460

1K 182 2
                                    


Chapter(460)
သူခိုး(1)

ဝူရုန်နှင့်ဟေးရွမ်ရီက အင်မော်တယ်သစ်ပင်ကနေ ထွက်လာပြီးတဲ့နောက်မှာ သူတို့က နတ်ဆိုးသားရိုင်းစီးပြီး စိုက်ပျိုးမြေကို စစ်ဆေးဖို့ ထွက်လာခဲ့တယ်။

ဒီကနေ ဝူရုန်က ဟေးရွမ်ရီက အိမ်ရှေ့စံမင်းသားတစ်ယောက်အနေဖြင့် ဘယ်လောက်တောင်အလုပ်များလဲဆိုတာ လေ့ခဲ့ရတယ်။အကျဉ်းချုပ်လိုက်တော့ သူက ကောက်ပဲသီးနှံတွေကို စစ်ဆေးဖို့ စိုက်ပျိုးမြေကို သွားပြီးတာနှင့် ဆေးရုံကြီးကို သွားပြီးတော့ နေရောင်ချို့တဲ့ခြင်းရောဂါခံစားနေရတဲ့ကလေးတွေကို သွားကြည့်တယ်။နောက်ဆုံးအနေဖြင့်သူက အရာရှိတွေနှင့်  နိုင်ငံ၏အရေးကိစ္စတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ဆွေးနွေးတယ်။

နောက်ဆုံး ဟေးရွမ်ရီက ထိုင်ပြီးတော့ အသက်ဝရှူထုတ်နိုင်တဲ့အချိန်က ညရောက်နေပြီဖြစ်တယ်။သူက ဝူရုန်သူ့အတွက်ပြင်ပေးတဲ့ အစားအစာကို နည်းနည်းလောက်ကို စားပြီးနောက်မှာတော့ သူက စတင်ပြီး အမတ်တွေ ဧကရာဇ်ကို တင်ပြထားတဲ့စာ လွှာတွေကို ဖတ်တယ်။ဒါက ညလယ်မတိုင်ခင်အထိဖြစ်ပြီး သူ့အလုပ်တွေပြီးသွားတဲ့အချိန်မှာတော့ သူတို့က အခန်းပြန်ပြီးအိပ်ကြတယ်။နောက်တစ်နေ့မနက်စောစာမှာတော့ တော်ဝင်ညီလာခံကိုသွားလိုက်ပြီးနောက်မှာ အခြားစီးပွားရေးကိစ္စတွေကို လုပ်ဆောင်ရတယ်။

ဝူရုန်က နန်းတော်ထဲကို ရွှေ့လာခဲ့တာ လဝက်လောက်ကြာပြီဖြစ်တယ်။ဒီလဝက်အတွင်းမှာ ဟေးရွမ်ရီက မနက်စောစောထွက်သွားပြီး ညမှသာပြန်ရောက်တာဖြစ်တယ်။တစ်ခါတစ်ရံမှာတော့ သူ့အိပ်ချိန်က ခြောက်နာရီထက်နည်းပါးတယ်။ဝူရုန်က ဟေးရွမ်ရီက တာဝန်ယူဆောင်ရွက်တာနှင့်ပတ်သက်ပြီး မသက်မသာခံစားရတယ်။ဒါပေမဲ့ သူလုပ်နိုင်တာ ဘာမှမရှိဘူး။သူလုပ်နိုင်တာ တစ်ခုတည်းက နေရောင်ချို့တဲ့ခြင်းရောဂါကို ကုသနိုင်ဖို့ ကြိုးစားပေးရုံသာရှိတယ်။

သူနှင့်သမားတော်ယောင်အပါအဝင် အခြားသောအင်ပါယာသမားတော်တွေက ဟေးရွမ်ရှီး၏အခြေအနေပိုကောင်းအောင် ဘယ်လိုလုပ်သင့်လဲဆိုတာ ဆွေးနွေးနေတဲ့အချိန်မှာ ဟေးရွမ်ထန်က ဝူချွင်ချင်ကဒဏ်ရာရသွားကြောင်း သတင်းပို့လာခဲ့တယ်။ဝူရုန်က စိုးရိမ်တကြီး အပြေးအလွှား နန်းတော်ကနေ ဟေးရွမ်ထန်၏အိမ်တော်ကို ပြေးသွားခဲ့တယ်။

COTAW(2)Where stories live. Discover now