အပိုင်း ၂၁ [ မရဏပျော်ပွဲ ] (3)
⟨⟨ခေါင်းတလားထဲကပုံပြင်⟩⟩
ရုတ်တရက်မတော်တဆဖြစ်သွားတာကြောင့်ဈာပနတစ်ခုလုံးရှုပ်ထွေးသွား၏ ။ လူတွေကဒီလိုရက်စက်လှတဲ့အဖြစ်ကိုအရမ်းမြန်မြန်လက်ခံလိုက်ရတာကြောင့်သေသွားတဲ့သူကိုအမြန်သယ်သွားကြသည် ။ အသုဘတီးလုံးသံကနောက်တစ်ခေါက်ထပ်မြည်လာပြန်၏ ။ အဖြူဝတ်ထားတဲ့လူတွေကမိုးရေထဲဝေဝါးနေတဲ့တစ္ဆေတွေအဖြစ်ပြောင်းသွားသလို ဖြေးဖြေးချင်းအရှေ့ကိုသွားနေပြီးမမြင်ရအောင်နစ်မြုပ်သွားသည် ။
လင်ပန့်ရှနဲ့စုန့်ချင်းလော်တို့ကအသံမထွက်ရဲပဲလူအုပ်ဝေးဝေးကိုရောက်တော့မှလင်ပန့်ရှအသံတိုးတိုးနဲ့ဆိုတယ် : "ဘယ်လိုလုပ်ရုတ်တရက်သေရတာလဲ?"
စုန့်ချင်းလော်မျက်မှောင်ကျုံ့လိုက်၏ ။
"တကယ်ပဲကျိန်စာရှိနေတာလား?" လင်ပန့်ရှတုံ့ဆိုင်းတုံ့ဆိုင်းနဲ့ဆိုတယ် : "မဟုတ်ရင်ဒါကလည်း........သိပ်တိုက်ဆိုင်လွန်းတယ်"
စုန့်ချင်းလော်ကဆိုတယ် : "သူတို့ကိုဂရုမစိုက်နဲ့ အရင်သုဿန်ကိုသွားကြည့်ရအောင်"
နှစ်ယောက်ကအသုဘပို့တဲ့အဖွဲ့နဲ့တိုးမှာစိုးတာကြောင့်လမ်းကျယ်ကမသွားပဲပေါင်းပင်ထူထူကြားကနေဖြတ်လာလိုက်တယ် ဆယ်မိနစ်ကျော်လောက်သွားပြီးနောက်မှာသူတို့ရှာချင်တဲ့သုဿန်ကိုမြင်လိုက်ရ၏ ။
လင်ပန့်ရှသုဿန်ရဲ့မြင်ကွင်းကိုတွေ့လိုက်ချိန်မထိန်းနိုင်ပဲသက်ပြင်းချမိလိုက်တယ်မျက်စိရှေ့ကနေရာကသုဿန်လို့ပြောပေမယ့်အစုအလိုက်အပြုံလိုက်ပစ်ထားတဲ့သုဿန်လို့ပြောရင်ပိုလိုက်မယ်
လူသေသိပ်များတာကြောင့်သုဿန်ကိုလာလို့မနိုင်တော့ပေ ။ အဲ့ဒါကြောင့်အခေါင်းအများစုကမြက်တောင်ပေါက်နေပြီးလမ်းဘေးမှာပဲချထားသည် ။ အသုဘလိုက်ပို့တဲ့အဖွဲ့ကလည်းအဝေးကနေရောက်လာပြီး သူတို့ရဲ့ပခုံးပေါ်မှာအခေါင်းအသစ်တွေကိုထမ်းထားပြီးသုဿန်ရဲ့ထောင့်မှာချလိုက်သည် ။ ဈာပနသီချင်းကတဖြည်းဖြည်းဝေးသွားပေမယ့်စော်နရဲ့တီးတီးတားတားအသံကအရင်အတိုင်းနားဘေးမှာလာမှုတ်နေသလိုပဲ
လူအကုန်သွားတာတွေ့မှလင်ပန့်ရှနဲ့စုန့်ချင်းလော်တို့လည်းသုဿန်ထဲဝင်ခဲ့သည် ။
သူတို့ရဲ့ပတ်ပတ်လည်မှာအခေါင်းတွေပြွတ်သိပ်နေပြီးမြေပေါ်မှာလည်းမီးငြိမ်းနေပြီးသားဖယောင်းတိုင်တွေနဲ့ညစ်ပတ်နေတဲ့ ငွေစက္ကူတွေရှိနေတယ် ဒီလိုပတ်ဝန်းကျင်ကသာမန်လူသာဆိုရင်အစောကတည်းကပျာသွားနိုင်တယ် ကံကောင်းတာကလင်ပန့်ရှရဲ့စိတ်ကလုံလောက်အောင်သန်မာနေတဲ့အတွက်ဘာမှမခံစားရပေ ။ သူပတ်ပတ်လည်ကိုတစ်ခေါက်ကြည့်လိုက်ချိန်ပုံမှန်မဟုတ်တဲ့ပုံစံကိုအမြန်တွေ့လိုက်တာကြောင့်အသံတိုးတိုးဖြင့်ဆိုသည် : "စုန့်ချင်းလော်အဲ့ဒါကဘာကြီးလဲ?"
စုန့်ချင်းလော်လည်းလင်ပန့်ရှပြောတဲ့ဟာကိုသတိထားမိတယ်အဲ့ဒါကကောက်ရိုးဖျာကိုသုံးပြီးလူပုံစံကိုပတ်ထားတာပဲဒီလောက်ဆိုးဆိုးရွားရွားလမ်းဘေးကျနေတယ် သူတို့နဲ့အရမ်းဝေးနေပေမယ့်လူကိုမခံမရပ်ဖြစ်စေတဲ့အသားပုပ်အနံ့ရနေတယ်
စုန့်ချင်းလော်သွားတာကြောင့်လင်ပန့်ရှလည်းအနောက်ကနေလိုက်သွားလိုက်တယ်စုန့်ချင်းလော်ကဆောင့်ဆောင့်ထိုင်လိုက်ပြီးကောက်ရိုးဖျာရဲ့ထောင့်တစ်နေရာကိုလက်နဲ့ဖွင့်ကြည့်လိုက်တယ် မိုးရေကြောင့်ဗလုံစီဖောနေတဲ့ဖြူဖတ်ဖြူရော်မျက်နှာတစ်ခုထွက်လာသည် ။
စုန့်ချင်းလော်ကဒီမျက်နှာကိုတွေ့တော့ပိုတင်းတင်းကျပ်ကျပ်မျက်မှောင်ကျုံ့သွားတယ် သူကောက်ရိုးဖျာတစ်ခုလုံးကိုအားနဲ့လှန်ကြည်လိုက်တော့ကောက်ရိုးဖျာထဲကနေထုပ်ထားတဲ့အရာကမြင်ကွင်းထဲပေါ်လာ၏ ။
အဲ့ဒါကနှစ်ပိုင်းပြတ်နေတဲ့အလောင်းတစ်လောင်းပင် ။ ကိုယ်ပေါ်မှာဝတ်ထားတဲ့အဝတ်တွေအရသူကဒီရွာထဲကလူမဟုတ်ဘူးဆိုတာပြနေတယ် ကြည့်ရတာသေသွားတာရက်အတော်ကြာရှိနေပြီ မိုးရေထဲစိမ်ထားတာကြောင့်ကြောက်စရာကောင်းတဲ့ပုံစံတစ်မျိုးရှိနေတယ် ဒါပေမဲ့သေသွားပေမယ့်သူ့ရဲ့မျက်လုံးကလည်းပြူးပြူးကြီးပွင့်နေတယ် စိတ်ပျက်အားငယ်မှုနှင့် မလိုလားမှုတို့ကိုထုတ်ဖော်ထားသည် ။
လင်ပန့်ရှတစ်ခုခုကိုစဉ်းစားမိလိုက်ပြီးဆိုတယ် : "ချင်းလော်.......ဒီလူက.........ငါတို့ရွာအဝင်ဝမှာတွေ့ခဲ့တဲ့အဲ့ဒီလူရဲ့ပါတနာမလား?ရွာသူကြီးပြောတဲ့သစ်ပင်ပိသေတဲ့အဲ့ဒီတစ်ယောက်?
စုန့်ချင်းလော်ကဆိုတယ် : "သူပဲ"သူရပ်လိုက်ပြီး ဘေးဘက်ရှိကောက်ရိုးဖျာတွေကိုကြည့်လိုက်ရင်း : "ငါသူနဲ့ရင်းနှီးတယ်"
လင်ပန့်ရှတစ်ချက်တိတ်သွားတယ် သူကစုန့်ချင်းလော်နဲ့ရင်းနှီးနေမယ်လို့မထင်ထားခဲ့ပေ ။
လင်ပန့်ရှတွေးနေချိန်မှာစုန့်ချင်းလော်ကထပ်လှုပ်လာသည် သူဘေးဘက်ကိုသွားလိုက်ပြီးကောက်ရိုးဖျာသုံးလေးခုလောက်ကို_ဖွင့်လိုက်၏ ။ မျှော်လင့်ထားသလိုပဲအလောင်းတွေပေါ်လာချိန်ဒီအလောင်းတွေရဲ့သေပုံကလည်းအသီးသီးထူးဆန်းနေကြတယ် နဂိုအဝတ်တောင်မလဲထားပဲဂရုမစိုက်စွာဖြေရှင်းထားကြ၏ ။
စုန့်ချင်းလော်ကကုန်းလိုက်ပြီးအလောင်းပေါ်မှာတစ်ခုခုကိုအပြန်ပြန်အလှန်လှန်စရှာနေသည် ။ လင်ပန့်ရှမေးလိုက်တယ် : "မင်းဘာရှာနေတာလဲ?အကူအညီလိုလား?"
စုန့်ချင်းလော်ကပြောတယ် : "သူတို့ရဲ့အဝတ်ထဲမှာအနက်ရောင်မှတ်စုစာအုပ်ရှိမရှိကြည့်ပေး"
လင်ပန့်ရှကအော်လို့အသံပေးလိုက်ပြီးစုန့်ချင်းလော်ကိုကူညီပေးလိုက်၏ ။ ကံကောင်းတာကသူတို့ရဲ့အလုပ်ကထူးခြားဖို့လုံလောက်တာကြောင့်ပြောင်းလဲနေတဲ့အလောင်းကိုတွေ့ရင်တောင်မှတည်ငြိမ်ဖို့လုံလောက်တယ် လင်ပန့်ရှကအလောင်းကိုယ်ပေါ်ကရှိသမျှအားလုံးရှာနေချိန်တကယ်ပဲမာတဲ့အရာတစ်ခုကိုကိုင်မိလိုက်တယ်သူထုတ်လိုက်ပြီးတစ်ချက်ကြည့်လိုက်ရင်း ပျော်ရွှင်စွာဆိုတယ် : "ချင်းလော် ဒါဟုတ်လား?"
စုန့်ချင်းလော်ကလင်ပန့်ရှကိုကြည့်လိုက်တော့သူ့လက်ထဲကိုင်ထားတဲ့အနက်ရောင်မှတ်စုစာအုပ်ကိုတွေ့လိုက်ရတယ်
"ဟုတ်တယ်ဒါပဲ"စုန့်ချင်းလော်ကပြောလိုက်တယ်
လင်ပန့်ရှကဆိုတယ် : "ဒီမှာပဲကြည့်မှာလား?ပြန်ပြီးမှကြည့်မလား?"
စုန့်ချင်းလော်ကပြောသည် : "ပြန်ရောက်မှကြည့်မယ်"
စုန့်ချင်းလော်ရှင်းပြမှလင်ပန့်ရှနားလည်တော့တယ်စုန့်ချင်းလော်နဲ့အတူလိုက်လာတဲ့နှစ်ယောက်ကမှတ်တမ်းတင်သူတွေပဲ တာဝန်အတွေ့အကြုံရှိကြပြီးသူတို့ရဲ့တာဝန်ကလင်ပန့်ရှနဲ့စုန့်ချင်းလော်တို့စစ်ဆေးတဲ့ဖြစ်စဉ်အားလုံးကိုမှတ်တမ်းတင်ရမှာ မတော်တဆအခြေအနေဖြစ်လာရင်လည်းရှောင်တတ်ရမယ် ဒီမှတ်စုစာအုပ်ရဲ့အရည်အသွေးကအရမ်းထူးခြားတယ် သုံးတဲ့ဘောပင်ကလည်းထူးခြားတယ် အထူးပုံစံတွေကိုသေချာပေါက်သုံးမှစာရွက်ပေါ်ကိုစာလုံးတွေမှတ်တမ်းတင်နိုင်မယ်အရင်ကစုန့်ချင်းလော်အခန်းထဲတစ်ခေါက်ရှာကြည့်တာကဒီပစ္စည်းကိုရှာချင်လို့ပဲ နှမြောစရာကရှာမတွေ့ဘူး ဒါကြောင့်သေသွားတဲ့စောင့်ကြည့်သူယူသွားနိုင်လားခန့်မှန်းခဲ့တယ်
လိုချင်တဲ့ပစ္စည်းကိုရှာတွေ့တော့နှစ်ယောက်သားပြန်သွားလိုက်သည် ။
ပြန်လမ်းကချောမွေ့တယ်လို့ပြောလို့ရတယ် ရွာသူကြီးအိမ်ကိုပြန်ရောက်ချိန်မှာပဲခေါင်းတလားနှစ်ခုပိုများနေ၏။ သူစိတ်ထဲတစ်ချက်အံ့ဩသွားသည် ။ ပထမဆုံးတုံ့ပြန်တာကမိုရှင်းစေးနဲ့ဟယ့်ဟွိုင်အန်းတို့တစ်ခုခုဖြစ်တယ်ပေါ့ ကံကောင်းတာကအခန်းထဲရောက်မှကောင်းမွန်တဲ့အခြေအနေနဲ့မီးဖိုဘေးထိုင်နေရင်းအနွေးဓာတ်ခံနေကြတာကိုတွေ့လိုက်ရတယ်
"ပြန်လာပြီလား?"ဟယ့်ဟွိုင်အန်းရဲ့ဆံပင်တွေကစိုစွတ်နေပြီး လေးလံနေတဲ့အပြုံးနဲ့လင်ပန့်ရှကိုနုတ်ဆက်လာတယ်
"အင်း ပြန်လာပြီ" လင်ပန့်ရှ
"မြေပုံဆွဲပြီးပြီလား?"စုန့်ချင်းလော်ကသူတို့ကိုမနှစ်သိမ့်ပဲပြဿနာကိုတန်းသွားလိုက်တယ်
"ဆွဲပြီးပြီ" ဟယ့်ဟွိုင်အန်းကရင်ဘတ်ထဲကနေစာရွက်တစ်ရွက်ထုတ်လိုက်ပြီးစုန့်ချင်းလော်ကိုကမ်းပေးရင်းဆိုသည် : "ရွာထဲကဖွဲ့စည်းပုံကအရမ်းရိုးရှင်းတယ်အနောက်ဘက်မှာချောင်းတစ်ချောင်းစီးဆင်းနေပြီးရွာရဲ့ရေအရင်းမြစ်လည်းဟုတ်တယ် ဘိုးဘွားဗိမ္မာန်ကရွာရဲ့အလယ်ဆုံးမှာရှိတယ် ဒီရွာရဲ့အတိုင်းအတာကမကြီးဘူးအချက်အလက်နဲ့သိပ်မကွာဘူး လူဦးရေကတော့ငါးရာလောက်ပဲရှိတယ်"သူနှာချေလိုက်ပြီးနှာခေါင်းကိုပွတ်သုတ်ရင်းဆိုတယ် : "အခုထိတော့ထူးခြားတာမတွေ့သေးဘူး"
စုန့်ချင်းလော်ကဆိုတယ် : "ရွာထဲမှာထူးဆန်းတဲ့ကောလဟာလတစ်ခုခုရှိလား?"
"ရှိတယ်ရှိတယ်" မိုရှင်းစေးကစကားဆက်လိုက်တယ် : "ပြန်လာတဲ့လမ်းမှာငါတို့အဒေါ်ကြီးတစ်ယောက်နဲ့တွေ့ခဲ့တယ်သူမကိုတစ်ချက်မေးကြည့်တော့ဒီရွာကတောင်စောင့်နတ်ကိုဒေါသထွက်အောင်လုပ်မိလို့ကျိန်စာအတိုက်ခံရတာတဲ့"
စုန့်ချင်းလ်ော : "နွေဦးမှာစတာမလား?"
မိုရှင်းစေးကဆိုတယ် : "ဟုတ်တယ်ဒီနှစ်မိုးသိပ်များတာကြောင့်ချောင်းရေတက်လာခဲ့တယ်အဲ့ဒီကနေစပြီးလူစသေတာသေတဲ့အကြောင်းအရင်းကလည်းအဆန်းတွေချည်း နောက်တော့ရွာထဲကအကြီးအကဲကနေတွက်ချက်လိုက်တော့ သူတို့မနှစ်ကဆောင်းဦးမှာယဇ်ပူဇော်ပွဲကောင်းကောင်းမလုပ်ခဲ့လို့တောင်စောင့်နတ်ကဒေါသထွက်သွားတာ.........သေသွားတဲ့လူလုံလောက်ရင်တောင်စောင့်နတ်ရဲ့ဒေါသမီးကိုငြှိမ်းနိုင်လိမ့်မယ်"
ဒီပုံပြင်ကရွာသူကြီးပြောတာနဲ့တော်တော်လေးနီးစပ်တယ် စုန့်ချင်းလော်ကမိုးကာပစ္စည်းတွေကိုချွတ်ရင်းတစ်ခုခုကိုတွေးနေသလိုပဲ
လင်ပန့်ရှဟယ့်ဟွိုင်အန်းရဲ့ဘေးနားထိုင်ချလိုက်ပြီးမီးလှုံလိုက်ရင်းဆိုတယ် : "ခြံထဲကအခေါင်းတွေကဘယ်လိုဖြစ်တာလဲ?"
