...........
လမင်းက သာသာ လေညှင်း က တသွဲ့သွဲ့ နှင့် ပတ်ဝန်းကျင်တခွင်
တောပုရစ်ငယ်တို့၏ တပီပီ အော်သံသာ ရှိပြီး တိတ်ဆိတ်လွန်းနေပြီဖြစ်သော ည သန်းခေါင်ယံ အချိန်။
အိပ်ခန်းပြတင်းပေါက်လေးအား အလှ ကာရံ တပ်ဆင်ထားသော ခန်းစည်းစ လေးဟာလည်း လေထဲ လွှင့်ကာ ယိမ်းနေပြန်၏။
အခန်းမီးရောင် မရှိတော့ပါပဲ စားပွဲတင် မီးအိမ်ငယ်လေးသာ လင်းနေသော အခန်း၏ စားပွဲထက်၌ စာရွက်များဖြင့် အလုပ်ရှုပ်နေရှာသော ကောင်လေးတစ်ယောက် ။
စားပွဲ၏ ဘေးတွင် ကပ်လျက်ရှိသော ကုတင်ထက်၌ သွားရည်များ ကျသည်အထိ ပါးစပ်ကို ဟပြဲကြီး လုပ်ကာ အားပါးတရ အိပ်ပျော်နေသော သူငယ်ချင်းဖြစ်သူ။
~~~~
လမင်း ဘော်ဒါက ကလေးတွေ၏ ပထမနှစ်ဝက် စာမေးပွဲ စစ်ဆေးထားသည့် အဖြေလွှာများအား အပြီးအစီး စစ်နေခြင်းဖြစ်၏။ ကိုယ်တိုင် ဆရာဘဝရောက်မှ ဆရာတွေ၏ ဖြစ်အင်ကို နားလည်ရ၏။
ထိုဖြစ်အင်တွေအထဲ အဖြေလွှာတွေ စစ်ရင်း ခေါင်းကိုက်ကာ လည်ထွက်သွားရသော ခံစားချက် ပါ အစစ်ပါ၏။
မှတ်ချက် ချမိတာဟာ တချို့ကလေးတွေကို ပိုအားစိုက်ပေးရအုန်းမယ် ဆိုတာပါပဲ။
အဖြေလွှာ တွေ အကုန် စစ်ပြီးသည့် အချိန် နာရီကြည့်မိရာ
နာရီလက်တံ မှာ ည ၁၂နာရီခွဲကို ညွှန်ပြနေပြီမို့ ပြတင်းပေါက်အားပိတ်ကာ အဖြေလွှာများနှင့် စာရွက်များကို သေချာစီရီကာ အညောင်းအညာပြေ အကျော့ဆန့်၊ ခါးဆန့် လုပ်နေတုန်း~~~~~
"ငေါ့!....ငွက် ! ငွက် ! ငေါ့!!.....အွန်း~~~~ဗျင်း! ဗျင်း!..."
"အဟင်း~~~"
ကုတင်ပေါ်တွင် ခြေကားယားလက်ကားယား အိပ်နေသော
စိုင်းဟန်လျှမ်း ထံမှ ဟောက်သံသည် ကျယ်လောင်စွာ လာပြီး
ဖင်ကို တဗျင်းဗျင်း ကုတ်ကာ ပြန်အိပ်သွားသည်ကို ကြည့်ရင်း
လမင်း ရယ်မိ၏။ ဒီလောက်အေးတာကို စိုင်းဟန်လျှမ်းတို့က စောင် ကို ကန်ချထားသေးတာ။
ဆေးရုံတွင် ဂျူတီနားရက်မို့ လာအိပ်သည် တဲ့လေ။
ထူးထူးဆန်းဆန်း ။ အရင်ကများ ဂျူတီနားရက် ဆိုတာနဲ့
သူ့ ရည်းစား ဒေါက်တာ သန့်စင်ထွန်းနားကနေ မခွာတဲ့ ဟန်လျှမ်းက ဒီနေ့မှ လမင်းအိမ်ကို အိတ်တစ်အိတ်နဲ့ ရောက်ချလာကာ လုပ်ချင်တာလုပ် စားချင်တာစားပြီး အိပ်နေပါပြီးတဲ့။
အားသွင်းထားသော ဖုန်းအား ဖြုတ်ကာ ဖွင့်ကြည့်မိပြန်တော့ အရင်လို" Goodnight မောင့်လမင်း "ဆိုတဲ့ message လေးဟာ ရှိမနေပါ။ ထို message လေး ရောက်မလာသည်မှာ ဒီနေ့နဲ့ဆို ၁ပတ်ရှိပြီ။ မောင်ဟာ သူနဲ့ ဖုန်း နောက်ဆုံး ပြောတဲ့ နေ့က ....
