ချစ်ချင်လို့ ချစ်တာ ( Complet...

By -Pont-00

345K 14.2K 361

ခဏခဏ ရည်းစားစကားအပြောခံနေရရင် အဖြေပေးဖို့ စဉ်းစားတော့လေ အကြောင်းပြချက်ပဲ မေးနေတာ မမောဘူးလား ခင်များ ဦးနှောက... More

အမှာစာ
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
Photo
21
22
23
24
25
26
27
28
29
No update
29. (ZawGyi)
30
30 (ZawGyi)
31
31 (ZawGyi )
A/N
32
32(ZawGyi )
33
33(ZawGyi )
☘️
34
34(ZawGyi )
35
35(ZawGyi )
Hello
36
36(ZawGyi)
37
37(ZawGyi )
38
38(ZawGyi )
FB acc & page
39
39(ZawGyi )
40
40(Zawgyi)
41
41(Zawgyi)
42
42( ZawGyi)
43
43(Zawgyi)
44
44(Zawgyi)
45
45(Zawgyi)
46
46(Zawgyi)
47
47(Zawgyi)
No update
48
48(ZawGyi)
49
49(ZawGyi )
50
50(ZawGyi)
51
(51) Zawgyi
52(Zawgyi)
53 -1. (final)
53-1(final) Zawgyi
53-2 (final)
53-2(final) Zawgyi
Extra (1)
Extra (1) ZawGyi

52

4.2K 147 6
By -Pont-00

..............

လမင်းတို့ ခြံရှေ့ လမ်းမ တစ်ဖက်ခြမ်း၌ ရှိနေသော Transfer
အား ပတ်ကာ ကာရံထားသော အုတ်တံတိုင်း အနောက်တွင် ခြံထဲက အခြေအနေအား ကြည့်နေသော  သန့်စင်ထွန်းတို့နှင့် စိုင်းဟန်လျှမ်း။

သန့်စင်ထွန်းမှာ  ခန့်စေ၏ လုပ်ရပ်ကြောင့် မကြိတ်နိုင်မခဲနိုင်ဖြင့်
နှာတရှူးရှူး ထကာ ....

" ဒီ မေနိုး!... တိုက်ထားတဲ့ ဇာတ်အတိုင်း မကဘဲ မိုးမေလင်းလိုတွေ
    လုပ်ချလိုက်ပြန်ပြီ "

လက်ထဲတွင် ပန်းပွားဖောက်ရန် အသင့်ကိုင်ထားသော အထုတ်အား ပြကာ အိုက်တွမ်က ပြောလာ၏။

"အေးဟ! အဲ့ကောင် လုပ်ချလိုက်တော့ ဒါတွေက ဘာလုပ်ရမှာလဲ"

ဝဏ္ဏဦး ကလည်း ...

"ဒီကောင်ကွာ ပန်းစည်းနဲ့ လက်စွပ်ဗူး ကိုင်ပြီး ဒူးထောက်ထားရမှာလို့ ပြောထားရက်နဲ့  ပြုံးဖြဲဖြဲနဲ့ စောက်တလွှဲတွေ ပြောတယ် "

လမင်းလှည့်ကြည့်တဲ့အချိန်နဲ့ ခန့်စေ ပန်းစည်းကိုင်ပြီး ဒူးထောက်ထားမယ့်အချိန်နဲ့ ကိုက်အောင် ဟန်လျှမ်းက မျက်လုံးမှိတ်ပြီး အရောက်ပို့ပေးခဲ့ပါသော်လည်း ခန့်စေ၏

" မောင့်ကိုလှည့်မကြည့်တော့ဘူးလား မောင့်အချစ်" ဆိုတဲ့ စကားကြောင့်  မနက်စောစော ထရကျိုး မှ မနပ်။

