A Lover of Mafia ( Complete )
By sunray9597
115K 5.9K 3.5K
အိုမီဂါတွေကို စောက်ရမ်းမုန်းတယ်..( ကင်မ်ထယ်ယောင်း ) ဂျွန် တို့က ဘယ်သူမှ မကြောက်တတ်ဘူး ဟွန့် (ဂျွန်ဂျောင်ဂု ) ... More
A LOVER OF MAFIA (INTRO)
Part -1
Part -2
Part -3
‌မေးမြန်းခြင်း💜💜💜💜💜
Part -4
Part -5
Part -6
Part -7
Birthday wish 🎂
Part -8
Part-9
Part -10 ⚠️
Part -11
Part -12
Part -13
Part -14⚠️
Part -15
Telegram group
Part -16
Part -17
Part -18
Part -19
Part -20
Part -21
Part -22
Part -23
Part -24
Part-25
Part -26
Part -27⚠️
Part -28
Part -29
Part -30
Part -31
Part -32
Part -33
Part -34
Part-35
Part -36
Part -38
Part -39( Final )
Part -37
2.3K 126 35
By sunray9597
# Unicode #
ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှု့တော့ သာမန်အိမ်အိုကြီး တစ်လုံးအတွင်းမှာသာဖြစ်နေသည်။
" သခင်ကြီးတို့ သွားရအောင်! "
" ခဏ! ယွန်ဂီနဲ့ ဂျီမင် အခြေနေရော! "
" ကျွန်တော်တို့ သက်သာသွားပါပြီ သခင်ကြီး .."
ဂျောင်ဂုက အချိန်မှီ ကုသပေးတာကြောင့် သူတို့ကိုယ်တွင်းမှာရှိတဲ့ ဒဏ်ရာတွေက သက်သာပျောက်ကင်းသွား၏။
" အဲ့ဆို သွားကြမယ်! ယွန်ဂီ အားလုံး အပြင်ရောက်တာနဲ့ အိမ်ကြီးကို ဖောက်ခွဲဖို့လုပ်!! "
" ဟုတ်ကဲ့ ! သခင်ကြီး "
အားလုံးကို ဒုက္ခရောက်စေတဲ့ ဒီနေရာကို အကောင်းတိုင်းမရှိစေ ချင်တာက ထယ်ယောင်းဆန္ဒအမှန်..
ယွန်ဂီလည်း ဆောင်ယူနေကျ ဗုံး အသေးလေးကို အိမ်အိုကြီးရဲ့ ‌တစ်နေရာမှာ ကပ်ထားလိုက်သည်။ဗုံးက သေးပေမဲ့ အားအရမ်းပြင်းတာကြောင့် လျှော့တွက်လို့ မရ။
အားလုံး အိမ်ကြီးရဲ့အပြင်ဘက်ကို ဘေးကင်းကင်းနဲ့ ရောက်ပြီး‌ဆိုမှ တော်တော်ဝေးတဲ့နေရာကို ရွှေ့ခိုင်းလိုက်ပြီး ယွန်ဂီက လက်ထဲက ခလုတ်ကို နှိပ်လိုက်သည်။
" ဖောင်းး "
" ဝုန်းးး "
ကြီးမားတဲ့ မီးဝောာက်မီးလျှံများနှင့်အတူ လောင်ကျွမ်းသွားတဲ့ အိမ်အိုကြီးကို သူတို့စိုက်ကြည့်နေမိ၏။
သူတို့လာစဉ်က ဖြတ်ကျော်ခဲ့တဲ့ ချောင်းကလည်း မရှိတော့သလို မကောင်းဆိုးဝါး ဝံပုလွေနက်များလည်း မရှိတော့ပေ... သူတို့ကို မြင်တော့ အူကြောင်ကြားဖြစ်နေတဲ့ ဂိုဏ်းသား အချို့က သဘောပေါက်သွားကြ၏။
တိုက်ခိုက်ရင်း ပျောက်ကွယ်သွားတဲ့ ဝံပုလွေနက်တွေက သူတို့ ခေါင်းဆောင်တွေရဲ့ လက်ချက်ကြောင့် ပျောက်‌ဆုံးသွားမှန်းသိသာလှသည်။
" သခင်ကြီး ပြန်ကြရအောင်..ကျွန်တော်တို့ ကားတွေ ဝောာစပ်မှာပါ!! "
ယွန်ဂီက ပြောတော့ ထယ်ယောင်းက ခေါင်းငြိမ့်ပြပြီး ဂျောင်ဂုကို ပွေ့ချီလိုက်သည်။
" Fu*k !! လန့်လိုက်တာ သခင်ကြီး! "
ရုတ်တရပ် ပွေ့ချီခံလိုက်ရတောင်ကြောင့် လန့်ပြီး ဆဲမိသွား၏။
" ချပေးလေ! "
ဂျောင်ဂုက ထယ်ယောင်း ချီထားရတာ ညောင်းမှာဆိုးလို့ အောက်ကို ချခိုင်းလိုက်သည်။ဒါကို အဓိပ္ပာယ်လွှဲသွားတဲ့ သခင်ကြီးက ပြုံးစိစိနဲ့ ဂျောင်ဂု နားနားကပ်ကာ..ခပ်တိုးတိုးလေးပြောလာ၏။
" မလောပါနဲ့ baby ရာ အိမ်ရောက်မှ ချပေးမယ်နော် "
" ဟာ! ခင်ဗျား!! ဖြန်း! "
နားရွက်ဖျားလေးတွေ နီလာပြီး အံ့ကြိတ်ကာ ထယ်ယောင်းရဲ့ ရင်ဘတ်ကို ဖျတ်လိုက်လိုက်တဲ့ ဂျောင်ဂု..
