.........................
📞.."အဲ့ဒီတော့ငါ့ဆီကပြန်သွားကတည်းကမင်းတို့
စကားမပြောကြတာပေါ့ "
"အင်း~~~~"
📞...."အိုက်လမင်းသာ မင်း လွန်တယ်မထင်ဘူးလား ! "
"ဟို~~~ငါလည်းရှက်ပြီး မပြောတာ "
📞...."အေ ရှက်တာ ဆိုလည်း ခဏဆိုရင် ရပြီလေ မင်းဟာက
အခုထိ ဆိုတော့ ဟိုက စိတ်မရှည်လို့ နောက်တစ်ယောက်
ရှာမှ မင်း မငိုနဲ့ !"
"အဲ့လိုမပြောပါနဲ့ မင်းကလည်း ..."
📞...."အဲ့တာဆို စကားပြန်ပြောတော့လေ "
"အင်း~~~"
📞" အံ့ဩပါ့ လှန်ပြတာတောင် မဟုတ်သေးဘူး မတော်တဆကို
မင်း ဒီလောက် ဖြစ်ပျက်ပြနေရင် နောင်တစ်ချိန် မင်းတို့ အတူတူနေရင်ဘယ်လို လုပ်မလဲ "
"မင်းက ငါ့ကိုပဲ ဆူနေတာ "
📞..." မင်းက ဟုတ်မှ မဟုတ်တာ ! "
" ......"
📞...." ကဲ ~~ကဲ မင်း အခုငါနဲ့ ပြောပြီးတာနဲ့ ကတုံးကောင်ဆီ
ဖုန်းဆက် ! ငါ သူ့ကို ကြည့်မရဘူးသာ ပြောတာဒီလိုကျတော့ သနားတယ် "
" ဟို မောင်က ခြံအပြင်မှာရှိတယ် ငါ ထွက်မတွေ့ရသေးတာ "
📞..."ဟုတ်လား အဲ့တာဆို ဒါပဲ !"
Ti!! တီခနဲ ချသွားတဲ့ ဖုန်း အား ကြည့်ကာ လမင်းမှာ ငိုမဲ့မဲ့။ သူ့ကို
အကူအညီတောင်းကာမှပဲ သူကချည်း လိမ့်ဆူတာ ခံနေရတယ်။
အပြင်မှာ မောင်ရောက်နေတာ ညနေစောင်းကတည်းက။
ဆောင်းဝင်လာပြီမို့ အအေးက ကဲလာ၏။ ပတ်ဝန်းကျင်ဟာလည်း
အမှောင်ဘက် ရောက်နေပြီမို့ ခြံအပြင်က မောင်သည် အစောနတုန်းက ကျွဲသိမ်းသွားသည်မို့ ခြင်တွေ အဝဲခံရကာ ခြင်အကိုက်ခံနေရလောက်ပြီ။
မောင်နဲ့စကားမပြောဖြစ်တာ ၃ရက်တိတိ။ အမှန်တစ်ကယ်ပြောရရင် လမင်း မနေတတ်တော့ပါ။
အရေးမပါတဲ့ မာနတွေ ကာထားပြီး မောင့်ကို စကားမပြော၊ဖုန်းလည်း blacklist ထဲ ထည့်ထားကာ အဆက်အသွယ်ဖြတ်ပြီး နေနေမိတာ ။ စဉ်းစားကြည့်တော့ တစ်ယောက်တည်း တစ်ဖက်သတ် အတွေးတွေနဲ့။
သို့သော် မောင်ဟာ လမင်း ဒီလိုတွေ လုပ်လို့ အတင်းအကြပ်
ပြောဆို၊ သောင်းကျန်းတာမျိုး မလုပ်ပါပဲ နေ့တိုင်းလိုလို လမင်း
ဘော်ဒါဆောင်ကို စာသွားပြတိုင်း ဘော်ဒါဆောင်အရှေ့ က လဖ္ဘက်ရည်ဆိုင်မှာ ရှိနေသလို အိမ်ပြန်လာတိုင်းလည်း ဆိုင်ကယ်ဖြင့် မလှမ်းမကမ်းမှ လိုက်လာတတ်ကာ ခြံရှေ့တွင် အချိန်အတော်ကြာ ရှိနေတတ်၏။ လမင်းကို ဝင်ခွင့်ပြုဖို့ မောင်ဟာ မတောင်းဆို။ ထိုအစား အရိပ်တကြည့်ကြည့်ဖြင့်သာ။
