378

1.3K 263 0
                                    


Chapter(378)
ထန်းရှင်းနိုင်ငံတော်က ထွက်သွားခြင်း(1)

လူပေါင်းသုံးရာကျော် လေးရာလောက်က အတူစုသွားနေတဲ့ ဝူရုန်တို့လူအုပ်က မျက်စိဖမ်းစားစရာကောင်းအောင် လူအုပ်ထဲမှာ သိသာထင်ရှားနေတယ်။ဒါပေမဲ့ တိုက်ခိုက်နေတဲ့သူအများစုက သူတို့ကို မတိုက်ခဲ့ဘူး။ပထမအကြောင်းပြချက်တစ်ခုက သူတို့ရဲ့လက်မောင်းမှာပတ်ထားတဲ့ အဖြူရောင်ပိတ်စက သူတို့က ကျူးကျော်သူတွေမဟုတ်ဘူးဆိုတာ ပြသနေတယ်။ဒုတိယအချက်က သူတို့ရဲ့ခုခံကာကွယ်တဲ့ မှော်လက်နက်တွေက အဆင့်ခြောက်ကျင့်ကြံသူတွေတောင် မချိုးဖြတ်နိုင်တဲ့ စွမ်းအားကြီးမှော်လက်နက်တွေဖြစ်တယ်။အဆင့်ခြောက်နှင့်အထက် ကျင့်ကြံသူတွေက သူတို့ရဲ့ရန်သူတွေနှင့် တိုက်ခိုက်ရင်း အလုပ်များနေတာကြောင့် ဝူရုန်တို့၏ အကာအကွယ်ကိုဟချိုးဖြတ်ဖို့ အချိန်မရှိဘူး။

တတိယအကြောင်းပြချက်က ဝူရုန်တို့က ဘယ်သူ့ကိုမှဆန့်ကျင်တိုက်ခိုက်လာတာမျိုးမရှိဘူး။သူတို့က သူတို့ကို ထိမှန်လာတဲ့ တိုက်ခိုက်မှုတွေကိုဘဲ ခုခံကာကွယ်နေတယ်။နောက်တစ်ချက်က သူတို့က အထုတ်အပိုးတွေကို သယ်ထားတယ်။သူတို့က အတိအကျကိုဘဲ မြို့ပြင်ကို ထွက်သွားတော့မယ်။ကျူးကျော်သူတွေက အပြစ်မဲ့သူတွေကို တိုက်ခိုက်ရအောင် ရူးနေတာမဟုတ်ဘူး။ဒါ့အပြင် သူတို့က သာမန်ကျင့်ကြံသူတွေထက် စွမ်းအားကြီးလွန်းတယ်။သို့ဖြစ်စေကာမူ ဝူရုန်တို့အဖွဲ့ကို သက်ရောက်မှုတွေအများကြီးရှိပါသေးတယ်။ဘာဘဲဖြစ်ဖြစ် ဝူရုန်တို့က ကြီးမားတဲ့လူအုပ်ကြီးဘဲလေ။သူတို့က သတိအနေအထားနှင့် အသင့်ရှိနေကြတယ်။

ဝင်ပေါက်ကိုရောက်တဲ့အချိန်မှာတော့ တိုက်ခိုက်မှုတွေက ပိုပြီးတော့ ပြင်းထန်လာတယ်။တိုက်ခိုက်မှုကြောင့် မြေပြင်က ကျိုးပြတ်နေတယ်။ဘေးနှစ်ဖက်က သစ်ပင်တွေက မီးလောင်ပျက်စီးနေတယ်။ကံကောင်းစွာဘဲ အခုချိန်က ဆောင်းရာသီဖြစ်တာကြောင့် မီးလောင်မှုက အရမ်းမပြင်းထန်တာကြောင့် မပျံနှံ့သွားဘူး။ဒါ့ကြောင့် အိမ်ရှေ့စံက အရပ်သားတွေကို စိုးရိမ်စရာမလိုအပ်ဘဲ တိုက်ပွဲကိုသာ အားစိုက်ထားနိုင်တယ်။ရလဒ်အနေနှင့် တိုက်ပွဲမှာ သေဆုံးသူတွေက ပိုပိုတိုးလာပြီး သွေးညီနံ့တွေပြင်းထန်လာတယ်။

COTAW(2)Where stories live. Discover now