" ခင်ဗျား ခေါင်းထဲ အဲ့တာဘဲ တွေးနေ!! "
" baby ကို မြင်တိုင်း သူ့အလိုလို တွေးမိနေတာ ကိုယ်လည်း မတက်နိုင်မဘူး.."
ဂျောင်ဂုလည်း ထယ်ယောင်း အကြောင်းသိတာမို့ ဆက်ပြီး မပြောတော့ဘဲ မျက်စောင်းထိုးကာ ငြိမ်ငြိမ်လေးလိုက်ပါလာ၏။
" ငယ်! လာ မောင် ချီမယ်.. "
ဟိုဆော့ကလည်း အားကျမခံ သူ့ရဲ့ ဇီဇဝါငယ်လေးကို ကောက်ပွေ့လိုက်တော့ ဂွန်းဟူက ပြုံးပြုံးလေးဖြင့် လည်တိုင်ကို ဖက်ကာ ပါလာသည်။
" မောင်! နာနေလားဟင် "
ဟိုဆော့ရဲ့ မျက်နှာက ဒဏ်ရာအချို့ကို ဖွဖွလေးထိကာ မေးလာတဲ့ ဂွန်းဟူ..
" မောင့် အချစ်ရဲ့ အပြုံးလေးမြင်လိုက်လို့ သက်သာသွားပြီ.."
ဟိုဆော့ က မူပိုင် အပြုံးနွေးနွေးလေးတွေဖြင့် ပြောလညတော့ ဂွန်းဟူက ယောကျာ်းဖြစ်သူကို အချစ်ပိုရပြန်သည်။
" ငယ်ကလေ မောင် မချွေလည်း မောင့်အပေါ်တိမ်းညွတ်ပြီးသာမို့ စကားလုံးလှလှလေးတွေနဲ့ ငယ့်ကို ထပ်ပြီး မမြူစွယ်ပါနဲ့ မောင်..ငယ်သေသွားလိမ့်မယ်..ရင်အခုန်လွန်ပြီး.."
" ဟားး ငယ်ရာ..စကားအရမ်းတတ်နေပါလား..မွ! "
ဟိူဆော့က သူချီထားတဲ့ အကောင်ပေါက်လေးကို အသည်းယားလာတာကြောင့် မျက်စိရှေ့မှာ မြင်နေရတဲ့ ပါးဖောင်းလေးကို မွှေးကြူလိုက်သည်။
ဂျီမင်က သူတို့ရှေ့မှာတင် ပွေ့ချီသွားကြတဲ့ ထယ်ယောင်းနဲ့ ဟိုဆော့ကိုကြည့်ပြီး မျက်လုံးလေးတွေ လင်းလက်သွား၏။သူ့ရဲ့ ဦး ကို လှည့်ကြည့်တော့လည်း ဦးက ဘာမှ မပြောဘဲ ဒီအတိုင်း လမ်းလျှောက်နေတာမို့ နှာခေါင်း ရှုံ့မိသည်။
မင်ယွန်ဂီက တစ်ခါတစ်လေ အဲ့လို ချစ်သူနဲ့ romantic ဆန်ဆန် မနေတတ်ဘဲ ဒီအတိုင်း ခပ်ချေချေနဲ့ အူကြောင်ကြောင် နေတတ်ပုံကြောင့် အသည်းပေါက်အောင် ချဉ်မိ၏။
ဒါပေမဲ့ သူက ပတ်ဂျီမင်လေ..ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင်လုပ်မှာပေါ့! ဦးက ro ဖို့ သတိမရရင် ဂျီမင်က သတိရအောင်လူပ်ပေးရမှာပေါ့...