"ခုနကလူတွေသယ်လာတာ"ဟယ့်ဟွိုင်အန်းကဆိုတယ် "ဘယ်သူထပ်သေပြန်ပြီလဲမသိဘူး"
လင်ပန့်ရှကဆိုတယ် : "ရွာသူကြီးရော?သူဘာမှမဖြစ်ဘူးမလား?"
"ဘာမှမဖြစ်ဘူး" မိုရှင်းစေးကပြောတယ် "သူမီးဖိုချောင်ထဲရှိနေတယ်ထင်တယ်ငါသွားကြည့်လိုက်မယ်"
သူမပြောရင်းမီးဖိုချောင်ဆီထသွားလိုက်သည် ။
မီးဖိုချောင်တံခါးကပွင့်နေပြီးအထဲကနေအမွှေးနံ့ထူထူထွက်နေသည် ။ မိုရှင်းစေးတံခါးတွန်းဖွင့်လိုက်လိုက်တော့ရွာသူကြီးရဲ့အရိပ်တောင်မမြင်ရ ။ သူမမော့ကြည့်လိုက်တော့မီးဖိုပေါ်ကကြက်စွပ်ပြုတ်ပူပူကိုတွေ့လိုက်ရ၏ ။ ကြက်စွပ်ပြုတ်ထဲမှာမှိုတွေလည်းမျောနေသည် ။
မနေ့ကနေအခုထိသူမထမင်းပူပူတစ်နပ်တောင်မစားရသေးပေ ။ အစာခြောက်တွေပဲစားထားတာကြောင့်ဒီစွပ်ပြုတ်ရဲ့အရသာကသေချာပေါက်ကောင်းလောက်မှာသူမတံတွေးမျိုချလိုက်ပြီးစိတ်ထဲရှိဆာလောင်မှုကိုတားလိုက်သည် ။
မိုရှင်းစေးကစိတ်ထဲကနေကိုယ်ကြိုက်သလိုတခြားသူရဲ့ပစ္စည်းကိုလျှောက်မစားဖို့သတိပေးလိုက်နေချိန်ဘယ်သွားနေမှန်းမသိတဲ့ရွာသူကြီးကအပြင်ဘက်ကနေပေါ်လာသည် ။ သူမကိုတွေ့လိုက်ချိန်မှာမပျော်မရွှင်နဲ့ဆိုတယ် : "နင်ဒီမှာဘာလုပ်နေတာလဲ?ငါ့စွပ်ပြုတ်ကိုခိုးသောက်နေတာလား?"
"မဟုတ်ဘူးမဟုတ်ဘူး ငါအတော်လေးမွှေးတယ်ထင်လို့မထိရသေးပါဘူး"မိုရှင်းစေးကရှက်ရွံ့စွာဆိုတယ်
ရွာသူကြီးကစိုက်ကြည့်နေပြီး : "ဒီကြက်စွပ်ပြုတ်ကနင်သောက်ဖို့မဟုတ်ဘူး!"
မိုရှင်းစေးကသည်းမခံနိုင်တဲ့အမူအရာနဲ့ဒီရွာသူကြီးကလည်းသိပ်ကြမ်းတမ်းတယ်လို့ထင်သည် ။ အနံ့ပဲရှူမိတာကိုသူကဘာဖြစ်လို့ဒီလိုမျိုးဖြစ်နေရတာလဲ
မိုရှင်းစေးရဲ့အမူအရာကသိသာလွန်းနေတာကြောင့်ရွာသူကြီးကရုတ်တရက်ရပ်သွားပြီးမိုရှင်းစေးကိုတစ်ချက်ကြည့်လိုက်ရင်းပန်းကန်တစ်လုံးယူလိုက်သည် ။
သူမအတွက်စွပ်ပြုတ်ခပ်ထည့်ပေးပြီးကမ်းလိုက်ရင်း : "ရွာထဲမှာစည်းကမ်းရှိတယ်ဘယ်အိမ်ကဖြစ်ဖြစ်လူသေသွားရင်လူတိုင်းအဲ့ဒီအိမ်ကိုစွပ်ပြုတ်တစ်အိုးပို့ပေးရတယ်ဒီရွာထဲမှာကြက်သိပ်မရှိတော့တာကြောင့်.......ဒီတစ်ခွက်ပဲ"
မိုရှင်းစေးကအံ့အားတသင့်ဆိုတယ် : "ဒါ.......ဒါကရလို့လား?"
ရွာသူကြီးကခေါင်းငြိမ့်လိုက်ပြီး : "နင်တစ်ယောက်ကိုပဲပေးတာနင်လည်းသွားမပြောနဲ့ဦး"
"ကျေးဇူးပါကျေးဇူးပါ" မိုရှင်းစေးကကျေးဇူးတင်ကြောင်းပြောပြီးကြက်စွပ်ပြုတ်တစ်ခွက်လုံးကိုဗိုက်ထဲရောက်အောင်သောက်ချလိုက်တယ်ခန္ဓာကိုယ်ကနည်းနည်းအေးနေပေမယ့်စွပ်ပြုတ်ရဲ့အရသာကသူမရဲ့စိတ်အခြေအနေကိုကောင်းမွန်စေတယ် တောကြက်နဲ့တောင်ပေါ်မှိုကအစကတည်းကပြည့်စုံတဲ့တွဲဖက်ပဲမြေအိုးထဲနာရီအနည်းငယ်နှပ်ထားတာကြောင့်လူရဲ့လျှာကိုလတ်ဆတ်စေသည် ။ အိမ်ရှေ့ခန်းထဲပြန်ရောက်တာတောင်မိုရှင်းစေးအဲ့ဒီအရသာကိုပြန်သတိရနေတုန်းပဲစုန့်ချင်းလော်ကသူတို့ကိုတစ်ခုခုပြောနေပေမယ့်ဂရုတစိုက်နားမထောင်နိုင်ပေ ။ ဟယ့်ဟွိုင်အန်းသူမရဲ့နာမည်ကိုသုံးလေးကြိမ်လောက်ခေါ်လာမှသူမရုတ်တရက်စိတ်ပြန်ရောက်လာပြီးဆိုသည် : "အာ?ဘာဖြစ်လို့လဲ?"
"နင်ဘာတွေစဉ်းစားနေတာလဲ?" ဟယ့်ဟွိုင်အန်းကမိုရှင်းစေးရဲ့ဒီလိုဝိညာဉ်မကပ်တဲ့ပုံစံကိုတွေ့လိုက်ချိန်မတတ်နိုင်ဘဲ : "ငါတို့နင့်ကိုမေးနေတယ်လေမင်းရွာသူကြီးကိုရှာမတွေ့ဘူးလား?သူဘာမှမဖြစ်ဘူးမလား?"
"အော်အော်_" မိုရှင်းစေးကဆိုတယ် "သူဘာမှမဖြစ်ဘူးအရမ်းကောင်းတယ်မီးဖိုချောင်ထဲထမင်းချက်နေတာအခြေအနေတော့သိပ်မကောင်းဘူး ........ငါတို့ကိုစောစောသွားဖို့ပြောတယ်ဒီမှာအချိန်မဖြုန်းနဲ့တော့တဲ့"
"သူတခြားဟာရောမပြောဘူးလား?"စုန့်ချင်းလော်ကဆိုတယ်
"တခြားမရှိဘူး" မိုရှင်းစေးကပြောတယ် "ဒါပေမဲ့သူပြောတာအကုန်အမှန်မဟုတ်ဘူးလို့ထင်တယ်လူသေဒီလောက်များတာကသေချာပေါက်ပုံမှန်မဟုတ်ဘူးငါထင်တာကတော့လူတစ်ယောက်ယောက်လှည့်စားနေတာထင်တယ်"
လင်ပန့်ရှနဲ့စုန့်ချင်းလော်တို့ကမထောက်ခံခဲ့ပေ ။ သူတို့မျက်လုံးနဲ့ကိုယ်တိုင်အခေါင်းထမ်းတဲ့ကောင်လေးသေပုံကိုမမြင်လိုက်ရင်သူတို့လည်းမိုရှင်းစေးလိုတွေးမိမှာပဲ ဒါပေမဲ့ကိစ္စကမျက်စိရှေ့မှာတင်ဖြစ်သွားတာကြောင့်ဆန်းကြယ်တဲ့ကမ္ဘာထဲစွမ်းအားတစ်ခုကရွာထဲမှာပြောနေသလိုမျိုးရွာသားတွေရဲ့အသက်ကိုနုတ်ယူသွားတာများလားဒီရွာကစွမ်းအားတစ်ခုခုကျိန်စာတိုက်ခံထားရတာများလား?
ရက်ဆက်ရွာနေတဲ့မိုးကညနေခင်းကျတော့ရပ်သွားတယ်
လင်ပန့်ရှနဲ့စုန့်ချင်းလော်ကနေ့ခင်းစာစားပြီးခြံဝင်းထဲထိုင်နေသည် ။ မိုးရွာထားတာကြောင့်လေထုကလတ်ဆတ်နေသည် ။ ဘေးနားကအခေါင်းတွေကနည်းနည်းကြည့်လို့အဆင်မပြေပေမယ့်ကောင်းတာကလင်ပန့်ရှနဲ့စုန့်ချင်းလ်ောကဒါကိုဂရုမစိုက်ပေ ။ အဲ့ဒါကြောင့်လူနှစ်ယောက်ကခုံတန်းပေါ်ထိုင်နေရင်းမနက်ကသုဿန်အကြောင်းဆွေးနွေးနေလိုက်သည် ။ ဟယ့်ဟွိုင်အန်းနဲ့မိုရှင်းစေးကလည်းဘေးမှာရပ်နေ၏ ။ ဟယ့်ဟွိုင်အန်းကအဆင်ပြေနေပေမယ့်မိုရှင်းစေးကနည်းနည်းမလွတ်လပ်သလိုပဲ ။ အခေါင်းဘက်ကိုခဏခဏကြည့်နေသည် ။
စုန့်ချင်းလော်ကတည်တည်ငြိမ်ငြိမ်နဲ့မနက်ကကိစ္စကိုတစ်ခေါက်ပြောနေရင်းသူမှတ်စုစာအုပ်ရှာတွေ့ထားတယ်ဆိုတာပါပြောပြလိုက်တယ်
"စုန့်လူကြီးမင်း မင်းမှတ်စုစာအုပ်ရှာတွေ့တာလား?" ဟယ့်ဟွိုင်အန်းကပျော်ရွှင်အံ့အားသင့်စွာဆိုတယ်
"အင်း" စုန့်ချင်းလော်ကပြောတယ်"အရင်ကြည့်ရအောင်"
ဒီမှတ်စုစာအုပ်ကသူတို့အတွက်ပြောရရင်အရမ်းအရေးကြီးတဲ့အရာပဲအလုပ်စည်းကမ်းအရသူတို့ရှာတွေ့တဲ့အသေးစိတ်တိုင်းကိုမှတ်စုထဲမှာထည့်မှတ်ရတယ် အရင်လာတဲ့စစ်ဆေးသူတွေကအပြင်နဲ့အဆက်အသွယ်ရှိပေမဲ့ချွတ်ချော်မှုကိုရှောင်မရတာကြောင့်ဒါရှိရင်ကိုအရမ်းအဆင်ပြေနေပြီ
စုန့်ချင်းလော်မှတ်စုစာအုပ်ရဲ့ပထမဆုံးမျက်နှာကိုဖွင့်ကြည့်လိုက်တော့မျက်နှာပြင်ပေါ်မှာအလွတ်ဖြစ်နေပြီးဘာစာလုံးမှလည်းမရှိပေ ။ စုန့်ချင်းလော်ကသူအမြဲသုံးတတ်တဲ့အနက်ရောင်လက်အိတ်တစ်စုံကိုထုတ်လိုက်ပြီးလက်ချောင်းတွေနဲ့ဖြည်းဖြည်းချင်းဝတ်နေလိုက်တယ် ထို့နောက်မှတ်စုစာအုပ်ကိုပိတ်လိုက်ပြီးဖြည်းဖြည်းချင်းပြန်ဖွင့်လိုက်ချိန်လွတ်နေတဲ့စာမျက်နှာပေါ်မှာပြွတ်ပြွတ်သိပ်သိပ်စာလုံးတွေပေါ်လာသည် ။
ဟယ့်ဟိုင်အန်းနဲ့မိုရှင်းစေးကတွေ့တော့မထူးဆန်းပေမယ့်လင်ပန့်ရှကတော့အံ့ဩသွားတယ်
မှတ်စုစာအုပ်ရဲ့အပေါ်ဆုံးမှာရက်အသေးစိတ်ရေးထားသည် ။ လင်ပန့်ရှအကြမ်းဖျဉ်းကြည့်လိုက်ချိန်မှတ်တမ်းထက်ဒိုင်ယာရီလို့ပြောရင်ပိုသင့်တော်မ
ယ်လို့ထင်တယ် သူနေ့တိုင်းထိတွေ့နေရတဲ့လူတွေနဲ့ကိစ္စတွေအကုန်လုံးကိုမှတ်ထား၏ ။
အချိန်ကလေးလပိုင်းအစမှာစတယ် သူတို့ထူးဆန်းတဲ့တောင်ပေါ်ရွာထဲကိုရောက်လာတယ်
ရှေ့ရက်တွေတုန်းကမှတ်တမ်းကထူးခြားတာတစ်ခုမှမရှိပေမယ့်သူတို့ရွာသူကြီးနဲ့ရွာသားတွေကိုထိတွေ့ဆက်ဆံခဲ့တဲ့မှတ်တမ်းကနေစတယ် သူတို့ရွာထဲကနေရာတိုင်းကိုစစ်ဆေးတဲ့အခြေအနေနဲ့လင်ပန့်ရှတို့ရဲ့အခုအခြေအနေနဲ့နီးစပ်တယ် အဲ့ဒီတုန်းကလူသေဒီလောက်မများသေးတာကြောင့်အရှေ့သုဿန်ကအလွတ်ရှိတာပဲကွာတယ်
ပြောင်းလဲမှုကသူတို့ရွာရောက်ပြီးငါးရက်အကြာမှာဖြစ်သွားတာပဲ
အဲ့ဒီတစ်ရက်မိုးသည်းနေခဲ့တယ်
"7:30 ဒီနေ့ရာသီဥတုသိပ်မကောင်းလို့ငါတို့အနီးမှာပဲရှိနေဖို့ဆုံးဖြတ်လိုက်တယ်ချန်ရွှီသိပ်နေလို့မကောင်းပဲကိုယ်အပူချိန်ကလည်း တောက်လျှောက်တက်နေတယ်ကိုယ်ပေါ်မှာလည်းအဖုထွက်နေပြီးလက္ခဏာအရတစ်ခုခုနဲ့ဓာတ်မတည့်သလိုပဲ"
"9:00 ချန်ရွှီအဖုထွက်တာစပြင်းလာပြီးအသက်ရှူရလည်းခက်လာတယ်ငါတို့သူဘာနဲ့ဓာတ်မတည့်လည်းသေချာရှာပေမယ့်ဓာတ်မတည့်စေတဲ့အရာကိုရှာမတွေ့ဘူး ငါဒီနေ့မနက်စားတဲ့မနက်စာကိုစစ်ကြည့်တော့လည်းအကုန်လုံးကပုံမှန်အစာတွေပဲ ဓာတ်မတည့်တာမရှိဘူး"
"9:30 ငါတို့ချန်ရွှီကိုအပြင်ပို့ပေးချင်ပေမယ့်ဒီလောက်ဝေးတဲ့တောင်ပေါ်လမ်းကနေထွက်သွားလို့မရဘူး"
"10:18 ချန်ရွှီသေပြီ သေတဲ့အကြောင်းအရင်းကဓာတ်မတည့်မှုကြောင့်လည်ချောင်းဖောရောင်လာပြီး သူ့တစ်ကိုယ်လုံးပန်းရောင်သန်းလာတယ် လန့်စရာကောင်းတဲ့အနီရောင်အဖုအပိန့်တွေအပြည့်ထွက်လာပြီးထူးဆန်းတဲ့ကူးစက်ရောဂါတစ်မျိုးလိုပဲ"
"11:00ငါတို့သူ့ရဲ့အလောင်းကိုစစ်ဆေးကြည့်ချိန်မှာသူ့ရဲ့ခြေထောက်ပေါ်ကနေထူးဆန်းတဲ့အကောင်တစ်ကောင်တွေ့လိုက်ရတယ် အဲ့ဒီအကောင်ကိုငါဘယ်တုန်းကမှမမြင်ဖူးဘူး ဒီဟာကချန်ရွှီကိုဓာတ်မတည့်မှုဖြစ်စေတာ ငါအထက်ကိုမေးခဲ့တယ် တာဝန်ကဆက်လုပ်ရဦးမယ်"
"12:00လှုံ့ဆော်စမ်းသပ်မှုကိုလုပ်ခဲ့တယ် ဟောင်ယုံနရန်64 ကျော်ဟုန်လန်35 အိုက်ချေ87 ဂဏန်းတွေအကုန်လုံးပုံမှန်မဟုတ်ပဲမြင့်နေတယ် အန္တရာယ်များတဲ့ဂဏန်းကိုရောက်နေပြီအခြေအနေကမျှော်လင့်စရာသိပ်မရှိဘူး"
"13:00ဒီနေ့ညနေအဖွဲ့ခွဲစစ်ကြည့်တော့ငါချောင်းဘက်ကိုသေချာပေါက်သွားရမယ် ငါအဲ့ဒီနေရာကိုမကြိုက်ဘူးအဲ့ဒီနေရာနဲ့နီးသွားတိုင်းငါမသက်မသာခံစားနေရတယ်"
"17:54မူရင်းမှတ်တမ်းတင်သူဟောင်ယုံနရန် ရေနစ်သေသွားတာကြောင့်ကျော်ဟုန်လန်ကမှတ်တမ်းတင်သူအဖြစ်ပြောင်းသွားတယ်သူ့ကိုယ်ပေါ်မှာဘာဒဏ်ရာမှမတွေ့ဘဲအလောင်းရဲ့ပတ်လည်မှာသာရုန်းကန်ခဲ့တဲ့လက်ရာတွေတွေ့လိုက်ရတယ်တခြားသတင်းတော့မရှိတော့ပါဘူး"
အေးစက်စက်စာလုံးတွေကတက်ကြွမှုမရှိပဲလူကို မပြောပြတတ်တဲ့ကြောက်စရာခံစားချက်ကိုပေးနေသည် ။ သူတို့လေးယောက်လုံးကြောက်ဖို့ကောင်းတဲ့ထောင်ချောက်ထဲကျသွားသလိုမျိုးနည်းနည်းလေးမှရုန်းကန်ဖို့အခွင့်အရေးမရှိပေ မတော်တဆအမျိုးမျိုးကြောင့်ရုတ်တရက်သေသွားရတယ်
ဓာတ်မတည့်ဘူးရေနစ်တယ်မိုးကြိုးပစ်သေတယ်ကြည့်လိုက်ရင်ပုံမှန်သေနည်းဖြစ်နေပေမယ့် အချိန်တိုအတွင်းမှာတင်ဖြစ်သွားကြတာကြောင့်မတော်တဆမဟုတ်ဘူး
မှတ်စုစာအုပ်ထဲကမှတ်တမ်းတွေကအရမ်းများနေတာကြောင့်ကျန်တဲ့သူကဒီကထွက်သွားတော့မယ်လို့ဆုံးဖြတ်ထားပုံပဲဒါပေမဲ့သူတို့ရွာထိပ်မှာတင်ကားရပ်ထားတုန်းမထွက်နိုင်တော့ပေ ။
သေချာပေါက်သူတို့ရဲ့အတွေ့အကြုံအပြင်ကိုရွာထဲကရွာသားတွေအကြောင်းပါအသေးစိတ်ရေးထားသည် ။ အဲ့ဒီအချိန်တုန်းကရွာသားတွေဟာအပြင်လူတွေအပေါ်ဒီလောက်ပြင်းပြင်းထန်ထန်မငြင်းပယ်သေးတာကြောင့်ရွာသားတွေရဲ့ထူးဆန်းပြီးကြောက်ဖို့ကောင်းတဲ့သေပုံသေနည်းတွေပါအသေးစိတ်မှတ်တမ်းတင်ထားသည် ။
မြွေအဆိပ်မိသေတဲ့အမျိုးအစားမျိုးမတွေ့ရပေမယ့်လင်ပန့်ရှအလွန်ဆုံးသေနည်းကိုတွေ့လိုက်ရတယ် အဲ့ဒီလူကအိမ်ထဲအိပ်နေတာ အိပ်ရင်းအိပ်ရင်းကုတင်ပေါ်ကနေကျသွားတယ်ကုတင်ပေါ်ကနေပြုတ်ကျတာကတစ်ခါတလေဖြစ်တတ်ပေမယ့်အဲ့ဒီလူရဲ့သစ်သားကုတင်ပြိုကျသွားချိန်သစ်သားရဲ့ကျိုးသွားတဲ့ထောင့်ကချွန်ထက်ထက်ထောင့်ကအဲ့ဒီလူရဲ့ရင်ဘတ်ကိုဖောက်ဝင်သွားတယ် တခြားသူတွေတွေ့လိုက်ချိန်မှာတော့အသက်မရှိတော့ပေ ။
"ဒီသေနည်းကသိပ်အလွန်အကျွံဖြစ်နေတယ်"လင်ပန့်ရှတုံ့ဆိုင်းသွားပြီးဆိုလိုက်တယ် "တကယ်လို့တစ်ယောက်ယောက်ကခြောက်နေတယ်ဆိုရင်ရွာထဲမှာရုတ်တရက်ဒီလောက်လူတွေအများကြီးသေဖို့မဖြစ်နိုင်ဘူး"
စုန့်ချင်းလော်ကရုတ်တရက်မေးတယ် : "ဟောင်ယုံနရန်ကစောင့်ကြည့်သူလားမှတ်တမ်းတင်သူလား?"
