Chapter(460)
သူခိုး(1)
ဝူရုန်နှင့်ဟေးရွမ်ရီက အင်မော်တယ်သစ်ပင်ကနေ ထွက်လာပြီးတဲ့နောက်မှာ သူတို့က နတ်ဆိုးသားရိုင်းစီးပြီး စိုက်ပျိုးမြေကို စစ်ဆေးဖို့ ထွက်လာခဲ့တယ်။
ဒီကနေ ဝူရုန်က ဟေးရွမ်ရီက အိမ်ရှေ့စံမင်းသားတစ်ယောက်အနေဖြင့် ဘယ်လောက်တောင်အလုပ်များလဲဆိုတာ လေ့ခဲ့ရတယ်။အကျဉ်းချုပ်လိုက်တော့ သူက ကောက်ပဲသီးနှံတွေကို စစ်ဆေးဖို့ စိုက်ပျိုးမြေကို သွားပြီးတာနှင့် ဆေးရုံကြီးကို သွားပြီးတော့ နေရောင်ချို့တဲ့ခြင်းရောဂါခံစားနေရတဲ့ကလေးတွေကို သွားကြည့်တယ်။နောက်ဆုံးအနေဖြင့်သူက အရာရှိတွေနှင့် နိုင်ငံ၏အရေးကိစ္စတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ဆွေးနွေးတယ်။
နောက်ဆုံး ဟေးရွမ်ရီက ထိုင်ပြီးတော့ အသက်ဝရှူထုတ်နိုင်တဲ့အချိန်က ညရောက်နေပြီဖြစ်တယ်။သူက ဝူရုန်သူ့အတွက်ပြင်ပေးတဲ့ အစားအစာကို နည်းနည်းလောက်ကို စားပြီးနောက်မှာတော့ သူက စတင်ပြီး အမတ်တွေ ဧကရာဇ်ကို တင်ပြထားတဲ့စာ လွှာတွေကို ဖတ်တယ်။ဒါက ညလယ်မတိုင်ခင်အထိဖြစ်ပြီး သူ့အလုပ်တွေပြီးသွားတဲ့အချိန်မှာတော့ သူတို့က အခန်းပြန်ပြီးအိပ်ကြတယ်။နောက်တစ်နေ့မနက်စောစာမှာတော့ တော်ဝင်ညီလာခံကိုသွားလိုက်ပြီးနောက်မှာ အခြားစီးပွားရေးကိစ္စတွေကို လုပ်ဆောင်ရတယ်။
ဝူရုန်က နန်းတော်ထဲကို ရွှေ့လာခဲ့တာ လဝက်လောက်ကြာပြီဖြစ်တယ်။ဒီလဝက်အတွင်းမှာ ဟေးရွမ်ရီက မနက်စောစောထွက်သွားပြီး ညမှသာပြန်ရောက်တာဖြစ်တယ်။တစ်ခါတစ်ရံမှာတော့ သူ့အိပ်ချိန်က ခြောက်နာရီထက်နည်းပါးတယ်။ဝူရုန်က ဟေးရွမ်ရီက တာဝန်ယူဆောင်ရွက်တာနှင့်ပတ်သက်ပြီး မသက်မသာခံစားရတယ်။ဒါပေမဲ့ သူလုပ်နိုင်တာ ဘာမှမရှိဘူး။သူလုပ်နိုင်တာ တစ်ခုတည်းက နေရောင်ချို့တဲ့ခြင်းရောဂါကို ကုသနိုင်ဖို့ ကြိုးစားပေးရုံသာရှိတယ်။
သူနှင့်သမားတော်ယောင်အပါအဝင် အခြားသောအင်ပါယာသမားတော်တွေက ဟေးရွမ်ရှီး၏အခြေအနေပိုကောင်းအောင် ဘယ်လိုလုပ်သင့်လဲဆိုတာ ဆွေးနွေးနေတဲ့အချိန်မှာ ဟေးရွမ်ထန်က ဝူချွင်ချင်ကဒဏ်ရာရသွားကြောင်း သတင်းပို့လာခဲ့တယ်။ဝူရုန်က စိုးရိမ်တကြီး အပြေးအလွှား နန်းတော်ကနေ ဟေးရွမ်ထန်၏အိမ်တော်ကို ပြေးသွားခဲ့တယ်။
သူက ဝူချွင်ချင်၏လက်မောင်းတစ်ဖက်မှ ဒဏ်ရာရမှန်းတွေ့မှ စိတ်လှုပ်ရှားမှုလျော့နည်းသွားတယ်။
"အဖေ ဘယ်လိုဖြစ်တာလဲ?"ဝူရုန်က မေးလိုက်တယ်။
ဝူချွင်ချင်က ဝူရုန်ကို တွေ့တော့ အံ့အားသင့်သွားပြီး လေးလံစွာပြောလိုက်တယ်"ရုန်အာ အဖေမင်းကို ငါဒဏ်ရာရတဲ့အကြောင်း မပြောပြချင်ဘူး"
ဝူရုန်က မျက်မှောင်ကြုတ်လိုက်ပြီး သူ့အဖေက ဘာကြောင့် သူ့လျှို့ဝှက်ထားတာလဲဆိုတာ နားမလည်နိုင်ဘူး။
ဝူဇူနှင့်ဝူရှိကလည်း ဘာမှမပြောဘူး။
"တကယ်လို့ ကျွန်မတို့က သူတို့ကိုမပြောဘူးဆိုရင်တောင် သူတို့က သိသွားမှာဘဲလေ။ရှင် တစ်ညလုံးမအိပ်ရသေးဘူး။ရှင်အိပ်တာ ပိုကောင်းမယ်"ဂေါင်တုန်က ဝူချွင်ချင်ကို အိပ်ရာပေါ်မှာ လဲနေစေလိုက်တယ်။
ဝူချွင်ချင်က သူ့မျက်လုံးတွေကို မမှိတ်ခင် ဝူဇူနှင့်ဝူရှိကို မသင့်လျော်တာ ဘာမှမပြောဖို့ အချက်ပြလိုက်တယ်။
ဝူရုန်က ဝူဇူကို မျက်လုံးနှင့်အချက်ပြလိုက်ပြီး သူတို့အပြင်မှာစကားပြောဖို့ အချက်ပြလိုက်တယ်။
သူတို့အပြင်ထွက်လာမှ ဝူရုန်က အသံနိမ့်ပြီးမေးလိုက်တယ်"သူက ဘယ်လိုဒဏ်ရာရလာတာလဲ?သူ့ကိုဘယ်သူက ထိခိုက်စေတာလဲ?"