"ဒီရက်ပိုင်း မောင် အလုပ်ကိစ္စတွေ အရမ်းများလို့ ဆက်သွယ်ဖြစ်မယ်မထင်ဘူး နေကောင်းအောင်နေအုန်းနော် " ဆိုသည့် စကားကို ပြောထားသည်မို့
လမင်း မောင့်ကို ဒီရက်ပိုင်း ဖုန်း မဆက်မိ။ မောင်အလုပ်လုပ်နေတဲ့အချိန်နှင့် တိုးရင် စိတ်အနှောင့်အယှက် ဖြစ်မည် ဆိုတာလည်း ပါသည်မို့။ သို့သော် message လေးတော့ မျှော်မိပါရဲ့။
ဟင်း~~~~~
သက်ပြင်းရှည်ကို တိုးညှင်းစွာ ချရင်း မနက်အတွက် alarm ကို
၅:၀၀ပေးကာ ဖုန်း အား စားပွဲပေါ်ပြန်တင်ပြီး ခြေကားယားဖြင့် အိပ်နေသော ဟန်လျှမ်းအား နေရာတကျ ပြန်ပြင်ပေးရင်း
ချစ်ဖို့ကောင်းစွာပင် အအိပ်ကြမ်းလွန်းသော သူငယ်ချင်းဖြစ်သူ၏
နှာခေါင်းအား ဆွဲကာ ရမ်းမိပြန်တော့ လက်အား ယောင်တောင်တောင်ဖြင့် ပုတ်ထုတ်ကာ တစ်ဖက်လှည့်ကာ အိပ်သွား၏။
*ဒီလောက် အိပ်ရေးကြမ်းတဲ့ စိုင်းဟန်လျှမ်းကို သန့်စင်ထွန်းတို့ ဘယ်လိုများ ခေါ်အိပ်တာလိမ့်နော် *
လမင်းလည်း ဟန်လျှမ်းဘေး ဝင်လှဲကာ စောင်ကိုရင်ဘတ်အထိ ဆွဲခြုံရင်း အိပ်ဖို့ ပြင်ရ၏။ အရင်လို နောက်ကျမှ ထလို့ မဖြစ်ပါ။
*မနက်ဖြန် မနက်စောစော ထ ရမယ်။ အိမ်မှာ အလှူရှိတယ်*
ပြောပြီး သူ့အိမ်အလုပ် မလုပ်ကူပဲ ကိုယ့်အိမ်မှာ လာအိပ်နေလို့
ကိုယ့်ဘက်က အလိုက်တသိ သွားလုပ်ကူရအောင်လည်းပြောလည်း။ မရပါ။
မသွားရဘူး ဆိုတာနှင့်ပဲ စာစစ်ခြင်းဘက်ကိုသာ အာရုံပို့ရသည်။
အခုတော့ စောစောထရဖို့အတွက် မောင့်ကို လွမ်းပေမယ့် ကြိတ်မှိတ်ကာ အိပ်ရပါအုန်းမည်။
လမင်း မသိလိုက်သည်မှာ လမင်းတို့ခြံ၏ ညာဘက်ထောင့်နားတွင်
ရပ်ထားသည်မှာ ကြာပြီ ဖြစ်သော Crown အနက်ရောင် ကားလေး တစ်စီး။ လမင်း အခန်းပြတင်းနှင့်ဆိုလျှင် မျက်စောင်းထိုး
အနေအထားမှာ ရှိသည်မို့ အိမ်အပေါ်မှ ကြည့်လျှင် သပြေပင်နှင့်လည်း အနည်းငယ် ကွယ်နေ၏။ ခြံအပြင်ဘက်ကကြည့်လျှင်တော့ ပြတင်းပေါက်နားတွင် ကပ်လျက်ထားသော စားပွဲထက်၌ စာစစ်နေသော လမင်းကို အသေအချာ မြင်နိုင်သည့် အနေအထားဖြစ်၏။
