလဲလို႔ေမးလိုက္၏။လီစူးလင္ပန႔္ရွကိုတစ္ခ်က္ၾကည့္လိုက္ၿပီးေျပာသည္ : "မင္းအေတာင့္တဆုံးကဘာလဲ?အေၾကာက္ဆုံးကေရာဘာလဲ?"

လင္ပန႔္ရွခဏေလာက္ေတြးလိုက္ၿပီးျပန္ေျဖဖို႔လုပ္ေပမယ့္လီစူးကရပ္ဖို႔ျပလိုက္ၿပီးအိတ္ထဲကေနေဒၚလာတစ္႐ြက္ထုတ္လိုက္ကာလင္ပန႔္ရွရဲ႕ရင္ဘတ္ဆီပုတ္လိုက္ရင္းဆို၏ : "ထားလိုက္ေတာ့ငါမင္းဘာကိုေၾကာက္လဲဆိုတာသိတယ္_လိမၼာတယ္မင္းမီးထပ္ထည့္လိုက္ဦး"

"ဟုတ္လီေကာ!"လင္ပန႔္ရွဘာမွမေၾကာက္ေတာ့ပဲဝမ္းသာပီတိဂြမ္းဆီထိသြားၿပီးမီး‌ထပ္ထည့္ရန္သြားလိုက္သည္

သုံးေယာက္လုံးအိပ္မေပ်ာ္ေတာ့တာေၾကာင့္ရွဲ႕အာကိုက္နဲ႔လီစူးတို႔မီးပုံေဘးထိုင္စကားေျပာေနသည္။လင္ပန႔္ရွကေတာ့မီးပုံကအလင္းနဲ႔လက္ထဲကပိုက္ဆံ႐ြက္ကိုအေလးအနက္သုေတသနလုပ္ေနသည္။ရွဲ႕အာကိုက္ရဲ႕ကိုယ္ေပၚကအေကာင္ေတြကိုခါခ်ၿပီးသြားေပမယ့္စိတ္ထဲမွာေတာ့ trauma ရေန၏။သူ႔ေရွကမီးပုံကိုၾကည့္ေနရင္းသူနဲ႔ရီးလ်န္နရဲ႕အေၾကာင္းေျပာျပလာသည္။

ရီးလ်န္နကသူနဲ႔ပါတနာျဖစ္ေနတာၾကာၿပီပင္ႏွစ္ေယာက္သားအရမ္းညီၿပီးအဆက္အသြယ္ေတာင္ရွိေသးသည္။သူမကိုအရမ္းနားလည္တယ္လို႔သူထင္ေပမယ့္ရီးလ်န္နေသသြားတာသိေတာ့မွသူဒီမိန္းကေလးအေပၚတစ္ခုမွမသိဘူးဆိုတာသိလိုက္ရသည္။သူမကိုယ္ဝန္ရွိေနတာေတာင္မသိေပတကယ္လို႔သူသိခဲ့ရင္သူေသခ်ာေပါက္သူမကိုဒီတစ္ေခါက္မစ္ရွင္ဆီမလိုက္ခိုင္းဘူးသူထြက္သြားမယ့္အခ်ိန္အထိရီးလ်န္နရဲ႕တာဝန္မယူတတ္တဲ့ေယာက္်ားဆီေသခ်ာသြားရွာမွာပဲၿပီးရင္သူ႔ကို႐ိုက္ႏွက္ဆုံးမမယ္သူ႔ကို႐ိုက္ရမွာအေခါက္ေပါင္းမ်ားစြာေျပာေနတဲ့စကားထဲေနာင္တနဲ႔နာက်င္မႈေတြကိုေတြ႕ႏိုင္၏