မောင်ဟာ စတွေ့တုန်းကလို လူဆိုးလေး မဟုတ်တော့။ အရာရာမှာ ရင့်ကျက်တဲ့ အမျိုးသားအဖြစ် မျက်စိရှေ့တင် ပြောင်းလဲလာ၏။
ဟန်လျှမ်းပြောသလိုပါပဲ လမင်းကသာ မဖြစ်သင့်တာကို ပုံကြီးချဲ့ပြီး
ဝေးကွာစေဖို့ တစ်ဖက်သတ်ဆန်စွာ လုပ်မိနေတာ။
~~~~~~~~~
ခန့်စေ လမင်း၏အခန်းပြတင်းပေါက်ကလေးကိုသာ ကြည့်နေမိသည်မှာ ကြာပြီ။ ခြံတံခါးကို သံကြိုးအထပ်ထပ်ဖြင့် ချည်ကာ သော့ခတ်ထားပြီး အိမ်တံခါးမကြီးဟာလည်း စေ့စေ့ ပိတ်လို့နေသည်မှာ ၃ရက်ရှိပြီ။ ထိုအစား အခန်းပြတင်းလေးကသာ
ည ၈:၀၀အထိ ဖွင့်ထားတတ်တာကြောင့် ထို ပြတင်းပေါက်လေး ပိတ်သွားမှသာ သူ ပြန်နေကြ။ တဇွတ်ထိုးဆန်စွာ ခြံစည်းရိုး ကျော်ခွပြီး အခန်းပြတင်းကနေ ဝင်ပြီး ချစ်ရသူဆီ သွားရင် ဖြစ်ပါ၏။သို့သော် ခန့်စေ မသွားဖြစ်။
ပြဿနာကို ဒီလို တဇွတ်ထိုး ကျော်ခွပြီး ဝင်ဖြေရှင်းလို့ မရ။
သူ့ ချစ်ရသူလေးက စိတ်ဆိုးနေသည် မဟုတ်ပါလား။
သူ့ စိတ်ကိုသာ ဦးစားပေးဖြစ်ခဲ့ရင် ပိုဆိုးနိုင်တာမို့။ အရိပ်ကလေးပဲ မြင်နေရရင်တောင် လက်တလော ကျေနပ်နိုင်တာမို့ အဝေးကနေသာ ကြည့်နေရသည်။
*မောင့် လမင်းက အသည်းမာလိုက်တာ..
မောင့်ကိုဖြင့် တစ်ချက်လေးတောင် စောင်း၍ ငဲ့ မကြည့်သွား။
မောင့်မှာဖြင့် နှလုံးသား တစ်ခုလုံး လွမ်းနာ လွမ်းဖျားကျလို့ *
မောင့်ကို စိတ်ဆိုးအမြန်ပြေ တန်ကောင်းပါရဲ့။
~~~~~~~~~~~~
ချစ်ရသူ ရှိနေမည့် အခန်းပြတင်းလေးကိုသာ ခန့်စေ မျှော်ကြည့်နေတုန်း အိမ်တံခါး ပွင့်လာသည်မို့ ဆိုင်ကယ်ပေါ် ထိုင်နေရာမှ ယောင်ယမ်းကာ မတ်တပ် ထရပ်လိုက်မိသည်။
လှေကားပေါ်မှ တစ်လှုပ်လှုပ်ဆင်းလာသည့် လမင်း။
တဖြည်းဖြည်းနီးကပ်လာပြီမို့ ပြေးကာ ထွေးပွေ့ချင်စိတ်ဟာ စိတ်ရခက်၏။
ခြံတံခါးကို ဖွင့်ကာ အတန်ကြာ ခန့်စေအား ရပ်ကြည့်နေပြီးမှ
တိုးညှင်းစွာ စကားဆိုလာ၏။
" မောင်~~~အိမ်ထဲဝင်ခဲ့လေ "
"ဟင်..! "
" အိမ်ထဲဝင်လို့ ..အပြင်မှာ အေးတယ် မောင်ရဲ့ "
ခန့်စေ အရှေ့က အသေးလေးဟာ ပြောလည်းပြော လက်ကိုလည်း ဆွဲကာ ခေါ်သည်မို့ ခန့်စေ အသံတိတ်ကာ လိုက်လာမိသည်။
အိမ်ထဲရောက်သည်နှင့် အိမ်တံခါးပြန်ပိတ်ကာ ခန့်စေအား သူ့အခန်းထဲ ခေါ်ပြီး ကုတင်ပေါ် ထိုင်ခိုင်းပြန်၏။
ခန့်စေ လက်နှစ်ဖက်အား ဆွဲယူကာ ဆုတ်နယ်ပေးပြန်သည်။
" မောင့် လက်တွေ အေးစက်နေတာပဲ "
"........"