အလွဲတွေချည်း လုပ်နေမှတော့ ဖခင်လုပ်ငန်းကို လက်လွှဲ ယူပြီး ဦးစီးနေပါတယ် ဆိုတဲ့ ကောင်လို့တောင် မသတ်မှတ်ချင်တော့ပါ။
သောက်တလွဲ CEOပါ။

~~~~~~~~~

ခန့်စေ  လည်တိုင်ကို တွဲခိုကာ ခါးပေါ် ခြေနှစ်ဖက်ချိတ်လျက်
တင်းကြပ်စွာ ဖက်ထားဆဲ ဖြစ်သော လမင်းအား ပန်းစည်းတစ်ဖက်နဲ့ ပွေ့ချီထားရတာမို့  ....

" မောင့် အပေါ်က မဆင်းပဲ ဒီအတိုင်းနေတော့မှာလား "

" အွန်း ~~~ "

" မောင့်လမင်းအတွက် မောင် ပန်းစည်းယူလာတယ် "

" အဲ့ပန်းစည်းထပ် မောင့်ကို ပိုမက်မောတယ် "

" မောင့်ဘဝထဲကို ‌လမင်း ဝင်လာနိုင်ဖို့ နောက်တစ်ခုပါ
   မောင်ယူလာခဲ့တာဆိုရင်ရော "

"ဟင်!..."

" အဲ့ဒီတော့ မောင့်အပေါ်က လမင်း ခဏဆင်းမှ အဆင်ပြေမှာ "
  

မောင့်အပေါ်မှ ဖြေးညှင်းစွာ လျှောဆင်းရင်း မောင့်စကားကို နားမလည်နိုင်စွာ ယောင်တောင်တောင်နှင့် မျက်နှာကိုသာ မော့ငေးနေမိသည်။

ဒါကို မောင်က ပန်းစည်းအား လမင်းနှင့် နီးသည်ထပ် နီးအောင် တိုးကာ လက်ထဲ ထည့်ပေးရင်း နှဖူးအား တစ်ချက်နမ်းတော့

ရှက်ဝဲဝဲနဲ့ မော့ကြည့်ရာ   မောင့် အပြုံးနဲ့ မောင့်မျက်ဝန်းဟာ
လမင်းအပေါ်  ဘယ်လောက် ချစ်ကြောင်း ၊ မြတ်နိုးကြောင်း
စမ်းသပ်စရာမလိုအောင် ပြည့်လျှံနေတာမို့    ...

မောင့် မျက်နှာချောချော အား ရောင်နီတောင်မပျို့သေးသော
မှောင်တစ်ဝက်/လင်းတစ်ဝက် အကူအညီဖြင့် တစိမ့်စိမ့် မော့ကြည့်နေမိရာ  မနေနိုင်တဲ့ နောက်ဆုံး....  မြင့်မားလွန်းသော
မောင့်အရပ်ကြောင့် မောင့် ရင်ဘတ်အင်္ကျီစကို ဆွဲကာ ခြေဖျားထောက်၍ မောင့်နှုတ်ခမ်းအား မော့နမ်းမိ၏။

မောင်ဟာ လမင်းခြေဖျားထောက်ထားရသည်မို့ အလိုက်သင့်
ခန္ဓာကိုယ်ကို ကိုင်းပေးကာ  လမင်း ပေးသည့်အနမ်းကို တုံ့ပြန်လာတာမို့ စိတ်လှုပ်ရှားမိစွာ မောင့် အောက်နှုတ်ခမ်းအား
အသံပင် ထွက်သည်အထိ  စုတ်ယူမိတော့ မောင့်နှုတ်ခမ်း ကွေးညွှတ်သွားတာကို နမ်းနေရင်း သတိထားမိသွားတာကြောင့်
အရှက် သည်းစွာ မောင့် ရင်ဘတ်ကို တွန်းလွှတ်ကာ ပန်းစည်းထဲ ခေါင်းဝင်မတက် ‌ငုံ့ထားမိ၏။

" ဟေ့  ပန်းစည်းထဲ ခေါင်းကြီး စိုက်ဝင်သွားအုန်းမယ်"

" မောင် နော် !..."

မောင်က လမင်း ရှက်သွားသည်ကို သိတာမို့ တမင် စနောက်ပြန်တော့ မောင့်ဆီ အရှက်ပြေ မျက်စောင်းလေး ပစ်လွှတ်မိတော့  မောင်ဟာ သွားစွယ်လေးပေါ်သည်အထိ နှစ်ခြိုက်စွာပင်  ရယ်မောကာ ကြည့်နေသည်။

