ဆေးသိန္ဓိရှင် ( လုံချန် ) Boo...

By Azure5549

8.4K 542 6

မူရင်း ENG Name: Nine Star Hegemon Body Arts မူရင်း စာရေးသူ : ordinary magician တရုတ်မှ အင်္ဂလိပ်ဘာသာသို့ပြန်... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250

216 - 220

72 6 0
By Azure5549

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(216)တားမရဆီးမရ

လုံချန်သည် သူ၏ အ၀တ်စဖြင့် အမှတ်အသားပြုထားသည့်နေရာသို့ပြန်ရောက်လျှင် သူ၏ အမူအယာက
ပျက်ယွင်းသွားသည်။ရှေ့သို့ပြေးကြည့်လျှင် ပတ်၀န်းကျင်သည် ရှုပ်ထွေးလျှက်ရှိသည်ကို တွေ့ရ၏။မီတာ
ရာနှင့် ချီသော ကျယ်သော မြေပြင်ကား မွမွကြေလျှက်ရှိ၏။မြောင်းကြီးများနှင့် ကျွင်းကြီးများကို နေရာအနှံ့
၌ တွေ့မြင်နိုင်လေ၏။

မြောင်းအချို့မှာ တစ်မိုင်ခန့်ပင်ရှိပေမည်။

"ဒီနေရာမှာ တိုက်ပွဲကြီးတစ်ပွဲ အကြီးအကျယ် ဖြစ်ခဲ့ဟန်တူတယ်" မွမွကြေနေသည့်မြေပြင်ကိုကြည့်လျှက်
ထန်၀မ်အာ အံ့အားသင့်နေ၏။လုံချန် အတွေးနက်နေသည်။

"နှင်းပွင့်လေးကို လူတစ်စု တိုက်ခိုက်သွားပုံပဲ"

မြေပြင်ပေါ်မှ အနီရောင် သွေးစက်များကို သူ ပွတ်ကြည့်သည်။မှန်သည် မြေပြင်၌ သွေးများစွန်းထင်လျှက်
ရှိ၏။သွေးမှ တစ်ဆင့် နှင်းပွင့်လေးကို သူက အာရုံခံနိုင်သည်။

"ဒီ မြောင်းတွေက ဓားချီကြောင့်ဖြစ်ပေါ်လာတာပဲ မှော်သားရဲတစ်ကောင်ရဲ့ ခြေရာလက်ရာမဟုတ်ဘူး ဒါ
ပေမယ့် နှင်းပွင့်လေးကို တိုက်ခိုက်တာဘယ်သူလည်း" ထန်၀မ်အာ နားမလည်ဖြစ်နေပါ၏။

ဤအရပ်ကား ရွှမ်ရှင်း၏ပိုင်နက်နေမြေလည်းမဟုတ်ရာ ရွှမ်ရှင်းမှ သိုင်းသမားများလည်း ရောက်မလာတန်
ရာ။ရွှမ်ရှင်းမှ သိုင်းပညာရှင် များ မဟုတ်လျှင် လူစိမ်းများသာဖြစ်ရပေမည်။သို့သော် ရွှမ်ရှင်းနှင့် မိုင်ထောင်
ချီသော နေရာများတွင် အခြေချ နေထိုင်သူများလည်း ရှိသည်မဟုတ်ပြန်ချေ။ဤနေရာကိုလာမည့် ပြင်ပ
မှ သိုင်းပညာရှင်များလည်း ရှိလိမ့်မည်မဟုတ်ချေ။

ထို့ပြင်ကြက်သွေးမီးတောက် နှင်းဝံပုလွေကား တတိယအဆင့်မှော်သားရဲတို့၌ ဘုရင်ဟုပင်ပြော၍ ရသည်။
နှင်းပွင့်လေးမှာ တတိယအဆင့်၏ ကနဦးအပိုင်းတွင်သာ ရှိသေးသော်ငြား သာမာန် ကျင်ကျီသိုင်းသမားများ
ပင် ယှဉ်တိုက်ခိုက်ဝံ့သည်မဟုတ်။နှင်းပွင့်ကလေးကို တိုက်ခိုက်နိုင်ရန် မည်သူမဆို ကျင်ကျီအလယ်အဆင့်
ခန့် အနည်းဆုံးရှိရမည်ဖြစ်သည်။

လုံချန်သည် စိတ်ညှို့ခံရသူ တစ်ဦးပမာ ရှေ့သို့ စိုက်စိုက် စိုက်စိုက် ဖြင့်လျှောက်သွားနေမိသည်။ရှေ့တွင် သွေး
များကို မြင်ရသကဲ့သို့ ခြေရာများကိုလည်း မြင်လာရပြန်သည်။

"နှင်းပွင့်ကလေးကို တိုက်ခိုက်တာ တစ်ယောက်ထဲ မဟုတ်ဘူး လူ သုံးယောက်ပဲ" လုံချန်က ခြေရာကိုကြည့်
၍ အံကိုတင်းတင်းကြိတ်ထားမိလိုက်ပါသည်။

သူ လွန်စွာစိုးရိမ်နေသည်။နှင်းပွင့်လေးသည် သူကစ၍ အခြားသူများကို တိုက်ခိုက်မည်မဟုတ်။သို့ဆိုလျှင် နှင်း
ပွင့်လေး အန္တာရာယ်နှင့်တွေ့နေရော့မည်။ရုတ်တရက် ရှေ့သို့ တစ်မိုင်ခန့် သူ ပြေးသွားလိုက်၏။
ထိုနေရာ၌ ကျွင်းခပ်ကြီးကြီးတစ်ခုကိုတွေ့ရာ ကျွင်းထဲ၌ ဝံပုလွေတစ်ကောင်၏ ခြေသည်းရာများ တွေ့ရလေ
သည်။

"ဒီနေရာမှာ နှင်းပွင့်လေးကို ဖမ်းတာပဲ... ဖြစ်နိုင်တာက တော့ သူတို့ ပိုက်ကွန်နဲ့ထောင်ဖမ်းတာ"

သူ ကိုယ့်ကိုကိုယ် တည်ငြိမ်အောင် ပြန်ထိန်းရင်း အသက်ပြင်းပြင်းရှု၏။သို့သော် အမှန်တွင် လုံချန် မိမိ
ကိုကိုယ် တည်ငြိမ်စေရန် ထိန်းမထားနိုင်ခဲ့။သူ၏ အသံသည် တုန်ခါလာခဲ့၍ သွေးဆာရက်စက်သည့်အရိပ်
အယောင်များထင်ဟပ်လာခဲ့လေသည်။

"သူတို့က နှင်းပွင့်လေးကို ရှင်ရက် ဖမ်းသွားခဲ့တာပဲ ဒါဆိုရင် နှင်းပွင့်ကလေးအတွက်အန္တာရာယ်မရှိလောက်ပါဘူး
ကြည့်ရတာ နှင်းပွင့်ကလေးကို မွေးထားချင်လို့နဲ့တူတယ် .. ကျွန်မတို့အတွက်အချိန်ရှိပါသေးတယ်" ထန်၀မ်
အာက နှစ်သိမ့်သည်။

သူ ခေါင်းညိတ်၍ ခြေရာများကို ဂရုတစ်စိုက် ဆန်းစစ်နေသည်။

"လွန်ခဲ့တဲ့နှစ်ရက်ကဖြစ်ခဲ့တာပဲ အနီးအနားမှာ သဲလွန်စတွေတွေ့နိုင်မလားကြည့်ကြရအောင်"

ထန်၀မ်အာ ခေါင်းညိတ်လိုက်သည်။သူတို့နှစ်ဦးမှာ ကျန်ရှိနေသေးသော သဲလွန်စများကို ဆက်လက်ရှာဖွေ
ရန် ထိုနေရာမှ ထွက်လာခဲ့ကြလေသည်။တစ်နာရီခန့်ကြာသည်တွင် ငါးမိုင်ခန့်အတွင်းကို သူတို့ရှာဖွေ
ပြီးကြချေပြီ။ထန်၀မ်အာမှာ မည်သည့်အရာမျှ မတွေ့သည့်အတွက် ခေါင်းခါလိုက်၏။

နှင်းပွင့်လေးကို ဖမ်းဆီးချုပ်နှောင်သွားသူများမှာ ကိရိယာတစ်မျိုးမျိုးကို အသုံးပြုသွားခဲ့ဟန်တူ၏။မည်သည့်
လမ်းကြောင်းမှ ကျန်နေခဲ့သည်ကိုမတွေ့ကြရချေ။

"ရှင်တစ်ခုခုကိုရှာတွေ့သေးလား" သူမ လှမ်းမေးလိုက်၏။

လုံချန် သူမကို အ၀တ်စတစ်ခုအားပြသည်။

"ရွှမ်ရှင်းက လူတွေလုပ်တာပဲ  စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကလူတွေ"

ထန်၀မ်အာ အံ့သြသွားမိသည်။ထိုအ၀တ်စကိုကြည့်လျှင် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့၏ တံဆိပ်များရှိ
နေဆဲဖြစ်သည့် လက်မောင်းမှ အ၀တ်စ တစ်စ ဖြစ်ကြောင်းသိသာသည်။

"သွားကြရအောင် ... ဒီလိုလုပ်ရဲတဲ့သူကို ကျုပ်ကြည့်ချင်တယ်"

သူ၏ မျက်နှာထက်၀ယ် သွေးဆာရက်စက်သည့် ဟန်များပေါ်လာကြပြန်သည်။ယခုတစ်ကြိမ်တွင် သူ
ဒေါသအပြင်းအထန် ထွက်လာခြင်းဖြစ်၏။နှင်းပွင့်ကလေးကို နာကျင်အောင် ပြုလုပ်ခြင်းမှာ သူ့အား
ဓားနှင့်ထိုးသကဲ့သို့ခံစားရစေသည်။သူသည် ရွှမ်ရှင်းသို့ ပြန်ရောက်သည်နှင့် သူ၏ အမတဂူသို့ပြန်ကာ
သိုင်းကျင့်နေကြသည့် တပည့်များအားလုံးကို ဆင့်ခေါ်လိုက်တော့သည်။

သူသည် ယဲ့ထင်းချုံ ၊ ဆောင်မင်းယွမ် ၊ လီချီ နှင့် လျှိုချိုင်တို့၏ အဖွဲ့သားများကို လည်းနှင်းပွင့်လေးကိစ္စ အား
စုံစမ်းပေးရန် ပြောခဲ့သည်။မစ်ရှင်များ ဖြင့်အပြင်သို့ရောက်နေကြသည့် သူ၏ အဖွဲ့သားများအနေနှင့်တစ်စုံ
တစ်ခုကို မြင်ကောင်း မြင်ခဲ့နိုင်မည်။

အထူးသဖြင့် ရွှမ်ရှင်း၏ နယ်နိမိတ်အတွင်း ကင်းလှည့်သည့် မစ်ရှစ်ကို ထမ်းဆောင်နေကြသော အဖွဲ့သားများ
မှာ ပို၍ ဖြစ်နိုင်ချေများသည်။နှင်းပွင့်လေးဆိုသည်မှာ လက်ဝါး အရွယ်ခန့်ကတည်းက သူ မွေးထားခဲ့သည့်
သူ၏ သားတစ်ယောက်ကဲ့သို့ဖြစ်သည်။ထို့ကြောင့် နှင်းပွင့်လေး ထိခိုက်မည့် ကိစ္စမျိုးကို သူ မည်သို့မျှ
သီးခံလိမ့်မည်မဟုတ်ပေ။

"စီနီယာလုံ ခင်ဗျား လူတစ်ယောက်လာရှာပါတယ်" ရုတ်တရက် တပည့်တစ်ယောက်က အပြေးအလွှား
လာပြော၏။လုံချန်မှာ နှင်းပွင့်လေး၏ သတင်းဖြစ်မည်ဟုတွေးမိ၍ လှိုက်ကနဲ ပျော်သွားသည်။သူ တစ်ခုခု
လှမ်းပြောတော့မည့် အချိန်တွင် ရင်းနှီးဖူးနေကျ အသံဝါ၀ါကြီးကို ကြားရတော့သည်။

"မင်းတို့ကောင်တွေက သိပ်စိတ်ပျက်စရာကောင်းတာပဲ .. ကျုပ် အကိုလုံနဲ့တွေ့ဖို့လာတာ"

ထိုသူ၏ အသံမှာ တမင်အော်ပြောနေသည် မဟုတ်သော်ငြား သူ၏ အသံသည် ခေါင်းလောင်းကွဲကြီး
တစ်လုံးကို တီးလိုက်သကဲ့သို့ လူတိုင်း၏ နားစည်ထဲကို ကိုးလိုးကန့်လန့် အခံရခက်စွာတိုး၀င်သွားလေသည်။
လုံချန်က ထိုအသံကြောင့် လွန်စွာ ၀မ်းသာသွားပြီး အမတ ဂူထဲမှ အပြင်သို့ပြေးထွက်သွားတော့သည်။
ဂူအပြင်တွင် ထိုလူကို ပိတ်ဆို့ထားကြသည့် ဒါဇင်နှင့်ချီသော တပည့်များကို တွေ့ရသည်။

ထိုသူသည် အရပ်အားဖြင့် သုံးမီတာကျော်ရှည်ကာ ခန္ဓာကိုယ်အနှံ့မှ လွန်စွာတောင့်တင်းထွားကြိုင်းလှသည့်
ကြွက်သားကြီးများက သူ့အား ကင်းမျှော်စင်ကြီးတစ်ခုကဲ့သို့ဖြစ်နေစေသည်။တစ်ချိန်တည်းမှာလည်း သူသည်
ပေါက်ကွဲထွက်တော့မည့် မီးတောင်ကြီးတစ်လုံးနှင့်လည်း တူနေပြန်၏။သူ၏ နောက်ကျောတွင် ဆူးလုံးကြီး
တစ်လုံးကိုလည်း ချိတ်ထားသေးသည်။

ထိုဆူးလုံး၏ လက်ကိုင်မှာ လူကြီးတစ်ယောက်ပေါင်လောက်ပင်ရှိကာ ဆူးခေါင်းလုံးသည် လူတစ်ယောက်၏
ခေါင်းလောက်ရှိသည်။ဒါဇင်နှင့်ချီသော တပည့်များမှာ သူ့အား ပိတ်ဆို့ထားသည့်တိုင် ကြောက်လန့်မှု
ကြောင့်မျက်နှာများ ဖြူလျှော်လျှက်ရှိလေသည်။

ထန်၀မ်အာလည်း ကြောက်လန့်နေမိသည်။ထိုမျှ ကြောက်စရာကောင်းသော လူတစ်ယောက်ကို သူမ
ယခုမှပင် ပထမဆုံးအကြိမ်အဖြစ်တွေ့ဖူးခြင်းဖြစ်၏။သူသည် လီရှင်းရှောင်ထက်ပင် ခေါင်းတစ်လုံးစာခန့်
ပို၍ မြင့်နေသေးသည်။

"လူကြမ်းလေး"

ဧရာမလူထွားကြီးကို လုံချန် မယုံကြည်နိုင်ဟန်ဖြင့် ကြည့်မိသည်။သူနှင့် လူကြမ်းလေး ကွဲကွာနေခဲ့သည်မှာ
လွန်စွာကြာမြင့်နေခဲ့ပါပကောလား။လုံချန်၏ အသံကို ကြားသည်နှင့်လူကြမ်းလေးက သူ့ကိုချက်ချင်းလှည့်
ကြည့်သည်။လူကြမ်းလေးမှာ ပျော်ရွှင်စွာ အော်ဟစ်၍ သူ့ထံပြေး၀င်လာသည်။

ှနှစ်ယောက်သား တင်းကြပ်စွာပွေ့ဖက်လိုက်ကြပါ၏။လူကြမ်းလေးမှာ မျက်ရည်များ ကျလာသည်။

"နောက်ဆုံးတော့ အကိုလုံကို ကျုပ်ပြန်တွေ့ရပြီ"

"ညီလေး မငိုနဲ့ ... ငါတို့ဘယ်တော့မှ မငြိုကြဘူးလေ" ထိုသို့ပြောလိုက်သည့်တိုင် သူ၏ မျက်၀န်းမှာလည်း
မျက်ရည်စတွေနဲ့ပဲဖြစ်သည်။လူကြမ်းလေးက သူ၏ ညီအရင်းတစ်ယောက်ကဲ့သို့ပင်ဖြစ်သည်။မည်သည့်ဆွေ
မျိုးမှမရှိသည့် ရွှမ်ရှင်းတွင် လူကြမ်းလေး ရှိနေသည်က သူ့အတွက် ခင်တွယ်စရာ ဆွေမျိုးတစ်ယောက်ရှိ
သည်နှင့် တူပါသည်။

လူကြမ်းလေးက မျက်ရည်များကို ခပ်ကြမ်းကြမ်းသုတ်လိုက်၏။

"ကောင်းပါပြီ အကိုလုံရဲ့စကားကို နားထောင်ပါ့မယ်"