ဝူရှိက နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး ခေါင်းခါလိုက်တယ်။
"ရုန်အာ ပြောစရာမရှိဘူး"ဝူဇူက ပြောလိုက်တယ်။
"ဒါပေမဲ့ ကျွန်တော်စိုးရိမ်နေတယ်ဆိုတာ မင်းသိပါတယ်။"
"အာ..."
"အမေ ပြောလိုက်မယ်"ဂေါင်တုန်က အပြင်ကို လျှောက်လာပြီး ပြောလိုက်တယ်"မင်းအဖေကို အနှောင့်အယှက်မဖြစ်စေနဲ့။အမေတို့ ဘေးခန်းထဲသွားရအောင်"
သူတို့လေးယောက်က ဘေးအခန်းက ခန်းမကို သွားလိုက်တယ်။ဂေါင်တုန်က ထိုင်လိုက်ပြီး သက်ပြင်းချလိုက်ပြီး"အမေတို့က အင်ပါယာမြို့တော်က မြန်မြန်ထွက်လာရတာကြောင့် အမေတို့မှာ ငွေများများမပါလာတာကို မင်းတို့လည်း သိတာဘဲ။အမေတို့မှာ ငွေများများရှိရင်တောင် ဒါကိုသေခြင်းဝိညာဉ်နိုင်ငံတော်မှာ အသုံးမပြုနိုင်ဘူး။ဒီနေရာမှာ အမေတို့အတွက် နေစရာစားစရာရှိနေတာကြောင့် ဒါက အရေးကြီးကိစ္စတော့မဟုတ်ဘူး။ဒါပေမဲ့ အမေတို့က မင်းရဲ့မင်္ဂလာပွဲအကြောင်းကို ဧကရာဇ်နှင့်ဆေးနွေးပြီးကတည်းက ခြားနားသွားပြီ။မင်းက အိမ်ရှေ့စံမင်းသားနဲ့ လက်ထပ်မယ်ဆိုကတည်းက မင်းရဲ့မင်္ဂလာဆောင်က အရမ်းကို ကြီးမားမှာဘဲ။ဒါ့ကြောင့် မင်းကို ဆင်းဆင်းရဲရဲနဲ့လက်မထပ်စေဘဲ သင့်တင့်လျောက်ပတ်တဲ့သတိုးသမီးတင်သွင်းလက်ဆောင်တွေရှိရမယ်။ဒါကြောင့် မင်းကို အထင်မြင်သေးမခံရျအာင် မင်းကိုပြီးပြည့်စုံတဲ့မင်္ဂလာပွဲတစ်ခုပေးဖို့အတွက် ပြီးတော့ မင်းကိုပိုကောင်းတဲ့အနာဂတ်ကို ပေးဖို့အတွက် မင်းအဖေက ငွေရှာဖို့အလုပ်လုပ်ခဲ့တာဘဲ"
ဒါက ဝူရုန်ကို အံ့သြသွားစေပေမဲ့ သူ့အဖေအတွက် စိတ်မကောင်းဖြစ်သလိုခံစားရပြီး"ဒါဆို သူက တာဝန်ထမ်းဆောင်နေတဲ့အချိန်မှ ဒဏ်ရာရခဲ့တာပေါ့"
ဂေါင်တုန်က ခေါင်းငြိမ့်လိုက်တယ်။
ဝူရုန်က မေးလိုက်တယ်"အမေ ကျွန်တော်အမေတို့ပိုင်ဆိုင်မှုတွေကို ဒီကိုယူခဲ့တာကို အဖေ့ကို အမေပြောပြီးပြီလား?ပြီးတော့ အမေတို့က အရင်က ကျွန်တော့်ကို သတိုးသမီးတင်သွင်းလက်ဆောင်တွေကို ပေးပြီးပြီလေ။ဒါ့ကြောင့် အမေတို့က ထပ်ပေးဖို့မလိုတော့ဘူး"
"အမေ သူ့ကိုဒီအကြောင်းပြောပြီးပြီ။ဒါ့ပေမဲ့ ဒါက ဧကရာဇ်ရဲ့သတိုးသမီးတင်တောင်းလက်ဆောင်နဲ့မယှဉ်နိုင်ဘူး။ဒါက ပြိုင်ပွဲတစ်ခုမဟုတ်ဘူးဆိုသော်လည်းဘဲ ဒါက သင့်တင့်လျောက်ပတ်မှုတစ်ခုတော့ရှိရမယ်။ဒါ့အပြင်...."ဂေါင်တုန်က ဝူဇူကိုကြည့်လိုက်ပြီး ပြောလိုက်တယ်"ဇူအာကလည်း မကြာခင်မှာ လက်ထပ်ရတော့မယ်။ပြီးတော့ သူ့ရဲ့သတိုးသမီးတင်တောင်းလက်ဆောင်ကလည်း မင်းရဲ့ဟာနဲ့တူညီအောင် များသင့်တယ်"
