( Unicode )
" တောင်းပန်ပါတယ် ၊ ကိုကို တကယ်တောင်းပန်ပါတယ် ၊ ကိုကိုက ... ကိုကိုက ညီမလေးအတွက် ရှက်စရာဖြစ်နေခဲ့ရင် ... "
ကိုကိုရှင်းရှင်းက ဘာအပြစ်မှမရှိဘဲ တောင်းပန်နေသည်။ ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျနေပြီး တိုးညင်းလွန်းသောအသံမှာလည်း တုန်ခိုက်နေ၏။ ကိုကိုရှင်းရှင်းကို သနားလွန်း၍ သင်းပျံ့ ဘာလုပ်ရမည်မှန်းပင် မသိတော့ပါ ။ ရုတ်တရက်ဆိုတော့လည်း နှစ်သိမ့်စရာစကားလုံးက ချက်ချင်းရှာမတွေ့သေး။ ကိုကို့ကိုသာ ဖက်ပြီး ကိုကိုနှင့်အတူငိုချမိသည်။ ငယ်ငယ်ကလည်း ကိုကိုရှင်းရှင်းငိုလျှင် သင်းပျံ့က လိုက်ငိုနေကြ။
" ကိုကိုတောင်းပန်ပါတယ် .... "
" ဟင့်အင်း ၊ ကိုကိုက ဘာလို့တောင်းပန်နေတာလဲ ၊ ကိုကို ဘာအပြစ်မှ မလုပ်ထားဘူးလေ "
သင်းပျံ့ ကိုကိုရှင်းရှင်းကိုဖက်ထားရာကနေ ခွာပြီး မျက်ရည်တွေ သုတ်လိုက်သလို ကိုကို့မျက်ရည်တွေကိုလည်း တစ်စမကျန် ဖယ်ရှားပေးလိုက်၏ ။ ကိုကို့ကို အားပေးရမည်။ ကိုကို့စိတ်ထဲက စိုးရိမ်ပူပန်မှုတွေကို ဖြေဖျောက်ပေးရမည်။
" ညီမလေးကသာ တောင်းပန်ရမှာ ၊ ကိုကို အခုလို တစ်ယောက်တည်း စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်ဖိစီးနေခဲ့တာကို မသိခဲ့မိတဲ့အတွက် ညီမလေးကသာ တောင်းပန်ရမှာပါ "
" ဒါဆို ညီမလေး ကိုကို့ကို လက်ခံနိုင်တယ်ပေါ့ ဟုတ်လား "
" ညီမလေးက ဘာလို့ လက်မခံရမှာလဲ ကိုကို ၊ ကိုကိုက ဘာနေနေ ညီမလေးရဲ့ အစ်ကိုပဲလေ ၊ ဖေဖေနဲ့မေမေကလဲ ညီမလေးတို့ကို လူတစ်ယောက်ကို လူတစ်ယောက်လို့ပဲ မြင်တတ်အောင် သင်ပေးထားခဲ့တာ မဟုတ်လား ၊ ပြီးတော့ လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူ့ရဲ့ လိင်စိတ်တိမ်းညွှတ်မှုနဲ့ မသက်ဆိုင်ဘူးဆိုတာ ညီမလေး နားလည်ပြီးသားပါ ၊ ကိုကိုက ယောက်ျားလေးချင်း စိတ်ဝင်စားတဲ့သူ ဖြစ်နေလဲ အဲဒါ ကိုကို့ရဲ့ အမှားမဟုတ်သလို အားနည်းချက်လဲ မဟုတ်တာမို့ ကိုကို အားငယ်စရာ မလိုဘူးနော် "
ပျံ့ပျံ့ရဲ့အားပေးစကားက ရှင်းသန့် တစ်ချိန်လုံး စိုးရိမ်ကြောင့်ကြနေခဲ့ရသည့် သောကတစ်ဝက်လောက်ကို လျော့ကျသွားသလို ခံစားရစေသည်။ အသက်တစ်ဆယ့်ငါးနှစ်ကျော်နေပြီဖြစ်သည့် သင်းပျံ့လေးက ငယ်ငယ်ကလို ရှင်းသန့် ပြောသမျှ လိုက်လုပ်တတ်သည့် ကလေးမလေး မဟုတ်တော့။ သူတို့ဓာတ်ပုံတွေကို ရောင်းစားပြီး ပိုက်ဆံရှာတတ်သော လူလည်မလေးသည် အခုတော့ အသိဉာဏ်ရော ဗဟုသုတပါ ကြွယ်ဝပြီး အစ်ကိုဖြစ်သူကိုပါ ပြန်ခွန်အားပေးနိုင်သည့် မိန်းကလေးတစ်ယောက် ဖြစ်နေခဲ့ပြီ ။
" ကိုကို ဒီအကြောင်းကို ဖေဖေတို့ကို ဖွင့်ပြောချင်လား "
" ဟင့်အင်း ၊ တစ်နေ့နေ့တော့ ကိုကို ပြောပြမှာပါ ၊ အခုတော့ မဟုတ်သေးဘူး ပျံ့ပျံ့၊ အဲဒါမို့ ညီမလေးက... "
" ညီမလေး သိတယ် ကိုကို ၊ ကိုကို အဆင်သင့် မဖြစ်မချင်း ညီမလေးလဲ ဖေဖေတို့ကို မပြောပါဘူး ၊ ဒါပေမဲ့ ညီမလေး အာမခံနိုင်တာကတော့ ဖေဖေတို့ မေမေတို့က ဒါကိုလက်ခံပေးနိုင်တဲ့ မိဘတွေ ဖြစ်နေမယ်ဆိုတာပဲ ၊ အဲဒါမို့ ကိုကို စိတ်မပူနဲ့နော် ၊ ပြီးတော့ အဲဒီနေ့ရောက်ရင် ကိုကြီးခန့်ကလဲ ညီမလေးလိုပဲ ကိုကိုနဲ့အတူ ရှိနေလိမ့်မယ် "
ကိုကိုရှင်းရှင်းက ပျံ့ပျံ့လက်ချောင်းလေးများကို ဖျစ်ညှစ်ပြီး ခေါင်းညိတ်ကာ ပြုံးပြသည်။ အပြည့်အဝ စိတ်အေးသွားသည့် အပြုံးမျိုးတို့မဟုတ်ပေ။ ကိုကို့ဆီမှာ ပူပန်စရာတွေ ရှိနေသေးသည် ထင်ပါရဲ့။
" ဒါနဲ့ ကိုကိုက Gayဆိုတာကို ဘယ်လိုသိတာလဲ ၊ ကိုကို့မှာ ချစ်သူရှိနေပြီလား "
သည်မေးခွန်းက ရှင်းသန့်အတွက် ဖြေဖို့ သိပ်တော့မလွယ်ပါ ။ ရှင်းသန့်လည်း ကိုယ့်ကိုယ်ကိုယ် ဘာဆိုတာ ခေါင်းစဉ်တပ်ဖို့ အမျိုးမျိုး စဉ်းစားခဲ့ရသည်။ အင်တာနက်မှာ တွေ့ရသော စစ်ဆေးချက်တွေကနေလည်း အဖြေရှာကြည့်ခဲ့၏။ ယောက်ျားလေးသူငယ်ချင်းများနှင့် နီးနီးကပ်ကပ်နေရတိုင်း စိတ်လှုပ်ရှားခြင်းမျိုးတော့ ရှင်းသန့်ဆီမှာ မဖြစ်ပါ။ သို့သော် သူ့ရင်ခုန်သံတွေကို မြန်စေသည့် တစ်ယောက်သောသူကတော့ ယောက်ျားလေးတစ်ယောက် ဖြစ်နေခဲ့သည်။
စိတ်ကူးထဲမှာ ပုံဖော်ကြည့်လိုက်တိုင်း ချစ်ရသူဟာ ဘုဏ်းဇေယျာကျော်ဆိုသည့် သူငယ်ချင်းလေးကလွဲပြီး တခြားမရှိ။ ဘုဏ်းဇေတစ်ယောက်တည်းကသာ ရှင်းသန့်နှလုံးသားကို လှုပ်ရှားစေသူ ။ ဘုဏ်းဇေ ပြုံးနေလျှင် သူလည်းပျော်သည်။ ဘုဏ်းဇေ ဝမ်းနည်းနေမှာကို စိုးစဉ်းမျှမလိုလား ။ ဘုဏ်းဇေ သူ့ဘေးမှာ အိပ်ပျော်နေတာကြည့်ရင်း ဘုဏ်းဇေမသိအောင် ခိုးနမ်းချင်သည်။ အိပ်မက်ထဲမှာတောင် ဘုဏ်းဇေရဲ့လက်တွေကို လွှတ်မပေးချင်ပါ ။
ဘယ်ဘာသာစကားနဲ့ပဲဖြစ်ဖြစ် အချစ်ဆိုသော စကားလုံးက ရှင်းသန့်တည်ကြည်အတွက်တော့ ဘုဏ်းဇေယျာကျော်ဟုသာ အဓိပ္ပာယ်ရသည်။
စိတ်ထဲရှိသည့်အတိုင်း ဝန်ခံရလျှင် သူနှင့်ဘုဏ်းဇေကြားက သူငယ်ချင်းဆိုသည့် အရောင်လေးကို ဆေးဆိုးပစ်လိုက်ရမှာ ရှင်းသန့်ကြောက်ရွံ့မိတာအမှန်။ သို့သော်လည်း တစ်စတစ်စ တိုးပွားလာသည့် နှလုံးသားထဲက ခံစားချက်တွေကို ရှင်းသန့်အနေနှင့် တားဆီးလို့မရ။ သူ့ဘက်ကစပြီး သူငယ်ချင်းဆိုသည့် စည်းကိုကျော်ပစ်ဖို့ကျလည်း မဝံ့ရဲပြန်ပါ ။
" ညီမလေး မေးတာ ဖြေဦးလေ ၊ ကိုကို့မှာ ချစ်သူရှိနေပြီလားလို့ "
" ကိုကို့မှာ ချစ်သူမရှိသေးပါဘူး ၊ ဒါပေမဲ့ ကိုကို ချစ်ရတဲ့သူတော့ ရှိတယ် "
" သူက ဘယ်သူလဲ ကိုကို ၊ ညီမလေးကို ပြောပြ ၊ ညီမလေးက ဘယ်သူ့မှ ပြန်မပြောပါဘူး "
ရှင်းသန့် သက်ပြင်းတစ်ချက်ကို ခပ်လေးလေးချရင်း ဒန်းပေါ်ကို မှီလိုက်ကာ ...
" ဘုဏ်းဇေ "
သူ့ပါးစပ်က သည်အမည်ကို ထွက်လိုက်လျှင် ပျံ့ပျံ့လေး အံ့ဩမင်သက်သွားလေမလားဟု ရှင်းသန့်ထင်ထားခဲ့ပေမဲ့ တကယ်တမ်းကျ သူ့ညီမလေးက မအံ့ဩသည့်အပြင် ပြုံးစိစိရုပ်လေးနှင့်သာ ကြည့်နေ၏ ။
" ထင်တော့ထင်သားပဲ ...အဟင်း ၊ ကိုကိုဘုဏ်းဇေကရော ဘယ်လိုလဲ ၊ ညီမလေးတော့ ကိုကိုဘုဏ်းဇေလဲ ကိုကို့လိုပဲ ခံစားရလိမ့်မယ်လို့ ထင်တယ် ၊ မဟုတ်ဘူး သူက ပိုတောင်ပိုဦးမှာ ၊ ကိုကို့နောက်ပဲ တစ်ချိန်လုံး လိုက်ကပ်နေတာ ၊ ဟိုတစ်ခါ မမြတ်မှူးခင် ဓာတ်ပုံလာရိုက်တုန်းကလဲ ကိုကို့ကို သူ သဝန်တွေတိုနေတာ အသိသာကြီး ... ဟီးဟီး "
သည်အစ်ကိုနှစ်ယောက်ကြားက သံယောဇဉ်ကို ပျံ့ပျံ့ ခေါင်းစဉ်မပေးတတ်သော်လည်း သူငယ်ချင်းထက်ပိုသည့် တွယ်တာမှုတွေကိုတော့ မသိဘဲ မနေခဲ့ပါ။ ကိုကိုရှင်းရှင်း ဖျားလျှင် အိမ်ကို ချက်ချင်းရောက်လာတတ်သော ကိုကိုဘုဏ်းဇေ ။ ကိုကိုရှင်းရှင်း ဖုန်းပြောရင်း ပြုံးနေလျှင် သွားမကြည့်လိုက်နှင့် ။ တစ်ဖက်ကလူဟာ ကိုကိုဘုဏ်းဇေ ။
" အွန်း ...အဲဒါမို့ ... အဲဒါမို့ ကိုကို အခက်တွေ့နေတာပေါ့ "
" ဘာကိုလဲ ကိုကို "
" ကိုကို့ဘက်က တစ်ဖက်သက် ခံစားချက်တွေသာဆိုရင် ကိုကို့ဟာကိုကိုပဲ တိတ်တိတ်လေး ထိန်းချုပ်ထားလိုက်မှာ ၊ အခုကျ သူလဲ ကိုကို့လိုပဲလို့ သိနေရတဲ့အခါ ဒီခံစားချက်တွေကို မရပ်တန့်လိုက်ချင်ဘူး ၊ ရှေ့ဆက်တိုးချင်လာတယ် ၊ တဖြည်းဖြည်းနဲ့ သူ့ကို ကိုကို့အပိုင်ဖြစ်အောင် လောဘတက်ချင်လာတယ် ၊ ကိုကိုတို့က အဲလိုဖြစ်လို့ မရဘူးလေ ညီမလေးရဲ့ ၊ ဖြစ်လဲ မဖြစ်သင့်ဘူးမို့လား "
" ဘာလို့ မဖြစ်သင့်ရမှာလဲ ကိုကို ၊ လူနှစ်ယောက် ချစ်တာဟာ ကောင်းတဲ့ကိစ္စပဲ၊ မုန်းကြတာမှ မဟုတ်တာ ၊ ကမ္ဘာပေါ်မှာ အမုန်းကြောင့် ဖြစ်တဲ့ စစ်ပွဲတွေသာရှိတာ ၊ ချစ်ကြလို့ စစ်ခင်းတာမျိုး မရှိပါဘူး "
" ဒါပေမဲ့ ဘုဏ်းဇေက ဒီနိုင်ငံရဲ့ အိမ်ရှေ့မင်းသားလေ ပျံ့ပျံ့ရယ် ၊ တစ်ချိန်မှာ ဧကရာဇ်ဖြစ်လာမဲ့ လူတစ်ယောက်အတွက် သူနဲ့လိုက်ဖက်တဲ့ ကြင်ယာတော်ဟာ မိန်းကလေးတစ်ယောက်ပဲ ဖြစ်ရမှာမို့လား ၊ ကိုကို့လို ယောက်ျားလေးက... "
သင်းပျံ့ နားလည်လိုက်ပါပြီ။ ကိုကိုရှင်းရှင်း ဘာကြောင့် စိတ်ပူနေရသလဲဆိုတာ ။ သင်းပျံ့လည်း သည်ကိစ္စဟာ မလွယ်ကူမှန်း သိပေမဲ့ အခုချိန်မှာတော့ ကိုကို့ကို အများကြီးတွေးပြီး စိတ်မကောင်း ဖြစ်မနေစေချင်ပါ ။
" ပစ္စုပ္ပာန်ကိုပဲ အာရုံစိုက်စမ်းပါ ကိုကိုရယ် ၊ ဘာလို့ မဖြစ်သေးတဲ့ အဝေးကြီးက ကိစ္စတွေကို တွေးနေရတာလဲ ၊ မနက်ဖြန်တောင် ဘာဖြစ်နိုင်မှန်း အတိအကျ ကြိုပြောမရတဲ့ လောကကို "
" ဒါတော့ ဒါပေါ့ ပျံ့ပျံ့ရဲ့ ၊ ဒါပေမဲ့လဲ ... "
" ဒါပေမဲ့ မနေနဲ့ ကိုကို ၊ ကိုကိုဘုဏ်းဇေ ဘုရင်မဖြစ်ခင် ကြားထဲမှာ နိုင်ငံရေးက တစ်ခုခု ပြောင်းသွားတာမျိုးလဲ ဖြစ်နိုင်တာပဲကို ၊ ဥပမာ အမေရိကန်တပ်တွေ ဝင်လာပြီး ညီမလေးတို့ နိုင်ငံကြီးကို သိမ်းပိုက်လိုက်လို့ ဘုရင်စနစ်ပျက်သုဉ်းသွားတာတို့ ၊ ဒါမှမဟုတ် ရာသီဥတုဖောက်လွဲဖောက်ပြန်မှုတွေ ဆိုးဆိုးရွားရွားဖြစ်ပြီး မီးတောင်တွေပေါက်ကွဲ ၊ ရေခဲမြစ်တွေအရည်ပျော် ၊ ငလျင်တွေလှုပ်ပြီး ကမ္ဘာကြီးပျက်သွားတာတို့ "
" နင်ပြောမှ ပိုဆိုးကုန်ပါပြီ ပျံ့ပျံ့ရာ "
" ညီမလေးက ဥပမာပြောတာပါ ကိုကိုရဲ့ "
" နင့်ဥပမာတွေက အကောင်းဆိုတော့ ..."