" ရေနွေးသောက်မလားဟင်! လမင်း ရေနွေးသွားယူပေးမယ်
နွေးသွားအောင် "
"မောင့်ကို စိတ်ဆိုးပြေပြီလား မောင့်လမင်း "
မောင့်ကို ဘယ်ကနေ ဘယ်လို စကား စပြောရမယ်မှန်း မသိတာမို့
မောင့်လက်တွေ အေးစက်နေသည်ကို အကြောင်းပြကာ စကားရှာကြံပြောနေပေမယ့် မောင်ဟာ စိတ်ဆိုးပြေပြီလား မေးလာတာမို့။
မောင့်ကို ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ မခေါ်မပြောနေသည်အထိ ပစ်ထားမိတာကို စိတ်ထဲက မချိတင်ကဲ ဖြစ်ရသလို ၊
မောင် လမင်းပေါ်ထားတဲ့ ချစ်ခြင်းကို မယုံကြည်သလို ပြုမူခဲ့မိတာမို့
ဒီရက်ထဲ လွမ်းတာရော ၊ ရှေ့က ကိစ္စတွေကြောင့်ပါ ရောပြီး လူဟာ
မောင့်လက်ကို ကိုင်ထားရင်း တုန်ရီလာ၏။
ဝမ်းနည်းသည့် စိတ်တို့က လွှမ်းမိုးလာတာမို့ မျက်ဝန်းအိမ်မှ မျက်ရည်တို့ဟာလည်း ပြိုကာ အိကျလာပြီး ဆုပ်ကိုင်ထားသည့် မောင့် လက်ဖမိုးထက် အလုအယက် ခုန်ချလာတာမို့
မောင်ဟာ သက်ပြင်းကို သာသာ ချကာ ရင်ခွင်ထဲ ဆွဲသွင်းကာ
ကျောပြင်ကို ပွတ်သပ်ပေးလာ၏။
" မငိုပါနဲ့ ..မောင့်လမင်း ငိုရင် မောင်လည်း ရင်ထဲမှာ ပြိုရတယ် "
" ဟင့်! လမင်း နောက်တစ်ခါ မောင့်အပေါ် ဒီလို မဆိုးတော့ပါဘူး
လမင်း လွန်တာပါ မောင့်ကို ပစ်ထားမိတယ် "
" မဆိုးပါဘူး မောင့် အချစ်က မဆိုးဘူး။ ဆိုးရင်တောင်
မင်း ဆိုးပုံဆိုးနည်းလေးက မောင့်ကို ပို ငြိတွယ်စေပါတယ် "
" မောင် လမင်းကို ဒီလိုတွေ အလိုမလိုက်ပါနဲ့
ပိုပို ဆိုးလာမှာ မကြောက်ဘူးလား "
" မင်းဆိုးလေ မောင့်ဘက်က ပို ငြိတွယ်လာလေပါပဲ
ကြိုက်သလိုသာ ဆိုးပါ ။ မောင်မင်းကို ပိုချစ်လာတာပဲ ရှိမယ် "
" ဆိုးလို့ ဆိုပြီး မရိုက်ချင်ဘူးလား ဟင်! "
" မောင် မရိုက်ရက်ပါဘူး အင်း~~~~ မနာတဲ့ တုတ်နဲ့ ရိုက်ရင်ရော
"ဟင်! "
" ဒီမျက်နှာလေးကို မတွေ့ရတဲ့ ၃ရက်အတွက် အတိုးချပြီး
ဟော့ဒီ နှာခေါင်းတုတ်နဲ့ ရိုက်မယ် ဆိုရင်ရော "
" အဲ့လိုဆို ရိုက်စေဗျာ ! ..ဟီး~~~~"
မောင်ဟာ လမင်းကို ရင်ခွင်ထဲထည့်ကာ ကလေးပွေ့သလို ပွေ့ချီကာ ကုတင်ပေါ်ထိုင်နေတာမို့ လမင်းမှာ မောင့် ခန္ဓာ ထွားထွား၊ ရင်အုပ်ကျယ်ကျယ်မှာ တစ်ကယ်ကို ကလေးလေးသဖွယ်။
မာနတွေသာ မရှိရင်။
နားလည်မှု ၊ကြင်နာမှုတွေနဲ့သာ ရစ်နွယ်ထားရင်။