" အားး ခြေထောက်တွေ ညောင်းလိုက်တာ..အားးး လမ်းတောင်မလျှောက်နိုင်တော့ဘူး..အားးး အမေရေ..သားခြေထောက်တော့ သုံးစားမရတော့ဘူးထင်တယ်..အားး "
ရုတ်တရပ် မြေပြင်ပေါ် ထိုင်ချပြီး ခြေထောက်တွေကို အုပ်ကိုင်တာ အော်လာတဲ့ ဂျီမင်ကြောင့် နမ်ဂျွန်း ၊ယွန်ဂီ နဲ့ ဆော့ဂျင်တို့ ကြောင်သွားသည်။သခင်ကြီးနဲ့ အစ်ကို ဟိူဆော့တိူ့က သူတို့ ချစ်လင်တွေပေါ် အာရုံရောက်ပြီး ကြည်နူးနေကာ ရှေ့က သွားနေတာမို့ ဂျီမင် အသံကို မကြား..
သူ့ကို ကြောင်ပြီး ကြည့်နေတဲ့ သုံးယောက်ကြောင့် ဂျီမင်ရဲ့ နှုတ်ခမ်းက ဘဲ နှုတ်သီးဖြစ်တော့မည်။ဒါပေမဲ့ ဦး ဆီက အချီခံချင်တာမို့ ထော်ချင်နေတဲ့ နှုတ်သီးကို ချိုးထားရပြီး ထပ်ပြီး ဟန်ဆောင်လိုက်သည်။
" အားး ငါ့ ခြေထောက်! အားး ခုနက အကန်ခံရတော့ ခြေထောက်ကို ထိသွားတာထင်တယ် ဂျောင်ဂုက ကုပေးဖို့ မေ့သွားတာလား မသိဘူး..အားး အရမ်းနာတယ်..လမ်းမလျှောက်နိူင်တော့ဘူး..ဂျီ့ကို ထားခဲ့ပြီး ဦးတို့ဘဲ အရင်ပြန်နှင့်ပါ.."
မျက်နှာငယ်လေးနဲ့ ပြောလာတဲ့ ဂျီမင် စကားမဆုံး နမ်ဂျွန်းနဲ့ ဆော့ဂျင်က ဂျီမင် အကြံကို ရိပ်မိသွားသဖြင့် မသိချင်ယောင်ဆောင်လိုက်ကာ..ယွန်ဂီကတော့ တကယ်ထင်ပြီး စိုးရိမ်သွားသည်။
" ဘာလို့ အသေးလေးကို ထားခဲ့ရမှာတုန်း! လာ ဦး ချီသွားမယ်.."
ယွန်ဂီရဲ့ စကားကြောင့် ခေါင်းငုံ့ကာ အပြုံးအကြီးကြီးနဲ့ ပြုံးနေတဲ့ ဂျီမင်..
" ရပါတယ် ဦးရဲ့ ဦး ညောင်းနေပါ့မယ်..."
မျက်နှာလေးကို ခနက ထက်ပိုငယ်ပြီး မူယာမာယာ များကာ ငြင်းဆန်လာတဲ့ ဂျီမင်..
" ပတ်ဂျီမင် မင်းတစ်ကိုယ်လုံး မာယာတွေချည်းဘဲ! အပိုတွေ လုပ်ပြီး ငြင်းမနေနဲ့ ချီမဲ့သူရှိတာ လိုက်သွားပေါ့! အချီခံချင်လို့ ဉာဏ်~.."
" အားးး အရမ်းနာလာပြီ..ဦး မြန်မြန်လာချီ..ဂျီ့ကို ပြီးရင် သွားကြမယ် ဂျောင်ဂုတို့ အဝေးရောက်နေပြီ.."
ဆော့ဂျင်က အမှန်တိုင်း ပြောတော့မှာမို့ ဂျီမင်က စကားဖြတ်ပြီး ယွန်ဂီကို ချီခိုင်းကာ ထွက်သွားခိုင်းလိုက်၏။
" ဟွန့်! သူ့လင် သိမှာ အရမ်းစိုးနေတာ ယွပိုးစိန်က !! "
ဆော့ဂျင်က ယွန်ဂီ ချီသွားတာကို ပြုံးစိစိနဲ့ ပါသွားတဲ့ ဂျီမင်ကို ပြောနေလိုက်သည်။
" လာပါ! ချာတိတ်ကို ကိုယ်ချီမယ်.."
" သွားပါ..မချီနဲ့ ကျွန်တော် ကလေးမဟုတ်ဘူး..."