လီစူးေဘးမွာနားေထာင္ေနရင္းဘာမွတ္ခ်က္မွမေပးေပသူဒီမွာလုပ္လာတာၾကာေနတာေၾကာင့္ဒီလိုကိစၥမ်ိဳးကိုေတြ႕ရေပါင္းမ်ားေနၿပီပင္မွတ္တမ္းတင္သူသာမကထူးျခားတဲ့စြမ္းရည္ေတြရွိတဲ့ေစာင့္ၾကည့္သူေတြေတာင္ေသတာဒဏ္ရာရတာ‌ေတြမနည္းေပအယူမွားကေနယူလာတဲ့အႏၲရာယ္ေတြကိုဘယ္သူမွခန႔္မွန္းလို႔မရေပခုခံဖို႔ဆိုရင္ျပင္းထန္တဲ့သတၱိနဲ႔ျပတ္သားတဲ့ဆုံးျဖတ္ခ်က္ရွိမွရမယ္

ဒါေပမဲ့သတၱိရွိတဲ့လူေတြကဘယ္ေလာက္ရွိမွာလဲလီစူးေတြးၾကည့္ေတာ့လူေတာ္ေတာ္မ်ားမ်ားကစမ္းသ္ခ်က္ေတြကိုမခံႏိုင္တဲ့သာမန္လူေတြပဲ

ရီးလ်န္နကလည္းသာမန္လူျဖစ္တယ္အားလ်ဲ႕ခဲ့ရွဲ႕ကလည္းသာမန္လူပဲအဲ့ဒါေၾကာင့္သူတို႔အကုန္ေသရတာသူတို႔ဘယ္လိုေသသြားလဲဆိုတာဘယ္သူမွရွင္းရွင္းလင္းလင္းမသိေသးဘူး

ရွဲ႕အာကိုက္ရဲ႕အသံထဲပိုဝမ္းနည္းလာရင္းေျပာေနသည္ : "ရီးလ်န္နမေသခင္တုန္းကငါ့ကိုအျပစ္တင္ေနေလာက္လား?"

လီစူးကဆိုတယ္ : "သူမကတကယ္လို႔မင္းေျပာသလိုမိန္းကေလးျဖစ္မယ္ဆိုရင္သူမမင္းကိုအျပစ္မတင္ေလာက္ပါဘူး"

"ဒါေပမဲ့ငါ့ရဲ႕အေနာက္မွာသူမတစ္ခ်ိန္လုံးရွိေနလို႔ခံစားရတယ္"ရွဲ႕အာကိုက္အသံက်က်လာၿပီးေလသံထဲမွာလည္းေၾကာက္႐ြံ႕မႈေတြပါေန၏ : "တစ္ခ်ိန္လုံး......ငါ့ေနာက္လိုက္ေနတာ"

လီစူးမ်က္ေမွာင္က်ဳံ႔လိုက္မိတယ္မေန႔ကသူရွဲ႕အာကိုက္ကိုစိတ္စမ္းသပ္မႈလုပ္ခဲ့တာမလို႔ရွဲ႕အာကိုက္႐ူးမေနတာေသခ်ာတယ္အဲ့‌‌ဒါဆိုမ႐ူးေသးတဲ့လူတစ္ေယာက္ကဘာလို႔ဒီလိုစကားေျပာေနတာလဲ?

ဒီေန႔ေကာင္းကင္ကထူးထူးျခားျခားလင္းလာတာေႏွးေနတယ္

ေနက‌တေျဖးေျဖးတက္လာၿပီးေတာက္ပေနေပမယ့္လူကိုလုံးဝေႏြးေထြးတယ္မခံစားရပဲေတာထဲမွာေလပိုျပင္းလာသည္။မီးပုံေဘးမွာအကင္ခံထားရတဲ့ပိုးဖလံေတြရွိေနသည္။သူတို႔အလင္းဘက္ကိုအေျပးအလႊားေျပးလာၾကေပမယ့္အလင္းတုျဖစ္ေနၿပီးတကယ့္အလင္းေရာင္ေရာက္လာေတာ့မထိေတြ႕ႏိုင္ေတာ့ေပ

