Forget-Me-Nots { Completed }

By popophoenix207

312K 16.7K 2.4K

A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်း... More

Author's Note
1. Happy Birthday Your Highness
2. When we first met
3. I'll protect you
4. Friends
5.The bond between us
6. Who I am with you
7. Fairness
8. Just take my hand
9. Why are you too perfect?
10. Christmas with you
11. Hug me tight
12. Growing up ain't easy
13. To the trouble I'm in
14. Wherever you go
15. No Sex, No Drug
16. By your side
17. Your Lips , Your Hands
18. Under the moonlight
19. May I dance with you?
20. At age eighteen
22. Official boyfriend
23. King of my heart
24. On new year's day
25. " Jag vill kyssa dig " eyes
26. The way I love you
27. Take me to the stars
28. You're my energy
29. Be my forever
30. Can't imagine my life without you
ဘုဏ်းဇေယျာကျော်
31. A Photograph
32. Our Last Date
33. Chapter closed
34. Life goes on
35. One day
36. Give me a small chance
37. Please don't go away
38. Because I love you
39. The smile on your face
40. Loving can hurt sometimes ( Unicode )
40. Loving can hurt sometimes ( Zawgyi )
41. Dear Prince
ရှင်းသန့်တည်ကြည်
42. Love me again
43. You're my destiny
44. The Love of My Life
45. Prince is mine
46. Love wins
47. Till death do us part
48.Final Part - Forget Me Not
Extra - 1

21. First kiss I won't ever forget

5.8K 314 61
By popophoenix207

( Unicode )

နေကောင်းကျန်းမာစေချင်တယ်
စိတ်လက်ကြည်သာစေချင်တယ်
‌ချစ်တယ်ဆိုတဲ့ စကားမပါလဲ
ချစ်မေတ္တာကို ခံစားရစေချင်တယ်
ဒီသံသရာမှာ လွဲချော်စရာ
အကြောင်းအရင်းများစွာ ရှိနေတဲ့ကြားက
ဝင်တိုက်မိတဲ့ ရေစက်လေးမဟုတ်လား
အသက်နဲ့ခန္ဓာ ယှဉ်တွဲနေသ၍
ဒီပတ်သက်မှုလေးကို တည်မြဲနေစေချင်တယ်

2013၊ November 5

တစ်ဆောင်းသစ်ပြန်ပြီ ။ ခိုက်ခိုက်တုန်အောင် ချမ်းသည့်ကာလ မဟုတ်သေးသော်လည်း အပူရှိန် လျော့ကျလာပြီး အအေးဓာတ်လေး ကဲလာသည်ကတော့ သိသိသာသာပင် ။

နံနက်ခင်း နေရောင်လေး ကျလာသည်နှင့်အမျှ တစ်စတစ်စ ပျက်ပြယ်သွားသော မြူနှင်းများအောက်တွင် ငြိမ်းအေးသာစံတက္ကသိုလ်ပရဝုဏ်တစ်ခုလုံး တဖြည်းဖြည်း ရုပ်လုံးပေါ်လာခဲ့ပြီ ။

ငြိမ်းအေးသာစံ တက္ကသိုလ်သည် ဘားမားပြည်ထောင်စုတွင် နံပါတ်တစ်ဖြစ်ပြီး ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင်လည်း နှစ်တိုင်းလိုလို အဆင့်တစ်ရာအတွင်း ဝင်လေ့ရှိကာ အရှေ့တောင်အာရှမှ ကျောင်းသားအများဆုံး လာရောက်ပညာသင်ယူကြသော တက္ကသိုလ်တစ်ခုဖြစ်သည်။ campusသည် မြို့တော်၏ အရှေ့ပိုင်းတွင် သီးသန့်တည်ရှိ၍ အကျယ်အဝန်းက ဧကပေါင်း တစ်ထောင်ကျော်၏။ ဘာသာရပ်တစ်ခုတည်းကို သီးသန့်သင်ကြားပေးသော တက္ကသိုလ်မဟုတ်ဘဲ မေဂျာပေါင်းစုံမှ ကျောင်းသားအားလုံး ဒီပရဝုဏ်အတွင်းမှာပဲ တစ်စုတစ်စည်းတည်း တက်ရောက်သင်ယူကြရသည်။ ပညာရေးဝန်ကြီးဌာနက နိုဝင်ဘာ ငါးရက်နေ့ကို နိုင်ငံတစ်ဝှမ်းမှ တက္ကသိုလ်များအားလုံး စာသင်ကာလ ပထမနှစ်ဝက်အတွက် ပထမဆုံး ကျောင်းဖွင့်ရက်ဟု သတ်မှတ်ထားသဖြင့် သည်ကနေ့က အချိန်နှစ်လခန့် ပိတ်ထားခဲ့ရသော တက္ကသိုလ်ကျောင်းတံခါးများ ပြန်ပွင့်လာချိန်လည်းဖြစ်သည်။

ကျောင်းဝင်း၏ အရှေ့တံခါးနှင့် အနောက်တံခါးကို ဆက်သွယ်ထားသော မိန်းလမ်းမပေါ်တွင် အဖြူရောင် BMW လေးတစ်စီး ပုံမှန်အရှိန်ဖြင့် ပြေးလွှားနေသည်။ ကားထဲတွင် နိုင်ငံပိုင် ရေဒီယိုလိုင်းတစ်ခုမှ ထုတ်လွှင့်နေသော နံနက်ခင်းသတင်း အစီအစဉ်ကြေငြာသူ၏ အသံက ခပ်တိုးတိုး ပျံ့လွင့်လျက် ။ ကားမောင်းနေသော ကောင်လေးတစ်ယောက်နှင့် သူ့ဘေးကလိုက်ပါလာသော ကောင်လေးတို့၏ အာရုံတို့က ရေဒီယိုမှသတင်းထက် သူတို့အချင်းချင်းဆီမှာသာ ရှိနေကြပုံပင်။

" မင်းသားလေး ၊ မင်းအဆောင်နဲ့ ငါ့အဆောင်က အရှေ့ထိပ်နဲ့အနောက်ထိပ် အဝေးကြီးပဲနော် ၊ နောက်ရက်ဆို မင်းသက်တော်စောင့်တွေကိုပဲ တန်းပို့ခိုင်း "

သည်နေ့ကစပြီး တက္ကသိုလ် တက်ရတော့မည့် အိမ်ရှေ့စံ ဘုဏ်းဇေယျာကျော်၏အကြောင်းက နံနက်ခင်းသတင်းတွေမှာ ဝေဝေစည်စည်နေရာယူထားသလို ကျောင်းပေါက်ဝမှာလည်း မင်းသားလေး ကျောင်းအလာကို သတင်းယူဖို့ စောင့်နေကြသော မီဒီယာများ မနည်းလှ။ သို့သော် အိမ်ရှေ့စံတစ်ယောက်က နန်းတော်ကနေ ကျောင်းကိုတန်းမသွားဘဲ သူငယ်ချင်းတွေနေသည့် ကွန်ဒိုကိုသာ မနက်ခင်း မြူမကွဲခင်ကတည်းက ရောက်နေခဲ့သည်။ သူ့နောက်မှပါလာသည့် သက်တော်စောင့်အားလုံးကို ပြန်လွှတ်ပြီး တက္ကသိုလ်ကျောင်းသားဘဝရဲ့ ပထမဆုံးနေ့ရက်ကို သူ့အတွက် အရေးပါသည့် တစ်ယောက်သောသူ၏ကားနှင့် အတူလိုက်ပါလာခဲ့သဖြင့် ကျောင်းအဝင်မှာ စောင့်နေသော မီဒီယာများအားလုံး မင်းသားလေးကို မတွေ့လိုက်ကြရပေ ။

" မပို့ခိုင်းပါဘူး ၊ မင်းတို့ဆီပဲ အရင်လာမှာ ၊ နေ့တိုင်း လာမှာနော် ပြောပြီးပြီ အဲဒါ ၊ ငါမလာခင် မင်း ကျောင်းသွားဖို့ စိတ်မကူးနဲ့ "

" ဒါဖြင့်လဲ ရောင်ရှိန့်ကားနဲ့ လိုက်လေ ၊ မင်းတို့နှစ်ယောက်က တစ်နေရာတည်း အတူတူကို "

" မလိုက်ပါဘူး ၊ ငါက မင်းနဲ့ပဲ လိုက်မှာ ၊ မင်းမောင်းတဲ့ကားပဲ စီးချင်တာ "

" ဟွန်း "

ရှင်းသန့်က ကားမောင်းရင်း နှာခေါင်းရှုံ့တော့ အရှင်မင်းသားက ရယ်သည်။ ရှင်းသန့်ပါးကိုလည်း လက်တစ်ဖက်ဖြင့် ဆွဲဖဲ့လိုက်သေး၏။

သူတို့အဖွဲ့မှာ အာကာရယ် သီဟရယ် ကောင်းယံရယ်က IT တက်ကြသဖြင့် သုံးယောက်အဖော်ရသလို ဘုဏ်းဇေနှင့်ရောင်ရှိန်ကလည်း Business Management မှာ အတူတူပင်။ နီစွေးကလည်း အာကာတို့နှင့်မေဂျာတူသည် ။ ရှင်းသန့်တစ်ယောက်တည်းသာ Literatureယူသဖြင့် အဖော်ကွဲနေခြင်းပင်။

အမှန်ဆို ကျောင်းကို ကားနှင့်တက်ဖို့စိတ်ကူး ရှင်းသန့်ဆီမှာ မရှိခဲ့ပါ။ ရှင်းသန့်က ကားမောင်းရတာထက် ဆိုင်ကယ်စီးရတာကို ပိုသဘောကျသူ ။ သို့သော် ရှင်းသန့်ဆိုင်ကယ်နှင့် ကျောင်းတက်လျှင်လည်း ဘုဏ်းဇေက သူ့ဆိုင်ကယ်နောက်မှာ ကပ်ပါနေဦးမည် ။ ထို့ကြောင့် ဘုဏ်းဇေရဲ့ လုံခြုံရေးကိုတွေးပြီး ဆိုင်ကယ်နှင့်တက်မည့် စိတ်ကူးကို စွန့်လွှတ်ခဲ့ရသည်။

အခုတော့ အရှင်မင်းသားက ကားမောင်းသူရဲ့ ဘေးကနေရာကို အိမ်ရှေ့စံအပိုင်အဖြစ် သတ်မှတ်လိုက်ပြီ။ ရှင်းသန့်မိသားစုကလွဲပြီး တစ်ယောက်ယောက် သည်နေရာမှာ ထိုင်ပါက မင်းမျက်မင်းဒဏ်သင့်မည်ဟု ဆိုသေး၏။ ကားပိုင်ရှင်ကပါ သူ့ကိုပြန်ကြောက်နေရသည့်အဖြစ်။

" ဒီလိုနေ့တိုင်းလိုက်ပို့နေရမယ်ဆိုရင်တော့ မင်း ငါ့ကို လစာပေးရမယ် အရှင်မင်းသား "

" ရတယ်လေ ၊ လစာက ဘာယူမလဲ ၊ လူကိုယူမလား "

မျက်စ နှစ်ချက်သုံးချက်ပစ်ပြီး မေးလာသည့်နှုတ်ခမ်းများက ပြုံးတုံ့တုံ့။ ရှင်းသန့်က မျက်စောင်းထိုးကြည့်တော့ တဟားဟားအော်ရယ်ပြီး နောက်တစ်ကြိမ် ပါးကို ထပ်ဆွဲဖဲ့ပြန်သည်။

ရှင်းသန့်မှာ ကားနှင့်လည်း တင်ခေါ်ရသေးသည်။ ပါးကိုလည်း အဖဲ့ခံရသေးသည် ။ ဒါ့အပြင် ရိသဲ့သဲ့ပါ အပြောခံရသေး၏။ သည်အိမ်ရှေ့စံက သူ့အပေါ်ကို အမြတ်ထုတ်လွန်းနေပြီ ။

" ပေါက်ကရတွေ ပြောမယ်ဆို ကားပေါ်က ဆင်းတော့ "

" ဪဟော ... ကမ္ဘာပေါ်မှာ ကြေးအမြင့်ဆုံးလစာ ပေးနေတာကို မယူချင်ဘူးပဲ ၊ နောက်မှ နောင်တ မရနဲ့နော် ကောင်လေး ၊ တစ်သက်မှာ တစ်ခါ ၊ တစ်ခါမှာ တစ်ယောက်ပဲရမဲ့ အခွင့်အရေးကို ဒီက ပေးနေတာ "

" တော်စမ်းပါ "

သည်လို ရွှတ်နောက်နောက်အပြောမျိုးကလွဲရင် ဘုဏ်းဇေဆီက ဘာအဆင့်မှ ထပ်တက်မလာခဲ့ပါ။ ထို့ကြောင့် သူတို့နှစ်ယောက်ရဲ့ အခြေအနေကို ရှင်းသန့်ကိုယ်တိုင်လည်း ဘယ်လိုသတ်မှတ်ရမှန်း မစဉ်းစားတတ်တော့ ။ တစ်ယောက်ကိုတစ်ယောက် ချစ်နေမှန်းလည်း နှစ်ယောက်စလုံးသိသည်။ သို့သော် ချစ်သူတွေလည်းမဟုတ်သေး ။ သူငယ်ချင်းတွေလားဆိုတော့လည်း အဲဒီထက်ပိုနေ၏။

ရှေ့တစ်ဆင့်ဆက်တက်ဖို့ကို သူတို့ကြားထဲမှာ ဘယ်အရာကတားဆီးနေရပါသလဲ ။

ရှင်းသန့်ဘက်ကတော့ နွေရာသီစံအိမ်မှာ ရွတ်ပြခဲ့သည့် ကဗျာအတိုင်း ခရေပွင့်လေးလိုမျိုး ချစ်ရသူရဲ့ ခြေတော်ရင်းမှာ ကြွေကျပေးပြီးသားပင်။ ကောက်ယူပန်ဆင်ဖို့အရေး အရှင်မင်းသားလေးဘက်မှာ ဘာတွေများ နှောင့်နှေးစရာရှိနေသလဲ မသိ။ သို့သော် ခရေပွင့်လေးအနေဖြင့် ချစ်ရသူအပေါ်မှာ စိတ်ပျက်ငြူစူခြင်း အလျဉ်းမရှိတာတော့ ဧကန် ။

ဘေးမှာ အတူရှိနေရရုံနှင့် ပျော်ရွှင်ရသည်။ အပြုံးလေးကို ငေးကြည့်ခွင့်ရရုံနှင့် စိတ်ချမ်းမြေ့ရ၏။ မျက်ဝန်းနက်လေးတွေထဲမှာ မြင်နေရသော မေတ္တာတရားက သူတစ်ယောက်တည်းအပေါ်မှာပဲ ပုံအောထားမှန်း သိသာနေသည့်အခါ သည်အခြေအနေလောက်နှင့်လည်း ကျေနပ်ရောင့်ရဲနိုင်ပါသည်။

" ဒါဆိုလဲ လစာက ဘယ်လောက်ပေးရမလဲ ပြောလေ ၊ မင်းကြိုက်သလောက်တောင်းလို့ရတယ် "

" တယ်ဟုတ်ပါလား ၊ ဘယ်လောက်တောင်းရမလဲ စဉ်းစားထားလိုက်မယ်  "

" ဒီတော့ နေ့တိုင်း ကားမောင်းပို့ဖို့ သဘောတူပြီနော် ၊ အခုကစပြီး မောင်မင်းကို ကိုယ်တော်ရဲ့ ရာသက်ပန် ဒရိုင်ဘာအဖြစ် ခန့်အပ်လိုက်ပြီ ၊ ဦးဆွေးဆံမြည့် အမှုတော် ထမ်းပါလေ "

" ဟားဟား "

အိမ်ရှေ့ကိုယ်တော်လေးရဲ့အပြောကြောင့် ငယ်ငယ်ကအကြောင်းကို သတိရသွားသည်။ အဲသည်အချိန်တုန်းက ရှင်းသန့် ထင်ခဲ့တာ တော်ဝင်မိသားစုက သူဖတ်ထားဖူးသော ပုံပြင်တွေထဲကအတိုင်း  သည်လို အသုံးအနှုန်းတွေ ပြောကြလိမ့်မည်ဟု ။

အိမ်ရှေ့မင်းသားရဲ့ မွေးနေ့ပွဲကို တက်ရောက်ရမည်ဆိုပြီး သူ့အဖေပြောလာတဲ့အချိန်ကစ၍ စိတ်တွေလည်း လှုပ်ရှားခဲ့ရသည်။ မင်းသားလေးရှေ့မှာ သူသာ အမှားအယွင်းတစ်ခုခု လုပ်မိပါက အမျက်တော်ရှမည်လားဟုပါ စိုးရိမ်ကြောင့်ကြခဲ့ရ၏။ တကယ်တမ်း တွေ့လိုက်ရသည့်အချိန်ကျ မင်းသားလေးက ရှင်းသန့်ထင်ထားတာနှင့် တခြားစီ မဟုတ်လား ။

စကတည်းက ရှင်းသန့်ကိုကြည့်ပြီး ရယ်နေခဲ့သူ ။ ရှင်းသန့်နောက်လိုက်လာပြီး စတင်မိတ်ဆက်ခဲ့သူ ။ ရှင်းသန့်လိုချင်သည့် ယောက်သွားခွံလေးကို ကိုယ်တိုင်  ကောက်ယူပေးခဲ့သူ ။ ရှင်းသန့်ကို သူငယ်ချင်းလုပ်ဖို့ လေးလေးနက်နက် ကမ်းလှမ်းလာခဲ့သူ ။

ကမ်းခြေမှာ ရေတွေစိုပြီး ပင်လယ်လေကြောင့် ခိုက်ခိုက်တုန်နေသည့် ရှင်းသန့်ခန္ဓာကိုယ်ကို သဘတ်တွေအထပ်ထပ် ရစ်ပတ်ပေးပြီး ခြောက်သွေ့စေခဲ့သူ။ မင်းသားလေးဟာ ရှင်းသန့်အပေါ်မှာ အမျက်တော်ရှဖို့ မပြောနှင့်။ ခြေ‌ထောက် ‌နာနေသည့် ရှင်းသန့်ကို ကျောပေါ်မှာတင်ပြီး လိုလိုလားလား ကုန်းပိုးပေးခဲ့သူပါ ။

သည်လိုမျိုး အရှင်မင်းသားဆီမှာ အမှုတော်ထမ်းဖို့ဆို ရှင်းသန့်အနေနှင့် သဘောတူရုံကလွဲပြီး တခြားရှိပါဦးမလား ။ အခွင့်အရေးသာပေးမယ်ဆို သူ့ဘက်ကလည်း ဦးဆွေးဆံမြည့်ပါလေ ။

" ရောက်ပြီ ၊ ဆင်းတော့ "

ဘုဏ်းဇေတို့မေဂျာ အဆောက်အဦးရှေ့ရောက်တော့ ကားကိုရပ်လိုက်သည်။ ရှင်းသန့်ကတော့ နောက်ပြန်လှည့်ရဦးမည် ။ သို့သော် ဘုဏ်းဇေက ကားပေါ်မှမဆင်းဘဲ ပတ်ထားသော ခါးပတ်ကို ဖြုတ်လိုက်ပြီး ဘာမပြောညာမပြောဖြင့် ရှင်းသန့်ပုခုံးကို ဆွဲဖက်လာသည်။ ရုန်းချင်လျှင်တောင် ရုန်း၍မရအောင် လက်မောင်းနှစ်ဖက်က အားပါလွန်း၏။

" ဒါကဘာဖြစ်ရပြန်တာလဲ ကိုယ်တော် "

" မင်းနဲ့မခွဲချင်လို့ "

" နှစ်နာရီလေးကိုကွာ "

" ရိုးရိုးနှစ်နာရီလေးမှ မဟုတ်တာ ၊ စာသင်ခန်းထဲမှာ မင်းမရှိတဲ့နှစ်နာရီလေ ၊ အခုတောင် ငါမင်းကို လွမ်းလာပြီ ရှင်းရ "

" အပိုတွေ မလုပ်စမ်းနဲ့ ဘုဏ်းဇေယျာကျော်"

ဖက်ထားရာကနေ ခွာလိုက်တော့ ဘုဏ်းဇေရဲ့မျက်နှာပေါ်မှာ တကယ်စိတ်မကောင်းဖြစ်နေသည့် အရိပ်အယောင်များက ထင်ထင်ရှားရှား။

" မပိုပါဘူး ၊ လိုတောင် လိုနေသေးတယ် ၊ ပြီးတော့ မင်းက တစ်ယောက်တည်းလေ ၊ ငါမင်းကို စိတ်မချဘူး "

" ငါ ကလေး မဟုတ်ပါဘူး "

" သိတယ် မင်းက လူကြီးလေးမှန်း ၊ အဲဒါမို့ ပိုစိတ်မချတာ "

" အဲတော့ မင်းက ဘာလုပ်ချင်လို့လဲ ၊ ငါတို့မေဂျာ လိုက်တက်မလို့လား "