ပျံ့ပျံ့ရဲ့နဖူးကို လက်သီးဆုပ်ဖြင့် ခပ်ဖွဖွထုတော့ ပျံ့ပျံ့က ဇက်ကလေးပုပြီး ရယ်သည်။ ရှင်းသန့် စိတ်ထဲမှာ ကျန်နေသေးသည့် ပူပန်မှုတွေလည်း တော်တော်များများ လျော့ကျသွားပြီဟုထင်ရသည် ။ သူ့ညီမလေးပြောသလို ပစ္စုပ္ပာန်ကိုပဲ အာရုံစိုက်လိုက်တာ အကောင်းဆုံးပဲ ဖြစ်ပါလိမ့်မည်။
" တော်သေးတာပေါ့ ...အဟင်း "
" ဘာကိုလဲ "
" ညီမလေးမှာ အစ်ကိုတွေပဲရှိတော့ ယောင်းမတွေပဲ ရမှာလို့ ထင်ထားတာ ၊ အခုတော့ ယောင်းမတစ်ယောက် ခဲအိုတစ်ယောက် ရတော့မယ်...အဟား... "
" အာ...ဒီကလေးမ "
" ရှက်သွားတာလား ...အဟားဟား "
ရှင်းသန့် နောက်ကလိုက်ရိုက်တော့ သင်းပျံ့က အိမ်ထဲ ဝင်ပြီး အပေါ်ထပ်အထိ တက်ပြေးသည်။ လှေကားပေါ်က သူတို့မောင်နှမ၏ ခြေသံတဒုန်းဒုန်းကြောင့် လူကြီးတွေ လှမ်းဆူတာ ခံကြရသေး၏။ ညဉ့်နက်လာသည်နှင့်အမျှ ခြံထဲက ကံ့ကော်ပန်းနံ့လေးများကလည်း ပိုမိုမွှေးကြိုင်လာပြီ ။
ရှင်းသန့် အခန်းထဲရောက်ရောက်ချင်း အိပ်ရာပေါ်မှာ ကျန်ခဲ့သည့် ဖုန်းကို ကောက်ကိုင်လိုက်သည့်အခါ Good Night ဆိုသော message တစ်စောင်က အဆင်သင့် စောင့်ကြိုနေတာ တွေ့ရသည် ။
' ငါတော့ မင်းနဲ့ တကယ်ဒုက္ခပါပဲ ခွေးပေါက်လေး '
*****
ငြိမ်းအေးသာစံမြို့အပြင်ဘက် ဆယ်မိုင်ခန့် အကွာရှိသစ်တောစိမ်းစိမ်းများဖုံးနေသော တောင်ကုန်းတစ်ခုပေါ် တွင် တော်ဝင်မိသားစု တစ်ခါတရံ လာရောက်အနားယူလေ့ရှိသည့် နွေရာသီစံအိမ် ရှိသည်။ နွေရာသီစံအိမ်ဟု အမည်ပေးထားသော်လည်း တော်ဝင်မိသားစုက စိတ်ကူးပေါက်ရင်ပေါက်သလို ဘယ်အချိန်ဖြစ်ဖြစ် လာနေလေ့ရှိတတ်သည်။
အဖြူရောင်ရဲတိုက် ပုံသဏ္ဌာန် ဆောက်လုပ်ထားသော သည်စံအိမ်တွင် အစောင့်ချထားသော အမှုထမ်းအနည်းငယ်ရှိပြီး ထိုအမှုထမ်းများက တော်ဝင်မိသားစု အချိန်မရွေး လာရောက် နေထိုင်နိုင်ရန် စံအိမ်တစ်ခုလုံးကို အမြဲသန့်ရှင်းသပ်ရပ်နေအောင် ထိန်းသိမ်းထားကြသည်။
တောင်ကုန်းပေါ်သို့ ကားဖြင့် အလွယ်တကူ သွားလာနိုင်ရန် အဆင်းလမ်းနှင့်အတက်လမ်း နှစ်မျိုး ဖောက်လုပ်ထားပြီး စံအိမ်၏အနောက်ဘက်မှာလည်း Golfရိုက်ဖို့နှင့် ရဟတ်ယာဉ်ဆင်းသက်စရာကွင်းကျယ်တစ်ခုရှိသေး၏။ ဘယ်ဘက်မှာ ရေကူးကန်ရှိပြီး ညာဘက်မှာ ဘတ်စ်ကတ်ဘောကစားကွင်း ပြုလုပ်ထားသည်။ မျက်နှာစာမှာတော့ အလှစိုက်ပန်းပင်များက သူ့အမျိုးအစားနှင့်သူ စီစီရီရီ ။
" ဘုဏ်းဇေ ၊ ငါသာ မင်းနေရာမှာဆို နန်းတော်ထဲနေမဲ့အစား ဒီမှာပဲ အမြဲလာနေမှာ ၊ အခုတောင် ကိုယ့်ကိုယ်ကိုယ် Disney ရုပ်ရှင်တွေထဲ ရောက်သွားသလိုပဲ "
ကောင်းယံက နွေရာသီစံအိမ်ကို တော်တော်သဘောကျနေသည်။ ရောက်ကတည်းက စံအိမ်တစ်ခုလုံးအနှံ့ပတ်ပြီး တစ်နေရာပြီးတစ်နေရာ ဝင်လိုက်ထွက်လိုက်လုပ်ဖြင့် လျှောက်ကြည့်နေတာ မမောနိုင်မပန်းနိုင် ။
ဘုဏ်းဇေယျာကျော် အရင်က သူငယ်ချင်းတွေနှင့် သည်ကို တစ်ခါမျှ မလာခဲ့ဖူးပါ ။ ရှင်းသန့်ကိုပင် ခေါ်မလာခဲ့ဖူးတာမို့ ရှင်းသန့်လည်း အခုမှ နွေရာသီစံအိမ်ကို ပထမဆုံးအကြိမ် ရောက်ဖူးခြင်းပင်။
နန်းတော်ထဲက အိမ်ရှေ့မင်းသားစံအိမ်မှာလို သည်နွေရာသီစံအိမ်မှာလည်း စန္ဒရားအပါအဝင် တူရိယာအစုံရှိသည်။ ထို့ကြောင့် သူတို့တတွေ စကားပြောလိုက်ကြ သီချင်းဆိုလိုက်ကြဖြင့် အချိန်တွေ ဘယ်လိုကုန်လို့ ကုန်သွားမှန်းပင် မသိလိုက်ကြ။ ညနေရောက်တော့ ဘတ်စ်ကတ်ဘော ကစားကြပြီး ရေကူးကန်ထဲမှာ ရေကူးပြိုင်ကြသေးသည်။
ညစာအတွက် သူတို့ကိုယ်တိုင် ပြင်ဆင်ကြမည် ဖြစ်၍ အမှုထမ်းအားလုံး စံအိမ်ထဲကို ဝင်မလာကြတော့ဘဲ သူတို့ချည်းသာ လွတ်လွတ်လပ်လပ် ကျန်ရစ်သည် ။ လိုအပ်တာအားလုံးကို မြို့ထဲကနေ တစ်ခါတည်း ဝင်ဝယ်ခဲ့ကြပြီးသားမို့ ညစာပြင်ဆင်ဖို့ကလည်း အဆင်သင့်ပင် ။
သည်တစ်ခါတော့ ဆယ့်ရှစ်နှစ်ပြည့်ပြီးကြပြီ ဖြစ်သောကြောင့် အရက်ဝယ်ခွင့်လည်း ရခဲ့ကြပြီ။
သူတို့ဆီမှာ ရှင်းသန့်အဖေထံမှ ဆယ့်ရှစ်နှစ်ပြည့်လက်ဆောင်အနေဖြင့် ရထားသည့် ခုနစ်နှစ်သက်တမ်းရှိသော ဝိုင်နီတစ်ပုလင်းလည်း ပါသေး၏။
အာကာက သီချင်းဗီဒီယိုတစ်ပုဒ်မှာ bartender နေရာက ဝင်သရုပ်ဆောင်ဖူးသဖြင့် သူငယ်ချင်းတွေကို cocktail စပ်ပေးမည်ဟု အာမခံထားသည်။ cocktailစပ်ဖို့ vodkaနှင့် သစ်သီးများကိုလည်း သူ့စိတ်ကြိုက် ရွေးဝယ်လာ၏ ။ သည်ညအတွက် သီဟနှင့် ကောင်းယံက အာကာ့လက်ထောက်ဖြစ်ပြီး အာကာခိုင်းသမျှ ဘေးကနေ ကူပေးကြရသည်။
စံအိမ်ထဲက မီးဖိုခန်းထဲတွင် ရောင်ရှိန်က Steak လုပ်နေပြီး ရှင်းသန့်က အာလူးချောင်းကြော်ကာ ဆလပ်သုပ်ဖို့ ပြင်သည်။ ဘုဏ်းဇေတစ်ယောက်ကတော့ ရှင်းသန့်ဘေးကနေ ဟိုဟာမြည်းသည်ဟာမြည်းကလွဲပြီး ဘာမှလုပ်တတ်သူမဟုတ် ။ လုပ်ဖို့လည်း စိတ်ကူးရှိပုံမရပေ။
" ရှင်း ... ဆလပ်သုပ်က မြည်းကြည့်လို့ရပြီလား "
" ရပြီ ၊ မြည်းကြည့်မလား "
" အွန်း ... ခွံ့ကျွေး "
အမှန်အတိုင်း ဝန်ခံရလျှင် ဘုဏ်းဇေယျာကျော်ကို ရောင်ရှိန် သိပ်ကြည့်လို့ မရချင်တော့ပါ။ ဘုဏ်းဇေဆီက ဘာအကူအညီမှလည်း မရ။ အသီးလှီးသူကလှီး ၊ အခွံနွှာသူကနွှာဖြင့် သူတို့အားလုံး အလုပ်ရှုပ်နေချိန် ဘုဏ်းဇေက ဖုန်းတစ်လုံးဖြင့် Candy Crush Saga Level 200ကို အသည်းအသန် ထိုင်ဆော့နေ၏။ ထို့အပြင် ရှင်းသန့်ကိုပါ စားစရာ တစ်မျိုးပြီးတစ်မျိုး ခွံ့ကျွေးခိုင်းသေးသည်။
တော်တော်အမြင်ကတ်ဖို့ကောင်းသည့် အိမ်ရှေ့မင်းသား ။
" အား... "
ဆလပ်သုပ်ကို အပြီးသတ်နယ်ပြီး ဘုဏ်းဇေကို ခွံ့ကျွေးလိုက်ချိန် ရှင်းသန့်လက်ညှိုးပါ အကိုက်ခံလိုက်ရသည်။ ဘုဏ်းဇေက ရှင်းသန့်လက်ညှိုးကို ကိုက်ပြီး ချက်ချင်းလွှတ်မပေးဘဲ ခဏလောက် ငုံခဲထားသေး၏။ လွှတ်ပေးပြီးတော့လည်း မျက်နှာက မချိုမချဉ်လုပ်နေသည်။
ရှင်းသန့်မှာ အကိုက်ခံရတာ သိပ်မနာသော်လည်း သူ့လက်ကိုငုံပြီး လျှာဖျားဖြင့် တို့ခံလိုက်ရသဖြင့် တစ်ကိုယ်လုံး ရှိန်းဖိန်းသွားသလို ခံစားလိုက်ရသည်။
ဘုဏ်းဇေယျာကျော်က သူ့ကို ဘာများဖြစ်စေချင်နေပါလိမ့်။
" ဘာလို့ကိုက်တာလဲ ၊ မင်းက ခွေးလား "
" ဟုတ်တယ်လေ ၊ မင်းပဲ ငါ့ကို ခွေးပေါက်လေးဆို "
" တော်စမ်းပါ ၊ သွား.. မင်း ဒီနားမလာတော့နဲ့ ၊ အာကာတို့ဆီသွားနေ "
မီးဖိုခန်းထဲက ဘုဏ်းဇေကို နှင်ထုတ်ပေမဲ့ ထွက်မသွားသည့်အပြင် ရှင်းသန့်အနားကို ပိုပြီးတောင် ကပ်လာသေး၏။ လက်တစ်ဖက်ကိုလဲ ရှင်းသန့်မျက်နှာရှေ့ ထိုးပေးရင်း ...
" စိတ်ဆိုးသွားတာလား ၊ နာလဲမနာဘဲနဲ့ကွာ ၊ ငါဖွဖွလေး ကိုက်တာကို၊ မကျေနပ်ရင် ငါ့လက်ကိုပြန်ကိုက် ၊ ရော့ ...ကိုက် ၊ မင်း စိတ်ကျေနပ်တဲ့အထိ ပြန်ကိုက် ရှင်း ၊ ကိုက်လို့ "
" ဖယ်စမ်းပါ ၊ ကလေးကလားတွေ လာလုပ်မနေနဲ့ "
ရှင်းသန့်က ဘုဏ်းဇေလက်ကို ပုတ်ထုတ်ပြီး သူ့ကို အတင်းလိုက်ကပ်နေသော ခန္ဓာကိုယ်ကိုပါ တွန်းလွှတ်နေ၏။ လင်းရောင်ရှိန် သည်မြင်ကွင်းကို ဘယ်လိုမှ ရပ်ကြည့်မနေနိုင်တော့။ စံအိမ်ပိုင်ရှင်ကို အင်္ကျီကော်လံကနေ နောက်ပြန်ဆွဲပြီး မီးဖိုခန်းထဲမှ ဆွဲထုတ်ပစ်မိသည် ။ ဘုဏ်းဇေက သူဆွဲတဲ့နောက် ယက်ကန်ယက်ကန် ပါလာရင်း ပါးစပ်ကလည်း တရှင်းရှင်းဖြင့် အော်နေ သေး၏။
" ငါ မင်းကို လုံးဝ ကြည့်လို့မရတော့ဘူး ဘုဏ်းဇေယျာကျော် ၊ မင်းကလေ တော်ရုံပဲကောင်းတယ် သိလား "
" အာ့...ငါ မင်းကို ဘာလုပ်လို့လဲ ၊ ငါ့ဟာငါ ရှင်းသန့်တည်လေးကို စနေတာလေ ၊ ရှင်း...ငါ့ကို လာကယ်ပါဦး ၊ ရှင်းလို့... ဒီမှာ ငါအနိုင်ကျင့်ခံနေရတာ မမြင်ဘူးလား ၊ ရှင်း ..မင်း ဒီလိုပဲ ငါ့ကို ဥပေက္ခာပြုထားမှာလား ၊ ရှင်း..."