မောင့် ရိုးရိုးပြုံးပြရင်တောင် ဒီက ရင်ခုန်သံမမှန်ချင်တာ။
စွဲမက်ဖို့ကောင်းလွန်းတဲ့ သွားစွယ်လေးကို ထုတ်ဖော်ပြုံးပြလာရင်
နေစရာကို မရှိလောက်အောင်အထိပါ။

မောင်ဟာလမင်းအတွက် လှပလွန်းတဲ့ နွံအိုင်လိုပါပဲ။
မရုန်းပါပဲနဲ့တောင် အလိုလို နစ်ဝင်သွားရတာမျိုးပေါ့။

မောင့်ကို မော့မကြည့်ရဲစွာ ပန်းစည်းထဲက နှင်းဆီ ရဲရဲလေးတွေကိုသာ ကျွံဝင်မတက် ငုံ့ကြည့်နေမိသည့်အခိုက် ....


" မောင့်ကို မင်းဘဝထဲ ဝင်လာခွင့် ပြုပါ မောင့်အချစ် "

မောင့်ရဲ့ တည်ကြည်လွန်းတဲ့ အသံကြောင့် မော့ကြည့်ရာ မောင်ဟာ ရှိမနေ။ ထိုအစား လမင်းအရှေ့မှာ ဒူးထောက်ပြီး လက်စွပ်ဗူးကို မြှောက်၍ ကိုင်ထားတာကြောင့်  လမင်းမှာ ပါးစပ်လေး ဟ ကာ
ကြောင်ကြည့်နေမိသည်။

" အတည်တကျ ချည်နှောင်ခွင့်ကို မောင် ထပ်မံတောင်းဆိုပါ့မယ်လို့
    ပြောခဲ့ဖူးတာ ကို မောင့်လမင်း မှတ်မိမှာပါ "

" မောင့် ~~~~"

အမေဆုံးပြီး မောင် ကနေဒါကနေ လမင်းဆီ ရောက်လာခဲ့စဉ်က
ပြောခဲ့တာကို ပြန်သတိရမိ၏။
ထိုနေ့ည က မောင်စွပ်ပေးခဲ့သော ဘယ်ဘက် လက်သန်းကြွယ်က လက်စွပ်လေးအား ကြည့်မိတော့...

" ရွှေမောင်းကွင်းလေးက ထောက်ခံနေတယ်  ဟုတ်တယ်တဲ့ "


".........."


" မောင် လမင်းဘဝထဲကို ဝင်လာပြီး ပျော်စရာ၊နာကျင်စရာ၊ ဝမ်းနည်းစရာ၊အရာရာကို တရားဝင် မျှဝေခံစားပေးပါရစေ။
ပျော်စရာတွေဖန်တီးပေးနိုင်အောင် ကြိုးစားပါရစေ။
မင်းအတွက် မောင်ကပဲ ရှေ့ကနေ ဖြစ်လာသမျှ အဆိုးအကောင်း ကိုရင်ဆိုင်ပြီး မားမားမတ်မတ် ကာကွယ်ပေးပါရစေ "



" ဟုတ်~~~~"


" မောင့်ကို လက်ထပ်မယ်မလား "

" လက်ထပ်မှာ ...လမင်း မောင့်ကို ယူမှာ ! "

လမင်းဆီက အဖြေရသည်နှင့် မောင်ဟာ ဒူးထောက်ရာမှ ထလာပြီး
စိန်သေးသေးလေးများကို အနုစိပ် သေချာထည့်ကာ ပုံဖော်ထားသော လက်စွပ်လေးအား ဗူးထဲမှာ ယူကာ လမင်း၏ လက်သန်းကြွယ်တွင် အရင်ဦးစွာ ဝတ်ထားနှင့်သော ရွှေမောင်းကွင်းလေးအား ချွတ်၍  ထို စိန်လက်စွပ်လေးအား စွပ်ပေးလာ၏။ ချွတ်လိုက်သော မောင်းကွင်းလေးအား လမင်းဝတ်ထားသည့် စတစ်ကော်လံ အင်္ကျီ အိတ်ကပ်ထဲ ပြန်ထည့်ပေးကာ.....

" ဒါလေးကိုတော့ ပြန်သိမ်းထားလိုက်နော် "

"ဝေးးးး!!!!!"

ဖြောက်! ဖောက် !!.....

" Congratulations ! ကိုလမင်း !...."

အနောက်ကနေ အသံမပေးဘာမပေးနဲ့ အနားရောက်မှ
ဝေးး!ကနဲ အော်ကာ အလှပန်းပွားလေးတွေ ဖောက်ကာ