နမ်ဂျွန်းရဲ့ လက်တွေကို ပုတ်ထုတ်ပြီး ကလေးမဟုတ်ကြောင်း ပြောလာတဲ့ ဆော့ဂျင်...
" ကလေးမဟုတ်ဘဲ ဘာကြောင့် နှုတ်ခမ်းလေးက ဆူနေတာတုန်း.."
ဆူထော်ထော်ဖြစ်နေတဲ့ နှုတ်ခမ်းကို ခပ်ဖွဖွလေး ထိကာ ပြောတော့ မျက်စောင်းထိုးပြီး ကြည့်လာတဲ့ ဆော့ဂျင်...
" မချီနဲ့ ကုန်းပိုး!! "
အလိုမကျသံနဲ့ ကုန်းပိုးဖို့ ပြောလာတဲ့ ချာတိတ်ကြောင့် နမ်ဂျွန်းမှာ ချာတိတ် အလိုကျ ကုန်းပိုးလိုက်ရသည်။
" ဘဲကြီး! အခုဆို ပြဿနာ အားလုံးပြီးပြီပေါ့နော်."
ဆော့ဂျင်က နမ်ဂျွန်းကို မေးလိုက်တော့ နမ်ဂျွန်းက ဆော့ဂျင်ကိုယ်လုံးလေးကို သေချာ ပိုးထားပြီး လမ်းလျှောက်ရင်း ဖြေလိုက်၏။
" အကုန်ပြီးပြီးလို့ ဆိုလိူ့ရတယ် ဒါပေမဲ့ မှော်ကျောက်ထွက်လာရင် ထိန်းသိမ်းဖို့ လုပ်ရအုံးမယ်.."
သူတို့မေ့နေတာ ဒီကိစ္စ အားလုံးရဲ့ အဓိက တရားခံက မှော်ကျောက်ကိုပင်..ဂျောင်ဂု ကလေးမွေးပြီးတာနဲ့ ထွက်ပေါ်လာမဲ့ မှော်ကျောက်ရဲ့ လုံခြုံရေးကို စီစဉ်ရအုံးမှာပင်...
~
~
~
နောက်တစ်နေ့ရောက်တော့ ဆရာဝန်ကို ခေါ်ပြီး ဂျောင်ဂုကို ဆေးစစ်ကြည့်တေယ့ အမှန်ပင် ကိုယ်ဝန်ရှိနေ၏။အိုမီဂါတွေရဲ့ ကိုယ်ဝန်ဆောင်ချိန်က ငါးလဘဲ ကြာတာမို့ မွေးဖွားဖို့က မလိုတော့ပေ...ကိုယ်ဝန်က တစ်လရှိနေပြီမို့ နောက်လေးလဆို မွေးပြီ..
ကိုယ်ဝန်ရှိမှန်းသိတော့ ထယ်ယောင်း အရမ်းပျော်မိသည်။အသက်ငါးနှစ်အရွယ်တည်းက မိသားစုအငွေ့အသက်တွေ ကင်းမဲ့ခဲ့ရပြီး အထီးကျန်စွာ ဖြတ်သန်းခဲ့တဲ့သူ့ဘဝမှာ အခုတော့ မိသားစုဆိုတဲ့ အငွေ့သက်လေးတစ်ဖန်ပြန်ပြီး အသက်ဝင်လာတာမို့ အရမ်း ကြည်နူးမိ၏။
တစ်ပတ်လောက်ကြာတော့ ယွန်ဂီ ၊ ဂျီမင် ၊ ဆော့ဂျင် နဲ့ နမ်ဂျွန်းတို့က ထယ်ယောင်းတို့ အတွဲ နဲ့ အတူ တစ်နေ့တည်းလက်ထပ်လိုက်ကြသည်။
ပြဿနာတွေလည်း မရှိတော့တာမို့ အားလုံးက သူတို့ရဲ့နေရာမှာပြန်နေကြသည်။ဒီတော့ စံအိမ်ထဲမှာ ထယ်ယောင်းနဲ့ ဂျောင်ဂုသာ ကျန်နေတော့၏။တစ်နေ့တစ်ခေါက် ဂျီမင်တို့ လေးယောက်က ဂျောင်ဂုဆီ အလည်လာတတ်သလို နမ်ဂျွန်းတို့ကလည်း ဂိုဏ်းနဲ့ ပတ်သတ်တာတွေ သခင်ကြီးကို လျောက်တင်ဖို့ စံအိမ်ကို အမြဲလာဖြစ်သည်။
ဆော့ဂျင်တို့ မလာဖြစ်လို့ ဂျောင်ဂု ပျင်းနေမည်ဟု မထင်လိုက်ပါနဲ့ တစ်နေ့တစ်မျိုး မရိုးရအောင် မွှေလွန်းတဲ့ ခင်ပွန်းကြောင့် ပျင်းချိန်မရှိ...