" တရှင်းရှင်းနဲ့ နားငြီးတယ်လို့ ၊ မင်းဟာမင်း ရှင်းချင်ရင် တခြားသွားရှင်း သွား "
ဘုဏ်းဇေကို အပြင်တွန်းပို့ပြီး မီးဖိုခန်းတံခါးကိုပါ ပိတ်ထားလိုက်၏။ ဒါမှ ဒီအိမ်ကြီးရှင် ပြန်ဝင်လာလို့ မရမှာ ။
တံခါးပိတ်ပြီး ပြန်လှည့်လာချိန် ရှင်းသန့်က ငါးမုန့်ကြော်နှင့် ဝက်ခေါက်ကြော်ထုပ်တွေကို ပါးကန်ပြားတွေထဲ ဖောက်ထည့်နေသည်။ ရောင်ရှိန် ဝက်ခေါက်ကြော်တံဆိပ်ကို သေချာကြည့်လိုက်ပြီး
" ဝက်ခေါက်ကြော်က ဟိုတို့ဟူးနွေးဆိုင် သွားဝယ်လာပြန်တာလား "
" အေးလေ ၊ ဘုဏ်းဇေက အဲဒီကဟာမှ ကြိုက်တာကိုး "
ရှင်းသန့်ကိုလည်း ရောင်ရှိန် ဩချမိသည်။ ငယ်ငယ်ကတည်းက ရှင်းသန့်တစ်ယောက်က ဘုဏ်းဇေရဲ့အနွံတာကို သိပ်ခံနိုင်သည်။ ပါးစပ်ကသာ တစ်ခါတရံ အကန်တွေ ပြောတတ်ပေမဲ့ ဘုဏ်းဇေအပေါ်ကို ရှင်းသန့်လောက် ဂရုစိုက်နိုင်တဲ့သူမရှိ ။ ဘုဏ်းဇေမျက်နှာ တစ်ချက် ညှိုးပြလိုက်တာနဲ့ ရှင်းသန့်က ဘုဏ်းဇေဆန္ဒအတိုင်း အကုန်လိုက်ဖြစ်ပေးပြီးသားပင် ။ ဒါကြောင့်လည်း ဘုဏ်းဇေက ရှင်းသန့်တစ်ယောက်တည်းအပေါ်မှာ ကလေးလို လိုက်ကပ်ချွဲနေခြင်းဖြစ်၏ ။
တကယ်ဆို ရောင်ရှိန်တို့အုပ်စုထဲမှာ အစားအသောက်နှင့် ပတ်သက်လျှင် ရှင်းသန့်က အစားအရွေးဆုံးဖြစ်ပြီး ဘုဏ်းဇေက ဘာနေနေ အကုန်စားလေ့ရှိသူ ။ သို့သော် ဘုဏ်းဇေ တစ်ခုခုစားချင်တိုင်း ရှင်းသန့်က မကြိုက်လည်း ဘုဏ်းဇေရှေ့ကနေ အရင်စားကြည့်လေ့ရှိသည်။
မလိုသူ တစ်ယောက်ယောက်ကများ အိမ်ရှေ့မင်းသားကို အစားအသောက်နှင့် လုပ်ကြံလျှင် ရှင်းသန့်တည်ကြည်က အရင်သေလိမ့်မည် ။
ကိုယ်ကာယ လေ့ကျင့်ခန်းတွေ လုပ်ရတာ မကြိုက်ဘဲ အမြဲတမ်း စာအုပ်တစ်အုပ်နှင့် အေးရာအေးကြောင်းနေတတ်သည့် ရှင်းသန့်က ဘုဏ်းဇေ Jiu Jitsu လေ့ကျင့်ချင်သည့် အချိန်တိုင်း အသားအနာခံပြီး အတူလိုက်ကျင့်ပေးတတ်ရှာ၏ ။ အဲသည်လိုအချိန်မျိုးဆို ဘုဏ်းဇေအနား ဘယ်သူမှ မကပ်ပေမဲ့ ရှင်းသန့်ကတော့ ပုခုံးတစ်ခုလုံး နာသွားတဲ့အထိ သည်းခံနိုင်သူပါ ။
ဘုဏ်းဇေအတွက် ရှင်းသန့်က သူငယ်ချင်းတစ်ယောက်ထက် ပိုပြီး ထူးခြားသည့်သူ ဆိုတာကိုလည်း ရောင်ရှိန် သတိထားမိခဲ့သည်။ လေးတန်းကျောင်းစဖွင့်တဲ့နေ့မှာ ရှင်းသန့် ရောက်မလာခင်ကတည်းက ရှင်းသန့်အတွက် ဘုဏ်းဇေက နေရာဦးပေးထားခဲ့သည်။ ပြောရမယ်ဆို အဲဒီအချိန်ကတည်းက သူ့သူငယ်ချင်းရဲ့ နှလုံးသားထဲမှာ ရှင်းသန့်တည်ကြည်ဆိုတဲ့ ကျောင်းသားသစ်ကလေးက နေရာယူသွားခဲ့ပြီ ။
ရှင်းသန့် နေမကောင်း၍ ကျောင်းပျက်တဲ့နေ့မျိုးဆို ဘုဏ်းဇေလည်း နေ့လယ်စာ မစားနိုင်ခဲ့ ။ ရှင်းသန့် ငါးမိနစ်လောက် မျက်စိအောက်က ပျောက်သွားတာနှင့် တပြိုင်နက် ဘုဏ်းဇေက ကျီးကန်းတောင်းမှောက် လိုက်ရှာတတ်သူ ။ ရှင်းသန့်မှာ အန္တရာယ်တစ်ခုခု ရှိနေလျှင် ဘုဏ်းဇေက ထိုအန္တရာယ်တွင်းထဲအထိ ပြေးလိုက်တဲ့သူပါ ။
သူ့သူငယ်ချင်းလေးနှစ်ယောက်ကြားမှာ ချည်နှောင်ထားတဲ့ကြိုးဟာ သာမန်မဟုတ်မှန်း လင်းရောင်ရှိန် ရိပ်မိနေခဲ့တာ ကြာပါပြီ။ ရောင်ရှိန့်အတွက်တော့ လိင်တူ စိတ်ဝင်စားကြသူတွေဟာလည်း ဘာမျှထူးဆန်းမနေ ။ သူ့မိဘတွေနှင့် နေရာပေါင်းစုံသွားဖူးသူမို့ လူပေါင်းစုံနှင့်လည်း တွေ့ခဲ့ရဖူးသည်။ ထို့ကြောင့် လိင်တူပဲချစ်ကြချစ်ကြ ၊ လိင်ကွဲပဲချစ်ကြချစ်ကြ ချစ်ခြင်းမေတ္တာမှန်သမျှ အတူတူ လှပသည်ဟုသာ ခံစားရသည်။ ဖြစ်နိုင်လျှင် သူ့သူငယ်ချင်းတွေရဲ့ ချစ်ခရီးလမ်းလေးကိုလည်း အနှောင့်အယှက်မရှိ သာယာလှပစေချင်ပါ၏။
" မင်းတို့ကို ပြောရဦးမယ် ၊ ငြိမ်းအေးသာစံ တက္ကသိုလ်နားမှာ ငါတို့ အိမ်ရာအသစ် တစ်ခုရှိတယ် ၊ အဲဒါ ငါ့အဖေက ကျောင်းဖွင့်ရင် မင်းတို့ရော အတူနေဖို့ ကွန်ဒိုနှစ်ခန်း မရောင်းဘဲနဲ့ ငါ့ကိုပေးထားတယ် ၊ ဘယ်လိုလဲ အတူလိုက်နေကြမယ်မလား "
ညစာကို ထမင်းစားခန်းထဲမှာ မဟုတ်ဘဲ နွေရာသီစံအိမ်၏ သုံးထပ်မြောက်က လသာဆောင်ပေါ် ဝိုင်းဖွဲ့စားသောက်ကြရင်း ရောင်ရှိန်က ကျောင်းဖွင့်လျှင် သူ့ကွန်ဒိုမှာပဲ အတူနေကြဖို့ ပြောသောအခါ အာကာနှင့်ကောင်းယံက ချက်ချင်းသဘောတူကြ၏။ ဘုဏ်းဇေကိုတော့ စာရင်းထဲ ထည့်မထား။ နန်းတော်ကနေပဲ နေ့တိုင်း အသွားအပြန်လုပ်ရမည့်သူမှန်း သိထားသောကြောင့် ။ သီဟကလည်း အိမ်ကနေပဲ ကျောင်းတက်မည်ဟုဆိုသည်။
" ငါကတော့ ငါ့အစ်ကိုလို ကျောင်းက အဆောင်မှာပဲ နေမလို့ "
ရှင်းသန့်စကားကို ကြားကြားချင်း ဘုဏ်းဇေက သောက်လက်စ cocktailကို အမြန်မော့ချပြီး အမိန့်ပေးသည့်လေသံဖြင့်
" မနေရပါဘူး ၊ အဆောင်ဆို လူကများများနဲ့ ၊ ကွန်ဒိုမှာပဲနေ ရှင်းသန့်တည်ကြည် "
" မင်းက ငါ့အဖေလား "
ရှင်းသန့်က ခပ်တည်တည် ပြန်ပြောတော့ ဘုဏ်းဇေက ချက်ချင်း မျက်နှာချိုပြန်သွေး၏။ ရှင်းသန့်အနားကပ်ပြီး လက်မောင်းတစ်ဖက်ကိုလည်းဆွဲကာ
" ရှင်းကလဲ ၊ လူအများကြီးနဲ့ဆို မင်း မနေတတ်ဘူးလေ "
" ငါက သူတို့နဲ့ တစ်ခန်းတည်းအတူ နေမှာမှ မဟုတ်တာ ၊ ကိုယ့်အခန်းကိုယ် နေမှာပဲ "
" ဘာနေနေ ကျောင်းက အဆောင်မှာတော့ မနေပါနဲ့ကွာ ၊ ကိုယ့်သူငယ်ချင်းတွေနဲ့ပဲ အတူနေတာ ပိုမကောင်းဘူးလား ရှင်းရ ၊ ငါလဲ တစ်ခါတလေ မင်းတို့နဲ့အတူ လာနေမှာလို့ ၊ မင်းက ကျောင်းအဆောင်မှာ နေမယ်ဆို ငါလာနေလို့ ဘယ်ရပါ့မလဲ ၊ နော် ...ရှင်း.. နော် "
တခြားသူတွေတောင် ဘာမျှဝင်မပြောလိုက်ရ။ ထုံးစံအတိုင်း ဘုဏ်းဇေ ကပ်ချွဲလိုက်သောအခါ ရှင်းသန့်ဘက်က လိုက်လျောပြီးသား ဖြစ်သွားသည် ။ ကွန်ဒိုနှစ်ခန်းမှာ ရောင်ရှိန်တို့သုံးယောက်က တစ်ခန်းတည်းအတူနေပြီး ရှင်းသန့်ကို သက်သက်တစ်ခန်း ပေးနေရန် အရှင်မင်းသားက စီစဉ်ပေးလိုက်သေး၏ ။ ရှင်းသန့် ပန်းချီဆွဲချင်လျှင် မလွတ်လပ်မှာစိုး၍ဟု ပြောသည်။ ရောင်ရှိန်ကတော့ မယုံပါ ။ ရှင်းသန့်နှင့်အတူ လာနေချင်သည့် ဘုဏ်းဇေယျာကျော်ရဲ့ အကြံကို ရိပ်မိပြီးသား ။
ထိုအချိန် ...
" ဘေဘီ "
အာကာ့ဖုန်းပေါ်မှာ မှတ်ထားသော အမည်။
" ခဏလေး ဟေ့ကောင်တွေ ၊ ငါ ဘေဘီနဲ့ စကားပြောလိုက်ဦးမယ် "
ကောင်းယံကလွဲပြီး ကျန်လေးယောက်သားက အာကာ့ကို အထူးအဆန်း ဖြစ်နေကြသည်။ မမ မမ ဆိုပြီး ဖြစ်နေတာ ဘယ်လောက်မှ မကြာသေးသည့် အာကာက အခု ဘေဘီတဲ့လေ ။
" အဲဒီကောင် နောက်တစ်ယောက် ပြောင်းသွားပြီ "
" ဘယ်တုန်းကလဲ "
" မကြာသေးဘူး ၊ တစ်ပတ်လောက်ရှိသေးတယ် "
စိုင်းအာကာကျော်တို့ အပြောင်းအလဲမြန်ချက်က အံ့ဩစရာ။ သုံးမိနစ်လောက် ဖုန်းပြောပြီး အာကာက ဝိုင်းထဲ ပြန်ရောက်လာ၏ ။ သူ့ကို အံ့ဩတကြီး ကြည့်နေကြသော မျက်နှာတွေကိုလည်း သတိထားမိပုံပေါ်သည်။ မချိုမချဉ် မျက်နှာပေးနှင့် ဘေးမှာ ချထားသော ဂီတာကို ကောက်ကိုင်၏။
" နေပါဦး ၊ မင်း မမက ဘာဖြစ်သွားပြီတုန်း "
ဘုဏ်းဇေ၏ မျက်ဝန်းများက အာကာ့အချစ်ရေးကို တော်တော်စိတ်ဝင်စားနေသည့် အရောင်များဖြင့် ။
" ပြတ်သွားပြီလေ ၊ တကယ်တော့ သူက ငါ့ကို မချစ်ဘူး ၊ အားနာလို့ တွဲခဲ့တာတဲ့ ၊ အဲဒါနဲ့ လမ်းခွဲလိုက်တာ "
" ဟင် ! ဟုတ်ပါပြီ ၊ ပြတ်သွားပြီ ထားပါတော့ ၊ အခု နောက်တစ်ယောက်ဆိုတော့ မင်းဟာက မမြန်လွန်းဘူးလား "
" ဘာလဲ ငါက ရည်းစားနဲ့ပြတ်ပြီး အသည်းကွဲနေရမှာလား ၊ မင်း ဟိုသီချင်း မကြားဖူးဘူးလား ဘုဏ်းဇေ "
" ဘာသီချင်းလဲ "
♪နေရောင် တောင်စွယ်မှာ ကွယ်ရင်
ငွေလမင်းလေး
ထွန်းလင်းလာမယ်လေ
မာယာရှင်လေး မုန်းသွားပါစေ
ကြင်နာသူလေး
တစ်ယောက် လာမယ်လေ ♪
အာကာက ဂီတာတီးပြီး သီချင်းဆိုတော့ ကောင်းယံကပါ အာကာနှင့်အတူ အော်ဆိုသည်။ သူတို့ နှစ်ယောက်စလုံးက ဘယ်အရာကိုမျှ လေးလေးနက်နက် မခံစားတတ်ဘဲ ပေါ့ပေါ့လေးသာ သဘောထားတတ်ကြသူများ ။
♪ ကမ္ဘာမှာ ပျော်သလို နေနိုင်ရင်
လူဖြစ် မရှုံးဘူး တွေးထားသူ ပါလေ
လိုချင်တာလေး လှမ်းလို့ မလွယ်ရင်
လွယ်တာကိုပဲ ရအောင် ယူမယ်... ♪
ဘုဏ်းဇေ ဒီသီချင်းကို သဘောမတွေ့လှပါ ။ လိုချင်တာရဖို့ မလွယ်တာနဲ့ ၊ လွယ်တာကို ရအောင်ယူမယ်ဆိုတာကြီးကို မကြိုက် ။ သူကတော့ လိုချင်တာကိုသာ မရရအောင် ယူမည့်သူ ။
" မင်းက လွယ်လွယ်လက်လျှော့တဲ့ သဘောပဲ ၊ ငါကတော့ အဲလိုမဟုတ်ဘူး ၊ နေဦး ...ငါဆိုပြမယ် နားထောင် "
ဘုဏ်းဇေ အာကာ့လက်ထဲက ဂီတာကို လွှဲပြောင်းယူလိုက်ပြီး ခန္ဓာကိုယ်ကို အနည်းငယ် စောင်းလိုက်၍ ဘေးက ရှင်းသန့်ရဲ့ မျက်နှာကို သေချာကြည့်ကာ အပြုံးသေးသေးလေးဖြင့် သီချင်းစဆို၏။
♪ တုံးခုလို့မှ လှမ်းမရရင်
ခုန်ပြီးတော့ခူးမယ်
မလွယ်ပေမဲ့ ငါဟာလုံ့လရှိရမယ်
တုံးခုလို့မှလှမ်းမရရင်
တံချူနဲ့ခူးပစ်မယ်
မှတ်ထားကွယ်
ငါဟာ ယောက်ျားတစ်ယောက်ဖြစ်တယ် ♪
ရှင်းသန့် မျက်နှာတွေ ပူလာသလို ခံစားရသည်။ ဘုဏ်းဇေက သူ့ကို ကြည့်ပြီး ရည်ရွယ်ချက်ရှိရှိ ဆိုနေမှန်း သိပေမဲ့ သူကတော့ ဘေးကို လှည့်မကြည့်ရဲ ။ အဲဒီမျက်ဝန်းတွေနှင့် ရင်ဆိုင်ရလျှင် သူ့နှလုံးခုန်သံတွေ မူမှန်တော့မှာ မဟုတ်သောကြောင့်။
ရှေ့မှာချထားသည့် အာလူးချောင်းကြော်ကိုသာ ဆက်တိုက်စားနေခဲ့သည် ။ ဘုဏ်းဇေက သီချင်းဆုံးတဲ့အထိ ရှင်းသန့်တစ်ယောက်တည်းကိုသာ ကြည့်ပြီး ဆိုသွားသည်။ ဘုဏ်းဇေမျက်နှာလွဲသွားမှ ရှင်းသန့် လှည့်ကြည့်ပြီး အသက်ဝဝ ရှူနိုင်တော့သည်။
ထို့နောက် ဘုဏ်းဇေက လက်ထဲက ဂီတာကိုချကာ ဝိုင်ခွက်ကို ဖြည်းဖြည်းချင်း မော့သောက်၏။ ဝိုင်သောက်ရင်း ပြုံးလိုက်သည့်ပုံစံကြောင့် ရှင်းသန့် ငေးခနဲ ဖြစ်သွားရသည်။ ရှင်းသန့် ငေးနေတာမြင်တော့ မျက်စိတစ်ဖက် မှိတ်ပြ၏။
သည်အိမ်ရှေ့စံနဲ့တော့ ရှင်းသန့် တကယ် နှလုံးရောဂါရတော့မှာ ။
" ရှင်းသန့် ၊ မင်းဆိုရင်ရော ဘယ်လိုသီချင်းမျိုးနဲ့ မင်းစိတ်ကို ဖော်ပြချင်လဲ "
ရောင်ရှိန်က ရှင်းသန့်ကို မေးလာပြီ ။ အမေးရှိတော့လည်း အဖြေကရှိရဦးမည်။ ရှင်းသန့်ခေါင်းထဲမှာ ဘာသီချင်းမှ စဉ်းစားလို့မရ။ သူက ဘုဏ်းဇေတို့လောက် သီချင်းတွေနှင့် မနီးစပ်သူ။ အဲဒီအစား သူနှင့် နီးစပ်သည့် ကဗျာတစ်ပုဒ်ကသာ အာရုံထဲမှာ ပေါ်လာသည်။
ရှင်းသန့် ခံစားချက်ကို ကောင်းကောင်း ဖော်ပြနိုင်သည့် ဆရာမကြည်အေးရဲ့ ကဗျာတစ်ပုဒ် ။
" သီချင်းအစား ငါ ကဗျာတစ်ပုဒ် ရွတ်ပြမယ် "
အတူထိုင်နေသော မျက်ဝန်းငါးစုံတို့၏ အကြည့်က ရှင်းသန့် ရွတ်ပြမည့်ကဗျာကိုသာ စုပြုံပြီး အာရုံကျနေကြမှန်း သိသာလှသည်။ ရှင်းသန့် သူငယ်ချင်းတွေကို တစ်ချက်ဝေ့ကြည့်ပြီး လက်နှစ်ဖက်ကို နောက်ထောက်ကာ မျက်နှာကို အပေါ်မော့ထားလိုက်သည်။ ကောင်းကင်ထက်က ကြယ်ကလေးများကပါ သူရွတ်ပြမည့်ကဗျာကို နားထောင်နေကြဟန်တူသည်။
ရှင်းသန့် လည်ချောင်းတစ်ချက်ရှင်းပြီး စာသားတစ်ခုချင်းကို ဖြည်းဖြည်းလေး စရွတ်လိုက်သည်။
* ကိုင်းထိပ်ဖူးမှာ
ပွင့်ဦးအသစ် ယခုလှစ်သည့်
ရွှေရစ်ပန်းပြာ ခပ်မာမာလေး။
လှမ်းမီပေမယ့်
မောနေပါ့မယ် ခူးမလွယ်ဘူး၊
မြေဝယ်လျှောင်းစင်း မောင့်ခြေရင်းက
သက်ဆင်းကြွေလွင့် ခရေပွင့်လေ။
အလွယ်လိုက်ပြီး
အကြိုက်ဆင်သင့် လှမ်းကြိုနှင့်သည့်
ကြွေပွင့်ကိုသာ ကောက်ပါမောင်ရယ်...*
( ကြည်အေး )
ကဗျာရွတ်တာ ပြီးသွားပေမဲ့ သူငယ်ချင်းတွေကတော့ ရှင်းသန့်ကိုသာ ဆက်ကြည့်နေကြသည်။ တစ်ချိန်လုံး ငြိမ်ပြီး cocktailထိုင်သောက်နေသည့် သီဟက ဒီတစ်ခါတော့ စကားစလာ၏။
" အဓိပ္ပာယ်ကိုရော ပြောပြပါဦး ၊ အဲဒီကဗျာက မင်းခံစားချက်ကို ဘယ်လိုဖော်ပြတာလဲ ""
ရှင်းသန့် မိုးပေါ်ကိုသာ ဆက်ကြည့်ရင်း ...