" အွန်း လိုက်တက်မယ် ၊ ဒါပေမဲ့ ငါတော့မဟုတ်ဘူး ၊ ငါ့ကိုယ်စား ထည့်ပေးလိုက်မယ် "

" ဘာရယ်! "

ရှင်းသန့် နားမလည်နိုင် ဖြစ်နေစဉ် ဘုဏ်းဇေက သူ့လွယ်အိတ်ထဲမှ အရုပ်လေးတစ်ရုပ်ကို ထုတ်ပေးလာသည်။ လက်သီးဆုပ်အရွယ်လောက်ရှိသည့် အဖြူရောင် မွှေးပွခွေးရုပ်လေး ။ ခွေးလေးရဲ့ကိုယ်ပေါ်မှာ နိုင်ငံတော်အခမ်းအနားတွေဆို ဘုဏ်းဇေ ဝတ်လေ့ရှိသည့် အိမ်ရှေ့မင်းသားခါးပတ်လိုမျိုး ရွှေရောင် ခါးပတ်လေးတစ်ခုလည်း ပတ်ထားသလို ခေါင်းပေါ်မှာလည်း သရဖူလေးတစ်ခု တပ်ထားသေး၏ ။

ခွေး‌ရုပ်လေးကို သေချာကြည့်ပြီး ရှင်းသန့် သဘောကျစွာ ရယ်မိသည်။ ခွေးရုပ်လေးက ချစ်ဖို့ကောင်းပါသည်။ သို့သော် သူ့ဘေးက ခွေးပေါက်လေးကိုတော့ မမီသေးပါ ။

" မင်းကလေ... တကယ် ကလေး "

" ဟုတ်တယ် ၊ ငါက ကလေးလေး ၊ မင်းကတော့ လူကြီး ၊ လူကြီးတွေက ကလေးတွေကိုဆို အာဘွားပေးတတ်တယ်လေ ၊ ဒီကလူကြီးကရော ဒီက ကလေးလေးကို အာဘွား မပေးချင်ဘူးလား "

" ကဲ ....ဆင်းပါတော့... မြန်မြန်  "

ရှင်းသန့် အတင်းတွန်းလွှတ်လိုက်မှ ဘုဏ်းဇေက ရယ်ပြီး ကားပေါ်ကနေ ဆင်းသွားသည်။ သို့သော် တံခါးကို ချက်ချင်းမပိတ်သေးဘဲ ခန္ဓာကိုယ်ကို ငဲ့စောင်းပြီး မှာတမ်းခြွေနေသေး၏။

" ပြီးရင် ‌ငါ့ကို လာခေါ်နော် "

" ‌မခေါ်ဘူး ၊ ကန်တင်းမှာပဲ ဆုံမယ် ၊ ရောင်ရှိန်နဲ့ လိုက်ခဲ့ "

" မင်း လာမခေါ်ရင် ငါ နေ့လယ်စာ မစားဘူး "

" အမိန့်တော်မြတ်အတိုင်းပါဘုရာ့ "

သည်တော့မှ အိမ်ရှေ့ဥပရာဇာလေးက မျက်လုံးများ မှေးကျသွားသည်အထိ ရယ်ပြီး တံခါးပိတ်ပေး၏ ။ ဘုဏ်းဇေအလာကို ရောင်ရှိန် ရပ်စောင့်နေတာလည်း တွေ့ရသည်။ ရှင်းသန့် သူစာသင်ရမည့် အဆောက်အဦးဆီ ကားပြန်မောင်းခဲ့ရင်း လက်ထဲက ခွေးရုပ်လေးကို နှုတ်ခမ်းဖြင့် ကပ်ကာ နမ်းမိတော့ ခွေးရုပ်လေးဆီမှ အရှင်မင်းသားရဲ့ အငွေ့အသက်တို့ကို ခံစားလိုက်ရ၏။

' မင်းကိုတော့ ပေါ်တင်နမ်းလို့ရတယ်မလား ကောင်လေး '

*****

ဘာလိုလိုဖြင့် တက္ကသိုလ် ပထမနှစ်ဝက် စတင်တာ သုံးပတ်နီးပါး ရှိလာခဲ့ပြီ ။ ရာသီဥတုက အအေးပိုင်းသို့ လုံးလုံးလျားလျား ဝင်ရောက်လာသော်လည်း ဘုဏ်းဇေယျာကျော်ကတော့ မနက်စောစော နန်းတော်ကနေ ထွက်လာမြဲပင် ။ တစ်ခါတရံ သူငယ်ချင်းတွေဆီရောက်မှ မနက်စာ အတူစားတာမျိုးလည်းရှိ၏။ မေဂျာကွဲသဖြင့် အတန်းချိန်တွေ မတူကြသော်လည်း ဘုဏ်းဇေနှင့် ရှင်းသန့်က ကျောင်းသွားကျောင်းပြန် အတူသွားလေ့ရှိပြီး နေ့လယ်စာကိုလည်း အများအားဖြင့် သူငယ်ချင်းတွေ ဆုံပြီးသာ စားတတ်ကြသည်။

ကြာသာပတေးနေ့ ညနေပိုင်းဆို ဘုဏ်းဇေတို့က အတန်းချိန်တစ်ချိန် စောပြီး၍ ရှင်းသန့်ကို စောင့်နေရသည်မှာ ပုံမှန်ဖြစ်နေပြီ။ ဘုဏ်းဇေစောင့်တော့ ရောင်ရှိန်ပါ မပြန်ရပေ။

သည်ကနေ့တော့ ရောင်ရှိန်ရဲ့ကားထဲမှာပဲ ထိုင်စောင့်နေကြရင်း

" ဒါနဲ့ နှစ်ယောက်တည်းရှိတုန်း ငါ မင်းကို မေးပါဦးမယ် ၊ မင်းနဲ့ရှင်းသန့် အခြေအနေက ဘယ်လိုလဲ "

တခြားသူတွေရှေ့မှာဆို ဘုဏ်းဇေ သည်အကြောင်းတွေ ပြောလေ့မရှိပေမဲ့ လင်းရောင်ရှိန်ကတော့ သူ့ခံစားချက်ကို သိပြီးသားမို့ နှစ်ယောက်တည်းရှိချိန်တိုင်း ပွင့်ပွင့်လင်းလင်း ပြောဖြစ်တာကများသည်။

" မင်း မြင်တဲ့အတိုင်းပဲလေ "

ရောင်ရှိန်က သက်ပြင်းကို ဖွဖွချပြီး တစ်ခုခုကို စဉ်းစားပြီးမှ ထပ်ပြောလာ၏။

" ငါ့အထင်တော့ မင်းတို့နှစ်ယောက်မှာ မင်းပဲ ဦးဆောင်ရလိမ့်မယ် "

သည်စကားကို အိမ်ရှေ့စံက ဘယ်လိုသဘောပေါက်သွားသည်မသိ ။ မျက်ခုံးပင့်ပြီး  ရယ်ဟဟဖြစ်သွားရာကနေ ...

" ဒါပေါ့ ....ငါကပဲ ဦးဆောင်သူ ဖြစ်ရမှာပေါ့ ...ဟားဟားဟား "

" ဘာပြောနေတာတုန်း ဖအေရဲ့ ၊ ငါက မင်းတို့နှစ်ယောက် ချစ်သူတွေလို့ သတ်သတ်မှတ်မှတ် ဖြစ်ဖို့ နောက်တစ်ဆင့်ကို မင်းဘက်ကပဲ စတက်ရမှာကို ပြောနေတာ  "

" ငါ့ဘက်ကလား ၊ ငါ့ဘက်ကဆို စိတ်ကူးထဲမှာ အဆင့်တက်နေတာ တစ်ဆင့်တောင် မကတော့ဘူး ၊ နှစ်ဆင့်သုံးဆင့်တောင် ကျော်နေပြီ "

" FUCK! ရှင်းသန့်အစား  ကျောချမ်းလိုက်တာ ၊ သူ့ရှေ့ကျ ကလေးလိုလို ခွေးလိုလိုနဲ့ Candy Crush ဆော့နေတဲ့သူက တကယ်တမ်းကျ စိတ်ထဲကနေ သူ့ကိုပြစ်မှားနေတာ မသိရှာဘူး "

" အဟား ... မင်းပြောလိုက်မှ ငါကိုယ်တော် နှာဘူးလုံးလုံး ဖြစ်နေပြီ "

" မဟုတ်လို့လား... မင်း "

အရှင်မင်းသားက ဝန်ခံခြင်းလည်းမရှိသလို ငြင်းဆန်ခြင်းလည်းမပြု ။ သည်အတိုင်းသာ သဘောတကျ ရယ်မောနေ၏။

" ငါ တကယ် စကားအကောင်းပြောနေတာ ၊ မင်း ဘာလို့ သူ့ကို သေချာဖွင့်မပြောတာလဲ ၊ သူ့ဘက်ကတော့ စပြောမဲ့သူ မဟုတ်တာ မင်းလဲသိတယ်မလား "

" အင်း သိတယ် ၊ ဒါပေမဲ့ ငါ ကြောက်နေတာ တစ်ခုရှိလို့ "

" ဘာလဲ ၊ ရှင်းသန့် ငြင်းလိုက်မှာကိုလား ၊ သူ ငြင်းမယ် မထင်ပါဘူး ၊ မင်းတို့နှစ်ယောက်စလုံး ခံစားချက်တွေ အပြန်အလှန် ရှိနေကြတာ သိသာနေတာပဲ "

" မငြင်းမှာသိပါတယ် ၊ ဒါပေမဲ့ တစ်ချိန်ကျ သူ ငါ့ဘေးက ထွက်သွားမှာကို ကြောက်တာ  "

" ဟမ်! မင်းက ဘာလို့ အဲလို ထင်ရတာလဲ "

အဖြေက ချက်ချင်း ပြန်မလာ။  အဲသည်အစား ကားခုံကို နောက်သို့ အနည်းငယ်လန်လိုက်ပြီး လက်နှစ်ဖက်ကိုပိုက်ကာ သက်ပြင်းကို ခပ်ရှည်ရှည်လေး ချနေသည်။

သည်လိုကျပြန်တော့လည်း သူငယ်ချင်းအတွက် ရောင်ရှိန် စိတ်ပူရပြန်သည်။ ထုတ်မပြောဖြစ်ကြပေမဲ့ မလွယ်ကူသည့် အချစ်ရေးမှန်းလည်း သိနေပြီးသား မဟုတ်လား ။

" ငါ ထင်တာမဟုတ်ဘူး ၊ သူ ပြောဖူးတာ ၊ တစ်ချိန်ကျရင် သူက တစ်နေရာပြီးတစ်နေရာ လျှောက်သွားရင်း အဲဒီနေရာတွေမှာ သူပျော်သလောက်နေပြီးတော့ ဘဝကို ဖြတ်သန်းမယ်တဲ့ "

" စိတ်ကူးပဲရှိသေးတဲ့ကိစ္စကိုကွာ မင်းကလဲ ၊ သူ စိတ်ကူးပြောင်းချင် ပြောင်းသွားမှာပေါ့ "

" ဟုတ်ပါတယ် ၊ သူ ငါ့ဘေးမှာ အမြဲရှိနေပေးမယ်လို့လဲ ပြောပါတယ် ၊ ဒါပေမဲ့ အဲဒါက သူ့ကြောင့် ငါ အခက်မတွေ့သ၍တဲ့ ၊ ငါအခက်တွေ့ပြီလို့ ထင်တာနဲ့ သူက ထွက်သွားမဲ့ လူမျိုးပဲ ၊ ရှင်းသန့်တည်က ငါ ပြောသမျှ အလုံးစုံ လက်ခံမဲ့လူမျိုး မဟုတ်တာ မင်းသိပါတယ် ၊ သူ မှန်တယ်ထင်ရာကိုသာ ရွေးမဲ့လူမျိုးပဲ ၊ ငါ သူ့ကို ချည်နှောင်ထားဖို့ အချစ်တစ်ခုတည်းနဲ့ မလုံလောက်ဘူးထင်တယ် "

စကားပြောရင်း ဘုဏ်းဇေမျက်ဝန်းအိမ်တို့က စိုစွတ်လာသည်။ ချစ်ရသူနှင့် အနီးဆုံးကို ရောက်ခဲ့ပြီးမှ အဝေးကြီးဝေးသွားခဲ့လျှင်ဆိုသော အတွေးတို့က သူ့ရင်ကို ကျိုးကြေစေ၏။

စိတ်ကူးနှင့်တောင် ပုံဖော်မကြည့်ချင်ဘူး။ ရှင်းသန့်တည်ကြည် မပါတဲ့ ဘဝကို ။

" ဒီလိုပဲတော့ တစ်သက်လုံး သွားလို့မရဘူး ဘုဏ်းဇေ ၊ အခုမဟုတ်တောင် တစ်ချိန်ကျ မင်း ပြတ်ပြတ်သားသား လုပ်ရမှာပဲ ၊ မင်း သူ့ကို ဘယ်အထိ ရည်ရွယ်ထားသလဲ "

" သူသာ ငါ့ကိုယုံကြည်ပြီး ငါ့ဘေးမှာပဲ နေမယ်ဆိုရင် ဘဝအဆုံးထိပေါ့ "

သည်အတွက်တော့ ဘုဏ်းဇေ စဉ်းစားစရာမလို ။ သူ့နှလုံးသားဟာ လှုပ်ရှားတတ်စအရွယ်ကတည်းက ဒီဝန်ကြီးချုပ်သားလေးတစ်ယောက်တည်းဆီကိုသာ ညွှန်ပြထားပြီးသား ။

" ဒါဖြင့်လဲ မင်း သူ့လက်ကို မိမိရရ ဆုပ်ကိုင်ထားတော့လေ ၊ ဘယ်တော့မှ လွှတ်မပေးနဲ့ ၊ သူ အဝေးကို ထွက်သွားရင် မင်းက နောက်ကလိုက်ပေါ့ ၊ ဒါပေမဲ့ တစ်ခုတော့ ရှိတယ် ၊ မင်းက ငါတို့လိုမဟုတ်ဘူး ဘုဏ်းဇေ ၊ ထီးနန်းဆက်ခံရမဲ့ အိမ်ရှေ့မင်းသား၊ တကယ်လို့ ထီးနန်းနဲ့ ရှင်းသန့် နှစ်ခုထဲက တစ်ခုကိုပဲ ရွေးရမယ်ဆို မင်း ဘာကိုရွေးမလဲ "

သူ့မေးခွန်းက အရှင်မင်းသားအတွက် ဖြေဆိုဖို့မလွယ်ကူမှန်း ရောင်ရှိန်သိသည်။ သို့သော် အခု သူမေးသလို ကိစ္စမျိုးက တစ်ချိန်မှာ ကြုံမလာနိုင်ဘူးဟု ပြောလို့မရ ။ ကြုံတွေ့ရဖို့က ရာခိုင်နှုန်းပင် များသေး၏။ သည်အတွက် ဘုဏ်းဇေ အခုကတည်းက ပြတ်ပြတ်သားသား ဆုံးဖြတ်ထားဖို့လိုသည်။

ထီးနန်းဆိုတာ ဘုဏ်းဇေအတွက်တော့ တိုင်းပြည်နှင့် တာဝန် ပြီးတော့ မိသားစု။ ရှင်းသန့်ဆိုတာ ဘုဏ်းဇေရဲ့ နှလုံးသား ။ နှစ်ခုစလုံးက အရေးကြီးနေတော့လည်း ရွေးချယ်ဖို့ခက်သား မဟုတ်လား ။

" နှစ်ခုစလုံးကို ငါ လက်မလွှတ်ဘူး "

" မင်း လောဘ သိပ်မကြီးနဲ့ ဘုဏ်းဇေ "

" ငါ လောဘ မကြီးပါဘူး ၊ ငါ့ရပိုင်ခွင့်တွေကိုပဲ ငါရအောင်ယူမှာ "

ရောင်ရှိန်လည်း ဘာထပ်ပြောရမှန်း မသိတော့ပါ။ သူ့အတွက်တော့ ဘယ်အချိန်မဆို သူငယ်ချင်းနှစ်ယောက် ပျော်ရွှင်နေတာမြင်ရဖို့ပဲ အဓိက။ ထို့ကြောင့်လည်း ဘေးကနေ သူကူညီနိုင်လို့ရသလောက် ကူညီပေးဖို့ရန် အသင့်ပါ ။

" မင်းပြောသလို နှစ်ခုစလုံးကို လက်မလွှတ်ဘဲ ရအောင်ယူနိုင်တယ် ဆိုပါစို့ ၊ လူတွေက မင်းကို Gayလို့ ပြောကြရင်ရော လက်ခံနိုင်ရဲ့လား "

" ပြောကြပါစေလေ ၊ ဟုတ်နေတာပဲကို ၊ ငါကမှ ငါ့လိုယောက်ျားလေးတစ်ယောက်ကို ချစ်နေတာ ၊ အဲဒီအတွက်တော့ လက်မခံနိုင်စရာ အကြောင်းမရှိပါဘူး "

" ဟုတ်ပါပြီကွာ ၊ အဲဒါဆိုလဲ သမိုင်းမှာ ပထမဆုံး ဂေးဘုရင်ကြီး လုပ်ပေါ့ '

ရောင်ရှိန့်အပြောကြောင့် ဘုဏ်းဇေက အစောပိုင်းကလို ပြန်ရယ်လာပြီး

" ဘယ့်နှယ့် သမိုင်းမှာ ငါက ပထမဆုံး ဖြစ်ရမှာလဲ ၊ ကမ္ဘာပေါ်မှာ လိင်တူချစ်ကြိုက်ဖူးတဲ့ ဘုရင်တွေ ၊ ဘုရင်မတွေ ၊  တော်ဝင်မျိုးနွယ်‌တွေ ၊စစ်ဗိုလ်ချုပ်ကြီးတွေ သမိုင်းတစ်လျှောက် ရေတွက်လို့တောင် မကုန်ဘူးကွ ၊ ဥပမာ ငါ ပြောပြမယ် ၊  1566 ခုနှစ်တုန်းက နန်းတက်ခဲ့တဲ့ အင်္ဂလန်ဘုရင် James I ဆို ယောက်ျားလေးတော်တော်များများနဲ့ ပတ်သက်ခဲ့ဖူးတယ် ၊ အဲဒီထဲက သူ့ရဲ့ အထင်ရှားဆုံး ချစ်သူက‌ ဘာကင်ဟန်မြို့စား George Villiers တဲ့ "

ဘုဏ်းဇေ ပြောသမျှကိုသာ ရောင်ရှိန် အသာ နားထောင်ရတော့မည်။ သူ့အနေနဲ့က အဲသည်လောက်အထိ မလေ့လာထားဖူးပါ ။

" ဟိုးတုန်းက တရုတ်နိုင်ငံရဲ့ ဧကရာဇ်တွေဆိုရင်လဲ လိင်တူစိတ်ဝင်စားတဲ့သူတွေ အများကြီး ရှိတယ် ၊ အကျော်ကြားဆုံးတစ်ယောက်ကတော့ ဘီစီ တစ်ရာစု တုန်းက စိုးစံခဲ့တဲ့ ဟန်မင်းဆက်က ဧကရာဇ် Ai ပဲ ၊ သူ့ချစ်သူက နန်းတွင်း အရာရှိတစ်ဦးဖြစ်တဲ့ Dong Xian တဲ့  ၊ အခု ငါပြောပြတဲ့ နှစ်ယောက်ကို မင်း မကြားဖူးရင်တောင် ရောမစစ်ဗိုလ်ချုပ်ကြီး Julius Caesarကိုတော့ သိတယ်မလား "

" သိတယ် "

" အေး... Julius Caesar ငယ်ငယ်ကလဲ ယောင်္ကျားလေးတစ်ယောက်နဲ့ ရိုမန့်တစ်ဆန်တဲ့ ဇာတ်လမ်းရှိခဲ့ဖူးတာပဲ ၊ အဲဒီလူက ဘုရင်တစ်ပါး ၊ အခု တူရကီနိုင်ငံက ရှေးဟောင်းနယ်မြေတစ်ခုဖြစ်တဲ့ Bithyniaရဲ့ဘုရင် Nicomedes ပဲ ၊ သူတို့အကြောင်းတွေ အသေးစိတ်ကိုတော့ မပြောတော့ဘူး ၊ မင်းသိချင်ရင် ကိုယ့်ဟာကိုယ် ရှာဖတ် ၊ ငါက မင်းကို အဲလိုတွေ ရှိခဲ့ဖူးတယ်ဆိုတာပဲ ပြောပြတာ "

" အေးပါကွာ ..ဒါမျိုးကျ မင်းကို ဘယ်သူကမှ မခိုင်းရဘဲ ရှာရှာဖွေဖွေ လေ့လာထားတာနော် အရှင်မင်းသား"