သူနှင့်အတန်ကြာ ကွဲကွာခဲ့ပြီးနောက်မှာပင် လူကြမ်းလေးသည် ယခင်ကကဲ့သို့ ရိုးရိုးပုံစံကြီးသာဖြစ်လေသည်။
အံ့အားသင့်စွာဖြင့် လူကြမ်းလေး၏ လက်မောင်းတုတ်တုတ်ကြီးများကို သူ အကြိမ်အတော်များများရိုက်လိုက်
သည်။ယခု လူကြမ်းလေးမှာ ခန္ဓာကိုယ်တစ်ခုလုံးကြွက်သားအမြောင်းမြောင်းထနေရာ ပေါက်ကွဲထွက်တော့
မည်ကဲ့သို့ပင် ထင်ရသည်။

သူ၏ သွေးနှင့် ချီစွမ်းအင်သည် တတိယအဆင့် မှော်သားရဲတစ်ကောင်ထက် ပို၍ ကြောက်မက်ဖွယ်ကောင်း
နေသလို ထင်ရသည်။

"ကဲကဲ...စိတ်မပူကြနဲ့တော့.. မင်းတို့ပြန်လို့ရပြီ လူကြမ်းလေးက ငါ့ရဲ့ညီလေးပါ"

လုံချန်သည် လူကြမ်းလေးကို သူ၏ အမတ ဂူသို့ ခေါ်လာခဲ့သည်။သူသည် လူကြမ်းလေးအား ထန်၀မ်အာ ၊
ချင်ယုတို့နှင့် မိတ်ဆက်ပေးခဲ့သည်။သူမတို့နှစ်ယောက်မှာ လူကြမ်းလေးကို ကြောက်လန့်တကြားကြည့်မိ
ကြပါသည်။

"မင်းအဖြစ်တွေ ငါ့ကို ပြောပြပါဦး" သူ မေးလိုက်သည်။

ရွှမ်ရှင်းသုိ့အရောက်၌ သူသည် လူကြမ်းလေး အကြောင်းကို တုဖုန်းအား မေးမြန်းခဲ့သည်။ထိုစဉ်က တုဖုန်းသည်
လူကြမ်းလေးကိုအခြားလူတစ်ယောက် ခေါ်သွားကြောင်းသာ ပြောခဲ့၏။သို့သော် မည်သည့်နေရာသို့ ခေါ်သွား
သနည်း ဟူသည့်မေးခွန်းကို မူ ဖြေရန် ငြင်းဆိုနေခဲ့တာပဲဖြစ်သည်။

"ကျုပ် တစ်ကယ်အဆင်ပြေပါတယ် အဘိုးကြီးတစ်ယောက်နဲ့ ကျုပ်လိုက်နေရတယ် အဲ့ဒိအဖိုးကြီးက နေ့တိုင်း
ကျုပ်ကို ၀၀လင်လင်လည်းကျွေးတယ်"

"အဲ့အဖိုးကြီးက ဘယ်သူလည်း"

"အိုက်ယား.. သူ့နာမည်ဘယ်သူဆိုလားပဲ .. ကျုပ်ကို ပြောပြသေးတယ် ဒါပေမယ့်ကျုပ်မေ့နေပြန်ပြီ သူက
ကျုပ်ကို ဆရာလို့ခေါ်ခိုင်းတယ်"

"မင်းက ဆရာတစ်ယောက်ရနေတာပေါ့" လုံချန်မှာ လူကြမ်းလေးအတွက် ၀မ်းသာနေသည်။အကယ်၍ အကြီး
အကဲတစ်ဦးဦးကသာ သူ၏ ဆရာဖြစ်သည်ဆိုလျှင် ယင်းက လူကြမ်းလေးအတွက် ကောင်းသည်ဟု ဆိုရ
မည်သာ။အစွမ်းထက်သော အကြီးအကဲတစ်ဦး၏ ပြုစုပျိုးထောင်ပေးမှုကြောင့် လူကြမ်းလေး ထိုမျှ ခွန်အား
ကြီးမားလာသည်ကတော့ အံ့အားသင့်စရာမဟုတ်ချေ။

ယင်းက ကံတရားသာ ဖြစ်ချေသည်။

ထန်၀မ်အာနှင့် ချင်ယု တို့နှစ်ဦးစလုံး အံ့အားသင့်မိကြပါ၏။ရွှမ်ရှင်း၏ စည်းမျဉ်းများက တင်းကျပ်သည်။
သာမာန်အကြီးအကဲတစ်ယောက်အနေနှင့် တပည့်များကိုလက်ခံခွင့်မရှိပေ။ယင်းသို့လက်ခံလျှင် ပြိုင်ပွဲ
များ၌ မမျှမတ ဖြစ်မည်ကို စိုးရိမ်သောကြောင့်ဖြစ်လေသည်။

အကြီးအကဲတစ်ဦးသည် တပည့်တစ်ဦး လက်ခံလိုပါလျှင် ဂိုဏ်းချုပ်၏ ခွင့်ပြုချက်လိုသည်။ထိုလက်ခံလိုက်
သောတပည့်သည် ပြိုင်ပွဲများ၌ ယှဉ်ပြိုင်ခွင့်မရှိတော့ပဲ ထိုအကြီးအကဲကသာ ပြုစုပျိုးထောင်ပေးရတော့သည်။
သို့သော် သည်လူကား သူ၏ ဆရာနာမည်ကိုပင် မမှတ်မိဟုဆိုနေသည်။ယင်းက အံ့အားသင့်စရာပင်။
ထန်၀မ်အာနှင့် ချင်ယု၏ အမူအယာက အနည်းငယ်ထူးဆန်းသွားသည်။

"ဟုတ်တယ် ... သူက .. သူ့ကို ဆရာအဖြစ်တင်မယ် ဆိုရင် ကျုပ်ကို နေ့တိုင်းဗိုက်ဝအောင်ကျွေးမယ်လို့ပြော
တယ်.. ပြီးတော့ သူက ကျုပ်ကို ကောင်းကောင်းလည်း ဆက်ဆံတယ် .. န့တိုင်းဗိုက်ဝအောင်စားရတယ်"

လူကြမ်းလေး ခေါင်းညိတ်သည်။ထန်၀မ်အာ သိချင်စိတ်ကို မအောင့်နိုင်တော့သည်နှင့် ကြားဖြတ်၍ မေး
သည်။

"ရှင့်ရဲ့အိမ်မက်က ဒါပဲလား ဗိုက်ဝအောင်စားရတာနဲ့တင် ကျေနပ်ပြီလား"

"ဒါပေါ့ ငါ ငယ်ငယ်တုန်းက ဗိုက်ဆာမှာကို သိပ်ကြောက်ခဲ့တာ အကိုလုံသာ ငါ့ကို ခေါ်မလာခဲ့ရင်
ငါ ငါ ငတ်သေနေလောက်ပြီပဲ"

လုံချန် ပြုံးပါသည်။ထန်၀မ်အာ မှာမူ အံ့အားသင့်နေ၏။လူကြမ်းလေး မည်မျှ စားနိုင်သည်ကိုသူမ မသိချေ။

"မင်းရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ရအောင်" သူက စိတ္တစွမ်းအင်ကို လက်တွင် စုစည်း၍ လူကြမ်းလေး၏
ပုခုံးပေါ်သို့ သူ့လက်ကို တင်သည်။လူကြမ်းလေး၏ ဆဲလ် 30 ရာခိုင်နှုန်းနီးပါးသည် ဤအချိန်တွင် နိုးနေသည်
ူကိုတွေ့ရ၏။သူအံ့အားသင့်သွားသည်။

ထို့ပြင် သူ၏ သွေးထဲ၌ ထူးဆန်းသည့်အရာများလည်းရှိနေသည်။ထိုအရာများမှာ လွန်စွာသေးငယ်သည့်အိတ်
ကလေး များကဲ့သို့ ဖြစ်နေသော်လည်း တစ်ခုနှင့်တစ်ခု မတူကြ။ရုန်းအမှတ်အသားများလိုပင်ဖြစ်သည်။သို့
သော ထို ရုန်းအမှတ်အသားများမှာ အသက်၀င်နေကာ သူ၏ သွေးအတွင်း၌ ကူးခတ်လျှက်ရှိလေသည်။

လုံချန်သည် ထို ရုန်းများ၏ တန်ခိုးစွမ်းအင်ကို ခံစားမိလေရာ ၎င်းရုန်း တစ်ခုစီသည် လောကကိုပင် ဖျက်ဆီး
နိုင်စွမ်းရှိလိမ့်မည်ဟု ထင်မိလေသည်။ရုန်းအမှတ်အသားများမှာ ဖွဲ့စည်းကာစသာ ဖြစ်သည့်တိုင်  အစွမ်း
တန်းခိုးများ ရှိနေသည်ကိုတွေ့ရသည်။

၎င်းမှာခြင်င်္သေ့ ပေါက်စလေးကဲ့သို့ဖြစ်ရာ ငယ်သည့် အချိန်တွင် ချစ်စရာ ခွေးပေါက်စလေးကဲ့သို့ ဖြစ်သော်
လည်း အရွယ်ရောက်လျှင် ကြောက်စရာကောင်းသည့် ခြင်င်္သေ့တစ်ကောင်ကဲ့သို့ ပြောင်းလည်းသွားမည်
သာဖြစ်သည်။

လုံချန် ခေါင်းခါလိုက်သည်။

လူကြမ်းလေးမှာ ကြီးပြင်းလာလေလေ ရက်စက်ကြမ်းကြုတ်သော မှော်သားရဲ တစ်ကောင်နှင့်ပင်တူလာ
လေလေ ဖြစ်နေပြီလားမသိပါ။သူသည် သူမက်ခဲ့သော အိပ်မက်ကိုမည့်သို့မျှ မေ့လိမ့်မည်မဟုတ်။အိပ်
မက်ထဲမှ ထိုတိုက်ပွဲ တွင် လက်သီးတစ်ချက်သည် ဗလာနယ်ကို ပြိုကျ သွားစေပြီး ကြုံးဝါးသံကြောင့် ကြယ်
များပင် ကြွေလွင့်သွားခဲ့ရသည်။

လုံချန်က လူကြမ်းလေးအား လွန်ခဲ့သော လအနည်းငယ်က အခြေအနေများကို မေးမြန်းနေခဲ့ရာ ထိုအဖိုး
ကြီးနှင့် နေ့စဉ်အမဲလိုက်နေခဲ့ခြင်းဖြစ်ကြောင်းဖြင့် ပြန်လည်ပြောပြလေသည်။

"လူကြမ်းလေး ရှင် တစ်ရက်ကိုဘယ်လောက်စားလည်း" နောက်ဆုံး၌ တစ်ခုခုမှားနေပြီဟု ခံစားရသဖြင့်
ထန်၀မ်အာက မေးလိုက်ခြင်းဖြစ်၏။

"တတိယအဆင့်မှော်သားရဲဆိုရင် တစ်ရက်ကို ငါ သုံးကောင်စားတယ် စတုထ္ထအဆင့်ဆိုရင်တော့ တစ်ရက်
တစ်ကောင်လောက်နဲ့တင် ငါ ၀ပါတယ်"

ထန်၀မ်အာနှင့် ချင်ယုတို့ တုန်လှုပ်စွာဖြင့် ပါးစပ်ကို လက်ဝါးလေးများဖြင့်အုပ်မိကြသည်။တတိယအဆင့်မှော်
သားရဲများကို တစ်နေ့သုံးကောင်စားပြီး စတုထ္ထအဆင့်မှော်သားရဲများကိုပင် စားသည်ဟုဆိုသည်။သူ၏ ဆရာ
အဖိုးကြီးသည် မည်သည့်အဆင့်ကိုပင် ရောက်နေလေသနည်း။

"စီနီယာအကိုလုံ ကျုပ်တို့ နှင်းပွင့်လေးရဲ့ သတင်းကိုကြားလာရပြီ"

ရုတ်တရက် တပည့်တစ်ဦးရောက်လာကာ မောကြီးပန်းကြီး ဖြင့်လုံချန်ကို ပြောသည်။သူ ဝုန်းကနဲ ထရပ်
လိုက်မိပါ၏။သူ၏ မျက်နှာထက်၀ယ်သွေးဆာရက်စက်သော ဟန်များ ပေါ်လာခဲ့ပြန်ချေပြီ။

PATRIARCH MK AUNG

#

Nine Star Hegemon Body Arts
ဆေးသိဒ္ခိရှင်

Chapter(217)လူကြမ်းလေး၏ ဒေါသ

"စီနီယာအကိုလုံချန် လွန်ခဲ့တဲ့ သုံးရက်က စီနီယာ ဆောင်မင်းယွမ်ရဲ့အဖွဲ့သားတစ်ယောက်က ကင်းလှည့်
မစ်ရှင်တစ်ခု လုပ်နေရင်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေ ကြီးမားတဲ့အရာကြီးတစ်ခုခုသယ်လာတာကို
တွေ့တယ်လို့ပြောတယ်" ဟုထိုတပည့်ကပြောသည်။

လုံချန်က ...

"အဲ့တာ နှင်းပွင့်လေးလား"

ထိုတပည့်က ခေါင်းခါသည်။

"အဲ့ဒိသူပြောတာကတော့ အ၀တ်တွေနဲ့ဖုံးထားတာမို့လို့ ဘာဆိုတာမမြင်ရဘူးတဲ့ ဒါပေမယ့် ပုံစံကိုကြည့်ရ
တာတော့ စီနီယာပြောတဲ့ နှင်းပွင့်လေးပုံစံနဲ့အတော်တူတယ်လို့ဆိုတယ်...ပြီးတော့ သူက ထပ်ပြောသေးတယ်
အဲ့ဒိ စည်းကမ်းထိန်းသိမ်းရေး သုံးယောက်က မူမမှန်ဘူးတဲ့ သူတို့အ၀တ်အစားတွေပေါ်မှာသွေးတွေ
လည်းတွေ့ရတယ် ကြည့်ရတာ ပြင်းပြင်းထန်ထန်တိုက်ခိုက်လာရတဲ့ပုံမျိုးဖြစ်နေတယ်"

လုံချန် စိတ်ထဲထင့်ကနဲဖြစ်သွားသည်။ယင်းက နှင်းပွင့်ကလေးပင်ဖြစ်လိမ့်မည်။သို့သော် မည်သူက ဖမ်းဆီး
ခိုင်းသည်ကိုတော့ သူမသိသေးပါ။ရွှမ်ရှင်း၌ ဧရိယာပေါင်းများစွာကို ကင်းလှည့်နေရသော စည်းကမ်းထိန်း
သိမ်းရေး များ 100 ကျော်ခန့်ရှိရာ ၎င်းတို့ကင်းလှည့်ပုံမှာ တစ်နေရာနှင့်တစ်နေရာ အမြဲမတူညီကြ။ယခုထက်ပို
၍ စုံစမ်းမှုများလုပ်ဖို့လိုနေသည်။

"နှင်းပွင့်လေး ဘာဖြစ်သွားတာလည်း"

"နှင်းပွင့်လေးက တစ်ယောက်ယောက်ဖမ်းဆီးတာကိုခံနေရတာ" သူ အံကိုတင်းတင်းကြိတ်မိပါသည်။

"နှင်းပွင့်လေးကို နာကျင်အောင်လုပ်ရဲတဲ့သူကို လူကြမ်းလေးက ဒီ ဆူးလုံးနဲ့ ကောင်းကောင်းသမရတာ
ပေါ့" လူကြမ်းလေး လွန်စွာဒေါသထွက်နေသည်။ထိုအချိန်၌ လင်ဟောင်၀င်လာသည်။လင်ဟောင်သည်
မိုးမြေအဖွဲ့၏ အတွင်းစည်း တပည့်များတွင် တစ်ဦးတည်းသော ယောကျာင်္းလေးဖြစ်ကာ သူ၏ သိုင်းပညာ
မှာလည်း အတော်လေးအဆင့်မြင့်သည်။

"အကိုလုံ  တပည့်တစ်ယောက်က အကိုလုံကိုတွေ့ဖို့တောင်းဆိုနေပါတယ် သူ့မှာ အရေးကြီးတဲ့ သတင်းတစ်
ခုပို့စရာရှိတယ်လို့လည်း ပြောတယ်" လင်ဟောင်က ကိုယ်ကို ကိုင်းညွှတ်၍ပြော၏။

လုံချန်က..

"၀င်ခွင့်ပေးလိုက်ပါ"  ဟုခပ်မြန်မြန်ပြောလိုက်သည်။

ထိုအချိန်၌ ထက်ထက်မြက်မြက်ရှိဟန် တူသော လူတစ်ယောက်၀င်လာရာ လုံချန်က ထိုသူနှင့်ရင်းနှီးဖူးသလို
ထင်မိသော်လည်း မည်သည့်နေရာတွင်တွေ့ဖူးမှန်း မသိချေ။

"ကျိုးရှန်က စီနီယာလုံကို နှုတ်ဆက်ပါတယ်" လက်သီးဆုပ်၍ ပြောသည်။

"အဲဒိအချိန်က အကိုလုံ ကျုပ်အသက်ကို ကယ်ခဲ့တာကို ကျေးဇူးအထူးတင်ပါတယ်"

လုံချန် ပဟေဠိဖြစ်နေသည်။

"မင်းက..."