" ကဗျာရဲ့ အဓိပ္ပာယ်က သူကတော့ ကိုင်းထိပ်ဖူးမှာပွင့်တဲ့ ခပ်မာမာပန်းကလေးပါတဲ့ ၊ လှမ်းလို့မီတောင်မှ ခူးလို့မလွယ်ပါဘူးတဲ့ ၊ အဲဒီအစား လွယ်လွယ်ကောက်လို့ရတဲ့ ခရေပွင့်လေးကိုသာ ကောက်ယူပန်ဆင်ပါတဲ့ ၊ ဒါပေမဲ့ ငါကတော့ ချစ်သူရဲ့ခြေရင်းမှာ ကြွေဆင်းပေးမဲ့ ခရေပွင့်လေးပဲ ဖြစ်ချင်တယ် ၊ ငါချစ်တဲ့သူကို ငါ့ကြောင့် အပင်ပန်းမခံစေချင်ဘူး ၊ အဲဒီအစား ငါကသာ ခရေပွင့်လေးလို အလွယ်တကူ ကြွေကျပေးမဲ့သူမျိုးပဲ "
ရှင်းသန့်စကားကို ငါးယောက်စလုံး ငြိမ်ငြိမ်သက်သက် နားထောင်နေမိကြသည်။ သူတို့ဆီမှာ ပြန်ပြောစရာ စကားလုံး ရှာမတွေ့နေကြတာမျိုးလည်း ဖြစ်နိုင်သည်။
" ပြီးတော့ မင်းတို့ သိတယ်မလား ၊ ကြယ်ကြွေတာ မြင်ပြီး ဆုတောင်းရင် ပြည့်တယ်ဆိုတာလေ ၊ ငါချစ်တဲ့သူအတွက်ဆို ငါ့ဘဝကို သူဆုတောင်းပြည့်ဖို့ ကြွေကျပေးရတဲ့ ကြယ်ကလေးဖြစ်ရလဲ ကျေနပ်တယ် "
ဝိုင်နည်းနည်း သောက်ထား၍လားမသိ။ ရှင်းသန့်တည်ကြည်က ထူးထူးခြားခြား ကဗျာတွေ ဆန်နေသည်။ ဒါမျိုးက ဘုဏ်းဇေအတွက် ရှင်းသန့်ဆီက တကယ်ကို ကြားရခဲသော စကားတွေပါ ။ သည်စကားဟာ ရှင်းသန့်က သူ့ကို ရည်ညွှန်းပြီး ပြောနေတာပဲဖြစ်မှာဟု တွေးလိုက်တော့ ဘုဏ်းဇေ ရင်ထဲမှာ ကြည်နူးမှုက ပန်းတွေလို ပွင့်နေတော့သည်။
ကဗျာရွတ်ပြသော သူ့ဘေးက ကောင်လေးကို ဘုဏ်းဇေ ရှိသမျှအားနှင့် ရင်ခွင်ထဲမှာ ပွေ့ဖက်ထားချင်သည်။ နီရဲနေသည့် နားရွက်ဖျားလေးကို သကြားလုံးလေးတစ်လုံးလို ငုံခဲပစ်လိုက်ချင်သည်။ စိမ်းမြနေသည့် နားသယ်စပ်လေးကတစ်ဆင့် ပါးပြင်ဝင်းဝင်းလေးထဲ သူ့နှာတံတစ်ခုလုံး နစ်ဝင်ပစ်ချင်သည်။
ထိန်းချုပ်ထားရသော သူ့စိတ်ကိုသာ ဘုဏ်းဇေ လွှတ်ပေးလိုက်ရလျှင် အဲဒီကဗျာဆန်ဆန် စကားလုံးတွေ ထွက်ကျလာသည့် ပန်းနုရောင် နှုတ်ခမ်းပါးလေး သက်သာလိမ့်မည်မဟုတ်ပါ ။ ကဗျာဆရာလေးလည်း သူ့ကို စိတ်ဆိုးသွားမည် ထင်ပါရဲ့ ။ သည်တော့လည်း မျက်စိရှေ့က နှုတ်ခမ်းလေးအစား ဝိုင်ခွက်ကိုသာ ဖိကပ် နမ်းပစ်နေရသည် ။
ညဆယ့်တစ်နာရီကျော်တော့ စားစရာရော သောက်စရာပါ ကုန်သွားခဲ့ပြီ ။ ရှင်းသန့်ကလွဲပြီး ကျန်တဲ့ငါးယောက်စလုံးလည်း မူးပြီးမှောက်ကုန်ကြ၏။ သူက သိပ်သောက်မထားသူမို့ နည်းနည်းရီဝေဝေ ဖြစ်ရုံပဲရှိသည်။ Cocktailနှင့် ဝိုင်အပြင် Vodka အလွတ်ကိုပါ မော့ထားသော အိမ်ရှေ့စံကတော့ အမူးဆုံးပဲ ဖြစ်လိမ့်မည်။
ခြေလှမ်းတောင် မမှန်ကြတော့သည့် သူငယ်ချင်းတွေကို တစ်ယောက်ပြီးတစ်ယောက် တွဲပြီး အိပ်ခန်းတွေထဲ လိုက်ပို့ရတာ ရှင်းသန့်တစ်ယောက် ချွေးများတောင် ပျံလာတဲ့အထိ။ သောက်ထားသည့် အရှိန်အနည်းအကျဉ်းလေးပင် ဘယ်ရောက်သွားမှန်း မသိတော့ပါ။
အရင်ဆုံး ဘုဏ်းဇေကို အိပ်ခန်းထဲ တွဲပို့ခဲ့ပေမဲ့ တခြားသူတွေကို သွားတွဲနေစဉ်မှာပဲ ဘုဏ်းဇေက ယိုင်ထိုးယိုင်ထိုးဖြင့် အခန်းထဲက ပြန်ထွက်လာသည်။ နောက်တစ်ကြိမ် သွားပြန်ပို့တော့လည်း နောက်တစ်ကြိမ် ထပ်ထွက်လာပြန်၏။ ရှင်းသန့်လည်း ထပ်မပို့တော့။ ဟိုလေးယောက်ကို အကုန်အခန်းထဲ ထည့်ပြီးနောက်မှ ဘုဏ်းဇေကို ပြန်ဆွဲခေါ်လာခဲ့တော့သည်။
" ဘာလို့ ပြန်ပြန်ထွက်လာတာလဲ ၊ မင်းကြောင့် ငါမောနေပြီ သိရဲ့လား မင်းသားလေး "
ဘုဏ်းဇေက မျက်လုံးများ စင်းကျနေပြီး မတ်တပ်တောင် သေချာမရပ်နိုင်တော့ပေမဲ့ အခန်းထဲက ပြန်ထွက်ဖို့ပဲ လုပ်နေ၏။ ပါးစပ်ကလည်း
" ငါ ခရေပန်း သွားကောက်မလို့ "
" ဘာရယ် "
" ခရေပန်း သွားကောက်မယ်လို့ ၊ ငါ ခရေပန်း သွားကောက်ရဦးမှာ "
ရှင်းသန့် ငိုရမလား ရယ်ရမလား မသိတော့ ။ အိမ်ရှေ့ကိုယ်တော်လေးက လူမှန်းသူမှန်းမသိအောင် မူးနေသော်လည်း မသိစိတ်ထဲမှာ သူရွတ်ပြသည့် ကဗျာကို စွဲနေပုံရသည်။ သည်အချိန်ကြီး ခရေပန်း သွားကောက်မည်တဲ့ ။ အရက်ရှိန်ကြောင့် ပါးတွေရော နှာခေါင်းတွေပါ နီရဲနေပြီး အာလေးလျှာလေးဖြင့် ပြောနေသည့်ပုံစံကလည်း ရှင်းသန့်မျက်စိထဲမှာ ချစ်စရာ ကောင်းလွန်းသည်။
ဘုဏ်းဇေကို ကုတင်ပေါ်မှာ မရမက ထိုင်စေပြီး မျက်နှာကို သူ့လက်ဖဝါးနှစ်ဖက်ဖြင့် ထိန်းကိုင်ကာ အကြည့်ချင်းဆုံလိုက်တော့
" ရှင်းကလဲ ခရေပန်း သွားကောက်ရမှာပါဆို "
" ဒီအချိန်ကြီးကို ဘယ်က ခရေပန်းရှိမှာလဲ "
အမူးသမားလေးက ချက်ချင်းမဖြေ ။ ခဏစဉ်းစားပြီးမှ ...
" ရှိတယ် ၊ မောင့်ခြေရင်းမှာ ၊ မောင့်ခြေရင်းက ခရေပန်းလေ "
ရှင်းသန့် မထိန်းထားနိုင်တော့ ။ ဘုဏ်းဇေမျက်နှာကို ကိုင်ထားရင်းပဲ အားရပါးရ ရယ်မိသည်။ သို့သော် မူးနေသော အိမ်ရှေ့မင်းသားက ရှင်းသန့်ရယ်တာကို ကြည့်ပြီး နှုတ်ခမ်းစူကာ မျက်မှောင်ကြုတ်လာ၏။ ရှင်းသန့်ကိုလည်း ဆက်မရယ်နိုင်အောင် ပါးနှစ်ဖက်ကို ဆွဲညှစ်ပစ်သည်။
" မရယ်နဲ့ ၊ မင်း အဲလို မရယ်ရဘူး "
" ဘာဖြစ်လို့လဲ ၊ ငါ့ဟာငါ ရယ်တာ မင်းဆီက ခွင့်ပြုချက် တောင်းရဦးမှာလား အရှင်မင်းသား "
ဘုဏ်းဇေက သူ့ရင်ဘတ်သူ လက်ညှိုးဖြင့် ထိုးထိုးပြပြီး
" မင်း ရယ်နေတာ မြင်ရင် ဒီထဲက ယားကျိယားကျိ ဖြစ်ဖြစ်လာတယ် ၊ ပြီးတော့ တဒုတ်ဒုတ်နဲ့ ခုန်ခုန်လာတယ်၊ ပြီးတော့ ... "
ဆက်မပြောဘဲ ခေါင်းငုံ့ထားသဖြင့် ရှင်းသန့်ကပဲမျက်နှာကို လက်နှစ်ဖက်ဖြင့် ပြန်ပင့်ပေးထားလိုက်သည်။
" ပြီးတော့ ဘာလဲ "
" ပြီးတော့ မင်းမျက်နှာတစ်ခုလုံးကို နေရာလပ်မကျန်အောင် နမ်းပစ်ချင်တယ် "
မူးမူးနှင့် ပြောနေမှန်း သိပေမဲ့လည်း ဒီစကားတွေဟာ ဘုဏ်းဇေရင်ထဲက လာသည့်စကားတွေ ဖြစ်လိမ့်မည်ဟု ရှင်းသန့် ခံစားရ၏။ အမူးကောင်လေးရဲ့ စကားတွေကြောင့် သူ့ရင်ခုန်သံတွေလည်း အထိန်းအကွပ်မဲ့လာရပြီ ။
" ဒါဆို မင်း ဘာလို့ အခု ငါ့ကို မနမ်းတာလဲ "
စင်းကျနေသော မျက်လုံးလေးများက ရှင်းသန့်ကို ကြာကြာငေးကြည့်ပြီး ခေါင်းကို တွင်တွင်ရမ်းပြကာ
" ငါ မနမ်းဘူး ၊ မင်း စိတ်ဆိုးသွားရင် ဘယ်လိုလုပ်မလဲ "
" မင်း စမ်းကြည့်မှ ငါ စိတ်ဆိုးမဆိုး သိမှာပေါ့ "
" ဟင့်အင်း ၊ မင်း စိတ်ဆိုးပြီး ငါ့ကို မခေါ်တော့မှာ ကြောက်တယ် "
အိမ်ရှေ့စံတို့က အတင်းကာရော ငြင်းဆန်နေသည်။ မသိလျှင် ရှင်းသန့်ကပဲ အနမ်းခံချင်လွန်း၍ မြူစွယ်နေရသည့်အတိုင်း ။
" ဟုတ်ပါပြီ ၊ ဒါဆိုလဲ အိပ်တော့နော် "
" ခရေပန်း သွားကောက်မယ်လေ "
" အခုက မိုးတအားချုပ်နေပြီ ၊ ငါလဲ အိပ်ချင်နေပြီ ၊ မနက်မှ ငါရော အတူတူသွားကောက်ကြမယ်နော် "
သည်လိုဆိုတော့လည်း အမူးသမားလေးက ခေါင်းတဆတ်ဆတ် ငြိမ့်ပြီး နာခံရှာ၏။
" လိမ္မာလိုက်တာ ငါ့ခွေးပေါက်လေး "
ရှင်းသန့်က ခေါင်းလေးကို ပွတ်ပြီး ပြောလိုက်တော့ ဘုဏ်းဇေရဲ့နဖူးက သူ့ပုခုံးကို လာထိသည်။ ထို့နောက် မျက်နှာတစ်ခုလုံး ရှင်းသန့်ရင်ဘတ်မှာ အပ်ကာ တိုးဝှေ့ပွတ်သပ်နေ၏။
" ဟုတ်တယ် ၊ ငါက မင်းရဲ့ခွေးပေါက်လေး ၊ မင်းက ငါ့သခင် ၊ သခင်က ခွေးပေါက်လေးဘေးကနေ ဘယ်ကိုမှ ထွက်မသွားရဘူးနော် "
သည်စကားတစ်ခွန်းက ရှင်းသန့် ရင်ထဲကို နင့်သွားစေသည်။ အရှင့်သားလေးရဲ့ သိစိတ်ထဲမှာရော မသိစိတ်ထဲမှာပါ သူ အဝေးထွက်သွားမှာ စိုးရိမ်နေပုံရ၏။ စာကြည့်တိုက်ထဲမှာ ပြောခဲ့မိသော စကားအတွက် ရှင်းသန့်လည်း နောင်တရနေမိပြီ ။
" နော် ..ရှင်း ၊ မင်း ထွက်မသွားဘူးလို့ ငါ့ကို ကတိပေး "
" ပေးတယ် ၊ ငါ မင်းကို ကတိပေးတယ် ၊ ငါတို့ ဝေးသွားခဲ့မယ်ဆိုရင်တောင် ငါက မင်းအနားကို ရောက်အောင် ပြန်လာမယ်လို့ ကတိပေးတယ် "
ကျောပြင်ကျယ်ကို လက်တစ်ဖက်ဖြင့် ပွေ့ထားပြီး ကတိစကား အထပ်ထပ် ဆိုလိုက်သည်။ ရင်ခွင်ထဲကို ခေါင်းတိုးပြီး ကတိတောင်းခံနေသူကတော့ ကြားလိုက်ရဲ့လားမသိ။ ခန္ဓာကိုယ်ချင်း ခွာကြည့်လိုက်သောအခါ ငြိမ်ငြိမ်သက်သက် အိပ်ပျော်နေတာ တွေ့ရ၏။
ရှင်းသန့် အိပ်ပျော်နေသူကို အိပ်ရာပေါ် အသာလှဲချပေးပြီး သူကတော့ အခြားတစ်ဖက်ကနေ ဝင်လှဲလိုက်သည်။
သူ အိပ်မပျော်ခင် ဘေးနားက နဖူးပြင်လေးပေါ် ဖွဖွလေး ခိုးရှိုက်မိသည့် အနမ်းတစ်ပွင့်အကြောင်းကိုတော့ အိမ်ရှေ့စံငမူးလေးတစ်ယောက် မသိနိုင်တော့ပါ ။
#PoPoPhoenix
♪ နေကွယ်ရင် လထွက်မယ် - စိုးပိုင်
ယောက်ျားတစ်ယောက်ဖြစ်တယ် - လွှမ်းမိုး
_______________________________
( Zawgyi )
" ေတာင္းပန္ပါတယ္ ၊ ကိုကို တကယ္ေတာင္းပန္ပါတယ္ ၊ ကိုကိုက ... ကိုကိုက ညီမေလးအတြက္ ရွက္စရာျဖစ္ေနခဲ့ရင္ ... "