သုံးေယာက္လုံးခရီးထပ္ဆက္ၾကသည္။

မ်က္စိတဆုံးရွိေနတဲ့ေတာထဲအဆုံးကိုလည္းမျမင္ႏိုင္ေပ

လင္ပန႔္ရွသူတို႔ဒီလိုဘယ္ေလာက္ထိဆက္သြားရမလဲမသိေပဒီအဆုံးမရွိတဲ့ခရီးစဥ္ကလူကိုအရွဴံးေပးခ်င္စိတ္ေပါက္သည္။ပိုးဖလံေတြေရာက္လာၿပီးေတာ့ရွဲ႕အာကိုက္ရဲ႕စိတ္အေျခအေနကလည္းပိုပိုဆိုးလာသည္။ႀကီးေကာင္ႀကီးမားခႏၶာကိုယ္ကလည္းတေျဖးေျဖးကိုင္းလာၿပီးမၾကာမၾကာအေနာက္ကိုျပန္လွည့္လွည့္ၾကည့္ေန၏။ဒါေပမဲ့သူတို႔ရဲ႕ေနာက္မွာေတာပဲရွိေနတယ္ရွဲ႕အာကိုက္ဘာရွာေနလဲဆိုတာဘယ္သူမွမသိေပ

ဒီလိုသြားရင္းငါးရက္ေျခာက္ရက္ၾကာေတာ့ညေနတစ္ခုမွာ႐ုတ္တရက္ေတာထဲေလျပင္းတိုက္လာသည္။ေလထဲသဲေတြပါေနတာေၾကာင့္သူတို႔ရဲ႕အျမင္ေတြကိုပါဖုံးသြားတာေၾကာင့္သုံးေယာက္လုံးရပ္လိုက္ၿပီးစခန္းခ်လိုက္၏

‌ဒီရက္ေတြထဲလင္ပန႔္ရွလီစူးဆီသူတို႔ဦးတည္ရာေနရာကိုအဆက္မျပတ္ေမးေပမယ့္လီစူးကေသေသရွင္ရွင္ေျပာမယ့္ပုံမေပၚပဲေရာက္ရင္သိလိမ့္မယ္သာေျပာတာေၾကာင့္လင္ပန႔္ရွလက္ေလွ်ာ့႐ုံသာ

ေလတစ္ညလုံးတိုက္ေနၿပီးသုံးေယာက္လုံးဘယ္လိုမွေကာင္းေကာင္းအိပ္လို႔မရေပမိုးလင္းေတာ့မွေလတိုက္တာတေျဖးေျဖးရပ္သြားသည္။ညေစာင့္ျဖစ္‌ေနတဲ့လင္ပန႔္ရွ႐ုတ္တရက္အနက္ေရာင္အေဆာက္အအုံတစ္ခုေတြ႕လိုက္ရသည္။သူအစကအျမင္မွားတယ္ထင္ေနေပမယ့္ေလတိုက္တာရပ္သြားေတာ့မွအျမင္မမွားဘူးဆိုတာေသခ်ာသြားတယ္သူတို႔နဲ႔သိပ္မေဝးတဲ့ေနရာတစ္ခုမွာတကယ္ပဲၿမိဳ႕ေသးေသးေလးေပၚလာတယ္

"လီစူးလီစူး!!"လင္ပန႔္ရွလီစူးကိုလႈပ္ႏႈိးေနရင္းေအာ္ေျပာလိုက္တယ္ : "အျမန္ထ"

လီစူးအိပ္ခ်င္မူးတူးျဖင့္ : "ဘာျဖစ္လို႔လဲ?"

လင္ပန႔္ရွေျပာလိုက္တယ္ : "မင္းၾကည့္မင္းၾကည့္!"

လီစူးလင္ပန႔္ရွျပတဲ့ေနရာကိုေတြ႕ေတာ့မ်က္လုံးထဲတစ္ခ်က္လက္သြားသည္လင္ပန႔္ရွကဆိုတယ္ : "ဒါငါတို႔ရွာရမယ့္ေနရာလားအထဲမွာဘာရွိေနလို႔လဲ?"