သူတို့က သူမရဲ့ကလေးတွေဘဲ။ပြီးတော့ သူတို့က အရာရာတိုင်းကို တူညီစွာ မျှဝေရသင့်တယ်။
"........"ဝူရုန်
"အမေ ကျွန်တော်က ဒီလောက်ထိမလိုဘူး"ဝူဇူကပြောလိုက်တယ်။
"မင်းက မလိုဘူး။ဒါပေမဲ့ တစ်စုံတစ်ယောက်ကတော့ လိုတယ်"ဂေါင်တုန်က ပြောလိုက်တယ်"ယူရီက မိန်းကလေးတစ်ယောက်ဘဲ။ပြီးတော့ သူမက မင်းနောက်ကို ထန်းရှင်းနိုင်ငံကနေ သေခြင်းဝိညာဉ်နိုင်ငံတစ်လျှောက်လုံးလိုက်ပါခဲ့တယ်။မင်းက သူမအတွက် မတုံ့ပြန်သင့်ဘူး"
"......."ဝူဇူ
ဝူရှိက သူမနှုတ်ခမ်းကို ကိုက်ပြီးမရယ်မိအောင် ထိန်းလိုက်တယ်။
"ငါက အသုံးမကျတဲ့အမေဘဲ။တကယ်လို့...."ဂေါင်တုန်က မျက်မှောင်ကြုတ်လိုက်တယ်။
သူမက ရပ်တန့်လိုက်ပြီး သက်ပြင်းချလိုက်တယ်။
ဝူရုန်က ဒီအခွင့်အရေးကို သုံးပြီးမေးလိုက်တယ်"အမေ ကျွန်တော်ကအခုအဆင့်ကိုးကျင့်ကြံသူဖြစ်နေပြီ။ကျွန်တော် အမေ့ကို ချိတ်ပိတ်ထားတာကို ဖယ်ရှားနိုင်လား?"
ဂေါင်တုန်ကပြောလိုက်တယ်"မင်းက မကြာသေးခင်ကမှ အဆင့်ကိုးရောက်လာတာ။မင်းရဲ့စိတ်စွမ်းအားက တောင့်တင်းခိုက်မာမှုမရှိသေးဘူး။မင်းက မင်းရဲ့စိတ်စွမ်းအင်နယ်မြေကို ပိုပြီးကျယ်ပြန့်အောင်လုပ်ဖို့လိုသေးတယ်"
"........."ဝူရုန်
ဒီအဓိပ္ပာယ်က သူကချိတ်စည်းကို မဖယ်ရှားနိုင်ဘူး။ပြီးတော့ သူ့ရဲ့စိတ်စွမ်းအားက တိုးတက်ဖို့လိုသေးတယ်။
"အမေ ကျွန်တော့်ရဲ့သတိုးသမီးတင်သွင်းလက်ဆောင်ကို မစိုးရိမ်နဲ့။ကျွန်တော် ကျွန်တော့်အတွက် ကိုယ့်ဘာသာရှာနိုင်တယ်။ကျွန်တော်ရဲ့မင်္ဂလာဆောင်က သင့်တင့်လျောက်ပတ်မှုရှိစေရမယ်"
"ကျွန်တော်လည်းအတူတူဘဲ"ဝူဇူက ပြောလိုက်တယ်။
"အမေ မင်းကို ဒီအကြောင်းပြောတာက အမေက မင်းကို မင်းအဖေက ဘာကြောင့်ထိခ်ိုက်ခဲ့လဲဆိုတာ သိစေချင်တာ။မင်းတို့ဘာသာ မင်းတို့ရဲ့သတိုးသမီးတင်သွင်းလင်ဆောင်ကို လုပ်စေချင်လို့မဟုတ်ဘူး။ဒါ့အပြင် မင်းတို့ရဲ့မင်္ဂလာဆောင်ကို ပြင်ဆင်ဖို့အတွက် အမေတို့ရဲ့တာဝန်ဘဲ။ဒါဘဲ။မင်းတို့သွားနိုင်ပြီ"ဂေါင်တုန်က ထရပ်လိုက်တယ်။
ဂေါင်တုန်က ထပ်ပြီးမပြောချင်ကတည်းက သူတို့သံးယောက် ဆက်ပြီးငြင်းခုံလို့မဖြစ်ဘူး။သူတို့က ဘေးခန်းမထဲကနေ ထွက်ခဲ့တယ်။
"ငါ့ရဲ့မင်္ဂလာဆောင်က သူတို့အတွက် ဒီလောက်ထိကြီးတဲ့ဖိအားသက်ရောက်စေတာ ငါစိတ်မသက်သာဘူး"ဝူရုန်က ပြောလိုက်တယ်။
ဝူဇူက သူ့ပခုံးကို ပုတ်လိုက်ပြီး ကျီစားလိုက်တယ်"ဘာကြောင့်လဲဆိုတော့ မင်းလက်ထပ်မဲ့သူက အိမ်ရှေ့စံမင်းသားဖြစ်နေလို့ဘဲ"