ကိုကိုရွင္းရွင္းက ဘာအျပစ္မွမရွိဘဲ ေတာင္းပန္ေနသည္။ ပါးျပင္ေပၚမွာ မ်က္ရည္ေတြ စီးက်ေနၿပီး တိုးညင္းလြန္းေသာအသံမွာလည္း တုန္ခိုက္ေန၏။ ကိုကိုရွင္းရွင္းကို သနားလြန္း၍ သင္းပ်ံ႕ ဘာလုပ္ရမည္မွန္းပင္ မသိေတာ့ပါ ။ ႐ုတ္တရက္ဆိုေတာ့လည္း ႏွစ္သိမ့္စရာစကားလုံးက ခ်က္ခ်င္းရွာမေတြ႕ေသး။ ကိုကို႔ကိုသာ ဖက္ၿပီး ကိုကိုႏွင့္အတူငိုခ်မိသည္။ ငယ္ငယ္ကလည္း ကိုကိုရွင္းရွင္းငိုလွ်င္ သင္းပ်ံ႕က လိုက္ငိုေနၾက။
" ကိုကိုေတာင္းပန္ပါတယ္ .... "
" ဟင့္အင္း ၊ ကိုကိုက ဘာလို႔ေတာင္းပန္ေနတာလဲ ၊ ကိုကို ဘာအျပစ္မွ မလုပ္ထားဘူးေလ "
သင္းပ်ံ႕ ကိုကိုရွင္းရွင္းကိုဖက္ထားရာကေန ခြာၿပီး မ်က္ရည္ေတြ သုတ္လိုက္သလို ကိုကို႔မ်က္ရည္ေတြကိုလည္း တစ္စမက်န္ ဖယ္ရွားေပးလိုက္၏ ။ ကိုကို႔ကို အားေပးရမည္။ ကိုကို႔စိတ္ထဲက စိုးရိမ္ပူပန္မႈေတြကို ေျဖေဖ်ာက္ေပးရမည္။
" ညီမေလးကသာ ေတာင္းပန္ရမွာ ၊ ကိုကို အခုလို တစ္ေယာက္တည္း စိုးရိမ္ပူပန္မႈေတြနဲ႔ စိတ္ဖိစီးေနခဲ့တာကို မသိခဲ့မိတဲ့အတြက္ ညီမေလးကသာ ေတာင္းပန္ရမွာပါ "
" ဒါဆို ညီမေလး ကိုကို႔ကို လက္ခံႏိုင္တယ္ေပါ့ ဟုတ္လား "
" ညီမေလးက ဘာလို႔ လက္မခံရမွာလဲ ကိုကို ၊ ကိုကိုက ဘာေနေန ညီမေလးရဲ႕ အစ္ကိုပဲေလ ၊ ေဖေဖနဲ႔ေမေမကလဲ ညီမေလးတို႔ကို လူတစ္ေယာက္ကို လူတစ္ေယာက္လို႔ပဲ ျမင္တတ္ေအာင္ သင္ေပးထားခဲ့တာ မဟုတ္လား ၊ ၿပီးေတာ့ လူတစ္ေယာက္ရဲ႕ တန္ဖိုးဟာ သူ႔ရဲ႕ လိင္စိတ္တိမ္းၫႊတ္မႈနဲ႔ မသက္ဆိုင္ဘူးဆိုတာ ညီမေလး နားလည္ၿပီးသားပါ ၊ ကိုကိုက ေယာက္်ားေလးခ်င္း စိတ္ဝင္စားတဲ့သူ ျဖစ္ေနလဲ အဲဒါ ကိုကို႔ရဲ႕ အမွားမဟုတ္သလို အားနည္းခ်က္လဲ မဟုတ္တာမို႔ ကိုကို အားငယ္စရာ မလိုဘူးေနာ္ "
ပ်ံ႕ပ်ံ႕ရဲ႕အားေပးစကားက ရွင္းသန႔္ တစ္ခ်ိန္လုံး စိုးရိမ္ေၾကာင့္ၾကေနခဲ့ရသည့္ ေသာကတစ္ဝက္ေလာက္ကို ေလ်ာ့က်သြားသလို ခံစားရေစသည္။ အသက္တစ္ဆယ့္ငါးႏွစ္ေက်ာ္ေနၿပီျဖစ္သည့္ သင္းပ်ံ႕ေလးက ငယ္ငယ္ကလို ရွင္းသန႔္ ေျပာသမွ် လိုက္လုပ္တတ္သည့္ ကေလးမေလး မဟုတ္ေတာ့။ သူတို႔ဓာတ္ပုံေတြကို ေရာင္းစားၿပီး ပိုက္ဆံရွာတတ္ေသာ လူလည္မေလးသည္ အခုေတာ့ အသိဉာဏ္ေရာ ဗဟုသုတပါ ႂကြယ္ဝၿပီး အစ္ကိုျဖစ္သူကိုပါ ျပန္ခြန္အားေပးႏိုင္သည့္ မိန္းကေလးတစ္ေယာက္ ျဖစ္ေနခဲ့ၿပီ ။
" ကိုကို ဒီအေၾကာင္းကို ေဖေဖတို႔ကို ဖြင့္ေျပာခ်င္လား "
" ဟင့္အင္း ၊ တစ္ေန႔ေန႔ေတာ့ ကိုကို ေျပာျပမွာပါ ၊ အခုေတာ့ မဟုတ္ေသးဘူး ပ်ံ႕ပ်ံ႕၊ အဲဒါမို႔ ညီမေလးက... "
" ညီမေလး သိတယ္ ကိုကို ၊ ကိုကို အဆင္သင့္ မျဖစ္မခ်င္း ညီမေလးလဲ ေဖေဖတို႔ကို မေျပာပါဘူး ၊ ဒါေပမဲ့ ညီမေလး အာမခံႏိုင္တာကေတာ့ ေဖေဖတို႔ ေမေမတို႔က ဒါကိုလက္ခံေပးႏိုင္တဲ့ မိဘေတြ ျဖစ္ေနမယ္ဆိုတာပဲ ၊ အဲဒါမို႔ ကိုကို စိတ္မပူနဲ႔ေနာ္ ၊ ၿပီးေတာ့ အဲဒီေန႔ေရာက္ရင္ ကိုႀကီးခန႔္ကလဲ ညီမေလးလိုပဲ ကိုကိုနဲ႔အတူ ရွိေနလိမ့္မယ္ "
ကိုကိုရွင္းရွင္းက ပ်ံ႕ပ်ံ႕လက္ေခ်ာင္းေလးမ်ားကို ဖ်စ္ညႇစ္ၿပီး ေခါင္းညိတ္ကာ ၿပဳံးျပသည္။ အျပည့္အဝ စိတ္ေအးသြားသည့္ အၿပဳံးမ်ိဳးတို႔မဟုတ္ေပ။ ကိုကို႔ဆီမွာ ပူပန္စရာေတြ ရွိေနေသးသည္ ထင္ပါရဲ႕။
" ဒါနဲ႔ ကိုကိုက Gayဆိုတာကို ဘယ္လိုသိတာလဲ ၊ ကိုကို႔မွာ ခ်စ္သူရွိေနၿပီလား "
သည္ေမးခြန္းက ရွင္းသန႔္အတြက္ ေျဖဖို႔ သိပ္ေတာ့မလြယ္ပါ ။ ရွင္းသန႔္လည္း ကိုယ့္ကိုယ္ကိုယ္ ဘာဆိုတာ ေခါင္းစဥ္တပ္ဖို႔ အမ်ိဳးမ်ိဳး စဥ္းစားခဲ့ရသည္။ အင္တာနက္မွာ ေတြ႕ရေသာ စစ္ေဆးခ်က္ေတြကေနလည္း အေျဖရွာၾကည့္ခဲ့၏။ ေယာက္်ားေလးသူငယ္ခ်င္းမ်ားႏွင့္ နီးနီးကပ္ကပ္ေနရတိုင္း စိတ္လႈပ္ရွားျခင္းမ်ိဳးေတာ့ ရွင္းသန႔္ဆီမွာ မျဖစ္ပါ။ သို႔ေသာ္ သူ႔ရင္ခုန္သံေတြကို ျမန္ေစသည့္ တစ္ေယာက္ေသာသူကေတာ့ ေယာက္်ားေလးတစ္ေယာက္ ျဖစ္ေနခဲ့သည္။
စိတ္ကူးထဲမွာ ပုံေဖာ္ၾကည့္လိုက္တိုင္း ခ်စ္ရသူဟာ ဘုဏ္းေဇယ်ာေက်ာ္ဆိုသည့္ သူငယ္ခ်င္းေလးကလြဲၿပီး တျခားမရွိ။ ဘုဏ္းေဇတစ္ေယာက္တည္းကသာ ရွင္းသန႔္ႏွလုံးသားကို လႈပ္ရွားေစသူ ။ ဘုဏ္းေဇ ၿပဳံးေနလွ်င္ သူလည္းေပ်ာ္သည္။ ဘုဏ္းေဇ ဝမ္းနည္းေနမွာကို စိုးစဥ္းမွ်မလိုလား ။ ဘုဏ္းေဇ သူ႔ေဘးမွာ အိပ္ေပ်ာ္ေနတာၾကည့္ရင္း ဘုဏ္းေဇမသိေအာင္ ခိုးနမ္းခ်င္သည္။ အိပ္မက္ထဲမွာေတာင္ ဘုဏ္းေဇရဲ႕လက္ေတြကို လႊတ္မေပးခ်င္ပါ ။
ဘယ္ဘာသာစကားနဲ႔ပဲျဖစ္ျဖစ္ အခ်စ္ဆိုေသာ စကားလုံးက ရွင္းသန႔္တည္ၾကည္အတြက္ေတာ့ ဘုဏ္းေဇယ်ာေက်ာ္ဟုသာ အဓိပၸာယ္ရသည္။
စိတ္ထဲရွိသည့္အတိုင္း ဝန္ခံရလွ်င္ သူႏွင့္ဘုဏ္းေဇၾကားက သူငယ္ခ်င္းဆိုသည့္ အေရာင္ေလးကို ေဆးဆိုးပစ္လိုက္ရမွာ ရွင္းသန႔္ေၾကာက္႐ြံ႕မိတာအမွန္။ သို႔ေသာ္လည္း တစ္စတစ္စ တိုးပြားလာသည့္ ႏွလုံးသားထဲက ခံစားခ်က္ေတြကို ရွင္းသန႔္အေနႏွင့္ တားဆီးလို႔မရ။ သူ႔ဘက္ကစၿပီး သူငယ္ခ်င္းဆိုသည့္ စည္းကိုေက်ာ္ပစ္ဖို႔က်လည္း မဝံ့ရဲျပန္ပါ ။
" ညီမေလး ေမးတာ ေျဖဦးေလ ၊ ကိုကို႔မွာ ခ်စ္သူရွိေနၿပီလားလို႔ "
" ကိုကို႔မွာ ခ်စ္သူမရွိေသးပါဘူး ၊ ဒါေပမဲ့ ကိုကို ခ်စ္ရတဲ့သူေတာ့ ရွိတယ္ "
" သူက ဘယ္သူလဲ ကိုကို ၊ ညီမေလးကို ေျပာျပ ၊ ညီမေလးက ဘယ္သူ႔မွ ျပန္မေျပာပါဘူး "
ရွင္းသန႔္ သက္ျပင္းတစ္ခ်က္ကို ခပ္ေလးေလးခ်ရင္း ဒန္းေပၚကို မွီလိုက္ကာ ...
" ဘုဏ္းေဇ "
သူ႔ပါးစပ္က သည္အမည္ကို ထြက္လိုက္လွ်င္ ပ်ံ႕ပ်ံ႕ေလး အံ့ဩမင္သက္သြားေလမလားဟု ရွင္းသန႔္ထင္ထားခဲ့ေပမဲ့ တကယ္တမ္းက် သူ႔ညီမေလးက မအံ့ဩသည့္အျပင္ ၿပဳံးစိစိ႐ုပ္ေလးႏွင့္သာ ၾကည့္ေန၏ ။
" ထင္ေတာ့ထင္သားပဲ ...အဟင္း ၊ ကိုကိုဘုဏ္းေဇကေရာ ဘယ္လိုလဲ ၊ ညီမေလးေတာ့ ကိုကိုဘုဏ္းေဇလဲ ကိုကို႔လိုပဲ ခံစားရလိမ့္မယ္လို႔ ထင္တယ္ ၊ မဟုတ္ဘူး သူက ပိုေတာင္ပိုဦးမွာ ၊ ကိုကို႔ေနာက္ပဲ တစ္ခ်ိန္လုံး လိုက္ကပ္ေနတာ ၊ ဟိုတစ္ခါ မျမတ္မႉးခင္ ဓာတ္ပုံလာ႐ိုက္တုန္းကလဲ ကိုကို႔ကို သူ သဝန္ေတြတိုေနတာ အသိသာႀကီး ... ဟီးဟီး "
သည္အစ္ကိုႏွစ္ေယာက္ၾကားက သံေယာဇဥ္ကို ပ်ံ႕ပ်ံ႕ ေခါင္းစဥ္မေပးတတ္ေသာ္လည္း သူငယ္ခ်င္းထက္ပိုသည့္ တြယ္တာမႈေတြကိုေတာ့ မသိဘဲ မေနခဲ့ပါ။ ကိုကိုရွင္းရွင္း ဖ်ားလွ်င္ အိမ္ကို ခ်က္ခ်င္းေရာက္လာတတ္ေသာ ကိုကိုဘုဏ္းေဇ ။ ကိုကိုရွင္းရွင္း ဖုန္းေျပာရင္း ၿပဳံးေနလွ်င္ သြားမၾကည့္လိုက္ႏွင့္ ။ တစ္ဖက္ကလူဟာ ကိုကိုဘုဏ္းေဇ ။
" အြန္း ...အဲဒါမို႔ ... အဲဒါမို႔ ကိုကို အခက္ေတြ႕ေနတာေပါ့ "
" ဘာကိုလဲ ကိုကို "
" ကိုကို႔ဘက္က တစ္ဖက္သက္ ခံစားခ်က္ေတြသာဆိုရင္ ကိုကို႔ဟာကိုကိုပဲ တိတ္တိတ္ေလး ထိန္းခ်ဳပ္ထားလိုက္မွာ ၊ အခုက် သူလဲ ကိုကို႔လိုပဲလို႔ သိေနရတဲ့အခါ ဒီခံစားခ်က္ေတြကို မရပ္တန႔္လိုက္ခ်င္ဘူး ၊ ေရွ႕ဆက္တိုးခ်င္လာတယ္ ၊ တျဖည္းျဖည္းနဲ႔ သူ႔ကို ကိုကို႔အပိုင္ျဖစ္ေအာင္ ေလာဘတက္ခ်င္လာတယ္ ၊ ကိုကိုတို႔က အဲလိုျဖစ္လို႔ မရဘူးေလ ညီမေလးရဲ႕ ၊ ျဖစ္လဲ မျဖစ္သင့္ဘူးမို႔လား "
" ဘာလို႔ မျဖစ္သင့္ရမွာလဲ ကိုကို ၊ လူႏွစ္ေယာက္ ခ်စ္တာဟာ ေကာင္းတဲ့ကိစၥပဲ၊ မုန္းၾကတာမွ မဟုတ္တာ ၊ ကမာၻေပၚမွာ အမုန္းေၾကာင့္ ျဖစ္တဲ့ စစ္ပြဲေတြသာရွိတာ ၊ ခ်စ္ၾကလို႔ စစ္ခင္းတာမ်ိဳး မရွိပါဘူး "
" ဒါေပမဲ့ ဘုဏ္းေဇက ဒီႏိုင္ငံရဲ႕ အိမ္ေရွ႕မင္းသားေလ ပ်ံ႕ပ်ံ႕ရယ္ ၊ တစ္ခ်ိန္မွာ ဧကရာဇ္ျဖစ္လာမဲ့ လူတစ္ေယာက္အတြက္ သူနဲ႔လိုက္ဖက္တဲ့ ၾကင္ယာေတာ္ဟာ မိန္းကေလးတစ္ေယာက္ပဲ ျဖစ္ရမွာမို႔လား ၊ ကိုကို႔လို ေယာက္်ားေလးက... "
သင္းပ်ံ႕ နားလည္လိုက္ပါၿပီ။ ကိုကိုရွင္းရွင္း ဘာေၾကာင့္ စိတ္ပူေနရသလဲဆိုတာ ။ သင္းပ်ံ႕လည္း သည္ကိစၥဟာ မလြယ္ကူမွန္း သိေပမဲ့ အခုခ်ိန္မွာေတာ့ ကိုကို႔ကို အမ်ားႀကီးေတြးၿပီး စိတ္မေကာင္း ျဖစ္မေနေစခ်င္ပါ ။
" ပစၥဳပၸာန္ကိုပဲ အာ႐ုံစိုက္စမ္းပါ ကိုကိုရယ္ ၊ ဘာလို႔ မျဖစ္ေသးတဲ့ အေဝးႀကီးက ကိစၥေတြကို ေတြးေနရတာလဲ ၊ မနက္ျဖန္ေတာင္ ဘာျဖစ္ႏိုင္မွန္း အတိအက် ႀကိဳေျပာမရတဲ့ ေလာကကို "
" ဒါေတာ့ ဒါေပါ့ ပ်ံ႕ပ်ံ႕ရဲ႕ ၊ ဒါေပမဲ့လဲ ... "
" ဒါေပမဲ့ မေနနဲ႔ ကိုကို ၊ ကိုကိုဘုဏ္းေဇ ဘုရင္မျဖစ္ခင္ ၾကားထဲမွာ ႏိုင္ငံေရးက တစ္ခုခု ေျပာင္းသြားတာမ်ိဳးလဲ ျဖစ္ႏိုင္တာပဲကို ၊ ဥပမာ အေမရိကန္တပ္ေတြ ဝင္လာၿပီး ညီမေလးတို႔ ႏိုင္ငံႀကီးကို သိမ္းပိုက္လိုက္လို႔ ဘုရင္စနစ္ပ်က္သုဥ္းသြားတာတို႔ ၊ ဒါမွမဟုတ္ ရာသီဥတုေဖာက္လြဲေဖာက္ျပန္မႈေတြ ဆိုးဆိုး႐ြား႐ြားျဖစ္ၿပီး မီးေတာင္ေတြေပါက္ကြဲ ၊ ေရခဲျမစ္ေတြအရည္ေပ်ာ္ ၊ ငလ်င္ေတြလႈပ္ၿပီး ကမာၻႀကီးပ်က္သြားတာတို႔ "
" နင္ေျပာမွ ပိုဆိုးကုန္ပါၿပီ ပ်ံ႕ပ်ံ႕ရာ "
" ညီမေလးက ဥပမာေျပာတာပါ ကိုကိုရဲ႕ "
" နင့္ဥပမာေတြက အေကာင္းဆိုေတာ့ ..."
