44

4.1K 221 6
                                    


..............

အိပ်ယာထက်၌ ဖရိုဖရဲ ဖြင့် ပုံလျက် ထားခဲ့သော စောင် အောက်၌
အဆက်မပြတ် မြည်နေသော ဖုန်း။

လမင်း မောင့်ဆီ ဖုန်းဆက်ပြီးနောက် ဖုန်းကို ဘေးချကာ စောင်ပုံထဲ အားရအောင် ငိုပြီးမှ မျက်နှာသစ်ရန် အိမ်အနောက် ရေကန်ရှိရာကို
ငိုထား၍ ဖောင်းအစ်နေသော မျက်နှာအား သက်သာအောင်
မျက်နှာလာသစ်နေခြင်း။

လက်ထဲမှ ကိုင်ထားသော ဒန်ခွက်ကလေးဟာလည်း   လမင်းလက်ထဲမှနေ၍ အဝတ်လျှော်ရာ ကြမ်းပြင် နှင့် အကြိမ်ကြိမ်အခါခါ မိတ်ဆက်နေရသည့်အဖြစ်။
ထိုရေကန် အနီးတဝိုက် တွင် လွှင့်ပြန့် နေသော အသံဟာ

ဂွမ်! ...ဂွမ်!  ဟူသည့် အသံဖြစ်၏။

လမင်း  မောင့်အပေါ် မကျေနပ်သမျှကို လက်ထဲမှ ဒန်ခွက်လေးဖြင့်
ဖြေဖျောက်နေမိ၏။ နှုတ်ခမ်းပါးလေးဟာလည်း .....

"  မကောင်းတဲ့ အကောင် ! သူများကို ပစ်ထားတာ
   အဖြေမရခင် တစ်မျိုး ၊ ရပြီးတော့ တစ်မျိုး ။ မက်ဆေ့ခ်ျ ပို့တာကို
    တောင် စာမပြန် ဖုန်းမဆက်ဘူးပေါ့ ရတယ် ပြတ်မယ် !
     ပြတ်မယ်လို့! အီး~ဟီး~~ မကောင်းတဲ့အကောင်! "

" သူများကို ဘာမှ ရှင်းပြခွင့်လဲ မပေးပဲ အဆက်အသွယ် ဖြတ်တဲ့
   အကောင်၊  ရတယ် ...မင်းက အဆက်အသွယ်ဖြတ်ရင် ငါက
   မင်းနဲ့ ပြတ်ပြီပဲ  လုံးဝပဲ !  "


လမင်းမှာ ရင်ထဲပေါ့ကာ သွားမလား ဆိုသည့် စိတ်ဖြင့် နှုတ်ကထွက်သမျှ ဒန်ခွက်နှင့် သံစဉ်ညီအောင် တဂွမ်ဂွမ်! လုပ်နေခြင်းကြောင့် ခြံရှေ့၌ ဆိုင်ကယ်ရပ်သည်ကို မသိလိုက်။
တစ်ယောက်တည်း အနောက်ဘေး ရေကန်နား၌ ငိုလိုက်ယိုလိုက်
အော်လိုက်ဟစ်လိုက်နှင့် လုပ်နေ၏။

တီ! ...တီ! ..တီ!...တီ!...

" ထွန်းလမင်းသာ !  "

ဆိုင်ကယ် ဟွန်းသံနှင့်  လမင်း၏ နာမည်အား ဆောင့်အောင့်ကာ
အော်ခေါ်သံကြောင့် အငိုရပ်ကာ ခေါင်းလေးထောင်ရင်း သေချာနားထောင် ကြည့်ပြန်တော့ ထပ်ထွက်လာသော အသံ။

"ထွန်းလမင်းသာ ! မင်း အိမ်ထဲမှာရှိတာ သိတယ် အခု ထွက်ခဲ့!"

ချစ်ချင်လို့ ချစ်တာ ( Complete)Där berättelser lever. Upptäck nu