"ရွဴး"လီစူးတိတ္တိတ္ေနဖို႔ေျပာလာသည္။ၾကည့္ရတာေၾကာက္ၿပီးစိတ္လႈပ္ရွားေနသလိုပဲသူေဘးမွာအိပ္ေမာက်ေနတဲ့ရွဲ႕အာကိုက္ကိုတစ္ခ်က္ၾကည့္လိုက္ရင္းဆိုသည္: "ငါတို႔သြားရမွာ"

လင္ပန႔္ရွသူ႔အမူအရာေလးနက္ေနတာကိုေတြ႕ေတာ့စိတ္ထဲထူးဆန္းသြားတယ္ဒီၿမိဳ႕ေလးနဲ႔သူတို႔နဲ႔လုံးဝမေဝးဘူးဘာလို႔လီစူးရဲ႕ေလသံကဘာလို႔ဒီေလာက္ေလးနက္ေနတာလဲၿမိဳ႕ေလးဆီေရာက္ဖို႔ကလြယ္ကူတဲ့ကိစၥမဟုတ္သလိုပဲလင္ပန႔္ရွစဥ္းစားေနတုန္းလီစူးရွဲ႕အာကိုက္ကိုႏႈိးလိုက္သည္

"ရွဲ႕အာကိုက္"လီစူးကေျပာတယ္"မင္းအဆင္ေျပေသးလား?"

ရွဲ႕အာကိုက္မ်က္လုံးပြင့္လာၿပီးအၾကည့္ထဲကရႈပ္ေထြးမႈ‌ေတြအျမန္ေပ်ာက္သြား၏။လီစူးေမးတာကိုၾကားေတာ့ေခါင္းၿငိမ့္ျပသည္

"မင္းငါတို႔နဲ႔အတူလိုက္ခ်င္လား?မလိုက္ခ်င္လည္းကိစၥမရွိဘူး"လီစူးကေျပာတယ္ "ငါတို႔မင္းအတြက္အစာမ်ားမ်ားခ်န္ခဲ့မယ္မင္းဒီမွာပဲငါတို႔ကိုေစာင့္ေန......."

ရွဲ႕အာကိုက္ကေျပာတယ္ : "ငါမင္းတို႔နဲ႔အတူလိုက္ခ်င္တယ္"

လီစူးမွေျပာသည္ : "မင္းေသခ်ာလား?"

ရွဲ႕အာကိုက္ကဆိုတယ္ : "ေသခ်ာတယ္"သူ႔အၾကည့္ကခိုင္မာေနၿပီးလီစူးကိုနည္းနည္းေလးမွတြန႔္ဆုတ္မေနပဲျပန္‌ေျဖလာ၏။

"ေကာင္းၿပီ"လီစူးမွေျပာသည္"အဲ့ဒါဆိုငါတို႔ထြက္ၾကမယ္"

သုံးေယာက္လုံးအိတ္ေတြသယ္လိုက္ၿပီးခရီးထပ္ဆက္ၾကသည္။တစ္လမ္းလုံးတိတ္ဆိတ္ေနၿပီးလီစူးကစကားသိပ္မေျပာခ်င္သလိုပဲတစ္ဦးတည္းေသာဘာသာျပန္သူမေျပာေတာ့လင္ပန႔္ရွနဲ႔ရွဲ႕အာကိုက္လည္းေျပာလို႔မရေပ

ၿမိဳ႕ေလးနဲ႔နီးလာေလေလလင္ပန႔္ရွလည္းအေရွ႕ကအေဆာက္အအုံကိုရွင္းရွင္းလင္းလင္းေတြ႕ရေလေလပင္ဒါကေက်ာက္တုံးေတြနဲ႔ေဆာက္ထားတာအေပၚဘက္မွာအစိမ္းေရာင္ေရညႇိေတြရွိေနၿပီးလူရိပ္ေတာင္မေတြ႕ေပတည္ေဆာက္ပုံကိုၾကည့္ရင္လူေနတာနဲ႔မတူပဲဘုံေက်ာင္းနဲ႔ပိုတူေန၏။ဒါေပမဲ့ႏွစ္ၾကာေနတာေၾကာင့္ပ်က္စီးေနၿပီပတ္ပတ္လည္မွာလည္းတိုင္ေတြဝိုင္းထားၿပီးအေပါက္ဝမွာလည္းတံခါးခုံးတစ္ခုရွိေနတယ္အေပၚမွာလည္းရႈပ္ရွပ္ခတ္ေနတဲ့ပုံေတြေၾကာင့္တံခါးကိုလုပ္တဲ့လက္သမားမွာအေတာ္ေကာင္းတဲ့စြမ္းရည္ရွိေနတယ္ဆိုတာသိႏိုင္တယ္