ဝူရုန်က မျက်မှောင်ကြုတ်ပြီးပြောလိုက်တယ်"မင်းပြောတာ မှန်တယ်။ပြီးတော့ မင်းကလည်း မွန်းစတားကလန်ရဲ့မင်းသမီးကို လက်ထပ်ရမယ်။တကယ်ကိုဘဲ သူတို့က ငါဟာလိုမျိုး မင်းအတွက်လည်း တူညီတဲ့သတိုးသမီးတင်တောင်းလက်ဆောင်ကို ပြင်ဆင်ပေးမှာဘဲ"
ဝူဇူက ပြောစရာစကားမဲ့သွားတယ်။
"ဟား ဟား"ဝူရှိက ရယ်မောလ်ိုက်တယ်။
"မင်းမရယ်သင့်ဘူး"ဝူရုန်က သူမကိုမျက်လုံးလှန်ကြည့်လိုက်ပြီး ပြောလိုက်တယ်"မင်း အဖေနဲ့အမေကို မင်္ဂလာဆောင်အတွက် ပြင်ဆင်နေတုန်းက ပြောပြသင့်တယ်။ဒါဆို ငါက ဒါကို ဂရုစိုက်ပေးလိုက်လို့ရတယ်"
"ကောင်းပြီ။ငါ အကောင်းဆုံးကြိုးစားခဲ့တယ်။ဒါပေမဲ့ သူတို့က ငါ့ပြောတာနားမထောင်ဘူး"ဝူရှိက သူမဖခင်ကို မထိခိုက်စေချင်ဘူး။
ဝူရုန်က ယူရီ၏အခန်းကမှောင်နေကတည်းက မေးလိုက်တယ်"သူတို့ဘယ်သွားလဲ?"
"သူတို့က သေခြင်းဝိညာဉ်နိုင်ငံတော်ကို လာတဲ့အချိန်တုန်းက သူတို့နှင့်အတူ ငွေအများမယူလာခဲ့ဘူး။သူတို့က ဒီမနက်စောစောတုန်းက ငွေရှာဖို့ထွက်သွားတယ်။သူတို့နောက်နှစ်ရက်ကြာရင် ပြန်လာလိမ့်မယ်"ဝူရှိက ပြောလိုက်တယ်။
ဝူရုန်က ကျီစားလိုက်တယ်"ဒါဆို သူက ငါ့လိုမျိုးသူ့အတွက်သတိုးသမီးတင်တင်သွင်းလက်ဆောင်ကို ကိုယ်တိုင်ပြင်ဆင်နေတာပေါ့"
ဝူဇူက မျက်လုံးလှန်လိုက်ပြီး ဘာမှမပြောဘူး။
"ရုန်အာ အခုနောက်ကျနေပြီ။ဒီမှာ ဘာကြောင့် ညမအိပ်လဲ?"ဝူရှိက အကြံပြုလိုက်တယ်။
"အင်း"ဝူရုန်က ခေါင်းငြိမ့်လိုက်တယ်"အကိုကြီး ကျွန်တော် မင်းအိပ်ခန်းမှာဘဲ အတူနေမယ်"
"ကောင်းပြီ"
သူတို့သုံးယောက်က သူတို့ကိုယ်ပိုင်အိပ်ခန်းကို ပြန်သွားလိုက်တယ်။
"မကောင်းဆိုးဝါးဘွားဘွားက ဒီနောက်ပိုင်းမှာဘာတွေလုပ်နေလဲ?"ဝူရုန်က မေးလိုက်တယ်။
------------
Chapter(460)
သူခိုး(1)
ဝူရုန္နွင့္ေဟးရြမ္ရီက အင္ေမာ္တယ္သစ္ပင္ကေန ထြက္လာၿပီးတဲ့ေနာက္မွာ သူတို႔က နတ္ဆိုးသားရိုင္းစီးၿပီး စိုက္ပ်ိဳးေျမကို စစ္ေဆးဖို႔ ထြက္လာခဲ့တယ္။
ဒီကေန ဝူရုန္က ေဟးရြမ္ရီက အိမ္ေေရွ႕စံမင္းသားတစ္ေယာက္အေနျဖင့္ ဘယ္ေလာက္ေတာင္အလုပ္မ်ားလဲဆိုတာ ေလ့ခဲ့ရတယ္။အက်ဥ္းခ်ဳပ္လုိက္ေတာ့ သူက ေကာက္ပဲသီးနွံေတြကို စစ္ေဆးဖို႔ စိုက္ပ်ိဳးေျမကို သြားၿပီးတာနွင့္ ေဆးရုံႀကီးကို သြားၿပီးေတာ့ ေနေရာင္ခ်ိဳ႕တဲ့ျခင္းေရာဂါခံစားေနရတဲ့ကေလးေတြကို သြားၾကည့္တယ္။ေနာက္ဆံုးအေနျဖင့္သူက အရာရွိေတြႏွင့္ နိုင္ငံ၏အေရးကိစၥေတြကို ဘယ္လိုေျဖရွင္းမလဲဆိုတာ ေဆြးေႏြးတယ္။
