512-513

622 127 3
                                    

Chapter(512)
မင်းကဝိတ်တက်လာပုံဘဲ(1)

မှော်တံဆိပ်တုံး၏အကူအညီနှင့် အသက်ရှည်ဆေးရဲ့အကျိုးသက်ရောက်မှုနှင့်အရည်အသွေးက နောက်တစ်ဆင့်တိုးသွားပြီး ထောက်ပံ့ပေစဖို့မလုံလောက်တာကို ရှင်းပြီးသားဖြစ်သွားတယ်။

ဝူရုန်က အသက်ရှည်ဆေးလုပ်ဖို့အချိန်မရှိတဲ့ အခြေအနေမှာတောင် သူက အခြားဆိုင်တွေက ဈေးနိမ့်ဝယ်ပြီး တံဆိပ်တုံးထုပြီး အကျိုးအမြတ်ယူပြီးရောင်းချနိုင်တယ်။

ပြီးတော့ အခုဆိုရင် အသက်ရှည်ဆေးအမျိုးအစားပိုများလာတယ်။အစတုန်းကတော့ အသက်ရှည်ဆေးတစ်ခုအပေါ်မှာ ရှေးအက္ခရာတစ်ခုသာရှိတယ်။ဒါပေမဲ့ အခုတော့ အသက်ရှည်ဆေးတစ်ခုအပေါ်မှာ နှစ်ခု သုံးခု လေးခုကနေ ငါးခုအထိတောင်ရှိတယ်။အသက်ရှည်ဆေးပေါ်မှာ ရှေးအက္ခရာတွေပိုများလာလေ ဈေးကြီးလေဖြစ်ပေမဲ့ ဒါက အလယ်အလတ်ဆင့်အသက်ရှည်ဆေးရဲ့တန်ဖိုးလောက်သာရှိတယ်။ဒါကြောင့် ဒါတွေက ဖောက်သည်တွေကြားမှာလူကြိုက်များလာတယ်။

နောက်ပိုင်းမှာ ဝူရုန်က အလယ်အလတ်ဆင့် အဆင့်မြင့်နှင့် အထူးအဆင့်အသက်ရှည်ဆေးတွေပေါ်မှာလည်း ရှေးအက္ခရာတွေကို တံဆိပ်တုံးထုခဲ့တယ်။အဆင့်နိမ့်လွန်းရင် ကျရှုံးတယ်။အဆင့်ငါးထက်နိမ့်တဲ့ရှေးအက္ခရာတွေကို အလယ်အလတ်ဆင့်အသက်ရှည်ဆေးမှာ လုပ်ခဲ့ရင်ကျရှုံးတယ်။အဆင့်မြင့်အသက်ရှည်ဆေးက စိတ်စွမ်းအင်အဆင့်ခုနှစ်ထက်လိုအပ်တယ်။အထူးအသက်ရှည်ဆေးကတော့ စိတ်စွမ်းအင်အဆင့်ကိုးကိုလိုအပ်တယ်။

ဆိုင်အမှတ်(၁)၏စီးပွားရေးက ပိုပိုပြီးတိုးတက်လာတယ်။အထူးသဖြင့် ကုန်စုံစတိုးအမှတ်(၁)က အသစ်ရောင်းချတဲ့ရှေးအက္ခရာအဆောင်တွေကို ကျင့်ကြံသူတွေက ပိုပြီးတော့နှစ်သက်တယ်။

ရှေးအက္ခရာအသစ်တွေက အသက်ရှည်ဆေးတွေလိုဘဲ တူညီစွာအလုပ်ဖြစ်တယ်။ဥပမာ အဆင့်လေးကျင့်ကြံသူတစ်ယောက်ဆွဲထားတဲ့ ရှေးအက္ခရာအဆောင်က အဆင့်ငါးကျင့်ကြံသူတစ်ယောက်ဆွဲထားသလောက် အစွမ်းရှိပေမဲ့ တန်ကြေးကတော့နည်းပါးတယ်။ဒါကြောင့် ပြိုင်ပွဲအတွက်တန်ဖိုးထားပြီး ဝယ်ယူနိုင်တယ်။အခြားအရာကတော့ ရှေးအက္ခရာအဆောင်က အဝါရောင်ပေါ်မှာ အနီရောင်ပုံစံတစ်ခုတည်းရှိတာမဟုတ်ဘူး။ရှေးအက္ခရာအမျိုးမျိုးက ပိုပြီးတော့ မျက်စိဖမ်းစားနိုင်ပြီး အဝါရောင်ပေါ်မှာအပြာရောင်ပုံစံ အဝါရောင်ပေါ်မှာအစိမ်းရောင်ပုံစံ အဝါရောင်ပေါ်မှာခရမ်းရောင်ပုံစံကဲ့သို့ လှပတဲ့အရာကို ရွေးချယ်နိုင်တယ်။

COTAW(2)Where stories live. Discover now