"စောင့်ကြည့်သူ"ဟယ့်ဟွိုင်အန်းကပြန်ဖြေလိုက်တယ်
"အဲ့ဒါဆိုသူကဘာလို့မှတ်တမ်းတင်တာလဲ?" စုန့်ချင်းလော်ကမေးလိုက်တယ်
"သူတို့ရဲ့ဒီအဖွဲ့ကတခြားသူတွေထက်ထူးခြားတယ် ဟောင်ယုံနရန်ကမှတ်တမ်းတင်သူကနေစောင့်ကြည့်သူဖြစ်လာတာအဲ့ဒါကြောင့်တာဝန်ထမ်းဆောင်နေချိန်သူမှတ်တမ်းတင်တာကိုကျင့်သားရနေပြီ" ဟယ့်ဟွိုင်အန်းမှရှင်းပြသည်။
စုန့်ချင်းလော်ပါးစပ်ပိတ်သွားပြီးဘာမှမပြောတော့
လင်ပန့်ရှကဆိုတယ် : "ဘာဖြစ်လို့လဲ?ပုံမှန်မဟုတ်တဲ့အခြေအနေရှိလို့လား?"
စုန့်ချင်းလော်ကဆိုတယ် : "ငါတို့ချောင်းဘေးကိုသွားကြည့်သင့်တယ်"
လင်ပန့်ရှကပြောတယ် : "ရေခပ်တဲ့နေရာလား?"
"အင်း"စုန့်ချင်းလော်ကပြောတယ် "ဟောင်ယုံနရန်ကအဲ့ဒီမှာသေတဲ့အတွက်အဲ့ဒီမှာသဲလွန်စတစ်ခုခုရှိမှာပဲ"
"အခုသွားမှာလား?" လင်ပန့်ရှကောင်းကင်ကိုကြည့်လိုက်တယ်
"မနက်ဖြန်မှပေါ့" စုန့်ချင်းလော်ကဆိုတယ် "ငါအကြံထပ်ထုတ်လိုက်ဦးမယ်"
ရာသီဥတုမကောင်းတာကြောင့်မှောင်တာမြန်သည် ။ ကောင်းကင်ကမည်းမှောင်နေပြီးလင်ပန့်ရှအိပ်ခန်းထဲခဏလောက်အိပ်လိုက်သည် ။ နိုးလာတဲ့အချိန်စုန်ချင်းလော်ကိုမတွေ့မိတာကြောင့်ဟယ့်ဟွိုင်အန်းကိုမေးလိုက်တော့စုန့်ချင်းလော်ခုနလေးတင်ထွက်သွားပြီးပြန်မလာသေးဘူးလို့ပြောလာ၏။
"သူတစ်ယောက်ထဲသွားတာလား?ဒီလောက်အန္တရာယ်များတာကို" လင်ပန့်ရှနည်းနည်းဂနာမငြိမ်ဖြစ်နေပြီးဒီရွာရဲ့အမှောင်ဓာတ်ကဆိုးလွန်းတယ်လို့ခံစားရ၏ ။ နေရာရောလူတွေပါပါနေတယ်
"အဆင်ပြေမှာပါ"ဟယ့်ဟွိုင်အန်းကစိတ်အေးလက်အေးနဲ့ပြောသည် : "စုန့်လူကြီးမင်းကသာမန်လူမဟုတ်ဘူးသေချာပေါက်အဆင်ပြေမှာပါ"
လင်ပန့်ရှခေါင်းပဲညိမ့်လိုက်ပြီးခေါင်းစဉ်ပြောင်းလိုက်သည် : "မင်းဘာလုပ်နေတာလဲ?"
သူထွက်လာတဲ့အချိန်ဟယ့်ဟွိုင်အန်းကအခန်းထဲမှာဟိုလျှောက်ဒီလျှောက်လုပ်နေပြီးမျက်နှာကလည်းစိုးရိမ်မှုအပြည့်ဖြစ်နေတယ်
ဟယ့်ဟွိုင်အန်းကစိုးရိမ်တကြီးပြောလာသည် : "ဖုန်းအချက်ပြမရှိဘူး ငါအပြင်ဘက်ကိုသတင်းပို့ချင်လို့......."
လင်ပန့်ရှကဆိုတယ် : "ခုနတုန်းကရှိနေသေးတယ်လေဘာလို့အခုမရှိတော့တာလဲ?"
"မသိဘူးလေ" ဟယ့်ဟွိုင်အန်းကပြောတယ် "အချက်ပြကပြတ်တောင်းပြတ်တောင်းနဲ့ ငါခုနကကြည့်တော့နည်းနည်းကောင်းနေသေးတော့ပျော်နေပေမယ့်မထင်ထားတာကရုတ်တရက်မရတော့ဘူး
"အော်"လင်ပန့်ရှကိုယ့်ဖုန်းကိုကြည့်လိုက်တော့လည်းအချက်ပြမရှိပေ ။ သူကဆိုတယ် : "မိုရှင်းစေးရော?ဘာလို့သူမကိုမတွေ့ရတာလဲ?"
"သူမ?သူမကခြံထဲမှာရှ်ိတယ်" ဟယ့်ဟွိုင်အန်းကပြောတယ်
လင်ပန့်ရှခြံထဲသွားတော့ခြံထောင့်မှာရပ်နေတဲ့မိုရှင်းစေးကိုတွေ့လိုက်ရတယ်သူမရဲ့မျက်နှာကပျော့ပျောင်းဖြူရော်နေပြီးလင်ပန့်ရှကိုကြည့်တဲ့အကြည့်ကရှုပ်ထွေးတဲ့ခံစားချက်တွေပြည့်နေသည် ။
လင်ပန့်ရှကအဲ့ဒါကိုတွေ့လိုက်ချိန်မှာသူမကိုဘာဖြစ်လို့လဲလို့အထူးအဆန်းမေးလိုက်တယ်
"နင်..........ထူးဆန်းတဲ့အသံတွေကြားမိလား?" မိုရှင်းစေးကအသံတိုးတိုးနဲ့ဆိုတယ်
"ဘာအသံလဲ?"လင်ပန့်ရှမျက်နှာမှာနားမလည်မှုတွေပြည့်သွားသည်
"ရွှီးရွှီး......."မိုရှင်းစေးကဆိုတယ် "နင်အသံနည်းနည်းတိုးပြီးသေချာနားထောင်ကြည့်......."
လင်ပန့်ရှအသက်ရှူတာရပ်ပြီးသေချာနားထောင်ကြည့်ပေမယ့်ဘာမှမကြားရပေ ။ မိုရှင်းစေးကသူ့အမူအရာကိုမြင်လိုက်ချိန်အလောတကြီးဖြင့် : "နင်ဘာလို့မကြားရတာလဲ?!အဲ့ဒီကနေအဲ့ဒီကနေထွက်လာတာ" သူမကခြံဝင်းထဲရှိအခေါင်းတွေကိုလက်ညှိုးထိုးလိုက်သည် ။
လင်ပန့်ရှတိတ်သွားပြီးဆိုသည် : "အခေါင်းကနေအသံထွက်နေတယ်လို့နင်ပြောလိုက်တာလား?"
မိုရှင်းစေးကအပြင်းအထန်ခေါင်းညိမ့်ပြလာသည် ။ သူမရဲ့စိတ်ကအစွန်းရောက်နေသလိုမျိုး : "နင်သေချာနားထောင်ကြည့်အထဲကလူကလက်နဲ့ခေါက်နေတာ"
လင်ပန့်ရှမိုရှင်းစေးကိုတစ်ချက်ကြည့်လိုက်ပြီးအခေါင်းကိုထပ်ကြည့်လိုက်သည် ။ လှည့်ထွက်သွားပြီးအခေါင်းရှေ့ရောက်တော့ဆိုလိုက်တယ် : "ဒီတစ်ခုလား?"
မိုရှင်းစေးကခေါင်းရမ်းလိုက်ရင်း : "အတွင်းအကျဆုံးမှာရှိနေတဲ့ဟာ"
လင်ပန့်ရှအတွင်းဘက်ကိုလျှောက်သွားလိုက်တော့အခေါင်းရဲ့သစ်သားအရည်အသွေးကအတော်လေးကောင်းတယ် ဆေးကလည်းအမည်းရောင်ထူထူလေးသုတ်ထားသည် ။ အပေါ်ဘက်မှာမိုးရွာထားတာကြောင့်မခြောက်သေးတဲ့အစွန်းတစ်ခုတော့ရှိနေသည် ။ ရေကအခေါင်းထဲစိမ့်နေလားတော့မသိပေ ။
လင်ပန့်ရှဖြေးဖြေးချင်းခေါင်းငုံ့လိုက်ပြီးစိုစွတ်နေတဲ့အခေါင်းပေါ်နားရွက်အပ်လိုက်သည် ။ သူ့ရဲ့နှာခေါင်းကနေနှာခေါင်းယားစေတဲ့စိုစွတ်နံ့ကိုရလိုက်သည် ။
ဘာအသံမှမရှိပါဘူးလင်ပန့်ရှကခေါင်းမော့လိုက်ရင်းဆိုသည် : "ဘာအသံမှမရှိပါဘူး............"
အသံထွက်လာသည် ။ သူဖျော့တော့သေးငယ်တဲ့ဒုန်းဒုန်းဆိုတဲ့အသံကိုကြားလိုက်ရတယ် အဲ့ဒီအသံကတိတ်ဆိတ်နေတဲ့ခြံဝင်းထဲနားနားကပ်နေသလိုပဲ လင်ပန့်ရှလျစ်လျူရှုချင်ရင်တောင်မရှုနိုင်ပေ ။ ပြီးတော့အသံလာရာကသူ့ဘေးကခေါင်းတလားကနေဖြစ်နေတာပဲ
"ကြားလိုက်တယ်မလားကြားရတယ်မလား?"မိုရှင်းစေးကလင်ပန့်ရှအမူအရာပြောင်းသွားတာကိုတွေ့တော့သူသေချာပေါက်ကြားလိုက်မယ်ဆိုတာသိလိုက်တယ်သူမကခုန်ပေါက်တော့မလိုပျော်ရွှင်သွားရင်း : "ငါထင်ယောင်ထင်မှားဖြစ်နေတာမဟုတ်ဘူးတကယ်ကြားလိုက်တာ!"
"ဒုန်းဒုန်းဒုန်း........" သုံးချက်ဆက်တိုက်မြည်သွားပြီးအခေါင်းထဲကနေအဆက်မပြတ်မြည်သွား၏ ။ လင်ပန့်ရှရဲ့စိတ်ကလည်းတဖြည်းဖြည်းလေးနက်လာပြီးအိမ်ခန်းထဲလှည့်သွားလိုက်သည် ။
မိုရှင်းစေးကသူ့ကိုဘယ်သွားမလဲမေးလာသည် ။
"ငါဟယ့်ဟွိုင်အန်းကိုသွားခေါ်မလို့"လင်ပန့်ရှကပြောတယ် "အခေါင်းဖွင့်ပြီးကြည့်ရမယ်"
"ဖွင့်လို့မရဘူး" မိုရှင်းစေးကကြောက်လန့်တကြားဆိုလာတယ် : "ဖွင့်ပြီးသွားရင်မမြင်သင့်တဲ့အရာတစ်ခုခုတွေ့သွားမှာမကြောက်ဘူးလား?"
လင်ပန့်ရှကအထူးအဆန်းဆိုတယ် : "မမြင်သင့်တာဘာရှိလို့လဲ?"
မိုရှင်းစေးကပျာယာခတ်သွားပြီးလင်ပန့်ရှကိုတားချင်နေသည် : "နင်ဘယ်လိုလုပ်အခြေခံအသိတရားလေးတောင်မရှိရတာလဲစောင့်ကြည့်သူဆိုရင်တောင်____လှုံ့ဆော်မှုကလည်းအဆုံးရှိတယ် မကြည့်သင့်တာကြည့်မိရင်နားမထောင်သင့်တာနားထောင်မိရင်အကုန်ရူးကုန်လိမ့်မယ်!!"
လင်ပန့်ရှမှာတကယ်လည်းအသိတရားမရှိပေမယ့်စုန့်ချင်းလော်အလုပ်လုပ်ရန်ခေါ်လာသည်ပင် ။ မိုရှင်းစေးရဲ့အပြစ်တင်တာကိုခံလိုက်ရချိန်သူအထူးအဆန်းဖြစ်သွားပြီးမေးလိုက်၏ : "မဖွင့်နဲ့နင်အထဲမှာဘာရှိလဲဆိုတာဘယ်လိုသိတာလဲ?ရွာရဲ့လျှို့ဝှက်ချက်နဲ့ပတ်သက်နေတာမဟုတ်လားအဲ့ဒါကဈာပနကနေလာတာမလား?"
မိုရှင်းစေးစကားမပြောတော့ပေ ။
"နင်အဆင်ပြေနေသေးရဲ့လား?"လင်ပန့်ရှမျက်မှောင်ကျုံ့ရင်းဆိုလိုက်တယ်
လင်ပန့်ရှကအရင်နေရာမှာပဲရပ်နေပြီးစကားမပြောတော့ပေ ။ ခဏလောက်ကြာတော့သူမအသံနိမ့်နိမ့်နဲ့ပြောလာ၏ : "နင်သွားလိုက်ပါ ငါကအရည်အချင်းပြည့်မီတဲ့မှတ်တမ်းတင်သူမဟုတ်ဘူး"
လင်ပန့်ရှအခန်းထဲဝင်သွားလိုက်ပြီးကိစ္စတွေကိုဟယ့်ဟွိုင်အန်းနဲ့ပြောလိုက်တယ်သူနဲ့ကိုယ်တိုင်ထွက်လာစေ၏ ။ အခေါင်းကိုဖွင့်လိုက်ပြီးအထဲကအခြေအနေကိုစစ်ကြည့်လိုက်သည် ။
ဟယ့်ဟွိုင်အန်းကလင်ပန့်ရှရဲ့ရှင်းချက်ကိုနားထောင်ပြီးအံ့ဩသွားရင်းဆိုတယ် : "မင်းနားကြားမမှားဘူးမလား?တကယ်ပဲအခေါင်းထဲကနေကြားလိုက်တာလား?"