ရောင်ရှိန်က အငေါ်တူးပြီး ပြောလိုက်ပေမဲ့ အမှန်တရားမို့ ဘုဏ်းဇေ  အားရပါးရ ရယ်မိသည်။ သူကလည်း သူပါပဲလေ ။ ရှင်းသန့်ကို ချစ်တာနဲ့ပဲ ဟိုးရှေးရှေးတုန်းက ဘုရင်တွေကို ဘာမဆိုင်ညာမဆိုင် ကာဗာယူရတယ်လို့ ။

" ငါတို့နိုင်ငံက တော်ဝင်မျိုးနွယ်တွေထဲမှာရော ဒါမျိုး Queerတွေမရှိဘူးလား "

သည်မေးခွန်းကြောင့် သူ မမြင်ဖူးသော အဘေးတော်လေးကို သတိရသွား၏။

ရှိတာပေါ့ ။ သိပ်ရှိတာပေါ့ ။ သူ့အနေနှင့် အများကြီး မသိနိုင်ပေမဲ့ အဘေးတော်လေး တစ်ယောက်ကိုတော့ သက်သေပြစရာ ရှိသည် ။ သို့ပေမဲ့ အခုတော့ အချိန်မတန်သေး။

" ဘယ်သိနိုင်ပါ့မလဲ ၊ သမိုင်းမှတ်တမ်းထဲမှာ မတွေ့ဖူးပေမဲ့ ရှိချင်လဲ ရှိနိုင်တာပဲ "

ထိုစဉ် ဘုဏ်းဇေ စောင့်နေသော ကားအဖြူလေးက မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့သည် ။ သူ့ဒရိုင်ဘာလေး သူ့ကို လာခေါ်ပြီ။ ဘုဏ်းဇေ အပြင်မထွက်ခင် လင်းရောင်ရှိန်က စကားတစ်ခွန်း ပြောဖြစ်အောင် ပြောလိုက်သေး၏။

" မင်းကျရင်တော့ အဲဒီ Queer သမိုင်းထဲ ပါအောင်လုပ် ၊ ဘားမားပြည်ထောင်စုက ဘုရင်ကြီး ဘုဏ်း VII ဆိုပြီး "

" ဟား... ဟုတ်ပြီ "

ဘာတွေ သဘောတကျဖြစ်ပြီး ရယ်နေမှန်း မသိသူကို ရှင်းသန့် ကားထဲကစောင့်ရင်း သည်အတိုင်းလေး လှမ်းကြည့်ပြီး ပြုံးနေမိသည်။

အပြုံးဆိုတာ ကူးစက်တတ်သည့်အရာ မဟုတ်လား ။ ချစ်ရသူဆီကဆို အတိုင်းထက်အလွန်ပါ။

*****

သည်နှစ်ဆောင်းအတွင်း အိမ်ရှေ့မင်းသား၏ သက်တော်စောင့် အမှုထမ်းများ ပါဝင်သော တော်ဝင်မိသားစုပိုင် ကားနှစ်စီးကို  ငြိမ်းအေးသာစံတက္ကသိုလ်အနီးက Light အဆင့်မြင့်အိမ်ရာဝင်းတစ်ခုရှေ့တွင် ညနေတိုင်း တွေ့ရတတ်သည်မှာ မထူးဆန်းတော့ ။ တစ်ခါတရံ  အိမ်ရာအတွင်းက ဓာတ်လှေကားထဲမှာဖြစ်ဖြစ် ၊ ငါးထပ်မြောက်က ကွန်ဒိုတစ်ခုရှေ့မှာဖြစ်ဖြစ် သက်တော်စောင့် ခေါင်းဆောင် တစ်ဦးဖြစ်သော ကိုဗစ်တာကို တွေ့ရတတ်သည်။ အကြောင်းမှာ ကိုဗစ်တာတစ်ယောက် သူငယ်ချင်းတွေဆီကနေ မပြန်နိုင်ဖြစ်နေသော သူတို့မင်းသားလေးအား နန်းတော်ပြန်ဖို့ မကြာခဏ သွားရောက်ခေါ်ယူနေရသောကြောင့် ။

အထူးသဖြင့် သောကြာနေ့ညနေခင်းတွေဆို အိမ်ရှေ့စံတစ်ယောက်က တော်ရုံနှင့် မပြန်တတ်။ နေ့ပိုင်းမှာ သူတို့အားလုံး အတန်းချိန်တစ်ချိန်သာ ရှိကြ၍ ကန်တင်းတစ်ခုခုမှာ မဟုတ်ရင် ကွန်ဒိုမှာပဲ ပြန်ပြီး အချိန်ကုန်ကြတာများသည်။

သည်နေ့လည်း ထုံးစံအတိုင်းပင် ။  ဧည့်ခန်းထဲမှာထိုင်ပြီး ကောင်းယံအိမ်က ပို့ထားသော သစ်သီးနှင့် မုန့်များ စားနေချိန် ။

" ဘုဏ်းဇေ မင်း မပြန်သေးဘူးလား "

မပြန်သေးမှန်းသိလျက်နဲ့ သီဟက ဘာသဘောနှင့် မေးသလဲမသိ။ ပြန်မဖြေဘဲ မှုန်ကုပ်ကုပ် ကြည့်လိုက်တော့ မျက်နှာလွှဲသွား၏ ။ သီဟမျက်နှာက အနည်းငယ်လည်း နီနေပြီး စိတ်မသက်မသာ ဖြစ်နေပုံပေါ်သည်။

" ရှင်းသန့် ငါ မင်းကို ပြောစရာရှိလို့ ၊ အပြင်ခဏ လိုက်ခဲ့ပါလား "

" ဟမ် ! ဒီမှာပဲ ပြောလို့ မရဘူးလား "

သီဟမင်းတည်က ထူးထူးဆန်းဆန်း ။ ရှင်းသန့် စားအံ့ဆဲဆဲ ပန်းသီးတစ်စိတ်ကို ပြန်ချလိုက်တော့ ဘေးကနေ သူ့အရိပ်အခြေကို ကြည့်နေသော ဘုဏ်းဇေက ထိုပန်းသီးစိတ်ကို ကောက်ပြီး ရှင်းသန့်ပါးစပ်ထဲ ချက်ချင်း ခွံ့ကျွေး၏ ။ သီဟနောက် မလိုက်ရန် ရှင်းသန့်လက်ကိုလည်း ဆွဲထားသေးသည်။

သည်အခြေအနေကို ကျန်တဲ့သုံးယောက်ကလည်း ကြည့်နေကြတော့ သီဟက လေပူတစ်ချက် မှုတ်ထုတ်ကာ

" ဒီမှာပဲ ပြောစေချင်တာလား ၊ ဒါဆို မင်းတို့တွေ ခဏလောက် ဟိုဘက်အခန်းထဲ သွားနေပေးလို့ရလား "

သူတို့လက်ရှိရောက်နေတာက ရှင်းသန့် တစ်ယောက်တည်းနေသည့် ကွန်ဒိုထဲမှာဖြစ်ပြီး ရောင်ရှိန်တို့သုံးယောက်က မျက်နှာချင်းဆိုင်ကွန်ဒိုမှာ ။

" ဘာမို့လို့လဲ သီဟ ၊ ဒီတိုင်းပဲ ပြောလိုက်လို့ မရဘူးလား ၊ မင်းဟာက ထူးထူးဆန်းဆန်း ၊ ငါ ကြက်သီးတွေတောင် ထလာပြီ ၊ ပြဿနာတစ်ခုခု ရှိလို့လား "

" ပြဿနာ မရှိပါဘူး ၊ ဒါဆိုလဲ ဒီမှာပဲ ပြောမယ်လေ "

ဘာမှန်း မသိပေမဲ့ ရောင်ရှိန့်စိတ်ထဲ မကောင်းတဲ့ ခံစားချက်ကြီး ရလာသည်။ ရှင်းသန့်ပြောတဲ့ ပြဿနာတစ်ခုခုက အခုမှစတော့မည်ထင်၏ ။

" ငါ မင်းကိုချစ်တယ် ရှင်း "

လုံးဝ ထင်မှတ်မထားသည့် စကားတစ်ခွန်းကြောင့် သူတို့အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။သီဟက ဘာအဓိပ္ပာယ်နှင့် အခုလိုပြောလိုက်တာလဲ ။

" မင်း ယုံနိုင်မှာ မဟုတ်တာ သိပါတယ် ၊ ငါလဲ ဆက်ပြီး မထိန်းချုပ်ထားချင်တော့လို့ ၊ ငါ မင်းကို ချစ်တယ်  ၊ ငါ ငယ်ငယ်လေးကတည်းက မင်းကို ချစ်ခဲ့တာ ရှင်း "

သီဟစကားတွေက ဘုဏ်းဇေနားထဲ ငှက်ဆိုးထိုးသံ တစ်ခုလို ။ စကားလုံးတစ်လုံးချင်းဆီက သူ့အသွေးအသားတွေကို ပွက်ပွက်ဆူလာစေသည်။ ဘာတွေလဲ ။ ဘယ်သူ့ခွင့်ပြုချက်နဲ့ သူခေါ်သလို ရှင်းဆိုပြီး တစ်လုံးတည်း အဖျားဆွတ် ခေါ်ရတာလဲ ။ ဒီအမည်က သူ တစ်ယောက်တည်း သီးသန့်ခေါ်ဖို့ ။ ပြီးတော့ ရှင်းသန့်တည်ကြည်ဆိုသော လူသားကလည်း သူတစ်ယောက်တည်း ချစ်ဖို့ ။

" ရှင်း ... ငါ "

" ခွပ် "

" ဘုဏ်းဇေ မလုပ်နဲ့ "

ထွက်လာသည့်အသံတို့က ရှေ့ဆင့်နောက်ဆင့် ။ သီဟ နောက်တစ်ခွန်းစကားစဖို့ ပြင်နေတုန်းမှာပဲ အရှိန်ပြင်းလှသော လက်သီးတစ်ချက်က ပါးပြင်ပေါ် ကျရောက်လာ၏။ အိမ်ရှေ့စံဆီက လာသောလက်သီး ။ မီးထွက်မတက် နီရဲတောက်လောင်နေသော အကြည့်တစ်ချက် ။

ရှင်းသန့်က ဘုဏ်းဇေကို ဆွဲဖက်ပြီး တားလိုက်သလို ရောင်ရှိန်ကလည်း သီဟရှေ့ကနေ ကာထားရသည်။ သီဟက နှုတ်ခမ်းထောင့်စွန်းမှ စီးကျလာသော သွေးစက်တချို့ကို လက်ခုံဖြင့်သုတ်ပြီး ပြုံးနေသည်။ လိုချင်တာရသွားလို့ ကျေနပ်သွားသည့် အပြုံးမျိုးနှင့်တောင် ဆင်တူ၏။ အဓိပ္ပာယ်အတိအကျကိုတော့ သီဟကိုယ်တိုင်ပဲ သိလိမ့်မည်။

အာကာနှင့် ကောင်းယံကတော့ ဘေးကနေ ဘာလုပ်ရမှန်းမသိသလို သည်အခြေအနေကိုလည်း နားမလည်နိုင်ကြပါ။ သီဟက ဘာလို့ ရှင်းသန့်ကို ချစ်တယ်ပြောရတာလဲ ။ ဘုဏ်းဇေကရော ဘာလို့ ဒီလောက်ထိ ဒေါသထွက်ရတာလဲ ။

သီဟနှင့်ဘုဏ်းဇေဆိုတာ ပါးစပ်ကနေ အမြဲ ကတောက်ကဆ ဖြစ်တတ်ကြပေမဲ့ တစ်‌ခါမှ အခုလို လက်ပါဖူးကြသူတွေမဟုတ်ပါ။ နှစ်ယောက်ကြား ငယ်သူငယ်ချင်း သံယောဇဉ်လည်း ရှိကြသူတွေ။ ဘတ်စ်ကတ်ဘောကစားချိန်မျိုးဆိုလည်း အပေးအယူ သိပ်တည့်ကြသည်။

" သီဟ ၊ ငါတို့ အပြင်သွားပြီး စကားပြောရအောင် ၊ ရောင်ရှိန် မင်းတို့ သူ့ကို ခဏထိန်းထား "

" မင်း မသွားရဘူး ရှင်း  "

" ခဏလေး ဘုဏ်းဇေ ၊ ငါ ချက်ချင်း ပြန်လာခဲ့မယ် ၊ ခဏလေးပဲ "

" ရှင်းသန့်တည်ကြည် ငါပြောနေတာ မကြားဘူးလား ၊ အခုချက်ချင်း ပြန်လာခဲ့ ၊ မင်း အဲဒီကောင်နဲ့ ဘာစကားမှ ပြောစရာမလိုဘူး "

ဘုဏ်းဇေ ဘယ်လောက်အော်အော် မအောင်မြင်ပါ။ ရှင်းသန့်က သီဟလက်ကောက်ဝတ်ကိုဆွဲပြီး အပြင်ထွက်သွားခဲ့သည်။ရောင်ရှိန်တို့ သုံးယောက်လုံး ဝိုင်းချုပ်ထားတာ ခံရသဖြင့်  နောက်ကလည်း လိုက်သွားလို့မရ ။ ဒေါသက ငယ်ထိပ်ထိ ရောက်လာခဲ့ပြီ။

" ဘုဏ်းဇေ ၊ မင်းစိတ်ကို ထိန်းစမ်းပါ ၊ ဒါက မင်း အခုလို တုံ့ပြန်ရမဲ့ ကိစ္စမဟုတ်ဘူး "

" ငါ့ကိုလွှတ် ၊ မလွှတ်ရင် ရှင်းသန့်တည်ကို အခုချက်ချင်း သွားပြန်ခေါ်လာပေး "

" ဘုဏ်းဇေ ငါ တောင်းဆိုပါတယ်ကွာ ၊ မင်း ရှင်းသန့်ကို မယုံဘူးလား ၊ ရှင်းသန့် သူ့ဟာသူ ဖြေရှင်းပါလိမ့်မယ် "

ဘုဏ်းဇေကို ရောင်ရှိန် ဘယ်လိုနားချရမလဲမသိတော့ပါ။ သည်ကြားထဲ ဘုဏ်းဇေရဲ့ သက်တော်စောင့်က လာခေါ်နေပြီ။ သည်အခြေအနေနဲ့တော့ ဘုဏ်းဇေက ပြန်မှာမဟုတ် ။ သက်တော်စောင့်တွေကိုလည်း သူတို့မင်းသားလေးရဲ့ လက်ရှိပုံစံကို အမြင်ခံလို့မဖြစ်ပါ ။
ထို့ကြောင့် နီစွေးကို ဖုန်းဆက်ပြီး ဖြစ်စဉ် အတိုချုံ့ ပြောပြကာ သက်တော်စောင့်တွေကို နန်းတော်ပြန်ခေါ်ပေးဖို့ အကူအညီ တောင်းရသည်။ နီစွေးက ဘုဏ်းဇေ ဘာကြောင့်ဒေါသထွက်ရသလဲ မမေးချေ။ ဧကန္တ နီစွေးသည်လည်း သူ့မောင်အကြောင်းကို ရိပ်မိပြီးသား ဖြစ်ဟန်တူ၏ ။

အိမ်ရာထဲက ကားပါကင်မှာတော့ ရှင်းသန့်တစ်ယောက် ဘာစကားမှ မဆိုသေးဘဲ  အနည်းငယ်ယောင်ရမ်းသွားသည့် သီဟပါးတစ်ဖက်ကို ရေခဲဘူးဖြင့် ကပ်ပေးရင်း သီဟကိုသာ တိတ်တဆိတ် အကဲခတ်နေသည်။ ခဏကြာပြီဆိုမှ

" မင်း ဘာလို့ အခုလိုပြောရတာလဲ သီဟ "

" ငါ မင်းကို ... "

" မင်း ငါ့ကို မချစ်ပါဘူး "

ရှင်းသန့်လေသံက အေးအေးသက်သာ ရှိလှ၏ ။

" မင်း ယုံမှာ မဟုတ်မှန်း ငါ သိပါတယ် "

" ငါ မယုံတာ မဟုတ်ဘူး သီဟ ၊ ငါ မခံစားရတာ "

" ငါက ငါ့ခံစားချက်တွေကို ထုတ်မပြတတ်တဲ့သူမို့ပါ "

ရှင်းသန့်က ခေါင်းခါရင်း ပြုံးသည်။

ရှင်းသန့် သိတာပေါ့။ တစ်ယောက်‌ယောက်ကိုချစ်တယ်ဆိုတာ ဘယ်လိုမျိုးလဲလို့ ။ ပြီးတော့ တစ်ယောက်ယောက်ဆီက အချစ်ခံရတာကရော ဘယ်လိုမျိုးလဲဆိုတာ ။

သီဟက ရှင်းသန့်နှင့် နှစ်ယောက်တည်းတောင်အချိန်ဖြုန်းခဲ့ဖူးသူမဟုတ် ။ group chat ထဲကလွဲပြီး သီးသန့်လည်း စကားမပြောဖူးပေ ။ တစ်ယောက် ဖုန်းနံပါတ်တစ်ယောက် ရှိကြသော်လည်း တစ်ခါမျှဖုန်းအဆက်အသွယ် မလုပ်ခဲ့ဖူးကြ ။ သီဟကို ရှင်းသန့် မခင်တာမဟုတ်ပါ။ ခင်သည်။ ရိုးရိုးသူငယ်ချင်းတစ်ယောက်လိုသာ။ သီဟဘက်ကလည်း သူ့ကို သာမန်ထက်မပိုမှန်း သိသည်။

" မင်းသိလား သီဟ ၊ အချစ်ဆိုတာ မျက်စိနဲ့ အကောင်အထည် မမြင်နိုင်တဲ့ စိတ္တဇနာမ်ဆိုပေမဲ့ နှလုံးသားနဲ့တော့ ခံစားလို့ရတယ် "

" ရှင်းသန့် "

" မင်း ငါ့ကို ချစ်တယ်လို့ ငါမခံစားရဘူး သီဟ ၊ မင်းပြောသလို ထုတ်မပြတတ်လို့ ငါမမြင်တာပါ ဆိုရင်တောင် ငါ မင်းကို ဘယ်တော့မှ ပြန်ချစ်မှာ မဟုတ်ဘူး ၊ ငါ့နှလုံးသားထဲမှာ တစ်စုံတစ်ယောက် ရှိနေပြီးသား "

" ငါသိပါတယ် "

သိလျက်နှင့် သီဟက ဘာကြောင့် အခုလို လုပ်ရသလဲ ။ ရှင်းသန့် အဖြေကို သဘောပေါက်သလိုလိုရှိပေမဲ့ ရှင်းရှင်းလင်းလင်း မထုတ်ဖော်ချင်ပါ။ အဲသည်အစား ဒေါသထွက်ကျန်ရစ်သည့် တစ်ယောက်သောသူဆီကိုသာ အမြန်ပြန်ပြေးချင်နေပြီ ။

" ငါတို့ ဒီကိစ္စကို မဖြစ်ခဲ့သလိုပဲ သဘောထားရအောင် ၊ ဘုဏ်းဇေအစားလဲ ငါကပဲ တောင်းပန်ပါတယ် "

" ရပါတယ် ၊ ငါ့အပြစ်နဲ့ငါပဲ "

" ဒါဆိုလဲ ကားကို ကောင်းကောင်းမောင်းသွားဦး "

သီဟကားမထွက်ခင်မှာပဲ ရှင်းသန့် အရင်ပြန်လှည့်လာခဲ့သည်။ ဓာတ်လှေကားအဝင်မှာ ကိုဗစ်တာ ထွက်လာတာနှင့် တွေ့၏။ ကိုဗစ်တာနှင့်အတူ ဘုဏ်းဇေ ပါမလာ။

ဒါဆို သည်ည ဒေါသအိုးကွဲလေးဖြစ်နေသော အရှင်မင်းသားနှင့်သူ နှစ်ပါးသွားရတော့မှာလား ။

ရှင်းသန့် ပြန်ရောက်လာတော့ ဘုဏ်းဇေက ဆိုဖာပေါ် ဆန့်ဆန့်ကြီး လှဲပြီး မျက်လုံးတွေ မှိတ်ထားသည်။  စကားလည်းတစ်ခွန်းမှ မပြော။ ရောင်ရှိန်ကတော့ မျက်နှာရှုံ့ပြပြီး အခန်းထဲက ထွက်သွား၏ ။

" ဘုဏ်းဇေ ...သီဟ ငါ့ကို ..."