ေနာက္ဆံုး ေဟးရြမ္ရီက ထိုင္ၿပီးေတာ့ အသက္ဝရွဴထုတ္နိုင္တဲ့အခ်ိန္က ညေရာက္ေနၿပီျဖစ္တယ္။သူက ဝူရုန္သူ႕အတြက္ျပင္ေပးတဲ့ အစားအစာကို နည္းနည္းေလာက္ကို စားၿပီးေနာက္မွာေတာ့ သူက စတင္ၿပီး အမတ္ေတြ ဧကရာဇ္ကို တင္ျပထားတဲ့စာ လႊာေတြကို ဖတ္တယ္။ဒါက ညလယ္မတိုင္ခင္အထိျဖစ္ၿပီး သူ႕အလုပ္ေတြၿပီးသြားတဲ့အခ်ိန္မွာေတာ့ သူတို႔က အခန္းျပန္ၿပီးအိပ္ၾကတယ္။ေနာက္တစ္ေန႕မနက္ေစာစာမွာေတာ့ ေတာ္ဝင္ညီလာခံကိုသြားလိုက္ၿပီးေနာက္မွာ အျခားစီးပြားေရးကိစၥေတြကို လုပ္ေဆာင္ရတယ္။
ဝူရုန္က နန္းေတာ္ထဲကို ေရႊ႕လာခဲ့တာ လဝက္ေလာက္ၾကာၿပီျဖစ္တယ္။ဒီလဝက္အတြင္းမွာ ေဟးရြမ္ရီက မနက္ေစာေစာထြက္သြားၿပီး ညမွသာျပန္ေရာက္တာျဖစ္တယ္။တစ္ခါတစ္ရံမွာေတာ့ သူ႕အိပ္ခ်ိန္က ေျခာက္နာရီထက္နည္းပါးတယ္။ဝူရုန္က ေဟးရြမ္ရီက တာဝန္ယူေဆာင္ရြက္တာနွင့္ပတ္သက္ၿပီး မသက္မသာခံစားရတယ္။ဒါေပမဲ့ သူလုပ္နိုင္တာ ဘာမွမရွိဘူး။သူလုပ္နိုင္တာ တစ္ခုတည္းက ေနေရာင္ခ်ိဳ႕တဲ့ျခင္းေရာဂါကို ကုသနိုင္ဖို႔ ႀကိဳးစားေပးရံုသာရွိတယ္။
သူနွင့္သမားေတာ္ေယာင္အပါအဝင္ အျခားေသာအင္ပါယာသမားေတာ္ေတြက ေဟးရြမ္ရွီး၏အေျခအေနပိုေကာင္းေအာင္ ဘယ္လိုလုပ္သင့္လဲဆိုတာ ေဆြးေႏြးေနတဲ့အခ်ိန္မွာ ေဟးရြမ္ထန္က ဝူခ်ြင္ခ်င္ကဒဏ္ရာရသြားေၾကာင္း သတင္းပို႔လာခဲ့တယ္။ဝူရုန္က စိုးရိမ္တႀကီး အေျပးအလႊား နန္းေတာ္ကေန ေဟးရြမ္ထန္၏အိမ္ေတာ္ကို ေျပးသြားခဲ့တယ္။
သူက ဝူခ်ြင္ခ်င္၏လက္ေမာင္းတစ္ဖက္မွ ဒဏ္ရာရမွန္းေတြ႕မွ စိတ္လႈပ္ရွားမႈေလ်ာ့နည္းသြားတယ္။
"အေဖ ဘယ္လိုျဖစ္တာလဲ?"ဝူရုန္က ေမးလိုက္တယ္။
ဝူခ်ြင္ခ်င္က ဝူရုန္ကို ေတြ႕ေတာ့ အံ့အားသင့္သြားၿပီး ေလးလံစြာေျပာလိုက္တယ္"ရုန္အာ အေဖမင္းကို ငါဒဏ္ရာရတဲ့အေၾကာင္း မေျပာျပခ်င္ဘူး"
ဝူရုန္က မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး သူ႕အေဖက ဘာေၾကာင့္ သူ႕လ်ွိဳ႕ဝွက္ထားတာလဲဆိုတာ နားမလည္နိုင္ဘူး။
ဝူဇူနွင့္ဝူရွိကလည္း ဘာမွမေျပာဘူး။
"တကယ္လို႔ က်ြန္မတို႔က သူတို႔ကိုမေျပာဘူးဆိုရင္ေတာင္ သူတို႔က သိသြားမွာဘဲေလ။ရွင္ တစ္ညလံုးမအိပ္ရေသးဘူး။ရွင္အိပ္တာ ပိုေကာင္းမယ္"ေဂါင္တုန္က ဝူခ်ြင္ခ်င္ကို အိပ္ရာေပၚမွာ လဲေနေစလိုက္တယ္။
ဝူခ်ြင္ခ်င္က သူ႕မ်က္လံုးေတြကို မမွိတ္ခင္ ဝူဇူနွင့္ဝူရွိကို မသင့္ေလ်ာ္တာ ဘာမွမေျပာဖို႔ အခ်က္ျပလိုက္တယ္။
ဝူရုန္က ဝူဇူကို မ်က္လံုးနွင့္အခ်က္ျပလိုက္ၿပီး သူတို႔အျပင္မွာစကားေျပာဖို႔ အခ်က္ျပလိုက္တယ္။
သူတုိ႔အျပင္ထြက္လာမွ ဝူရုန္က အသံနိမ့္ၿပီးေမးလိုက္တယ္"သူက ဘယ္လိုဒဏ္ရာရလာတာလဲ?သူ႕ကိုဘယ္သူက ထိခိုက္ေစတာလဲ?"