"ဟုတ်ကဲ့ အဲ့တာ ကျုပ်ပါပဲ .. အကိုလုံသာ မကူညီခဲ့ရင် ကျုပ်တော့ မြစ်ထဲမှာငါးစာ ဖြစ်သွားတာကြာပြီ" ဟု
ကျိုးရှန် က ကျေးဇူးတင်စွာပြောလာမှ လုံချန်သည် ထိုလူကိုမှတ်မိတော့သည်။စမ်းသပ်ပွဲ၏ နောက်ဆုံးနေ
ရာသို့သွားသည့်လမ်း၌ ရေစီးသန်သော မြစ်တစ်စင်းရှိလေသည်။ယဲ့ထင်းချုံ က သူမ၏ ရေခဲအစွမ်းဖြင့် မြစ်
ကို လှလှပပ ကူးဖြတ်သွားနိုင်ခဲ့ပါသည်။

ထိုစဉ် လူတစ်ယောက်က သူမ ရေခဲစွမ်းအင်မှ ကျန်နေခဲ့သော ရေခဲများကို နင်း၍ မြစ်ကို ဖြတ်ရန် ကြိုးစားခဲ့
သော်လည်း ရေခဲသည် တာရှည်မခံခြင်းကြောင့် မြစ်ထဲသို့ ကျ၍ ကျားပါးစပ်ငါးများ၏ ဝိုင်းကိုက်ခြင်းကို ခံ
ခဲ့ရသည်။ထိုစဉ်က လုံချန်သည် တုတ်တစ်ချောင်းပစ်ပေး၍ သူ့အသက်ကို ကယ်ဆယ်ခဲ့ခြင်းဖြစ်လေ၏။

"စီနီယာလုံ သိပ်မကြာခင်ရက်တွေက .. ကျုပ် ချီရှင်ရဲ့အဖွဲ့ကို ၀င်ရောက်ခဲ့တယ် .. ဒီနေရာကိုတောင်ကျုပ်
တိတ်တဆိတ်လာရတာပါ" ဟု ကျိုးရှန်ကပြော၏။

လုံချန်သည် ကုယင်ကိုအနိုင်ရခဲ့သလို လီရှင်းရှောင်နှင့်ချီရှင်တို့ကိုလည်း အနိုင်ရခဲ့သည်။နောက်ပိုင်းတွင် ချီ
ရှင်တို့မှာလူအုပ်၏ သေလုနီးပါး ရိုက်နှက်ခြင်းကို ခံခဲ့ကြရသည်။ပြန်လည်ကျန်းမာလာပြီးနောက် ချီရှင်သည်
သူ၏ အဖွဲ့သို့ပြန်ရောက်လာခဲ့ပြီး သူ့လူများအပေါ်၌ လွန်စွာဒေါသထွက်လျှက်ရှိလေသည်။ထိုစဉ်က အလံသယ်
သော တပည့်ကို သူသည် မေ့မျောအောင်ထိ ရိုက်နှက်ခဲ့ပါသည်။

ထို့နောက်တွင် ချီရှင်သည် လူတိုင်းကို ဆဲဆို၍ အဖွဲ့ထဲမှ လူအတော်များများကိုလည်း ထုတ်ပယ်ပစ်လိုက်
တော့သည်။ကျိုးရှန်က ထိုအခွင့်အရေးကို အသုံးချ၍ ချီရှင်၏ အဖွဲ့ထဲသို့ ၀င်ရောက်ခဲ့ခြင်းပင်။

"အကိုလုံ .. ကျုပ်ဘက်မှာ ရှိနေပေးပါ.. ကျုပ်ဒီကိုလာတာဟာ ချီရှင်ကို သစ္စာဖောက်သလိုဖြစ်သွားပြီ ဒါ့
ကြောင့် ကျုပ် ချီရှင်ထံပြန်သွားဖို့မဖြစ်နိုင်တော့ဘူး"

"လွန်ခဲ့တဲ့လေးရက်က အကြောင်းပြောဖို့ ကျုပ်လာခဲ့တာပါ .. ချီရှင်ဟာ လွန်ခဲ့တဲ့လေးရက် တုန်းက ညဘက်
အရက်မူးပြီး လက်စားချေမယ်ဆိုတဲ့အကြောင်းပြောလာခဲ့တယ်"

"နောက်တော့ သူကိုယ်တိုင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေကို သွားရှာတယ်လို့ကျုပ်ကြားရတယ် ဒါပေမယ့်
ဒိကိစ္စဟာ အကိုလုံနဲ့ပတ်သတ်တယ်လို့ ကျုပ်မသိရဘူး" ကျိုးရှန်ကပြောသည်။

ရွှမ်ရှင်း၏ မျိုးဆက်သစ်တပည့်များအကြား၌ လုံချန်တစ်ယောက်တည်း၌သာ တတိယအဆင့်မှော်သားရဲတစ်
ကောင်ရှိသည်ဆိုသည်မှာ လူတိုင်းအသိဖြစ်လေသည်။စမ်းသပ်မှုမစခင် ချီရှင်သည် လုံချန်ကို အရှက်ရစေ
ရန်သာ ရည်ရွယ်သော်လည်း နှင်းပွင့်လေးကို သူ ရှုံးနိမ့်ခဲ့သည်။ယခုတော့ စည်းကမ်းထိန်းသိမ်းရေးများထံ
ချီရှင်သွားခြင်းက လက်စားချေရန်အတွက်သာ ဖြစ်ကြောင်း လုံချန် သိလိုက်သည်။

ထိုကိစ္စဖြစ်အပြီး နောက်တစ်ရက်တွင် နှင်းပွင့်လေး ပျောက်သွားသည်။အရာအားလုံးမှာ ချီရှင်၏ လက်ချက်
မှန်းသိသာနေ၏။

"စီနီယာလုံ ကျုပ်သိတာတွေသိပ်များနေပြီ .. ကျုပ်သွားတော့မယ်" ကျိုးရှန်က လက်သီးဆုပ်၍ အရိုအသေပေး
ကာထွက်ခွာရန်ပြင်သည်။

"သွားစရာမလိုပါဘူး မင်းက နောင်ဆိုရင် မိုးမြေအဖွဲ့ရဲ့အဖွဲ့၀င်တစ်ယောက်ဖြစ်နေပြီပဲ" သူ .. ကျိုးရှန်၏ ပုခုံး
တို့ကို ပုတ်လိုက်သည်။

ကျိုးရှန်မှာ မယုံနိုင်ခြင်းများစွာနှင့်သူ့ကိုကြည့်လျှက်ရှိသည်။

"စီနီယာအကိုလုံက သစ္စာဖောက်တာကို မုန်းတာမလား.. ကျုပ်"

"အခုကိစ္စ က မဆိုင်ဘူး လူတစ်ယောက်ဟာအမှားအမှန်ကို ခွဲခြား သိရမယ် မင်း..လျှောက်တဲ့လမ်းကမှား
နေတယ်ဆိုရင် ဒီလမ်းကိုဆက်လျှောက်စရာမလိုဘူးလေ...မင်းကသစ္စာဖောက်တစ်ယောက်မဟုတ်ပါဘူး"

"သူက အခုချိန်ကစပြီး ကျုပ်တို့ရဲ့ညီ အကို တစ်ယောက်ဖြစ်လာပြီ" သူ .. လင်ဟောင်ဘက်သို့လှည့်လိုက်၏။

လင်ဟောင်သည် ခေါင်းကိုညိတ်၍ ကျိုးရှန်၏ ပုခုံးကို ဖက်လိုက်၏။

"ကျုပ်ရဲ့ အမတ ဂူ ကိုသွားရအောင်"

ကျိုးရှန် စိတ်ထဲနင့်ကနဲဖြစ်သွားသည်။လုံချန်သည် သူ့ကို လက်ခံလိမ့်မည်ဟူ၍ မတွေးထားမိခဲ့။မျက်ရည်များ
ကျလာရပါ၏။

"ကျုပ်.."

လင်ဟောင်က သူ့စကားကိုဖြတ်ပြောသည်။

"လာစမ်းပါလေ.. မိန်းမတစ်ယောက်လို မျက်ရည်ကျမနေစမ်းပါနဲ့"

သို့သော် ထိုသို့ပြောပြီးသည်နှင့် သူ့အမူအယာက ပြောင်းသွား၏။ထန်၀မ်အာနှင့် ချင်ယုတို့ က သူ့ကို ငေး
ကြည့်နေခြင်းကြောင့်ဖြစ်လေသည်။လင်ဟောင်က သူစကားမှားသွားပြီဆိုတာကိုသိသည်။မျက်နှာတွင်ချွေး
များစို့လာ၏။သူသည် ကျိုးရှန်ကို ခပ်သွက်သွက်လေး ခေါ်ထုတ်သွားတော့သည်။

ထန်၀မ်အာက..

"လုံချန် .. ကျွန်မတို့ဘာလုပ်သင့်လည်း"

"ဖြစ်နိုင်တဲ့ ရွေးချယ်မှုက ဘာများရှိလို့လည်း သူတို့ကျုပ်ကို အကောက်ကြံချင်တယ်ဆိုရင် ကောင်းပြီ ထားတော့
.. ဒါပေမယ့် ကျုပ်လူတွေကို ထိရင်တော့ ကျုပ်က သီးခံမှာမဟုတ်ဘူး" သူ့အကြည့်က ဓားသွားတစ်စင်းကဲ့
သို့ထက်ရှလှသည်။

"ဒါပေမယ့် ကျုပ်တို့မှာ အထောက်အထားမရှိဘူး" ကျိုးရှန်ထံမှ ရသော မဖြစ်စလောက်သဲလွန်စလေးနှင့် ရွှမ်
ရှင်း၏ အာဏာပိုင် အထက် အဆင့်ဆင့်အားသွားရောက်တိုင်တန်းဖို့မဖြစ်နိုင်ကြောင်း ထန်၀မ်အာသိပါ၏။

"သက်သေပြဖို့ လိုက်ရှာနေတာကျုပ်ပုံစံမဟုတ်ဘူး ချီရှင်ရဲ့ ဂူကိုသွားကြတာပေါ့" လုံချန်၏ မျက်နှာက ရေခဲ
တမျှ တင်းမာအေးစက်လျှက်ရှိသည်။လုံချန်၏ စကားကိုကြားလျှင် ထန်၀မ်အာနှင့်ချင်ယုမှာ ကျောထဲမှ စိမ့်
သွားသလို ထင်မိလိုက်ကြ၏။

"ဟမ့် ဘယ်ကောင်က ကျုပ်ရဲ့နှင်းပွင့်လေးကို အနိုင်ကျင့်ရဲတာလည်း ကျုပ်နဲ့တွေ့ကြသေးတာပေါ့" လူကြမ်း
လေးက လုံချန်၏ နောက်မှ လိုက်သွားလျှင် သူမတို့နှစ်ယောက်လည်း အပြေးလေးလိုက်ကြရသည်။

သူမ သူ့ကို ဆွဲထားလိုက်ပါ၏။

"ကျွန်မတို့လူတွေ ခေါ်လိုက်သင့်လား"

သူမသည် ဤအချိန်၌ လုံချန်ကို နားအလည်နိုင်ဆုံးသူတစ်ယောက်ဖြစ်သည်။လုံချန်မှာ ဒေါသလွန်စွာထွက်
လျှက်ရှိသည်။တစ်စုံတစ်ခု ကြီးကြီးမားမားဖြစ်ရန် သိပ်ကိုလွယ်ကူနေပါ၏။

"မင်းက လူစုပြီး ရွှမ်ရှင်း ပလာဇာမှာ ကျုပ်ကိုစောင့်နေ ကျုပ်နဲ့ လူကြမ်းလေးက ချီရှင်ရဲ့တောင်ကိုအလည်သွား
လိုက်ဦးမယ်" လုံချန်ခေါင်းညိတ်သည်။ထို့နောက်သူက လူကြမ်းလေးကို ခေါ်ကာ တောင်အောက်ဆင်းသွား၏။
သူမနှင့် ချင်ယု တစ်ယောက်ကို တစ်ယောက် အပြန်အလှန်ကြည့်မိကြသည်။နှစ်ဦးစလုံး၏ အကြည့်တွေတွင်
မည်သို့ လုပ်ရမည်မသိသည့်ဟန်များအထင်းသားပေါ်လျှက်ရှိသည်။

သူနှင့် နှင်းပွင့်လေးတို့ကြား စိတ်ပိုင်းဆိုင်ရာ ဆက်နွယ်မှုသည် တူမသူ နိုင်လောက်အောင် နက်ရှိုင်းကြောင်း
သူမတို့ ကြားသိအပြီးဖြစ်သည်။ယခုကဲ့သို့ နှင်းပွင့်လေး ဖမ်းဆီးခံထားရမှုအပေါ်၌ သူ၏ သီးခံနိုင်စွမ်းမှာကုန်
ဆုံးသွားပေပြီ။

"တစ်ခုခုတော့ကြီးကြီးမားမားဖြစ်တော့မှာပဲ" ချင်ယု သက်ပြင်းချ၏။သို့သော် သူမတို့နှစ်ယောက်စလုံးမည်သို့
တားဆီးရမည်ကိုမသိပေ။သူမတို့နှစ်ယောက်လူခွဲကာ ဆောင်မင်းယွမ်တို့အဖွဲ့အား အသိပေးရန် သွားကြ
လေတော့သည်။ဆောင်မင်းယွမ်နှင့်အခြားအဖွဲ့များက နောက်ကွယ်မှ ကြိုးကိုင်နေသူမှာ ချီရှင်ဖြစ်ကြောင်းသိ
လျှင် ဒေါသထွက်ကုန်ကြပြီး လုံချန်ကို ကူညီရန် သွားမည်တကဲကဲဖြစ်ကုန်ရာ ထန်၀မ်အာက တားထားရသည်။

လုံချန်က သူတို့အား ရွှမ်ရှင်းပလာဇာ၌ စုရုံးနေရန် ပြောခဲ့သည်မှာ အစီအစဉ်တစ်ခုခု ရှိ၍သာဖြစ်ရမည်။သူတို့
သည် သူတို့၏ ဒေါသများကို မျိုသိပ်၍ လုံချန်အားစောင့်ဆိုင်းရန် ရွှမ်ရှင်းပလာဇာသို့ သွားကြလေသည်။
ရွှမ်ရှင်းပလာဇာ၌  စုရုံးလာသော အဖွဲ့ကြီးငါးဖွဲ့ကြောင့် အခြားတပည့်များမှာ ထိတ်လန့်လျှက်ရှိကြသည်။
ဘာတွေဖြစ်နေသနည်း။သူတို့မသိကြချေ။

အဘယ့်ကြောင့် ထိုအဖွဲ့ကြီးငါးဖွဲ့က ထိုမျှ ဒေါသထွက်နေရသနည်း။ထိုမြင်ကွင်းကိုမြင်တွေ့ခဲ့ရသော တပည့်များ
မှာ အခြားသော အကြီးအကဲများကိုသတင်းပို့ရန်အပြေးအလွှားသွားကြလေ၏။ကိစ္စကြီးတစ်ခုဖြစ်နေပြီဆို
သည်ကို ငတုံးတစ်ယောက်ပင်သိနိုင်ရာ အဘယ်မှာလျှင် မစပ်စုသူများရှိမည်နည်း။အကြီးအကဲများကို အစီရင်
ခံပြီးနောက် လူတိုင်းက မည်သို့ဖြစ်လာမည်ကို ရင်တထိတ်ထိတ်ဖြင့်စောင့်ကြည့်လျှက်ရှိကြသည်။

လုံချန်နှင့် လူကြမ်းလေးသည် ချီရှင်၏ အဖွဲ့သို့ရောက်သည်နှင့် တောင်ပေါ်တက်သည့်လမ်းတွင် ချီရှင့်လူများ
၏တားဆီးခြင်းကိုခံရသည်။သို့သော် လုံချန်က ထိုသူတွေကို မမြင်ဟန်ဖြင့် ဖြတ်ကျော်လာခဲ့လျှင်...