ပ်ံ႕ပ်ံ႕ရဲ႕နဖူးကို လက္သီးဆုပ္ျဖင့္ ခပ္ဖြဖြထုေတာ့ ပ်ံ႕ပ်ံ႕က ဇက္ကေလးပုၿပီး ရယ္သည္။ ရွင္းသန႔္ စိတ္ထဲမွာ က်န္ေနေသးသည့္ ပူပန္မႈေတြလည္း ေတာ္ေတာ္မ်ားမ်ား ေလ်ာ့က်သြားၿပီဟုထင္ရသည္ ။ သူ႔ညီမေလးေျပာသလို ပစၥဳပၸာန္ကိုပဲ အာ႐ုံစိုက္လိုက္တာ အေကာင္းဆုံးပဲ ျဖစ္ပါလိမ့္မည္။
" ေတာ္ေသးတာေပါ့ ...အဟင္း "
" ဘာကိုလဲ "
" ညီမေလးမွာ အစ္ကိုေတြပဲရွိေတာ့ ေယာင္းမေတြပဲ ရမွာလို႔ ထင္ထားတာ ၊ အခုေတာ့ ေယာင္းမတစ္ေယာက္ ခဲအိုတစ္ေယာက္ ရေတာ့မယ္...အဟား... "
" အာ...ဒီကေလးမ "
" ရွက္သြားတာလား ...အဟားဟား "
ရွင္းသန႔္ ေနာက္ကလိုက္႐ိုက္ေတာ့ သင္းပ်ံ႕က အိမ္ထဲ ဝင္ၿပီး အေပၚထပ္အထိ တက္ေျပးသည္။ ေလွကားေပၚက သူတို႔ေမာင္ႏွမ၏ ေျခသံတဒုန္းဒုန္းေၾကာင့္ လူႀကီးေတြ လွမ္းဆူတာ ခံၾကရေသး၏။ ညဥ့္နက္လာသည္ႏွင့္အမွ် ၿခံထဲက ကံ့ေကာ္ပန္းနံ႔ေလးမ်ားကလည္း ပိုမိုေမႊးႀကိဳင္လာၿပီ ။
ရွင္းသန႔္ အခန္းထဲေရာက္ေရာက္ခ်င္း အိပ္ရာေပၚမွာ က်န္ခဲ့သည့္ ဖုန္းကို ေကာက္ကိုင္လိုက္သည့္အခါ Good Night ဆိုေသာ message တစ္ေစာင္က အဆင္သင့္ ေစာင့္ႀကိဳေနတာ ေတြ႕ရသည္ ။
' ငါေတာ့ မင္းနဲ႔ တကယ္ဒုကၡပါပဲ ေခြးေပါက္ေလး '
*****
ၿငိမ္းေအးသာစံၿမိဳ႕အျပင္ဘက္ ဆယ္မိုင္ခန႔္ အကြာရွိသစ္ေတာစိမ္းစိမ္းမ်ားဖုံးေနေသာ ေတာင္ကုန္းတစ္ခုေပၚ တြင္ ေတာ္ဝင္မိသားစု တစ္ခါတရံ လာေရာက္အနားယူေလ့ရွိသည့္ ေႏြရာသီစံအိမ္ ရွိသည္။ ေႏြရာသီစံအိမ္ဟု အမည္ေပးထားေသာ္လည္း ေတာ္ဝင္မိသားစုက စိတ္ကူးေပါက္ရင္ေပါက္သလို ဘယ္အခ်ိန္ျဖစ္ျဖစ္ လာေနေလ့ရွိတတ္သည္။
အျဖဴေရာင္ရဲတိုက္ ပုံသဏၭာန္ ေဆာက္လုပ္ထားေသာ သည္စံအိမ္တြင္ အေစာင့္ခ်ထားေသာ အမႈထမ္းအနည္းငယ္ရွိၿပီး ထိုအမႈထမ္းမ်ားက ေတာ္ဝင္မိသားစု အခ်ိန္မေ႐ြး လာေရာက္ ေနထိုင္ႏိုင္ရန္ စံအိမ္တစ္ခုလုံးကို အၿမဲသန႔္ရွင္းသပ္ရပ္ေနေအာင္ ထိန္းသိမ္းထားၾကသည္။
ေတာင္ကုန္းေပၚသို႔ ကားျဖင့္ အလြယ္တကူ သြားလာႏိုင္ရန္ အဆင္းလမ္းႏွင့္အတက္လမ္း ႏွစ္မ်ိဳး ေဖာက္လုပ္ထားၿပီး စံအိမ္၏အေနာက္ဘက္မွာလည္း Golf႐ိုက္ဖို႔ႏွင့္ ရဟတ္ယာဥ္ဆင္းသက္စရာကြင္းက်ယ္တစ္ခုရွိေသး၏။ ဘယ္ဘက္မွာ ေရကူးကန္ရွိၿပီး ညာဘက္မွာ ဘတ္စ္ကတ္ေဘာကစားကြင္း ျပဳလုပ္ထားသည္။ မ်က္ႏွာစာမွာေတာ့ အလွစိုက္ပန္းပင္မ်ားက သူ႔အမ်ိဳးအစားႏွင့္သူ စီစီရီရီ ။
" ဘုဏ္းေဇ ၊ ငါသာ မင္းေနရာမွာဆို နန္းေတာ္ထဲေနမဲ့အစား ဒီမွာပဲ အၿမဲလာေနမွာ ၊ အခုေတာင္ ကိုယ့္ကိုယ္ကိုယ္ Disney ႐ုပ္ရွင္ေတြထဲ ေရာက္သြားသလိုပဲ "
ေကာင္းယံက ေႏြရာသီစံအိမ္ကို ေတာ္ေတာ္သေဘာက်ေနသည္။ ေရာက္ကတည္းက စံအိမ္တစ္ခုလုံးအႏွံ႔ပတ္ၿပီး တစ္ေနရာၿပီးတစ္ေနရာ ဝင္လိုက္ထြက္လိုက္လုပ္ျဖင့္ ေလွ်ာက္ၾကည့္ေနတာ မေမာႏိုင္မပန္းႏိုင္ ။
ဘုဏ္းေဇယ်ာေက်ာ္ အရင္က သူငယ္ခ်င္းေတြႏွင့္ သည္ကို တစ္ခါမွ် မလာခဲ့ဖူးပါ ။ ရွင္းသန႔္ကိုပင္ ေခၚမလာခဲ့ဖူးတာမို႔ ရွင္းသန႔္လည္း အခုမွ ေႏြရာသီစံအိမ္ကို ပထမဆုံးအႀကိမ္ ေရာက္ဖူးျခင္းပင္။
နန္းေတာ္ထဲက အိမ္ေရွ႕မင္းသားစံအိမ္မွာလို သည္ေႏြရာသီစံအိမ္မွာလည္း စႏၵရားအပါအဝင္ တူရိယာအစုံရွိသည္။ ထို႔ေၾကာင့္ သူတို႔တေတြ စကားေျပာလိုက္ၾက သီခ်င္းဆိုလိုက္ၾကျဖင့္ အခ်ိန္ေတြ ဘယ္လိုကုန္လို႔ ကုန္သြားမွန္းပင္ မသိလိုက္ၾက။ ညေနေရာက္ေတာ့ ဘတ္စ္ကတ္ေဘာ ကစားၾကၿပီး ေရကူးကန္ထဲမွာ ေရကူးၿပိဳင္ၾကေသးသည္။
ညစာအတြက္ သူတို႔ကိုယ္တိုင္ ျပင္ဆင္ၾကမည္ ျဖစ္၍ အမႈထမ္းအားလုံး စံအိမ္ထဲကို ဝင္မလာၾကေတာ့ဘဲ သူတို႔ခ်ည္းသာ လြတ္လြတ္လပ္လပ္ က်န္ရစ္သည္ ။ လိုအပ္တာအားလုံးကို ၿမိဳ႕ထဲကေန တစ္ခါတည္း ဝင္ဝယ္ခဲ့ၾကၿပီးသားမို႔ ညစာျပင္ဆင္ဖို႔ကလည္း အဆင္သင့္ပင္ ။
သည္တစ္ခါေတာ့ ဆယ့္ရွစ္ႏွစ္ျပည့္ၿပီးၾကၿပီ ျဖစ္ေသာေၾကာင့္ အရက္ဝယ္ခြင့္လည္း ရခဲ့ၾကၿပီ။
သူတို႔ဆီမွာ ရွင္းသန႔္အေဖထံမွ ဆယ့္ရွစ္ႏွစ္ျပည့္လက္ေဆာင္အေနျဖင့္ ရထားသည့္ ခုနစ္ႏွစ္သက္တမ္းရွိေသာ ဝိုင္နီတစ္ပုလင္းလည္း ပါေသး၏။
အာကာက သီခ်င္းဗီဒီယိုတစ္ပုဒ္မွာ bartender ေနရာက ဝင္သ႐ုပ္ေဆာင္ဖူးသျဖင့္ သူငယ္ခ်င္းေတြကို cocktail စပ္ေပးမည္ဟု အာမခံထားသည္။ cocktailစပ္ဖို႔ vodkaႏွင့္ သစ္သီးမ်ားကိုလည္း သူ႔စိတ္ႀကိဳက္ ေ႐ြးဝယ္လာ၏ ။ သည္ညအတြက္ သီဟႏွင့္ ေကာင္းယံက အာကာ့လက္ေထာက္ျဖစ္ၿပီး အာကာခိုင္းသမွ် ေဘးကေန ကူေပးၾကရသည္။
စံအိမ္ထဲက မီးဖိုခန္းထဲတြင္ ေရာင္ရွိန္က Steak လုပ္ေနၿပီး ရွင္းသန႔္က အာလူးေခ်ာင္းေၾကာ္ကာ ဆလပ္သုပ္ဖို႔ ျပင္သည္။ ဘုဏ္းေဇတစ္ေယာက္ကေတာ့ ရွင္းသန႔္ေဘးကေန ဟိုဟာျမည္းသည္ဟာျမည္းကလြဲၿပီး ဘာမွလုပ္တတ္သူမဟုတ္ ။ လုပ္ဖို႔လည္း စိတ္ကူးရွိပုံမရေပ။
" ရွင္း ... ဆလပ္သုပ္က ျမည္းၾကည့္လို႔ရၿပီလား "
" ရၿပီ ၊ ျမည္းၾကည့္မလား "
" အြန္း ... ခြံ႕ေကြၽး "
အမွန္အတိုင္း ဝန္ခံရလွ်င္ ဘုဏ္းေဇယ်ာေက်ာ္ကို ေရာင္ရွိန္ သိပ္ၾကည့္လို႔ မရခ်င္ေတာ့ပါ။ ဘုဏ္းေဇဆီက ဘာအကူအညီမွလည္း မရ။ အသီးလွီးသူကလွီး ၊ အခြံႏႊာသူကႏႊာျဖင့္ သူတို႔အားလုံး အလုပ္ရႈပ္ေနခ်ိန္ ဘုဏ္းေဇက ဖုန္းတစ္လုံးျဖင့္ Candy Crush Saga Level 200ကို အသည္းအသန္ ထိုင္ေဆာ့ေန၏။ ထို႔အျပင္ ရွင္းသန႔္ကိုပါ စားစရာ တစ္မ်ိဳးၿပီးတစ္မ်ိဳး ခြံ႕ေကြၽးခိုင္းေသးသည္။
ေတာ္ေတာ္အျမင္ကတ္ဖို႔ေကာင္းသည့္ အိမ္ေရွ႕မင္းသား ။
" အား... "
ဆလပ္သုပ္ကို အၿပီးသတ္နယ္ၿပီး ဘုဏ္းေဇကို ခြံ႕ေကြၽးလိုက္ခ်ိန္ ရွင္းသန႔္လက္ညႇိဳးပါ အကိုက္ခံလိုက္ရသည္။ ဘုဏ္းေဇက ရွင္းသန႔္လက္ညႇိဳးကို ကိုက္ၿပီး ခ်က္ခ်င္းလႊတ္မေပးဘဲ ခဏေလာက္ ငုံခဲထားေသး၏။ လႊတ္ေပးၿပီးေတာ့လည္း မ်က္ႏွာက မခ်ိဳမခ်ဥ္လုပ္ေနသည္။
ရွင္းသန႔္မွာ အကိုက္ခံရတာ သိပ္မနာေသာ္လည္း သူ႔လက္ကိုငုံၿပီး လွ်ာဖ်ားျဖင့္ တို႔ခံလိုက္ရသျဖင့္ တစ္ကိုယ္လုံး ရွိန္းဖိန္းသြားသလို ခံစားလိုက္ရသည္။
ဘုဏ္းေဇယ်ာေက်ာ္က သူ႔ကို ဘာမ်ားျဖစ္ေစခ်င္ေနပါလိမ့္။
" ဘာလို႔ကိုက္တာလဲ ၊ မင္းက ေခြးလား "
" ဟုတ္တယ္ေလ ၊ မင္းပဲ ငါ့ကို ေခြးေပါက္ေလးဆို "
" ေတာ္စမ္းပါ ၊ သြား.. မင္း ဒီနားမလာေတာ့နဲ႔ ၊ အာကာတို႔ဆီသြားေန "
မီးဖိုခန္းထဲက ဘုဏ္းေဇကို ႏွင္ထုတ္ေပမဲ့ ထြက္မသြားသည့္အျပင္ ရွင္းသန႔္အနားကို ပိုၿပီးေတာင္ ကပ္လာေသး၏။ လက္တစ္ဖက္ကိုလဲ ရွင္းသန႔္မ်က္ႏွာေရွ႕ ထိုးေပးရင္း ...
" စိတ္ဆိုးသြားတာလား ၊ နာလဲမနာဘဲနဲ႔ကြာ ၊ ငါဖြဖြေလး ကိုက္တာကို၊ မေက်နပ္ရင္ ငါ့လက္ကိုျပန္ကိုက္ ၊ ေရာ့ ...ကိုက္ ၊ မင္း စိတ္ေက်နပ္တဲ့အထိ ျပန္ကိုက္ ရွင္း ၊ ကိုက္လို႔ "
" ဖယ္စမ္းပါ ၊ ကေလးကလားေတြ လာလုပ္မေနနဲ႔ "
ရွင္းသန႔္က ဘုဏ္းေဇလက္ကို ပုတ္ထုတ္ၿပီး သူ႔ကို အတင္းလိုက္ကပ္ေနေသာ ခႏၶာကိုယ္ကိုပါ တြန္းလႊတ္ေန၏။ လင္းေရာင္ရွိန္ သည္ျမင္ကြင္းကို ဘယ္လိုမွ ရပ္ၾကည့္မေနႏိုင္ေတာ့။ စံအိမ္ပိုင္ရွင္ကို အက်ႌေကာ္လံကေန ေနာက္ျပန္ဆြဲၿပီး မီးဖိုခန္းထဲမွ ဆြဲထုတ္ပစ္မိသည္ ။ ဘုဏ္းေဇက သူဆြဲတဲ့ေနာက္ ယက္ကန္ယက္ကန္ ပါလာရင္း ပါးစပ္ကလည္း တရွင္းရွင္းျဖင့္ ေအာ္ေန ေသး၏။
" ငါ မင္းကို လုံးဝ ၾကည့္လို႔မရေတာ့ဘူး ဘုဏ္းေဇယ်ာေက်ာ္ ၊ မင္းကေလ ေတာ္႐ုံပဲေကာင္းတယ္ သိလား "
" အာ့...ငါ မင္းကို ဘာလုပ္လို႔လဲ ၊ ငါ့ဟာငါ ရွင္းသန႔္တည္ေလးကို စေနတာေလ ၊ ရွင္း...ငါ့ကို လာကယ္ပါဦး ၊ ရွင္းလို႔... ဒီမွာ ငါအႏိုင္က်င့္ခံေနရတာ မျမင္ဘူးလား ၊ ရွင္း ..မင္း ဒီလိုပဲ ငါ့ကို ဥေပကၡာျပဳထားမွာလား ၊ ရွင္း..."