" မပြောနဲ့ ၊ ငါ ဘာမှ မကြားချင်ဘူး "

ရှင်းသန့် ဆုံးအောင်တောင် မပြောရသေးဘဲ ပါးစပ်ပိတ်ထားလိုက်ရသည်။ အရှင်မင်းသားက ဘာလို့ သူ့ကိုပါစိတ်ဆိုးသွားရတာလဲမသိ။ တားနေသည့်ကြားက သီဟနှင့် ထွက်သွားမိသောကြောင့်ဖြစ်မည်။ မထွက်သွားလျှင်လည်း သီဟကို ထပ်ထိုးနေရင် ဒုက္ခ။ ပြီးတော့ သည်ကိစ္စကလည်း သီဟနှင့်သူ ဖြေရှင်းမှရမည် မဟုတ်လား ။ ထို့ကြောင့် ရှင်းသန့်အနေနှင့် အမှားလုပ် မထားမိသည့်အတွက် စိတ်ဆိုးခံရစရာ အကြောင်းမရှိဘူးဟုထင်သည်။

' မပြောနဲ့ဆိုတော့လဲ မပြောရုံပေါ့ '

ရောင်ရှိန်တို့ သုံးယောက်လည်း တစ်ဖက်အခန်းထဲမှာပဲ တိတ်တဆိတ် ထိုင်နေမိကြသည်။ ဘယ်သူက ဘာစကား စပြောရမှန်းမသိ ဖြစ်နေကြ၏။ ညနေ ငါးနာရီပင် ရှိသေးသော်လည်း ဆောင်းရာသီမို့ နေကျလွယ်သည် ။ သည်ညတော့ ညစာပင် စားကြရပါ့မလား မသိတော့ပါ ။

" ဘာတွေဖြစ်ကုန်တာလဲကွာ ၊ ငါ နားလည်အောင်လဲ ရှင်းပြကြပါဦး  "

တိတ်ဆိတ်မှုကို ကောင်းယံက စတင်ဖြိုခွင်းလာသည်။ အာကာကလည်း ခေါင်းကုတ်လိုက် ရောင်ရှိန့်ကို ကြည့်လိုက်ဖြင့် တစ်ခုခု‌သိချင်နေသည့်ပုံပင် ။

" မင်းတို့ သုံးပွင့်ဆိုင်ဇာတ်လမ်းတွေ ကြည့်ဖူးတယ်မို့လား ၊ အခုလဲ အဲဒါနဲ့ခပ်ဆင်ဆင်ပါပဲ ၊ သီဟကတော့ ဗီလိန်နေရာက ဖြစ်သွားတာပေါ့ "

" မင်းပြောသလိုဆို ဟိုနှစ်ယောက်က ချစ်သူတွေမို့လို့လား "

" မကြာဘူး ဖြစ်တော့မှာ "

အာကာ့ကြည့်ရတာ သိပ်ပြီး အံ့ဩပုံမပြပေမဲ့ ကောင်းယံကတော့ ရှုပ်ထွေးသွားဟန်တူသည်။

" ဒါဆို သူတို့က ယောက်ျားလေးချင်းကြိုက်တာလား "

" အွန်း ...ဒါက ပုံမှန်ပါပဲကွာ ၊ မင်း ဒါကြီးကို ထူးဆန်းတဲ့ကိစ္စ၊ လက်မခံနိုင်စရာ ကိစ္စတစ်ခုလို့ မထင်ပါနဲ့ ၊ ယောက်ျားလေးချင်းချစ်ချစ် ၊ မိန်းကလေးချင်းချစ်ချစ် ၊ ယောက်ျားလေးနဲ့မိန်းကလေးနဲ့ချစ်ချစ် ၊ ဘယ်ချစ်ခြင်းတရားမဆို သဘာဝကျပါတယ် ၊ လိင်စိတ်တိမ်းညွှတ်မှုဆိုတာ ရွေးချယ်လို့ရတဲ့အရာမဟုတ်သလို ရောဂါတစ်ခုလဲ မဟုတ်ဘူး ၊ အဲဒါမို့ homosexual ရှိတဲ့လူတွေကို ခွဲခြားဆက်ဆံစရာ နှိမ့်ချစရာလဲ မလိုဘူး "

" အဲဒါကရော ဘာပြောတာလဲ "

" လိင်တူစိတ်ဝင်စားတာကို homosexual လို့ခေါ်တယ် ၊ လိင်ကွဲစိတ်ဝင်စားတာကို heterosexual လို့ခေါ်တယ် ၊ နှစ်မျိုးစလုံး စိတ်ဝင်စားရင် bisexual တဲ့ "

ကောင်းယံက ရောင်ရှိန်ပြောသမျှ နားထောင်နေရင်း

" တစ်ခုမှ စိတ်မဝင်စားရင်ရော ၊ ငါတော့ တစ်ခုမှ စိတ်မဝင်စားဘူးထင်တယ် "

" မင်း ကြိုက်တဲ့သူ မတွေ့သေးလို့ပါကွာ "

အာကာပြောတာကို ကောင်းယံက လက်မခံဘဲ နှစ်မျိုးစလုံး သူစိတ်မဝင်စားကြောင်းပဲ တွင်တွင်ပြောသည်။

" နှစ်မျိုစလုံး စိတ်မဝင်စားတာ ဒါမှမဟုတ် စိတ်ဝင်စားမှု နည်းတာမျိုးလဲ ရှိပါတယ် ၊ အဲဒါကိုကျ asexual လို့ခေါ်တယ် "

" မှတ်ထားရဦးမယ် ၊ ဒါဆို ငါက asexual ပဲ "

" အေးပါ ၊  နောက်မှ တစ်ယောက်ယောက်ကို ကြိုက်တယ်ပြောကြည့် "

" ဒါနဲ့ ရောင်ရှိန် ၊ မင်းပြောသလိုဆို ဘုဏ်းဇေနဲ့ရှင်းသန့်က ချစ်သူတွေပဲ ထားကြပါစို့ ၊ သီဟကို ဘယ်လိုလုပ်မလဲ "

သီဟကို ရောင်ရှိန်လည်း မခန့်မှန်းတတ်ပါ။ သီဟက ဘယ်တုန်းကမှ သူ့ခံစားချက်တွေကို ဖော်ပြတတ်သူ မဟုတ်သလို အကဲခတ်ရလည်း မလွယ်သည့်သူပါ။ သီဟ အခုလို ထပြောတာက ရောင်ရှိန့်အတွက်လည်း ရှော့ခ်ရသွားစေသည်။ သူ ဘယ်လိုမှ ထင်မှတ်မထားသည့်အရာ ။

" မသိဘူး ၊ သူ ရှင်းသန့်ကို တကယ်ချစ်တာလဲ ဟုတ်ချင်မှဟုတ်မှာ ၊ ဟုတ်တောင်မှ ဘုဏ်းဇေနဲ့ ရှင်းသန့်ကြား သူဝင်လို့ ရမှာမဟုတ်ဘူး "

" တကယ်ချစ်တာဆိုရင်တော့ သီဟ သနားပါတယ် "

သီဟအတွက် အာကာ တကယ်စိတ်မကောင်း ဖြစ်ရသည်။ ချစ်ရသူဆီက ငြင်းပယ်ခံရတဲ့ ခံစားချက်ကို သူလည်း ကြုံတွေ့ဖူးသူမို့ ။

" အွန်း ...ဒါပေမဲ့လဲ ဘုဏ်းဇေကသာ ရှင်းသန့်အတွက် အလိုက်ဖက်ဆုံးပါ "

ထိုအချိန် မျက်နှာချင်းဆိုင်က ကွန်ဒိုထဲမှာ အိမ်ရှေ့စံတစ်ယောက် မကြည်မလင် မျက်နှာထားဖြင့် အာကာဝယ်ထည့်ထားသည့် ဝီစကီပုလင်းကို ဖွင့်ပြီး  ထိုင်သောက်နေသည်။ ပတ်ဝန်းကျင်က လေထုထဲမှာလည်း အေးစက်တင်းမာမှုတို့သာ ကြီးစိုးနေ၏။

" မင်းသားလေး ...မင်း ဘာလို့ ငါ့ကို စိတ်ဆိုးနေရတာလဲ ၊ ဒီကိစ္စက သီဟနဲ့ငါ စကားမပြောလို့ ပြီးသွားမဲ့ ကိစ္စမှ မဟုတ်တာ "

" သီဟ ငါ့အပေါ်မှာ ဘာခံစားချက်မှ မရှိပါဘူး ၊ သူ ဘာလို့ အဲလိုပြောလဲတော့ ငါလဲမသိဘူး "

" ဘုဏ်းဇေ ... မင်း ဘယ်အချိန်ထိ ငါ့ကို စကားမပြောဘဲ နေမှာလဲ "

ရှင်းသန့် ဘာပြောပြော ဘုဏ်းဇေက ဥပေက္ခာပြုထားသည်။ တစ်ချက်မှလည်း မော့မကြည့်။ ထို့ကြောင့် ရှင်းသန့်လည်း ထပ်မပြောတော့ဘဲ သည်တိုင်းသာ ထိုင်ကြည့်နေလိုက်တော့သည်။

ကြာတော့ ရှင်းသန့် အိပ်ချင်လာသည်။ ရှစ်နာရီလည်းထိုးပြီ ။ ညစာလည်း စားချင်စိတ်မရှိတော့ပါ ။ စိတ်ရောလူပါ ပင်ပန်းနေသလို ခံစားရသည်။

" ကိုကိုဘုဏ်းဇေ ...မင်း တစ်ညလုံး ဒီလိုပဲ ထိုင်နေတော့မှာလား ၊ ငါတို့တွေ စကားပြောသင့်တယ် မဟုတ်ဘူးလား ၊ မင်းက ဘာမှမပြောတော့ ငါလဲ မင်းကျေနပ်အောင် ဘာလုပ်ပေးရမှန်း မသိတော့ဘူး  "

တစ်ချိန်လုံး ခေါင်းငုံ့ထားသူက သည်ညအတွက် ပထမဆုံးအကြိမ်အနေဖြင့် ရှင်းသန့်ကို မော့ကြည့်လာသည်။ မျက်ခုံးတန်းနှစ်ဖက် တွန့်ချိုးထားခြင်းလည်း မရှိတော့ ။ မျက်နှာပေါ်က မကြည်လင်မှုများအစား ရှင်းသန့်ကို ကြည့်နေသော မျက်ဝန်းနက်လေးတွေထဲမှာ အံ့ဩရိပ်တို့သာ ဖြတ်ပြေးနေ၏။ နှုတ်ခမ်းလွှာနှစ်ခုမှာလည်း ခပ်ဟဟ။

ဘုဏ်းဇေက တဖြည်းဖြည်းနှင့် ရှင်းသန့်ရှေ့သို့ ထလာသည်။ ခြေလှမ်းတွေကတော့ အနည်းငယ် ယိုင်ချင်ချင် ။ ထို့နောက် ဆိုဖာပေါ် ထိုင်နေသည့် ရှင်းသန့် မျက်နှာကို အပေါ်ကနေ ငုံ့မိုးကြည့်ကာ

" မင်း ခုနက ငါ့ကို ဘယ်လိုခေါ်လိုက်တာ ."

" ပျံ့ပျံ့ခေါ်သလိုလေ ၊ ကိုကိုဘုဏ်းဇေလို့ ၊ မင်းလဲ ငါ့ကို ...အင့် "

ရုတ်တရက် သူ့နှုတ်ခမ်းပေါ် ဖိကပ်လာသည့် နူးညံ့အိထွေးသော အထိအတွေ့တစ်ခုက ရှေ့ဆက်ပြောမည့် ရှင်းသန့်ရဲ့စကားတို့ကို ရပ်တန့်သွားစေသည် ။ ရှင်းသန့် မျက်လုံးတွေ မှိတ်ချမိသည်။ အယောင်ယောင် အမှားမှားဖြင့် ရှေ့ကလူရဲ့ခါးက အင်္ကျီစကိုလည်း ဆုပ်ကိုင်လိုက်၏။ သူ့ခန္ဓာကိုယ်ထဲမှာ မီးရှူးပန်းငယ်လေးတွေ တဖွားဖွား ထပေါက်နေသလို ခံစားရသည်။ နှလုံးသားက အပြင်ဘက်ကို ပေါက်ထွက်တော့မည့်အတိုင်း ခုန်ပေါက်နေပြီ ။

" မင်း ..."

ရှင်းသန့် မျက်နှာကို နောက်ဆုတ်လို့မရ။ လက်နှစ်ဖက်ဖြင့် ထိန်းချုပ်ခြင်း ခံထားရသည်။  ဝီစကီနံ့သင်းနေသော နှုတ်ခမ်းတစ်စုံက သူ့နှုတ်ခမ်းတွေကို ခဏလေးတောင် ကွဲကွာခွင့်မပေး။  ပြင်းထန်ခြင်းမရှိသော်လည်း ရုန်းထွက်၍မရအောင် သိမ်းပိုက်ထားသည်။

တကယ်တော့ ရှင်းသန့်ကိုယ်တိုင်က ရုန်းမထွက်ချင်တာပါ ။ မွတ်မွတ်သိပ်သိပ် နမ်းရှိုက်လာသည့် ချယ်ရီရောင် နှုတ်ခမ်းပါးတစ်စုံရဲ့ ရုန်းမထွက်နိုင်အောင် ပြုစားခြင်းကို သူကိုယ်တိုင် ခံယူနေမိတာ ။

သည်အနမ်းက သူတို့နှစ်ယောက်အတွက် ပထမဆုံး အနမ်း။ မှတ်ဉာဏ်ထဲမှာ လှလှပပလေး သိမ်းဆည်းထားရမည့်အရာ ။ ဘဝတစ်လျှောက်လုံး သယ်ဆောင်သွားရမည့် အခိုက်အတန့်လေး ။

လေထဲမှာ ဝဲပျံနေရသလို တလွင့်လွင့် ၊ Marigold ပန်းခင်းကြီးထဲ ပြေးလွှားနေရသလို တရိပ်ရိပ် ၊ ဂန္ဓဝင် အချစ်သီချင်းတစ်ပုဒ်၏ စီးချက်နှင့်အညီ လိုက်ကနေရသလို တငြိမ့်ငြိမ့် ၊ ချားရဟတ်၏ ထိပ်ဆုံးနှင့်အောက်ဆုံးကို လှည့်ပတ်နေရသလို တသိမ့်သိမ့် ။

' ရူးတော့မလိုပဲ ရှင်းရာ '

ဘုဏ်းဇေ စိတ်ကူးနှင့် အကြိမ်ကြိမ် ကျူးကျော်ခဲ့ဖူးသည့် နှုတ်ခမ်းပါးလေး ။ အိပ်မက်ထဲမှာ ထိတွေ့ခဲ့ရတုန်းကထက် နူးညံ့သည်။  သကြားလုံးလေးတစ်လုံး ငုံထားရသလို ချိုမြသည် ။ ဆောင်းညလယ်မှာ မီးလင်းဖိုလေးဘေးနား ထိုင်နေရသလို နွေးထွေးသည်။

' အခုကစပြီး ငါ မင်းကို လွှတ်မပေးတော့ဘူး '

အနမ်းတွေကို မရပ်တန့်ချင်ပေမဲ့ ရင်ဘတ်ကို တွန်းလာသည့် လက်ကလေးတစ်ဖက်ကြောင့် ဘုဏ်းဇေ နှုတ်ခမ်းချင်း ခွာပေးလိုက်ရသည်။ သူ့ရှင်းသန့်တည်လေး အသက်ရှုရခက်နေပြီမို့ ။ ရှင်းသန့်ရဲ့ နီမြန်းနေသော ပါးလေးနှစ်ဖက်ကို သူ့လက်ချောင်းလေးများဖြင့် ပွတ်သပ်ရင်း နဖူးချင်း ထိစပ်ထားမိသည်။ နှာခေါင်းဖျားချင်းလည်း တရွေ့ရွေ့ ပွတ်တိုက်နေမိ၏။

သည်အခြေအနေအတိုင်းပဲ ခံစားချက်တွေကို ဖွင့်ဟဖြစ်သည်။

" ငါ သီဟကို သတ်ပစ်ချင်တယ် "

" အင်း "

" အဲဒီကောင်က ငါ့ကို အမြဲတမ်း လိုက်ပြိုင်နေတာ ၊ ဘယ်နေရာမှာမဆို ငါ့ထက်သာချင်နေတာ သိလား ရှင်း ၊ ငါပိုင်သမျှကိုလဲ သူက လိုက်လုချင်နေတာ ၊ အဲဒါမို့ မင်းကို ... "

" ငါက မင်းအပိုင်မို့လား "

ရှင်းသန့်ရဲ့ ကြားဖြတ်မေးခွန်းက ဘုဏ်းဇေကို ပြုံးစေ၏။ သို့သော် ဖြေရမည့်အစား ပါးပြင်လေးတစ်ဖက်ကိုသာ ဖိကပ်နမ်းမိသည်။

" မင်း သူ့လက်ကို ဆွဲပြီး ထွက်သွားတာ ငါ့ကို ဘယ်လောက်နာကျင်စေလဲ သိရဲ့လား ရှင်း "

" အင်း "

" သီဟကို ငါ အခု အရမ်းမုန်းသွားပြီ ၊ သူ့မျက်နှာကိုလဲ နောက်ထပ် မမြင်ချင်တော့ဘူး ၊ မင်းလဲ သူနဲ့ လုံးဝ စကားမပြောရဘူး ၊ သီဟကလေ ... "

" ဒါနဲ့ သီဟအကြောင်းပဲ တစ်ချိန်လုံး ပြောနေတော့မှာလား "

နဖူးချင်းခွာပြီး မျက်နှာကို အနည်းငယ်နောက်ဆုတ်ကာ မေးလာသူကို ဘုဏ်းဇေ မြတ်နိုးမှုအပြည့်ဖြင့် ကြည့်ရင်း

" ဟင့်အင်း ... ထပ်နမ်းဦးမှာ ၊ မင်းကို အသက်ရှူချိန် ခဏပေးထားတာ "

#PoPoPhoenix

{ From ခွေးပေါက်လေး to ခွေးပေါက်ကြီး >< }

*
*
*
*
*
*
( Zawgyi )

ေနေကာင္းက်န္းမာေစခ်င္တယ္
စိတ္လက္ၾကည္သာေစခ်င္တယ္
‌ခ်စ္တယ္ဆိုတဲ့ စကားမပါလဲ
ခ်စ္ေမတၱာကို ခံစားရေစခ်င္တယ္
ဒီသံသရာမွာ လြဲေခ်ာ္စရာ
အေၾကာင္းအရင္းမ်ားစြာ ရွိေနတဲ့ၾကားက
ဝင္တိုက္မိတဲ့ ေရစက္ေလးမဟုတ္လား
အသက္နဲ႔ခႏၶာ ယွဥ္တြဲေနသ၍
ဒီပတ္သက္မႈေလးကို တည္ၿမဲေနေစခ်င္တယ္

2013၊ November 5

တစ္ေဆာင္းသစ္ျပန္ၿပီ ။ ခိုက္ခိုက္တုန္ေအာင္ ခ်မ္းသည့္ကာလ မဟုတ္ေသးေသာ္လည္း အပူရွိန္ ေလ်ာ့က်လာၿပီး အေအးဓာတ္ေလး ကဲလာသည္ကေတာ့ သိသိသာသာပင္ ။

နံနက္ခင္း ေနေရာင္ေလး က်လာသည္ႏွင့္အမွ် တစ္စတစ္စ ပ်က္ျပယ္သြားေသာ ျမဴႏွင္းမ်ားေအာက္တြင္ ၿငိမ္းေအးသာစံတကၠသိုလ္ပရဝုဏ္တစ္ခုလုံး တျဖည္းျဖည္း ႐ုပ္လုံးေပၚလာခဲ့ၿပီ ။

ၿငိမ္းေအးသာစံ တကၠသိုလ္သည္ ဘားမားျပည္ေထာင္စုတြင္ နံပါတ္တစ္ျဖစ္ၿပီး ကမာၻ႔အဆင့္ သတ္မွတ္ခ်က္တြင္လည္း ႏွစ္တိုင္းလိုလို အဆင့္တစ္ရာအတြင္း ဝင္ေလ့ရွိကာ အေရွ႕ေတာင္အာရွမွ ေက်ာင္းသားအမ်ားဆုံး လာေရာက္ပညာသင္ယူၾကေသာ တကၠသိုလ္တစ္ခုျဖစ္သည္။ campusသည္ ၿမိဳ႕ေတာ္၏ အေရွ႕ပိုင္းတြင္ သီးသန႔္တည္ရွိ၍ အက်ယ္အဝန္းက ဧကေပါင္း တစ္ေထာင္ေက်ာ္၏။ ဘာသာရပ္တစ္ခုတည္းကို သီးသန႔္သင္ၾကားေပးေသာ တကၠသိုလ္မဟုတ္ဘဲ ေမဂ်ာေပါင္းစုံမွ ေက်ာင္းသားအားလုံး ဒီပရဝုဏ္အတြင္းမွာပဲ တစ္စုတစ္စည္းတည္း တက္ေရာက္သင္ယူၾကရသည္။ ပညာေရးဝန္ႀကီးဌာနက ႏိုဝင္ဘာ ငါးရက္ေန႔ကို ႏိုင္ငံတစ္ဝွမ္းမွ တကၠသိုလ္မ်ားအားလုံး စာသင္ကာလ ပထမႏွစ္ဝက္အတြက္ ပထမဆုံး ေက်ာင္းဖြင့္ရက္ဟု သတ္မွတ္ထားသျဖင့္ သည္ကေန႔က အခ်ိန္ႏွစ္လခန႔္ ပိတ္ထားခဲ့ရေသာ တကၠသိုလ္ေက်ာင္းတံခါးမ်ား ျပန္ပြင့္လာခ်ိန္လည္းျဖစ္သည္။