~~~~~~
ခန့်စေ အလုပ်တွေ အပြီးသတ်ကာရန်ကုန်မှ ပြန်ရောက်နေသည်မှာ ၂ရက်ရှိပြီ။
လမင်းအတွက် surprise ဖြစ်စေချင်သော ကိစ္စကြောင့်
သူငယ်ချင်းတွေနှင့် ညှိကာ လမင်းသူငယ်ချင်း စိုင်းဟန်လျှမ်း၏ မိဘတွေကိုရော စိုင်းဟန်လျှမ်းကိုပါ အကောင်အထည်ဖော်မည့် ကိစ္စအား တိုင်ပင်ထားကာ အကုန်စီစဉ်ထားပြီ ဖြစ်သည်။
ချစ်ရသူကို လွမ်းပါသော်လည်း မြင်လျှင်တွေ့လျှင် မနေနိုင်ဘဲ
စိတ်အလိုလိုက်ကာ ဇွတ်လုပ်မိမည် ဆိုးတာကြောင့်၊
တိတ်တိတ်လေးသာ ချောင်းကြည့်နေရသည့် ဘဝ။
ကိုယ့် အသေးလေးက မျက်နှာမကောင်းပြန်တော့လည်း ရင်ထဲမှာနေလို့မကောင်းပြန်။
အလည်လေးက ကိုယ့်ဆိုင်ကယ်အသံကို မှတ်မိနေတာမို့ ကားနှင့် လာချောင်းကာ အလွမ်းဖြေနေရ၏။ သို့သော် သူလည်း ပြန်အိပ်မှ ရအုန်းမည်။မနက်စောစော အသေးလေးအတွက် surprise လုပ်ရအုန်းမည် မလား။
Ring!!! 📱...,
ဒက်ရှ်ဘုတ်ပေါ် တင်ထားသော ဖုန်းက မြည်လာသည်မို့ ချက်ချင်းကိုင်လိုက်တော့ .....
📱...." အေး! ..မအေဘေး ပြန်မလာသေးဘူးလား မင်းက ! "
ဝဏ္ဏဦး အသံက ပြဲလန်ကာ ထွက်လာတာမို့ ခန့်စေ နှာခေါင်းရှုံ့လိုက်မိ၏။ နွေခေါင်ခေါင် ပါးကြားအပ်တဲ့ လယ်ကွက်ထဲက ဖာပြုတ် အော်သံနဲ့။
" အခုပဲ ပြန်လာမို့ကွာ "
📱..." စောက်ပိုတွေ လုပ်ပြီး ထိုင်မနေနဲ့တော့ မနက် ၅နာရီ ကျရင်
၇ည မအိပ်ထားတဲ့လဒ မျက်ခွက်နဲ့ ကိုလမင်းအရှေ့
$ရှက် ကွဲနေမယ်မနက်ကျရင်ပဲ တွေ့ရတော့မှာကို "
(လင်းတ/လဒ)
" ငါ့ရူပါကို အထင်သေးမနေနဲ့ ပြန်လာပြီ ဒါပဲ "
ခန့်စေအိမ်တွင် အကုန်လုံး စုကာ အိပ်ကြခြင်းဖြစ်၏။ မနက်အတွက် ပြန်ခေါ်နေခြင်းဖြစ်တာမို့ ကားစက်နှိုးကာ အသာအယာ လှိမ့်ထွက်လာလိုက်၏။
ပိတ်သွားပြီ ဖြစ်သော ပြတင်းပေါက်လေးအား လှမ်းကြည့်ကာ ...