" တရွင္းရွင္းနဲ႔ နားၿငီးတယ္လို႔ ၊ မင္းဟာမင္း ရွင္းခ်င္ရင္ တျခားသြားရွင္း သြား "
ဘုဏ္းေဇကို အျပင္တြန္းပို႔ၿပီး မီးဖိုခန္းတံခါးကိုပါ ပိတ္ထားလိုက္၏။ ဒါမွ ဒီအိမ္ႀကီးရွင္ ျပန္ဝင္လာလို႔ မရမွာ ။
တံခါးပိတ္ၿပီး ျပန္လွည့္လာခ်ိန္ ရွင္းသန႔္က ငါးမုန႔္ေၾကာ္ႏွင့္ ဝက္ေခါက္ေၾကာ္ထုပ္ေတြကို ပါးကန္ျပားေတြထဲ ေဖာက္ထည့္ေနသည္။ ေရာင္ရွိန္ ဝက္ေခါက္ေၾကာ္တံဆိပ္ကို ေသခ်ာၾကည့္လိုက္ၿပီး
" ဝက္ေခါက္ေၾကာ္က ဟိုတို႔ဟူးေႏြးဆိုင္ သြားဝယ္လာျပန္တာလား "
" ေအးေလ ၊ ဘုဏ္းေဇက အဲဒီကဟာမွ ႀကိဳက္တာကိုး "
ရွင္းသန႔္ကိုလည္း ေရာင္ရွိန္ ဩခ်မိသည္။ ငယ္ငယ္ကတည္းက ရွင္းသန႔္တစ္ေယာက္က ဘုဏ္းေဇရဲ႕အႏြံတာကို သိပ္ခံႏိုင္သည္။ ပါးစပ္ကသာ တစ္ခါတရံ အကန္ေတြ ေျပာတတ္ေပမဲ့ ဘုဏ္းေဇအေပၚကို ရွင္းသန႔္ေလာက္ ဂ႐ုစိုက္ႏိုင္တဲ့သူမရွိ ။ ဘုဏ္းေဇမ်က္ႏွာ တစ္ခ်က္ ညႇိဳးျပလိုက္တာနဲ႔ ရွင္းသန႔္က ဘုဏ္းေဇဆႏၵအတိုင္း အကုန္လိုက္ျဖစ္ေပးၿပီးသားပင္ ။ ဒါေၾကာင့္လည္း ဘုဏ္းေဇက ရွင္းသန႔္တစ္ေယာက္တည္းအေပၚမွာ ကေလးလို လိုက္ကပ္ခြၽဲေနျခင္းျဖစ္၏ ။
တကယ္ဆို ေရာင္ရွိန္တို႔အုပ္စုထဲမွာ အစားအေသာက္ႏွင့္ ပတ္သက္လွ်င္ ရွင္းသန႔္က အစားအေ႐ြးဆုံးျဖစ္ၿပီး ဘုဏ္းေဇက ဘာေနေန အကုန္စားေလ့ရွိသူ ။ သို႔ေသာ္ ဘုဏ္းေဇ တစ္ခုခုစားခ်င္တိုင္း ရွင္းသန႔္က မႀကိဳက္လည္း ဘုဏ္းေဇေရွ႕ကေန အရင္စားၾကည့္ေလ့ရွိသည္။
မလိုသူ တစ္ေယာက္ေယာက္ကမ်ား အိမ္ေရွ႕မင္းသားကို အစားအေသာက္ႏွင့္ လုပ္ႀကံလွ်င္ ရွင္းသန႔္တည္ၾကည္က အရင္ေသလိမ့္မည္ ။
ကိုယ္ကာယ ေလ့က်င့္ခန္းေတြ လုပ္ရတာ မႀကိဳက္ဘဲ အၿမဲတမ္း စာအုပ္တစ္အုပ္ႏွင့္ ေအးရာေအးေၾကာင္းေနတတ္သည့္ ရွင္းသန႔္က ဘုဏ္းေဇ Jiu Jitsu ေလ့က်င့္ခ်င္သည့္ အခ်ိန္တိုင္း အသားအနာခံၿပီး အတူလိုက္က်င့္ေပးတတ္ရွာ၏ ။ အဲသည္လိုအခ်ိန္မ်ိဳးဆို ဘုဏ္းေဇအနား ဘယ္သူမွ မကပ္ေပမဲ့ ရွင္းသန႔္ကေတာ့ ပုခုံးတစ္ခုလုံး နာသြားတဲ့အထိ သည္းခံႏိုင္သူပါ ။
ဘုဏ္းေဇအတြက္ ရွင္းသန႔္က သူငယ္ခ်င္းတစ္ေယာက္ထက္ ပိုၿပီး ထူးျခားသည့္သူ ဆိုတာကိုလည္း ေရာင္ရွိန္ သတိထားမိခဲ့သည္။ ေလးတန္းေက်ာင္းစဖြင့္တဲ့ေန႔မွာ ရွင္းသန႔္ ေရာက္မလာခင္ကတည္းက ရွင္းသန႔္အတြက္ ဘုဏ္းေဇက ေနရာဦးေပးထားခဲ့သည္။ ေျပာရမယ္ဆို အဲဒီအခ်ိန္ကတည္းက သူ႔သူငယ္ခ်င္းရဲ႕ ႏွလုံးသားထဲမွာ ရွင္းသန႔္တည္ၾကည္ဆိုတဲ့ ေက်ာင္းသားသစ္ကေလးက ေနရာယူသြားခဲ့ၿပီ ။
ရွင္းသန႔္ ေနမေကာင္း၍ ေက်ာင္းပ်က္တဲ့ေန႔မ်ိဳးဆို ဘုဏ္းေဇလည္း ေန႔လယ္စာ မစားႏိုင္ခဲ့ ။ ရွင္းသန႔္ ငါးမိနစ္ေလာက္ မ်က္စိေအာက္က ေပ်ာက္သြားတာႏွင့္ တၿပိဳင္နက္ ဘုဏ္းေဇက က်ီးကန္းေတာင္းေမွာက္ လိုက္ရွာတတ္သူ ။ ရွင္းသန႔္မွာ အႏၲရာယ္တစ္ခုခု ရွိေနလွ်င္ ဘုဏ္းေဇက ထိုအႏၲရာယ္တြင္းထဲအထိ ေျပးလိုက္တဲ့သူပါ ။
သူ႔သူငယ္ခ်င္းေလးႏွစ္ေယာက္ၾကားမွာ ခ်ည္ေႏွာင္ထားတဲ့ႀကိဳးဟာ သာမန္မဟုတ္မွန္း လင္းေရာင္ရွိန္ ရိပ္မိေနခဲ့တာ ၾကာပါၿပီ။ ေရာင္ရွိန႔္အတြက္ေတာ့ လိင္တူ စိတ္ဝင္စားၾကသူေတြဟာလည္း ဘာမွ်ထူးဆန္းမေန ။ သူ႔မိဘေတြႏွင့္ ေနရာေပါင္းစုံသြားဖူးသူမို႔ လူေပါင္းစုံႏွင့္လည္း ေတြ႕ခဲ့ရဖူးသည္။ ထို႔ေၾကာင့္ လိင္တူပဲခ်စ္ၾကခ်စ္ၾက ၊ လိင္ကြဲပဲခ်စ္ၾကခ်စ္ၾက ခ်စ္ျခင္းေမတၱာမွန္သမွ် အတူတူ လွပသည္ဟုသာ ခံစားရသည္။ ျဖစ္ႏိုင္လွ်င္ သူ႔သူငယ္ခ်င္းေတြရဲ႕ ခ်စ္ခရီးလမ္းေလးကိုလည္း အေႏွာင့္အယွက္မရွိ သာယာလွပေစခ်င္ပါ၏။
" မင္းတို႔ကို ေျပာရဦးမယ္ ၊ ၿငိမ္းေအးသာစံ တကၠသိုလ္နားမွာ ငါတို႔ အိမ္ရာအသစ္ တစ္ခုရွိတယ္ ၊ အဲဒါ ငါ့အေဖက ေက်ာင္းဖြင့္ရင္ မင္းတို႔ေရာ အတူေနဖို႔ ကြန္ဒိုႏွစ္ခန္း မေရာင္းဘဲနဲ႔ ငါ့ကိုေပးထားတယ္ ၊ ဘယ္လိုလဲ အတူလိုက္ေနၾကမယ္မလား "
ညစာကို ထမင္းစားခန္းထဲမွာ မဟုတ္ဘဲ ေႏြရာသီစံအိမ္၏ သုံးထပ္ေျမာက္က လသာေဆာင္ေပၚ ဝိုင္းဖြဲ႕စားေသာက္ၾကရင္း ေရာင္ရွိန္က ေက်ာင္းဖြင့္လွ်င္ သူ႔ကြန္ဒိုမွာပဲ အတူေနၾကဖို႔ ေျပာသည္။ အာကာႏွင့္ေကာင္းယံက ခ်က္ခ်င္းသေဘာတူၾက၏။ ဘုဏ္းေဇကိုေတာ့ ေရာင္ရွိန္က စာရင္းထဲ ထည့္မထား။ နန္းေတာ္ကေနပဲ ေန႔တိုင္း အသြားအျပန္လုပ္ရမည့္သူမွန္း သိထားေသာေၾကာင့္ ။ သီဟကလည္း အိမ္ကေနပဲ ေက်ာင္းတက္မည္ဟုဆိုသည္။
" ငါကေတာ့ ငါ့အစ္ကိုလို ေက်ာင္းက အေဆာင္မွာပဲ ေနမလို႔ "
ရွင္းသန႔္စကားကို ၾကားၾကားခ်င္း ဘုဏ္းေဇက ေသာက္လက္စ cocktailကို အျမန္ေမာ့ခ်ၿပီး အမိန႔္ေပးသည့္ေလသံျဖင့္
" မေနရပါဘူး ၊ အေဆာင္ဆို လူကမ်ားမ်ားနဲ႔ ၊ ကြန္ဒိုမွာပဲေန ရွင္းသန႔္တည္ၾကည္ "
" မင္းက ငါ့အေဖလား "
ရွင္းသန႔္က ခပ္တည္တည္ ျပန္ေျပာေတာ့ ဘုဏ္းေဇက ခ်က္ခ်င္း မ်က္ႏွာခ်ိဳျပန္ေသြး၏။ ရွင္းသန႔္အနားကပ္ၿပီး လက္ေမာင္းတစ္ဖက္ကိုလည္းဆြဲကာ
" ရွင္းကလဲ ၊ လူအမ်ားႀကီးနဲ႔ဆို မင္း မေနတတ္ဘူးေလ "
" ငါက သူတို႔နဲ႔ တစ္ခန္းတည္းအတူ ေနမွာမွ မဟုတ္တာ ၊ ကိုယ့္အခန္းကိုယ္ ေနမွာပဲ "
" ဘာေနေန ေက်ာင္းက အေဆာင္မွာေတာ့ မေနပါနဲ႔ကြာ ၊ ကိုယ့္သူငယ္ခ်င္းေတြနဲ႔ပဲ အတူေနတာ ပိုမေကာင္းဘူးလား ရွင္းရ ၊ ငါလဲ တစ္ခါတေလ မင္းတို႔နဲ႔အတူ လာေနမွာလို႔ ၊ မင္းက ေက်ာင္းအေဆာင္မွာ ေနမယ္ဆို ငါလာေနလို႔ ဘယ္ရပါ့မလဲ ၊ ေနာ္ ...ရွင္း.. ေနာ္ "
တျခားသူေတြေတာင္ ဘာမွ်ဝင္မေျပာလိုက္ရ။ ထုံးစံအတိုင္း ဘုဏ္းေဇ ကပ္ခြၽဲလိုက္ေသာအခါ ရွင္းသန႔္ဘက္က လိုက္ေလ်ာၿပီးသား ျဖစ္သြားသည္ ။ ကြန္ဒိုႏွစ္ခန္းမွာ ေရာင္ရွိန္တို႔သုံးေယာက္က တစ္ခန္းတည္းအတူေနၿပီး ရွင္းသန႔္ကို သက္သက္တစ္ခန္း ေပးေနရန္ အရွင္မင္းသားက စီစဥ္ေပးလိုက္ေသး၏ ။ ရွင္းသန႔္ ပန္းခ်ီဆြဲခ်င္လွ်င္ မလြတ္လပ္မွာစိုး၍ဟု ေျပာသည္။ ေရာင္ရွိန္ကေတာ့ မယုံပါ ။ ရွင္းသန႔္ႏွင့္အတူ လာေနခ်င္သည့္ ဘုဏ္းေဇယ်ာေက်ာ္ရဲ႕ အႀကံကို ရိပ္မိၿပီးသား ။
ထိုအခ်ိန္ ...
" ေဘဘီ "
အာကာ့ဖုန္းေပၚမွာ မွတ္ထားေသာ အမည္။
" ခဏေလး ေဟ့ေကာင္ေတြ ၊ ငါ ေဘဘီနဲ႔ စကားေျပာလိုက္ဦးမယ္ "
ေကာင္းယံကလြဲၿပီး က်န္ေလးေယာက္သားက အာကာ့ကို အထူးအဆန္း ျဖစ္ေနၾကသည္။ မမ မမ ဆိုၿပီး ျဖစ္ေနတာ ဘယ္ေလာက္မွ မၾကာေသးသည့္ အာကာက အခု ေဘဘီတဲ့ေလ ။
" အဲဒီေကာင္ ေနာက္တစ္ေယာက္ ေျပာင္းသြားၿပီ "
" ဘယ္တုန္းကလဲ "
" မၾကာေသးဘူး ၊ တစ္ပတ္ေလာက္ရွိေသးတယ္ "
စိုင္းအာကာေက်ာ္တို႔ အေျပာင္းအလဲျမန္ခ်က္က အံ့ဩစရာ။ သုံးမိနစ္ေလာက္ ဖုန္းေျပာၿပီး အာကာက ဝိုင္းထဲ ျပန္ေရာက္လာသည္ ။ သူ႔ကို အံ့ဩတႀကီး ၾကည့္ေနၾကေသာ မ်က္ႏွာေတြကိုလည္း သတိထားမိပုံေပၚသည္။ မခ်ိဳမခ်ဥ္ မ်က္ႏွာေပးႏွင့္ ေဘးမွာ ခ်ထားေသာ ဂီတာကို ေကာက္ကိုင္၏။
" ေနပါဦး ၊ မင္း မမက ဘာျဖစ္သြားၿပီတုန္း "
ဘုဏ္းေဇ၏ မ်က္ဝန္းမ်ားက အာကာ့အခ်စ္ေရးကို ေတာ္ေတာ္စိတ္ဝင္စားေနသည့္ အေရာင္မ်ားျဖင့္ ။
" ျပတ္သြားၿပီေလ ၊ တကယ္ေတာ့ သူက ငါ့ကို မခ်စ္ဘူး ၊ အားနာလို႔ တြဲခဲ့တာတဲ့ ၊ အဲဒါနဲ႔ လမ္းခြဲလိုက္တာ "
" ဟင္ ! ဟုတ္ပါၿပီ ၊ ျပတ္သြားၿပီ ထားပါေတာ့ ၊ အခု ေနာက္တစ္ေယာက္ဆိုေတာ့ မင္းဟာက မျမန္လြန္းဘူးလား "
" ဘာလဲ ငါက ရည္းစားနဲ႔ျပတ္ၿပီး အသည္းကြဲေနရမွာလား ၊ မင္း ဟိုသီခ်င္း မၾကားဖူးဘူးလား ဘုဏ္းေဇ "
" ဘာသီခ်င္းလဲ "
♪ေနေရာင္ ေတာင္စြယ္မွာ ကြယ္ရင္
ေငြလမင္းေလး
ထြန္းလင္းလာမယ္ေလ
မာယာရွင္ေလး မုန္းသြားပါေစ
ၾကင္နာသူေလး
တစ္ေယာက္ လာမယ္ေလ ♪
အာကာက ဂီတာတီးၿပီး သီခ်င္းဆိုေတာ့ ေကာင္းယံကပါ အာကာႏွင့္အတူ ေအာ္ဆိုသည္။ သူတို႔ ႏွစ္ေယာက္စလုံးက ဘယ္အရာကိုမွ် ေလးေလးနက္နက္ မခံစားတတ္ဘဲ ေပါ့ေပါ့ေလးသာ သေဘာထားတတ္ၾကသူမ်ား ။
♪ ကမာၻမွာ ေပ်ာ္သလို ေနႏိုင္ရင္
လူျဖစ္ မရႈံးဘူး ေတြးထားသူ ပါေလ
လိုခ်င္တာေလး လွမ္းလို႔ မလြယ္ရင္
လြယ္တာကိုပဲ ရေအာင္ ယူမယ္... ♪
ဘုဏ္းေဇ ဒီသီခ်င္းကို သေဘာမေတြ႕လွပါ ။ လိုခ်င္တာရဖို႔ မလြယ္တာနဲ႔ ၊ လြယ္တာကို ရေအာင္ယူမယ္ဆိုတာႀကီးကို မႀကိဳက္ ။ သူကေတာ့ လိုခ်င္တာကိုသာ မရရေအာင္ ယူမည့္သူ ။
" မင္းက လြယ္လြယ္လက္ေလွ်ာ့တဲ့ သေဘာပဲ ၊ ငါကေတာ့ အဲလိုမဟုတ္ဘူး ၊ ေနဦး ...ငါဆိုျပမယ္ နားေထာင္ "
ဘုဏ္းေဇ အာကာ့လက္ထဲက ဂီတာကို လႊဲေျပာင္းယူလိုက္သည္။ ထို႔ေနာက္ ခႏၶာကိုယ္ကို အနည္းငယ္ ေစာင္းလိုက္ၿပီး ေဘးက ရွင္းသန႔္ရဲ႕ မ်က္ႏွာကို ေသခ်ာၾကည့္ကာ အၿပဳံးေသးေသးေလးျဖင့္ သီခ်င္းစဆို၏။
♪ တုံးခုလို႔မွ လွမ္းမရရင္
ခုန္ၿပီးေတာ့ခူးမယ္
မလြယ္ေပမဲ့ ငါဟာလုံ႔လရွိရမယ္
တုံးခုလို႔မွလွမ္းမရရင္
တံခ်ဴနဲ႔ခူးပစ္မယ္
မွတ္ထားကြယ္
ငါဟာ ေယာက္်ားတစ္ေယာက္ျဖစ္တယ္ ♪
ရွင္းသန႔္ မ်က္ႏွာေတြ ပူလာသလို ခံစားရသည္။ ဘုဏ္းေဇက သူ႔ကို ၾကည့္ၿပီး ရည္႐ြယ္ခ်က္ရွိရွိ ဆိုေနမွန္း သိေပမဲ့ သူကေတာ့ ေဘးကို လွည့္မၾကည့္ရဲ ။ အဲဒီမ်က္ဝန္းေတြႏွင့္ ရင္ဆိုင္ရလွ်င္ သူ႔ႏွလုံးခုန္သံေတြ မူမွန္ေတာ့မွာ မဟုတ္ေသာေၾကာင့္။
ေရွ႕မွာခ်ထားသည့္ အာလူးေၾကာ္ေခ်ာင္းေၾကာ္ကိုသာ ဆက္တိုက္စားေနခဲ့သည္ ။ ဘုဏ္းေဇက သီခ်င္းဆုံးတဲ့အထိ ရွင္းသန႔္တစ္ေယာက္တည္းကိုသာ ၾကည့္ၿပီး ဆိုသြားသည္။ ဘုဏ္းေဇမ်က္ႏွာလြဲသြားမွ ရွင္းသန႔္ လွည့္ၾကည့္ၿပီး အသက္ဝဝ ရႉႏိုင္ေတာ့သည္။
ထို႔ေနာက္ ဘုဏ္းေဇက လက္ထဲက ဂီတာကိုခ်ကာ ဝိုင္ခြက္ကို ျဖည္းျဖည္းခ်င္း ေမာ့ေသာက္၏။ ဝိုင္ေသာက္ရင္း ၿပဳံးလိုက္သည့္ပုံစံေၾကာင့္ ရွင္းသန႔္ ေငးခနဲ ျဖစ္သြားရသည္။ ရွင္းသန႔္ ေငးေနတာျမင္ေတာ့ မ်က္စိတစ္ဖက္ မွိတ္ျပ၏။
သည္အိမ္ေရွ႕စံနဲ႔ေတာ့ ရွင္းသန႔္ တကယ္ ႏွလုံးေရာဂါရေတာ့မွာ ။
" ရွင္းသန႔္ ၊ မင္းဆိုရင္ေရာ ဘယ္လိုသီခ်င္းမ်ိဳးနဲ႔ မင္းစိတ္ကို ေဖာ္ျပခ်င္လဲ "
ေရာင္ရွိန္က ရွင္းသန႔္ကို ေမးလာၿပီ ။ အေမးရွိေတာ့လည္း အေျဖကရွိရဦးမည္။ ရွင္းသန႔္ေခါင္းထဲမွာ ဘာသီခ်င္းမွ စဥ္းစားလို႔မရ။ သူက ဘုဏ္းေဇတို႔ေလာက္ သီခ်င္းေတြႏွင့္ မနီးစပ္သူ။ အဲဒီအစား သူႏွင့္ နီးစပ္သည့္ ကဗ်ာတစ္ပုဒ္ကသာ အာ႐ုံထဲမွာ ေပၚလာသည္။
ရွင္းသန႔္ ခံစားခ်က္ကို ေကာင္းေကာင္း ေဖာ္ျပႏိုင္သည့္ ဆရာမၾကည္ေအးရဲ႕ ကဗ်ာတစ္ပုဒ္ ။
" သီခ်င္းအစား ငါ ကဗ်ာတစ္ပုဒ္ ႐ြတ္ျပမယ္ "
အတူထိုင္ေနေသာ မ်က္ဝန္းငါးစုံတို႔၏ အၾကည့္က ရွင္းသန႔္ ႐ြတ္ျပမည့္ကဗ်ာကိုသာ စုၿပဳံၿပီး အာ႐ုံက်ေနၾကမွန္း သိသာလွသည္။ ရွင္းသန႔္ သူငယ္ခ်င္းေတြကို တစ္ခ်က္ေဝ့ၾကည့္ၿပီး လက္ႏွစ္ဖက္ကို ေနာက္ေထာက္ကာ မ်က္ႏွာကို အေပၚေမာ့ထားလိုက္သည္။ ေကာင္းကင္ထက္က ၾကယ္ကေလးမ်ားကပါ သူ႐ြတ္ျပမည့္ကဗ်ာကို နားေထာင္ေနၾကဟန္တူသည္။
ရွင္းသန႔္ လည္ေခ်ာင္းတစ္ခ်က္ရွင္းၿပီး စာသားတစ္ခုခ်င္းကို ျဖည္းျဖည္းေလး စ႐ြတ္လိုက္သည္။
* ကိုင္းထိပ္ဖူးမွာ
ပြင့္ဦးအသစ္ ယခုလွစ္သည့္
ေ႐ႊရစ္ပန္းျပာ ခပ္မာမာေလး။
လွမ္းမီေပမယ့္
ေမာေနပါ့မယ္ ခူးမလြယ္ဘူး၊
ေျမဝယ္ေလွ်ာင္းစင္း ေမာင့္ေျခရင္းက
သက္ဆင္းေႂကြလြင့္ ခေရပြင့္ေလ။
အလြယ္လိုက္ၿပီး
အႀကိဳက္ဆင္သင့္ လွမ္းႀကိဳႏွင့္သည့္
ေႂကြပြင့္ကိုသာ ေကာက္ပါေမာင္ရယ္...*
ကဗ်ာ႐ြတ္တာ ၿပီးသြားေပမဲ့ သူငယ္ခ်င္းေတြကေတာ့ ရွင္းသန႔္ကိုသာ ဆက္ၾကည့္ေနၾကသည္။ တစ္ခ်ိန္လုံး ၿငိမ္ၿပီး cocktailထိုင္ေသာက္ေနသည့္ သီဟက ဒီတစ္ခါေတာ့ စကားစလာ၏။
" အဓိပၸာယ္ကိုေရာ ေျပာျပပါဦး ၊ အဲဒီကဗ်ာက မင္းခံစားခ်က္ကို ဘယ္လိုေဖာ္ျပတာလဲ ""
ရွင္းသန႔္ မိုးေပၚကိုသာ ဆက္ၾကည့္ရင္း ...