ေက်ာင္းဝင္း၏ အေရွ႕တံခါးႏွင့္ အေနာက္တံခါးကို ဆက္သြယ္ထားေသာ မိန္းလမ္းမေပၚတြင္ အျဖဴေရာင္ BMW ေလးတစ္စီး ပုံမွန္အရွိန္ျဖင့္ ေျပးလႊားေနသည္။ ကားထဲတြင္ ႏိုင္ငံပိုင္ ေရဒီယိုလိုင္းတစ္ခုမွ ထုတ္လႊင့္ေနေသာ နံနက္ခင္းသတင္း အစီအစဥ္ေၾကျငာသူ၏ အသံက ခပ္တိုးတိုး ပ်ံ႕လြင့္လ်က္ ။ ကားေမာင္းေနေသာ ေကာင္ေလးတစ္ေယာက္ႏွင့္ သူ႔ေဘးကလိုက္ပါလာေသာ ေကာင္ေလးတို႔၏ အာ႐ုံတို႔က ေရဒီယိုမွသတင္းထက္ သူတို႔အခ်င္းခ်င္းစီမွာသာ ရွိေနၾကပုံပင္။

" မင္းသားေလး ၊ မင္းအေဆာင္နဲ႔ ငါ့အေဆာင္က အေရွ႕ထိပ္နဲ႔အေနာက္ထိပ္ အေဝးႀကီးပဲေနာ္ ၊ ေနာက္ရက္ဆို မင္းသက္ေတာ္ေစာင့္ေတြကိုပဲ တန္းပို႔ခိုင္း "

သည္ေန႔ကစၿပီး တကၠသိုလ္ တက္ရေတာ့မည့္ အိမ္ေရွ႕စံ ဘုဏ္းေဇယ်ာေက်ာ္၏အေၾကာင္းက နံနက္ခင္းသတင္းေတြမွာ ေဝေဝစည္စည္ေနရာယူထားသလို ေက်ာင္းေပါက္ဝမွာလည္း မင္းသားေလး ေက်ာင္းအလာကို သတင္းယူဖို႔ ေစာင့္ေနၾကေသာ မီဒီယာမ်ား မနည္းလွ။ သို႔ေသာ္ အိမ္ေရွ႕စံတစ္ေယာက္က နန္းေတာ္ကေန ေက်ာင္းကိုတန္းမသြားဘဲ သူငယ္ခ်င္းေတြေနသည့္ ကြန္ဒိုကိုသာ မနက္ခင္း ျမဴမကြဲခင္ကတည္းက ေရာက္ေနခဲ့သည္။ သူ႔ေနာက္မွပါလာသည့္ သက္ေတာ္ေစာင့္အားလုံးကို ျပန္လႊတ္ၿပီး တကၠသိုလ္ေက်ာင္းသားဘဝရဲ႕ ပထမဆုံးေန႔ရက္ကို သူ႔အတြက္ အေရးပါသည့္ တစ္ေယာက္ေသာသူ၏ကားႏွင့္ အတူလိုက္ပါလာခဲ့သျဖင့္ ေက်ာင္းအဝင္မွာ ေစာင့္ေနေသာ မီဒီယာမ်ားအားလုံး မင္းသားေလးကို မေတြ႕လိုက္ၾကရေပ ။

" မပို႔ခိုင္းပါဘူး ၊ မင္းတို႔ဆီပဲ အရင္လာမွာ ၊ ေန႔တိုင္း လာမွာေနာ္ ေျပာၿပီးၿပီ အဲဒါ ၊ ငါမလာခင္ မင္း ေက်ာင္းသြားဖို႔ စိတ္မကူးနဲ႔ "

" ဒါျဖင့္လဲ ေရာင္ရွိန႔္ကားနဲ႔ လိုက္ေလ ၊ မင္းတို႔ႏွစ္ေယာက္က တစ္ေနရာတည္း အတူတူကို "

" မလိုက္ပါဘူး ၊ ငါက မင္းနဲ႔ပဲ လိုက္မွာ ၊ မင္းေမာင္းတဲ့ကားပဲ စီးခ်င္တာ "

" ဟြန္း "

ရွင္းသန႔္က ကားေမာင္းရင္း ႏွာေခါင္းရႈံ႕ေတာ့ အရွင္မင္းသားက ရယ္သည္။ ရွင္းသန႔္ပါးကိုလည္း လက္တစ္ဖက္ျဖင့္ ဆြဲဖဲ့လိုက္ေသး၏။

သူတို႔အုပ္စုမွာ အာကာရယ္ သီဟရယ္ ေကာင္းယံရယ္က IT တက္ၾကသျဖင့္ သုံးေယာက္အေဖာ္ရသလို ဘုဏ္းေဇႏွင့္ေရာင္ရွိန္ကလည္း Business Management မွာ အတူတူပင္။ နီေစြးကလည္း အာကာတို႔ႏွင့္ေမဂ်ာတူသည္ ။ ရွင္းသန႔္တစ္ေယာက္တည္းသာ Literatureယူသျဖင့္ အေဖာ္ကြဲေနျခင္းပင္။

အမွန္ဆို ေက်ာင္းကို ကားႏွင့္တက္ဖို႔စိတ္ကူး ရွင္းသန႔္ဆီမွာ မရွိခဲ့ပါ။ ရွင္းသန႔္က ကားေမာင္းရတာထက္ ဆိုင္ကယ္စီးရတာကို ပိုသေဘာက်သူ ။ သို႔ေသာ္ ရွင္းသန႔္ဆိုင္ကယ္ႏွင့္ ေက်ာင္းတက္လွ်င္လည္း ဘုဏ္းေဇက သူ႔ဆိုင္ကယ္ေနာက္မွာ ကပ္ပါေနဦးမည္ ။ ထို႔ေၾကာင့္ ဘုဏ္းေဇရဲ႕ လုံၿခဳံေရးကိုေတြးၿပီး ဆိုင္ကယ္ႏွင့္တက္မည့္ စိတ္ကူးကို စြန႔္လႊတ္ခဲ့ရသည္။

အခုေတာ့ အရွင္မင္းသားက ကားေမာင္းသူရဲ႕ ေဘးကေနရာကို အိမ္ေရွ႕စံအပိုင္အျဖစ္ သတ္မွတ္လိုက္ၿပီ။ ရွင္းသန႔္မိသားစုကလြဲၿပီး တစ္ေယာက္ေယာက္ သည္ေနရာမွာ ထိုင္ပါက မင္းမ်က္မင္းဒဏ္သင့္မည္ဟု ဆိုေသး၏။ ကားပိုင္ရွင္ကပါ သူ႔ကိုျပန္ေၾကာက္ေနရသည့္အျဖစ္။

" ဒီလိုေန႔တိုင္းလိုက္ပို႔ေနရမယ္ဆိုရင္ေတာ့ မင္း ငါ့ကို လစာေပးရမယ္ အရွင္မင္းသား "

" ရတယ္ေလ ၊ လစာက ဘာယူမလဲ ၊ လူကိုယူမလား "

မ်က္စ ႏွစ္ခ်က္သုံးခ်က္ပစ္ၿပီး ေမးလာသည့္ႏႈတ္ခမ္းမ်ားက ၿပဳံးတုံ႔တုံ႔။ ရွင္းသန႔္က မ်က္ေစာင္းထိုးၾကည့္ေတာ့ တဟားဟားေအာ္ရယ္ၿပီး ေနာက္တစ္ႀကိမ္ ပါးကို ထပ္ဆြဲဖဲ့ျပန္သည္။

ရွင္းသန႔္မွာ ကားႏွင့္လည္း တင္ေခၚရေသးသည္။ ပါးကိုလည္း အဖဲ့ခံရေသးသည္ ။ ဒါ့အျပင္ ရိသဲ့သဲ့ပါ အေျပာခံရေသး၏။ သည္အိမ္ေရွ႕စံက သူ႔အေပၚကို အျမတ္ထုတ္လြန္းေနၿပီ ။

" ေပါက္ကရေတြ ေျပာမယ္ဆို ကားေပၚက ဆင္းေတာ့ "

" ဪေဟာ ... ကမာၻေပၚမွာ ေၾကးအျမင့္ဆုံးလစာ ေပးေနတာကို မယူခ်င္ဘူးပဲ ၊ ေနာက္မွ ေနာင္တ မရနဲ႔ေနာ္ ေကာင္ေလး ၊ တစ္သက္မွာ တစ္ခါ ၊ တစ္ခါမွာ တစ္ေယာက္ပဲရမဲ့ အခြင့္အေရးကို ဒီက ေပးေနတာ "

" ေတာ္စမ္းပါ "

သည္လို ႐ႊတ္ေနာက္ေနာက္အေျပာမ်ိဳးကလြဲရင္ ဘုဏ္းေဇဆီက ဘာအဆင့္မွ ထပ္တက္မလာခဲ့ပါ။ ထို႔ေၾကာင့္ သူတို႔ႏွစ္ေယာက္ရဲ႕ အေျခအေနကို ရွင္းသန႔္ကိုယ္တိုင္လည္း ဘယ္လိုသတ္မွတ္ရမွန္း မစဥ္းစားတတ္ေတာ့ ။ တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္ေနမွန္းလည္း ႏွစ္ေယာက္စလုံးသိသည္။ သို႔ေသာ္ ခ်စ္သူေတြလည္းမဟုတ္ေသး ။ သူငယ္ခ်င္းေတြလားဆိုေတာ့လည္း အဲဒီထက္ပိုေန၏။

ေရွ႕တစ္ဆင့္ဆက္တက္ဖို႔ကို သူတို႔ၾကားထဲမွာ ဘယ္အရာကတားဆီးေနရပါသလဲ ။

ရွင္းသန႔္ဘက္ကေတာ့ ေႏြရာသီစံအိမ္မွာ ႐ြတ္ျပခဲ့သည့္ ကဗ်ာအတိုင္း ခေရပြင့္ေလးလိုမ်ိဳး ခ်စ္ရသူရဲ႕ ေျခေတာ္ရင္းမွာ ေႂကြက်ေပးၿပီးသားပင္။ ေကာက္ယူပန္ဆင္ဖို႔အေရး အရွင္မင္းသားေလးဘက္မွာ ဘာေတြမ်ား ေႏွာင့္ေႏွးစရာရွိေနသလဲ မသိ။ သို႔ေသာ္ ခေရပြင့္ေလးအေနျဖင့္ ခ်စ္ရသူအေပၚမွာ စိတ္ပ်က္ျငဴစူျခင္း အလ်ဥ္းမရွိတာေတာ့ ဧကန္ ။

ေဘးမွာ အတူရွိေနရ႐ုံႏွင့္ ေပ်ာ္႐ႊင္ရသည္။ အၿပဳံးေလးကို ေငးၾကည့္ခြင့္ရ႐ုံႏွင့္ စိတ္ခ်မ္းေျမ့ရ၏။ မ်က္ဝန္းနက္ေလးေတြထဲမွာ ျမင္ေနရေသာ ေမတၱာတရားက သူတစ္ေယာက္တည္းအေပၚမွာပဲ ပုံေအာထားမွန္း သိသာေနသည့္အခါ သည္အေျခအေနေလာက္ႏွင့္လည္း ေက်နပ္ေရာင့္ရဲႏိုင္ပါသည္။

" ဒါဆိုလဲ လစာက ဘယ္ေလာက္ေပးရမလဲ ေျပာေလ ၊ မင္းႀကိဳက္သေလာက္ေတာင္းလို႔ရတယ္ "

" တယ္ဟုတ္ပါလား ၊ ဘယ္ေလာက္ေတာင္းရမလဲ စဥ္းစားထားလိုက္မယ္  "

" ဒီေတာ့ ေန႔တိုင္း ကားေမာင္းပို႔ဖို႔ သေဘာတူၿပီေနာ္ ၊ အခုကစၿပီး ေမာင္မင္းကို ကိုယ္ေတာ္ရဲ႕ ရာသက္ပန္ ဒ႐ိုင္ဘာအျဖစ္ ခန႔္အပ္လိုက္ၿပီ ၊ ဦးေဆြးဆံျမည့္ အမႈေတာ္ ထမ္းပါေလ "

" ဟားဟား "

အိမ္ေရွ႕ကိုယ္ေတာ္ေလးရဲ႕အေျပာေၾကာင့္ ငယ္ငယ္ကအေၾကာင္းကို သတိရသြားသည္။ အဲသည္အခ်ိန္တုန္းက ရွင္းသန႔္ ထင္ခဲ့တာ ေတာ္ဝင္မိသားစုက သူဖတ္ထားဖူးေသာ ပုံျပင္ေတြထဲကအတိုင္း  သည္လို အသုံးအႏႈန္းေတြ ေျပာၾကလိမ့္မည္ဟု ။

အိမ္ေရွ႕မင္းသားရဲ႕ ေမြးေန႔ပြဲကို တက္ေရာက္ရမည္ဆိုၿပီး သူ႔အေဖေျပာလာတဲ့ေန႔ကစ၍ စိတ္ေတြလည္း လႈပ္ရွားခဲ့ရသည္။ မင္းသားေလးေရွ႕မွာ သူသာ အမွားအယြင္းတစ္ခုခု လုပ္မိပါက အမ်က္ေတာ္ရွမည္လားဟုပါ စိုးရိမ္ေၾကာင့္ၾကခဲ့ရ၏။ တကယ္တမ္း ေတြ႕လိုက္ရသည့္အခ်ိန္က် မင္းသားေလးက ရွင္းသန႔္ထင္ထားတာႏွင့္ တျခားစီ မဟုတ္လား ။

စကတည္းက ရွင္းသန႔္ကိုၾကည့္ၿပီး ရယ္ေနခဲ့သူ ။ ရွင္းသန႔္ေနာက္လိုက္လာၿပီး စတင္မိတ္ဆက္ခဲ့သူ ။ ရွင္းသန႔္လိုခ်င္သည့္ ေယာက္သြားခြံေလးကို ကိုယ္တိုင္  ေကာက္ယူေပးခဲ့သူ ။ ရွင္းသန႔္ကို သူငယ္ခ်င္းလုပ္ဖို႔ ေလးေလးနက္နက္ ကမ္းလွမ္းလာခဲ့သူ ။

ကမ္းေျခမွာ ေရေတြစိုၿပီး ပင္လယ္ေလေၾကာင့္ ခိုက္ခိုက္တုန္ေနသည့္ ရွင္းသန႔္ခႏၶာကိုယ္ကို သဘတ္ေတြအထပ္ထပ္ ရစ္ပတ္ေပးၿပီး ေျခာက္ေသြ႕ေစခဲ့သူ။

မင္းသားေလးဟာ ရွင္းသန႔္အေပၚမွာ အမ်က္ေတာ္ရွဖို႔ မေျပာႏွင့္။ ေျခ‌ေထာက္ ‌နာေနသည့္ ရွင္းသန႔္ကို ေက်ာေပၚမွာတင္ၿပီး လိုလိုလားလား ကုန္းပိုးေပးခဲ့သူပါ ။

သည္လိုမ်ိဳး အရွင္မင္းသားဆီမွာ အမႈေတာ္ထမ္းဖို႔ဆို ရွင္းသန႔္အေနႏွင့္ သေဘာတူ႐ုံကလြဲၿပီး တျခားရွိပါဦးမလား ။ အခြင့္အေရးသာေပးမယ္ဆို သူ႔ဘက္ကလည္း ဦးေဆြးဆံျမည့္ပါေလ ။

" ေရာက္ၿပီ ၊ ဆင္းေတာ့ "

ဘုဏ္းေဇတို႔ေမဂ်ာ အေဆာက္အဦးေရွ႕ေရာက္ေတာ့ ကားကိုရပ္လိုက္သည္။ ရွင္းသန႔္ကေတာ့ ေနာက္ျပန္လွည့္ရဦးမည္ ။ သို႔ေသာ္ ဘုဏ္းေဇက ကားေပၚမွမဆင္းဘဲ ပတ္ထားေသာ ခါးပတ္ကို ျဖဳတ္လိုက္ၿပီး ဘာမေျပာညာမေျပာျဖင့္ ရွင္းသန႔္ပုခုံးကို ဆြဲဖက္လာသည္။ ႐ုန္းခ်င္လွ်င္ေတာင္ ႐ုန္းလို႔မရေအာင္ လက္ေမာင္းႏွစ္ဖက္က အားပါလြန္း၏။

" ဒါကဘာျဖစ္ရျပန္တာလဲ ကိုယ္ေတာ္ "

" မင္းနဲ႔မခြဲခ်င္လို႔ "

" ႏွစ္နာရီေလးကိုကြာ "

" ႐ိုး႐ိုးႏွစ္နာရီေလးမွ မဟုတ္တာ ၊ စာသင္ခန္းထဲမွာ မင္းမရွိတဲ့ႏွစ္နာရီေလ ၊ အခုေတာင္ ငါမင္းကို လြမ္းလာၿပီ ရွင္းရ "

" အပိုေတြ မလုပ္စမ္းနဲ႔ ဘုဏ္းေဇယ်ာေက်ာ္"

ဖက္ထားရာကေန ခြာလိုက္ေတာ့ ဘုဏ္းေဇရဲ႕မ်က္ႏွာေပၚမွာ တကယ္စိတ္မေကာင္းျဖစ္ေနသည့္ အရိပ္အေယာင္မ်ားက ထင္ထင္ရွားရွား။

" မပိုပါဘူး ၊ လိုေတာင္ လိုေနေသးတယ္ ၊ ၿပီးေတာ့ မင္းက တစ္ေယာက္တည္းေလ ၊ ငါမင္းကို စိတ္မခ်ဘူး "

" ငါ ကေလး မဟုတ္ပါဘူး "

" သိတယ္ မင္းက လူႀကီးေလးမွန္း ၊ အဲဒါမို႔ ပိုစိတ္မခ်တာ "

" အဲေတာ့ မင္းက ဘာလုပ္ခ်င္လို႔လဲ ၊ ငါတို႔ေမဂ်ာ လိုက္တက္မလို႔လား "

" အြန္း လိုက္တက္မယ္ ၊ ဒါေပမဲ့ ငါေတာ့မဟုတ္ဘူး ၊ ငါ့ကိုယ္စား ထည့္ေပးလိုက္မယ္ "

" ဘာရယ္! "

ရွင္းသန႔္ နားမလည္ႏိုင္ ျဖစ္ေနစဥ္ ဘုဏ္းေဇက သူ႔လြယ္အိတ္ထဲမွ အ႐ုပ္ေလးတစ္႐ုပ္ကို ထုတ္ေပးလာသည္။ လက္သီးဆုပ္အ႐ြယ္ေလာက္ရွိသည့္ အျဖဴေရာင္ ေမႊးပြေခြး႐ုပ္ေလး ။ ေခြးေလးရဲ႕ကိုယ္ေပၚမွာ ႏိုင္ငံေတာ္အခမ္းအနားေတြဆို ဘုဏ္းေဇ ဝတ္ေလ့ရွိသည့္ အိမ္ေရွ႕မင္းသားခါးပတ္လိုမ်ိဳး ေ႐ႊေရာင္ ခါးပတ္ေလးတစ္ခုလည္း ပတ္ထားသလို ေခါင္းေပၚမွာလည္း သရဖူေလးတစ္ခု တပ္ထားေသး၏ ။

ေခြး‌႐ုပ္ေလးကို ေသခ်ာၾကည့္ၿပီး ရွင္းသန႔္ သေဘာက်စြာ ရယ္မိသည္။ ေခြး႐ုပ္ေလးက ခ်စ္ဖို႔ေကာင္းပါသည္။ သို႔ေသာ္ သူ႔ေဘးက ေခြးေပါက္ေလးကိုေတာ့ မမီေသးပါ ။

" မင္းကေလ... တကယ္ ကေလး "

" ဟုတ္တယ္ ၊ ငါက ကေလးေလး ၊ မင္းကေတာ့ လူႀကီး ၊ လူႀကီးေတြက ကေလးေတြကိုဆို အာဘြားေပးတတ္တယ္ေလ ၊ ဒီကလူႀကီးကေရာ ဒီက ကေလးေလးကို အာဘြား မေပးခ်င္ဘူးလား "

" ကဲ ....ဆင္းပါေတာ့... ျမန္ျမန္  "

ရွင္းသန႔္ အတင္းတြန္းလႊတ္လိုက္မွ ဘုဏ္းေဇက ရယ္ၿပီး ကားေပၚကေန ဆင္းသြားသည္။ သို႔ေသာ္ တံခါးကို ခ်က္ခ်င္းမပိတ္ေသးဘဲ ခႏၶာကိုယ္ကို ငဲ့ေစာင္းၿပီး မွာတမ္းေႁခြေနေသး၏။