ရောက်လာတာမို့ လမင်းမှာ အလန့်တကြားနှင့် မောင့်ရင်ခွင်ထဲ
ပြေးကပ်နှင့်ပြီးသား။ ပြီးမှ လှည့်ကြည့်လိုက်တော့ ....

" အယ်~~~ဝဏ္ဏဦးနဲ့ စိုင်းတွမ်ခမ်း ! "

" ဟဲဟဲ .... surprise! ~~~"

"  ဘယ်တုန်းက ပြန်ရောက်နေကြတာလဲ ! "

" ဟိုနေ့ကတည်းက ဒီကောင်နဲ့ အတူတူ ပြန်ရောက်နေတာ
   ကိုလမင်း .. "

ဝဏ္ဏက ပုံမှန်သာ ဖြေလာသော်လည်း  အိုက်တွမ် ကတော့

" ဒီကောင်ပေါ့ !  ဗြုန်းစားကြီး ဟိုကောင် ငါ မိုင်းနောင်ပြန်မှာ
မင်းအလုပ် ကို ခွင့်တင်လာခဲ့၊ ဟိုကောင် မင်းအလုပ်တွေ ခဏထားခဲ့ဆိုပြီး ကားပေါ် ထိုးထည့်ပြီး ခေါ်လာလို့ အကိုရေ !
ဒီရောက်မှ ခွေးသားက အစီအစဉ်တွေ ပြောပြတာ "

" အယ်!...."

စကားနည်းတဲ့ အိုက်တွမ်ကတောင် ပြောလာတာမို့ မောင့်ကို
မော့ကြည့်လိုက်ရာ မောင်ဟာ နှာခေါင်းကို ရှုံ့ပြကာ ပါးစပ်လှုပ်သည်ဆိုရုံ လေသံဖြင့် ....
*  လျှောက်ပြောနေတာ ....*ဟု ဆိုလာ၏။

ဒါကို သန့်စင်ထွန်းက မြင်၏။

" ဟေ့ကောင် ငစေ!   ဘာ ကို လျှောက်ပြောနေတာလဲ
  မ မြင်ဘူးများ မှတ်နေလား ၊ မင်းပဲ လမင်းကို လက်ထပ်ခွင့်တောင်းဖို့ မင်း ခွင့်ယူလာခဲ့ ဟေ့ကောင် ဆို ! "

ဒါကို ဘေးက သူ့ ရည်းစားလေး စိုင်းဟန်လျှမ်းကလည်း

" ဟုတ်တယ်လေ ! ၊ စိုင်းဟန်လျှမ်း မင်းလည်း ခွင့်ယူလိုက်ဆို "

"အေးပါကွာ ! အေးပါ  အခွင့်အခါ သင့်တာနဲ့ ခွပ်ကြဖို့ပဲ "

" အာခံဖို့ မစဉ်းစားနဲ့ သားလေး  ၊ ဟမ်!  အရေးထဲ  ကိုယ့်သဘောနဲ့ကိုယ် ဇာတ်ညွှန်းပြောင်း ပြီး ကလို့ အဖေတို့ ဟိုအနောက်မှာ ဘယ်လုပ်ရမှန်းမသိ ဖြစ်သွားတာကွ !

သိလား ...ကိုလမင်း ဒီကောင်က အကို့ကို မြင်ရင် ပလပ်ကျွတ် ကျွတ်! သွားတာ နောက်ဆို ယူပြီးရင် သေချာထိန်း အကျွတ်လွန်ပြီး
ဖင်ဟောင်းလောင်းနဲ့ မြို့ထဲ ပတ်ပြေးနေမှ ခက်မယ် "

သန့်စင်ထွန်းမှာ လက်ထဲက ဗူးကြီးနှင့် ငေါက်ငေါက်ထိုးကာ ထောပနာပြုနေတာမို့ ....

"ဟာ ဟေ့ကောင် လမင်းရှေ့ ပေါက်ကရမပြောနဲ့ ! "

" မဟုတ်လို့လားကွာ "

သူငယ်ချင်းတွေ မချစ်တာလဲ မဟုတ်ပဲနဲ့။ အခုထိ အချင်းချင်းတွေ့လိုက်တိုင်း ငယ်ငယ်ကလိုပင် *သူ့အရင် ငါဖဲ့၊ဆိုတာမျိုး လုပ်လိုက်ရမှ။ စကားနိုင်လုနေကြတာ ကလေးတွေ လိုပင် ။  ဒီလို လှပလွန်းတဲ့ မနက်ခင်းလေးမှာ ချစ်ရသူဆီက လက်ထပ်ခွင့်ကို တောင်းခံခဲ့ရပြီး သူ့ဘက်ကိုယ့်ဘက်က ငယ်သူငယ်ချင်းတွေကပါ  ပါရမီဖြည့်ပေးကြသည်ကြောင့်
ပျော်ရွှင်ရသည်မှာ အတိုင်းအထက်အလွန်ပါပဲ။