အခုလည်း အိပ်ချင်လာလို့ ခနလေး မှေးခနဲ အိပ်ပျော်သွားပါတယ်..အလစ်ကို ချောင်းပြီ မဟုတ်တာလုပ်နေတဲ့ ထယ်ယောင်းကြောင့် ဂျောင်ဂုမှ သုံးလတည်း ဝင်နေပြီ ဖြစ်တဲ့ ဗိုက်ပူပူလေးကို ထိန်းပြီးကိုင်ကာ မီးဖိုခန်းထဲ ဝင်ပြီး အော်လိုက်၏။
" ကင်မ်ထယ်ယောင်း!! အဲ့တာ ဘာလုပ်နေတာလဲ!! "
သရက်သီး အစပ်သုပ်တွေ ခိုးစားနေတဲ့ ထယ်ယောင်းတစ်ယောက် baby ရဲ့ အော်သံကြောင့် လန့်သွားသည်။
" ကင်မ်ထယ်ယောင်း!! "
" ဗျာ "
အနားကို ရောက်လာပြီး ငရုတ်သီးတွေရဲနေတဲ့ သရက်သီးပန်းကန်ကို ကြည့်ကာ ဂျောင်ဂုက အော်လိုက်တော့ မျက်နှာငယ်လေးနဲ့ ထူးလာတဲ့ သခင်ကြီး..
" ခင်ဗျားကို ကျွန်တော် ဘာမှာထားလဲ ဟမ်! "
ဗိုက်ပူပူလေးနဲ့ ခါးထောက်ကာ တူနေတဲ့ ဂျောင်ဂုနဲ့ မျက်နှာ‌ငယ်လေးနဲ့ ခေါင်းငုံကာ ငြိမ်နေတဲ့ ထယ်ယောင်းတို့ရဲ့ ပုံစံက နေ့စဉ် ဖြစ်နေကြမို့ အိမ်အကူတွေ မှာရိုးနေပြီ..
" အပူ .အပူ အစပ်တွေ မ မစားရပါဘူးလို့ မှာထားတာ.. baby.."
" အဲ့ဆို ဘာလို့ စားလဲ! "
" baby လဲ သိရဲ့သားနဲ့ baby ကိုယ်ဝန်ရှိတည်းက ကိုယ်ကဘဲ အန်ပြီး ကိုယ်ကဘဲ ခံတွင်းပျက်နေတာလေ! ဟင့်! အဲ့တော့ ချဉ်ချဉ် စပ်စပ်လေးစားချင်လာလို့ သုပ်စားမိတာကို မအော်ပါနဲ့ baby ရဲ့..အီးးးး "
ရုတ်တရပ်ပြောရင်း ငိုချလာတဲ့ ထယ်ယောင်း ကြောင့် ဂျောင်ဂု ခမျာ သူ့အမှားလို့တောင်ထင်မိသည်။မျက်ရည်တွေကျ နှပ်တွေ ထွက်ကာ ငိုနေတဲ့ ထယ်ယောင်းရဲ့ ပုံစံကို သူ့ရဲ့ ဂိုဏ်းသားတွေ မြင်ကြည့်ပါလား အံ့ဩပြီး သေမှာအမှန် ..
သူကိုယ်ဝန်စလွယ်တည်းက သခင်ကြီးက သူ့အစား ဝေဒနာတွေ အကုန်ခံစားပေးရသဖြင့် သူ့က ဗိုက်ထဲ ကလေးထည့်ထားရုံသာ ရှိသည်။ ခံတွင်းလည်း မပျက်သလို အချဉ်အစပ်လည်း မစားချင်..စိတ်ကလည်း အတက်အကျမရှိဘဲ ပုံမှန်မို့ ပူနေတဲ့ ဗိုက်ကြောင့်သာ ကိုယ်ဝန်သည်မှန်း လူသိကြတာပင်..