ဝူရွိက ႏႈတ္ခမ္းကိုတင္းတင္းေစ့ၿပီး ေခါင္းခါလိုက္တယ္။
"ရုန္အာ ေျပာစရာမရွိဘူး"ဝူဇူက ေျပာလိုက္တယ္။
"ဒါေပမဲ့ က်ြန္ေတာ္စိုးရိမ္ေနတယ္ဆိုတာ မင္းသိပါတယ္။"
"အာ..."
"အေမ ေျပာလိုက္မယ္"ေဂါင္တုန္က အျပင္ကို ေလ်ွာက္လာၿပီး ေျပာလိုက္တယ္"မင္းအေဖကို အေနွာင့္အယွက္မျဖစ္ေစနဲ႔။အေမတို႔ ေဘးခန္းထဲသြားရေအာင္"
သူတို႔ေလးေယာက္က ေဘးအခန္းက ခန္းမကို သြားလိုက္တယ္။ေဂါင္တုန္က ထိုင္လိုက္ၿပီး သက္ျပင္းခ်လိုက္ၿပီး"အေမတို႔က အင္ပါယာၿမိဳ႕ေတာ္က ျမန္ျမန္ထြက္လာရတာေၾကာင့္ အေမတို႔မွာ ေငြမ်ားမ်ားမပါလာတာကို မင္းတို႔လည္း သိတာဘဲ။အေမတို႔မွာ ေငြမ်ားမ်ားရွိရင္ေတာင္ ဒါကိုေသျခင္းဝိညာဥ္နိုင္ငံေတာ္မွာ အသံုးမျပဳနိုင္ဘူး။ဒီေနရာမွာ အေမတို႔အတြက္ ေနစရာစားစရာရွိေနတာေၾကာင့္ ဒါက အေရးႀကီးကိစၥေတာ့မဟုတ္ဘူး။ဒါေပမဲ့ အေမတို႔က မင္းရဲ႕မဂၤလာပြဲအေၾကာင္းကို ဧကရာဇ္နွင့္ေဆးေႏြးၿပီးကတည္းက ျခားနားသြားၿပီ။မင္းက အိမ္ေရွ႕စံမင္းသားနဲ႔ လက္ထပ္မယ္ဆိုကတည္းက မင္းရဲ႕မဂၤလာေဆာင္က အရမ္းကို ႀကီးမားမွာဘဲ။ဒါ့ေၾကာင့္ မင္းကို ဆင္းဆင္းရဲရဲနဲ႔လက္မထပ္ေစဘဲ သင့္တင့္ေလ်ာက္ပတ္တဲ့သတိုးသမီးတင္သြင္းလက္ေဆာင္ေတြရွိရမယ္။ဒါေၾကာင့္ မင္းကို အထင္ျမင္ေသးမခံရ်အာင္ မင္းကိုၿပီးျပည့္စံုတဲ့မဂၤလာပြဲတစ္ခုေပးဖို႔အတြက္ ၿပီးေတာ့ မင္းကိုပိုေကာင္းတဲ့အနာဂတ္ကို ေပးဖို႔အတြက္ မင္းအေဖက ေငြရွာဖို႔အလုပ္လုပ္ခဲ့တာဘဲ"
ဒါက ဝူရုန္ကို အံ့ၾသသြားေစေပမဲ့ သူ႕အေဖအတြက္ စိတ္မေကာင္းျဖစ္သလိုခံစားရၿပီး"ဒါဆို သူက တာဝန္ထမ္းေဆာင္ေနတဲ့အခ်ိန္မွ ဒဏ္ရာရခဲ့တာေပါ့"
ေဂါင္တုန္က ေခါင္းၿငိမ့္လိုက္တယ္။
ဝူရုန္က ေမးလိုက္တယ္"အေမ က်ြန္ေတာ္အေမတို႔ပိုင္ဆိုင္မႈေတြကို ဒီကိုယူခဲ့တာကို အေဖ့ကို အေမေျပာၿပီးၿပီလား?ၿပီးေတာ့ အေမတို႔က အရင္က က်ြန္ေတာ့္ကို သတိုးသမီးတင္သြင္းလက္ေဆာင္ေတြကို ေပးၿပီးၿပီေလ။ဒါ့ေၾကာင့္ အေမတို႔က ထပ္ေပးဖို႔မလိုေတာ့ဘူး"
