9

5.5K 284 5
                                    

ဝါဆိုလ~~~~ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်မြို့၏
ဓလေ့ထုံးစံဖြစ်သော ဝါဆိုလပြည့်နေ့၌ မြို့လုံးကျွတ် ဝါဆိုပန်းခင်းလမ်းအပေါ် ဆွမ်းဆန်စိမ်း ကပ်လှူပွဲကြီး ကျင်းပရန် တစ်ရက်သာလိုတော့၏။ ထို့ကြောင့် သူသူငှာငှာ ဆန်များကို အိတ်အသေးလေးများနှင့် ထုတ်၏။ ဝါဆိုလ၌ပွင့်သော ပန်းပေါင်းစုံကိုလဲ ငှက်ပျောရွက်အား ကတော့ပုံစံခေါက်၍
ဝါဆိုပန်းစီးငယ်များ ပြုလုပ်ကြ၏။ တချို့ကမူ ဝါးဖြင့် ကြိုက်နှစ်သက်ရာ ပုံဖော်ပြီး ပန်းများအား အလှဆင်ကာ ပန်းပဒေသာ ဆင်ကြ၏။  လူတိုင်းဟာ အလှူပြုရဖို့အတွက် အားတက်သရောပြုလုပ်ကြ၏။ထိုလူများအထဲတွင်
ထွန်းလမင်းသာတို့ သားအမိ ပါ၏။

ရှမ်းပြည်ကို အခြေချလာတာ ၁လကျော်ကျော်ပင်ရှိသေးသည်မို့
ယခုလို ရှမ်းဓလေ့ဖြင့် ပြုလုပ်သော ဝါဆိုလ၏ ပန်းကပ်လှူ၊သင်္ကန်းကပ်လှူပွဲကို ပါဝင်ဆင်နွှဲကြဖို့ ဒေါ်သော်တာချို တို့ သားအမိ ဝမ်းသာအားရ ဆန်အိတ်လေးများထုတ်ကာ ပျော်ရွှင်နေရ၏။ မြို့ထဲတွင် ပြုလုပ်မည် ဆိုသောကြောင့် မနက်ဖြန်ခါအတွက် ကြိုတင် လုပ်ဆောင်နေရခြင်းဖြစ်၏။ ရွာထဲကနေ မြို့ထဲကို မိနစ် ၂၀လောက် လမ်းလျှောက်ရမည်မို့ 
ကြိုလုပ်ထားရမည်။ထို့ကြောင့် ဆန်အိတ်အသေးလေးကို အထုတ်၁၀၀ပြည့်အောင် ထုတ်ထားရမည်။ ညနေကတည်းက ပန်းများခူးကာ စည်းသင့်တာ စည်း ၊ ပန်းခင်းလမ်းအတွက် ကြဲချရန် ခြွေသင့်သည့် ပန်း ခြွေထားရမည်။

****

''အချိုရေ!  အချို့....! ''

ဆန်အိတ်များထုတ်ကာ ထိပ်ပိတ်များအား မီးဖြင့် တို့ကာ ပိတ်နေတုန်း အိမ်ရှေ့မှ အနု၏ ခေါ်သံကြောင့်

"ချို ရှိတယ် အနုရေ တက်ခဲ့ လာချည် အနုရေ!"

"ဪ ဆန်အိတ်တွေတောင် တော်တော်ထုတ်ပြီးကုန်ပြီပဲ"

"ဟုတ်ပါ့ မနက်ဖြန် မနက် ၅:၀၀ ဆိုလို့လေ အနုရေ ချိုက အဆင်သင့်ဖြစ်အောင်"

" ဪ သားလေးသာသာရေ သားတို့ကျောင်းက သပ်သပ်    လှူမှာဆို"

"ဟုတ်တယ်ဗျ  သားတို့ကျောင်းက လပြည့်ကျော်တစ်ရက်မှ ကျောင်းမှာ ဝါဆိုသင်္ကန်းကပ်မယ်၊ ပန်းပဒေသာ လှည့်မယ်တဲ့ဗျ"

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now