ထယ်ယောင်းကတော့ ဂျောင်ဂု ကိုယ်ဝန်ရှိတည်းက ကိုယ်ဝန်သည်တစ်ယောက်လို ရောဂါ ခံစားရပြီး တစ်ခုခုဆိုလည်း စိတ်အတက်အကျမြန်ကာ ဒေါသထွက်တတ် ၊ဝမ်းနည်းတတ်သလို ငိုလည်းငိုတတ်သေး၏။
အခုလည်း ဂျောင်ဂု ဆူတာကြောင့် ဝမ်းနည်းပြီး ငိုလာသည်။
" ကျစ်! မငိုပါနဲ့ သခင်ကြီးရာ..ကျွန်တော်က ခင်ဗျား ဗိုက်အောင့်မှာ ဆိုးလို့ပြောတာ..အရင်တစ်ခေါက်က အစပ်အစားလွန်ပြီး ခင်‌ဗျား နှစ်ရက်လောက်ဗိုက်အောင့်တာလေ...ကျွန်တော်က စိုးရိမ်လို့ပြောတာ ငိုမနေနဲ့တော့!! "
ဂျောင်ဂုက ထယ်ယောင်း ဘေးကို ဝင်ထိုင်ပြီး ပြောတော့ ထယ်ယောင်းက ငိုနေရင်း လှည့်ကြည့်လာ၏။
" ကိုယ် .အင့်! ကိုယ်လည်း စားချင်လို့မှ မဟုတ်ဘဲ! သူ့ဟာသူ စားချင်စိတ် ဖြစ်လာတာကို..အင့်..အင့်! ..အရင်ကဆို အစပ်မစားနိုင်တဲ့ ကိုယ်က baby ကိုယ်ဝန်ကြောင့် အခုတော့ အစပ်မှ အစပ်ဖြစ်နေတာ..အီးးး baby ..ဗိုက်ထဲက ကလေးလေးက လူဆိုးလေး.."
ဗိုက်ကို လက်ညိုးထိုးပြီး ငိုလာတာကြောင့် ဂျောင်ဂုမှ ရယ်ချင်စိတ်ကို ထိန်းထားရ၏။သခင်ကြီးက သူ့အပေါ်အရမ်း ချစ်လွန်းလို့ သူ့ရဲ့ ဝေဒနာ‌တွေကို အစားခံပေးနေရာတာမို့ သနားလည်းသနားမိသလို အချစ်လည်း ပိုရပြန်သည်။
" ကဲပါ..မလှဘဲ ငိုမနေနဲ့ တိတ်တော့! "
ဂျောင်ဂု ထယ်ယောင်းရဲ့ မျက်ရည်တွေကို သုတ်ပေးကာ ပြောလိုက်တော့ ပိုပြီး ငိုချလာတဲ့ ထယ်ယောင်း..
" အီးးးး အခုတော့ baby...က အဲ့စကားထွက်ပြီပေါ့...အသစ်တွေ့လို့ အဟောင်းကို ပစ်ချင်တဲ့ သဘောလား..ကင်မ်ဂျောင်ဂု ! ခင်ဗျား စားပြီး နားမလည်မလုပ်နဲ့နော် အင့်! အကုန်လုံးကို သတ်ပစ်မှာ... အီးးးး ဗျီးးးး ဗျစ်! "
ပြောပြီး ငိုကာ နှပ်ချေးတွေကို လက်ဖြင့် ညစ်ပြီး ဂျောင်ဂုရဲ့ အင်္ကျီကို သုတ်လာတဲ့ ထယ်ယောင်း..
ဂျောင်ဂုမှာ ပျို့အန်ချင်ပေမဲ့ အန်လိုက်ရင် သူ့ကို ရွံ့ပါတယ်ဆိုပြီး ရစ်နေမှာဆိုးတာကြောင့် တစ်သျှူး ယူပြီးသာ သုတ်လိုက်ရသည်။
" မဟုတ်ပါဘူး သခင်ကြီးရယ် ကျွန်တော်က စလိုက်တာပါ..မငိုနဲ့တော့နော် ..ငိုရင် ဗိုက်ထဲက ကလေးမျက်လုံးပြူးတတ်တယ်တဲ့.."
ဂျောင်ဂုရဲ့ စကားကြောင့် တိခနဲ အငိုတိတ်သွားတဲ့ ထယ်ယောင်း..
" တကယ်လား baby.."
မျက်ရည်တွေကို လက်ဖမိုးနဲ့ သုတ်ပြီး မေးလာတဲ့ ထယ်ယောင်း...
" အွန်း! တကယ်...ဟိုတစ်နေ့က ဂျီမင် အမေနဲ့ တွေ့တုန်းက အန်တီ ပြောပြတာ.."
" ဪ!...အီးးးး baby ကလည်း ညာနေပြန်ပြီးးး...အီးးး "
တကယ်မှတ်ပြီး နားထောင်နေကာမှ တစ်ခုကို သတိရသွားပြီးပြန်ငိုလာတဲ့ ထယ်ယောင်း.