" ၿပီးရင္ ‌ငါ့ကို လာေခၚေနာ္ "

" ‌မေခၚဘူး ၊ ကန္တင္းမွာပဲ ဆုံမယ္ ၊ ေရာင္ရွိန္နဲ႔ လိုက္ခဲ့ "

" မင္း လာမေခၚရင္ ငါ ေန႔လယ္စာ မစားဘူး "

" အမိန႔္ေတာ္ျမတ္အတိုင္းပါဘုရာ့ "

သည္ေတာ့မွ အိမ္ေရွ႕ဥပရာဇာေလးက မ်က္လုံးမ်ား ေမွးက်သြားသည္အထိ ရယ္ၿပီး တံခါးပိတ္ေပး၏ ။ ဘုဏ္းေဇအလာကို ေရာင္ရွိန္ ရပ္ေစာင့္ေနတာလည္း ေတြ႕ရသည္။

ရွင္းသန႔္ သူစာသင္ရမည့္ အေဆာက္အဦးဆီ ကားျပန္ေမာင္းခဲ့ရင္း လက္ထဲက ေခြး႐ုပ္ေလးကို ႏႈတ္ခမ္းျဖင့္ ကပ္ကာ နမ္းမိေတာ့ ေခြး႐ုပ္ေလးဆီမွ အရွင္မင္းသားရဲ႕ အေငြ႕အသက္တို႔ကို ခံစားလိုက္ရ၏။

' မင္းကိုေတာ့ ေပၚတင္နမ္းလို႔ရတယ္မလား ေကာင္ေလး '

*****

ဘာလိုလိုျဖင့္ တကၠသိုလ္ ပထမႏွစ္ဝက္ စတင္တာ သုံးပတ္နီးပါး ရွိလာခဲ့ၿပီ ။ ရာသီဥတုက အေအးပိုင္းသို႔ လုံးလုံးလ်ားလ်ား ဝင္ေရာက္လာေသာ္လည္း ဘုဏ္းေဇယ်ာေက်ာ္ကေတာ့ မနက္ေစာေစာ နန္းေတာ္ကေန ထြက္လာၿမဲပင္ ။ တစ္ခါတရံ သူငယ္ခ်င္းေတြဆီေရာက္မွ မနက္စာ အတူစားတာမ်ိဳးလည္းရွိ၏။ ေမဂ်ာကြဲသျဖင့္ အတန္းခ်ိန္ေတြ မတူၾကေသာ္လည္း ဘုဏ္းေဇႏွင့္ ရွင္းသန႔္က ေက်ာင္းသြားေက်ာင္းျပန္ အတူသြားေလ့ရွိၿပီး ေန႔လယ္စာကိုလည္း အမ်ားအားျဖင့္ သူငယ္ခ်င္းေတြ ဆုံၿပီးသာ စားတတ္ၾကသည္။

ၾကာသာပေတးေန႔ ညေနပိုင္းဆို ဘုဏ္းေဇတို႔က အတန္းခ်ိန္တစ္ခ်ိန္ ေစာၿပီးသျဖင့္ ရွင္းသန႔္ ေက်ာင္းဆင္းအလာကို ေစာင့္ေနရသည္မွာ ပုံမွန္ျဖစ္ေနၿပီ။ ဘုဏ္းေဇေစာင့္ေတာ့ ေရာင္ရွိန္ပါ မျပန္ရ။ ေရာင္ရွိန္ရဲ႕ကားထဲမွာပဲ ထိုင္ေစာင့္ေနၾကရင္း

" ဒါနဲ႔ ႏွစ္ေယာက္တည္းရွိတုန္း ငါ မင္းကို ေမးပါဦးမယ္ ၊ မင္းနဲ႔ရွင္းသန႔္ အေျခအေနက ဘယ္လိုလဲ "

တျခားသူေတြေရွ႕မွာဆို ဘုဏ္းေဇ သည္အေၾကာင္းေတြ ေျပာေလ့မရွိေပမဲ့ လင္းေရာင္ရွိန္ကေတာ့ သူ႔ခံစားခ်က္ကို သိၿပီးသားမို႔ ႏွစ္ေယာက္တည္းရွိခ်ိန္တိုင္း ပြင့္ပြင့္လင္းလင္း ေျပာျဖစ္တာကမ်ားသည္။

" မင္း ျမင္တဲ့အတိုင္းပဲေလ "

ေရာင္ရွိန္က သက္ျပင္းကို ဖြဖြခ်ၿပီး တစ္ခုခုကို စဥ္းစားၿပီးမွ ထပ္ေျပာလာ၏။

" ငါ့အထင္ေတာ့ မင္းတို႔ႏွစ္ေယာက္မွာ မင္းပဲ ဦးေဆာင္ရလိမ့္မယ္ "

ေရာင္ရွိန႔္စကားကို ဘုဏ္းေဇက ဘယ္လိုသေဘာေပါက္သြားသည္မသိ ။ မ်က္ခုံးပင့္ၿပီး  ရယ္ဟဟျဖစ္သြားရာကေန ...

" ဒါေပါ့ ....ငါကပဲ ဦးေဆာင္သူ ျဖစ္ရမွာေပါ့ ...ဟားဟားဟား "

" ဘာေျပာေနတာတုန္း ဖေအရဲ႕ ၊ ငါက မင္းတို႔ႏွစ္ေယာက္ ခ်စ္သူေတြလို႔ သတ္သတ္မွတ္မွတ္ ျဖစ္ဖို႔ ေနာက္တစ္ဆင့္ကို မင္းဘက္ကပဲ စတက္ရမွာကို ေျပာေနတာ  "

" ငါ့ဘက္ကလား ၊ ငါ့ဘက္ကဆို စိတ္ကူးထဲမွာ အဆင့္တက္ေနတာ တစ္ဆင့္ေတာင္ မကေတာ့ဘူး ၊ ႏွစ္ဆင့္သုံးဆင့္ေတာင္ ေက်ာ္ေနၿပီ "

" FUCK! ရွင္းသန႔္အစား  ေက်ာခ်မ္းလိုက္တာ ၊ သူ႔ေရွ႕က် ကေလးလိုလို ေခြးလိုလိုနဲ႔ Candy Crush ေဆာ့ေနတဲ့လူက တကယ္တမ္းက် စိတ္ထဲကေန သူ႔ကိုျပစ္မွားေနတာ မသိရွာဘူး "

" အဟား ... မင္းေျပာလိုက္မွ ငါကိုယ္ေတာ္ ႏွာဘူးလုံးလုံး ျဖစ္ေနၿပီ "

" မဟုတ္လို႔လား... မင္း "

ဘုဏ္းေဇက ဝန္ခံျခင္းလည္းမရွိသလို ျငင္းဆန္ျခင္းလည္းမျပဳ ။ သည္အတိုင္းသာ သေဘာတက် ရယ္ေမာေနသည္။

" ငါ တကယ္ စကားအေကာင္းေျပာေနတာ ၊ မင္း ဘာလို႔ သူ႔ကို ေသခ်ာဖြင့္မေျပာတာလဲ ၊ သူ႔ဘက္ကေတာ့ စေျပာမဲ့သူ မဟုတ္တာ မင္းလဲသိတယ္မလား "

" အင္း သိတယ္ ၊ ဒါေပမဲ့ ငါ ေၾကာက္ေနတာ တစ္ခုရွိလို႔ "

" ဘာလဲ ၊ ရွင္းသန႔္ ျငင္းလိုက္မွာကိုလား ၊ သူ ျငင္းမယ္ မထင္ပါဘူး ၊ မင္းတို႔ႏွစ္ေယာက္စလုံး ခံစားခ်က္ေတြ အျပန္အလွန္ ရွိေနၾကတာ သိသာေနတာပဲ "

" အြန္း ၊ မျငင္းမွာသိတယ္ ၊ ဒါေပမဲ့ တစ္ခ်ိန္က် သူ ငါ့ေဘးက ထြက္သြားမွာကို ေၾကာက္တာ  "

" ဟမ္! မင္းက ဘာလို႔ အဲလို ထင္ရတာလဲ "

အေျဖက ခ်က္ခ်င္း ျပန္မလာ။  အဲသည္အစား ကားခုံကို ေနာက္သို႔ အနည္းငယ္လန္လိုက္ၿပီး လက္ႏွစ္ဖက္ကိုပိုက္ကာ သက္ျပင္းကို ခပ္ရွည္ရွည္ေလး ခ်ေနသည္။

သည္လိုက်ျပန္ေတာ့လည္း သူငယ္ခ်င္းအတြက္ ေရာင္ရွိန္ စိတ္ပူရျပန္သည္။ ထုတ္မေျပာျဖစ္ၾကေပမဲ့ မလြယ္ကူသည့္ အခ်စ္ေရးမွန္းလည္း သိေနၿပီးသား မဟုတ္လား ။

" ငါ ထင္တာမဟုတ္ဘူး ၊ သူ ေျပာဖူးတာ ၊ တစ္ခ်ိန္က်ရင္ သူက တစ္ေနရာၿပီးတစ္ေနရာ ေလွ်ာက္သြားရင္း အဲဒီေနရာေတြမွာ သူေပ်ာ္သေလာက္ေနၿပီးေတာ့ ဘဝကို ျဖတ္သန္းမယ္တဲ့ "

" စိတ္ကူးပဲရွိေသးတဲ့ကိစၥကိုကြာ မင္းကလဲ ၊ သူ စိတ္ကူးေျပာင္းခ်င္ ေျပာင္းသြားမွာေပါ့ "

" ဟုတ္ပါတယ္ ၊ သူ ငါ့ေဘးမွာ အၿမဲရွိေနေပးမယ္လို႔လဲ ေျပာပါတယ္ ၊ ဒါေပမဲ့ အဲဒါက သူ႔ေၾကာင့္ ငါ အခက္မေတြ႕သ၍တဲ့ ၊ ငါအခက္ေတြ႕ၿပီလို႔ ထင္တာနဲ႔ သူက ထြက္သြားမဲ့ လူမ်ိဳးပဲ ၊ ရွင္းသန႔္တည္က ငါ ေျပာသမွ် အလုံးစုံ လက္ခံမဲ့လူမ်ိဳး မဟုတ္တာ မင္းသိပါတယ္ ၊ သူ မွန္တယ္ထင္ရာကိုသာ ေ႐ြးမဲ့လူမ်ိဳးပဲ ၊ ငါ သူ႔ကို ခ်ည္ေႏွာင္ထားဖို႔ အခ်စ္တစ္ခုတည္းနဲ႔ မလုံေလာက္ဘူးထင္တယ္ "

စကားေျပာရင္း ဘုဏ္းေဇမ်က္ဝန္းအိမ္တို႔က စိုစြတ္လာသည္။ ခ်စ္ရသူႏွင့္ အနီးဆုံးကို ေရာက္ခဲ့ၿပီးမွ အေဝးႀကီးေဝးသြားခဲ့လွ်င္ဆိုေသာ အေတြးတို႔က သူ႔ရင္ကို က်ိဳးေၾကေစ၏။

စိတ္ကူးႏွင့္ေတာင္ ပုံေဖာ္မၾကည့္ခ်င္ဘူး။ ရွင္းသန႔္တည္ၾကည္ မပါတဲ့ ဘဝကို ။

" ဒီလိုပဲေတာ့ တစ္သက္လုံး သြားလို႔မရဘူး ဘုဏ္းေဇ ၊ အခုမဟုတ္ေတာင္ တစ္ခ်ိန္က် မင္း ျပတ္ျပတ္သားသား လုပ္ရမွာပဲ ၊ မင္း သူ႔ကို ဘယ္အထိ ရည္႐ြယ္ထားသလဲ "

" သူသာ ငါ့ကိုယုံၾကည္ၿပီး ငါ့ေဘးမွာပဲ ေနမယ္ဆိုရင္ ဘဝအဆုံးထိေပါ့ "

သည္အတြက္ေတာ့ ဘုဏ္းေဇ စဥ္းစားစရာမလို ။ သူ႔ႏွလုံးသားဟာ လႈပ္ရွားတတ္စအ႐ြယ္ကတည္းက ဒီဝန္ႀကီးခ်ဳပ္သားေလးတစ္ေယာက္တည္းဆီကိုသာ ၫႊန္ျပထားၿပီးသား ။

" ဒါျဖင့္လဲ မင္း သူ႔လက္ကို မိမိရရ ဆုပ္ကိုင္ထား ၊ လႊတ္မေပးနဲ႔ ၊ သူ အေဝးကို ထြက္သြားရင္ မင္းက ေနာက္ကလိုက္ေလ ၊ ဒါေပမဲ့ တစ္ခုေတာ့ ရွိတယ္ ၊ မင္းက ငါတို႔လိုမဟုတ္ဘူး ဘုဏ္းေဇ ၊ ထီးနန္းဆက္ခံရမဲ့ အိမ္ေရွ႕မင္းသား၊ တကယ္လို႔ ထီးနန္းနဲ႔ ရွင္းသန႔္ ႏွစ္ခုထဲက တစ္ခုကိုပဲ ေ႐ြးရမယ္ဆို မင္း ဘာကိုေ႐ြးမလဲ "

သူ႔ေမးခြန္းက အရွင္မင္းသားအတြက္ ေျဖဆိုဖို႔မလြယ္ကူမွန္း ေရာင္ရွိန္သိသည္။ သို႔ေသာ္ အခု သူေမးသလို ကိစၥမ်ိဳးက တစ္ခ်ိန္မွာ ႀကဳံမလာႏိုင္ဘူးဟု ေျပာလို႔မရ ။ ႀကဳံေတြ႕ရဖို႔က ရာခိုင္ႏႈန္းပင္ မ်ားေသး၏။ သည္အတြက္ ဘုဏ္းေဇ အခုကတည္းက ျပတ္ျပတ္သားသား ဆုံးျဖတ္ထားဖို႔လိုသည္။

ထီးနန္းဆိုတာ ဘုဏ္းေဇအတြက္ေတာ့ တိုင္းျပည္ ၊ ၿပီးေတာ့ မိသားစု။ ရွင္းသန႔္ဆိုတာ ဘုဏ္းေဇရဲ႕ ႏွလုံးသား ။ ႏွစ္ခုစလုံးက အေရးႀကီးေနေတာ့လည္း ခက္သား မဟုတ္လား ။

" ႏွစ္ခုစလုံးကို ငါ လက္မလႊတ္ဘူး "

" မင္း ေလာဘ သိပ္မႀကီးနဲ႔ ဘုဏ္းေဇ "

" ငါ ေလာဘ မႀကီးပါဘူး ၊ ငါ့ရပိုင္ခြင့္ေတြကိုပဲ ငါရေအာင္ယူမွာ "

ေရာင္ရွိန္လည္း ဘာထပ္ေျပာရမွန္း မသိေတာ့ပါ။ သူ႔အတြက္ေတာ့ သူငယ္ခ်င္းႏွစ္ေယာက္ ေပ်ာ္႐ႊင္ေနတာျမင္ရဖို႔ အဓိက။

" မင္းေျပာသလို ႏွစ္ခုစလုံးကို လက္မလႊတ္ဘဲ ရေအာင္ယူႏိုင္တယ္ ဆိုပါစို႔ ၊ လူေတြက မင္းကို Gayလို႔ ေျပာၾကရင္ေရာ လက္ခံႏိုင္ရဲ႕လား "

" ေျပာၾကပါေစေလ ၊ ဟုတ္ေနတာပဲကို ၊ ငါကမွ ငါ့လိုေယာက္်ားေလးတစ္ေယာက္ကို ခ်စ္ေနတာ ၊ အဲဒီအတြက္ေတာ့ လက္မခံႏိုင္စရာ အေၾကာင္းမရွိပါဘူး "

" ဟုတ္ပါၿပီကြာ ၊ အဲဒါဆိုလဲ သမိုင္းမွာ ပထမဆုံး ေဂးဘုရင္ႀကီး လုပ္ေပါ့ '

ေရာင္ရွိန႔္အေျပာေၾကာင့္ ဘုဏ္းေဇက အေစာပိုင္းကလို ျပန္ရယ္လာၿပီး

" ဘယ့္ႏွယ့္ သမိုင္းမွာ ငါက ပထမဆုံး ျဖစ္ရမွာလဲ ၊ ကမာၻေပၚမွာ လိင္တူခ်စ္ႀကိဳက္ဖူးတဲ့ ဘုရင္ေတြ ၊ ဘုရင္မေတြ ၊  ေတာ္ဝင္မ်ိဳးႏြယ္‌ေတြ ၊စစ္ဗိုလ္ခ်ဳပ္ႀကီးေတြ သမိုင္းတစ္ေလွ်ာက္ ေရတြက္လို႔ေတာင္ မကုန္ဘူးကြ ၊ ဥပမာ ငါ ေျပာျပမယ္ ၊  1566 ခုႏွစ္တုန္းက နန္းတက္ခဲ့တဲ့ အဂၤလန္ဘုရင္ James I ဆို ေယာက်ၤားေလးေတာ္ေတာ္မ်ားမ်ားနဲ႔ ပတ္သက္ခဲ့ဖူးတယ္ ၊ အဲဒီထဲက သူ႔ရဲ႕ အထင္ရွားဆုံး ခ်စ္သူက‌ ဘာကင္ဟန္ၿမိဳ႕စား George Villiers တဲ့ "

ဘုဏ္းေဇ ေျပာသမွ်ကိုသာ ေရာင္ရွိန္ အသာ နားေထာင္ရေတာ့မည္။ သူ႔အေနနဲ႔က အဲသည္ေလာက္အထိ မေလ့လာထားဖူးပါ ။

" ဟိုးတုန္းက တ႐ုတ္ႏိုင္ငံရဲ႕ ဧကရာဇ္ေတြဆိုရင္လဲ လိင္တူစိတ္ဝင္စားတဲ့သူေတြ အမ်ားႀကီး ရွိတယ္ ၊ အေက်ာ္ၾကားဆုံးတစ္ေယာက္ကေတာ့ ဘီစီ တစ္ရာစု တုန္းက စိုးစံခဲ့တဲ့ ဟန္မင္းဆက္က ဧကရာဇ္ Ai ပဲ ၊ သူ႔ခ်စ္သူက နန္းတြင္း အရာရွိတစ္ဦးျဖစ္တဲ့ Dong Xian တဲ့  ၊ အခု ငါေျပာျပတဲ့ ႏွစ္ေယာက္ကို မင္း မၾကားဖူးရင္ေတာင္ ေရာမစစ္ဗိုလ္ခ်ဳပ္ႀကီး Julius Caesarကိုေတာ့ သိတယ္မလား "

" သိတယ္ "

" ေအး... Julius Caesar ငယ္ငယ္ကလဲ ေယာက်ၤားေလးတစ္ေယာက္နဲ႔ ႐ိုမန႔္တစ္ဆန္တဲ့ ဇာတ္လမ္းရွိခဲ့ဖူးတာပဲ ၊ အဲဒီလူက ဘုရင္တစ္ပါး ၊ အခု တူရကီႏိုင္ငံက ေရွးေဟာင္းနယ္ေျမတစ္ခုျဖစ္တဲ့ Bithyniaရဲ႕ဘုရင္ Nicomedes ပဲ ၊ သူတို႔အေၾကာင္းေတြ အေသးစိတ္ကိုေတာ့ မေျပာေတာ့ဘူး ၊ မင္းသိခ်င္ရင္ ကိုယ့္ဟာကိုယ္ ရွာဖတ္ ၊ ငါက မင္းကို အဲလိုေတြ ရွိခဲ့ဖူးတယ္ဆိုတာပဲ ေျပာျပတာ "

" ေအးပါကြာ ..ဒါမ်ိဳးက် ဘယ္သူကမွ မခိုင္းရဘဲ ရွာရွာေဖြေဖြ ေလ့လာထားတာေနာ္ "

ေရာင္ရွိန္ရဲ႕ အေငၚတူးစကားေၾကာင့္ ဘုဏ္းေဇ အားရပါးရ ရယ္မိသည္။ သူကလည္း သူပါပဲေလ ။ သူ ရွင္းသန႔္ကို ခ်စ္တာနဲ႔ပဲ ဟိုးတုန္းက ဘုရင္ေတြကို ဘာမဆိုင္ညာမဆိုင္ ကာဗာယူရတယ္လို႔ ။

" ငါတို႔ႏိုင္ငံက ေတာ္ဝင္မ်ိဳးႏြယ္ေတြထဲမွာေရာ ဒါမ်ိဳး Queerေတြမရွိဘူးလား "

ဘုဏ္းေဇ ၿပဳံးလိုက္မိသည္။

ရွိတာေပါ့ ။ သိပ္ရွိတာေပါ့ ။ သူ႔အေနႏွင့္ အမ်ားႀကီး မသိႏိုင္ေသာ္လည္း အေဘးေတာ္ေလး တစ္ေယာက္ကိုေတာ့ သက္ေသျပစရာ ရွိသည္ ။ သို႔ေပမဲ့ အခ်ိန္မတိုင္ေသး။