" မနက်ဖြန် မနက် တွေ့မယ် မောင့်လမင်း ၊ မောင့်အချစ် အိမ်မက်တွေ လှပါစေ " ။
~~~~~~
Ti!... Ti!.. Ti!... ⏰
Alarm သံကြောင့် လမင်းမှာ ဆက်ခနဲ လန့်နိုးလာရသည်။
မျက်လုံးလေးမှိတ်ရုံနဲ့မိုးလင်းသွားတာလားနော်...အိပ်ရေးမဝလို့လားမသိ မျက်လုံးတို့ဟာ ကျိန်းစပ်လို့နေ၏။ စားပွဲပေါ်မှ ဖုန်းအား လှမ်းယူကာ alarm ပိတ်ပြီး ဘေးတွင် စောင်နှင့် လုံးထွေးကာ
အိပ်ပျော်နေသော ဟန်လျှမ်းအား နှိုးရ၏။ ဒါကို ကိုယ်တော်က အင်းအဲ လုပ်ကာ ပြန်ခွေ အိပ်နေတာမို့ ...
"အိုက်လျှမ်း ! ထတော့ မင်းပဲ ၅နာရီ ထရမှာဆို ! "
တင်ပါးအား တွန်းကာအသံကျယ်ကျယ်ဖြင့် နှိုးမှ ငေါက်ကနဲ ထထိုင်ကာ ....
"ဟမ် ၅နာရီထိုးပြီလား ! ထ... ထ ! ၁၅မိနစ်နဲ့အပြီး မျက်နှာသစ်အဝတ်လဲ မြန်မြန်လုပ်နော် ! "
သူ့ဟာသူ ပြာယာခပ်ကာ ကုတင်ပေါ်မှခုန်ဆင်းပြီး မီးဖိုတံခါးဖွင့်ကာ
အိမ်နောက်ဖေး ရှိ ရေစည်အနား သဘက်တစ်ထည်နှင့် ပြေးသွားပြန်သည်။ အခုမှ ဘာတွေ ပြာယာခပ်နေတာပါလည်းနော်
အစကတည်းက ကိုယ့်အိမ်မှာ အလှူရှိမှန်း သိသိရက်နဲ့။
" အိုက်ရမင်းတာ! မင်း မက်နာ လာမတစ်ဝူးရား! "
တွေးလို့ပင် မဆုံးသေး ဝူးဝူးဝါးဝါးနဲ့ အနောက်ဖေးကနေ ဘာတွေ လှမ်းအော်နေမှန်းကို မသိဘူး။
တစ်ဖက်တွင်လည်း~~~~~
" ခန့်စေ! သန့်ကြီး ! အိုက်တွမ် !..ထစမ်း ! ဟေ့ကောင်တွေ
၅နာရီ ထိုးပြီကွ ထ! ထ! "
ယောကျာ်းလေးအချင်းချင်းမို့ ငြင်ငြင်သာသာပါပဲ။
အားရပါးရ တင်ပါးကို ဆောင့်ကန်ကာနှိုးခြင်းကြောင့် တစ်ခါတည်းနှင့် အိပ်ချင်မူးတူးဖြစ်နေတာပါ ပျောက်၏။
" ဟမ်! ...ဟင်.! .. ဟုတ်လား အေး ထပြီ! "
ခန့်စေမှာ မနက်အတွက် ရင်အခုန်လွန်ပြီး တော်တော်နှင့် အိပ်လို့မပျော်၊ အိပ်တစ်ဝက် နှိုးတစ်ဝက် နှင့် မိုးလင်းခါနီးမှ အိပ်ပျော်သွားရတာမို့ ဝဏ္ဏ နှိုးမှ ပြူးတူးပြာတာ။
သူငယ်ချင်းလေးယောက် ပြူးတူးပြာတာနဲ့ ရေချိုးခန်းထဲ အတူတူ
ဝုန်းဒိုင်း ပြေးဝင်ကာ မျက်နှာသစ်ခြင်းကို အလုအယှက်လုပ်ရ၏။
"ဟာ ဟေ့ကောင် သန့်ကြီး ဟိုဘက်တိုးကွာ ဒီနေ့အတွက် အဓိကလူက ငါပါကွ မင်းတို့ ဖယ်အုန်း ! "
ဘေစင်တွင် သွားတိုက်နေသော သန့်စင်ထွန်းအား တွန်းတိုက်ကာ
ပလုတ်ကျင်းကာ မျက်နှာကို ဖြစ်သလိုသာ သစ်ပြီး ထွက်မည် အလုပ် ....