ဂျောင်ဂုက အငိုတိတ်သွားလို့ ပျော်မယ်ရှိသေး ထပ်ပြီးငိုလာတာမို့ စိတ်ညစ်လာသည်။သူက ကိုယ်ဝန်သည်ကို ဆံပင်ဖြူထွက်အောင်လုပ်နေတာ..ယူထားတဲ့ ယောကျာ်း အငိုသန်မှန်း အခုမှသိတော့တယ်..ကိုယ်ဝန်သည် ရောဂါတွေကို အစားခံပေးနေလို့သာ စိတ်ရှည်ပေးနေတာ မဟုတ်ရင် မျက်နှာကို လက်သီး တစ်လုံးကတော့ အော်တို ရောက်ပြီးသား..
" ကျွန်တော်က ဘာကို ညာလို့လဲ..သခင်ကြီးရဲ့..မငိုစမ်းပါနဲ့ဗျာ!! "
" အီးးး ညာနေတာလေ! ဗိုက်ထဲက ကလေးမျက်လုံးပြူးမယ် ပြောရအောင် ကိုယ့်..အင့်! ကိုယ့်ဗိုက်ထဲမှာ ကလေးမှ မရှိတာ... baby ဗိုက်ထဲမှာဘဲ ရှိတာလေ.. baby ..ငိုမှ ကကလေးမျက်လုံး ပြူးမှာပေါ့....အီးးးး "
ဂျောင်ဂုလည်း စိတ်ညစ်တာကြောင့် ခေါင်းကို ကုပ်ပြီးသာ စဉ်းစားနေလိုက်သည်။
" သခင်ကြီး ကျွန်တော် ပြောပြမယ် .ကလေးက ကျွန်တော့် ဗိုက်ထဲမှာ ပေမဲ့ သခင်ကြီးက ကိုယ်ဝန်ဆောင် လက္ခဏာတွေကို ကျွန်တော့်အစားခံပေးနေရတာမို့ သခင်ကြီးနဲ ကလေးက ဆက်နွယ်မှုရှိပြီးသား...အဲ့တာကို သခင်ကြီးက ငိုဝောာ့ ကျွန်တော် မငိုလည်း ကလေးက မျက်လုံးပြူးပြီးပေါ့...."
ဂျောင်ဂုရဲ့ ဆက်စပ်မှု ရှိတဲ့ စကားတွေကြောင့် ထယ်ယောင်းမှာ အငိုတိတ်သွားသည်။
" အခု ဘာစားမလဲ အိမ်အကူတွေ လုပ်ခိုင်းလိုက်မယ်.."
သရက်သီး ပန်းကန်ကို အဝေးကို ထားပြီး ပြောတော့ သံယောဇဉ် အမျှင်တန်းမပြတ်သေးဘဲ လိုက်ကြည့်နေတဲ့ ထယ်ယောင်း
" ကင်မ်ထယ်ယောင်း!! ကျွန်တော်ပြောတာ ကြားလား!! အဲ့ပန်းကန်ပေါ်က အကြည့်တွေ သိမ်း!! "
ဂျောင်ဂု အော်မှ အကြည့်လွှဲကာ မသိချင်ယောင်ဆောင်လိုက်တဲ့ ထယ်ယောင်း..
" ငါးသံပုရာပေါင်းနဲ့ ဝက်ဂုတ်သားကင်လေး စားချင်တယ်.."
" ဟင်းး ခင်ဗျား ခုနကဘဲ သရက်သီးသုပ်စားထားတာလေ အချဉ်ထပ်စားမလို့လား.."
" လုပ်ပါ baby ရာ အခု‌တလော ချဉ်ချဉ်စပ်စပ်လေး ခံတွင်းတွေ့နေလို့ တခြားဟာစားကင် အနံ့ရတာနဲ့တောင် အန်ချင်နေတာ.."
" ဟုတ်ပါပြီ..ကျွန်တော် မှာပေးမယ် ခနစောင့်!! "
" နေ..နေ baby ကိုယ်ဝန်ကြီးနဲ့ သွားရလာရခက်မှာပေါ့ ကိုယ်ဘဲ သွားမှာလိုက်မယ်...."
ထယ်ယောင်းက ဂျောင်ဂု့ကို ထိုင်ခုံမှာ ပြန်ထိုင်ခိုင်းလိုက်ပြီး သူကဘဲ ထကာ ဂျောင်ဂုစားဖို့နဲ့ သူစားဖို့ မှာလိုက်သည်။
~
~
~
" baby ..လမ်းလျှောက်ရအောင်လေ.."
စားသောက်ပြီးတော့ ဂျောင်ဂုကို ကိုယ်ဝန်အားဆေးတိုက်ပြီး ခြံထဲ လမ်းဆင်းလျှောက်ဖို့ ပြင်လိုက်သာ။
" baby..ကိုယ်အရမ်း ကလေးဆန်နေလို့ ကိုယ့်ကို စိတ်ပျက်နေပြီလားဟင်.."