~~~~~~~~~~


မောင်နဲ့အတူ ကျန်တဲ့ သူငယ်ချင်းတွေနဲ့ရော အတူတူ မဆုံတာကြာပြီမို့  ဧည့်ခန်းထဲ စကားလက်စုံကြ နေသည်မှာ
နံနက် ၇နာရီပင် ခွဲပြီ။ စားပွဲပေါ်တွင် လက်ထပ်ခွင့်တောင်းလို့ ပြီးစီးသည်နှင့် သန့်စင်ထွန်းတို့အတွဲ မြို့ထဲပြန်ဆင်းကာ
ဝယ်လာသော မနက်စာ  ပဲပလာတာ၊ ကြက်ဥပလာတာနှင့် လဖ္ကက်ရည်၊ အီကြာကွေး တို့က အလျှံအပယ်။

စိုင်းဟန်လျှမ်းတို့က စကားဝိုင်းထဲတွင် ခေါင်းငြိမ့်သည့် အလုပ်နှင့် ပါးစပ်ထဲ မုန့် အထည့်မပျက်သည့် အလုပ်ကိုပင်လုပ်၏။
သူငယ်ချင်းလေးက အများကြီး ပင်ပန်းသွားရှာကို ဗိုက်ဆာနေမှာပေါ့။ ဘေးက ဒေါက်တာကလည်း သူ့ဟာလေးကို ကြည့်ရင်း တည်မရအောင်ကို ပြုံးရွှင်လို့။