လင်ပန့်ရှကပြောတယ် : "ဟုတ်တယ်ငါကြားလိုက်တာသေချာတယ်"
ဟယ့်ဟွိုင်အန်းကမိုရှင်းစေးထက်အများကြီးတည်ငြိမ်နေလျက်မတ်တပ်ရပ်လိုက်ရင်းဆိုလာသည် : "သွားမယ်အတူသွားကြည့်ရအောင်" နှစ်ယောက်သားခြံထဲတစ်ခေါက်ပြန်လာလိုက်သည် ။
ဟယ့်ဟွိုင်အန်းကလင်ပန့်ရှလိုပဲအခေါင်းပေါ်နားအပ်ရင်းခဏလောက်သေချာနားထောင်ကြည့်လိုက်ပြီးမျက်နှာပြောင်းသွားသည် : "တကယ်.....ရှိတယ်"
လင်ပန့်ရှသူမူမမှန်တာတွေ့တော့စလိုက်သည် : "ဘာဖြစ်လို့အဲ့ဒီလောက်ကြောက်သွားတာလဲလူသေကရောပြန်မရှင်လာနိုင်ဘူးလား?" သူကစလိုက်ပေမယ့်မထင်ထားတာကဟယ့်ဟွိုင်အန်းနဲ့မိုရှင်းစေးကဒီစကားကိုကြားလိုက်ချိန်တစ်ချိန်ထဲမှာပဲမျက်နှာကကြည့်ရဆိုးသွားသည် ။
ဟယ့်ဟွိုင်အန်းကခက်ခက်ခဲခဲပြုံးလိုက်ရင်းဆိုတယ် : "လင်......လူကြီးမင်း မင်းကပထမဆုံးတာဝန်ထမ်းဆောင်တာဆိုတော့သိပ်မသိလောက်ဘူးငါတို့ဒီလိုကိစ္စမျိုးကိုကြုံခဲ့ဖူးတယ်" သူနှာခေါင်းပေါ်ကချွေးအေးတွေကိုသုတ်လိုက်ပြီးတည်ငြိမ်နေတဲ့လင်ပန့်ရှကိုရှင်းပြလာသည် : "သေလူကပြန်ရှင်လာတာမျိုးငါတို့တွေ့ရခဲတာမျိုးလုံးဝမရှိဘူး တွေ့တဲ့အချိန်တိုင်းလည်းသိပ်လိုက်လျောညီထွေမရှိဘူး"
လင်ပန့်ရှ ချန်ယွိလျိုရဲ့ကိစ္စကိုစဉ်းစားမိပြီးဒီလိုဖြစ်ရပ်မျိုးကိုသာမန်လူကမသက်မသာခံစားရမှာပုံမှန်ပါပဲ
"အဲ့ဒါဆိုဖွင့်ကြမလား?ဒါမှမဟုတ်စုန့်ချင်းလော်လာမှထပ်ပြောကြမလား?"လင်ပန့်ရှသူ့ရဲ့မျက်နှာသိပ်မကောင်းတာကိုတွေ့လိုက်ဝော့ာလေးလေးနက်နက်မေးလိုက်သည် ။
"မဟုတ်ဘူးမဟုတ်ဘူးအခုဖွင့်လိုက်ရင်ရော?" ဟယ့်ဟွိုင်အန်းကပြောတယ် "စုန့်လူကြီးမင်းကဘယ်အချိန်ပြန်လာမယ်လည်းမသိဘူးလေ"
သူကပြောနေရင်းအခေါင်းရဲ့ထောင့်တစ်နေရာကိုကိုင်လိုက်ပြီးလင်ပန့်ရှအားမျက်စပစ်ပြလာသည် ။ လင်ပန့်ရှနားလည်တာကြောင့်တခြားတစ်ဖက်ကိုကိုင်လိုက်၏ ။ ထို့နောက်တစ်ချိန်ထဲမှာပဲဟယ့်ဟွိုင်အန်းနဲ့အတူအခေါင်းအဖုံးကိုလှန်ချလိုက်သည် ။ အဖုံးပွင့်သွားချိန်မှာပဲရှူရခက်တဲ့အသားပုပ်နံ့ကတိုးထွက်လာသည် ။ လင်ပန့်ရှသေချာကြည့်လိုက်တော့နည်းနည်းလေးမှအသက်ရှိမနေတဲ့အလောင်းကိုတွေ့လိုက်ရ၏ ။ မိုးရွာထားတာကြောင့်ခေါင်းတလားထဲမှာမနည်းတဲ့မိုးရေတွေရှိနေသည် ။ အလောင်းကလည်းနည်းနည်းဖောနေ၏ ။
ဟယ့်ဟွိုင်အန်းကတစ်ချက်ကြည့်လိုက်ပြီးခက်ခက်ခဲခဲခေါင်းလှည့်သွားသည် ။ လည်ချောင်းကနေအဆက်မပြတ်ပျို့တက်လာတာကြောင့်အန်ချင်စိတ်ကိုထိန်းထားရသည် ။
လင်ပန့်ရှကတော့စိတ်အေးလက်အေးနဲ့အခေါင်းထဲကိုတစ်ခေါက်စစ်ကြည့်လိုက်၏ ။ ပုံမှန်မဟုတ်တဲ့အသံရဲ့လားရာကိုရှာတွေ့လိုက်သည် ။ ခေါင်းတလားရဲ့ထောင့်မှာအစိမ်းရောင်ဖားတစ်ကောင်ရှိနေပြီးသူ့ရဲ့မည်းနက်နက်မျက်လုံးတွေနဲ့ကြည့်နေရင်းပါးစပ်ကလည်းဖောင်းလိုက်ပိန်လိုက်ဖြစ်နေသည် ။ ခဏလေးအတွင်းမှာပဲအပြင်ကိုတစ်ချက်ခုန်လိုက်သည် ။
"လူမဟုတ်ဘူးဖားတစ်ကောင်ပဲ" လင်ပန့်ရှကဆိုတယ်
ဟယ့်ဟွိုင်အန်းကပြောတယ် : "ဖား?အခေါင်းထဲမှာဘယ်လိုလုပ်ဖားရှိနေတာလဲ.........."
လင်ပန့်ရှကဆိုတယ် : "မိုးရွာတဲ့နေ့တွေတုန်းကသတိမထားမိလိုက်ခင်ဝင်သွားတာဖြစ်မယ်" သူကပြောရင်းအခေါင်းထဲကဖားကိုယူလိုက်ပြီးခန္ဓာကိုယ်ကွေးလိုက်ရင်းရွှံ့ထဲလွှတ်ပေးလိုက်သည် ။ ခုန်ရင်းခုန်ရင်းပျောက်ကွယ်သွားတာကိုကြည့်လိုက်ပြီးလင်ပန့်ရှပြန်ထလိုက်ချိန်ဘေးမှာချထားတဲ့ခေါင်းတလားရဲ့အဖုံးကနေပုံမှန်မဟုတ်တဲ့အစွန်းအထင်းမျိုးကိုတွေ့လိုက်သည် ။ သူတိတ်သွားပြီးအမြင်မှားနေတာလို့ထင်ခဲ့တယ် ပြီးတော့သူဆောင့်ဆောင့်ထိုင်လိုက်ပြီးသေချာစစ်ကြည့်လိုက်ချိန်မှာအမြင်မမှားဘူးဆိုတာသိလိုက်ရတယ်
အခေါင်းရဲ့အဖုံးအတွင်းဘက်ထိပ်မှာခြစ်ရာတွေပြွတ်သိပ်နေတယ်ကြက်သွေးနီရောင်သွေးရာတွေကထူးထူးခြားခြားမူးနောက်စေ၏ ။
သစ်သားကအရမ်းမာနေတာကြောင့်အားထည့်ထားတဲ့လက်သည်းကြောင့်သာအရာကျန်ခဲ့ခြင်းပင် ။ လင်ပန့်ရှမတ်တပ်ရပ်လိုက်ပြီးပုပ်ပွနေတဲ့အလောင်းကိုပြန်ကြည့်လိုက်သည် ။ အလောင်းရဲ့လက်သည်းကမိုးရေကြောင့်ဖောင်းနေပေမယ့်အရင်အတိုင်းအမာရွတ်ရှိနေတုန်းပဲ သူ့ရဲ့လက်သည်းကအကုန်ကျိုးနီးပြီးတစ်ချက်ကြည့်လိုက်တာနဲ့သူ့ရဲ့မျှော်လင့်ချက်မဲ့မှုကိုမြင်နေရ၏ ။
"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ......." လင်ပန့်ရှရေရွတ်လိုက်တယ် "ဒီအခေါင်းကအစကတည်းကသံမရိုက်ကသေးတာကိုသူဘာလို့ဖွင့်မရတာလဲ?"
ဟယ့်ဟွိုင်အန်းကလင်ပန့်ရှရဲ့စကားကိုကြားတော့တစ်ခုခုကိုနားလည်လိုက်သလိုခြေတစ်လှမ်းနောက်ဆုတ်လိုက်ရင်းအသံနိမ့်နိမ့်ဖြင့်ဆိုသည် : "ဒီထဲကရွာသားကပြဿနာများဖြစ်နေမလား?"
လင်ပန့်ရှကခဏလောက်တိတ်သွားပြီးသူလည်းမသိကြောင်းခေါင်းရမ်းပြလာသည် ။
လေထုကခဏလောက်အေးစက်သွားသည် ။ လင်ပန့်ရှစဉ်းစားနေချိန်မှာပဲအနောက်ဘက်ကနေရွာသူကြီးရဲ့အသံထွက်လာသည် ။ သူသည်ဒေသိယစကားဖြင့် ဒေါသတကြီး အော်ဟစ်နေသည်။ လင်ပန့်ရှနဲ့သူတို့မပြောမိပဲဖွင့်လိုက်သည်အတွက်မကျေနပ်သလိုပင် ။ လက်သီးကိုဝှေ့ရမ်းလာရင်းလူရိုက်ဖို့လာသည် ။
ဟယ့်ဟွိုင်အန်းကအလောတကြီးရှင်းပြ၏ : "ရွာသူကြီး ခင်ဗျားစိတ်မဆိုးပါနဲ့ငါတို့ဒီအခေါင်းထဲလှုပ်ရှားသံတစ်ခုခုကြားလိုက်မိလို့ဖွင့်လိုက်တာပါ"
"အခေါင်းထဲလှုပ်ရှားသံရှိတယ်?!အခေါင်းထဲမှာဘယ်လိုလုပ်အသံရှိနေရမှာလဲ!!" ရွာသူကြီးကအော်ဟစ်နေ၏ : "မင်းတို့အပြင်ကနေလာတဲ့သူတွေက သေသွားတဲ့သူကိုစော်ကားနေတာလား?!သူကသေသွားတာတောင်သူတို့ကိုမင်းမငြိမ်းချမ်းစေချင်ဘူးလား??"
လင်ပန့်ရှပျာယာခတ်သွားရင်း : "ရွာသူကြီးငါတို့အခေါင်းထဲကနေတချို့ကိုရှာတွေ့ထားတယ်"
ရွာသူကြီးကအေးစက်စက်ဆိုတယ် : "ဘာလဲ?"
လင်ပန့်ရှမှပြောသည် : "သူအခေါင်းထဲထည့်ခံရတုန်းကမသေသေးဘူး"
ရွာသူကြီးတစ်ချက်တိတ်သွား၏ ။
"ခင်ဗျားကြည့်ကြည့်" လင်ပန့်ရှအခေါင်းပေါ်ကထင်ရှားနေတဲ့လက်သည်းရာတွေကိုညွှန်ပြလိုက်ပြီး : "ခင်ဗျားဒီလက်သည်းရာတွေကိုကြည့်လိုက်သူလုပ်ခဲ့တာ"
ရွာသူကြီးကလင်ပန့်ရှပြတဲ့နေရာကိုကြည့်ပြီးနောက်မှာအကြည့်ပြောင်းသွားသည် ။ သူ့ရဲ့ရင်ဘတ်ကအပြင်းအထန်တက်လိုက်ကျလိုက်ဖြစ်နေရင်းအသံပြာကြီးနှင့်ဆိုသည် : "ဘယ်လိုလုပ်ဒီလိုဖြစ်နိုင်မှာလဲဘယ်လိုလုပ်ဒီလို!!"
လင်ပန့်ရှနဲ့ဟယ့်ဟွိုင်အန်းကအချင်းချင်းတစ်ချက်ကြည့်လိုက်ပြီးသူကဆိုတယ် : "တခြားအခေါင်းတွေရောတစ်ချက်ဖွင့်စစ်မလား?"
ရွာသူကြီးရဲ့မျက်နှာကပြာသွားပြီးအချိန်အတော်ကြာစကားမပြောတော့
ဟယ့်ဟွိုင်အန်းကစကားဆက်လိုက်၏ : "ဖွင့်ကြည့်မယ်စိတ်ထဲရှင်းသွားအောင်"
ရွာသူကြီးမတားတာတွေ့တော့နှစ်ယောက်သားစလှုပ်ရှားလိုက်သည် ။
လင်ပန့်ရှနဲ့ဟယ့်ဟွိုင်အန်းကတဖြည်းဖြည်းနဲ့တခြားခေါင်းတလားတွေကိုပါလိုက်ဖွင့်ကြသည် ။ တစ်ခုဖွင့်တိုင်းရွာသူကြီးရဲ့မျက်နှာကတစ်ခါပြောင်းလဲနေရင်းနောက်ဆုံးလူသေတစ်ယောက်မျက်နှာလိုမျိုးဖြူဖျော့သွားသည် ။ ခေါင်းတလားတိုင်းရဲ့အဖုံးပေါ်မှာလက်သည်းရာများပြည့်သိပ်နေလျက်ရှိနေ၏ ။ ဒီသုံးယောက်ကအခေါင်းထဲအထည့်ခံရချိန်တုန်းကအသက်ရှင်နေတုန်းပဲ သူတို့အခေါင်းထဲမှာလှဲနေရင်းအကူအညီမဲ့စွာနဲ့ခေါင်းထိပ်ရှိသစ်သားအဖုံးကိုကုတ်နေရုံသာဘယ်လိုမှတွန်းဖွင့်၍မရပေ.........ဒီလိုနဲ့ပဲအကြောက်တရားထဲမှာမျှော်လင့်ချက်မဲ့ရင်းသေသွားရ၏ ။
ရွာသူကြီးရဲ့ခြေထောက်ကတစ်ချက်ယိုင်သွားပြီးခြံထဲရှိညစ်ပတ်နေတဲ့ရွှံ့ထဲချော်ကျသွားသည် ။ ဒါကိုလင်ပန့်ရှမြင်တော့အလောတကြီးသူ့ကိုဆွဲကိုင်လိုက်သည် ။ ထို့နောက်ဟယ့်ဟွိုင်အန်းကိုအခေါင်းများအားအဖုံးပြန်ဖုံးရန်မျက်ရိပ်ပြလိုက်သည် ။
"ရွာသူကြီးဘယ်လိုဖြစ်တာလဲ?" ရွာသူကြီးရဲ့တုံ့ပြန်ချက်ကသူဘာမှမသိသလိုပင် ။ လင်ပန့်ရှမေးလိုက်တယ်
"မသိဘူးမသိဘူးသူတို့တွေကသေပြီးသားတွေလေ"ရွာသူကြီးကတုန်တုန်လှုပ်လှုပ်နဲ့ဆိုလာသည် : "အသက်မရှူဘူး နှလုံးမခုန်ဘူး လူသေမဟုတ်ဘူးလား?"
လင်ပန့်ရှသတိထားလိုက်ပြီးသူ့ကိုအခန်းထဲပြန်တွဲလာရင်းပြောသည် :ခင်ဗျားငါ့ကိုသေချာပြောပြပေးပါလား??"
ရွာသူကြီးကမျက်နှာတစ်ခုလုံးချွေးစေးပြန်နေရင်းပြောတယ် : "ဒီလူတွေကငါ့ဆွေမျိုးတွေရွာထဲလူအမြဲသေနေတော့အကုန်လုံးကအကျင့်ဖြစ်နေကြပြီသူတို့မိသားစုလွန်ခဲ့တဲ့ရက်ကပဲယောကျာ်းကရုတ်တရက်ဖျားသေတယ်ဈာပနလုပ်ပြီးပြီးချင်းမှာပဲတခြားသူတွေဖြစ်တယ်" သူ့အသံကတုန်နေသည် "သူတို့သေတာအရမ်းထူးဆန်းတယ်ပထမရက်မှာကောင်းသေးတယ်ဒုတိယရက်မှာတစ်အိမ်လုံးအသက်မရှိကြတော့ဘူးလူတွေတွေ့တဲ့အချိန်မှာအလောင်းကအေးစက်နေခဲ့ပြီဒီရွာထဲကအခေါင်းတွေကသုံးလို့တောင်မလောက်ဘူးငါကိုယ့်ဘာသာကိုယ်ဆုံးဖြတ်လိုက်ပြီးသူတို့ကိုအခေါင်းထဲအရင်ထည့်ထားတာ နေ့ကောင်းရက်ကောင်းတစ်ရက်ရက်ရှာချင်ပြီးသုဿန်ကိုသွားပို့ချင်ခဲ့တာ"
လင်ပန့်ရှကဆိုတယ် : "လတ်စသတ်တော့ဒီလိုကိုး.......အဲ့ဒီအခေါင်းမှာပုံမှန်မဟုတ်တဲ့ဟာရှိလား?"
"မရှိဘူး" ရွာသူကြီးကပြောတယ် "အစကအခေါင်းတွေကိုဟယ်အဘိုးကြီးရဲ့ဘက်မှာထားတာဒါပေမဲ့လူအရမ်းများတာမလို့အဲ့ဒီဘက်မှာထားမရတော့ဘူးငါ့ခြံထဲမှာပဲရက်နည်းနည်းအရင်ထားဖို့စိတ်ကူးခဲ့တယ်......."သူကစိတ်ပျက်နေပြီး "ဘယ်လိုလုပ်ဒီလိုဖြစ်ရတာလဲဘယ်လိုလုပ်ဒီလိုဖြစ်ရတာလဲ........."