" ကဗ်ာရဲ႕ အဓိပၸာယ္က သူကေတာ့ ကိုင္းထိပ္ဖူးမွာပြင့္တဲ့ ခပ္မာမာပန္းကေလးပါတဲ့ ၊ လွမ္းလို႔မီေတာင္မွ ခူးလို႔မလြယ္ပါဘူးတဲ့ ၊ အဲဒီအစား လြယ္လြယ္ေကာက္လို႔ရတဲ့ ခေရပြင့္ေလးကိုသာ ေကာက္ယူပန္ဆင္ပါတဲ့ ၊ ဒါေပမဲ့ ငါကေတာ့ ခ်စ္သူရဲ႕ေျခရင္းမွာ ေႂကြဆင္းေပးမဲ့ ခေရပြင့္ေလးပဲ ျဖစ္ခ်င္တယ္ ၊ ငါခ်စ္တဲ့သူကို ငါ့ေၾကာင့္ အပင္ပန္းမခံေစခ်င္ဘူး ၊ အဲဒီအစား ငါကသာ ခေရပြင့္ေလးလို အလြယ္တကူ ေႂကြက်ေပးမဲ့သူမ်ိဳးပဲ "
ရွင္းသန႔္စကားကို ငါးေယာက္စလုံး ၿငိမ္ၿငိမ္သက္သက္ နားေထာင္ေနမိၾကသည္။ သူတို႔ဆီမွာ ျပန္ေျပာစရာ စကားလုံး ရွာမေတြ႕ေနၾကတာမ်ိဳးလည္း ျဖစ္ႏိုင္သည္။
" ၿပီးေတာ့ မင္းတို႔ သိတယ္မလား ၊ ၾကယ္ေႂကြတာ ျမင္ၿပီး ဆုေတာင္းရင္ ျပည့္တယ္ဆိုတာေလ ၊ ငါခ်စ္တဲ့သူအတြက္ဆို ငါ့ဘဝကို သူဆုေတာင္းျပည့္ဖို႔ ေႂကြက်ေပးရတဲ့ ၾကယ္ကေလးျဖစ္ရလဲ ေက်နပ္တယ္ "
ဝိုင္နည္းနည္း ေသာက္ထား၍လားမသိ။ ရွင္းသန႔္တည္ၾကည္က ထူးထူးျခားျခား ကဗ်ာေတြ ဆန္ေနသည္။ ဒါမ်ိဳးက ဘုဏ္းေဇအတြက္ ရွင္းသန႔္ဆီက တကယ္ကို ၾကားရခဲေသာ စကားေတြပါ ။ သည္စကားဟာ ရွင္းသန႔္က သူ႔ကို ရည္ၫႊန္းၿပီး ေျပာေနတာပဲျဖစ္မွာဟု ေတြးလိုက္ေတာ့ ဘုဏ္းေဇ ရင္ထဲမွာ ၾကည္ႏူးမႈက ပန္းေတြလို ပြင့္ေနေတာ့သည္။
ကဗ်ာ႐ြတ္ျပေသာ သူ႔ေဘးက ေကာင္ေလးကို ဘုဏ္းေဇ ရွိသမွ်အားႏွင့္ ရင္ခြင္ထဲမွာ ေပြ႕ဖက္ထားခ်င္သည္။ နီရဲေနသည့္ နား႐ြက္ဖ်ားေလးကို သၾကားလုံးေလးတစ္လုံးလို ငုံခဲပစ္လိုက္ခ်င္သည္။ စိမ္းျမေနသည့္ နားသယ္စပ္ေလးကတစ္ဆင့္ ပါးျပင္ဝင္းဝင္းေလးထဲ သူ႔ႏွာတံတစ္ခုလုံး နစ္ဝင္ပစ္ခ်င္သည္။
ထိန္းခ်ဳပ္ထားရေသာ သူ႔စိတ္ကိုသာ ဘုဏ္းေဇ လႊတ္ေပးလိုက္ရလွ်င္ အဲဒီကဗ်ာဆန္ဆန္ စကားလုံးေတြ ထြက္က်လာသည့္ ပန္းႏုေရာင္ ႏႈတ္ခမ္းပါးေလး သက္သာလိမ့္မည္မဟုတ္ပါ ။ ကဗ်ာဆရာေလးလည္း သူ႔ကို စိတ္ဆိုးသြားမည္ ထင္ပါရဲ႕ ။ သည္ေတာ့လည္း မ်က္စိေရွ႕က ႏႈတ္ခမ္းေလးအစား ဝိုင္ခြက္ကိုသာ ဖိကပ္ နမ္းပစ္ေနရသည္ ။
ညဆယ့္တစ္နာရီေက်ာ္ေတာ့ စားစရာေရာ ေသာက္စရာပါ ကုန္သြားခဲ့ၿပီ ။ ရွင္းသန႔္ကလြဲၿပီး က်န္တဲ့ငါးေယာက္စလုံးလည္း မူးၿပီးေမွာက္ကုန္ၾက၏။
ရွင္းသန႔္က သိပ္ေသာက္မထားသူမို႔ နည္းနည္းရီေဝေဝ ျဖစ္႐ုံပဲရွိသည္။ Cocktailႏွင့္ ဝိုင္အျပင္ Vodka အလြတ္ကိုပါ ေမာ့ထားေသာ အိမ္ေရွ႕စံကေတာ့ အမူးဆုံးပဲ ျဖစ္လိမ့္မည္။
ေျခလွမ္းေတာင္ မမွန္ၾကေတာ့သည့္ သူငယ္ခ်င္းေတြကို ရွင္းသန႔္မွာ တစ္ေယာက္ၿပီးတစ္ေယာက္ တြဲၿပီး အိပ္ခန္းေတြထဲ လိုက္ပို႔ရတာ ေခြၽးမ်ားေတာင္ ပ်ံသည္။ ေသာက္ထားသည့္ အရွိန္အနည္းအက်ဥ္းေလးပင္ ဘယ္ေရာက္သြားမွန္း မသိေတာ့တဲ့အထိ ။
အရင္ဆုံး ဘုဏ္းေဇကို အိပ္ခန္းထဲ တြဲပို႔ခဲ့ေပမဲ့ တျခားသူေတြကို သြားတြဲေနစဥ္မွာပဲ ဘုဏ္းေဇက ယိုင္ထိုးယိုင္ထိုးျဖင့္ အခန္းထဲက ျပန္ထြက္လာသည္။ ေနာက္တစ္ႀကိမ္ သြားျပန္ပို႔ေတာ့လည္း ေနာက္တစ္ႀကိမ္ ထပ္ထြက္လာျပန္၏။ ရွင္းသန႔္လည္း ထပ္မပို႔ေတာ့။ ဟိုေလးေယာက္ကို အကုန္အခန္းထဲ ထည့္ၿပီးမွ ဘုဏ္းေဇကို ျပန္ဆြဲေခၚလာခဲ့သည္ ။
" ဘာလို႔ ျပန္ျပန္ထြက္လာတာလဲ ၊ မင္းေၾကာင့္ ငါေမာေနၿပီ သိရဲ႕လား မင္းသားေလး "
ဘုဏ္းေဇက မ်က္လုံးမ်ား စင္းက်ေနၿပီး မတ္တပ္ေတာင္ ေသခ်ာမရပ္ႏိုင္ေတာ့ေပမဲ့ အခန္းထဲက ျပန္ထြက္ဖို႔ပဲ လုပ္ေနသည္။
" ငါ ခေရပန္း သြားေကာက္မလို႔ "
" ဘာရယ္ "
" ခေရပန္း သြားေကာက္မယ္လို႔ ၊ ငါ ခေရပန္း သြားေကာက္ရဦးမွာ "
ရွင္းသန႔္မွာ ငိုရခက္ ရယ္ရခက္ပင္ ။ အိမ္ေရွ႕ကိုယ္ေတာ္ေလးက လူမွန္းသူမွန္းမသိေအာင္ မူးေနေသာ္လည္း မသိစိတ္ထဲမွာ သူ႐ြတ္ျပသည့္ ကဗ်ာကို စြဲေနပုံရသည္။ သည္အခ်ိန္ႀကီး ခေရပန္း သြားေကာက္မည္တဲ့ ။ အရက္ရွိန္ေၾကာင့္ ပါးေတြေရာ ႏွာေခါင္းေတြပါ နီရဲေနၿပီး အာေလးလွ်ာေလးျဖင့္ ေျပာေနသည့္ပုံစံက ရွင္းသန႔္မ်က္စိထဲမွာ ခ်စ္စရာလည္း ေကာင္းလြန္းသည္။
ဘုဏ္းေဇကို ကုတင္ေပၚမွာ မရမက ထိုင္ေစၿပီး မ်က္ႏွာကို သူ႔လက္ဖဝါးႏွစ္ဖက္ျဖင့္ ထိန္းကိုင္ကာ အၾကည့္ခ်င္းဆုံလိုက္ေတာ့
" ရွင္းကလဲ ခေရပန္း သြားေကာက္ရမွာပါဆို "
" ဒီအခ်ိန္ႀကီးကို ဘယ္က ခေရပန္းရွိမွာလဲ "
ဘုဏ္းေဇက ခ်က္ခ်င္းမေျဖ ။ ခဏစဥ္းစားၿပီးမွ ...
" ရွိတယ္ ၊ ေမာင့္ေျခရင္းမွာ ၊ ေမာင့္ေျခရင္းက ခေရပန္းေလ "
ရွင္းသန႔္ ဘယ္လိုမွ် မထိန္းထားႏိုင္ေတာ့ ။ ဘုဏ္းေဇမ်က္ႏွာကို ကိုင္ထားရင္းပဲ အားရပါးရ ရယ္မိသည္။
မူးေနေသာ အိမ္ေရွ႕မင္းသားက ရွင္းသန႔္ရယ္တာကို ၾကည့္ၿပီး ႏႈတ္ခမ္းစူကာ မ်က္ေမွာင္ၾကဳတ္လာ၏။ ရွင္းသန႔္ကိုလည္း ဆက္မရယ္ႏိုင္ေအာင္ ပါးႏွစ္ဖက္ကို ဆြဲညႇစ္ပစ္သည္။
" မရယ္နဲ႔ ၊ မင္း အဲလို မရယ္ရဘူး "
" ဘာျဖစ္လို႔လဲ ၊ ငါ့ဟာငါ ရယ္တာ မင္းဆီက ခြင့္ျပဳခ်က္ ေတာင္းရဦးမွာလား အရွင္မင္းသားရယ္ "
ဘုဏ္းေဇက သူ႔ရင္ဘတ္သူ လက္ညႇိဳးျဖင့္ ထိုးထိုးျပၿပီး
" မင္း ရယ္ေနတာ ျမင္ရင္ ဒီထဲက ယားက်ိယားက်ိ ျဖစ္ျဖစ္လာတယ္ ၊ ၿပီးေတာ့ တဒုတ္ဒုတ္နဲ႔ ခုန္ခုန္လာတယ္၊ ၿပီးေတာ့ ... "
ဘုဏ္းေဇက ဆက္မေျပာဘဲ ေခါင္းငုံ႔ထားသည္။
" ၿပီးေတာ့ ဘာလဲ "
" ၿပီးေတာ့ မင္းမ်က္ႏွာတစ္ခုလုံးကို ေနရာလပ္မက်န္ေအာင္ နမ္းပစ္ခ်င္တယ္ "
မူးမူးႏွင့္ ေျပာေနမွန္း သိေပမဲ့လည္း ဒီစကားေတြဟာ ဘုဏ္းေဇရင္ထဲက လာသည့္စကားေတြ ျဖစ္လိမ့္မည္ဟု ရွင္းသန႔္ ခံစားရသည္။ အမူးေကာင္ေလးရဲ႕ စကားေတြေၾကာင့္ သူ႔ရင္ခုန္သံေတြလည္း အထိန္းအကြပ္မဲ့လာရၿပီ ။
" ဒါဆို မင္း ဘာလို႔ အခု ငါ့ကို မနမ္းတာလဲ "
ဘုဏ္းေဇက စင္းက်ေနေသာ မ်က္လုံးေလးမ်ားျဖင့္ ရွင္းသန႔္ကို ၾကာၾကာေငးၾကည့္ၿပီး ေခါင္းကို တြင္တြင္ရမ္းျပ၏။
" ငါ မနမ္းဘူး ၊ မင္း စိတ္ဆိုးသြားရင္ ဘယ္လိုလုပ္မလဲ "
" မင္း စမ္းၾကည့္မွ ငါ စိတ္ဆိုးမဆိုး သိမွာေပါ့ "
" ဟင့္အင္း ၊ မင္း စိတ္ဆိုးၿပီး ငါ့ကို မေခၚေတာ့မွာ ေၾကာက္တယ္ "
ဘုဏ္းေဇက အတင္းကာေရာ ျငင္းဆန္ေနသည္။ မသိလွ်င္ သူကပဲ အနမ္းခံခ်င္လြန္း၍ ျမဴစြယ္ေနရသည့္အတိုင္း ။
" ဟုတ္ပါၿပီ ၊ ဒါဆိုလဲ အိပ္ေတာ့ေနာ္ "
" ခေရပန္း သြားေကာက္မယ္ေလ "
" အခုက မိုးတအားခ်ဳပ္ေနၿပီ ၊ ငါလဲ အိပ္ခ်င္ေနၿပီ ၊ မနက္က်မွ အတူတူသြားေကာက္ၾကမယ္ေနာ္ "
သည္လိုဆိုေတာ့လည္း အမူးသမားေလးက ေခါင္းတဆတ္ဆတ္ ၿငိမ့္ၿပီး နာခံရွာ၏။
" လိမၼာလိုက္တာ ငါ့ေခြးေပါက္ေလး "
ရွင္းသန႔္က ေခါင္းေလးကို ပြတ္ၿပီး ေျပာလိုက္ေတာ့ ဘုဏ္းေဇရဲ႕နဖူးက သူ႔ပုခုံးကို လာထိသည္။ ထို႔ေနာက္ မ်က္ႏွာတစ္ခုလုံး ရွင္းသန႔္ရင္ဘတ္မွာ အပ္ကာ တိုးေဝွ႔ပြတ္သပ္ေနသည္။
" ဟုတ္တယ္ ၊ ငါက မင္းရဲ႕ေခြးေပါက္ေလး ၊ မင္းက ငါ့သခင္ ၊ သခင္က ေခြးေပါက္ေလးေဘးကေန ဘယ္ကိုမွ ထြက္မသြားရဘူးေနာ္ "
သည္စကားတစ္ခြန္းက ရွင္းသန႔္ ရင္ထဲကို နင့္သြားေစသည္။ အရွင့္သားေလးရဲ႕ သိစိတ္ထဲမွာေရာ မသိစိတ္ထဲမွာပါ သူ အေဝးထြက္သြားမွာ စိုးရိမ္ေနပုံရ၏။ ရွင္းသန႔္ စာၾကည့္တိုက္ထဲမွာ ေျပာခဲ့မိေသာ စကားအတြက္ ေနာင္တရေနမိၿပီ ။
" ေနာ္ ..ရွင္း ၊ မင္း ထြက္မသြားဘူးလို႔ ငါ့ကို ကတိေပး "
" ေပးတယ္ ၊ ငါ မင္းကို ကတိေပးတယ္ ၊ ငါတို႔ ေဝးသြားခဲ့မယ္ဆိုရင္ေတာင္ ငါက မင္းအနားကို ေရာက္ေအာင္ ျပန္လာမယ္လို႔ ကတိေပးတယ္ "
ေက်ာျပင္က်ယ္ကို လက္တစ္ဖက္ျဖင့္ ေပြ႕ထားၿပီး ကတိစကား အထပ္ထပ္ ဆိုလိုက္သည္။ ရင္ခြင္ထဲကို ေခါင္းတိုးၿပီး ကတိေတာင္းခံေနသူကေတာ့ ၾကားလိုက္ရဲ႕လားမသိ။ ခႏၶာကိုယ္ခ်င္း ခြာၾကည့္လိုက္ေသာအခါ ၿငိမ္ၿငိမ္သက္သက္ အိပ္ေပ်ာ္ေနတာ ေတြ႕ရသည္။
ရွင္းသန႔္ အိပ္ေပ်ာ္ေနသူကို အိပ္ရာေပၚ အသာလွဲခ်ေပးၿပီး သူကေတာ့ အျခားတစ္ဖက္ကေန ဝင္လွဲလိုက္သည္။
သူ အိပ္မေပ်ာ္ခင္ ေဘးနားက နဖူးျပင္ေလးေပၚ ဖြဖြေလး ခိုးရႈိက္မိသည့္ အနမ္းတစ္ပြင့္အေၾကာင္းကိုေတာ့ အိမ္ေရွ႕စံငမူးေလးတစ္ေယာက္ မသိႏိုင္ေတာ့ပါ ။
#PoPoPhoenix
♪ ေနကြယ္ရင္ လထြက္မယ္ - စိုးပိုင္
ေယာက္်ားတစ္ေယာက္ျဖစ္တယ္ - လႊမ္းမိုး