" ဟိုကောင် မင်းပြောတော့ ဒီနေ့က မင်းပဲ အဓိကလူဆို ရေချိုးအုန်းလေကွာ နံစော်စော်နဲ့ "
သူပြောမှပင် ယောင်နနဖြင့် ကိုယ့်အနံ့ကိုယ်ပြန်နမ်းနေရသည်။
" အဲ့တာဆိုလည်း မြန်မြန်ထွက်ကွာ ရေအမြန်ချိုးအုန်းမယ် "
ဟို သုံးကောင် ဝရုန်းသုန်းကားနဲ့ ထွက်သွားကာမှ အဝတ်တွေ မြန်မြန်ချွတ်ကာ ရေပန်းအောက် ပြေးဝင်ရသည်။
မင်းအမေနံပြား လိုပဲ !!အေးလိုက်တဲ့ရေ ...ဒီနေ့မှ အဲ့လောက်အေးရလား။
ရေကို ခပ်မြန်မြန်ချိုးပြီး ခါးတွင်သဘက်တစ်ထည် ပတ်ကာ ပြန်ထွက်လာတော့ ဟိုသုံးကောင်ဟာ အရှက်မရှိ အသက်ကဖြင့် ဖင်ဆောင့်နေပြီ။ ကုန်းကုန်းကွကွ ဖင်ဟောင်းလောင်းနဲ့ အဝတ်အိတ်ထဲ ဖြဲရှာနေတဲ့ကောင်က ပါသေးတယ်။
" မေနိုးတွေ! စောစောစီးစီး ငါ့ အခန်းထဲ ဂွေးတန်းလန်းတွေနဲ့ ! "
"ဘာဖြစ်လဲကွာ ..."³
ဟွန်း!...အရှက်မရှိချက်က အတိုင်ပေါက်ကို ညီပါ့။
ငယ်ပေါင်းတွေမို့ အားမနာ၊ အရှက်ဆိုတာ ဘာမှန်းမသိကြ။
Boxerအရင်ဝတ်တဲ့ကောင်နဲ့ ပုဆိုးအရင်စွတ်နေတဲ့ကောင်နဲ့
ကိုယ်အပါအဝင် အကုန်လုံး ကိုးယို့ကားယားတွေချည်းပဲ။
ကိုယ့်အတွက် သူတို့လည်း ပြာယာခပ်နေကြတာ မြင်ပြန်တော့လည်း ပြုံးမိ၏။ သူငယ်ချင်းအချင်းချင်း ပြန်ဆုံကြပြန်တော့လည်း အမြဲတမ်းလိုလို ဆယ်ကျော်သက် လူငယ်လေးတွေလိုပင် ပေါ့ပေါ့ပါးပါး။ဂွတီးဂွကျ ပါပဲ။ အိန္ဒြေတစ်ခွဲသားဟိတ်ကြီးဟန်ကြီး တစ်ယောက်မှ မရှိကြ။
အဝတ်အစားလဲပြီးကြသည်နှင့် သန့်ကြီးက စပရေး ဖျန်းဗူးနှင့် ခေါင်းဖြီး တစ်ချောင်းကိုင်ကာ ခန့်စေအနား ပြေးလာပြီး ဆံပင်ကို ပုံသွင်းပေးပြန်သည်။
ထိုအချိန် ဝဏ္ဏဦးက ...
