15

5.2K 273 6
                                    


ပထမနှစ်ဝက် စာမေးပွဲ ဖြေဆိုရန် ၃ရက်အလို။

အဌမတန်း အခန်း၏ အနောက်ဆုံးတန်း ၌ စာအုပ်တစ်အုပ်အပေါ်
စာရေးရင်း ပြုံးနေသော ကောင်လေးတစ်ယောက်။
စာရေးနေရင်း ပြုံးနေတာကြောင့် သေချာတာတစ်ခုသည်
ကျောင်းစာကြောင့်မဟုတ်တာတော့သေချာ၏။

စာရေးလို့ပြီးဆုံးပြန်တော့ ရေးထားသော စာရွက်အား ပေတံ အားအသုံးပြုကာ တညီတညာ ဖြဲယူကာ တယုတယဖြင့် ခေါက်ချိုးညီအောင် ခေါက်နေပြန်၏။ ပြီးနောက် လွယ်အိတ်ထဲမှ ရဲရဲနီနေသော နှင်းဆီပန်းလေးတစ်ပွင့်အား ထုတ်ယူလာကာ ခေါက်ထားသော စာလေးနှင့် စတေကာကဒ်လေးတစ်ခုယူပြီး ကပ်လိုက်၏။ ပြီးပြည့်စုံသော စာရွက်ခေါက်လေးကို ထောင်၍ကြည့်ကာ စိတ်လိုလက်ရ ပြုံးရယ်လိုက်တာကြောင့်
ပေါ်လာသော သွားစွယ်လေးဟာ လက်ခနဲ။

သဘောကျနေရတဲ့သူကို ပေးဖို့အတွက် စာလေးက လက်ခံရရှိမည့် လူလို   အလှဆုံး ဖြစ်နေမည်မလား။

********

"ဟေ့ကောင် ငစေ စောစောရောက်နေပါ့လား"

အတန်းထဲ ဝင်လာသည်နှင့် ကျောင်းစောစောရောက်နေသော ခန့်စေကို သန့်စင်ထွန်းမှ လှမ်းနှုတ်ဆက်သည်။

"အေးကွာ  ငါပြောထားတဲ့ကိစ္စလေး အကောင်အထည် ဖော်မလို့"

"မင်း တစ်ကယ်ကြီးလား ငစေ"

"အင်း"

"  အဲ့ စာက မင်းရေးထားတာလား ပေးဖို့လေ"

"ဒါပေါ့"

"ဟ! မြန်လှချည်လား "

ရှေ့လကမှ ၉တန်း ၌ အသစ်ပြောင်းလာသော ကျောင်းသူကို

ခန့်စေ ပိုးပန်းမလို့ပင်ဖြစ်၏။ ခေတ်ဆန်ဆန်နှင့် ပုခုံးပေါ်၌ ဝဲနေသော ဆံနွယ်တို့အား ချတလှည့် မြင့်မြင့်စီး တလှည့်နှင့် အသားဖြူဖြူ ကိုယ်လုံးကိုယ်ပေါက် လှလွန်းသော  ရွှန်းသီရိနွယ်။
တစ်ကျောင်းလုံးတွင် အလှဆုံးဟု ပြောရလောက်အောင် လှပါသည်။ ခန္ဓာကိုယ်နှင့် ကွက်တိကျသော အဖြူအစိမ်းလေးနှင့် ပြုံးလိုက်တိုင်း ခပ်ရေးရေး ပေါ်လာသော ပါးချိုင့်လေးကြောင့်
၈/၉/၁၀ မှ ယောကျာ်းလေးများပါးစပ်ထဲ ရေပန်းစားနေတဲ့ကောင်မလေး။
ဖော်ရွေမှုရှိလွန်းပေမယ့် ပိုးပန်းသောသူမှန်သမျှ ငြင်းလွှတ်တာမို့
အောင်မြင်သူမရှိသေးပါ ဆိုတာကြောင့် တစ်ကျောင်းလုံးရဲ့ လူမိုက်ဖြစ်ခဲ့သလို အချောဆုံးယောကျာ်းလေးဖြစ်တဲ့ ခန့်စေထွဋ်နောင်က ထို မိန်းမပျိုလေးကို ပိုးပန်းမလို့။
ရလာဒ်သည် Noဆိုတာမျိုး မရှိရ။ ဒါမျိုး ရလာဒ် ခန့်စေထွဋ်နောင်
ရာဇဝင်မှာ မရှိတာမို့  ကြည့်ထားလိုက် ။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now