ဪ~~~ချစ်ခြင်းတရားဟာ တစ်ခါတစ်လေမှာ ကြည်နူးမှု အတိပါပဲလား။ ဘယ်လိုပင် ကြည့်ကြည့် ကြည်နူးစရာ၊ ပျော်ရွှင်စရာ ကောင်းနေတာမျိုး။


~~~~~~

မောင်ဟာ အိမ်အပြင်ဘက်ကို ကြည့်နေရင်းကနေ ပြုံးလိုက်တာမို့
မောင့်အကြည့်တို့ တည်ရှိနေရာ အိမ်အပြင်ဘက် လိုက်ကြည့်လိုက်ပါသော်လည်း ကား နှစ်စီး အိမ်ရှေ့လမ်းကနေ
ဟန်လျှမ်းတို့လမ်းဘက် ဖြတ်မောင်းသွားရုံကလွဲရင် ထူးခြားတာ ဘာမှရှိမနေ။

မောင်က ပီတိတွေ အဖြာလွန်ပြီး ပြုံးနေတာကိုသိပေမယ့် ကားမြင်လည်း ပြုံးပြနေရလောက်အောင်အထိ ပီတိဖြာစရာလိုလို့လား။ သန့်စင်ထွန်း ပြောသလို မောင် ပလပ်ကျွတ်သွားတာလား။

ခန့်စေ သူ့ကို လည်လေးစောင်းကာ စူးစမ်းသလို ကြည့်နေသော လမင်းကြောင့် မျက်ခုံးပင့်ပြကာ နှာခေါင်းလုံးလုံးလေးအား ဆွဲညှစ်လိုက်တော့ အသားဖြူသူမို့ နှာခေါင်းလေးဟာရဲတက်လာ၏။

နှစ်ယောက်သား အကြည်စိုက်နေတုန်း စိုင်းဟန်လျှမ်းက ....

" ခန့်စေထွဋ်နောင်  မားက အိမ်ကို လာခဲ့တော့တဲ့ "

" အင်း~~~လာ လမင်း မောင်နဲ့လိုက်ခဲ့  "

" ငါတို့ကရော "³

ပြိုင်တူထွက်လာသော မောင့်သူငယ်ချင်းတွေ အသံကြောင့်

"  ဂျွမ်းထိုးပြီး လိုက်ခဲ့ ! "ဟု  ပြောကာ လမင်း လက်ကို ဆွဲ၍ အိမ်ပေါ်မှ အရင် ဆင်းနှင့်၏။ အနောက်မှာ ကျန်ခဲ့တဲ့ သူငယ်ချင်းတွေကတော့ တစ်ယောက်တစ်ပေါက် ပြောဆိုကာ ကျန်ခဲ့၏။ မောင်ဟာ ဒီအချိန်မှာ ဘယ်သူ ဘာပြောပြော မောင်ပြုံးချို ။

လမင်းအိမ်နဲ့ အိုက်လျှမ်းတို့အိမ်က နှစ်အိမ်ခြား တစ်လမ်းကျော်လေးသာမို့ သိပ်ကြာကြာ မလျှောက်လိုက်ရ။
အိုက်လျှမ်းတို့ အိမ်ရှေ့တွင်  မော်ဒယ်မြင့် ကား နှစ်စီး နှင့် ဆိုင်ကယ်တချို့ ရပ်ထားသည်ကို မြင်သော်လည်း အလှူရှိကြောင်း ပြောထားတာမို့ သိပ်မစူးစမ်းမိတာ အမှန်။

အလှူမို့ မောင်တို့သူငယ်ချင်းတွေကိုပါ ဖိတ်သည်ပဲ အောင့်မေ့ကာ
ဖိနပ်ချွတ်၍ အိမ်ထဲ ဝင်ကာမှ.....

"ဟော် ...ပွဲရဲ့အဓိကလူတွေ ရောက်လာပါပြီရှင်
   လာ!...သားလေး လမင်း တီတီနုနားမှာ လာထိုင် "

တီတီနု၏ စကားကြောင့် လမင်းမှာ ဘာမှ နားမလည်သလို အူကြောင်ကြောင်ရုပ်ကလေး ဖြစ်နေတော့ ဧည့်ခန်းအတွင်းရှိ အသီးသီး ရောက်နေကြသော လူကြီးများနှင့် ဧည့်သည်တချို့မှာ သဘောတကျဖြင့် ပြုံးနေကြ၏။

လမင်း နားမလည်နိုင်စွာ ဝေ့ဝဲကြည့်လိုက်တော့ မောင့် ဒယ်ဒီနှင့် မောင့် လေးလေး ။  မောင်ဟာ လမင်းကို တီတီနု အနား ပို့ပေးခဲ့ပြီး
သူ့ဒယ်ဒီ အနား  သွားထိုင်နေ၏။

ခဏအကြာ မောင်တို့အနား ငွေထုပ်တွေ စီရီကာ တင်ထားသော
လင်ဗန်းနှင့် အခြား ရွှေငွေ ပစ္စည်း၊ အုန်းပွဲ ငှက်ပျောပွဲ များကို
လူနှစ်ယောက်က လာချပေး၏။

"ဟင်! "

မောင့်ကို တအံ့တဩ လှမ်းကြည့်မိတော့ မောင်က ခေါင်းအသာညှိမ့်
ကာ နှစ်လိုဖွယ် အပြုံးဖြင့် ပြုံးပြလာ၏။


မောင့် ဒယ်ဒီဟာ ခေါင်းဟန့်ကာ သားရှင် အနေဖြင့် စကားဦး သန်းလာ၏။

အဟမ်း!~~~

"  ဒီက( မသော်တာချို)ရဲ့သား၊  ကိုစိုင်းစွမ်းဟန်နဲ့ မခင်နုယဉ် တို့ရဲ့ တူသားဖြစ်သူ
  သားလေး မောင်ထွန်းလမင်းသာနဲ့ ကျွန်တော့်ရဲ့ သား ခန့်စေထွဋ်နောင် တို့က နှစ်ဦးနှစ်ဘက် မေတ္တာမျှနေတာ ဆယ်နှစ်ဆိုတဲ့ နှစ်အတိုင်းအတာထိ ရောက်လာခဲ့ကြပြီမို့
ကျွန်တော့်သား အနေနဲ့ ဘဝတစ်လျှောက်လုံး တာဝန်ယူစောင့်ရှောက်လိုတာကြောင့် ဖခင်ဖြစ်တဲ့ ကျွန်တော်နဲ့ ဦးလေးဖြစ်တဲ့ ဒီက ကျွန်တော့်ညီက ကလေးတွေရဲ့ ချစ်ခြင်းကို
အနောက်ကနေ အမြဲ စောင့်ရှောက်ပံ့ပိုးနေပေးမှာမို့  လေးစားသမုနဲ့ မိသားဖသားပီပီ လာရောက် တောင်းရမ်း စေ့စပ်ကြောင်းလမ်းတာပါ  ။