"ရပ်လိုက် .. ကျုပ်တို့ကို ဖိအားမပေးပါနဲ့"

နောက်ဆုံးအဖွဲ့လိုက်ပြိုင်ပွဲများပြီးကတည်းက သူတို့မှာ လုံချန်ကိုလွန်စွာကြောက်လန့်သွားခဲ့ပြီဖြစ်သည်။သို့
သော သူတို့အတွက်လည်း ရွေးချယ်စရာမရှိပါချေ။ထိုသူ၏ အော်သံနောက်တွင် အခြားသောတပည့်များ
ကလည်း အပြေးရောက်လာကြ၏။လုံချန်နှင့် လွန်စွာတောင့်တင်း သော လူကြမ်းလေးကို မြင်ရလျှင် ၎င်းတို့
မှာကျောမှ ချွေးများ ဒလောကျလာကြတော့သည်။

လုံချန်၏ တင်းမာအေးစက်လှသည့်မျက်နှာထားသည် လွန်စွာကြောက်မက်ဖွယ်ကောင်းနေပါ၏။နောက်ဆုံး
တိုက်ခိုက်မှုမှပင် သူ့၏ အမူအယာက တည်တည်ငြိမ်ငြိမ်ရှိသေးသည်။ယခုမူကား သူ၏ သွေးဆာရက်စက်
သောဟန်က သူတို့အား ကျောထဲနေ၍ စိမ့်နေအောင်ကြောလာစေပါ၏။သူတို့လည်ပင်းထက်သို့ ဓားထက်
ထက်တစ်စင်းတင်ခံထားရသကဲ့သို့ခံစားနေရလေသည်။

လုံချန်က ထိုသူများကို နည်းနည်းမျှ ဂရုမစိုက်ချေ။သူနှင့် လူကြမ်းလေး ရှေ့သို့ဆက်၍ တိုးလာသည်နှင့်ထို
လူများမှာလမ်းဖယ်ပေးကြရသည်။လူကြမ်းလေးက ၎င်းတို့ကို ရေခဲတမျှ အေးစက်သည့်အကြည့်ဖြင့် ကြည့်
လိုက်၏။လက်ရှိလူကြမ်းလေးမှာ ယခင်ကနှင့်မတူတော့။သူသည် ကြောက်မက်ဖွယ်ကောင်းသည့် သားရဲ
တစ်ကောင်လိုပင်ဖြစ်နေချေပြီ။

လူကြမ်းလေးက လုံချန်၏နောက်မှ လိုက်လာသည်။၎င်းတို့အရှေ့မှ တပည့်များမှာ ကြောက်လန့်တကြားဖြင့်
ဆုတ်ပေးနေကြရ၏။တပည့်များမှာ အမတ ဂူသို့ သူတို့ရောက်သည်အထိ တောက်လျှောက်ရှိနေကြသည်။
အဖွဲ့အားလုံး၏ တောင်ထွတ်အသီးသီးတို့အား တူညီသောဖွဲ့စည်းပုံမျိုးဖြင့်သာ ဖွဲ့စည်းထားခြင်းဖြစ်သည်။

ယင်းတောင်ထွတ်တို့မှာ အန္တေဝါသိက တပည့်များ၏ နေရာဖြစ်လေသည်။

"ချီရှင်.. ထွက်လာခဲ့စမ်း"

လုံချန်၏ အော်ဟစ်သံသည် ကောင်းကင်ကို တုန်လှုပ်သွားစေသကဲ့သို့ရှိ၍ တောင်တန်းများမှ တစ်ဆင့်
ပဲ့တင်သံများ ပြန်လည် ရိုက်ခတ်လျှက်ရှိပါ၏။ရုတ်တရက်လူသုံးယောက် အမတဂူထဲမှ ထွက်လာရာ
၎င်းတို့မှာ ကုယင်၊လီရှင်းရှောင်နှင့် ချီရှင်တို့ဖြစ်သည်။

"လုံချန် မင်းရဲတင်းလှချည်လား .. ငါနယ်မြေကိုလာပြီး ရိုင်းပြရဲလား"

သို့သော် သူ၏ အသံမှာတုန်တုန်ယင်ယင်ဖြစ်နေသည်ကို လုံချန် သတိပြုမိပါသည်။ယင်းက စိုးရွံ့စိတ်များ
ရှိနေခြင်းကို သက်သေပြခြင်းဖြစ်၏။သို့သော် ထိုစိုးရွံ့မှုများ၌ စိတ်လှုပ်ရှားမှုလည်း အနည်းငယ်ပါသည်။
ခြုံကြည့်လျှင် ချီရှင်၏ အကောက်ညာဏ်က ဘွားကနဲ ပေါ်လာပေတော့သည်။

"သေလိုက်တော့" သူ စိတ်မထိန်းနိုင်တော့။အရိုးဓားကို ကိုင်ဆွဲ၍ ချီရှင်ထံပြေး၀င်သွားသည်။

ကုယင်၏ ကြုံးဝါးသံထွက်ပေါ်လာပြီး သူ၏လက်သီး၌ ရုန်းအမှတ်သား များပေါ်လာ၏။သူ၏ စွမ်းအင်သည်
အဆင့်မြင့်ဆုံး အဆင့်ထိရောက်နေပြီဖြစ်သည်။

"လုံချန် ဒီတစ်ခါတော့မင်းသေပေတော့" ကုယင်၏ လက်သီးသည် သူ့ထံသို့တည့်တည့်မတ်မတ်ပြေး
၀င်လာခဲ့ပါသည်။သို့သော် ကုယင်ကား တစ်စုံတစ်ရာကို မေ့လျှောနေခဲ့ချေသည်။လုံချန်ကို အာရုံစိုက်နေ
ရသဖြင့် လူကြမ်းလေးကို သူ လျှစ်လျှူရှုမိခဲ့၏။

"ကျုပ်အကိုလုံကို ဘယ်ကောင်က တိုက်ခိုက်ဝံ့တာလည်း.. သွားသေလိုက်စမ်း"

လေထုကား တော်လည်းသံကြီးကဲ့သို့ တစ်ဝေါဝေါမြည်ဟည်းကာ ဧရာမ ဆူးလုံးကြီးမှာ ကုယင်ထံသို့ပြေး
၀င်သွားတော့၏။

PATRIARCH MK AUNG

#

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(218)ကြမ်းကြမ်းရမ်းရမ်း

လူကြမ်းလေး၏ ဧရာမ ဆူးလုံးကြီး ကုယင်ထံ ပြေး၀င်သွားချိန်တွင် ဗလာနယ်သည် တစ်ဝုန်းဝုန်းဖြင့် လှိုင်းများ
ပင်ရိုက်ခတ်လျှက်ရှိသည်။ကုယင် ကြောက်လန့်တကြားဖြင့်ကာလိုက်ရ၏။သို့သော် လူတိုင်းအတွက် အံ့သြ
တုန်လှုပ်စရာကောင်းသည်က ထိုဆူးလုံးကြီး ကုယင်၏ လက်သီးနှင့် ထိတွေ့သည့်အချိန်၌ အုန်းကနဲ အသံ
ကြီးမြည်ဟည်းသွားသကဲ့သို့် ကုယင်ထံမှ အရိုးကျိုးသံ ဖျောက်ကနဲ လည်း ကြားလိုက်ရခြင်းကြောင့်ဖြစ်သည်။

ကုယင်မှာ အားကနဲ အသံဖြင့်လွင့်ထွက်သွားကာ အနောက်မှ အမတ ဂူဖြင့်စောင့်မိသည်တွင် အမတဂူသည်
တစ်၀က်နီးပါးခန့်ပြိုကျသွားတော့သည်။ထိုအမတ ဂူများမှာ ကျောက်တုံး အမျိုးအစားတစ်မျိုးဖြင့် ပြုလုပ်ထား
သောကြောင့် လွန်စွာမာကျောလှ၏။သို့တိုင်အောင် ဂူတစ်၀က်ကပြိုကျသွားခဲ့လေသည်။

ထိုမြင်ကွင်းကို အံ့အားမသင့်သူက လုံချန်တစ်ယောက်သာဖြစ်သည်။သူက အစောပိုင်းကပင် လူကြမ်းလေး၏
ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကို စစ်ဆေးကြည့်ထားပြီး ဖြစ်သောကြောင့် လူကြမ်းလေး၏ ခွန်အားမှာ စိတ်ကူးပင် မယဉ်
နိုင်သော ခွန်အားမျိုးဖြစ်သည်ကို သိရှိထားခဲ့သည်။

လူကြမ်းလေး၏ ခွန်အားမှာ အစဉ် ကြောက်စရာကောင်းခဲ့၏။သို့သော် ယခု သူ၏ ဆဲလ် 30 ရာခိုင်နှုန်း
နိုးထလာချိန်၌ သူ၏ သွေးထဲတွင် ထူးဆန်းသော ရုန်းအမှတ်အသားများပေါ်လာခဲ့ကာ သူ၏အစွမ်းမှာပုံမှန်
မဟုတ်သော အဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။

ထို့နောက် သူ၏ ကြီးမားသော ဆူးလုံးကြီးကိုဖြည့်စွက်လိုက်ခြင်းအားဖြင့် ကုယင် တစ်စစီဖြစ်မသွားခြင်းမှာ
ကုယင်သည် မည်မျှ သန်စွမ်းကြောင်း သက်သေပင်ဖြစ်သည်။လူတိုင်း ထိတ်လန့်နေစဉ်တွင် လုံချန်၏ အရိုး
ဓားမှာ ချီရှင်၏ ခန္ဓာကိုယ်သို့ပြေး၀င်သွား၏။ချီရှင်မှာ ရေဒိုင်းနှင့် သူ့ကိုယ်သူ ကာကွယ်လိုက်ငြား သူ၏ ရေဒိုင်း
က လုံချန်၏ ဓားအောက်တွင် ချက်ချင်း ပြိုကွဲထွက်သွားတော့သည်။

လုံချန် ၏ ဓားက သူ၏ ၀မ်းဗိုက်သို့ ၀င်သွားလျှင် ပြင်းထန်သော ဖိအားတစ်ခုကို ချီရှင် ခံစားရကာ နောက်
သို့လွင့်စင်သွား၏။အရိုးကျိုး သံ ဖြောက်ကနဲ ထွက်လာပြီး သွေးတစ်ပွက်ကို ဝေါ့ကနဲထိုးအန်သည်။ချီရှင်
သူ့ကို ကြောက်လန့်တကြားဖြင့်မော့ကြည့်မိသည်။လီရှင်းရှောင်လည်း လုံး၀ ကြောက်လန့်လျှက်ရှိသည်။

သို့သော် ချီရှင်ဒဏ်ရာပြင်းပြင်းထန်ထန် ရသည်ကိုမြင်သည့်အခါတွင် သူက မိုးကြိုးစွမ်းအင်ကိုစုစည်းလျှက်
မိုးကြိုးဓားဖြစ်ပေါ်စေပြီး လုံချန်ကို ခုတ်လိုက်၏။လုံချန် နှာခေါင်းတစ်ချက်ရှုံ့သည်။မြေကြီးထဲ သို့အရိုးဓားကို
စိုက်ချထား၏။သူ၏ လက်တစ်ဘက်၌ လျှပ်စီးများ တဖြတ်ဖြတ် ပြေးလာကြသည်။

၀ုန်း

လုံချန်၏ လက်သီးနှင့်ထိတွေ့သည်နှင့် လီရှင်းရှောင်၏ ဓားသည် နှစ်ခြမ်းကွဲသွား၏။အံ့အားသင့်စရာအ
ကောင်းဆုံးမှာ ထိုလက်သီး၏ နောက်တွင် စွမ်းအားများ အနည်းငယ်မျှ မပျောက်ကွယ်သွားသေးပဲ သူ၏
၀မ်းဗိုက်သို့ပြေး၀င်လာခြင်းဖြစ်သည်။

အရိုးကျိုးသံ ဖျောက်ကနဲ နှင့်အတူ လီရှင်းရှောင် သွေးတစ်ပွက်ကို ဝေ့ါကနဲအန်ရင်း လုံချန်ကို ကြောက်
လန့်တစ်ကြားကြည့်မိပါသည်။

"မဖြစ်နိုင်ဘူး.. ဒါလုံး၀မဖြစ်နိုင်တာပဲ ဒီလောက်ပြင်းထန်တဲ့ မိုးကြိုးစွမ်းအင်ကို မင်းဘယ်လို ထိန်းချုပ်နိုင်တာ
လည်း"

အမတ ဂူ နံရံ သို့ လီရှင်းရှောင် သွေးများဝေါ့ကနဲ အန်မိပြန်သည်။သို့သော် လုံချန်ကို စိုက်ကြည့်နေစဉ်
သူ့ဒဏ်ရာ၏ နာကျင်မှုကို မခံစားရသကဲ့သို့ပင် ဖြစ်နေ၏။မိုးကြိုးသိုင်းသမား တစ်ဦးအနေဖြင့် လုံချန် မိုး
ကြိုးစွမ်းအင် အသုံးပြုလိုက်မှန်း သူသိသည်။မိုးကြိုစွမ်းအင်အား အသုံးပြုကြသော သိုင်းသမားတိုင်းလိုလို
က မွေးရာပါ မိုးကြိုးစွမ်းအင် ပါလာကြသူများဖြစ်ကြသည်။

သို့သော် လုံချန်ကမူ ထိုသို့ မျိုးဆက်ခံလာခြင်းမရှိချေ။သူ့အတွက် တုန်လှုပ်စရာ သိပ်ကောင်းသည်က လုံချန်
၏ မိုးကြိုးစွမ်းအင်က သူ့၏ မိုးကြိုးစွမ်းအင်ထက်ပင် အဖျက်စွမ်းအား ကြီးနေခြင်းဖြစ်သည်။ထိုမိုးကြိုးစွမ်းအင် ရှေ့
၌ သူ၏ မိုးကြိုးစွမ်းအင်မှာ ခြင်င်္သေ့တစ်ကောင်ရှေ့ ရောက်နေသော ခွေးပေါက်စလေးလို ဖြစ်နေ၏။ယင်းက
မည်သို့မျှ တောင့်ခံ၍ မရချေ။

လုံချန်ကို သူ မယှဉ်နိုင်သည်ကို သူလက်ခံပါ၏။သို့သော်လုံချန်မှာ မိုးကြိုးစွမ်းအင်ကို ထိန်းချုပ်နိုင်ပြီး ထိုမိုး
ကြိုးစွမ်းအင်က သူ့မိုးကြိုးစွမ်းအင်ထက် အဆထောင်ပေါင်းများစွာပို၍ ပြင်းထန်နေသည်ကိုမူ လက်မခံနိုင်ပါ
ချေ။ယင်းကား သူ့ကို ကောင်းကောင်းစော်ကားခြင်းပင်။

မျိုးရိုးစဉ်ဆက် အမွေဆက်ခံလာသူ တစ်ယောက်မဟုတ်ပဲ မည်သို့လျှင် မိုးကြိုးစွမ်းအင်ကို ထိန်းချုပ်နိုင်
မည်နည်း။၎င်းက သူ့အား ထိတ်လန့်စေသလို အကူအညီမဲ့သလိုလည်း ခံစားရစေပါသည်။လုံချန်ကို အပြတ်
အသတ် ရှုံးနိမ့်ပြီးကတည်းက သူ၏ယုံကြည်မှုက အကြီးအကျယ်ပျက်ယွင်းခဲ့ရသည်။သို့သော် သူ့တွင်မာန
တော့ရှိသည်။သူ့မိသားစု၏ နံပါတ်တစ် မျိုးဆက်တစ်ယောက်အနေနှင့် သူ့တွင် မျိုးဆက်အမှတ်အသား
ပေါ်ပေါက်လာပါက လုံချန်ကို တစ်နေ့နေ့၌ အနိုင်ယူလာနိုင်မည်ဟု သူ ယုံကြည်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုလို လုံချန်၏ ကြောက်မက်ဖွယ်ရာ မိုးကြိုးစွမ်းအင်ကို မြင်ရသည်တွင် သူ၏ မဟာအိပ်မက်များ
တစ်စစီပျက်ဆီးသွားရချေပြီ။လုံချန်သည် မိုးကြိုးစွမ်းအင်ကို မည်သည်နေရာမှ ရခဲ့သနည်း။သူမသိပါ။ထို
မိုးကြိုးစွမ်းအင်သည် လွန်စွာကြောက်မက်ဖွယ်ကောင်းလှကာ သူ၏ မိုးကြိုးစွမ်းအင်ထက် အဆပေါင်းများ
စွာပို၍ ပြင်းထန်သည်။

ပတ်၀န်းကျင်မှ တပည့်များ လုံးလုံးမင်တက်နေကြ၏။တိုက်ကွက် တစ်ကွက်စီနှင့်ပင် အန္တေဝါသိက တပည့်သုံး
ယောက်ရှုံးနိမ့်သွားချေသည်။ထိုအထဲ၌ ကုယင်ပင် ပါနေ၏။ယခု ကုယင်၏ လက်မောင်းတစ်ဘက်က
ပုံစံ ပျက်နေချေပြီ။

သူကား အမတ ဂူနှင့်စောင့်မိကာ အမတ ဂူမှာထက်၀က်ခန့် ပြိုကျသွားသည့်တိုင် လူကြမ်းလေးကို တုန်လှုပ်
ဟန်ဖြင့်ကြည့်နေဆဲဖြစ်သည်။လီရှင်းရှောင်ကမူ ကျောက်နံရံတစ်ဘက်ကိုမှီထား၏။သူ့၏ မျက်နှာက စက္ကူတစ်
ရွက်လို ဖြူဖွေးလျှက်ရှိသည်။သူက မည်သည့်အရာကို တွေးနေမှန်း မသိရပဲ ကောင်းကင်ထက်သို့ အသက်မပါ
သည့်မျက်၀န်းများဖြင့် မော့ကြည့်လျှက်ရှိသည်။

"လီရှင်းရှောင် မင်းက ဒေါသကြီးပြီး မာန်မာန အလွန်ထောင်လွှားပေမယ့် စိတ်ဓာတ်ကတော့ မဆိုးလှလို့
ဒီတစ်ကြိမ် ငါ ခွင့်လွတ်လိုက်မယ် နောင်ဆိုရင်တော့ ဘယ်လိုရွေးချယ်မှုမျိုးလုပ်မယ်ဆိုတာ မင်း
ဆုံးဖြတ်ရမယ့်ကိစ္စပဲ"

လုံချန်က လီရှင်းရှောင်ကို မမုန်းတီးလှချေ။သူ့မျက်စိထဲ၌ လီရှင်းရှောင်က မောက်မာသော  ကလေး
ငယ် တစ်ဦးသာဖြစ်သည်။သူက အမှားအမှန်ကို ကောင်းစွာ မခွဲခြားတတ်သေးခြင်းသာရှိသည်။မည်သို့
ဆိုစေ ယခင်က လီရှင်းရှောင်နှင့် သူ တိုက်ခိုက်ရင်း သူလည်းအကျိုးအမြတ်များရခဲ့ပါသည်။

