438

1.3K 253 2
                                    

Chapter(438)
ဒါက ချဉ်တယ်(1)

ရှင်းပြခြင်းမရှိဘဲ ဝူရုန်က လူအိုကြီးဟေးကို ပြန်အိပ်ဖို့ပြောလိုက်တယ်။ဒါပေမဲ့ ဝူရုန်ကိုယ်တိုင်ကတော့ ခြေဖျားထောက်ပြီး မီးဖိုချောင်အပြင်ဘက်ကို သွားလိုက်တယ်။ဟေးရွမ်ရီ၏လက်ကို ရေနွေးပူလောင်သွားတဲ့အချိန်မှာတော့ ဝူရုန်က အရမ်းကို စိတ်မကောင်းဖြစ်သွားတယ်။

သက်လတ်ပိုင်းလူကြီးကလည်း စိတ်မကောင်းဖြစ်သွားပြီး"ကျေးဇူးပြုပြီး ဂရုစိုက်ပါ အရှင်...ထပ်ပြီးတော့ မထိခိုက်စေနဲ....ကျေးဇူးပြုပြီး ကျွန်တော့်ကို ချက်ခွင့်ပြုပါ။သူတို့က မသိနိုင်ပါဘူး"

"မင်းက တော်ဝင်စားဖိုမှူးတစ်ယောက်ဘဲ။ဟင်းတွေကို မင်းချက်တာလား?ငါချက်တာလားဆိုတာ ခွဲဖို့လွယ်လွန်းတယ်။ဒါ့အပြင် ငါက တကယ်ကိုဘဲ ငါ့ဇနီးအတွက် တစ်စုံတစ်ခုကို ချက်ပြုတ်ပေးချင်တယ်"

"အရှင့်ရဲ့ဇနီးလား?"စာဖိုမှူးရှိက တုန်လှုပ်သွားပြီး"ဒီတော့ အရှင် ချက်နေတဲ့ မနက်စာက မိဖုရားအတွက်လား?"

သူက ရူးနေတဲ့ အတင့်ရဲတဲ့သူက အိမ်ရှေ့စံမင်းသားကို ချက်ပြုတ်စေခဲ့တာလို့ ထင်ခဲ့တယ်။ဒါကဘဲ ဘာကြောင့် သူက အဲဒီလူကို သူ့စိတ်ထဲကနေ အရူးလို့ခေါ်နေတာလဲဆိုတာဖြစ်တယ်။

"အင်း"ဟေးရွမ်ရီက တံခါးနားကို ကြည့်လိုက်ပြီးပေါ့ပါးစွာ ပြုံးလိုက်တယ်။

ဝူရုန်က မီးဖိုချောင်အပြင်ဘက်ကနေ သူ့စိတ်ထဲကနေ နှာခေါင်းရှုံ့လိုက်တယ်။ဟေးရွမ်ရီက သူ့ကို သူ့ဇနီးအဖြစ် မိတ်ဆက်ပေးတယ်ဆိုရင်တောင် သူက သူ့ကိုအလွယ်တကူ ခွင့်လွတ်မှာမဟုတ်ဘူး။

သူက သူ့စိတ်ထဲကနေ ဒီလိုမျိုးတွေးနေသော်လည်းဘဲ သူက အကူအညီမဲ့စွာပြုံးနေမိတယ်။

နှစ်နာရီကြာပြီးနောက်ဆုံးမှာတော့ ဟေးရွမ်ရီက ချက်ပြုတ်ပြီးသွားပြီ။

ဝူရုန်က စားပွဲပေါ်မှာတည်ခင်းထားတဲ့ အစားအစာတွေကို ကြည့်လိုက်ပြီး"နောက်ကျလွန်းတယ်။ခင်ဗျားက ကျွန်တော့်ကို အဆာလွန်စေချင်တာလား?"

"ပူတုန်းလေးစားလိုက်"ဟေးရွမ်ရီက ဝူရုန်ကို ဇွန်းတပ်ထားတဲ့ ဆန်ပြုတ်ပန်းကန်လုံးကို ပေးလိုက်တယ်။

COTAW(2)Where stories live. Discover now