"အေမ သူ႕ကိုဒီအေၾကာင္းေျပာၿပီးၿပီ။ဒါ့ေပမဲ့ ဒါက ဧကရာဇ္ရဲ႕သတိုးသမီးတင္ေတာင္းလက္ေဆာင္နဲ႔မယွဥ္နိုင္ဘူး။ဒါက ၿပိဳင္ပြဲတစ္ခုမဟုတ္ဘူးဆိုေသာ္လည္းဘဲ ဒါက သင့္တင့္ေလ်ာက္ပတ္မႈတစ္ခုေတာ့ရွိရမယ္။ဒါ့အျပင္...."ေဂါင္တုန္က ဝူဇူကိုၾကည့္လိုက္ၿပီး ေျပာလိုက္တယ္"ဇူအာကလည္း မၾကာခင္မွာ လက္ထပ္ရေတာ့မယ္။ၿပီးေတာ့ သူ႕ရဲ႕သတိုးသမီးတင္ေတာင္းလက္ေဆာင္ကလည္း မင္းရဲ႕ဟာနဲ႔တူညီေအာင္ မ်ားသင့္တယ္"
သူတုိ႔က သူမရဲ႕ကေလးေတြဘဲ။ၿပီးေတာ့ သူတုု႔ိက အရာရာတိုင္းကို တူညီစြာ မ်ွေဝရသင့္တယ္။
"........"ဝူရုန္
"အေမ က်ြန္ေတာ္က ဒီေလာက္ထိမလိုဘူး"ဝူဇူကေျပာလိုက္တယ္။
"မင္းက မလိုဘူး။ဒါေပမဲ့ တစ္စံုတစ္ေယာက္ကေတာ့ လိုတယ္"ေဂါင္တုန္က ေျပာလိုက္တယ္"ယူရီက မိန္းကေလးတစ္ေယာက္ဘဲ။ၿပီးေတာ့ သူမက မင္းေနာက္ကို ထန္းရွင္းနိုင္ငံကေန ေသျခင္းဝိညာဥ္နိုင္ငံတစ္ေလ်ွာက္လံုးလိုက္ပါခဲ့တယ္။မင္းက သူမအတြက္ မတံု႔ျပန္သင့္ဘူး"
"......."ဝူဇူ
ဝူရွိက သူမႏႈတ္ခမ္းကို ကိုက္ၿပီးမရယ္မိေအာင္ ထိန္းလိုက္တယ္။
"ငါက အသံုးမက်တဲ့အေမဘဲ။တကယ္လို႔...."ေဂါင္တုန္က မ်က္ေမွာင္ၾကဳတ္လိုက္တယ္။
သူမက ရပ္တန္႔လိုက္ၿပီး သက္ျပင္းခ်လိုက္တယ္။
ဝူရုန္က ဒီအခြင့္အေရးကို သံုးၿပီးေမးလိုက္တယ္"အေမ က်ြန္ေတာ္ကအခုအဆင့္ကိုးက်င့္ႀကံသူျဖစ္ေနၿပီ။က်ြန္ေတာ္ အေမ့ကို ခ်ိတ္ပိတ္ထားတာကို ဖယ္ရွားနိုင္လား?"
ေဂါင္တုန္ကေျပာလိုက္တယ္"မင္းက မၾကာေသးခင္ကမွ အဆင့္ကိုးေရာက္လာတာ။မင္းရဲ႕စိတ္စြမ္းအားက ေတာင့္တင္းခိုက္မာမႈမရွိေသးဘူး။မင္းက မင္းရဲ႕စိတ္စြမ္းအင္နယ္ေျမကို ပိုၿပီးက်ယ္ျပန္႔ေအာင္လုပ္ဖုုိ႔လိုေသးတယ္"
"........."ဝူရုန္
ဒီအဓိပၸာယ္က သူကခ်ိတ္စည္းကို မဖယ္ရွားနိုင္ဘူး။ၿပီးေတာ့ သူ႕ရဲ႕စိတ္စြမ္းအားက တိုးတက္ဖို႔လိုေသးတယ္။
"အေမ က်ြန္ေတာ့္ရဲ႕သတိုးသမီးတင္သြင္းလက္ေဆာင္ကို မစိုးရိမ္နဲ႔။က်ြန္ေတာ္ က်ြန္ေတာ့္အတြက္ ကိုယ့္ဘာသာရွာနိုင္တယ္။က်ြန္ေတာ္ရဲ႕မဂၤလာေဆာင္က သင့္တင့္ေလ်ာက္ပတ္မႈရွိေစရမယ္"
"က်ြန္ေတာ္လည္းအတူတူဘဲ"ဝူဇူက ေျပာလိုက္တယ္။
"အေမ မင္းကို ဒီအေၾကာင္းေျပာတာက အေမက မင္းကို မင္းအေဖက ဘာေၾကာင့္ထိခို္က္ခဲ့လဲဆိုတာ သိေစခ်င္တာ။မင္းတို႔ဘာသာ မင္းတို႔ရဲ႕သတိုးသမီးတင္သြင္းလင္ေဆာင္ကို လုပ္ေစခ်င္လို႔မဟုတ္ဘူး။ဒါ့အျပင္ မင္းတို႔ရဲ႕မဂၤလာေဆာင္ကို ျပင္ဆင္ဖို႔အတြက္ အေမတို႔ရဲ႕တာဝန္ဘဲ။ဒါဘဲ။မင္းတုိ႔သြားနိုင္ၿပီ"ေဂါင္တုန္က ထရပ္လိုက္တယ္။