တံခါးေပါက္ကိုေရာက္ေတာ့တစ္ေလွ်ာက္လုံးစိတ္လႈပ္ရွားေနတဲ့လီစူးက႐ုတ္တရက္သက္ျပင္းခ်လိုက္ၿပီးဆိုသည္ : "ေနာက္ဆုံးေတာ့ဝင္လို႔ရၿပီ____"

လင္ပန႔္ရွကေျပာတယ္ : "မင္းဘာလို႔ဒီေလာက္စိတ္လႈပ္ရွားေနတာလဲ?"

လီစူးကဆိုတယ္ : "ငါတို႔အရင္အဖြဲ႕ကလည္းဒီၿမိဳ႕ေလးကိုတစ္ခါေတြ႕ဖူးတယ္"

လင္ပန႔္ရွကဆိုတယ္ : "အဲ့ဒါဆိုမင္းတို႔ဘာလို႔ဝင္လို႔မရတာလဲ?"

လီစူးကေျပာတယ္ : "အဖြဲ႕ထဲမွာမဝင္ခ်င္တဲ့သူရွိေနလို႔"

လင္ပန႔္ရွခဏေလာက္တိတ္သြား၏။႐ုတ္တရက္လီစူးဆိုလိုတာကိုနားလည္သြားတယ္သူအေတြ႕အႀကဳံရွိဖူးတာေၾကာင့္ဒီေနရာရဲ႕ပုံမွန္မဟုတ္တာကိုခံစားမိတယ္အားလ်ဲ႕ခဲ့ရွဲ႕သူ႔ကိုေ႐ႊနဲ႔ဆြဲေဆာင္သလိုမ်ိဳးဒီေနရာကလည္းလူ႔စိတ္ထဲကေနအေတာင့္တဆုံးအရာကိုေစာင့္ေနတယ္ဒါေပမဲ့လူ႔စိတ္ကရႈပ္ေထြးေနမယ္ဆိုရင္အေတာင့္တဆုံးအရာကလည္းစိတ္ရွိသလိုေျပာင္းႏိုင္တယ္လီစူးရဲ႕အဖြဲ႕ကလည္းဒီအေဆာက္အအုံထဲဝင္ဖို႔လုပ္ဖူးတယ္မနီးစပ္ခင္မွာပဲအဖြဲ႕ထဲကတစ္ေယာက္ကစိတ္ေျပာင္းသြားခဲ့တယ္

"မဝင္ခ်င္ဘူးငါဒီနားမကပ္ခ်င္ဘူးေၾကာက္တယ္ျပန္သြားခ်င္တယ္" ေတာင့္တမႈကအေၾကာင္းအရင္းျဖစ္သြားသည္။လီစူးတို႔အေရွ႕ကအေဆာက္အအုံလည္းေပ်ာက္သြားၿပီးပုံမွန္မဟုတ္တဲ့ေတာထဲေနာက္တစ္ေခါက္ျပန္ေရာက္လာရ၏။အရာအားလုံးအခ်ည္းႏွီးပင္

လီစူးလင္ပန႔္ရွကိုအမွန္မေျပာရဲတာကလည္းဒီၿမိဳ႕ေလးေပၚလာရင္အဲ့ဒီလိုျဖစ္သြားမွာေၾကာက္လို႔ပဲ

ရွဲ႕အာကိုက္သူတို႔ေျပာေနတာကိုနားမလည္တာေၾကာင့္ဒါကိုဂ႐ုမစိုက္ေပအႏၲရာယ္မရွိတာေသခ်ာေတာ့အရင္ဝင္သြားသည္။

"ဒီထဲကဟာကပလႅင္ထင္တယ္"ရွဲ႕အာကိုက္ပတ္ပတ္လည္ကိုစစ္ၾကည့္ရင္းဆိုသည္ : "ေျမပုံေပၚမွာကဒီထဲမွာ........ၿမိဳ႕ေလးရွိသင့္တာမလား?"