လင်ပန့်ရှကဆိုတယ် : "ခင်ဗျားတို့သေတဲ့အကြောင်းအရာကိုစစ်ကြည့်ခဲ့သေးလား?"
ရွာသူကြီးကခေါင်းရမ်းလိုက်ပြီးခါးခါးသီးသီးပြုံးလိုပ်ရင်းဆိုသည် : "ရွာထဲကသေတဲ့အကြောင်းအရင်းတွေကထူးဆန်းထွေလာတွေချည်းအကြောင်းအရင်းရှာဖို့အရမ်းခက်တယ်ဒါပေမဲ့သူတို့ရဲ့ကိုယ်ပေါ်မှာအပြင်ဒဏ်ရာမရှိတာပဲ........."
လင်ပန့်ရှအတွေးထဲလည်နေ၏ ။
ဟယ့်ဟွိုင်အန်းအခေါင်းကိုအဖုံးတွေအုပ်ပြီးတော့တစ်ကိုယ်လုံးချွေးပြန်ထွက်နေ၏ ။ မိုရှင်းစေးကသူ့နောက်လိုက်နေပြီးကြောက်လန့်နေသည်။ ဟယ့်ဟွိုင်အန်းသူမမျက်နှာမကောင်းတာတွေ့တော့သူမကိုဘယ်နေရာအဆင်မပြေဖြစ်နေလဲမေးလိုက်သည် ။
"နည်းနည်းအေးနေတယ်အအေးမိတာဖြစ်မယ်"မိုရှင်းစေးကနှာချေလိုက်ပြီးနှာခေါင်းကိုပွတ်လိုက်သည် : "စစချင်းလာတဲ့အချိန်ကမိုးနည်းနည်းစိုသွားတယ်......."
ဟယ့်ဟွိုင်အန်းကသူမကိုဂရုတစိုက်ရှိနေသေး၏ : "အဲ့ဒါဆိုနင်သောက်ဖို့ငါဆေးသွားယူပေးမယ်"
"နင့်ကိုအလုပ်ရှုပ်စေမိပြီ" သူမအားနည်းစွာဘေးမှာထိုင်လိုက်ရင်းစိတ်ဓာတ်ကျနေသည် ။
ရွာသူကြီးကကြေကွဲမှုကနေမထွက်လာနိုင်သေး၍လင်ပန့်ရျအသံနိမ့်နိမ့်နဲ့သူ့ကိုနှစ်သိမ့်နေလိုက်သည် ။ ဒီကိစ္စကတိုက်ဆိုင်မှုဖြစ်တာမလို့မိမိကိုယ်ကိုအပြစ်မတင်ရန်ပြောလိုက်သည် ။
"တိုက်ဆိုင်မှုဘယ်မှာဒီလောက်များတဲ့တိုက်ဆိုင်မှုရှိလို့လဲ?"ရွာသူကြီးကထုံထှိုင်းစွာပြောသည် : "ငါတို့ရွာကကျိန်စာအတိုက်ခံရလို့ပဲနေမှာ"
"ဒါပေမယ့်ကျိန်စာအတိုက်ခံရတာလည်းအကြောင်းအရင်းရှိရမယ်မလား?"လင်ပန့်ရှကဆိုတယ် : "ခင်ဗျားတို့စဉ်းစားလို့ရတာရောမရှိဘူးလား?"
ရွာသူကြီးကခေါင်းပဲရမ်းလာပြီးစကားမပြောပေ
ဟယ့်ဟွိုင်အန်းကမိုရှင်းစေးကိုဆေးပေးလိုက်ပြီးသူမဆေးသောက်ပြီး
တော့အိပ်ခိုင်းလိုက်သည်။ မိုရှင်းစေးကဆေးသောက်ပြီးတော့အေးတာကြောင့်သူမရေနွေးနဲ့ရေချိုးချင်ကြောင်းပြောလာ၏ ။
"နင်သွားလေတစ်ခုခုရှိရင်ငါ့ကိုခေါ်လိုက်နော်" ဟယ့်ဟွိုင်အန်းကလုပ်ဖော်ကိုင်ဖက်အသစ်ကိုစိတ်ပူနေသေးသည် ။
မိုရှင်းစေးခေါင်းညိမ့်လိုက်သည် ။
ရွာရှိရေချိုးခန်းကရိုးရှင်းပြီးအကြမ်းထည်ဆန်နေပေမယ့်ကောင်းတာကရေအပူပေးစက်ရှိနေခြင်းပင် ။ ခဏလောက်ကျိုဖို့ပဲလိုသည် ။ မိုရှင်းစေးကရေကျက်တာကိုစောင့်လိုက်ပြီးရေချိုးဝတ်လဲလိုက်၏ ။ ထို့နောက်ရေချိုးခန်းထဲဝင်လိုက်သည် ။ သူမရေပူကိုဖွင့်လိုက်ပြီးသူမမျက်နှာပေါ်ကျလာစေသည် ။
အပူချိန်နွေးနွေးကသူမခန္ဓာပေါ်ရှိအေးစက်မှုကိုမောင်းထုတ်လိုက်တာကြောင့်သူမသက်ပြင်းချလိုက်တယ် သူမခေါင်းငုံ့လိုက်ရင်းသူမ ခေါင်းပေါ်ရေကျစေသည် ။ ရုတ်တရက်သူမခေါင်းထိပ်ကနေတရွရွဖြစ်လာသည် ။ သူမအနည်းငယ်တိတ်သွား၏____လက်ဆန့်ရင်းတစ်ချက်ကိုင်ကြည့်တော့တစ်ခုခုကိုကိုင်မိလိုက်သလိုပဲ မိုရှင်းစေးတစ်ချက်စူးစိုက်ကြည့်လိုက်တော့လက်ကြားကနေအနက်ရောင်ဆံပင်ကိုတွေ့လိုက်ရသည် ။ စီးဆင်းနေတဲ့ရေလိုမျိုးစိုစွတ်နေတဲ့ကြမ်းပြင်ပေါ်ကျနေသည် ။
ဒီဆံပင်တွေကိုတွေ့လိုက်ရတဲ့တစ်ခဏမှာပဲမိုရှင်းစေးအရိုးထဲထိအေးသွားသည် ။ သာမန်လူသာဆံပင်တွေကိုတွေ့မယ်ဆိုရင်ကိုယ့်ကိုယ်ကိုဖျားနေမလားအရင်စိုးရိမ်မှာဖြစ်ပေမယ့်မိုရှင်းစေးကိုယ့်ကိုယ်ကိုမလှည့်းစားနိုင်ပေ ။ သူမမှာအရင်ကအနက်ရောင်ဆံပင်ရှိပေမယ့်အခုအဝါရောင်ပြောင်းဆိုးထားသည်ပင် ။
ဒီအနက်ရောင်ဆံပင်တွေကဘယ်ကလာတာလဲ?မိုရှင်းစေးရဲ့လည်ပင်းကတောင့်တင်းသွားပြီးအပေါ်ဘက်ကိုဖြေးဖြေးချင်းမော့ကြည့်လိုက်တော့ခေါင်းထိပ်ကအိုဟောင်းနေတဲ့မျက်နှာကြက်ကိုတွေ့လိုက်ရသည် ။ မျက်နှာကြက်ကနေအနက်ရောင်ဆံပင်တွေတန်းလန်းကျနေတာကိုတွေ့လိုက်ရ၏ ။ ပင့်ကူမျှင်လိုမျိုးသူမရဲ့မျက်နှာပေါ် ၊ ခန္ဓာကိုယ်ပေါ်.........
စာရေးသူတွင်ပြောစရာရှိပါသည် :
လင်ပန့်ရှ : စုန့်ချင်းလော်မရှိတဲ့တစ်နာရီအတွင်းသူများအိမ်ကအခေါင်းအဖုံးတွေကိုဖယ်ခဲ့တယ်
စုန့်ချင်းလော် : .........မင်းဖြေးဖြေးချင်းလုပ်ပါ
__
လင်ပန့်ရှ : စုန့်လူကြီးမင်း
စုန့်ချင်းလော်
ချင်းလော်
_____________________
Zawgyi
အပိုင္း ၂၁ [ မရဏေပ်ာ္ပြဲ ] (3)
⟨⟨ေခါင္းတလားထဲကပုံျပင္⟩⟩
႐ုတ္တရက္မေတာ္တဆျဖစ္သြားတာေၾကာင့္ဈာပနတစ္ခုလုံးရႈပ္ေထြးသြား၏ ။ လူေတြကဒီလိုရက္စက္လွတဲ့အျဖစ္ကိုအရမ္းျမန္ျမန္လက္ခံလိုက္ရတာေၾကာင့္ေသသြားတဲ့သူကိုအျမန္သယ္သြားၾကသည္ ။ အသုဘတီးလုံးသံကေနာက္တစ္ေခါက္ထပ္ျမည္လာျပန္၏ ။ အျဖဴဝတ္ထားတဲ့လူေတြကမိုးေရထဲေဝဝါးေနတဲ့တေစၦေတြအျဖစ္ေျပာင္းသြားသလို ေျဖးေျဖးခ်င္းအေရွ႕ကိုသြားေနၿပီးမျမင္ရေအာင္နစ္ျမဳပ္သြားသည္ ။
လင္ပန႔္ရွနဲ႔စုန႔္ခ်င္းေလာ္တို႔ကအသံမထြက္ရဲပဲလူအုပ္ေဝးေဝးကိုေရာက္ေတာ့မွလင္ပန႔္ရွအသံတိုးတိုးနဲ႔ဆိုတယ္ : "ဘယ္လိုလုပ္႐ုတ္တရက္ေသရတာလဲ?"
စုန႔္ခ်င္းေလာ္မ်က္ေမွာင္က်ဳံ႔လိုက္၏ ။
"တကယ္ပဲက်ိန္စာရွိေနတာလား?" လင္ပန႔္ရွတုံ႔ဆိုင္းတုံ႔ဆိုင္းနဲ႔ဆိုတယ္ : "မဟုတ္ရင္ဒါကလည္း........သိပ္တိုက္ဆိုင္လြန္းတယ္"
စုန႔္ခ်င္းေလာ္ကဆိုတယ္ : "သူတို႔ကိုဂ႐ုမစိုက္နဲ႔ အရင္သုႆန္ကိုသြားၾကည့္ရေအာင္"
ႏွစ္ေယာက္ကအသုဘပို႔တဲ့အဖြဲ႕နဲ႔တိုးမွာစိုးတာေၾကာင့္လမ္းက်ယ္ကမသြားပဲေပါင္းပင္ထူထူၾကားကေနျဖတ္လာလိုက္တယ္ ဆယ္မိနစ္ေက်ာ္ေလာက္သြားၿပီးေနာက္မွာသူတို႔ရွာခ်င္တဲ့သုႆန္ကိုျမင္လိုက္ရ၏ ။
လင္ပန႔္ရွသုႆန္ရဲ႕ျမင္ကြင္းကိုေတြ႕လိုက္ခ်ိန္မထိန္းႏိုင္ပဲသက္ျပင္းခ်မိလိုက္တယ္မ်က္စိေရွ႕ကေနရာကသုႆန္လို႔ေျပာေပမယ့္အစုအလိုက္အၿပဳံလိုက္ပစ္ထားတဲ့သုႆန္လို႔ေျပာရင္ပိုလိုက္မယ္
လူေသသိပ္မ်ားတာေၾကာင့္သုႆန္ကိုလာလို႔မႏိုင္ေတာ့ေပ ။ အဲ့ဒါေၾကာင့္အေခါင္းအမ်ားစုကျမက္ေတာင္ေပါက္ေနၿပီးလမ္းေဘးမွာပဲခ်ထားသည္ ။ အသုဘလိုက္ပို႔တဲ့အဖြဲ႕ကလည္းအေဝးကေနေရာက္လာၿပီး သူတို႔ရဲ႕ပခုံးေပၚမွာအေခါင္းအသစ္ေတြကိုထမ္းထားၿပီးသုႆန္ရဲ႕ေထာင့္မွာခ်လိုက္သည္ ။ ဈာပနသီခ်င္းကတျဖည္းျဖည္းေဝးသြားေပမယ့္ေစာ္နရဲ႕တီးတီးတားတားအသံကအရင္အတိုင္းနားေဘးမွာလာမႈတ္ေနသလိုပဲ
လူအကုန္သြားတာေတြ႕မွလင္ပန႔္ရွနဲ႔စုန႔္ခ်င္းေလာ္တို႔လည္းသုႆန္ထဲဝင္ခဲ့သည္ ။
သူတို႔ရဲ႕ပတ္ပတ္လည္မွာအေခါင္းေတြႁပြတ္သိပ္ေနၿပီးေျမေပၚမွာလည္းမီးၿငိမ္းေနၿပီးသားဖေယာင္းတိုင္ေတြနဲ႔ညစ္ပတ္ေနတဲ့ ေငြစကၠဴေတြရွိေနတယ္ ဒီလိုပတ္ဝန္းက်င္ကသာမန္လူသာဆိုရင္အေစာကတည္းကပ်ာသြားႏိုင္တယ္ ကံေကာင္းတာကလင္ပန႔္ရွရဲ႕စိတ္ကလုံေလာက္ေအာင္သန္မာေနတဲ့အတြက္ဘာမွမခံစားရေပ ။ သူပတ္ပတ္လည္ကိုတစ္ေခါက္ၾကည့္လိုက္ခ်ိန္ပုံမွန္မဟုတ္တဲ့ပုံစံကိုအျမန္ေတြ႕လိုက္တာေၾကာင့္အသံတိုးတိုးျဖင့္ဆိုသည္ : "စုန႔္ခ်င္းေလာ္အဲ့ဒါကဘာႀကီးလဲ?"
စုန႔္ခ်င္းေလာ္လည္းလင္ပန႔္ရွေျပာတဲ့ဟာကိုသတိထားမိတယ္အဲ့ဒါကေကာက္႐ိုးဖ်ာကိုသုံးၿပီးလူပုံစံကိုပတ္ထားတာပဲဒီေလာက္ဆိုးဆိုး႐ြား႐ြားလမ္းေဘးက်ေနတယ္ သူတို႔နဲ႔အရမ္းေဝးေနေပမယ့္လူကိုမခံမရပ္ျဖစ္ေစတဲ့အသားပုပ္အနံ႔ရေနတယ္
စုန႔္ခ်င္းေလာ္သြားတာေၾကာင့္လင္ပန႔္ရွလည္းအေနာက္ကေနလိုက္သြားလိုက္တယ္စုန႔္ခ်င္းေလာ္ကေဆာင့္ေဆာင့္ထိုင္လိုက္ၿပီးေကာက္႐ိုးဖ်ာရဲ႕ေထာင့္တစ္ေနရာကိုလက္နဲ႔ဖြင့္ၾကည့္လိုက္တယ္ မိုးေရေၾကာင့္ဗလုံစီေဖာေနတဲ့ျဖဴဖတ္ျဖဴေရာ္မ်က္ႏွာတစ္ခုထြက္လာသည္ ။
စုန႔္ခ်င္းေလာ္ကဒီမ်က္ႏွာကိုေတြ႕ေတာ့ပိုတင္းတင္းက်ပ္က်ပ္မ်က္ေမွာင္က်ဳံ႔သြားတယ္ သူေကာက္႐ိုးဖ်ာတစ္ခုလုံးကိုအားနဲ႔လွန္ၾကည္လိုက္ေတာ့ေကာက္႐ိုးဖ်ာထဲကေနထုပ္ထားတဲ့အရာကျမင္ကြင္းထဲေပၚလာ၏ ။
အဲ့ဒါကႏွစ္ပိုင္းျပတ္ေနတဲ့အေလာင္းတစ္ေလာင္းပင္ ။ ကိုယ္ေပၚမွာဝတ္ထားတဲ့အဝတ္ေတြအရသူကဒီ႐ြာထဲကလူမဟုတ္ဘူးဆိုတာျပေနတယ္ ၾကည့္ရတာေသသြားတာရက္အေတာ္ၾကာရွိေနၿပီ မိုးေရထဲစိမ္ထားတာေၾကာင့္ေၾကာက္စရာေကာင္းတဲ့ပုံစံတစ္မ်ိဳးရွိေနတယ္ ဒါေပမဲ့ေသသြားေပမယ့္သူ႔ရဲ႕မ်က္လုံးကလည္းျပဴးျပဴးႀကီးပြင့္ေနတယ္ စိတ္ပ်က္အားငယ္မႈႏွင့္ မလိုလားမႈတို႔ကိုထုတ္ေဖာ္ထားသည္ ။
လင္ပန႔္ရွတစ္ခုခုကိုစဥ္းစားမိလိုက္ၿပီးဆိုတယ္ : "ခ်င္းေလာ္.......ဒီလူက.........ငါတို႔႐ြာအဝင္ဝမွာေတြ႕ခဲ့တဲ့အဲ့ဒီလူရဲ႕ပါတနာမလား?႐ြာသူႀကီးေျပာတဲ့သစ္ပင္ပိေသတဲ့အဲ့ဒီတစ္ေယာက္?
စုန႔္ခ်င္းေလာ္ကဆိုတယ္ : "သူပဲ"သူရပ္လိုက္ၿပီး ေဘးဘက္ရွိေကာက္႐ိုးဖ်ာေတြကိုၾကည့္လိုက္ရင္း : "ငါသူနဲ႔ရင္းႏွီးတယ္"
လင္ပန႔္ရွတစ္ခ်က္တိတ္သြားတယ္ သူကစုန႔္ခ်င္းေလာ္နဲ႔ရင္းႏွီးေနမယ္လို႔မထင္ထားခဲ့ေပ ။
လင္ပန႔္ရွေတြးေနခ်ိန္မွာစုန႔္ခ်င္းေလာ္ကထပ္လႈပ္လာသည္ သူေဘးဘက္ကိုသြားလိုက္ၿပီးေကာက္႐ိုးဖ်ာသုံးေလးခုေလာက္ကို_ဖြင့္လိုက္၏ ။ ေမွ်ာ္လင့္ထားသလိုပဲအေလာင္းေတြေပၚလာခ်ိန္ဒီအေလာင္းေတြရဲ႕ေသပုံကလည္းအသီးသီးထူးဆန္းေနၾကတယ္ နဂိုအဝတ္ေတာင္မလဲထားပဲဂ႐ုမစိုက္စြာေျဖရွင္းထားၾက၏ ။
စုန႔္ခ်င္းေလာ္ကကုန္းလိုက္ၿပီးအေလာင္းေပၚမွာတစ္ခုခုကိုအျပန္ျပန္အလွန္လွန္စရွာေနသည္ ။ လင္ပန႔္ရွေမးလိုက္တယ္ : "မင္းဘာရွာေနတာလဲ?အကူအညီလိုလား?"
