43

4K 196 9
                                    


...........

စိုင်းဟန်လျှမ်း သင်တန်းမှ အိမ်စာများအား လက်စသတ်ပြီး
နောက်ကျောဘက် ကုတင်ပေါ်မှ လူအား လှည့်ကြည့်လိုက်ရာ
ကလန်ကုလားအရပ်အား အဆင်ပြေအောင် ခြေထောက်နှစ်ချောင်းကို နံရံပေါ် မြှောက်ကာ ထောင်ထား၏။
ခေါင်းကို ခေါင်းအုံးပေါ်တည့်အောင်လုပ်ပြီး အိပ်တာလည်း မဟုတ်။
ဖုန်းနဲ့ မျက်နှာနဲ့မခွာပဲ လက်ကလည်း စာအဆက်မပြတ်ရိုက်နေတာမို့ ဟန်လျှမ်း မျက်မှောင်ကြုံ့ကာ
အသေအချာ ကြည့်လိုက်တော့....

လောရှည်ကောင်က တစ်ဖက်က ပို့လာသော စာကို ဖတ်ပြီး စာပြန်ပို့တိုင်း ပြုံးစိစိဖြစ်နေတာ။

မဖတ်ခေါ် မကြိုဆိုပါပဲ သူများဆီ ဇွတ်တရွတ် ရောက်လာပြီး
ဒါ ဘာအချိုးလဲ။ ရည်းစားနဲ့ လိုင်းပေါ်ကနေ တစ်တီတူးကြည်နူး
ပြနေတာလား။

စားပွဲနားကနေ ထကာ ကုတင်ဘေး သွားရပ်တော့လည်း လူကို တစ်ချက်ကလေးသာ မော့ကြည့်ပြီး စာ ဆက်ပို့နေပြန်သည်။

သူများအဆောင်ထိ လာပြီး ဘာအချိုးချိုးတာလဲ ဒါမျိုးမရပါဘူး။
ဒင်း ကို ပြန်ခိုင်းမယ် မထားဘူး  တအားအမြင်ကတ်တယ်။

"သန့်စင်ထွန်း ! "

"အွန်း!...ပြော"

လူကို မကြည့်ပြန်ဘူး။ 

"လောရှည်ကောင်! ..."


"ပြောလို့ ...."


"မင်း ပြန်တော့ ! "


" ဘာလို့လဲ ...."

ပြန်ဖို့စကားပြောမှ စာပို့နေတာကို ရပ်ပြီး လှဲအိပ်နေရာမှ ထ ကာ
ဟန်လျှမ်းကို စိုက်ကြည့်ကာ မေးလာတာမို့  ဟန်လျှမ်း ပြန်၍ စိုက်ကြည့်ကာ အကန်တွေသာ ပြောနေမိ၏။

" မင်း မျက်နှာကို မမြင်ချင်လို့လေ ! ပြန် "


" ကိုယ် ၅ရက်နေပြီးမှ ပြန်မယ်ပြောထားတယ်လေကွာ
    မင်းလည်း သဘောတူထားတာပဲ  အခုမှ ၂ရက်လေးပဲရှိသေးတယ် နှင်ထုတ်နေပြီ "


"မလိုချင်ဘူး ပြန်! မင်း စော်နဲ့ ကြူတာ မိုင်းနောင်မှာ ကြူလည်းရတယ် ငါ့ ဆီမှာ လာမကြူနဲ့ "


ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now