လီစူးေျမပုံကိုၾကည့္ရင္းဆိုလိုက္သည္ : "ဟုတ္တယ္"

သူအထဲကိုဆက္ေလွ်ာက္သြားၿပီး႐ုတ္တရက္ရပ္လိုက္ရင္းေျပာသည္ : "အဲ့ဒါကဘာလဲ?"

လင္ပန႔္ရွလီစူးအတိုင္းလိုက္ၾကည့္လိုက္ေတာ့ေျမေပၚမွာေသြးကြက္ေတြရွိေနတယ္ဒါကအေရးအႀကီးဆုံးမဟုတ္ေသးဘူးအေရးအႀကီးဆုံးကဒီေသြးကြက္ေတြလတ္ဆတ္ေနေသးတယ္သူတို႔အရင္တစ္ေယာက္ေယာက္ဒီကိုေရာက္လာတယ္!!

"မင္းရဲ႕အဖြဲ႕လား?ဒါမွမဟုတ္စုန႔္ခ်င္းေလာ္တို႔လား?"လင္ပန႔္ရွစိတ္လႈပ္ရွားလာသည္။

"သြားၾကည့္ရမယ္"လီစူးေသြးကြက္အတိုင္းလိုက္သြားသည္။

ဒီေသြးကြက္ကဆက္တိုက္ျဖစ္ေနတယ္တစ္ခုအေရွ႕ကိုေရာက္မွ႐ုတ္တရက္ျပတ္သြားတယ္လင္ပန႔္ရွေျမေပၚေဆာင့္ေဆာင့္ထိုင္စစ္ၾကည့္လိုက္ၿပီးေတာ့ေပ်ာ္႐ႊင္စြာဆိုလိုက္တယ္ : "ဒီအေပၚမွာလြတ္ေနတာ"သူအားနဲ႔ေခါက္လိုက္ၿပီး "ေအာက္မွာေျမေအာက္လမ္းတစ္ခုရွိလိမ့္မယ္"

"ငါလာမယ္"လီစူးကေျပာတယ္

လင္ပန႔္ရွအစကသူတစ္ခုခုနဲ႔ဖြင့္မယ္လို႔ထင္ေပမယ့္မထင္ထားတာကရွဲ႕အာကိုက္ရဲ႕ေသနတ္ေပၚလက္တင္လိုက္ၿပီးတဒိုင္းဒိုင္းနဲ႔ႏွစ္ခ်က္ပစ္လိုက္သည္။ေက်ာက္ျပားကြဲသြားၿပီးေမွာင္မည္းမည္းလႈိင္ေခါင္းတစ္ခုေပၚလာ၏။

လႈိင္ေခါင္းထဲကေနေသြးညႇီနံ႔ထြက္လာၿပီးသူတို႔ရဲ႕ႏွာေခါင္းထဲအလုအယက္ဝင္လာသည္။လင္ပန႔္ရွလီစူးကိုဆင္းရမဆင္းရေမးဖို႔လုပ္တုန္းေျခေထာက္ေအာက္လြတ္ထြက္သြားတာကိုခံစားလိုက္ရတယ္သူတို႔ေျခေထာက္ေအာက္ကေက်ာက္ျပားေတြလြတ္သြားတာလီစူးရဲ႕ေသနတ္တစ္ခ်က္ေၾကာင့္သူတို႔နင္းထားတဲ့ေက်ာက္ျပားေတြပါကြဲသြားသည္ပင္

"ငါလူး____"လင္ပန႔္ရွမတုံ႔ျပန္ရေသးခင္မွာပဲေအာက္က်သြားသည္။သူရွည္လ်ားက်ဥ္းေျမာင္းတဲ့ျဖတ္လမ္းထဲေရာက္သြားသလိုပဲခႏၶာကိုယ္ကလည္းနံရံနဲ႔တိုက္ေနၿပီးေနာက္ဆုံးေျမေပၚအျပင္းအထန္က်သြား၏။လြယ္အိတ္ခံေနလို႔ေတာ္ေသးတယ္ေလးလံတဲ့အရာတစ္ခုဗိုက္ေပၚက်လာတာခံစားလိုက္ရၿပီးအန္ထြက္ေတာ့မလိုပဲ