ရွာ၏ ဥက္ကဌ(သူကြီး)နှင့် ရာအိမ်မှူး/ဆယ်အိမ်မှူးတို့ကိုပါ ဖိတ်ကြားထားသည်မို့  ဥက္ကဌက ...

" ကဲ ဒီက မနုတို့က မိဘအရာကနေ ဖြစ်တာမို့ ငါ့တူမကြီးတို့ရဲ့ တူသားဖြစ်သူ သားလမင်း ကို ဒီက မောင်ရင် မောင်ခန့်စေထွဋ်နောင် က မိသားဖသားပီပီ
ငွေသား ကျပ်သိန်း ၂၀၀၊ ရွှေ တစ်ဆင်စာ ၊ ရန်ကုန်မြို့ (--)ရပ်ကွက်၊(---)လမ်းမှာရှိတဲ့ ပေ(၁၂၀/၈၀)အကျယ်ရှိတဲ့ ခြံနှင့် အိမ်အပါအဝင် မြေဂရံကို တင်တောင်းပစ္စည်းအနေနဲ့ တင့်တောင့်တင့်တယ် လာရောက် တောင်းရမ်းတာမို့  ရွာလူကြီးများအနေနဲ့အဘတို့က ကိုယ့်တစ်ရွာတည်းသားချင်း အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ ကာယကံရှင် ဖြစ်တဲ့ သားလမင်းက ဒီ တောင်းရမ်းမှုအပေါ် သဘောထား ကြည်ဖြူပါရဲ့လား မနု ငါ့တူမကြီးတို့ကရော၊  အဘတို့ကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ် "

မနက်ကတည်းက ဖြစ်ပျက်နေတာတွေကို လမင်းမှာ နားလည်နိုင်ဖို့ အမှီလိုက်နေရသည်။ မထင်မှတ်ထားပဲ လက်ထပ်ခွင့် တောင်းခံခဲ့ရသလို  ၊ အလှူထင်နေခဲ့တဲ့ နေရာက ကိုယ့်ကို တောင်းရမ်းတဲ့ ပွဲတဲ့လား။ ရင်ထဲမှာ ဝမ်းနည်းတာရော ၊ ပျော်ရဠှင်ရတာပါ ရောပြွန်းနေတာမို့   မျက်ရည်တွေတောင် မထိန်းနိုင်စွာ ငိုနေမိသည်။

သေချာတာကတော့ လမင်းမျက်နှာဟာ အငိုမျက်လုံး အပြုံးမျက်နှာ။ 

တီတီနုက လမင်းလက်ကလေးကို ကိုင်ကာ နောက်ကျောလေးကို  ဝမ်းသာမျက်ရည်တို့ ပြည့်လျှံနေသော မျက်ဝန်းတို့ဖြင့် ပြုံးကြည့်ကာ ပွတ်ပေးနေပြီး ၊ တီတီနု အမျိုးသားဟာလည်း လမင်း ခေါင်းလေးအား ဖွဖွ ပွတ်ပေးရင်း ...


" ကျွန်တော့် သား လမင်း က ငိုလို့ ပျော်နေတာတဲ့ဗျာ "


" ပျော်လို့ ငိုနေတာတော့လုပ်ပါ ပါးကလည်း ! "

"အေ့ကွာ ပျော်လို့ငိုတာ "

ကင်မရာတကားကားဖြင့် တောင်းရမ်းပွဲမှ အမှတ်တရများကို ယူနေသော စိုင်းဟန်လျှမ်းက သူ့အဖေ၏ အရွှန်းဖောက်ကာ ပြောလာသော စကားအား ပြန်တည့်ပေး၏။

ဥက္ကဌ ကလည်း လမင်း ငိုနေသည်ကို ကြည့်ကာ စနောက်လာသည်ကို အတည်ထင်ကာ လမင်းမှာ ထိုင်ငိုနေရင်းကနေ အသည်းအသန်.....။

" ဪ...တစ်ဖက်က မောင်ရင်တို့ရေ အဘတို့ တူသားလေး မောင်လမင်း က စကားနဲ့ မတုံ့ပြန်တော့ပဲ ရှိုက်ကြီးတငင်ငိုပြီး
မောင်ခန့်စေထွဋ်နောင်လေးကို ငြင်း~~~~"

" မဟုတ်ပါဘူးဗျ!.. မောင့်ကို သားယူမှာပါဗျ ၊ ပျော်လို့ငိုတာပါ
   မယူချင်လို့မဟုတ်ပါဘူး  သား မောင့်ကိုပဲ ယူမှာပါဗျာ "


" ကွယ်~~~ငြင်းဆိုခြင်းမပြု လက်ခံကြောင်းပါ လို့ ပြောမလို့ပါကွာ
   ဆုံးအောင်ဖြင့် နားမထောင်နိုင်အောင်ပါပဲလား ဟား ဟား!!"

ဥက္ကဌရဲ့ အပြောကြောင့် ဧည့်သည်တွေကပါ အကုန်ထရယ်ကုန်တာမို့ အိမ်ထဲတွင်ရယ်မောသံတို့ ပြည့်နှက်နေပြီး မင်္ဂလာအပြည့်။

ကိုယ့်ဟာကိုယ် ဆုံးအောင် နားမထောင်ပဲ
ဇွတ်ပြောမိတာကို ရှက်နေရပြီမို့ မောင်က လမင်းရှက်နေသည်ကို
သိသည်နှင့် အလိုက်သိစွာ  မောင့်ဒယ်ဒီနားက ထလာကာ လမင်းဘေးတွေ လာထိုင်ပြီး ကွယ်ပေးထား၏။ လမင်းမျက်နှာတပြင်လုံး ပူထူကာ ခရမ်းချဉ်သီးပမာ နီရဲနေသည်ကို ကြည့်ကာ မောင်က တိုးညှင်းစွာ ရယ်၏။

ဒီလိုနှင့်တောင်းရမ်းပွဲ ကို ကြွရောက်လာသမျှ ဧည့်သည်အနည်းငယ်အား ထမင်းကျွေးခြင်းဖြင့် တည်ခင်းဧည့်ခံကျွေးမွေးပြီး အပြီးသတ်လိုက်၏။
မင်္ဂလာပွဲရက် ကိုတော့ နှစ်ဖက်မိဘများနှင့် တိုင်ပင်ကာ ရွေးချယ်ကြမည်ဖြစ်၏။

တစ်နေ့ထဲမှာ လက်ထပ်ခွင့်တောင်းခံခဲ့ရသလို လူကြီးမိဘများရှေ့
တောင်းရမ်းခြင်း ပြုခဲ့သော မောင့်ကြောင့် လမင်းမှာ တစ်နေ့လုံး
စဉ်းစားမိတိုင်း ဝမ်းသာမျက်ရည်ကျနေရသည်။