စုန႔္ခ်င္းေလာ္ကေျပာတယ္ : "သူတို႔ရဲ႕အဝတ္ထဲမွာအနက္ေရာင္မွတ္စုစာအုပ္ရွိမရွိၾကည့္ေပး"
လင္ပန႔္ရွကေအာ္လို႔အသံေပးလိုက္ၿပီးစုန႔္ခ်င္းေလာ္ကိုကူညီေပးလိုက္၏ ။ ကံေကာင္းတာကသူတို႔ရဲ႕အလုပ္ကထူးျခားဖို႔လုံေလာက္တာေၾကာင့္ေျပာင္းလဲေနတဲ့အေလာင္းကိုေတြ႕ရင္ေတာင္မွတည္ၿငိမ္ဖို႔လုံေလာက္တယ္ လင္ပန႔္ရွကအေလာင္းကိုယ္ေပၚကရွိသမွ်အားလုံးရွာေနခ်ိန္တကယ္ပဲမာတဲ့အရာတစ္ခုကိုကိုင္မိလိုက္တယ္သူထုတ္လိုက္ၿပီးတစ္ခ်က္ၾကည့္လိုက္ရင္း ေပ်ာ္႐ႊင္စြာဆိုတယ္ : "ခ်င္းေလာ္ ဒါဟုတ္လား?"
စုန႔္ခ်င္းေလာ္ကလင္ပန႔္ရွကိုၾကည့္လိုက္ေတာ့သူ႔လက္ထဲကိုင္ထားတဲ့အနက္ေရာင္မွတ္စုစာအုပ္ကိုေတြ႕လိုက္ရတယ္
"ဟုတ္တယ္ဒါပဲ"စုန႔္ခ်င္းေလာ္ကေျပာလိုက္တယ္
လင္ပန႔္ရွကဆိုတယ္ : "ဒီမွာပဲၾကည့္မွာလား?ျပန္ၿပီးမွၾကည့္မလား?"
စုန႔္ခ်င္းေလာ္ကေျပာသည္ : "ျပန္ေရာက္မွၾကည့္မယ္"
စုန႔္ခ်င္းေလာ္ရွင္းျပမွလင္ပန႔္ရွနားလည္ေတာ့တယ္စုန႔္ခ်င္းေလာ္နဲ႔အတူလိုက္လာတဲ့ႏွစ္ေယာက္ကမွတ္တမ္းတင္သူေတြပဲ တာဝန္အေတြ႕အႀကဳံရွိၾကၿပီးသူတို႔ရဲ႕တာဝန္ကလင္ပန႔္ရွနဲ႔စုန႔္ခ်င္းေလာ္တို႔စစ္ေဆးတဲ့ျဖစ္စဥ္အားလုံးကိုမွတ္တမ္းတင္ရမွာ မေတာ္တဆအေျခအေနျဖစ္လာရင္လည္းေရွာင္တတ္ရမယ္ ဒီမွတ္စုစာအုပ္ရဲ႕အရည္အေသြးကအရမ္းထူးျခားတယ္ သုံးတဲ့ေဘာပင္ကလည္းထူးျခားတယ္ အထူးပုံစံေတြကိုေသခ်ာေပါက္သုံးမွစာ႐ြက္ေပၚကိုစာလုံးေတြမွတ္တမ္းတင္ႏိုင္မယ္အရင္ကစုန႔္ခ်င္းေလာ္အခန္းထဲတစ္ေခါက္ရွာၾကည့္တာကဒီပစၥည္းကိုရွာခ်င္လို႔ပဲ ႏွေျမာစရာကရွာမေတြ႕ဘူး ဒါေၾကာင့္ေသသြားတဲ့ေစာင့္ၾကည့္သူယူသြားႏိုင္လားခန႔္မွန္းခဲ့တယ္
လိုခ်င္တဲ့ပစၥည္းကိုရွာေတြ႕ေတာ့ႏွစ္ေယာက္သားျပန္သြားလိုက္သည္ ။
ျပန္လမ္းကေခ်ာေမြ႕တယ္လို႔ေျပာလို႔ရတယ္ ႐ြာသူႀကီးအိမ္ကိုျပန္ေရာက္ခ်ိန္မွာပဲေခါင္းတလားႏွစ္ခုပိုမ်ားေန၏။ သူစိတ္ထဲတစ္ခ်က္အံ့ဩသြားသည္ ။ ပထမဆုံးတုံ႔ျပန္တာကမိုရွင္းေစးနဲ႔ဟယ့္ဟြိဳင္အန္းတို႔တစ္ခုခုျဖစ္တယ္ေပါ့ ကံေကာင္းတာကအခန္းထဲေရာက္မွေကာင္းမြန္တဲ့အေျခအေနနဲ႔မီးဖိုေဘးထိုင္ေနရင္းအေႏြးဓာတ္ခံေနၾကတာကိုေတြ႕လိုက္ရတယ္
"ျပန္လာၿပီလား?"ဟယ့္ဟြိဳင္အန္းရဲ႕ဆံပင္ေတြကစိုစြတ္ေနၿပီး ေလးလံေနတဲ့အၿပဳံးနဲ႔လင္ပန႔္ရွကိုႏုတ္ဆက္လာတယ္
"အင္း ျပန္လာၿပီ" လင္ပန႔္ရွ
"ေျမပုံဆြဲၿပီးၿပီလား?"စုန႔္ခ်င္းေလာ္ကသူတို႔ကိုမႏွစ္သိမ့္ပဲျပႆနာကိုတန္းသြားလိုက္တယ္
"ဆြဲၿပီးၿပီ" ဟယ့္ဟြိဳင္အန္းကရင္ဘတ္ထဲကေနစာ႐ြက္တစ္႐ြက္ထုတ္လိုက္ၿပီးစုန္႔ခ်င္းေလာ္ကိုကမ္းေပးရင္းဆိုသည္ : "႐ြာထဲကဖြဲ႕စည္းပုံကအရမ္း႐ိုးရွင္းတယ္အေနာက္ဘက္မွာေခ်ာင္းတစ္ေခ်ာင္းစီးဆင္းေနၿပီး႐ြာရဲ႕ေရအရင္းျမစ္လည္းဟုတ္တယ္ ဘိုးဘြားဗိမၼာန္က႐ြာရဲ႕အလယ္ဆုံးမွာရွိတယ္ ဒီ႐ြာရဲ႕အတိုင္းအတာကမႀကီးဘူးအခ်က္အလက္နဲ႔သိပ္မကြာဘူး လူဦးေရကေတာ့ငါးရာေလာက္ပဲရွိတယ္"သူႏွာေခ်လိုက္ၿပီးႏွာေခါင္းကိုပြတ္သုတ္ရင္းဆိုတယ္ : "အခုထိေတာ့ထူးျခားတာမေတြ႕ေသးဘူး"
စုန႔္ခ်င္းေလာ္ကဆိုတယ္ : "႐ြာထဲမွာထူးဆန္းတဲ့ေကာလဟာလတစ္ခုခုရွိလား?"
"ရွိတယ္ရွိတယ္" မိုရွင္းေစးကစကားဆက္လိုက္တယ္ : "ျပန္လာတဲ့လမ္းမွာငါတို႔အေဒၚႀကီးတစ္ေယာက္နဲ႔ေတြ႕ခဲ့တယ္သူမကိုတစ္ခ်က္ေမးၾကည့္ေတာ့ဒီ႐ြာကေတာင္ေစာင့္နတ္ကိုေဒါသထြက္ေအာင္လုပ္မိလို႔က်ိန္စာအတိုက္ခံရတာတဲ့"
စုန႔္ခ်င္းလ္ော : "ေႏြဦးမွာစတာမလား?"
မိုရွင္းေစးကဆိုတယ္ : "ဟုတ္တယ္ဒီႏွစ္မိုးသိပ္မ်ားတာေၾကာင့္ေခ်ာင္းေရတက္လာခဲ့တယ္အဲ့ဒီကေနစၿပီးလူစေသတာေသတဲ့အေၾကာင္းအရင္းကလည္းအဆန္းေတြခ်ည္း ေနာက္ေတာ့႐ြာထဲကအႀကီးအကဲကေနတြက္ခ်က္လိုက္ေတာ့ သူတို႔မႏွစ္ကေဆာင္းဦးမွာယဇ္ပူေဇာ္ပြဲေကာင္းေကာင္းမလုပ္ခဲ့လို႔ေတာင္ေစာင့္နတ္ကေဒါသထြက္သြားတာ.........ေသသြားတဲ့လူလုံေလာက္ရင္ေတာင္ေစာင့္နတ္ရဲ႕ေဒါသမီးကိုျငႇိမ္းႏိုင္လိမ့္မယ္"
ဒီပုံျပင္က႐ြာသူႀကီးေျပာတာနဲ႔ေတာ္ေတာ္ေလးနီးစပ္တယ္ စုန႔္ခ်င္းေလာ္ကမိုးကာပစၥည္းေတြကိုခြၽတ္ရင္းတစ္ခုခုကိုေတြးေနသလိုပဲ
လင္ပန႔္ရွဟယ့္ဟြိဳင္အန္းရဲ႕ေဘးနားထိုင္ခ်လိုက္ၿပီးမီးလႈံလိုက္ရင္းဆိုတယ္ : "ၿခံထဲကအေခါင္းေတြကဘယ္လိုျဖစ္တာလဲ?"
"ခုနကလူေတြသယ္လာတာ"ဟယ့္ဟြိဳင္အန္းကဆိုတယ္ "ဘယ္သူထပ္ေသျပန္ၿပီလဲမသိဘူး"
လင္ပန႔္ရွကဆိုတယ္ : "႐ြာသူႀကီးေရာ?သူဘာမွမျဖစ္ဘူးမလား?"
"ဘာမွမျဖစ္ဘူး" မိုရွင္းေစးကေျပာတယ္ "သူမီးဖိုေခ်ာင္ထဲရွိေနတယ္ထင္တယ္ငါသြားၾကည့္လိုက္မယ္"
သူမေျပာရင္းမီးဖိုေခ်ာင္ဆီထသြားလိုက္သည္ ။
မီးဖိုေခ်ာင္တံခါးကပြင့္ေနၿပီးအထဲကေနအေမႊးနံ႔ထူထူထြက္ေနသည္ ။ မိုရွင္းေစးတံခါးတြန္းဖြင့္လိုက္လိုက္ေတာ့႐ြာသူႀကီးရဲ႕အရိပ္ေတာင္မျမင္ရ ။ သူမေမာ့ၾကည့္လိုက္ေတာ့မီးဖိုေပၚကၾကက္စြပ္ျပဳတ္ပူပူကိုေတြ႕လိုက္ရ၏ ။ ၾကက္စြပ္ျပဳတ္ထဲမွာမႈိေတြလည္းေမ်ာေနသည္ ။
မေန႔ကေနအခုထိသူမထမင္းပူပူတစ္နပ္ေတာင္မစားရေသးေပ ။ အစာေျခာက္ေတြပဲစားထားတာေၾကာင့္ဒီစြပ္ျပဳတ္ရဲ႕အရသာကေသခ်ာေပါက္ေကာင္းေလာက္မွာသူမတံေတြးမ်ိဳခ်လိုက္ၿပီးစိတ္ထဲရွိဆာေလာင္မႈကိုတားလိုက္သည္ ။
မိုရွင္းေစးကစိတ္ထဲကေနကိုယ္ႀကိဳက္သလိုတျခားသူရဲ႕ပစၥည္းကိုေလွ်ာက္မစားဖို႔သတိေပးလိုက္ေနခ်ိန္ဘယ္သြားေနမွန္းမသိတဲ့႐ြာသူႀကီးကအျပင္ဘက္ကေနေပၚလာသည္ ။ သူမကိုေတြ႕လိုက္ခ်ိန္မွာမေပ်ာ္မ႐ႊင္နဲ႔ဆိုတယ္ : "နင္ဒီမွာဘာလုပ္ေနတာလဲ?ငါ့စြပ္ျပဳတ္ကိုခိုးေသာက္ေနတာလား?"
"မဟုတ္ဘူးမဟုတ္ဘူး ငါအေတာ္ေလးေမႊးတယ္ထင္လို႔မထိရေသးပါဘူး"မိုရွင္းေစးကရွက္႐ြံ႕စြာဆိုတယ္
႐ြာသူႀကီးကစိုက္ၾကည့္ေနၿပီး : "ဒီၾကက္စြပ္ျပဳတ္ကနင္ေသာက္ဖို႔မဟုတ္ဘူး!"
မိုရွင္းေစးကသည္းမခံႏိုင္တဲ့အမူအရာနဲ႔ဒီ႐ြာသူႀကီးကလည္းသိပ္ၾကမ္းတမ္းတယ္လို႔ထင္သည္ ။ အနံ႔ပဲရွဴမိတာကိုသူကဘာျဖစ္လို႔ဒီလိုမ်ိဳးျဖစ္ေနရတာလဲ
မိုရွင္းေစးရဲ႕အမူအရာကသိသာလြန္းေနတာေၾကာင့္႐ြာသူႀကီးက႐ုတ္တရက္ရပ္သြားၿပီးမိုရွင္းေစးကိုတစ္ခ်က္ၾကည့္လိုက္ရင္းပန္းကန္တစ္လုံးယူလိုက္သည္ ။
သူမအတြက္စြပ္ျပဳတ္ခပ္ထည့္ေပးၿပီးကမ္းလိုက္ရင္း : "႐ြာထဲမွာစည္းကမ္းရွိတယ္ဘယ္အိမ္ကျဖစ္ျဖစ္လူေသသြားရင္လူတိုင္းအဲ့ဒီအိမ္ကိုစြပ္ျပဳတ္တစ္အိုးပို႔ေပးရတယ္ဒီ႐ြာထဲမွာၾကက္သိပ္မရွိေတာ့တာေၾကာင့္.......ဒီတစ္ခြက္ပဲ"
မိုရွင္းေစးကအံ့အားတသင့္ဆိုတယ္ : "ဒါ.......ဒါကရလို႔လား?"
႐ြာသူႀကီးကေခါင္းၿငိမ့္လိုက္ၿပီး : "နင္တစ္ေယာက္ကိုပဲေပးတာနင္လည္းသြားမေျပာနဲ႔ဦး"
"ေက်းဇူးပါေက်းဇူးပါ" မိုရွင္းေစးကေက်းဇူးတင္ေၾကာင္းေျပာၿပီးၾကက္စြပ္ျပဳတ္တစ္ခြက္လုံးကိုဗိုက္ထဲေရာက္ေအာင္ေသာက္ခ်လိုက္တယ္ခႏၶာကိုယ္ကနည္းနည္းေအးေနေပမယ့္စြပ္ျပဳတ္ရဲ႕အရသာကသူမရဲ႕စိတ္အေျခအေနကိုေကာင္းမြန္ေစတယ္ ေတာၾကက္နဲ႔ေတာင္ေပၚမႈိကအစကတည္းကျပည့္စုံတဲ့တြဲဖက္ပဲေျမအိုးထဲနာရီအနည္းငယ္ႏွပ္ထားတာေၾကာင့္လူရဲ႕လွ်ာကိုလတ္ဆတ္ေစသည္ ။ အိမ္ေရွ႕ခန္းထဲျပန္ေရာက္တာေတာင္မိုရွင္းေစးအဲ့ဒီအရသာကိုျပန္သတိရေနတုန္းပဲစုန႔္ခ်င္းေလာ္ကသူတို႔ကိုတစ္ခုခုေျပာေနေပမယ့္ဂ႐ုတစိုက္နားမေထာင္ႏိုင္ေပ ။ ဟယ့္ဟြိဳင္အန္းသူမရဲ႕နာမည္ကိုသုံးေလးႀကိမ္ေလာက္ေခၚလာမွသူမ႐ုတ္တရက္စိတ္ျပန္ေရာက္လာၿပီးဆိုသည္ : "အာ?ဘာျဖစ္လို႔လဲ?"
"နင္ဘာေတြစဥ္းစားေနတာလဲ?" ဟယ့္ဟြိဳင္အန္းကမိုရွင္းေစးရဲ႕ဒီလိုဝိညာဥ္မကပ္တဲ့ပုံစံကိုေတြ႕လိုက္ခ်ိန္မတတ္ႏိုင္ဘဲ : "ငါတို႔နင့္ကိုေမးေနတယ္ေလမင္း႐ြာသူႀကီးကိုရွာမေတြ႕ဘူးလား?သူဘာမွမျဖစ္ဘူးမလား?"