လီရှင်းရှောင်ထံမှ ရသော မိုးကြိုးစွမ်းအင်ကြောင့်သာ မဟုတ်လျှင် သူ့ကိုယ်ပိုင် မိုးကြိုးစွမ်းအင်ကို သူက
ထိန်းချုပ်နိုင်ဦးမည်မဟုတ်ပေ။ထိုမိုးကြိုးစွမ်းအင်သာ မရှိခဲ့ပါက သူက ဂူထဲ၌ ကွေ့ရှာကို လှည့်ဖြားနိုင်
မည်မဟုတ်ပဲ ထိုဂူထဲ၌ သေဆုံးသွားမည်သာ။လီရှင်းရှောင်၏ မိုးကြိုးစွမ်းအင်က အခြေခံအုတ်မြစ်
တစ်ခု ဖြစ်နေခဲ့ခြင်းကြောင့်သာ သူက သဘာ၀ မိုးကြိုးစွမ်းအင်များကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

လီရှင်းရှောင်သည် သူ့အပေါ်တွင်မကောင်းသော အကြံအစည်များ ရှိခဲ့ကြောင်းသူသိသည်။သို့သော်
နောက်ဆုံး၌ သူသာ အကျိုးကျေးဇူးများရခဲ့ပါ၏။ထိုထိုသော အကြောင်းများကြောင့် သူက လီရှင်းရှောင်
ကိုအခွင့်အရေးတစ်ခု ပေးခြင်းဖြစ်သည်။

ထိုသုံးယောက်အား တိုက်ခိုက်မှု သုံးခုအနက် ချီရှင်အားတ ိုက်ခိုက်ရာ၌ ခပ်ပျော့ပျော့သာ တိုက်ခိုက်ခဲ့
ခြင်းဖြစ်၏။သို့သော်သူသည် သုံးယောက်အနက်ဒဏ်ရာအပြင်းဆုံးဖြစ်နေသည်။သူက အခြားနှစ်ယောက်
နှင့် စာလျှင် သန်မာသော ရူပခန္ဓာမျိုးမရှိချေ။

လုံချန်၏ အရိုးဓားကြောင့် သူ၏ အရိုးများ အပိုင်းပိုင်းကျိုးသွားရ၏။ချီရှင်မှာ ခန္ဓာကိုယ်တစ်ခုလုံးမရှိတော့
သလို ခံစားနေရသည်။သူ့၏ အော်ရာများပင် ကသောင်းကနင်းဖြစ်နေပေပြီ။အရိုးဓားကို ပုခုံးထက်တွင်
တင်၍ သူက ချီရှင်ထံသို့ လာခဲ့၏။

"နှင်းပွင့်လေး ဘယ်မှာလည်း ပြောစမ်း"

ချီရှင်က အသက်ကို မျှဉ်းရှုနေရင်းမှ ထိုသို့ပြောလာသည်ကိုကြားလျှင် အူလှိုက်သည်းလှိုက်ရယ်လေ၏။

"ဟားဟားဟား .. မင်းက သိပြီးသွားပြီပေါ့ ဟီးဟီး ကံဆိုးတာပဲ ငါ.. မင်းကိုမပြောဘူး.. မင်းဘာလုပ်
မလည်း.. မင်းသိချင်လား... ငါ့ကို ဒူးထောက်ပြီးတောင်းပန်လေ"

ချီရှင် အရူးတစ်ယောက်လို ရယ်နေသည်။သူ့မျက်လုံးများက ကြောင်စီစီဖြစ်လျှက် ဒဏ်ရာရနေသည့် ကျား
နာတစ်ကောင်ကဲ့သို့ ဖြစ်နေ၏။သူ .. ချီရှင်ကို ကော်လာစမှ ဆွဲ၍ စောင့်မကာ ပစ်ချလိုက်၏။ချီရှင် အားကနဲ
အော်သည်။ပြင်းထန်လွန်းသော ဒဏ်ရာကြောင့် သူ့အရိုးများက မခံမခရပ်နိုင်အောင် နာကျင်နေ၏။

သို့သော် သူကားကောက်ကျစ်သူ တစ်ဦးဖြစ်သည်။ချွေးပျံလောက်အောင် နာကျင်နေသည့်တိုင် နောင်တရ
ဟန်မရှိ။သူက ဟက်ကနဲရယ်သည်။

"မင်းရဲ့ ဝံပုလွေကိုငါသိတာပေါ့ .. အခုနေသွားရင်တော့ မင်း သူ့ကို  တွေ့ရကောင်းတွေ့ရနိုင်တယ်
ဒါပေမယ့် နောက်ကျရင်တော့ ဝံပုလွေအသားပဲတွေ့ရတော့မှာပဲ...ဟားဟားဟား ဘယ်မှာလည်း
မင်းသိချင်လား.. ဒူးထောက်ပြီး ငါ့ကို တောင်းပန်လိုက်"

ချီရှင်၏ အရူးတစ်ယောက်လို ရယ်သံကြောင့် လူတိုင်းကြက်သီးထမိကြသည်။သည်ချီရှင်က ရူးသွားပြီပဲ။
လုံချန်ကို သည်လို ရန်စရဲတာက ကိုယ့်ကိုကိုယ်သတ်သေချင်းပဲမဟုတ်လား။လူတိုင်းထိုသို့တွေးမိကြသည်။

သူ့၏ အဖွဲ့သားများအားလုံး ကြောက်လန့်နေကြသည်။ချီရှင်ကို အရူးတစ်ယောက်လို မြင်ဖူးခြင်းက ယခုတစ်
ကြိမ်သည် သူတို့အတွက် ပထမဆုံးဖြစ်သည်။ပုံမှန်အတိုင်းဆိုလျှင် ချီရှင်က ထက်ထက်မြက်မြက်ရှိသူ တစ်
ယောက်ဖြစ်ပါ၏။

သို့သော် လုံချန်နှင့် တွေ့ဆုံပြီးကတည်းက သူက လုံချန်၏ နောက်သို့ တစ်ဖြည်းဖြည်းကျန်ရစ်ခဲ့လေသည်။
မနာလိုမှုသည် အမုန်းတရားကို မွေးဖွားပေးခဲ့ပြီး သူ့၏ ကျိုးကြောင်းဆင်ခြင်တတ်သည့် ညာဏ်မှာလည်း
ပျောက်ဆုံးသွားခဲ့ရပါ၏။လုံချန်၏ အဖွဲ့အတွင်းသို့ သူ သစ္စာဖောက်များကိုထည့်သွင်းပြီးစဉ်ကပင် သူ့၏
ရင်တွင် ကောက်ကျစ်သည့် စိတ်ကား အညောင့်ပေါက်လာနေပြီဖြစ်လေသည်။

ထိုအညှောက်ကား မနာလိုမှု နှင့်အမုန်းတရားဟူသည့် မြေသြဇာတို့ကြောင့် လျှင်မြန်စွာကြီးထွားလာခဲ့
ရာမှ သူ၏ ရင်တွင် အမြစ်ပင်တွယ်နေပြီဖြစ်သည်။သူတို့နှစ်ယောက်၏ စကားမှ နေ၍ မည်သည့်
အရာများ ဖြစ်ပွားခဲ့သည်ကို လူတိုင်းသဘောပေါက်ကြသည်။ချီရှင်ကား လုံချန်ကို နောက်တစ်ကြိမ်
နောက်ကျော ဓားနှင့်ထိုးရန် ကြံစည်ခြင်းပါတကား။

လူတိုင်းက သူ့ကို အကြောက်ကြီးကြောက်မိရုံမက စွန့်ခွာရန်လည်း စတင် စဉ်းစားလာကြသည်။သည်လို
အရူးတစ်ယောက် အနားတွင် ဆက်နေလျှင် သည်အရူးလိုပင် သူတို့ဖြစ်ချေရော့မည်။

"မင်းကိုငါ တစ်စစီ ဖြစ်အောင်လုပ်မယ်"

လူကြမ်းလေးမှာ ဒေါသ ဟုန်းဟုန်းထွက်ကာ ဆူးလုံးကြီးကို မြှောက်လိုက်၏။

မှော်သားရဲများကို နေ့စဉ်တိုက််ခိုက်နေခဲ့ရသည်ဖြစ်ရာ သူက လူသားများ၏ ခန္ဓာကိုယ်မှာ မည်မျှ ချိနဲ့
ကြောင်းကိုမေ့နေချေပြီ။သည်ဆူးလုံးဖြင့်သာ ချီရှင်ကို ရိုက်မိလျှင်  ချီရှင် အသားပြားဘ၀ တန်းပြောင်း
သွားပေမည်။

လုံချန် ကပျာကသီ တားရ၏။

"သူ့ကို အခုတော့ မသတ်နဲ့ဦး"

"ကျုပ် အကိုလုံစကားကို နားထောင်ပါ့မယ် ... ကျုပ်က သူ့ကို မသတ်ပါဘူး နာအောင်နည်းနည်း
လုပ်ပြီး စကားအမှန်ထွက်လာအောင် လုပ်မလို့ပါ" လူကြမ်းလေး ထိုသို့ ရှင်းပြသည်ကိုကြားလျှင်
လူတိုင်း အောက်မေးရိုးများ ပြုတ်ကျကုန်တော့၏။

သည်ဆူးလုံး၏ ရိုက်ချက်ကြောင့် ကုယင်လို လူပင် သေလုမျောပါး ဖြစ်သွားသည်။ချီရှင်သာ ထိုအားနှင့်
အရိုက်ခံရသော် နာကျင်မှုပင် ခံစားလိုက်ရမည်မဟုတ်ပေ။

"သူ့ကို ကျုပ်အတွက် ထားစမ်းပါ" လုံချန်လည်း စိတ်ညစ်မိသည်။လူကြမ်းလေးကား ခွန်အားတွင် များစွာ
သန်မာ လာသော်ငြား ညာဏ်ရည်သည် တိုးတက်မလာခဲ့ပါချေ။အရူးတစ်ယောက်လို ဖြစ်နေသည့် ချီရှင်
ကိုကြည့်ကာ အေးစက်စက် သူ ပြုံးသည်။

ထို့နောက် ချီရှင်ထံ လျှောက်လာကာ ခြေထောက်ကို လေးကြိမ်တိတိနင်းချလိုက်၏။

အရိုးကျိုးသံ တစ်ဖျစ်ဖျစ်သည် လူတိုင်းကို ကြက်သီးဖြန်းဖြန်း ထစေပါသည်။ချီရှင် အသံနက်ကြီးဖြင့်
အားကနဲအော်၏။လုံချန် နင်းလိုက်သည့်နေရာများက နာဗ်ကျောဆုံရာတို့ဖြစ်၍ အလွန်နာကျင်သည့်
အမှတ်များဖြစ်သည်။

ထိုနေရာ များကို နင်းပြီသည်နှင့် လုံချန်က ဆေးတစ်လုံးကို ထုတ်ကာ ချီချင်ပါးစပ်ကိုဖြဲ၍ ထည့်၏။
ချီရှင်က ဆေးကို မြိုမချပဲ နေလျှင် လုံချန်သည် ဖြောင်းကနဲ ပါးတစ်ချက် ပိတ်ချသဖြင့် သွားများမှာ
ပါးစပ်ထဲမှ အစုံလိုက်ကျွတ်ထွက်လာတော့သည်။

ချီရှင်၏ ပါးစပ်ကို လက်တစ်ဘက်ဖြင့်ကိုင်ကာ ဆေးကို လည်ချောင်းထဲထိုးထည့်၍ ပါးစပ်နှစ်ဘက်ကို
ပိတ်ချလိုက်၏။ထိုဆေးမှာအဆိပ်မဟုတ်။ခံစားမှုကို တိုးမြှင့်ပေးသည့် ဆေးတစ်မျိုးဖြစ်သည်။ထိုဆေးမှာ
ချီစွမ်းအင်များစုပ်ယူရာတွင် ပို၍ လွယ်ကူစေရန် ဖော်စပ်ထားသည့်ဆေးဖြစ်၏။

ထိုကဲ့သို့ဆေးကား ချီရှင်အတွက်မူ အဆိပ်ထက်ပင် အဆပေါင်းတစ်ထောင်ခန့်ပို၍ ကြောက်မက်ဖွယ်
ကောင်းသေးသည်။သူ၏ ခံစားသိမြင်နိုင်စွမ်းသည် ယခင်ကထက် အဆပေါင်းများစွာ  ရုတ်ချည်း တိုး
တက်သွားခဲ့ရာ အနည်းငယ်မျှသော နာကျင်မှုလေးက သူ့အား သေလောက်အောင်နာကျင်စေတော့သည်။

နာကျင်မှုကြောင့် သူ့မျက်လုံးက မျက်လုံးအိမ်အတွင်းမှ ကျွတ်ထွက်လာတော့မည်ဟု ထင်ရသည်။သို့သော်
သူသည် သတိတော့မလစ်သွားချေ။ယင်းကဲ့သို့ နာကျင်မှုကို စကားလုံးဖြင့်ပင် ဖော်ပြန်ရန် မဖြစ်နိုင်ချေ။

"ကျုပ်ကို လွှတ်ပါတော့.. ကျုပ်ပြောပြပါ့မယ်" သုံးစက္ကန့်ခန့်ကြာလျှင် ချီရှင် မခံစားနိုင်တော့။
လုံချန် က သူ၏ ခန္ဓာကိုယ်တစ်နေရာမှ အကြောတစ်ခုကိုထောက်၍ ပိတ်လိုက်သဖြင့် ယာယီ
အားဖြင့် နာကျင်မှုကို မခံစားရတော့ပေ။

"မင်းရဲ့  နှင်းဝံပုလွေက ဝူချီလက်ထဲမှာ"

လုံချန်၏ မျက်နှာက လွန်စွာတင်းမာ သွားသည်။သူ့၏ ရန်သူများက ပူးပေါင်း၍ သူ့ကို လုပ်ကြံကြခြင်း
ဖြစ်သည်။

"သွားကြစို့ လူကြမ်းလေး ... မင်း လူသတ်ချင်တယ်မလား.. လိုက်ခဲ့"

PATRIARCH MK AUNG

#

ခရစ်စမတ် လက်ဆောင်ပါခင်ဗျာ

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(219)မိုးမြေအဖွဲ့စုရုံးခြင်း

လုံချန်က ချီရှင်ကို ပါးတစ်ချက်ရိုက်လိုက်လျှင် ချီရှင်မှာ မေ့မျောသွားတော့၏။ထို့
နောက် အရိုးဓားကိုပုခုံးထက်၌တင်လျှက်
ချီရှင်ကို ဆံပင်မှ ကိုင်၍ တရွတ်တိုက်ဆွဲကာ တောင်ပေါ်မှ ဆင်းလာခဲ့၏။

လူကြမ်းလေးက ဆူးလုံးကို ကျောတွင် လွယ်
လျှက် သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်လာ
သည်။ဧရာမ ဆူးလုံးကြီးက သူ့အတွက် မည်
သို့မျှ လေးလံ ဟန်မတူချေ။

သူတို့နှစ်ယောက်ထွက်သွားသည်နှင့်လူတိုင်းကမင်တက်လျှက်ကျန်ရစ်ကြသည်။သူတို့
လုံချန်ကို သိလှသည် မဟုတ်ငြား လုံချန်ကား
ဖုန်းဆိုးမြေမှ ပြန်အလာ ပြီး၌ အပြောင်းလည်းကြီးပြောင်းလည်းသွားဟန်တူပါသည်။

ယခု သူ့ပုံစံက မူလတွင် ဖုန်များပေးကြံနေသော ဓားတစ်လက်ကို တိုက်ချွတ်လိုက်၍
အရောင်များတက်လာသည်ကဲ့သို့ ဖြစ်ရာ လွန်
စွာကြောက်မက်ဖွယ်ကောင်းနေတော့သည်။

ထို့ပြင် သူ့၏ လွန်စွာ သွေးဆာရက်စက်သည့်
ဟန်ကလည်း သူ့ကို သူတို့ ပြန်မတိုက်ခိုက်ဝံ့အောင်ဖြစ်စေ၏။
လက်တစ်ဘက်တွင် ချီရှင်ကို ဆံပင်မှ ဆွဲထား
ပြီး လက်တစ်ဘက်၌ အရိုးဓားကိုကိုင်ထား
သည့် သူ့ပုံရိပ်ကို သူတို့ မည်သည့်အခါမျှ
မေ့နိုင်လိမ့်မည် မဟုတ်တော့။

ယနေ့တွင် သူက လီရှင်းရှောင် နှင့်ကုယင်ကိုဖိတ်ခေါ်၍ သူတိတ်တဆိတ် လုပ်ထားခဲ့သော
ကိစ္စတစ်ခုကို စားရင်း သောက်ရင်း ပြောနေကြခြင်းဖြစ်၏။ရွှမ်းရှင်း၏ အပြင်ဘက်တွင်
ကင်းလှည့်တာဝန်ယူရသော တပည့်များထံမှ
နှင်းပွင့်လေး၏ ခြေရာများ တွေ့ရကြောင်း သူ
ကြားခဲ့ရ၏။