" ငါလခွီးကွာ ! ဟား...! လက်ထပ်ခွင့် တောင်းရုံတောင် ငါတို့ ဒီလို ဖြစ်နေတာ ဒီကောင် ယူတဲ့နေ့ ပုဆိုးတောင် ကပ်ပါ့မလား "
" ကဲ ..ကဲ ..သွားမယ် ဟန်လျှမ်းက Ready တဲ့ message ပို့လာတယ် "
"အေး ...ပန်းစည်း ပါပြီလား ဟိုကောင် ခန့်စေ မင်းရဲ့ လက်စွပ်ဗူး "
"ပါတယ် ...သွားမယ် ! "
~~~~~~~~~~~~~~
စိုင်းဟန်လျှမ်းကို လမင်း တစ်ကယ် မျက်စိနောက်လာပါပြီ။
သူ့အိမ်သွားမယ် ပြောပြန်တော့လည်း မသွားနဲ့အုန်း ပြောပြီး၊ ဝရံတာဆီ ထွက်သွားလိုက်၊ အိမ်ထဲ ပြန်ဝင်လာလိုက်၊ ဖုန်းကို ကြည့်လိုက်နှင့် လုပ်နေသည်မှာ အဝတ်လဲပြီးကတည်းက။
ကိုယ့်ဘေး လာထိုင်ခိုင်းပြန်တော့လည်း ထိုင်လိုက်ထလိုက် အပြင်ထွက်ပြီး ကြည့်လိုက်နဲ့....
" မင်း ဘယ်သူ့ကို မျှော်နေတာလဲ အိုက်လျှမ်း ! ငါ မူးလာပြီကွ"
" ဟမ်! မမျှော်ပါဘူး "
"အဲ့တာဆို ငြိမ်ငြိမ်လာထိုင်လေ တီတီနုဆီ သွားတော့မလား ပြော
တော့ အလှူရှိတယ်ဆို "
" အေးလေ"
" တီတီနုက ငါ့ကိုလည်း ဘာမှမပြောပါဘူး "
" မားက ငါ့ကိုပဲ ပြောခိုင်းလိုက်တာ ငါ့ကို ခေါ်လာခဲ့တဲ့ "
" အေး ..အဲ့တာဆို သွားကြမယ်လေကွာ တစ်ခုခု ကူလုပ်ပေးလို့ရတာပေါ့ "
"ဟာ ...မလိုပါဘူး ..အဲ~~အိုက်လမင်းသာ ဟိုဘက်လှည့်နေ ခဏ "
"ဟမ်! "
"လှည့်နေလို့ ! ... ငါ ပြောမှ ပြန်လှည့် "
စိုင်းဟန်လျှမ်း တစ်ယောက်နဲ့လည်း စောစောစီးစီး လူက ရူးချင်လာသလို မူးချင်လာသလို။ လူကို ဘာတွေ လုပ်ခိုင်းနေမှန်း မသိဘူး။
လမင်း လှည့်ခိုင်းလို့သာ ဆန့်ကျင်ဘက်ကို လှည့်ပေးလိုက်ပြီး နံရံ၌
ချိတ်ထားသော ဘွဲ့ယူတုန်းက ပုံလေးအား အကြောင်းမဲ့ ငေးကြည့်နေလိုက်၏။ လမင်းမသိလိုက်သည်မှာ
နောက်ကျောဘက်တွင် ခြေကားယား လက်ကားယား ဟန်ပန်တွေနဲ့
ခြံထဲဝင်လာတဲ့ တစ်သိုက်ကိုဟန်လျှမ်း တိတ်တိတ်လေး စီမံကာ နေရာချနေခြင်းကိုပင်။
တစ်အောင့် ကြာမှ ....