ေဂါင္တုန္က ထပ္ၿပီးမေျပာခ်င္ကတည္းက သူတို႔သံးေယာက္ ဆက္ၿပီးျငင္းခံုလို႔မျဖစ္ဘူး။သူတို႔က ေဘးခန္းမထဲကေန ထြက္ခဲ့တယ္။
"ငါ့ရဲ႕မဂၤလာေဆာင္က သူတို႔အတြက္ ဒီေလာက္ထိႀကီးတဲ့ဖိအားသက္ေရာက္ေစတာ ငါစိတ္မသက္သာဘူး"ဝူရုန္က ေျပာလိုက္တယ္။
ဝူဇူက သူ႕ပခံုးကို ပုတ္လိုက္ၿပီး က်ီစားလိုက္တယ္"ဘာေၾကာင့္လဲဆိုေတာ့ မင္းလက္ထပ္မဲ့သူက အိမ္ေရွ႕စံမင္းသားျဖစ္ေနလို႔ဘဲ"
ဝူရုန္က မ်က္ေမွာင္ၾကဳတ္ၿပီးေျပာလိုက္တယ္"မင္းေျပာတာ မွန္တယ္။ၿပီးေတာ့ မင္းကလည္း မြန္းစတားကလန္ရဲ႕မင္းသမီးကို လက္ထပ္ရမယ္။တကယ္ကိုဘဲ သူတုိ႔က ငါဟာလိုမ်ိဳး မင္းအတြက္လည္း တူညီတဲ့သတိုးသမီးတင္ေတာင္းလက္ေဆာင္ကို ျပင္ဆင္ေပးမွာဘဲ"
ဝူဇူက ေျပာစရာစကားမဲ့သြားတယ္။
"ဟား ဟား"ဝူရွိက ရယ္ေမာလို္က္တယ္။
"မင္းမရယ္သင့္ဘူး"ဝူရုန္က သူမကိုမ်က္လံုးလွန္ၾကည့္လိုက္ၿပီး ေျပာလိုက္တယ္"မင္း အေဖနဲ႔အေမကို မဂၤလာေဆာင္အတြက္ ျပင္ဆင္ေနတုန္းက ေျပာျပသင့္တယ္။ဒါဆို ငါက ဒါကို ဂရုစိုက္ေပးလိုက္လို႔ရတယ္"
"ေကာင္းၿပီ။ငါ အေကာင္းဆံုးႀကိဳးစားခဲ့တယ္။ဒါေပမဲ့ သူတုုိ႔က ငါ့ေျပာတာနားမေထာင္ဘူး"ဝူရွိက သူမဖခင္ကို မထိခိုက္ေစခ်င္ဘူး။
ဝူရုန္က ယူရီ၏အခန္းကေမွာင္ေနကတည္းက ေမးလိုက္တယ္"သူတုိ႔ဘယ္သြားလဲ?"
"သူတို႔က ေသျခင္းဝိညာဥ္နိုင္ငံေတာ္ကို လာတဲ့အခ်ိန္တုန္းက သူတို႔ႏွင့္အတူ ေငြအမ်ားမယူလာခဲ့ဘူး။သူတုု႔ိက ဒီမနက္ေစာေစာတုန္းက ေငြရွာဖို႔ထြက္သြားတယ္။သူတို႔ေနာက္နွစ္ရက္ၾကာရင္ ျပန္လာလိမ့္မယ္"ဝူရွိက ေျပာလိုက္တယ္။
ဝူရုန္က က်ီစားလိုက္တယ္"ဒါဆို သူက ငါ့လိုမ်ိဳးသူ႕အတြက္သတိုးသမီးတင္တင္သြင္းလက္ေဆာင္ကို ကိုယ္တိုင္ျပင္ဆင္ေနတာေပါ့"
ဝူဇူက မ်က္လံုးလွန္လိုက္ၿပီး ဘာမွမေျပာဘူး။
"ရုန္အာ အခုေနာက္က်ေနၿပီ။ဒီမွာ ဘာေၾကာင့္ ညမအိပ္လဲ?"ဝူရွိက အႀကံျပဳလိုက္တယ္။
"အင္း"ဝူရုန္က ေခါင္းၿငိမ့္လိုက္တယ္"အကိုႀကီး က်ြန္ေတာ္ မင္းအိပ္ခန္းမွာဘဲ အတူေနမယ္"
"ေကာင္းၿပီ"
သူတုိ႔သံုးေယာက္က သူတုိ႔ကိုယ္ပိုင္အိပ္ခန္းကို ျပန္သြားလိုက္တယ္။
"မေကာင္းဆိုးဝါးဘြားဘြားက ဒီေနာက္ပိုင္းမွာဘာေတြလုပ္ေနလဲ?"ဝူရုန္က ေမးလိုက္တယ္။
------------