သို့သော် နှင်းပွင့်လေးမှာ မည်သူ့ကိုမျှမတိုက်ခိုက်ပဲ ထိုနေရာတစ်ဝိုက်တွင် လှည့်လည်ကျက်စားလျှက်ရှိသောကြောင့် မည်သူကမျှ စ၍ရန်စ မတိုက်ခိုက်ဝံ့ပဲဖြစ်နေခဲ့ရသည်။

၎င်းတို့မှာကျင်ကျီအဆင့် သိုင်းပညာရှင်များဖြစ်နေသည့်တိုင် တတိယအဆင့်မှော်သားရဲများ၌ ထိပ် ဖြစ်သော ကြက်သွေးမီးတောက် နှင်းဝံပုလွေကိုတာ့ ရန်သွားမစ ဝံ့ချေ။

ချီရှင်က ဖုန်းဆိုးမြေသို့လုံချန်နယ်နှင်ဒဏ်ခံခဲ့ရစဉ်ကပင် ထိုနေရာတစ်ဝိုက်၌ နှင်းပွင့်လေးကျက်စားလျှက်ရှိကြောင်းကိုသိနေခဲ့သော်ငြားသူ့၏ သိုင်းပညာက လုံလောက်အောင်အဆင့်
မမြင့်သဖြင့် နှင်းပွင့်လေးကို ဖမ်းဆီးရန်မကြိုးစားခဲ့ချေ။

သို့သော် လုံချန်ပြန်ရောက်လာခဲ့ပြီး သူတို့လုံချန်အား အရှုံးကြီးရှုံးရသည့်အခါတွင်မူချီရှင်၏ခေါင်းထဲသို့ နှင်းပွင့်လေး ရုတ်တရက်ဝင်ရောက်လာတော့သည်။

သူတို့အနေနှင့် နှင်းပွင့်လေးကို နိုင်ခြေမရှိ။သို့သော်နိုင်သည့်သူကတော့ရှိသည်။ထိုသို့ဖြင့်
သူ့ခေါင်းထဲတွင် လုံချန်နှင့် တိုက်ခိုက်ခဲ့ဖူးသည့်ချီရှင် ကိုတွေးမိလေသည်။

လုံချန်၌ ကြက်သွေးမီးတောက်နှင်းဝံပုလွေရှိကြောင်း၊ထိုနှင်းဝံပုလွေမှာ ရွှမ်းရှင်း၏ အနီးတစ်ဝိုက်၌ ကျက်စားလျှက်ရှိကြောင်းသူက ဝူချီကိုပြောလျှင် ဝူချီသည် ငယ်သား နှစ်ယောက်အား ချက်ချင်းစုစည်းစေ၍ နှင်းပွင့်လေးကို ဖမ်းရန်သွားတော့၏။

သို့သော် သူတို့ နှင်းပွင့်လေးကို လျှော့တွက်မိ
သဖြင့် ဖမ်းဆီးရာ၌ ဒဏ်ရာ အနည်းအကျဉ်းရကြသေး၏။မည်သို့ပင်ဖြစ်စေ ချီရှင်၏အကောက်ညာဏ်က အောင်မြင်ခဲ့ပါ၏။

လုံချန်သည် နှင်းပွင့်လေးကိုရှာဖွေရန်မဟာမိတ်အဖွဲ့တစ်ခုလုံးကိုစုစည်းထားသည်ဟု သတင်းကြားသဖြင့် သူက လီရှင်းရှောင်နှင့် ကုယင်ကိုဖိတ်ခေါ်ကာ ဝူချီနှင့် လုံချန်တို့တိုက်ခိုက်မှုကိုကြည့်မည်ကြံခြင်းဖြစ်၏။

သို့သော် သူတို့သုံးဦးသား စုစည်းကာစမှာပင်လုံချန်က သူတို့ထံရောက်လာခဲ့လေသည်။ရလာဒ်အားဖြင့် သူသည် ပွဲကြီးပွဲကောင်းကိုမကြည့်ရတော့ပဲ လုံချန်၏ ရိုက်နှက်မှုကြောင့်
သေလုမျောပါးဖြစ်ခဲ့ရတော့သည်။

လူအုပ်ကြီးမှာ မည်သို့လုပ်ရမည်မသိဖြစ်ကာ တစ်ယောက်နှင့်တစ်ယောက်ကြည့်၍တိတ်
ဆိတ်နေမိကြသည်။လုံချန်တို့ နောက်လိုက်သွားရမလား၊မလိုက်ပဲ နေခဲ့ရမလား ဝေခွဲမရဖြစ်နေခြင်းပင်။

ကုယန် ခပ်ဖြေးဖြေး ထ၍ ရပ်လိုက်၏။

"မင်းတို့တွေ ကိုယ့်နေရာကိုယ်ပြန်ကြတော့"

ထိုအခါမှ သူတို့က သူတို့၏ အင်မော်တယ်ဂူအသီးသီးသို့ပြန်ကုန်ကြ၏။အချို့သူ များမှာ အထုပ်အပိုးများပင် ပြင်ဆင်နေကြချေပြီ။
အကြောင်းမှာ သူတို့သည် ထိုနေရာ၌ ဆက်၍နေလိုသည့် ဆန္ဒမရှိတော့ခြင်းကြောင့်ဖြစ်၏။

သူတို့၏ အဖွဲ့ခေါင်းဆောင်မှာ လမ်းဘေးခွေး
တစ်ကောင်ကဲ့သို့ တရွတ်တိုက်ဆွဲခေါ်သွားခြင်းကိုခံရသည်။ယင်းက သူတို့အား များသွာအရှက်ရစေပါ၏။ထို့ပြင် အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေသည့်ချီရှင်ကိုကြည့်၍လည်း သူတို့ များစွာတုန်လှုပ်ရပါသည်။

ဤအတိုင်းသာ ဆက်၍သွားလျှင် လုံချန်နှင့်ချီရှင်သည် ကမ္ဘာရန်များ ဖြစ်လာဖွယ်ရာ ရှိသည်။သူတို့နှစ်ယောက်မှာ တစ်ယောက်သေမှပင် ရန်ငြိမ်းမည့် အဆင့်သို့တိုင် ရောက်နေကြချေပြီ။

သို့သော် ချီရှင် နှင့်ယှဉ်လျှင် လုံချန်သည်
လျှင် မသေပဲ ကျန်နေရစ်လိမ့်မည်ဟု လူတိုင်းကယုံကြည်ထား၏။ချီရှင် မည်သို့သော ပျက်
လုံးမျိုးထုတ်နေခဲ့သနည်း။လုံချန်ဆိုသည်မှာ ဖုန်းဆိုမြေမှ အသက်ရှင်လျှက် ပြန်လာနိုင်သောပထမဦးဆုံး သူ တစ်ယောက်ပင် ဖြစ်သည်။

ထိုသို့သော သူတစ်ယောက်ကို ကြံစည်ဝံ့ခြင်းမှာ ကိုယ့်သေတွင်း ကိုယ်တူးသကဲ့သို့ဖြစ်နေပါ
၏။ယခု လုံချန်သည် တက်သစ်စ ကြယ်တစ်ပွင့်ကဲ့သို့ဖြစ်နေသည်။မိုးမြေအဖွဲ့ ၏ ခေါင်းဆောင်တစ်ယောက်အနေနှင့်သာမကမဟာမိတ်ငါးဖွဲ့၏ ထောက်ပံ့မှုဖြင့်ပါ သူ ကြောက်ရမည့်ပြိုင်ဘက် မရှိသေးပေ။

မျက်ကန်းတစ်ယောက်ပင် ထို အခြေအနေကိုမြင်နိုင်သော်ငြား မနာလိုမှုတို့ဖြင့် ပူလောင်နေ
သောချီရှင်မှာမူ ကျိုးကြောင်းဆင်ခြင်နိုင်မူ
ပျောက်ဆုံးခဲ့ရပါသည်။မနာလိုမှုအား ပျောက်ကင်းစေသောဆေးဝါး ဟူ၍သည်လောဝယ်မရှိသေးပါချေ။

မဟာမိတ် အဖွဲ့ကြီး သုံးဖွဲ့ရှိရာတွင် မိုးမြေအဖွဲ့သည် အင်အားအကြီးဆုံးဖြစ်လေသည်။
ဒုတိယအင်အားကြီးအဖွဲ့မှ ၎င်းတို့အဖွဲ့ဖြစ်သော်လည်း ၎င်းတို့သည် လုံချန်နှင့် ကမ္ဘာရန်များဖြစ်နေခဲ့ပါ၏။

မိုးမြေအဖွဲ့တွင်လုံချန် ရှိနေခြင်းနှင့်အတူ သူတို့အဖွဲ့အနေနှင့် ထိပ်ဆုံးသို့ပြန်ရောက်ရန် စိတ်ကူးပင်မယဉ်၀ံ့သော
အခြေအနေဖြစ်နေသည်။ကျွမ်းဝေနင်တို့အဖွဲ့မှာလည်း အစဉ် ကြားနေဝါဒကို ဆွဲကိုင်ထားသဖြင့် ၎င်းတို့သာ
စဉ်းစားညာဏ်ရှိလျှင် မိုးမြေအဖွဲ့နှင့် ဆန်ကျင့်ကြလိမ့်မည်မဟုတ်ပေ။

သည့်နောက်၀ယ် အနာဂါတ်ကား ရှင်းရှင်းလင်းလင်း ဖြစ်နေခဲ့ပေပြီ။မိုးမြေအဖွဲ့ကား ထိပ်ပိုင်းငါးနေရာကို လက်
၀ါးကြီးအုပ်ထားလိမ့်မည်ဖြစ်ကာ ကျန်သည့် အဆင့်များ၌ ကျွမ်းဝေနင်တို့ အဖွဲ့ရှိလိမ့်မည်။၎င်းတို့အဖွဲ့များအတွက်
မူ လုံချန်အသက်ရှင်နေသမျှ ကာလပတ်လုံး အင်အားတောင့်တင်းလာရန်က စိတ်ကူးမယဉ်ကောင်းသလိုဖြစ်
နေပါ၏။

ထိုသို့ ကြီးထွားလာနိုင်မည့်အခွင့်အရေးမရှိသည်နှင့် အဖွဲ့သားများမှာ ၎င်းတို့၏ အဖွဲ့များမှ စွန့်ခွာသွားနိုင်
သည်။တပည့်များအနေနှင့် အဖွဲ့၀င်ထားမှ တာ၀န်များ ဆောင်ရွက်နိုင်သည်မဟုတ်။အဖွဲ့မ၀င်ထားပဲလည်း
ဆောင်ရွက်နိုင်သည်သာဖြစ်သည်။ယင်းမှာ အဖွဲ့အလိုက် တာ၀န်များထမ်းဆောင်ရသည်လောက် မကောင်း
သော်ငြား လုံချန်နှင့် ရန်သူမဖြစ်ရခြင်းက သူတို့အတွက်ပို၍ ကောင်းလေ၏။

လူအများ ပြန်ကုန်ကြသည်ကိုမြင်လျှင် ကုယင်သည် ဆေးတစ်လုံးထုတ်၍ သောက်၏။သူ သက်ပြင်းချမိသည်။

လုံချန်တစ်ယောက်ပင် လွန်စွာကြောက်မက်ဖွယ်ကောင်းနေသည့်အချိန်၌ ပို၍ ကြောက်စရာကောင်းသည့်
မွန်းစတား တစ်ကောင်း ပေါ်လာပြန်ချေပြီ။သူတို့အတွက် မျှော်လင့်စရာ သည် စိုးစိ မှပင်မရှိတော့ချေ။
သူ နောင်တရမိ၏။ယခင်က သူသည် သူ၏သိုင်းပညာအားကို ဖြင့် ထန်၀မ်အာတို့အဖွဲ့အား မတရားဖိနှိပ်
ခဲ့သလို မာနလည်း လွန်စွာကြီးခဲ့မိသည်။

မူလက သူသည် အခြားအဖွဲ့တစ်ဖွဲ့သို့ သစ္စာဖောက်များ ထည့်သွင်းရခြင်းကို စက်ဆုပ်နေခဲ့သည်။သို့သော် ချီ
ရှင်၏ တိုက်တွန်းမှုကြောင့် သူ သဘောတူလိုက်ရခြင်းဖြစ်ပါ၏။သို့သော် ယခုတော့ ချီရှင်ကြောင့် နှစ်ဘက်မှာ
ကမ္ဘာရန်များဖြစ်ကြရချေပြီ။လုံချန် ရုတ်တရက် အာင်အားကြီးထွားလာခြင်းက သူတို့၏ အနာဂါတ် အလား
အလာကို မသေချာ မရေရာမှုများ ဖြစ်စေခဲ့သည်။

"မင်း.. အခြေအနေ ဘယ်လိုလည်း" သူ.. လီရှင်းရှောင်ကို ဆွဲထူလိုက်၏။

"မိုးကြိုးစွမ်းအင်ရဲ့ တန်ပြန်ရိုက်ခတ်မှုကို ကျုပ်ခံနေရတယ် . .. အချိန်ခဏလောက်တော့ ကျုပ်အနားယူ
မှဖြစ်လိမ့်မယ်" မျက်နှာအပျက်ပျက်ဖြင့် လီရှင်းရှောင် ပြောလာ၏။

"ဒါ.. ဘယ်လိုဖြစ်နိုင်မှာလည်း" သူ အံ့အားသင့်သွားသည်။လီရှင်းရှောင်သည် သူ့လောက် ခွန်အားမကြီးမား
ပေငြား လွန်စွာ အစွမ်းထက်သူ တစ်ဦးဆိုသည်ကိုတော့ သူ သိပါ၏။သို့သော် မိုးကြိုးစွမ်းအင်၏ တန်ပြန်ရိုက်
ခတ်မှုကို ခံစားနေရခြင်းဆိုသည်က သူ့အတွက်နားရှုပ်စရာ ဖြစ်နေသည်။ယင်းက မည်သို့မျှ ယုံနိုင်စရာမရှိ။
လီရှင်းရှောင်သည် မိုးကြိုးအခြေပြု သိုင်းသမားတစ်ဦးဖြစ်လေသည်။

"ကျုပ်တို့လုပ်နိုင်တာ ဘာမှ မရှိတော့ဘူး ဒဏ်ရာကနေ ယာယီသက်သာသွားအောင် ဆေးသောက်ထား
လိုက်ဦး... သွားကြည့်ရအောင် လုံချန် ဒီကိစ္စကို ဒီအတိုင်းထားမှာ မဟုတ်ဘူး... သူ ... စည်းကမ်းထိန်းသိမ်း
ရေး အဖွဲ့တွေ့ကို သွားပြဿနာရှာမှာပဲ"

ကုယင် သက်ပြင်းချ၏။သူ၏ လက်မောင်းက ကျိုးနေချေပြီ။ကုသရေးခန်းမဆောင်သို့ သူ တိုက်ရိုက်သွားသင့်
သည့်အခြေအနေပင်။သို့သော် လုံချန်၏ ပွဲကြီး ပွဲကောင်းကို သူ လက်လွတ်မခံလိုပေ။

လုံချန်၏ လူသတ်ချင်စိတ်က ယခုတစ်ကြိမ်တွင် ပို၍ဆိုးလာသည်ကို သူ ခံစားမိသည်။ပို၍လည်းကြောက်
မက်ဖွယ်ကောင်းလာသည်။သူ၏မသိစိတ်က ကြီးကြီးမားမားတစ်ခုခု ဖြစ်တော့မည်ဟု သူ့ကို ပြောနေသကဲ့
သို့ရှိပါ၏။

လီရှင်းရှောင်ကခေါင်းငြိမ့်၍ ဆေးသောက်လိုက်၏။ထို့နောက် လီရှင်းရှောင်နှင့်အတူ လုံချန် သွားရာဘက်သို့
ဦးတည်၍ ထွက်သွားကြတော့၏။

***

ရွှမ်းရှင်း ပလာဇာ ၌ မိုးမြေ မဟာမိတ် ငါးဖွဲ့စုရုံးလျှက်ရှိသည်။လူတိုင်းက စိတ်တွေ မွန်းကြပ်နေ မိကြ
သလို များစွာလည်း စိတ်လှုပ်ရှားကြသည်။ယင်ခင်က လုံချန်က ကုယင်တို့ မဟာမိတ်အဖွဲ့ကို လှလှ
ပပအနိုင်ယူခဲ့ရာ သူတို့၏ ဒေါသများ အတော်အတန် လျှော့ပါးသွားရသည်။သည်လို ပေါ့ပါးသွားသည့်ခံစား
ချက်ကား စကားလုံးဖြင့် ဖော်ပြ၍ မရချေ။

ယခု ချီရှင်က သူတို့အဖွဲ့ကို ကောက်ကျစ်သည့် အကြံအစည် တစ်ခု ကြံပြန်ပြီဟု ကြားရပြန်သည်။လူတိုင်းက
ချီရှင်တို့အဖွဲ့ နှင့် တိုက်ခိုက်ရန်ပြင်ဆင်လျှက်ရှိကြသည်။

"၀မ်အာ ဒီနေရာကနေဘယ်မှ မသွားနဲ့လို့ လုံချန်မှာထားခဲ့တာလား... ချီရှင့် လက်အောက်မှာလူတွေက
အများကြီနော်... သူ မကိုင်တွယ်နိုင်မှာကို မမစိုးရိမ်တယ်" ယဲ့ထင်းချုံက ပြောသည်။