"ေအာ္ေအာ္_" မိုရွင္းေစးကဆိုတယ္ "သူဘာမွမျဖစ္ဘူးအရမ္းေကာင္းတယ္မီးဖိုေခ်ာင္ထဲထမင္းခ်က္ေနတာအေျခအေနေတာ့သိပ္မေကာင္းဘူး ........ငါတို႔ကိုေစာေစာသြားဖို႔ေျပာတယ္ဒီမွာအခ်ိန္မျဖဳန္းနဲ႔ေတာ့တဲ့"
"သူတျခားဟာေရာမေျပာဘူးလား?"စုန႔္ခ်င္းေလာ္ကဆိုတယ္
"တျခားမရွိဘူး" မိုရွင္းေစးကေျပာတယ္ "ဒါေပမဲ့သူေျပာတာအကုန္အမွန္မဟုတ္ဘူးလို႔ထင္တယ္လူေသဒီေလာက္မ်ားတာကေသခ်ာေပါက္ပုံမွန္မဟုတ္ဘူးငါထင္တာကေတာ့လူတစ္ေယာက္ေယာက္လွည့္စားေနတာထင္တယ္"
လင္ပန႔္ရွနဲ႔စုန႔္ခ်င္းေလာ္တို႔ကမေထာက္ခံခဲ့ေပ ။ သူတို႔မ်က္လုံးနဲ႔ကိုယ္တိုင္အေခါင္းထမ္းတဲ့ေကာင္ေလးေသပုံကိုမျမင္လိုက္ရင္သူတို႔လည္းမိုရွင္းေစးလိုေတြးမိမွာပဲ ဒါေပမဲ့ကိစၥကမ်က္စိေရွ႕မွာတင္ျဖစ္သြားတာေၾကာင့္ဆန္းၾကယ္တဲ့ကမာၻထဲစြမ္းအားတစ္ခုက႐ြာထဲမွာေျပာေနသလိုမ်ိဳး႐ြာသားေတြရဲ႕အသက္ကိုႏုတ္ယူသြားတာမ်ားလားဒီ႐ြာကစြမ္းအားတစ္ခုခုက်ိန္စာတိုက္ခံထားရတာမ်ားလား?
ရက္ဆက္႐ြာေနတဲ့မိုးကညေနခင္းက်ေတာ့ရပ္သြားတယ္
လင္ပန႔္ရွနဲ႔စုန႔္ခ်င္းေလာ္ကေန႔ခင္းစာစားၿပီးၿခံဝင္းထဲထိုင္ေနသည္ ။ မိုး႐ြာထားတာေၾကာင့္ေလထုကလတ္ဆတ္ေနသည္ ။ ေဘးနားကအေခါင္းေတြကနည္းနည္းၾကည့္လို႔အဆင္မေျပေပမယ့္ေကာင္းတာကလင္ပန႔္ရွနဲ႔စုန႔္ခ်င္းလ္ောကဒါကိုဂ႐ုမစိုက္ေပ ။ အဲ့ဒါေၾကာင့္လူႏွစ္ေယာက္ကခုံတန္းေပၚထိုင္ေနရင္းမနက္ကသုႆန္အေၾကာင္းေဆြးေႏြးေနလိုက္သည္ ။ ဟယ့္ဟြိဳင္အန္းနဲ႔မိုရွင္းေစးကလည္းေဘးမွာရပ္ေန၏ ။ ဟယ့္ဟြိဳင္အန္းကအဆင္ေျပေနေပမယ့္မိုရွင္းေစးကနည္းနည္းမလြတ္လပ္သလိုပဲ ။ အေခါင္းဘက္ကိုခဏခဏၾကည့္ေနသည္ ။
စုန႔္ခ်င္းေလာ္ကတည္တည္ၿငိမ္ၿငိမ္နဲ႔မနက္ကကိစၥကိုတစ္ေခါက္ေျပာေနရင္းသူမွတ္စုစာအုပ္ရွာေတြ႕ထားတယ္ဆိုတာပါေျပာျပလိုက္တယ္
"စုန႔္လူႀကီးမင္း မင္းမွတ္စုစာအုပ္ရွာေတြ႕တာလား?" ဟယ့္ဟြိဳင္အန္းကေပ်ာ္႐ႊင္အံ့အားသင့္စြာဆိုတယ္
"အင္း" စုန႔္ခ်င္းေလာ္ကေျပာတယ္"အရင္ၾကည့္ရေအာင္"
ဒီမွတ္စုစာအုပ္ကသူတို႔အတြက္ေျပာရရင္အရမ္းအေရးႀကီးတဲ့အရာပဲအလုပ္စည္းကမ္းအရသူတို႔ရွာေတြ႕တဲ့အေသးစိတ္တိုင္းကိုမွတ္စုထဲမွာထည့္မွတ္ရတယ္ အရင္လာတဲ့စစ္ေဆးသူေတြကအျပင္နဲ႔အဆက္အသြယ္ရွိေပမဲ့ခြၽတ္ေခ်ာ္မႈကိုေရွာင္မရတာေၾကာင့္ဒါရွိရင္ကိုအရမ္းအဆင္ေျပေနၿပီ
စုန႔္ခ်င္းေလာ္မွတ္စုစာအုပ္ရဲ႕ပထမဆုံးမ်က္ႏွာကိုဖြင့္ၾကည့္လိုက္ေတာ့မ်က္ႏွာျပင္ေပၚမွာအလြတ္ျဖစ္ေနၿပီးဘာစာလုံးမွလည္းမရွိေပ ။ စုန႔္ခ်င္းေလာ္ကသူအၿမဲသုံးတတ္တဲ့အနက္ေရာင္လက္အိတ္တစ္စုံကိုထုတ္လိုက္ၿပီးလက္ေခ်ာင္းေတြနဲ႔ျဖည္းျဖည္းခ်င္းဝတ္ေနလိုက္တယ္ ထို႔ေနာက္မွတ္စုစာအုပ္ကိုပိတ္လိုက္ၿပီးျဖည္းျဖည္းခ်င္းျပန္ဖြင့္လိုက္ခ်ိန္လြတ္ေနတဲ့စာမ်က္ႏွာေပၚမွာႁပြတ္ႁပြတ္သိပ္သိပ္စာလုံးေတြေပၚလာသည္ ။
ဟယ့္ဟိုင္အန္းနဲ႔မိုရွင္းေစးကေတြ႕ေတာ့မထူးဆန္းေပမယ့္လင္ပန႔္ရွကေတာ့အံ့ဩသြားတယ္
မွတ္စုစာအုပ္ရဲ႕အေပၚဆုံးမွာရက္အေသးစိတ္ေရးထားသည္ ။ လင္ပန႔္ရွအၾကမ္းဖ်ဥ္းၾကည့္လိုက္ခ်ိန္မွတ္တမ္းထက္ဒိုင္ယာရီလို႔ေျပာရင္ပိုသင့္ေတာ္မ
ယ္လို႔ထင္တယ္ သူေန႔တိုင္းထိေတြ႕ေနရတဲ့လူေတြနဲ႔ကိစၥေတြအကုန္လုံးကိုမွတ္ထား၏ ။
အခ်ိန္ကေလးလပိုင္းအစမွာစတယ္ သူတို႔ထူးဆန္းတဲ့ေတာင္ေပၚ႐ြာထဲကိုေရာက္လာတယ္
ေရွ႕ရက္ေတြတုန္းကမွတ္တမ္းကထူးျခားတာတစ္ခုမွမရွိေပမယ့္သူတို႔႐ြာသူႀကီးနဲ႔႐ြာသားေတြကိုထိေတြ႕ဆက္ဆံခဲ့တဲ့မွတ္တမ္းကေနစတယ္ သူတို႔႐ြာထဲကေနရာတိုင္းကိုစစ္ေဆးတဲ့အေျခအေနနဲ႔လင္ပန႔္ရွတို႔ရဲ႕အခုအေျခအေနနဲ႔နီးစပ္တယ္ အဲ့ဒီတုန္းကလူေသဒီေလာက္မမ်ားေသးတာေၾကာင့္အေရွ႕သုႆန္ကအလြတ္ရွိတာပဲကြာတယ္
ေျပာင္းလဲမႈကသူတို႔႐ြာေရာက္ၿပီးငါးရက္အၾကာမွာျဖစ္သြားတာပဲ
အဲ့ဒီတစ္ရက္မိုးသည္းေနခဲ့တယ္
"7:30 ဒီေန႔ရာသီဥတုသိပ္မေကာင္းလို႔ငါတို႔အနီးမွာပဲရွိေနဖို႔ဆုံးျဖတ္လိုက္တယ္ခ်န္႐ႊီသိပ္ေနလို႔မေကာင္းပဲကိုယ္အပူခ်ိန္ကလည္း ေတာက္ေလွ်ာက္တက္ေနတယ္ကိုယ္ေပၚမွာလည္းအဖုထြက္ေနၿပီးလကၡဏာအရတစ္ခုခုနဲ႔ဓာတ္မတည့္သလိုပဲ"
"9:00 ခ်န္႐ႊီအဖုထြက္တာစျပင္းလာၿပီးအသက္ရွဴရလည္းခက္လာတယ္ငါတို႔သူဘာနဲ႔ဓာတ္မတည့္လည္းေသခ်ာရွာေပမယ့္ဓာတ္မတည့္ေစတဲ့အရာကိုရွာမေတြ႕ဘူး ငါဒီေန႔မနက္စားတဲ့မနက္စာကိုစစ္ၾကည့္ေတာ့လည္းအကုန္လုံးကပုံမွန္အစာေတြပဲ ဓာတ္မတည့္တာမရွိဘူး"
"9:30 ငါတို႔ခ်န္႐ႊီကိုအျပင္ပို႔ေပးခ်င္ေပမယ့္ဒီေလာက္ေဝးတဲ့ေတာင္ေပၚလမ္းကေနထြက္သြားလို႔မရဘူး"
"10:18 ခ်န္႐ႊီေသၿပီ ေသတဲ့အေၾကာင္းအရင္းကဓာတ္မတည့္မႈေၾကာင့္လည္ေခ်ာင္းေဖာေရာင္လာၿပီး သူ႔တစ္ကိုယ္လုံးပန္းေရာင္သန္းလာတယ္ လန႔္စရာေကာင္းတဲ့အနီေရာင္အဖုအပိန႔္ေတြအျပည့္ထြက္လာၿပီးထူးဆန္းတဲ့ကူးစက္ေရာဂါတစ္မ်ိဳးလိုပဲ"
"11:00ငါတို႔သူ႔ရဲ႕အေလာင္းကိုစစ္ေဆးၾကည့္ခ်ိန္မွာသူ႔ရဲ႕ေျခေထာက္ေပၚကေနထူးဆန္းတဲ့အေကာင္တစ္ေကာင္ေတြ႕လိုက္ရတယ္ အဲ့ဒီအေကာင္ကိုငါဘယ္တုန္းကမွမျမင္ဖူးဘူး ဒီဟာကခ်န္႐ႊီကိုဓာတ္မတည့္မႈျဖစ္ေစတာ ငါအထက္ကိုေမးခဲ့တယ္ တာဝန္ကဆက္လုပ္ရဦးမယ္"
"12:00လႈံ႕ေဆာ္စမ္းသပ္မႈကိုလုပ္ခဲ့တယ္ ေဟာင္ယုံနရန္64 ေက်ာ္ဟုန္လန္35 အိုက္ေခ်87 ဂဏန္းေတြအကုန္လုံးပုံမွန္မဟုတ္ပဲျမင့္ေနတယ္ အႏၲရာယ္မ်ားတဲ့ဂဏန္းကိုေရာက္ေနၿပီအေျခအေနကေမွ်ာ္လင့္စရာသိပ္မရွိဘူး"
"13:00ဒီေန႔ညေနအဖြဲ႕ခြဲစစ္ၾကည့္ေတာ့ငါေခ်ာင္းဘက္ကိုေသခ်ာေပါက္သြားရမယ္ ငါအဲ့ဒီေနရာကိုမႀကိဳက္ဘူးအဲ့ဒီေနရာနဲ႔နီးသြားတိုင္းငါမသက္မသာခံစားေနရတယ္"
"17:54မူရင္းမွတ္တမ္းတင္သူေဟာင္ယုံနရန္ ေရနစ္ေသသြားတာေၾကာင့္ေက်ာ္ဟုန္လန္ကမွတ္တမ္းတင္သူအျဖစ္ေျပာင္းသြားတယ္သူ႔ကိုယ္ေပၚမွာဘာဒဏ္ရာမွမေတြ႕ဘဲအေလာင္းရဲ႕ပတ္လည္မွာသာ႐ုန္းကန္ခဲ့တဲ့လက္ရာေတြေတြ႕လိုက္ရတယ္တျခားသတင္းေတာ့မရွိေတာ့ပါဘူး"
ေအးစက္စက္စာလုံးေတြကတက္ႂကြမႈမရွိပဲလူကို မေျပာျပတတ္တဲ့ေၾကာက္စရာခံစားခ်က္ကိုေပးေနသည္ ။ သူတို႔ေလးေယာက္လုံးေၾကာက္ဖို႔ေကာင္းတဲ့ေထာင္ေခ်ာက္ထဲက်သြားသလိုမ်ိဳးနည္းနည္းေလးမွ႐ုန္းကန္ဖို႔အခြင့္အေရးမရွိေပ မေတာ္တဆအမ်ိဳးမ်ိဳးေၾကာင့္႐ုတ္တရက္ေသသြားရတယ္
ဓာတ္မတည့္ဘူးေရနစ္တယ္မိုးႀကိဳးပစ္ေသတယ္ၾကည့္လိုက္ရင္ပုံမွန္ေသနည္းျဖစ္ေနေပမယ့္ အခ်ိန္တိုအတြင္းမွာတင္ျဖစ္သြားၾကတာေၾကာင့္မေတာ္တဆမဟုတ္ဘူး
မွတ္စုစာအုပ္ထဲကမွတ္တမ္းေတြကအရမ္းမ်ားေနတာေၾကာင့္က်န္တဲ့သူကဒီကထြက္သြားေတာ့မယ္လို႔ဆုံးျဖတ္ထားပုံပဲဒါေပမဲ့သူတို႔႐ြာထိပ္မွာတင္ကားရပ္ထားတုန္းမထြက္ႏိုင္ေတာ့ေပ ။
ေသခ်ာေပါက္သူတို႔ရဲ႕အေတြ႕အႀကဳံအျပင္ကို႐ြာထဲက႐ြာသားေတြအေၾကာင္းပါအေသးစိတ္ေရးထားသည္ ။ အဲ့ဒီအခ်ိန္တုန္းက႐ြာသားေတြဟာအျပင္လူေတြအေပၚဒီေလာက္ျပင္းျပင္းထန္ထန္မျငင္းပယ္ေသးတာေၾကာင့္႐ြာသားေတြရဲ႕ထူးဆန္းၿပီးေၾကာက္ဖို႔ေကာင္းတဲ့ေသပုံေသနည္းေတြပါအေသးစိတ္မွတ္တမ္းတင္ထားသည္ ။
ေႁမြအဆိပ္မိေသတဲ့အမ်ိဳးအစားမ်ိဳးမေတြ႕ရေပမယ့္လင္ပန႔္ရွအလြန္ဆုံးေသနည္းကိုေတြ႕လိုက္ရတယ္ အဲ့ဒီလူကအိမ္ထဲအိပ္ေနတာ အိပ္ရင္းအိပ္ရင္းကုတင္ေပၚကေနက်သြားတယ္ကုတင္ေပၚကေနျပဳတ္က်တာကတစ္ခါတေလျဖစ္တတ္ေပမယ့္အဲ့ဒီလူရဲ႕သစ္သားကုတင္ၿပိဳက်သြားခ်ိန္သစ္သားရဲ႕က်ိဳးသြားတဲ့ေထာင့္ကခြၽန္ထက္ထက္ေထာင့္ကအဲ့ဒီလူရဲ႕ရင္ဘတ္ကိုေဖာက္ဝင္သြားတယ္ တျခားသူေတြေတြ႕လိုက္ခ်ိန္မွာေတာ့အသက္မရွိေတာ့ေပ ။
"ဒီေသနည္းကသိပ္အလြန္အကြၽံျဖစ္ေနတယ္"လင္ပန႔္ရွတုံ႔ဆိုင္းသြားၿပီးဆိုလိုက္တယ္ "တကယ္လို႔တစ္ေယာက္ေယာက္ကေျခာက္ေနတယ္ဆိုရင္႐ြာထဲမွာ႐ုတ္တရက္ဒီေလာက္လူေတြအမ်ားႀကီးေသဖို႔မျဖစ္ႏိုင္ဘူး"
စုန႔္ခ်င္းေလာ္က႐ုတ္တရက္ေမးတယ္ : "ေဟာင္ယုံနရန္ကေစာင့္ၾကည့္သူလားမွတ္တမ္းတင္သူလား?"
"ေစာင့္ၾကည့္သူ"ဟယ့္ဟြိဳင္အန္းကျပန္ေျဖလိုက္တယ္
"အဲ့ဒါဆိုသူကဘာလို႔မွတ္တမ္းတင္တာလဲ?" စုန႔္ခ်င္းေလာ္ကေမးလိုက္တယ္
"သူတို႔ရဲ႕ဒီအဖြဲ႕ကတျခားသူေတြထက္ထူးျခားတယ္ ေဟာင္ယုံနရန္ကမွတ္တမ္းတင္သူကေနေစာင့္ၾကည့္သူျဖစ္လာတာအဲ့ဒါေၾကာင့္တာဝန္ထမ္းေဆာင္ေနခ်ိန္သူမွတ္တမ္းတင္တာကိုက်င့္သားရေနၿပီ" ဟယ့္ဟြိဳင္အန္းမွရွင္းျပသည္။
စုန႔္ခ်င္းေလာ္ပါးစပ္ပိတ္သြားၿပီးဘာမွမေျပာေတာ့
လင္ပန႔္ရွကဆိုတယ္ : "ဘာျဖစ္လို႔လဲ?ပုံမွန္မဟုတ္တဲ့အေျခအေနရွိလို႔လား?"
စုန႔္ခ်င္းေလာ္ကဆိုတယ္ : "ငါတို႔ေခ်ာင္းေဘးကိုသြားၾကည့္သင့္တယ္"
လင္ပန႔္ရွကေျပာတယ္ : "ေရခပ္တဲ့ေနရာလား?"