" ဘယ္သိႏိုင္ပါ့မလဲ ၊ သမိုင္းမွတ္တမ္းထဲမွာ မေတြ႕ဖူးေပမဲ့ ရွိခ်င္လဲ ရွိႏိုင္တာပဲ "

ထိုစဥ္ ဘုဏ္းေဇ ေစာင့္ေနေသာ ကားအျဖဴေလးက ျမင္ကြင္းထဲကို ဝင္ေရာက္လာခဲ့သည္ ။ သူ႔ဒ႐ိုင္ဘာေလး သူ႔ကို လာေခၚၿပီ။ ဘုဏ္းေဇ အျပင္မထြက္ခင္ လင္းေရာင္ရွိန္က စကားတစ္ခြန္း ေျပာျဖစ္ေအာင္ ေျပာလိုက္ေသး၏။

" မင္းက်ရင္ေတာ့ အဲဒီ Queer သမိုင္းထဲ ပါေအာင္လုပ္ ၊ ဘားမားျပည္ေထာင္စုက ဘုရင္ႀကီး ဘုဏ္း VII ဆိုၿပီး "

" ဟား... ဟုတ္ၿပီ "

ဘာေတြ သေဘာတက်ျဖစ္ၿပီး ရယ္ေနမွန္း မသိသူကို ရွင္းသန႔္လည္း ကားထဲကေစာင့္ရင္း သည္အတိုင္းေလး လွမ္းၾကည့္ၿပီး ၿပဳံးေနမိသည္။

အၿပဳံးဆိုတာ ကူးစက္တတ္သည့္အရာ မဟုတ္လား ။

*****

သည္ႏွစ္ေဆာင္းအတြင္း သက္ေတာ္ေစာင့္ အမႈထမ္းမ်ား ပါဝင္ေသာ ေတာ္ဝင္မိသားစုပိုင္ ကားႏွစ္စီးကို  ၿငိမ္းေအးသာစံတကၠသိုလ္အနီးက အဆင့္ျမင့္အိမ္ရာဝင္းတစ္ခုေရွ႕တြင္ ညေနတိုင္း ေတြ႕ရတတ္သည္မွာ မထူးဆန္းေတာ့ ။ တစ္ခါတရံ  အိမ္ရာအတြင္းက ဓာတ္ေလွကားထဲမွာျဖစ္ျဖစ္ ၊ ငါးထပ္ေျမာက္က ကြန္ဒိုတစ္ခုေရွ႕မွာျဖစ္ျဖစ္ သက္ေတာ္ေစာင့္ ေခါင္းေဆာင္ တစ္ဦးျဖစ္ေသာ ကိုဗစ္တာကို ေတြ႕ရတတ္သည္။ အေၾကာင္းမွာ ကိုဗစ္တာတစ္ေယာက္ သူငယ္ခ်င္းေတြဆီကေန မျပန္ႏိုင္ျဖစ္ေနေသာ သူတို႔မင္းသားေလးအား နန္းေတာ္ျပန္ဖို႔ မၾကာခဏ သြားေရာက္ေခၚယူေနရေသာေၾကာင့္ ။

အထူးသျဖင့္ ေသာၾကာေန႔ညေနခင္းေတြဆို အိမ္ေရွ႕စံတစ္ေယာက္က ေတာ္႐ုံႏွင့္ မျပန္တတ္။ ေန႔ပိုင္းမွာ သူတို႔အားလုံး အတန္းခ်ိန္တစ္ခ်ိန္သာ ရွိၾက၍ ကန္တင္းတစ္ခုခုမွာ မဟုတ္ရင္ သူတို႔ကြန္ဒိုမွာပဲ ျပန္ၿပီး အခ်ိန္ကုန္ၾကတာမ်ားသည္။

သည္ေန႔လည္း ထုံးစံအတိုင္းပင္ ။  ဧည့္ခန္းထဲမွာထိုင္ၿပီး ေကာင္းယံအိမ္က ပို႔ထားေသာ သစ္သီးႏွင့္ မုန႔္မ်ား စားေနခ်ိန္ ။

" ဘုဏ္းေဇ မင္း မျပန္ေသးဘူးလား "

မျပန္ေသးမွန္းသိလ်က္နဲ႔ သီဟက ဘာသေဘာႏွင့္ ေမးသလဲမသိ။ ျပန္မေျဖဘဲ မႈန္ကုပ္ကုပ္ ၾကည့္လိုက္ေတာ့ မ်က္ႏွာလႊဲသြား၏ ။ သီဟမ်က္ႏွာက အနည္းငယ္လည္း နီေနၿပီး စိတ္မသက္မသာ ျဖစ္ေနပုံေပၚသည္။

" ရွင္းသန႔္ ငါ မင္းကို ေျပာစရာရွိလို႔ ၊ အျပင္ခဏ လိုက္ခဲ့ပါလား "

" ဟမ္ ! ဒီမွာပဲ ေျပာလို႔ မရဘူးလား "

သီဟမင္းတည္က ထူးထူးဆန္းဆန္း ။ ရွင္းသန႔္ စားအံ့ဆဲဆဲ ပန္းသီးတစ္စိတ္ကို ျပန္ခ်လိုက္ေတာ့ ေဘးကေန သူ႔အရိပ္အေျခကို ၾကည့္ေနေသာ ဘုဏ္းေဇက ထိုပန္းသီးစိတ္ကို ေကာက္ၿပီး ရွင္းသန႔္ပါးစပ္ထဲ ခ်က္ခ်င္း ခြံ႕ေကြၽး၏ ။ သီဟေနာက္ မလိုက္ရန္ ရွင္းသန႔္လက္ကိုလည္း ဆြဲထားေသးသည္။

သည္အေျခအေနကို က်န္တဲ့သုံးေယာက္ကလည္း ၾကည့္ေနၾက၏ ။ သီဟက ေလပူတစ္ခ်က္ မႈတ္ထုတ္ကာ

" ဒီမွာပဲ ေျပာေစခ်င္တာလား ၊ ဒါဆို မင္းတို႔ေတြ ခဏေလာက္ ဟိုဘက္အခန္းထဲ သြားေနေပးလို႔ရလား "

သူတို႔လက္ရွိေရာက္ေနတာက ရွင္းသန႔္ ကြန္ဒိုထဲမွာျဖစ္ၿပီး ေရာင္ရွိန္တို႔သုံးေယာက္က မ်က္ႏွာခ်င္းဆိုင္ကြန္ဒိုမွာ ။

" ဘာမို႔လို႔လဲ သီဟ ၊ ဒီတိုင္းပဲ ေျပာလိုက္လို႔ မရဘူးလား ၊ မင္းဟာက ထူးထူးဆန္းဆန္း ၊ ငါ ၾကက္သီးေတြေတာင္ ထလာၿပီ ၊ ျပႆနာတစ္ခုခု ရွိလို႔လား "

" ျပႆနာ မရွိပါဘူး ၊ ဒါဆိုလဲ ဒီမွာပဲ ေျပာမယ္ေလ "

ဘာမွန္း မသိေပမဲ့ ေရာင္ရွိန႔္စိတ္ထဲ မေကာင္းတဲ့ ခံစားခ်က္ႀကီး ရလာသည္။ ရွင္းသန႔္ေျပာတဲ့ ျပႆနာတစ္ခုခုက အခုမွစေတာ့မည္ထင္၏ ။

" ငါ မင္းကိုခ်စ္တယ္ ရွင္း "

လုံးဝ ထင္မွတ္မထားသည့္ စကားတစ္ခြန္းေၾကာင့္ သူတို႔အားလုံး ပါးစပ္အေဟာင္းသား ျဖစ္ကုန္ၾကသည္။သီဟက ဘာအဓိပၸာယ္ႏွင့္ အခုလိုေျပာလိုက္တာလဲ ။

" မင္း ယုံႏိုင္မွာ မဟုတ္တာ သိပါတယ္ ၊ ငါလဲ ဆက္ၿပီး မထိန္းခ်ဳပ္ထားခ်င္ေတာ့လို႔ ၊ ငါ မင္းကို ခ်စ္တယ္  ၊ ငါ ငယ္ငယ္ေလးကတည္းက မင္းကို ခ်စ္ခဲ့တာ ရွင္း "

သီဟစကားေတြက ဘုဏ္းေဇနားထဲ ငွက္ဆိုးထိုးသံ တစ္ခုလို ။ စကားလုံးတစ္လုံးခ်င္းဆီက သူ႔အေသြးအသားေတြကို ပြက္ပြက္ဆူလာေစသည္။ ဘာေတြလဲ ။ ဘယ္သူ႔ခြင့္ျပဳခ်က္နဲ႔ သူေခၚသလို ရွင္းဆိုၿပီး တစ္လုံးတည္း အဖ်ားဆြတ္ ေခၚရတာလဲ ။ ဒီအမည္က သူ တစ္ေယာက္တည္း သီးသန႔္ေခၚဖို႔ ။ ၿပီးေတာ့ ရွင္းသန႔္တည္ၾကည္ဆိုေသာ လူသားကလည္း သူတစ္ေယာက္တည္း ခ်စ္ဖို႔ ။

" ရွင္း ... ငါ "

" ခြပ္ "

" ဘုဏ္းေဇ မလုပ္နဲ႔ "

ထြက္လာသည့္အသံတို႔က ေရွ႕ဆင့္ေနာက္ဆင့္ ။ သီဟ ေနာက္တစ္ခြန္းစကားစဖို႔ ျပင္ေနတုန္းမွာပဲ အရွိန္ျပင္းလွေသာ လက္သီးတစ္ခ်က္က ပါးျပင္ေပၚ က်ေရာက္လာ၏။ အိမ္ေရွ႕စံဆီက လာေသာလက္သီး ။ မီးထြက္မတက္ နီရဲေတာက္ေလာင္ေနေသာ အၾကည့္တစ္ခ်က္ ။

ရွင္းသန႔္က ဘုဏ္းေဇကို ဆြဲဖက္ၿပီး တားလိုက္သလို ေရာင္ရွိန္ကလည္း သီဟေရွ႕ကေန ကာထားရသည္။ သီဟက ႏႈတ္ခမ္းေထာင့္စြန္းမွ စီးက်လာေသာ ေသြးစက္တခ်ိဳ႕ကို လက္ခုံျဖင့္သုတ္ၿပီး ၿပဳံးေနသည္။ လိုခ်င္တာရသြားလို႔ ေက်နပ္သြားသည့္ အၿပဳံးမ်ိဳးႏွင့္ေတာင္ ဆင္တူ၏။ အဓိပၸာယ္အတိအက်ကိုေတာ့ သီဟကိုယ္တိုင္ပဲ သိလိမ့္မည္။

အာကာႏွင့္ ေကာင္းယံကေတာ့ ေဘးကေန ဘာလုပ္ရမွန္းမသိသလို သည္အေျခအေနကိုလည္း နားမလည္ႏိုင္ၾကပါ။ သီဟက ဘာလို႔ ရွင္းသန႔္ကို ခ်စ္တယ္ေျပာရတာလဲ ။ ဘုဏ္းေဇကေရာ ဘာလို႔ ဒီေလာက္ထိ ေဒါသထြက္ရတာလဲ ။

သီဟႏွင့္ဘုဏ္းေဇဆိုတာ ပါးစပ္ကေန အၿမဲ ကေတာက္ကဆ ျဖစ္တတ္ၾကေပမဲ့ တစ္‌ခါမွ အခုလို လက္ပါဖူးၾကသူေတြမဟုတ္ပါ။ ႏွစ္ေယာက္ၾကား ငယ္သူငယ္ခ်င္း သံေယာဇဥ္လည္း ရွိၾကသူေတြ။ ဘတ္စ္ကတ္ေဘာကစားခ်ိန္မ်ိဳးဆိုလည္း အေပးအယူ သိပ္တည့္ၾကသည္။

" သီဟ ၊ ငါတို႔ အျပင္သြားၿပီး စကားေျပာရေအာင္ ၊ ေရာင္ရွိန္ မင္းတို႔ သူ႔ကို ခဏထိန္းထား "

" မင္း မသြားရဘူး ရွင္း  "

" ခဏေလး ဘုဏ္းေဇ ၊ ငါ ခ်က္ခ်င္း ျပန္လာခဲ့မယ္ ၊ ခဏေလးပဲ "

" ရွင္းသန႔္တည္ၾကည္ ငါေျပာေနတာ မၾကားဘူးလား ၊ အခုခ်က္ခ်င္း ျပန္လာခဲ့ ၊ မင္း အဲဒီေကာင္နဲ႔ ဘာစကားမွ ေျပာစရာမလိုဘူး "

ဘုဏ္းေဇ ဘယ္ေလာက္ေအာ္ေအာ္ မေအာင္ျမင္ပါ။ ရွင္းသန႔္က သီဟလက္ေကာက္ဝတ္ကိုဆြဲၿပီး အျပင္ထြက္သြားခဲ့သည္။ေရာင္ရွိန္တို႔ သုံးေယာက္လုံး ဝိုင္းခ်ဳပ္ထားတာ ခံရသျဖင့္  ေနာက္ကလည္း လိုက္သြားလို႔မရ ။ ေဒါသက ငယ္ထိပ္ထိ ေရာက္လာခဲ့ၿပီ။

" ဘုဏ္းေဇ ၊ မင္းစိတ္ကို ထိန္းစမ္းပါ ၊ ဒါက မင္း အခုလို တုံ႔ျပန္ရမဲ့ ကိစၥမဟုတ္ဘူး "

" ငါ့ကိုလႊတ္ ၊ မလႊတ္ရင္ ရွင္းသန႔္တည္ကို အခုခ်က္ခ်င္း သြားျပန္ေခၚလာေပး "

" ဘုဏ္းေဇ ငါ ေတာင္းဆိုပါတယ္ကြာ ၊ မင္း ရွင္းသန႔္ကို မယုံဘူးလား ၊ ရွင္းသန႔္ သူ႔ဟာသူ ေျဖရွင္းပါလိမ့္မယ္ "

ဘုဏ္းေဇကို ေရာင္ရွိန္ ဘယ္လိုနားခ်ရမလဲမသိေတာ့ပါ။ သည္ၾကားထဲ ဘုဏ္းေဇရဲ႕ သက္ေတာ္ေစာင့္က လာေခၚေနၿပီ။ သည္အေျခအေနနဲ႔ေတာ့ ဘုဏ္းေဇက ျပန္မွာမဟုတ္ ။ သက္ေတာ္ေစာင့္ေတြကိုလည္း သူတို႔မင္းသားေလးရဲ႕ လက္ရွိပုံစံကို အျမင္ခံလို႔မျဖစ္ပါ ။
ထို႔ေၾကာင့္ နီေစြးကို ဖုန္းဆက္ၿပီး ျဖစ္စဥ္ အတိုခ်ဳံ႕ ေျပာျပကာ သက္ေတာ္ေစာင့္ေတြကို နန္းေတာ္ျပန္ေခၚေပးဖို႔ အကူအညီ ေတာင္းရသည္။ နီေစြးက ဘုဏ္းေဇ ဘာေၾကာင့္ေဒါသထြက္ရသလဲ မေမးေခ်။ ဧကႏၲ နီေစြးသည္လည္း သူ႔ေမာင္အေၾကာင္းကို ရိပ္မိၿပီးသား ျဖစ္ဟန္တူ၏ ။

အိမ္ရာထဲက ကားပါကင္မွာေတာ့ ရွင္းသန႔္တစ္ေယာက္ ဘာစကားမွ မဆိုေသးဘဲ  အနည္းငယ္ေယာင္ရမ္းသြားသည့္ သီဟပါးတစ္ဖက္ကို ေရခဲဘူးျဖင့္ ကပ္ေပးရင္း သီဟကိုသာ တိတ္တဆိတ္ အကဲခတ္ေနသည္။ ခဏၾကာၿပီဆိုမွ

" မင္း ဘာလို႔ အခုလိုေျပာရတာလဲ သီဟ "

" ငါ မင္းကို ... "

" မင္း ငါ့ကို မခ်စ္ပါဘူး "

ရွင္းသန႔္ေလသံက ေအးေအးသက္သာ ရွိလွ၏ ။

" မင္း ယုံမွာ မဟုတ္မွန္း ငါ သိပါတယ္ "

" ငါ မယုံတာ မဟုတ္ဘူး သီဟ ၊ ငါ မခံစားရတာ "

" ငါက ငါ့ခံစားခ်က္ေတြကို ထုတ္မျပတတ္တဲ့သူမို႔ပါ "

ရွင္းသန႔္က ေခါင္းခါရင္း ၿပဳံးသည္။

ရွင္းသန႔္ သိတာေပါ့။ တစ္ေယာက္‌ေယာက္ကိုခ်စ္တယ္ဆိုတာ ဘယ္လိုမ်ိဳးလဲလို႔ ။ ၿပီးေတာ့ တစ္ေယာက္ေယာက္ဆီက အခ်စ္ခံရတာကေရာ ဘယ္လိုမ်ိဳးလဲဆိုတာ ။

သီဟက ရွင္းသန႔္ႏွင့္ ႏွစ္ေယာက္တည္းေတာင္အခ်ိန္ျဖဳန္းခဲ့ဖူးသူမဟုတ္ ။ group chat ထဲကလြဲၿပီး သီးသန႔္လည္း စကားမေျပာဖူးေပ ။ တစ္ေယာက္ ဖုန္းနံပါတ္တစ္ေယာက္ ရွိၾကသေသာ္လည္း တစ္ခါမွ်ဖုန္းအဆက္အသြယ္ မလုပ္ခဲ့ဖူးၾက ။ သီဟကို ရွင္းသန႔္ မခင္တာမဟုတ္ပါ။ ခင္သည္။ ႐ိုး႐ိုးသူငယ္ခ်င္းတစ္ေယာက္လိုသာ။ သီဟဘက္ကလည္း သူ႔ကို သာမန္ထက္မပိုမွန္း သိသည္။

" မင္းသိလား သီဟ ၊ အခ်စ္ဆိုတာ မ်က္စိနဲ႔ အေကာင္အထည္ မျမင္ႏိုင္တဲ့ စိတၱဇနာမ္ဆိုေပမဲ့ ႏွလုံးသားနဲ႔ေတာ့ ခံစားလို႔ရတယ္ "

" ရွင္းသန႔္ "

" မင္း ငါ့ကို ခ်စ္တယ္လို႔ ငါမခံစားရဘူး သီဟ ၊ မင္းေျပာသလို ထုတ္မျပတတ္လို႔ ငါမျမင္တာပါ ဆိုရင္ေတာင္ ငါ မင္းကို ဘယ္ေတာ့မွ ျပန္ခ်စ္မွာ မဟုတ္ဘူး ၊ ငါ့ႏွလုံးသားထဲမွာ တစ္စုံတစ္ေယာက္ ရွိေနၿပီးသား "

" ငါသိပါတယ္ "

သိလ်က္ႏွင့္ သီဟက ဘာေၾကာင့္ အခုလို လုပ္ရသလဲ ။ ရွင္းသန႔္ အေျဖကို သေဘာေပါက္သလိုလိုရွိေပမဲ့ ရွင္းရွင္းလင္းလင္း မထုတ္ေဖာ္ခ်င္ပါ။ အဲသည္အစား ေဒါသထြက္က်န္ရစ္သည့္ တစ္ေယာက္ေသာသူဆီကိုသာ အျမန္ျပန္ေျပးခ်င္ေနၿပီ ။

" ငါတို႔ ဒီကိစၥကို မျဖစ္ခဲ့သလိုပဲ ငါတို႔ သေဘာထားရေအာင္ ၊ ဘုဏ္းေဇအစားလဲ ငါကပဲ ေတာင္းပန္ပါတယ္ "

" ရပါတယ္ ၊ ငါ့အျပစ္နဲ႔ငါပဲ "

" ဒါဆိုလဲ ကားကို ေကာင္းေကာင္းေမာင္းသြားဦး "

သီဟကားမထြက္ခင္မွာပဲ ရွင္းသန႔္ အရင္ျပန္လွည့္လာခဲ့သည္။ ဓာတ္ေလွကားအဝင္မွာ ကိုဗစ္တာ ထြက္လာတာႏွင့္ ေတြ႕၏။ ကိုဗစ္တာႏွင့္အတူ ဘုဏ္းေဇ ပါမလာ။

ဒါဆို သည္ည ေဒါသအိုးကြဲေလးျဖစ္ေနေသာ အရွင္မင္းသားႏွင့္သူ ႏွစ္ပါးသြားရေတာ့မွာလား ။

ရွင္းသန႔္ ျပန္ေရာက္လာေတာ့ ဘုဏ္းေဇက ဆိုဖာေပၚ ဆန႔္ဆန႔္ႀကီး လွဲၿပီး မ်က္လုံးေတြ မွိတ္ထားသည္။  စကားလည္းတစ္ခြန္းမွ မေျပာ။ ေရာင္ရွိန္ကေတာ့ မ်က္ႏွာရႈံ႕ျပၿပီး အခန္းထဲက ထြက္သြား၏ ။

" ဘုဏ္းေဇ ...သီဟ ငါ့ကို ..."