ဂျောင်ဂုရဲ့ ညာလက်ကလေးကို ဆုပ်ကိုင်ပြီး မေးလာတဲ့ ထယ်ယောင်း..
" စိတ်မပျက်ပါဘူး သခင်ကြီးရဲ့ တကယ်ဆို ကျွတ်တော်က သခင်ကြီး ဖြစ်တဲ့ လက္ခဏာတွေကို ခံစားရမှာ သခင်ကြီးက အစားခံပေးနေရလို့ အခုလိုဖြစ်နေတာလေ လုံးဝစိတ်မပျက်မိဘူး ဒါကြောင့် ဝမ်းနည်းစရာတွေ မတွေးနဲ့နော်.."
ငိုချင်သလို ဖြစ်နေတဲ့ သခင်ကြီးကြောင့် ဂျောင်ဂုမှာ အမြန်ချော့ဖို့ စဉ်းစားလိုက်ရသည်။
" ဟုတ်ပါပြီ ဘေဘီရယ်..လာ နောက်ထပ် နာရီဝက်လောက် လမ်းလျှောက်ရအောင်.."
ထယ်ယောင်းရဲ့ စကားကို ဂျောင်ဂုက ဘာမှမပြောင်းဘဲ ခေါင်းငြိမ့်ကာ လက်ခံလိုက်သည်။
~
~
~
နောက်ထပ် တစ်ပိုင်း ဒါမှမဟုတ် နှစ်ပိုင်းဆိုရင် ဇာတ်သိမ်းပြီနော်..ခနနေ My Universe လေး အပ်ပေးပါ့မယ် 💖
Good night ပါ သဲငယ်လေးတို့ 😘💜💜💜💜💜💜💜
Thanks for votes, feel and comment.
I Love my readers forever ❤️
I PURPLE YOUR 💜
______________________________________
# Zawgyi #
" ဟုတ်ကဲ့ ! သခင်ကြီး "
" ဖောင်းး "
" ဝုန်းးး "
" ချပေးလေ! "
" ဟာ! ခင်ဗျား!! ဖြန်း! "
" ငယ်! လာ မောင် ချီမယ်.. "
" မောင်! နာနေလားဟင် "
ဟိုဆော့က သူချီထားတဲ့ အကောင်ပေါက်လေးကို အသည်းယားလာတာကြောင့် မျက်စိရှေ့မှာ မြင်နေရတဲ့ ပါးဖောင်းလေးကို မွှေးကြူလိုက်သည်။
" အားး ငါ့ ခြေထောက်! အားး ခုနက အကန်ခံရတော့ ခြေထောက်ကို ထိသွားတာထင်တယ် ဂျောင်ဂုက ကုပေးဖို့ မေ့သွားတာလား မသိဘူး..အားး အရမ်းနာတယ်..လမ်းမလျှောက်နိုင်တော့ဘူး..ဂျီ့ကို ထားခဲ့ပြီး ဦးတို့ဘဲ အရင်ပြန်နှင့်ပါ.."
" မချီနဲ့ ကုန်းပိုး!! "
" အကုန်ပြီးပြီးလို့ ဆိုလို့ရတယ် ဒါပေမဲ့ မှော်ကျောက်ထွက်လာရင် ထိန်းသိမ်းဖို့ လုပ်ရအုံးမယ်.."
~
~
~
" ကင်မ်ထယ်ယောင်း!! "
" ဗျာ "
" အဲ့ဆို ဘာလို့ စားလဲ! "
ပြောပြီး ငိုကာ နှပ်ချေးတွေကို လက်ဖြင့် ညစ်ပြီး ဂျောင်ဂုရဲ့ အင်္ကျီကို စုတ်လာတဲ့ ထယ်ယောင်း..
" တကယ်လား baby.."
~
~
~
~
~
~
I PURPLE YOUR 💜
Continue Reading
You'll Also Like
37.8K 5.1K 10
BTS ဟာသဗေဒင် ပျော်စေချင် အမြန်သာ လှမ်းလာ ဖတ်ကြည့်စမ်းပါ ARMY ပျိုမေခင်....။
1.4M 33.7K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
487K 7.2K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
70.4K 5.3K 16
အိပ်​မက်​ထဲထိ ကျွန်​​တော်​မျက်​ရည်​မကျ​အောင်​ ​ကောင်​​လေး မကုစား​ပေးနိုင်​ခဲ့ဘူး။ ဟုတ်​တယ်​....​ကောင်​​လေး မင်း ရက်​စက်​ခဲ့တယ်​။ YoonMin [Yaoi] By:K...