"အဟမ်း ! ..ရပြီ "
"ကဲ ...အကို ကျွန်တော် တစ်ကယ် မူးနေပြီ "
"မင်းကလည်း လာ ငါနဲ့ သပြေပင်အောက် ခဏသွားမယ် "
"ဘာလုပ်အုန်းမလို့လဲ အိုက်လျှမ်း မင်း မနက်စောစောထဲက ငါ့ကို မွှေနေတာ "
" အမလေး! လာပါ ပြီးကျရင် ဒီလိုလေသံ ညှစ်ထုတ်တောင်
ထွက်ချင်မှ ထွက်တော့မှာ "
အိမ်ပေါ်က ဆင်းလာပြီး လှေကားရင်းနား ရောက်ပြန်တော့လည်း လူကို မျက်လုံးအား လက်ဖြင့် အုပ်ကာ လျှောက်ခိုင်းပြန်၏။
" အိုက်လျှမ်းရေ ! ..."
" မလျှမ်းနဲ့ အရှေ့တည့်တည့်လျှောက် ! စိတ်မရှည်တော့ဘူး
အနောက်ကနေ ဆောင့်ကန်လိုက်တော့မှာနော် "
တဖြည်းဖြည်း လျှောက်လာရင်း တစ်နေရာတွင် ရပ်လိုက်ကာ လူကို သူ့ဘက် ပြန်လှည့်ခိုင်းကာ ....
" ငါက ဟိုဘက်လှည့် ဆိုမှ လှည့်နော် အိုက်လမင်းသာ ဒီအတိုင်း ရပ်နေအုန်း "
ပြောပြီးသည်နှင့် အိမ်ဘက်ကို ပြန်ပြေးကာ လှေကားနား ရောက်သည်နှင့် လှမ်းအော်၏။
" လှည့်လို့ရပြီ ! "
"မျက်လုံး နှစ်လုံးပွင့်ကတည်းက မွှေနေတာ ပြီးကိုမပြီးတော့ဘူး
လူကို ဟိုဟာခိုင်း ဒီဟာခိုင်းနဲ့ ချီးထုတ်ကောင်...."
လမင်း ချက်ချင်း မလှည့်သေးပဲ ဟန်လျှမ်းကို ပွစိထိုးကာ ပေစောင်းစောင်းဖြင့် ရပ်ကြည့်နေတုန်း.....
" မောင့်ဘက် မလှည့်တော့ဘူးလား...မောင့် အချစ် "
"ဟင်! ..."
နောက်ကျောဘက်မှ ပြတ်သားစွာ ကြားလိုက်ရသော မောင့်အသံကြောင့်အံ့ဩပြီး ရင်ဘတ်လေးအား ဖိကာ လှည့်ကြည့်မိတော့
ပန်းစည်းကိုင်ကာ လမင်းကို ပြုံး၍ ရပ်ကြည့်နေသော "မောင်"။
" မောင်~~~"
အဆက်အသွယ်မရတဲ့ ၁ပတ်အတွင်း မောင့်အပေါ် လွမ်းနေရသော
အလွမ်းထုထည်က ပြောမပြတတ်အောင် ဖြစ်ရတာမို့ မျက်ရည်တို့ ဝေ့ဝဲလာကာ မျက်စိရှေ့၌ မြင်နေရသော အကောင်အထည်ဆီ
ပြေးကာ လည်တိုင်ဆီ တွဲခိုပြီး အတင်းအကြပ် ဖက်ထားမိ၏။
မောင်ဟာ ပန်းစည်းကို လက်တစ်ဖက်ဖြင့် ကိုင်လျက် ကျန်လက်တစ်ဖက်က လမင်းခါးကို တင်းကြပ်စွာ ပြန်လည် ဖက်
လာ၏။
" လမင်း မောင့်ကို အရမ်းလွမ်းနေတာ "
" မောင်လည်း လွမ်းတယ် အရမ်း~~~"
>>>>><<<<<
စာများလို့ ဖျတ်ချထားပါတယ် မနက်ဖြန်မှ အဆက်ကို ထပ်တင်ပေးမယ်နော်။
အများကြီး နောက်ကျပြီးမှ ပြန်ပေါ်လာရလို့ အားနာပါတယ်။
မနက်ဖြန် အပိုင်းသစ်နဲ့ ပုံ့ ပြန်လာခဲ့ပါ့မယ်💛💛။
စာလုံးပေါင်းမစစ်ရသေးပါဘူးနော်.
-pont-00-