မည်သို့ဆိုစေ လုံချန်က တစ်ယောက်တည်းဖြစ်သည်။သိုင်းသမား တစ်ရာနှင့် လူတစ်ယောက် ယှဉ်
တိုက်ခိုက်ဖို့ ကမလွယ်လှ။

"လုံချန် တစ်ယောက်တည်း သွားတာမဟုတ်ဘူး မမ သူ့ ညီတစ်ယောက်ပါသွားတယ်" လူကြမ်းလေး၏
ပုံရိပ်က သူမအာရုံတွင် ပေါ်လာကာ ထန်၀မ်အာ ခေါင်းယမ်း၏။လူကြမ်းလေးက စကား များများစားစား
မပြောသော်လည်း သူ၏ ကြောက်စရာ ကောင်းသော ခန္ဓာကိုယ်ကြီးက သူမကဲ့သို့ ထိပ်သီးသိုင်းသမား
တစ်ယောက်ပင် အသက်ရှုရန် ခက်စေခဲ့သည်။

လူကြမ်းလေးက လွန်စွာကြောက်မက်ဖွယ်ကောင်းသော သူ တစ်ယောက်မှန်းသိသာသည်။သူသာ လုံချန်
၏ ဘေး၌ ရှိလျှင် စိုးရိမ်စရာမရှိချေ။စိုးရိမ်စရာရှိသည်က ချီရှင်က လုံချန်သတ်ပစ်လိုက်ပြီလား ဟူသည်ကို
သာဖြစ်သည်။

"ဒီ ချီရှင်က အမှိုက်သာသာကောင်ပဲ ပထမတစ်ကြိမ်ကလည်း သစ္စာဖောက်တွေ အဖွဲ့ထဲထည့်ပြီး အရှက်မရှိ
လုပ်ကြံသေးတယ်"

"နောက်ပြီးတော့ ငါတို့အလံတွေကို လု၊ ငါတို့အရိုးတွေကို ရိုက်ချိုးပြီးလည်းစော်ကားသေးတာပဲ"

"အခု တော့လုံချန် ပြန်လာပြီ.. မျက်လုံးတစ်လုံး ကို မျက်လုံးတစ်လုံး သူ ပြန်ပေးဆပ်ရမှာပဲ အခုတော့ ဒီ
ကောင်က ထပ်ပြီး အကောက်ကြံသေးတယ် ကျုပ်သာ လုံချန်ဆို ပါးတစ်ချက်ရိုက်ပြီး သေအောင်သတ်ပြီ"
လျိုချိုင်က ဒေါသကြီးစွာဖြင့် ပြောသည်။

သူစကားပြောပြီးလျှင် ပတ်၀န်းကျင်က ထူးဆန်းသလို ဖြစ်သွားသောကြောင့် ဆောင်မင်းယွမ်၊လီချီ၊ယဲ့ထင်းချုံ
နှင့် ထန်၀မ်အာတို့ဘက်ကို လှည့်ကြည့်လိုက်၏။

"ကျုပ်ပြောတာမှားနေလို့လား"

ဆောင်မင်းယွမ်က ခေါင်းခါသည်။

"မင်းတောင် ချီရှင်ကို သတ်ချင်ရင် လုံချန် ကိုယ့်စိတ်ကို ထိန်းနိုင်ပါ့မလား ကျုပ်မသိဘူး"

ထိုအခါမှ တစ်ကယ့် ပြဿနာကို လျှိုချိုင်သဘောပေါက်၏။

"အိုက်ယား.. ဒါမှန်တာပဲ.. လုံချန့် စိတ်နဲ့ဆို ခေါင်းဖြတ်လိုက်ပြီနဲ့တူတယ်... မဖြစ်ဘူး ကျုပ်တို့ မြန်မြန်တား
မှပဲ"

ထန်၀မ်အာက ခေါင်းယမ်း၏။

"မမှီတော့ဘူး လုံချန်သွားတာ လေးနာရီလောက်ရှိပြီ ကျွန်မတို့ခုချိန် သွားရင်တောင် နောက်ကျသွားပြီ"

ချက်ချင်းတိတ်ဆိတ်သွားကြ၏။နောက်ဆုံးတစ်ကြိမ်က သစ္စာဖောက်ငါးယောက်ကို သတ်ခဲ့သဖြင့် ဖုန်းဆိုး
မြေသို့ လုံချန် နယ်နှင်ဒဏ်ပေးခြင်းခံခဲ့ရသည်။အကယ်၍ အန္တေဝါသိက တပည့်တစ်ဦးကို သူ သတ်မိလျှင် သည့်
ထက် ပြဿနာ ကြီးပေရော့မည်။လူတိုင်း အမုန်းတရားများဖြင့် ပြည့်လျှက်ရှိကြသည်။

ချီရှင်းကား တစ်ကယ့် ပြဿနာကောင်ပင်။

"လူတွေလာနေပြီ"

ထိုစဉ် ရွှမ်ရှင်းပလာဇာသို့ တပည့်အချို့ အပြေးအလွှားလာနေကြသည်ကို မြင်ရသည်။ထိုအထဲ၌ အန္တေဝါသိ
ကတပည့်အနည်းငယ်လည်းပါ၏။၎င်းတို့က လုံချန်၏ ပွဲကြီးပွဲကောင်းကို လာကြည့်ဟန်တူသည်။အချိန်ကုန်လာ
သည်နှင့်အမျှ လူများ တဖွဲဖွဲရောက်လာကြ၏။မူလ၌ တိတ်ဆိတ်ခြောက်ကပ်လျှက် ရှိသည့် ရွှမ်ရှင်းပလာဇာ
မှာ သက်၀င်လှုပ်ရှားလျှက်ရှိချေတော့သည်။

တပည့်တစ်ထောင်ခန့်က ဘာမျာြးဖြစ်မည်နည်းဟု သိချင်စိတ်ဖြင့် မလှမ်းမကမ်းမှ ရပ်၍ ခန့်မှန်းကြည့်လျှက်
ရှိသည်။မိုးမြေ အဖွဲ့ သည်နေရာ၌ စုစည်းလျှက်ရှိသည်ကိုသာ သူတို့သိကြသည်။ထိုမှတစ်ပါး မည်သည့်
အကြောင်းအရာကိုမျှ သူတို့မသိကြချေ။

သို့သော် မိုးမြေအဖွဲ့က အဘယ်ကြောင့် သည်မျှ ကြီးမားသည့် စုရုံးမှုကို လုပ်ခဲ့ကြောင်း ခန့်မှန်းရန်က
မခက်လှချေ။လူတိုင်း မျိုးစုံထင်ကြေးပေးနေကြစဉ် လူနှစ်ယောက်လျှောက်လာသည်ကို သူတို့ မြင်ကြ
ရ၏။

ထိုနှစ်ယောက်က မည်သူမှန်း သဲကွဲစွာ သိရချိန်၌ မိုးမြေအဖွဲ့မှလူများသာ မက အခြားသောအဖွဲ့များမှ လူ
အများအပါအ၀င် အန္တေဝါသိက တပည့်များကပါ သူတို့၏ မျက်လုံးအိမ်မှ မျက်လုံးများ ကျွတ်ကျတော့မတတ်
အံ့အားသင့်ကြရလေသည်။

PATRIARCH MK AUNG

######

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(220)ကြောက်စရာကောင်းသည့်ပွဲ

လုံချန်ကို သဲသဲကွဲကွဲ မြင်ရချိန် သူ၏ မျက်နှာက လွန်စွာ တင်းမာလျှက်ရှိသည်ကို သူတို့တွေ့ကြရသည်။သူ
ကား အရိုးဓားကြီးကို ပုခုံးတစ်ဘက်တွင် တင်လျှက် ညာဘက်လက်တွင် ချီရှင်ကို ဆံပင်မှ ဆုပ်ကာ ခွေးသေ
တစ်ကောင်လို ဆွဲလာနေသည်။

သူ၏ နောက်တွင်ကား ဧရာမ လူထွားကြီး လူကြမ်းလေး ရှိကာ ငါးမီတာ ခန့်ရှိ ဆူးလုံးကြီးကို ကျော၌ လွယ်ထား
၏။ဧရာမ လူကြမ်းလေးကို ကြည့်ကာ သူတို့ အသက်ရှုပင် မှားမတတ်ဖြစ်ရသည်။ထိတ်လန့်စရာ အကောင်းဆုံး
က သေအံ့မူးမူး ဖြစ်နေသည့် ချီရှင်ကို လုံချန်က ဆံပင်မှ ကိုင်ကာ ဆွဲလာသည့်မြင်ကွင်းဖြစ်သည်။

"ချီရှင်... အဲ့တာ ချီရှင်ပဲ" လုံချန် တရွတ်တိုက်ဆွဲလာသူမှာချီရှင်မှန်း သိလျှင် လူတစ်ချို့က အလန့်တကြားအော်
မိကြ၏။ချီရှင်၏ ပုံစံကို ကြည့်ကာ သူတို့သက်ပြင်းချမိသည်။သူတို့ မော့ကြည့်ရုံသာ တတ်နိုင်သည့် အန္တေဝါသိ
ကတပည့်တစ်ဦးကား ယခုလို အခြေအနေမျိုး ဖြစ်သွားချေပြီ။

လုံချန်က ရပ်ကြည့်နေသူများကို လျှစ်လျှူရှုလျှက် ချီရှင်ကို ဆွဲလာကာ လူရှေ့သို့ ပစ်ချလိုက်၏။ထို့နောက်သူ့လူ
များဘက်သို့လှည့်ကာ ပြောသည်။

"ဒီနေ့ ကျုပ်က ကျုပ်ညီအကိုတွေကို အကူအညီတောင်းစရာလေးရှိတယ်... ဒါပေမယ့် ဒါက ညီအကိုတို့ရဲ့
နေရာကို ထိခိုက်လိမ့်မယ် ပြီးတော့ ရွှမ်ရှင်းကနေ နှင်ထုတ်ခံရကောင်းခံရမယ်" လုံချန်က လူအုပ်ကို တင်းမာ
သည် ဟန်ဖြင့်ကြည့်၏။

"လုံချန် ဒီလောက်များများ ပြောဖို့မလိုပါဘူး.. ကျုပ်တို့ကို ညီအကိုတွေလို့ ခေါ်မှတော့ မင်းကိစ္စက ကျုပ်တို့ကိစ္စ
ပဲပေါ့ ဒီရုပ်ထုကြီးကို ဖြိုချချင်တယ် ဆိုရင်တောင် ကျုပ်တို့ ကူညီမယ်" လျှိုချိုင်က စကားဖြတ်ပြောသည်။

လျှိုချိုင်၏ စကားက ဒဲ့တိုး ဖြစ်နေသော်လည်း လူအများ၏ အတွေးကလည်း ထို့အတူပင်။သူတို့ရင်ထဲ၌ လုံချန်
ကသူရဲကောင်းတစ်ယောက်၊ဖြောင့်မတ်တည်ကြည်သူ တစ်ယောက်ဖြစ်သည်။သူ့၏ ညီအကိုများ အရှက်မရ
စေရန် သစ္စာဖောက်ငါးယောက်ကို သုတ်သင်ခဲ့ခြင်းကြောင့် ဖုန်းဆိုးမြေသို့ နယ်နှင်ဒဏ်ပေးခြင်းခံခဲ့ရသည်။

ထို့နောက် သေမည် သေချာနေသည့် လမ်းမှ ရှင်လျှက် ပြန်လာနိုင်ခဲ့၏။ပြီးလျှင် ရွှမ်ရှင်းကို သူ ပြန်ရောက်
ရောက်ခြင်း ပထမဆုံး လုပ်သည့်အလုပ်က လူအများကို ဦးဆောင်၍ အရှက်ရခဲ့သည်များကို ကလဲ့စားပြန်ချေ
ခြင်းဖြစ်၏။သည်ကဲ့သို့ သတ္တိရှိမှုက သူ့ကို သူတို့၏ နှလုံးသားထဲတွင် လေးစားသွားစေသည်။

လုံချန်က သူတို့၏ စံပြ ဖြစ်သလို သူတို့၏ ရည်မှန်းချက်လည်းဖြစ်သည်။လုံချန်နောက်သို့ သူတို့သေသည်ထိ
လိုက်ကြမည်ဖြစ်သည်။သူတို့ ကွပ်မျက်ခံရသည်ဖြစ်စေ နှင်ထုတ်ခံရသည်ဖြစ်စေ သူတို့၏ သူရဲကောင်းနောက်
သို့လိုက်ကြမည်သာ။

"ကောင်းတယ် ဒါဆိုလည်း ကျုပ် အများကြီးမပြောတော့ဘူး လုပ်စရာရှိတာလုပ်ကြတာပေါ့"

လုံချန်က ချီရှင်၏ ၀မ်းဗိုက်ကို တစ်ချက် စောင့်နင်းလိုက်သည်နှင့် ချီရှင်မှာ သတိမေ့နေရာမှ ရုတ်ချည်း သတိ
ပြန်ရလာသည်။သူက သတိရလာလျှင် ရလာခြင်း အသံနက်ကြီးဖြင့်အော်လိုက်၏။

"ပြော .. ဝူချီဘယ်မှာလည်း" လုံချန် က တင်းမာအေးစက်သည့် လေသံဖြင့်မေးသည်။

"သူ..သူ...ဆန်းကျယ်စံအိမ်တော်မှာပါ..." ချီရှင်အသံက တုန်ယင်စွာ နဲ့ ထွက်လာ၏။

နာကျင်လွန်းခြင်းကြောင့်ဖြစ်သည်။လုံချန် သူ့ကို တိုက်သည့်ဆေးက သူ့၏ နာကျင်မှုကို အဆပေါင်းများစွာ
တိုးလာစေသည်။ထိုနာကျင်မှုကို သူ ဘယ်လိုမျှ သီးမခံနိုင်တော့။လုံချန်က သူ၏ ၀မ်းဗိုက်ကို ထပ်ကန်ကာ
သတိမေ့စေလိုက်သည်။သို့သော် နာနာကျင်ကျင်အော်သံကား လူတိုင်း၏ နားထဲတွင် ပဲ့တင်သံထပ်နေတုန်း
ပင် ဖြစ်လေသည်။

"ကျုပ်နဲ့လိုက်ခဲ့"

လုံချန်က ချီရှင်ကို တရွတ်တိုက်ဆွဲကာ ရွှမ်ရှင်း၏ အရှေ့ဘက်ခြမ်းသို့သွားသည်။ယင်းကား ဆန်းကျယ်စံအိမ်
ရှိသည့်အရပ်ဖြစ်သလို ဝူချီ တာ၀န်ကျရာနေရာလည်းဖြစ်သည်။လူတိုင်းက ပထမတွင် မင်တက်မိနေကြ
သေးသည်။သို့သော် မိုးမြေအဖွဲ့ကို လုံချန် စုရုံးစေသည်မှာ ကုယင်ကို တိုက်ခိုက်ရန် မဟုတ်ပဲ စည်းကမ်းထိန်း
သိမ်းရေးအဖွဲ့များနှင့် တိုက်ခိုက်ရန်သာ ဖြစ်ကြောင်း သူတို့ လျှင်မြန်စွာ သဘောပေါက်သွားကြ၏။

သူတို့အံံ့အားသင့်လျှက်ရှိသည်။သို့သော် စိတ်လည်း လှုပ်ရှားနေကြ၏။လုံချန်ကား သည်ကဲ့သို့ ရန်စမှုမျိုး
ကိုပင် ကျူးလွန်ဝံ့သည်။လုံချန်နှင့် သူတို့ ဆုံစည်းစဉ်ကပင် လုံချန်ကား သာမာန်လူများ လုပ်သည့်အလုပ်
မျိုးကို မလုပ်။သူ့အား ခန့်မှန်းနိုင်သူများမှာ အနည်းငယ်သာရှိသည်။

ဆောင်မင်းယွမ်တို့အဖွဲ့ လုံချန်၏ နောက်သို့ စိတ်လှုပ်ရှားစွာဖြင့်လိုက်ပါသွားသည်ကို မြင်လျှင် ထန်၀မ်အာနှင့်
ယဲ့ထင်းချုံတို့ကား တစ်ယောက်ကို တစ်ယောက်ကြည့်လျှက် မချိပြုံး ပြုံးမိကြပါသည်။ယောကျာင်္များကား ထာ၀
ရ တိုက်ခိုက်နေခြင်းမှာသာ မွေ့လျှော်သည်။

ထန်၀မ်အာနှင့် ယဲ့ထင်းချုံမှာ မည်သို့ ပြောရမည်မသိဖြစ်နေကြ၏။လုံချန်ကို ုကြည့်၍ အဘယ့်ကြောင့်မသိ
ထန်၀မ်အာ၏ စိတ်တွင် သွေးများဆူလာသကဲ့သို့ ခံစားနေရသည်။ယင်းကား သူမ ကလေးဘ၀ မဟုတ်တာ
တစ်ခုခု လုပ်တော့မည့်အချိန်တွင် ဖြစ်တတ်သည့် လှုံ့ဆော်မှု ကဲ့သို့ပင်။လုံချန်သည် အမြဲတမ်း ငပြောင်
တစ်ယောက်ပင် ဖြစ်နေမည်လားသူမမသိ။စည်းမျဉ်းဥပဒေ တွေသည် သူ့အတွက်အသုံးမ၀င်။နာမည်မျှသာ
ရှိကြ၏။

