510-511

623 118 1
                                    

Chapter(510)
အစိမ်းရောင်ဝတ်စုံနှင့်လူ(1)

ရှန်ဆောင်က အစိမ်းရောင်ဝတ်စုံနှင့်လူနှင့် ဝူရုန်ကို ကြည့်လိုက်ပြီး တီးတိုးပြောလိုက်တယ်"ဘာကြောင့် ဒီနေ့ခေတ်မှာ ယောကျာ်းတွေက အရမ်းလှနေရတာလဲ?သူတို့ရဲ့အလှကြောင့် မိန်းကလေးတွေက ဖြူဖျော့သွားပြီ"

အစိမ်းရောင်ဝတ်စုံနှင့်လူနှင့် ဝူရုန်က မယုံနိုင်စရာကောင်းလောက်အောင် လှလွန်းတယ်။အစိမ်းရောင်ဝတ်စုံနဲ့လူက ပိုပြီးတော့ အင်မော်တယ်နဲ့တူပြီး နတ်သမီးလေးလိုဘဲ။ဝူရုန်က သူ့ရဲ့အဝတ်စားကြောင့် ခြားနားနေတယ်။သူက လန်းဆန်းတဲ့အဖြူရောင်ပန်းပွင့်လေးဖြစ်နိုင်တယ်။သူက လှပတဲ့ပန်းပွင့်လေးလို ခန့်ညားတဲ့ဒေစီပန်းလိုဖြစ်နိုင်တယ်။

"မင်းဘာတွေပြောနေတာလဲ?"ကျင်းရှင်းက ရှန်ဆောင်ကို မေးလိုက်တယ်။

"ဘာမှမဟုတ်ဘူး"ရှန်ဆောင်က ခေါင်းခါလိုက်တယ်။

ဝူရုန်က မြေကြီးပေါ်က သူခိုးကိုကန်လိုက်ပြီး လှောင်လိုက်တယ်"မင်းဘယ်လိုလုပ်ပြီး မစ္စတာရှန်ဆောင်ရဲ့ပိုက်ဆံကို ခိုးရဲတာလဲ?မင်းသေသင့်တယ်!မစ္စတာကျင်းရှင်း အရင်တစ်ခါတုန်းက သူခိုးက ဘယ်လိုအဆုံးသတ်သွားလဲဆိုတာ ပြောပြလိုက်"

ရှန်ဆောင်က စိတ်ရှုပ်သွားတယ်။သူတို့က ဘယ်တုန်းက သူခိုးနှင့်ဆုံပါလိမ့်!သူဘာကြောင့် ဒါကိုမသိလိုက်တာလဲ?

ကျင်းရှင်းက ဒီအရိပ်အမြွက်ကို နားလည်တာကြောင့်"ငါ သူ့ခြေထောက်တွေ လက်တွေကို ချိုးပြီးပြီး ဝြံ့ပုလွေစာကျွေးလိုက်တယ်!"

"......."ရှန်ဆောင်

သူတို့က ဒီလောက်ရက်စက်တာလား?

သူခိုးက တောင်းပန်လိုက်တယ်"ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ။ကျွန်တော် တောင်းပန်ပါတယ်။ကျွန်တော့်မှာထောက်ပံ့စရာမိသားစုရှိပါသေးတယ်။ကျွန်တော့်မှာ ခိုးရုံကလွှဲလို့ ရွေးစရာမရှိလို့ပါ။ဒါက ကျွန်တော်ရဲ့ပထမဆုံးအကြိမ် ပစ်မှုကျူးလွန်ကတည်းက ကျေးဇူးပြုပြီး ခွင့်လွတ်ပေးပါ"

"အရင်သူခိုးတုန်းကလည်း ဒီလိုပြောခဲ့တာဘဲ။မင်းသိလား?ငါတို့က သူ့အိမ်ကိုသွားခဲ့တယ်။သူ့အိမ်က ငါ့တို့ထက်တောင်ပိုကောင်းပြီး သူက ငါတို့ထက်ပိုကောင်းတဲ့ဘဝမှာနေရတယ်"ဝူရုန်က ပြောလိုက်တယ်။

COTAW(2)Where stories live. Discover now