" မေျပာနဲ႔ ၊ ငါ ဘာမွ မၾကားခ်င္ဘူး "

ရွင္းသန႔္ ဆုံးေအာင္ေတာင္ မေျပာရေသးဘဲ ပါးစပ္ပိတ္ထားလိုက္ရသည္။ အရွင္မင္းသားက ဘာလို႔ သူ႔ကိုပါစိတ္ဆိုးသြားရတာလဲမသိ။ တားေနသည့္ၾကားက သီဟႏွင့္ ထြက္သြားမိေသာေၾကာင့္ျဖစ္မည္။ မထြက္သြားလွ်င္လည္း သီဟကို ထပ္ထိုးေနရင္ ဒုကၡ။ ၿပီးေတာ့ သည္ကိစၥကလည္း သီဟႏွင့္သူ ေျဖရွင္းမွရမည္ မဟုတ္လား ။ ထို႔ေၾကာင့္ ရွင္းသန႔္အေနႏွင့္ အမွားလုပ္ မထားမိသည့္အတြက္ စိတ္ဆိုးခံရစရာ အေၾကာင္းမရွိဘူးဟုထင္သည္။

' မေျပာနဲ႔ဆိုေတာ့လဲ မေျပာ႐ုံေပါ့ '

ေရာင္ရွိန္တို႔ သုံးေယာက္လည္း တစ္ဖက္အခန္းထဲမွာပဲ တိတ္တဆိတ္ ထိုင္ေနမိၾကသည္။ ဘယ္သူက ဘာစကား စေျပာရမွန္းမသိ ျဖစ္ေနၾက၏။ ညေန ငါးနာရီပင္ ရွိေသးေသာ္လည္း ေဆာင္းရာသီမို႔ ေနက်လြယ္သည္ ။ သည္ညေတာ့ ညစာပင္ စားၾကရပါ့မလား မသိေတာ့ပါ ။

" ဘာေတြျဖစ္ကုန္တာလဲကြာ ၊ ငါ နားလည္ေအာင္လဲ ရွင္းျပၾကပါဦး  "

တိတ္ဆိတ္မႈကို ေကာင္းယံက စတင္ၿဖိဳခြင္းလာသည္။ အာကာကလည္း ေခါင္းကုတ္လိုက္ ေရာင္ရွိန႔္ကို ၾကည့္လိုက္ျဖင့္ တစ္ခုခု‌သိခ်င္ေနသည့္ပုံပင္ ။

" မင္းတို႔ သုံးပြင့္ဆိုင္ဇာတ္လမ္းေတြ ၾကည့္ဖူးတယ္မို႔လား ၊ အခုလဲ အဲဒါနဲ႔ခပ္ဆင္ဆင္ပါပဲ ၊ သီဟကေတာ့ ဗီလိန္ေနရာက ျဖစ္သြားတာေပါ့ "

" မင္းေျပာသလိုဆို ဟိုႏွစ္ေယာက္က ခ်စ္သူေတြမို႔လို႔လား "

" မၾကာဘူး ျဖစ္ေတာ့မွာ "

အာကာ့ၾကည့္ရတာ သိပ္ၿပီး အံ့ဩပုံမျပေပမဲ့ ေကာင္းယံကေတာ့ ရႈပ္ေထြးသြားဟန္တူသည္။

" ဒါဆို သူတို႔က ေယာက္်ားေလးခ်င္း ႀကိဳက္တာလား

" အြန္း ...ဒါက ပုံမွန္ပါပဲကြာ ၊ မင္း ဒါႀကီးကို ထူးဆန္းတဲ့ကိစၥ၊ လက္မခံႏိုင္စရာ ကိစၥတစ္ခုလို႔ မထင္ပါနဲ႔ ၊ ေယာက္်ားေလးခ်င္းခ်စ္ခ်စ္ ၊ မိန္းကေလးခ်င္းခ်စ္ခ်စ္ ၊ ေယာက္်ားေလးနဲ႔မိန္းကေလးနဲ႔ခ်စ္ခ်စ္ ၊ ဘယ္ခ်စ္ျခင္းတရားမဆို သဘာဝက်ပါတယ္ ၊ လိင္စိတ္တိမ္းၫႊတ္မႈဆိုတာ ေ႐ြးခ်ယ္လို႔ရတဲ့အရာမဟုတ္သလို ေရာဂါတစ္ခုလဲ မဟုတ္ဘူး ၊ အဲဒါမို႔ homosexual ရွိတဲ့လူေတြကို ခြဲျခားဆက္ဆံစရာ ႏွိမ့္ခ်စရာလဲ မလိုဘူး "

" အဲဒါကေရာ ဘာေျပာတာလဲ "

" လိင္တူစိတ္ဝင္စားတာကို homosexual လို႔ေခၚတယ္ ၊ လိင္ကြဲစိတ္ဝင္စားတာကို heterosexual လို႔ေခၚတယ္ ၊ ႏွစ္မ်ိဳးစလုံး စိတ္ဝင္စားရင္ bisexual တဲ့ "

ေကာင္းယံက ေရာင္ရွိန္ေျပာသမွ် နားေထာင္ေနရင္း

" တစ္ခုမွ စိတ္မဝင္စားရင္ေရာ ၊ ငါေတာ့ တစ္ခုမွ စိတ္မဝင္စားဘူးထင္တယ္ "

" မင္း ႀကိဳက္တဲ့သူ မေတြ႕ေသးလို႔ပါကြာ "

အာကာေျပာတာကို ေကာင္းယံက လက္မခံဘဲ ႏွစ္မ်ိဳးစလုံး သူစိတ္မဝင္စားေၾကာင္းပဲ တြင္တြင္ေျပာသည္။

" ႏွစ္မ်ိဳစလုံး စိတ္မဝင္စားတာ ဒါမွမဟုတ္ စိတ္ဝင္စားမႈ နည္းတာမ်ိဳးလဲ ရွိပါတယ္ ၊ အဲဒါကိုက် asexual လို႔ေခၚတယ္ "

" မွတ္ထားရဦးမယ္ ၊ ဒါဆို ငါက asexual ပဲ "

" ေအးပါ ၊  ေနာက္မွ တစ္ေယာက္ေယာက္ကို ႀကိဳက္တယ္ေျပာၾကည့္ "

" ဒါနဲ႔ ေရာင္ရွိန္ ၊ မင္းေျပာသလိုဆို ဘုဏ္းေဇနဲ႔ရွင္းသန႔္က ခ်စ္သူေတြပဲ ထားၾကပါစို႔ ၊ သီဟကို ဘယ္လိုလုပ္မလဲ "

သီဟကို ေရာင္ရွိန္လည္း မခန႔္မွန္းတတ္ပါ။ သီဟက ဘယ္တုန္းကမွ သူ႔ခံစားခ်က္ေတြကို ေဖာ္ျပတတ္သူ မဟုတ္သလို အကဲခတ္ရလည္း မလြယ္သည့္သူပါ။ သီဟ အခုလို ထေျပာတာက ေရာင္ရွိန႔္အတြက္လည္း ေရွာ့ခ္ရသြားေစသည္။ သူ ဘယ္လိုမွ ထင္မွတ္မထားသည့္အရာ ။

" မသိဘူး ၊ သူ ရွင္းသန႔္ကို တကယ္ခ်စ္တာလဲ ဟုတ္ခ်င္မွဟုတ္မွာ ၊ ဟုတ္ေတာင္မွ ဘုဏ္းေဇနဲ႔ ရွင္းသန႔္ၾကား သူဝင္လို႔ ရမွာမဟုတ္ဘူး "

" တကယ္ခ်စ္တာဆိုရင္ေတာ့ သီဟ သနားပါတယ္ "

သီဟအတြက္ အာကာ တကယ္စိတ္မေကာင္း ျဖစ္ရသည္။ ခ်စ္ရသူဆီက ျငင္းပယ္ခံရတဲ့ ခံစားခ်က္ကို သူလည္း ႀကဳံေတြ႕ဖူးသူမို႔ ။

" အြန္း ...ဒါေပမဲ့လဲ ဘုဏ္းေဇကသာ ရွင္းသန႔္အတြက္ အလိုက္ဖက္ဆုံးပါ "

ထိုအခ်ိန္ မ်က္ႏွာခ်င္းဆိုင္က ကြန္ဒိုထဲမွာ အိမ္ေရွ႕စံတစ္ေယာက္ မၾကည္မလင္ မ်က္ႏွာထားျဖင့္ အာကာဝယ္ထည့္ထားသည့္ ဝီစကီပုလင္းကို ဖြင့္ၿပီး  ထိုင္ေသာက္ေနသည္။ ပတ္ဝန္းက်င္က ေလထုထဲမွာလည္း ေအးစက္တင္းမာမႈတို႔သာ ႀကီးစိုးေန၏။

" မင္းသားေလး ...မင္း ဘာလို႔ ငါ့ကို စိတ္ဆိုးေနရတာလဲ ၊ ဒီကိစၥက သီဟနဲ႔ငါ စကားမေျပာလို႔ ၿပီးသြားမဲ့ ကိစၥမွ မဟုတ္တာ "

" သီဟ ငါ့အေပၚမွာ ဘာခံစားခ်က္မွ မရွိပါဘူး ၊ သူ ဘာလို႔ အဲလိုေျပာလဲေတာ့ ငါလဲမသိဘူး "

" ဘုဏ္းေဇ ... မင္း ဘယ္အခ်ိန္ထိ ငါ့ကို စကားမေျပာဘဲ ေနမွာလဲ "

ရွင္းသန႔္ ဘာေျပာေျပာ ဘုဏ္းေဇက ဥေပကၡာျပဳထားသည္။ တစ္ခ်က္မွလည္း ေမာ့မၾကည့္။ ထို႔ေၾကာင့္ ရွင္းသန႔္လည္း ထပ္မေျပာေတာ့ဘဲ သည္တိုင္းသာ ထိုင္ၾကည့္ေနလိုက္ေတာ့သည္။

ၾကာေတာ့ ရွင္းသန႔္ အိပ္ခ်င္လာသည္။ ရွစ္နာရီလည္းထိုးၿပီ ။ ညစာလည္း စားခ်င္စိတ္မရွိေတာ့ပါ ။ စိတ္ေရာလူပါ ပင္ပန္းေနသလို ခံစားရသည္။

" ကိုကိုဘုဏ္းေဇ ...မင္း တစ္ညလုံး ဒီလိုပဲ ထိုင္ေနေတာ့မွာလား ၊ ငါတို႔ေတြ စကားေျပာသင့္တယ္ မဟုတ္ဘူးလား ၊ မင္းက ဘာမွမေျပာေတာ့ ငါလဲ မင္းေက်နပ္ေအာင္ ဘာလုပ္ေပးရမွန္း မသိေတာ့ဘူး  "

တစ္ခ်ိန္လုံး ေခါင္းငုံ႔ထားသူက သည္ညအတြက္ ပထမဆုံးအႀကိမ္အေနျဖင့္ ရွင္းသန႔္ကို ေမာ့ၾကည့္လာသည္။ မ်က္ခုံးတန္းႏွစ္ဖက္ တြန႔္ခ်ိဳးထားျခင္းလည္း မရွိေတာ့ ။ မ်က္ႏွာေပၚက မၾကည္လင္မႈမ်ားအစား ရွင္းသန႔္ကို ၾကည့္ေနေသာ မ်က္ဝန္းနက္ေလးေတြထဲမွာ အံ့ဩရိပ္တို႔သာ ျဖတ္ေျပးေန၏။ ႏႈတ္ခမ္းလႊာႏွစ္ခုမွာလည္း ခပ္ဟဟ။

ဘုဏ္းေဇက တျဖည္းျဖည္းႏွင့္ ရွင္းသန႔္ေရွ႕သို႔ ထလာသည္။ ေျခလွမ္းေတြကေတာ့ အနည္းငယ္ ယိုင္ခ်င္ခ်င္ ။ ထို႔ေနာက္ ဆိုဖာေပၚ ထိုင္ေနသည့္ ရွင္းသန႔္ မ်က္ႏွာကို အေပၚကေန ငုံ႔မိုးၾကည့္ကာ

" မင္း ခုနက ငါ့ကို ဘယ္လိုေခၚလိုက္တာ ."

" ပ်ံ႕ပ်ံ႕ေခၚသလိုေလ ၊ ကိုကိုဘုဏ္းေဇလို႔ ၊ မင္းလဲ ငါ့ကို ...အင့္ "

႐ုတ္တရက္ သူ႔ႏႈတ္ခမ္းေပၚ ဖိကပ္လာသည့္ ႏူးညံ့အိေထြးေသာ အထိအေတြ႕တစ္ခုက ေရွ႕ဆက္ေျပာမည့္ ရွင္းသန႔္ရဲ႕စကားတို႔ကို ရပ္တန႔္သြားေစသည္ ။ ရွင္းသန႔္ မ်က္လုံးေတြ မွိတ္ခ်မိသည္။ အေယာင္ေယာင္ အမွားမွားျဖင့္ ေရွ႕ကလူရဲ႕ခါးက အက်ႌစကိုလည္း ဆုပ္ကိုင္လိုက္၏။ သူ႔ခႏၶာကိုယ္ထဲမွာ မီးရႉးပန္းငယ္ေလးေတြ တဖြားဖြား ထေပါက္ေနသလို ခံစားရသည္။ ႏွလုံးသားက အျပင္ဘက္ကို ေပါက္ထြက္ေတာ့မည့္အတိုင္း ခုန္ေပါက္ေနၿပီ ။

" မင္း ..."

ရွင္းသန႔္ မ်က္ႏွာကို ေနာက္ဆုတ္လို႔မရ။ လက္ႏွစ္ဖက္ျဖင့္ ထိန္းခ်ဳပ္ျခင္း ခံထားရသည္။  ဝီစကီနံ႔သင္းေနေသာ ႏႈတ္ခမ္းတစ္စုံက သူ႔ႏႈတ္ခမ္းေတြကို ခဏေလးေတာင္ ကြဲကြာခြင့္မေပး။  ျပင္းထန္ျခင္းမရွိေသာ္လည္း ႐ုန္းထြက္၍မရေအာင္ သိမ္းပိုက္ထားသည္။

တကယ္ေတာ့ ရွင္းသန႔္ကိုယ္တိုင္က ႐ုန္းမထြက္ခ်င္တာပါ ။ မြတ္မြတ္သိပ္သိပ္ နမ္းရႈိက္လာသည့္ ခ်ယ္ရီေရာင္ ႏႈတ္ခမ္းပါးတစ္စုံရဲ႕ ႐ုန္းမထြက္ႏိုင္ေအာင္ ျပဳစားျခင္းကို သူကိုယ္တိုင္ ခံယူေနမိတာ ။

သည္အနမ္းက သူတို႔ႏွစ္ေယာက္အတြက္ ပထမဆုံး အနမ္း။ မွတ္ဉာဏ္ထဲမွာ လွလွပပေလး သိမ္းဆည္းထားရမည့္အရာ ။ ဘဝတစ္ေလွ်ာက္လုံး သယ္ေဆာင္သြားရမည့္ အခိုက္အတန႔္ေလး ။

ေလထဲမွာ ဝဲပ်ံေနရသလို တလြင့္လြင့္ ၊ Marigold ပန္းခင္းႀကီးထဲ ေျပးလႊားေနရသလို တရိပ္ရိပ္ ၊ ဂႏၶဝင္ အခ်စ္သီခ်င္းတစ္ပုဒ္၏ စီးခ်က္ႏွင့္အညီ လိုက္ကေနရသလို တၿငိမ့္ၿငိမ့္ ၊ ခ်ားရဟတ္၏ ထိပ္ဆုံးႏွင့္ေအာက္ဆုံးကို လွည့္ပတ္ေနရသလို တသိမ့္သိမ့္ ။

' ႐ူးေတာ့မလိုပဲ ရွင္းရယ္ '

ဘုဏ္းေဇ စိတ္ကူးႏွင့္ အႀကိမ္ႀကိမ္ က်ဴးေက်ာ္ခဲ့ဖူးသည့္ ႏႈတ္ခမ္းပါးေလး ။ အိပ္မက္ထဲမွာ ထိေတြ႕ခဲ့ရတုန္းကထက္ ႏူးညံ့သည္။  သၾကားလုံးေလးတစ္လုံး ငုံထားရသလို ခ်ိဳျမသည္ ။ ေဆာင္းညလယ္မွာ မီးလင္းဖိုေလးေဘးနား ထိုင္ေနရသလို ေႏြးေထြးသည္။

' အခုကစၿပီး ငါ မင္းကို လႊတ္မေပးေတာ့ဘူး "

အနမ္းေတြကို မရပ္တန႔္ခ်င္ေပမဲ့ ရင္ဘတ္ကို တြန္းလာသည့္ လက္ကေလးတစ္ဖက္ေၾကာင့္ ဘုဏ္းေဇ ႏႈတ္ခမ္းခ်င္း ခြာေပးလိုက္ရသည္။ သူ႔ရွင္းသန႔္တည္ေလး အသက္ရႈရခက္ေနၿပီမို႔ ။ ရွင္းသန႔္ရဲ႕ နီျမန္းေနေသာ ပါးေလးႏွစ္ဖက္ကို သူ႔လက္ေခ်ာင္းေလးမ်ားျဖင့္ ပြတ္သပ္ရင္း နဖူးခ်င္း ထိစပ္ထားမိသည္။ ႏွာေခါင္းဖ်ားခ်င္းလည္း တေ႐ြ႕ေ႐ြ႕ ပြတ္တိုက္ေနမိ၏။

သည္အေျခအေနအတိုင္းပဲ ခံစားခ်က္ေတြကို ဖြင့္ဟျဖစ္သည္။

" ငါ သီဟကို သတ္ပစ္ခ်င္တယ္ "

" အင္း "

" အဲဒီေကာင္က ငါ့ကို အၿမဲတမ္း လိုက္ၿပိဳင္ေနတာ ၊ ဘယ္ေနရာမွာမဆို ငါ့ထက္သာခ်င္ေနတာ သိလား ရွင္း ၊ ငါပိုင္သမွ်ကိုလဲ သူက လိုက္လုခ်င္ေနတာ ၊ အဲဒါမို႔ မင္းကို ... "

" ငါက မင္းအပိုင္မို႔လား "

ရွင္းသန႔္ရဲ႕ ၾကားျဖတ္ေမးခြန္းက ဘုဏ္းေဇကို ၿပဳံးေစ၏။ သို႔ေသာ္ ေျဖရမည့္အစား ပါးျပင္ေလးတစ္ဖက္ကိုသာ ဖိကပ္နမ္းမိသည္။

" မင္း သူ႔လက္ကို ဆြဲၿပီး ထြက္သြားတာ ငါ့ကို ဘယ္ေလာက္နာက်င္ေစလဲ သိရဲ႕လား ရွင္း "

" အင္း "

" သီဟကို ငါ အခု အရမ္းမုန္းသြားၿပီ ၊ သူ႔မ်က္ႏွာကိုလဲ ေနာက္ထပ္ မျမင္ခ်င္ေတာ့ဘူး ၊ မင္းလဲ သူနဲ႔ လုံးဝ စကားမေျပာရဘူး ၊ သီဟကေလ ... "

" ဒါနဲ႔ သီဟအေၾကာင္းပဲ တစ္ခ်ိန္လုံး ေျပာေနေတာ့မွာလား "

နဖူးခ်င္းခြာၿပီး မ်က္ႏွာကို အနည္းငယ္ေနာက္ဆုတ္ကာ ေမးလာသူကို ဘုဏ္းေဇ ျမတ္ႏိုးမႈအျပည့္ျဖင့္ ၾကည့္ရင္း

" ဟင့္အင္း ... ထပ္နမ္းဦးမွာ ၊ မင္းကို အသက္ရႉခ်ိန္ ခဏေပးထားတာ "

#PoPoPhoenix

{ From ေခြးေပါက္ေလး to ေခြးေပါက္ႀကီး >< }

Continue Reading

You'll Also Like

625K 36K 55
💗အချစ်က မမျှော်လင့်ထားတဲ့ချိန် မမျှော်လင့်ဘဲလဲ သုအလိုလိုရောက်လာတတ်တယ် ကိုယ်တို့ဖူးစာက နဖူးစာရွာပတ်လိုပဲဆိုရမလားနော်😁 Zawgyi Unicode နှစ်မျိုးလုံးန...
1.6M 87.9K 87
This is a work of fiction. Any names, characters or events are fictional.
615K 48.9K 52
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}
2K 129 5
မျှော်လင့်ချက်သေးသေးလေးနဲ့သာစခဲ့ရသူမို့ ထိုမျှော်လင့်ချက်သေးသေးလေးကပါပျက်စီးသွားရတဲ့အခါ ချစ်ခဲ့မိတဲ့နှလုံးသားတစ်စုံဟာ အသက်နဲ့ခန္ဓာမြဲနေသေးတဲ့ ဒီလူသား...