~~~~~~~

တစ်နေကုန် အိုက်လျှမ်းတို့အိမ်မှာ သိမ်းဆည်း ကူလုပ်ပေးပြီးသည်နှင့် တီတီနုက အတင်း အိမ်ပြန်နားခိုင်းသည်မို့ လမင်းမှာ အိမ်ပြန်လာပြီး ရေချိုး အဝတ်လဲ ပြီး   ဟိုလုပ်ဒီလုပ်နှင့်ပဲ
အမှောင်ရိပ်တောင်သန်းလို့လာပြီ။

မောင်ကတော့ လမင်းနဲ့အတူ လုပ်ကူပြီးကတည်းက

*မောင် အိမ်ခဏပြန်ပြီး ညနေကျရင် ပြန်လာခဲ့မယ် *ဆိုပြီး  အိမ်ခဏပြန်သွားတာကြောင့်  လမင်းမှာ တစ်ယောက်တည်း။

အိုက်လျှမ်းမှာ တစ်နေကုန်ခွင့်ယူထားပြီးပြီမို့ ညဂျူတီ ပြန်ဆင်းရသည်နှင့် သူ့မှာလည်း မနားရ။ ကိုယ့်အတွက် ကူညီပေးရင် သူငယ်ချင်းလေး ပင်ပန်းရသည်မို့ အားလည်း နာရသည်။

မောင်ပြန်လာအုန်းမည်မို့ ခြံတံခါးကို ပိတ်မနေတော့ပဲ လမင်း သပြေပင်အောက် လာထိုင်ကာ မောင့်အလာကိုစောင့်ရင်း
လွန်ခဲ့သည့် နှစ်တွေတုန်းက အကြောင်းကို ပြန်စဉ်းစားမိ၏။

မောင့်ကို ဒီသပြေပင်အောက်မှာပဲ အဖြေပေးခဲ့သလို
မောင်ဟာ ဒီသပြေပင်အောက်မှာပဲ လမင်းကို လက်ထပ်ခွင့်တောင်းခဲ့တာ ဖြစ်၏။ တစ်ကယ်ဆို လမင်းတို့ကြားက
မေ့မရနိုင်တဲ့ ကြည်နူးစရာ ‌အမှတ်တရတွေထဲမှာ တစိတ်တစ်ပိုင်းအနေနဲ့ ဒီ သပြေပင်ကြီးလည်း ပါဝင်ခဲ့တာပဲ။



>>>>>>><<<<<<

တောင်းရမ်းတဲ့နေရာလေးမှာ ကလေ တစ်ဒေသနဲ့ တစ်ဒေသ
ဓလေ့တူချင်မှ တူနိုင်မယ်လေနော်။ ပုံ့တို့ဘက်မှာတော့ ဒီလိုပဲ တောင်းရမ်းကြတာမို့ ပုံ့ မြင်ဖူးတာရော၊ သူများတကာတွေ တင်တောင်းတိုင်း ရွာလူကြီးအနေနဲ့ အမြဲလိုက်သွားပေးရတဲ့ ပုံ့အမေကိုလည်း  "မာမီမားသားတို့ လိုက်တောင်းပေးရင်၊ ဒါမှမဟုတ် ကိုယ့်ရွာက လူကို လာတောင်းတာတို့ဆိုရင် ဘယ်လိုပြောလဲ" ဆိုပြီး  ပုံ့ မရမက စပ်စုထားတာပါရှင်။

စာကလည်း အရမ်းရှည်သွားတာမို့ ပုံ့ ဖျက်ထားပါတယ်။
ပြီးမှ ပေါင်းတင်ပေးမယ်လေနော်။ နောက်ပြီးတော့ ပုံ့ ကြိုပြောပြထားချင်တာပေါ့နော် part-53မှာပဲ ဇာတ်သိမ်းပိုင်းအနေနဲ့ ဖြတ်လိုက်ပါတော့မယ်နော်။
Male pregnant လို့ ပြောထားတာမို့ အဲ့အပိုင်းတွေက Extra ပိုင်းတွေအနေနဲ့ လာပါလိမ့်မယ်။  အားရင်အားသလို ဒီficလေးဆီ လာနေမှာမို့ Extra ပိုင်းတွေ များနိုင်ပါတယ်။ ဒါကလည်း ပုံ့ဖန်တီးထားတဲ့ ကမ္ဘာလေးထဲမှာ သူတို့ရဲ့ ရှင်သန်နေပုံ တစ်စိတ်တစ်ပိုင်းလေးကို အမြဲ အသက်သွင်းပေးနေမယ် ဆိုတာပါပဲ။

-pont-00-

Continue Reading

You'll Also Like

143K 18.8K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
553K 36.3K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary
90K 11.4K 74
English title - The Green Tea's Crushing Victories in the '70s [ လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ] translation novel
400K 52K 133
စာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not...