သူသည် အတားအဆီးတွေကို ချိုးဖြတ်၍ ကောင်းကင်သို့အရှိန်အဟုန်နှင့်ပျံတက်တော့မည့် ဇာမဏီ
ငှက်တစ်ကောင်နှင့်တူသည်။

ထူးဆန်း စံအိမ်တော်သို့ လူအုပ်ကိုဦးဆောင်၍ သူ လာခဲ့၏။လမ်းတွင် လူအချို့နှင့်လည်း သူတို့ တွေ့ခဲ့ကြ
ရသည်။

"အဲ့တာ လီရှင်းရှောင်နဲ့ ကုယင်မလား"

"ဘုရားရေ ဒဏ်ရာကိုယ်စီနဲ့ပါလား ဘယ်သူလုပ်တာလည်းမသိဘူး"

လူတိုင်းမှာ သူတို့နှစ်ယောက်ကိုမြင်လျှင် ထိတ်လန့်စွာ ရေရွတ်မိကြသည်။သူတို့နှစ်ယောက်သည် မျက်နှာ
များဖြူဖျော့နေသလို အော်ရာများကလည်း ကသောင်းကနင်းဖြစ်လျှက်ရှိကြသည်။သွေးများမှာ တစ်ကိုယ်
လုံး စွန်းပေလျှက် တိုက်ပွဲကြီးတစ်ခုတိုက်ခိုက်လာရမှန်းသိသာ၏။

အထူးသဖြင့် ကုယင်ဖြစ်သည်။သူ၏ လက်နှစ်ဖက်မှာ ကွေးကောက်၍ ပုံစံ ပျက်နေပေပြီ။လီရှင်းရှောင်မှာမူ
၀မ်းဗိုက်၌ ချိုင့်၀င်လျှက်ရှိပြီး နှစ်ယောက်စလုံးက ဒဏ်ရာလွန်စွာပြင်းထန်ပါသည်။လူတစ်ယောက် ရုတ်ချည်း
သူတို့ ထံပြေးလာရာ ၎င်းမျာ ကုယင်၏ မဟာမိတ်အဖွဲ့များမှ လူတစ်ယောက်ဖြစ်သည်။

"အကိုကု.. အကိုလီတို့...ဒါက"

"အခုမမေးနဲ့ဦး ... ပွဲကြည့်ဖို့သွားကြရအောင်" ကုယင်သည် ထိုသူ စကားကို ပိတ်ပြော၍ လုံချန်နောက်မှ
လိုက်သွားတော့သည်။ထိုသူကလည်း ချက်ချင်းသူတို့နှစ်ယောက်နောက်မှလိုက်လာ၏။ထိုစဉ် လူအနည်းစု
မှာ ဖြစ်နိုင်ချေကို စဉ်းစား၍ သက်ပြင်းချလျှက်ရှိသည်။မျိုးဆက်သစ် များအတွင်း ကုယင်ကို သည်လို ဒဏ်ရာ
ရအောင် လုပ်နိုင်သူသည် တစ်ယောက်သာ ရှိ၏။

သည့်နောက် ချီရှင်ကို တရွတ်တိုက်ဆွဲလာသော လုံချန်ကို မြင်ယောင်မိကြလျှင် သူတို့နှလုံးသားကို လက်
အေးကြီးဖြင့် ကိုင်သကဲ့သို့ခံစားကြရပြန်သည်။သည်လူသည် လူသာမာန်တစ်ယောက်ပင် ဟုတ်ပါလေစ။
သူသည် မွန်းစတားတစ်ကောင်နှင့်ပိုတူသည်။သုံးယောက် တစ်ယောက် တိုက်ခိုက်ခဲ့သည်တောင် ထိုသုံး
ယောက်ကို အနိုင်ယူ၍ သည်မျှ ဆိုးရွားသည့် ပုံစံမျိုးဖြစ်သွားစေခဲ့ပါသည်။

ကုယင်သည် လုံချန် နောက်သို့လိုက်သွားသည်ကိုမြင်သည်နှင့် အခြားလူများကလည်း သူ့နောက်ကို လိုက်
ကြတော့သည်။ထူးဆန်းစံအိမ်တော် ၌ လုံချန် မည်သို့လုပ်မည်နည်း။သူတို့သိချင်လှ၏။လုံချန်၏ စကားအရမူ
၀ူချီကို ပြဿနာ သွားရှာဟန်တူသည်။

မိုးမြေ မဟာမိတ်အဖွဲ့ ငါးဖွဲ့နှင့် ဝူချီ မည်သို့ရင်ဆိုင်မည်နည်း။သူတို့သိချင်သည်။

"ဒီကိစ္စက လုံချန်ရဲ့ မှော်သားရဲနဲ့ပတ်သတ်ရမယ်" တစ်ယောက်က ခန့်မှန်း၏။

မည်သို့ဆိုစေ လုံချန်သည် ပြန်ရောက်လျှင်ရောက်ခြင်း လူပေါင်းများစွာဖြင့် နှင်းပွင့်လေးကို ရှာဖွေသည့်
ကိစ္စကလည်း ရှိနေခဲ့၏။မိုးမြေအဖွဲ့မှာ ပေါ်ပေါ်တင်တင် ရှာကြခြင်းဖြစ်သဖြင့် လူအများက ယင်းသတင်းကို
ကြားထားကြပြီးဖြစ်သည်။

သူတို့သည် ထိုအကြောင်းကို အသေးစိတ်မသိရသော်ငြား လျှိုချိုင်၏ ချီရှင်ကို ဆဲဆိုရေရွတ်နေမှုကို ကြည့်၍
တစ်ကြောင်း၊လုံချန်၏ တင်းမာခက်ထန်နေမှုကို ကြည့်၍ တစ်ကြောင်း၊ချီရှင်ပါးစပ်မှ ဝူချီနာမည်အား ပြော
ဆိုမှုကို ကြည့်၍ တစ်ကြောင်း သည်ကိစ္စ၌ ချီရှင်ပါရမည်ဟု သဘောပေါက်ကြသည်။

ဆန်းကျယ် စံအိမ်တော်ကား ရွှမ်ရှင်းမှ အလှမ်းကွာသော အရပ်၌ တည်ရှိလေသည်။ထိုနေရာကား စည်းကမ်း
ထိမ်းသိမ်းရေး အဖွဲ့များ အတွက်နေရာပေးထားသော စံအိမ်တော်ကြီးဖြစ်ရာ အဖွဲ့များ နေထိုင်ရသော တောင်
ထွတ်တစ်ခုစီနှင့်တူသည်။

စည်းကမ်းထိန်းသိမ်းအဖွဲ့များမှာ ကင်းလှည့်သော တာ၀န်များထမ်းဆောင်ပြီးလျှင် ထိုနေရာ၌ သိုင်းကျင့်ခြင်း
အစရှိသော ကိစ္စတို့ကိုလည်း လုပ်ဆောင်ကြသည်။ရွှမ်ရှင်း၌ ထိုသို့နေရာပေါင်း စုစုပေါင်း 7 နရာရှိသည်။
စံအိမ်တစ်ခုစီတိုင်းတွင် စည်းကမ်းထိန်းသိမ်း အဖွဲ့၀င် 10 ယောက်မျှ ထားရှိ၏။

၎င်းတို့သည်  ယခင်မျိုးဆက်များမှ ကျန်ရစ်ကြသော အဆင့်အနိမ့်ဆုံးတပည့်များဖြစ်ကြသည်။သူတို့သည်
များသောအားဖြင့် အလုပ်တစ်၀က်လုပ်ရသကဲ့သို့ ကျန်သည့်အချိန်၌ သိုင်းကျင့်ရသည်။ရွှမ်ရှင်းသည် ၎င်းတို့
အား စည်းကမ်းထိန်းသိမ်းရေး မစ်ရှင်းများလုပ်ဆောင်ခြင်းဖြင့် ရင်းမြစ်များ ထောက်ပံ့ပေးထားသည်။

ဆန်းကျယ်စံအ်ိမ်ကား တောင်၏ ခါးပန်း၌ ရှိသည်။ထိုတောင်၌ စီနီယာ စည်း/သိမ်း အဖွဲ့များနေထိုင်သော
အမတ ဂူပေါင်းသည် စုစုပေါင်းဆယ်လုံးရှိ၏။

သို့သော် ကျန်သည့် စည်း/သိမ်း အဖွဲ့များမှာ ကင်းလှည့်နေသောကြောင့် ယခုလောလောဆယ် ထိုနေရာ
၌ စည်း/သိမ်း အဖြစ်၀င် သုံးယောက်သာ ရှိလေသည်။စံအိမ်၏ ရှေ့တွင် ဧရာမ ဝံပုလွေကြီးတစ်ကောင်ကို
ကြိုးဖြင့်တုပ်နှောင်ထားရာ ဝံပုလွေကြီး၏ ခန္ဓာကိုယ်အနှံ့ဒဏ်ရာများဖြင့် ပြည့်နှက်လျှက်ရှိ၏။

ထိုဝံပုလွေကြီးကား ဒဏ်ရာများဖြင့် ပြည့်လျှက်ရှိသော နှင်းပွင့်လေးပင်ဖြစ်သည်။သူ့ခန္ဓာကိုယ်အောက်တွင်
မူ သွေးများအိုင်ထွန်းလျှက်ရှိသည်။နှင်းပွင့်လေးသည် သူ၏ ရှေ့မှ လူတစ်ယောက်ကို ဒေါသတကြီး ဖြင့် စိုက်
ကြည့်လျှက်ရှိသည်။ထိုသူ၏ လက်ထဲတွင် ကြာပွတ်တစ်ချောင်းကို ကိုင်ထားရာ ကြာပွတ်မှ သံဆူးလေးများ
တွင် သွေးများဖြင့် ချင်းချင်းနီလျှက်ရှိ၏။

ကြာပွတ်က နှင်းပွင့်လေး ခန္ဓာကိုယ်ပေါ်သို့ ရွှမ်းကနဲ ကျရောက်လာခဲ့သဖြင့် နှင်းပွင့်လေးသည် ဝေါင်းကနဲ
ဟိန်းလိုက်ပြန်သည်။သို့သော် အသံကား ချိနဲ့ချေပြီ။အားအင်မရှိတော့။

"စီနီယာဝူ ဘာ့ကြောင့်လက်မလျှော့သေးတာလည်း.. သုံးရက်တောင် ရှိနေမင့်မှ.. ဒီအတိုင်းထားလိုက်ပြီး
သေသွားရင်း ကျုပ်တို့ဟင်းကောင်းတစ်ခွက်ရတာပေါ့" စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၀င်တစ်ယောက်က
ပြောလာသည်။

ဤကြက်သွေးမီးတောက်နှင်းဝံပုလွေကို ဖမ်းဆီးရာ၌ သူတို့ လွန်စွာအားစိုက်ခဲ့ရသည်။

"ယီးလိုမှပဲ... ဒီမှော်သားရဲက ဟိုခွေးကောင် လုံချန်လိုပဲ ခေါင်းအတော်မာတယ် ကင်းမြီးကောက်အဆိပ်နဲ့
လုပ်ထားတယ် ဒီ ကြာပွတ်က ရိုက်ရင်အင်မတန်နာတာ နှောင်းပိုင်း တတိယအဆင့်မှော်သားရဲ တစ်ကောင်
တောင်ခုခံနိုင်တာမျိုးမဟုတ်ဘူး ... ဒါပေမယ့် ဒီကောင်က ခံနိုင်ရည်ရှိနေတာ ဒါက ကျုပ်ကို သိပ်ဒေါသထွက်
စေတာပဲ"

၀ူချီ၏ ကျာပွတ်သည် ဒေါသတကြီးနှင့် နှင်းပွင့်လေးထံ ရွှမ်းကနဲ ပြေး၀င်သွားပြန်ပါ၏။

"မင်းရှုံးကြောင်း၀န်ခံစမ်း ၀န်မခံရင် မင်းကို ကိုငါသေအောင်ရိုက်သတ်မယ်"

နှင်းပွင့်လေး ခန္ဓာကိုယ်သည် နေရာ အတော်များများမှ ကွဲထွက်၍ သွေးများ ဒလဟော စီးကျလျှက်ရှိပါ၏။

"စီနီယာဝူ ထပ်ရိုက်နေရင် သေသွားတော့မယ်" အခြားစည်း/ထိန်း အဖွဲ့၀င်တစ်ဦးမှ သတိပေးလာ၏။

တတိယအဆင့်မှော်သားရဲပင် ဖြစ်လင့်ကစား သုံးရက်ဆက် ကာ သည်လို ရိုက်နှက်နေလျှင် သေသွားပေ
လိမ့်မည်။ကြက်သွေးမီးတောက်နှင်းဝံပုလွေမှာ ခံစားမှု တစ်ဖြေးဖြေး ပျောက်ဆုံး၍ လာခဲ့ပါပြီ။ဆိုလိုသည်
မှာ ယင်း၏ အမြူတေ စွမ်းအင်သည် ကုန်ဆုံးကာနီးဖြစ်နေချေပြီ။အကယ်၍ လုံးလုံးကုန်ဆုံးသွားသည် ရှိ
သော် နှင်းပွင့်လေး အလိုလို သေဆုံးသွားလိမ့်မည်သာ။

"ဒီ သောက်ခွေးကောင်က ဟိုကောင် လုံချန်လိုပဲ ..  ဘာ့ကြောင့်အခုထိ အရှုံးမပေးသေးတာလည်း .. လုံချန်က
ဒီကောင့်ကို စိတ်ဝိညာဉ် ဆိုင်ရာ တံဆိပ်နှိပ်ထားခြင်းလည်းမရှိပဲ သူ့အပေါ်သစ္စာရှိလွန်းနေတယ်...ကျုပ်က ဒီ
ခွေးကောင်လုံချန်ထက် အဆပေါင်းများစွာ ပိုပြီး သန်မာတယ် ဒါဆို ဘာ့ကြောင့် ဒီကောင့်မှာ ဒီလို အစွမ်းထက်
တဲ့မှော်သားရဲ တစ်ကောင် ရှိနေရမှာလည်း"

၀ူချီ ပို၍ ဒေါသထွက်လာပြန်သည်။သူတို့သုံးယောက်သည် ကျင်ကျီသိုင်းသမားများဖြစ်လင့်ကစား ထို ဝံပုလွေ
ကို ဖမ်းရန် အင်အား အတော်သုံးခဲ့ရပါ၏။သူတို့သုံးယောက်အနက်မှ တစ်ယောက်ဆိုလျှင် နှင်းပွင့်လေး၏ ပြန်
လည်တိုက်ခိုက်မှုကြောင့် အတွင်းဒဏ်ရာပင် အပြင်းအထန်ရခဲ့သည်။

သို့ဖြစ်၍ တတိယ အဆင့်မှော်သားရဲတစ်ကောင်မှာမည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သူတို့မြင်ခွင့်
ရခဲ့ကြလေသည်။သို့သော် သည်လို ကြောက်စရာကောင်းသည့် မှော်သားရဲ တစ်ကောင်သည် ဘယ့်အတွက်
ငချွတ်သာသာ အဆင့်ရှိသူ လုံချန်နောက်သို့ လိုက်ရန် ဆုံးဖြတ်ခဲ့ပါသနည်း။

ထို့ပြင် ထို ငချွတ်မှာ သူအမုန်းတီးဆုံးသူတစ်ယောက်ဖြစ်နေသဖြင့် သူသည် ဒေါသလွန်စွာ ထွက်ရသလို
များစွာလည်း မနာလိုဖြစ်နေမိသည်။

"မင်းက အရှုံး မပေးမှတော့ ငါ့ကို ရက်စက်တယ်လို့အပြစ်မတင်နဲ့ပေါ့ကွာ... ငါ မင်းကိုမရရင် လုံချန်လည်း
မင်းကို မရစေရဘူး"

သူ့အားစိုက်ကြည့်လျှက်ရှိသော နှင်းပွင့်လေးကို ဝူချီသည် အံကြိတ်၍ ကြည့်လိုက်၏။ဒေါသထောင်းကနဲ
ထွက်လာသည်ကြောင့် ကျာပွတ်ကို လွှင့်ပစ်ကာ ဓားကို ထုတ်လိုက်သည်။ဓားမြှောက်လိုက်သည့် ခဏတွင်
၀ူချီသည် စူးရှလှသည့် လူသတ်ချင်စိတ်ကို ခံစားမိကာ အရိုးဓားကြီးသည်လေကို ရွှီးကနဲ ဖြတ်ကာ သူ့ထံ ပြေး၀င်လာခဲ့ပါသည်။

PATRIARCH MK AUNG

#

Continue Reading

You'll Also Like

32.1K 1.3K 24
Basically, the sin of sloth got transported to the world of demons, reapers, and angles by her littler brother greed. Let's see how sloth have a new...
534K 13.3K 42
Psycho brothers and a little angel sister sounds not so good together right? so what happens when an sweet angel comes live with her lovesick pyscho...
21.3K 446 42
What If Chloe lukasiak has a twin sister who is the favorite?
176K 5.5K 200
Author: Su Mengmeng/苏萌萌 Category: Danmei Fiction Status: 250 Chapter (Complete) Introducing: (Main attack, clean body and mind, no children, cool te...