"အား____"ရွဲ႕အာကိုက္၏ေအာ္သံပင္

"အျမန္အျမန္ငါ့ေပၚကဆင္းငါမင္းဖိလို႔ေသေတာ့မယ္____"လင္ပန႔္ရွေအာ္လိုက္သည္။

ရွဲ႕အာကိုက္လင္ပန႔္ရွဘာေအာ္ေနမွန္းမသိေပမယ့္သူ႔ေအာ္သံကေနအဖိခံထားရတာကိုသိလိုက္၏။ဒါေၾကင့္အလ်င္စလိုသူ႔ကိုယ္ေပၚကေနဆင္းလိုက္တယ္

လင္ပန႔္ရွဗိုက္ကိုအုပ္ထားရင္းခဏေလာက္ၿငိမ္ေနၿပီးမွအဆင္ေျပသြားသည္။သူ႔နံ႐ိုးက်ိဳးသြားၿပီထင္တယ္ပတ္ပတ္လည္မွာမည္းေမွာင္ေနၿပီးေသြးညႇီနံ႔ေတြနဲ႔စိုစြတ္ေန၏။

သူနံရံကိုကိုင္ရင္းမတ္တပ္ရပ္လိုက္ၿပီးေခၚလိုက္သည္ : "လီစူးလီစူးမင္းဘယ္မွာလဲ?"

လီစူးဆီကအသံမၾကားရေပ

လင္ပန႔္ရွတေတာက္ေတာက္သံၾကားလိုက္ရတယ္တစ္ခုခုသူ႔နဖူးနဲ႔မ်က္ႏွာေပၚအဆက္မျပတ္က်လာသလိုပဲသူသုတ္ၾကည့္လိုက္ေတာ့ေသြးညႇီနံ႔ရလိုက္၏။လင္ပန႔္ရွေခါင္းေမာ့လိုက္ၿပီးေခါင္းေပၚကဟာကိုၾကည့္လိုက္သည္။

စာေရးသူတြင္ေျပာစရာရွိပါသည္ :

လီစူး : ႐ုရွားကိုလာရင္းအမ်ားႀကီးရလိုက္တယ္မလား?

လင္ပန႔္ရွ : ဟုတ္တယ္ေနာ္မေလ့လာရတာၾကာေနတဲ့အဂၤလိပ္စာလည္းေလ့က်င့္ျဖစ္တယ္ေဒၚလာတစ္႐ြက္လည္းရလိုက္တယ္ငါစုန႔္ခ်င္းေလာ္ဆီေသခ်ာေလးအစီအရင္ခံေပးမယ္ေနာ္

လီစူး : .........ငါ့ကိုမတိုင္လို႔မရဘူးလား?

စုန႔္ခ်င္းေလာ္ဓားဆြဲလ်က္အျမန္လာေနသည္။

ဟားဟားဟားဟားစာေရးသူမွားေရးထားတာအရိပ္အႁမြတ္ေပးတာမဟုတ္ပါဘူး!!

___________________

sayကေလတ႐ုတ္မွာကိုအဲ့လိုေရးထားတာ‌အဲ့ဒါေၾကာင့္အဲ့လိုပဲျပန္ထည့္လိုက္ပါတယ္ေနာ္

ေနာက္ဆုံးတစ္ခု~ဒါကိုအေရွ႕မွာဘာသာျပန္သူတစ္ေယာက္ရွိပါေသးတယ္တခ်ိဳ႕ေတာ့သိမယ္တခ်ိဳ႕ေတာ့မသိေသးဘူးေပါ့ေနာ္ဘာသာျပန္သူမတူပါဘူးေနာ္(⁠◍⁠•⁠ᴗ⁠•⁠◍⁠)⁠❤

___________________

Lanjutkan Membaca

Kamu Akan Menyukai Ini

6.4K 502 20
"What do you want from me?" whispered Virat to the person who stood in the mirror. "You" said the person, wickedly. Rohit Sharma x Virat Kohli. highe...
20.9K 256 19
here's some pics I stole from Four when he wasn't looking, quickly look at them before he com-
3.7K 136 43
We all know how the story goes... A group of 6 highschool students on a fieldtrip that led to a disaster... Which also led them to cross realms betwe...