"အင္း"စုန႔္ခ်င္းေလာ္ကေျပာတယ္ "ေဟာင္ယုံနရန္ကအဲ့ဒီမွာေသတဲ့အတြက္အဲ့ဒီမွာသဲလြန္စတစ္ခုခုရွိမွာပဲ"
"အခုသြားမွာလား?" လင္ပန႔္ရွေကာင္းကင္ကိုၾကည့္လိုက္တယ္
"မနက္ျဖန္မွေပါ့" စုန႔္ခ်င္းေလာ္ကဆိုတယ္ "ငါအႀကံထပ္ထုတ္လိုက္ဦးမယ္"
ရာသီဥတုမေကာင္းတာေၾကာင့္ေမွာင္တာျမန္သည္ ။ ေကာင္းကင္ကမည္းေမွာင္ေနၿပီးလင္ပန႔္ရွအိပ္ခန္းထဲခဏေလာက္အိပ္လိုက္သည္ ။ ႏိုးလာတဲ့အခ်ိန္စုန္ခ်င္းေလာ္ကိုမေတြ႕မိတာေၾကာင့္ဟယ့္ဟြိဳင္အန္းကိုေမးလိုက္ေတာ့စုန႔္ခ်င္းေလာ္ခုနေလးတင္ထြက္သြားၿပီးျပန္မလာေသးဘူးလို႔ေျပာလာ၏။
"သူတစ္ေယာက္ထဲသြားတာလား?ဒီေလာက္အႏၲရာယ္မ်ားတာကို" လင္ပန႔္ရွနည္းနည္းဂနာမၿငိမ္ျဖစ္ေနၿပီးဒီ႐ြာရဲ႕အေမွာင္ဓာတ္ကဆိုးလြန္းတယ္လို႔ခံစားရ၏ ။ ေနရာေရာလူေတြပါပါေနတယ္
"အဆင္ေျပမွာပါ"ဟယ့္ဟြိဳင္အန္းကစိတ္ေအးလက္ေအးနဲ႔ေျပာသည္ : "စုန႔္လူႀကီးမင္းကသာမန္လူမဟုတ္ဘူးေသခ်ာေပါက္အဆင္ေျပမွာပါ"
လင္ပန႔္ရွေခါင္းပဲညိမ့္လိုက္ၿပီးေခါင္းစဥ္ေျပာင္းလိုက္သည္ : "မင္းဘာလုပ္ေနတာလဲ?"
သူထြက္လာတဲ့အခ်ိန္ဟယ့္ဟြိဳင္အန္းကအခန္းထဲမွာဟိုေလွ်ာက္ဒီေလွ်ာက္လုပ္ေနၿပီးမ်က္ႏွာကလည္းစိုးရိမ္မႈအျပည့္ျဖစ္ေနတယ္
ဟယ့္ဟြိဳင္အန္းကစိုးရိမ္တႀကီးေျပာလာသည္ : "ဖုန္းအခ်က္ျပမရွိဘူး ငါအျပင္ဘက္ကိုသတင္းပို႔ခ်င္လို႔......."
လင္ပန႔္ရွကဆိုတယ္ : "ခုနတုန္းကရွိေနေသးတယ္ေလဘာလို႔အခုမရွိေတာ့တာလဲ?"
"မသိဘူးေလ" ဟယ့္ဟြိဳင္အန္းကေျပာတယ္ "အခ်က္ျပကျပတ္ေတာင္းျပတ္ေတာင္းနဲ႔ ငါခုနကၾကည့္ေတာ့နည္းနည္းေကာင္းေနေသးေတာ့ေပ်ာ္ေနေပမယ့္မထင္ထားတာက႐ုတ္တရက္မရေတာ့ဘူး
"ေအာ္"လင္ပန႔္ရွကိုယ့္ဖုန္းကိုၾကည့္လိုက္ေတာ့လည္းအခ်က္ျပမရွိေပ ။ သူကဆိုတယ္ : "မိုရွင္းေစးေရာ?ဘာလို႔သူမကိုမေတြ႕ရတာလဲ?"
"သူမ?သူမကၿခံထဲမွာရွ္ိတယ္" ဟယ့္ဟြိဳင္အန္းကေျပာတယ္
လင္ပန႔္ရွၿခံထဲသြားေတာ့ၿခံေထာင့္မွာရပ္ေနတဲ့မိုရွင္းေစးကိုေတြ႕လိုက္ရတယ္သူမရဲ႕မ်က္ႏွာကေပ်ာ့ေပ်ာင္းျဖဴေရာ္ေနၿပီးလင္ပန႔္ရွကိုၾကည့္တဲ့အၾကည့္ကရႈပ္ေထြးတဲ့ခံစားခ်က္ေတြျပည့္ေနသည္ ။
လင္ပန႔္ရွကအဲ့ဒါကိုေတြ႕လိုက္ခ်ိန္မွာသူမကိုဘာျဖစ္လို႔လဲလို႔အထူးအဆန္းေမးလိုက္တယ္
"နင္..........ထူးဆန္းတဲ့အသံေတြၾကားမိလား?" မိုရွင္းေစးကအသံတိုးတိုးနဲ႔ဆိုတယ္
"ဘာအသံလဲ?"လင္ပန႔္ရွမ်က္ႏွာမွာနားမလည္မႈေတြျပည့္သြားသည္
"႐ႊီး႐ႊီး......."မိုရွင္းေစးကဆိုတယ္ "နင္အသံနည္းနည္းတိုးၿပီးေသခ်ာနားေထာင္ၾကည့္......."
လင္ပန႔္ရွအသက္ရွဴတာရပ္ၿပီးေသခ်ာနားေထာင္ၾကည့္ေပမယ့္ဘာမွမၾကားရေပ ။ မိုရွင္းေစးကသူ႔အမူအရာကိုျမင္လိုက္ခ်ိန္အေလာတႀကီးျဖင့္ : "နင္ဘာလို႔မၾကားရတာလဲ?!အဲ့ဒီကေနအဲ့ဒီကေနထြက္လာတာ" သူမကၿခံဝင္းထဲရွိအေခါင္းေတြကိုလက္ညႇိဳးထိုးလိုက္သည္ ။
လင္ပန႔္ရွတိတ္သြားၿပီးဆိုသည္ : "အေခါင္းကေနအသံထြက္ေနတယ္လို႔နင္ေျပာလိုက္တာလား?"
မိုရွင္းေစးကအျပင္းအထန္ေခါင္းညိမ့္ျပလာသည္ ။ သူမရဲ႕စိတ္ကအစြန္းေရာက္ေနသလိုမ်ိဳး : "နင္ေသခ်ာနားေထာင္ၾကည့္အထဲကလူကလက္နဲ႔ေခါက္ေနတာ"
လင္ပန႔္ရွမိုရွင္းေစးကိုတစ္ခ်က္ၾကည့္လိုက္ၿပီးအေခါင္းကိုထပ္ၾကည့္လိုက္သည္ ။ လွည့္ထြက္သြားၿပီးအေခါင္းေရွ႕ေရာက္ေတာ့ဆိုလိုက္တယ္ : "ဒီတစ္ခုလား?"
မိုရွင္းေစးကေခါင္းရမ္းလိုက္ရင္း : "အတြင္းအက်ဆုံးမွာရွိေနတဲ့ဟာ"
လင္ပန႔္ရွအတြင္းဘက္ကိုေလွ်ာက္သြားလိုက္ေတာ့အေခါင္းရဲ႕သစ္သားအရည္အေသြးကအေတာ္ေလးေကာင္းတယ္ ေဆးကလည္းအမည္းေရာင္ထူထူေလးသုတ္ထားသည္ ။ အေပၚဘက္မွာမိုး႐ြာထားတာေၾကာင့္မေျခာက္ေသးတဲ့အစြန္းတစ္ခုေတာ့ရွိေနသည္ ။ ေရကအေခါင္းထဲစိမ့္ေနလားေတာ့မသိေပ ။
လင္ပန႔္ရွေျဖးေျဖးခ်င္းေခါင္းငုံ႔လိုက္ၿပီးစိုစြတ္ေနတဲ့အေခါင္းေပၚနား႐ြက္အပ္လိုက္သည္ ။ သူ႔ရဲ႕ႏွာေခါင္းကေနႏွာေခါင္းယားေစတဲ့စိုစြတ္နံ႔ကိုရလိုက္သည္ ။
ဘာအသံမွမရွိပါဘူးလင္ပန႔္ရွကေခါင္းေမာ့လိုက္ရင္းဆိုသည္ : "ဘာအသံမွမရွိပါဘူး............"
အသံထြက္လာသည္ ။ သူေဖ်ာ့ေတာ့ေသးငယ္တဲ့ဒုန္းဒုန္းဆိုတဲ့အသံကိုၾကားလိုက္ရတယ္ အဲ့ဒီအသံကတိတ္ဆိတ္ေနတဲ့ၿခံဝင္းထဲနားနားကပ္ေနသလိုပဲ လင္ပန႔္ရွလ်စ္လ်ဴရႈခ်င္ရင္ေတာင္မရႈႏိုင္ေပ ။ ၿပီးေတာ့အသံလာရာကသူ႔ေဘးကေခါင္းတလားကေနျဖစ္ေနတာပဲ
"ၾကားလိုက္တယ္မလားၾကားရတယ္မလား?"မိုရွင္းေစးကလင္ပန႔္ရွအမူအရာေျပာင္းသြားတာကိုေတြ႕ေတာ့သူေသခ်ာေပါက္ၾကားလိုက္မယ္ဆိုတာသိလိုက္တယ္သူမကခုန္ေပါက္ေတာ့မလိုေပ်ာ္႐ႊင္သြားရင္း : "ငါထင္ေယာင္ထင္မွားျဖစ္ေနတာမဟုတ္ဘူးတကယ္ၾကားလိုက္တာ!"
"ဒုန္းဒုန္းဒုန္း........" သုံးခ်က္ဆက္တိုက္ျမည္သြားၿပီးအေခါင္းထဲကေနအဆက္မျပတ္ျမည္သြား၏ ။ လင္ပန႔္ရွရဲ႕စိတ္ကလည္းတျဖည္းျဖည္းေလးနက္လာၿပီးအိမ္ခန္းထဲလွည့္သြားလိုက္သည္ ။
မိုရွင္းေစးကသူ႔ကိုဘယ္သြားမလဲေမးလာသည္ ။
"ငါဟယ့္ဟြိဳင္အန္းကိုသြားေခၚမလို႔"လင္ပန႔္ရွကေျပာတယ္ "အေခါင္းဖြင့္ၿပီးၾကည့္ရမယ္"
"ဖြင့္လို႔မရဘူး" မိုရွင္းေစးကေၾကာက္လန႔္တၾကားဆိုလာတယ္ : "ဖြင့္ၿပီးသြားရင္မျမင္သင့္တဲ့အရာတစ္ခုခုေတြ႕သြားမွာမေၾကာက္ဘူးလား?"
လင္ပန႔္ရွကအထူးအဆန္းဆိုတယ္ : "မျမင္သင့္တာဘာရွိလို႔လဲ?"
မိုရွင္းေစးကပ်ာယာခတ္သြားၿပီးလင္ပန႔္ရွကိုတားခ်င္ေနသည္ : "နင္ဘယ္လိုလုပ္အေျခခံအသိတရားေလးေတာင္မရွိရတာလဲေစာင့္ၾကည့္သူဆိုရင္ေတာင္____လႈံ႕ေဆာ္မႈကလည္းအဆုံးရွိတယ္ မၾကည့္သင့္တာၾကည့္မိရင္နားမေထာင္သင့္တာနားေထာင္မိရင္အကုန္႐ူးကုန္လိမ့္မယ္!!"
လင္ပန႔္ရွမွာတကယ္လည္းအသိတရားမရွိေပမယ့္စုန႔္ခ်င္းေလာ္အလုပ္လုပ္ရန္ေခၚလာသည္ပင္ ။ မိုရွင္းေစးရဲ႕အျပစ္တင္တာကိုခံလိုက္ရခ်ိန္သူအထူးအဆန္းျဖစ္သြားၿပီးေမးလိုက္၏ : "မဖြင့္နဲ႔နင္အထဲမွာဘာရွိလဲဆိုတာဘယ္လိုသိတာလဲ?႐ြာရဲ႕လွ်ိဳ႕ဝွက္ခ်က္နဲ႔ပတ္သက္ေနတာမဟုတ္လားအဲ့ဒါကဈာပနကေနလာတာမလား?"
မိုရွင္းေစးစကားမေျပာေတာ့ေပ ။
"နင္အဆင္ေျပေနေသးရဲ႕လား?"လင္ပန႔္ရွမ်က္ေမွာင္က်ဳံ႔ရင္းဆိုလိုက္တယ္
လင္ပန႔္ရွကအရင္ေနရာမွာပဲရပ္ေနၿပီးစကားမေျပာေတာ့ေပ ။ ခဏေလာက္ၾကာေတာ့သူမအသံနိမ့္နိမ့္နဲ႔ေျပာလာ၏ : "နင္သြားလိုက္ပါ ငါကအရည္အခ်င္းျပည့္မီတဲ့မွတ္တမ္းတင္သူမဟုတ္ဘူး"
လင္ပန႔္ရွအခန္းထဲဝင္သြားလိုက္ၿပီးကိစၥေတြကိုဟယ့္ဟြိဳင္အန္းနဲ႔ေျပာလိုက္တယ္သူနဲ႔ကိုယ္တိုင္ထြက္လာေစ၏ ။ အေခါင္းကိုဖြင့္လိုက္ၿပီးအထဲကအေျခအေနကိုစစ္ၾကည့္လိုက္သည္ ။
ဟယ့္ဟြိဳင္အန္းကလင္ပန႔္ရွရဲ႕ရွင္းခ်က္ကိုနားေထာင္ၿပီးအံ့ဩသြားရင္းဆိုတယ္ : "မင္းနားၾကားမမွားဘူးမလား?တကယ္ပဲအေခါင္းထဲကေနၾကားလိုက္တာလား?"
လင္ပန႔္ရွကေျပာတယ္ : "ဟုတ္တယ္ငါၾကားလိုက္တာေသခ်ာတယ္"
ဟယ့္ဟြိဳင္အန္းကမိုရွင္းေစးထက္အမ်ားႀကီးတည္ၿငိမ္ေနလ်က္မတ္တပ္ရပ္လိုက္ရင္းဆိုလာသည္ : "သြားမယ္အတူသြားၾကည့္ရေအာင္" ႏွစ္ေယာက္သားၿခံထဲတစ္ေခါက္ျပန္လာလိုက္သည္ ။
ဟယ့္ဟြိဳင္အန္းကလင္ပန႔္ရွလိုပဲအေခါင္းေပၚနားအပ္ရင္းခဏေလာက္ေသခ်ာနားေထာင္ၾကည့္လိုက္ၿပီးမ်က္ႏွာေျပာင္းသြားသည္ : "တကယ္.....ရွိတယ္"
လင္ပန႔္ရွသူမူမမွန္တာေတြ႕ေတာ့စလိုက္သည္ : "ဘာျဖစ္လို႔အဲ့ဒီေလာက္ေၾကာက္သြားတာလဲလူေသကေရာျပန္မရွင္လာႏိုင္ဘူးလား?" သူကစလိုက္ေပမယ့္မထင္ထားတာကဟယ့္ဟြိဳင္အန္းနဲ႔မိုရွင္းေစးကဒီစကားကိုၾကားလိုက္ခ်ိန္တစ္ခ်ိန္ထဲမွာပဲမ်က္ႏွာကၾကည့္ရဆိုးသြားသည္ ။
ဟယ့္ဟြိဳင္အန္းကခက္ခက္ခဲခဲၿပဳံးလိုက္ရင္းဆိုတယ္ : "လင္......လူႀကီးမင္း မင္းကပထမဆုံးတာဝန္ထမ္းေဆာင္တာဆိုေတာ့သိပ္မသိေလာက္ဘူးငါတို႔ဒီလိုကိစၥမ်ိဳးကိုႀကဳံခဲ့ဖူးတယ္" သူႏွာေခါင္းေပၚကေခြၽးေအးေတြကိုသုတ္လိုက္ၿပီးတည္ၿငိမ္ေနတဲ့လင္ပန႔္ရွကိုရွင္းျပလာသည္ : "ေသလူကျပန္ရွင္လာတာမ်ိဳးငါတို႔ေတြ႕ရခဲတာမ်ိဳးလုံးဝမရွိဘူး ေတြ႕တဲ့အခ်ိန္တိုင္းလည္းသိပ္လိုက္ေလ်ာညီေထြမရွိဘူး"
လင္ပန႔္ရွ ခ်န္ယြိလ်ိဳရဲ႕ကိစၥကိုစဥ္းစားမိၿပီးဒီလိုျဖစ္ရပ္မ်ိဳးကိုသာမန္လူကမသက္မသာခံစားရမွာပုံမွန္ပါပဲ
"အဲ့ဒါဆိုဖြင့္ၾကမလား?ဒါမွမဟုတ္စုန႔္ခ်င္းေလာ္လာမွထပ္ေျပာၾကမလား?"လင္ပန႔္ရွသူ႔ရဲ႕မ်က္ႏွာသိပ္မေကာင္းတာကိုေတြ႕လိုက္ေဝာ့ာေလးေလးနက္နက္ေမးလိုက္သည္ ။
"မဟုတ္ဘူးမဟုတ္ဘူးအခုဖြင့္လိုက္ရင္ေရာ?" ဟယ့္ဟြိဳင္အန္းကေျပာတယ္ "စုန႔္လူႀကီးမင္းကဘယ္အခ်ိန္ျပန္လာမယ္လည္းမသိဘူးေလ"
သူကေျပာေနရင္းအေခါင္းရဲ႕ေထာင့္တစ္ေနရာကိုကိုင္လိုက္ၿပီးလင္ပန႔္ရွအားမ်က္စပစ္ျပလာသည္ ။ လင္ပန႔္ရွနားလည္တာေၾကာင့္တျခားတစ္ဖက္ကိုကိုင္လိုက္၏ ။ ထို႔ေနာက္တစ္ခ်ိန္ထဲမွာပဲဟယ့္ဟြိဳင္အန္းနဲ႔အတူအေခါင္းအဖုံးကိုလွန္ခ်လိုက္သည္ ။ အဖုံးပြင့္သြားခ်ိန္မွာပဲရွဴရခက္တဲ့အသားပုပ္နံ႔ကတိုးထြက္လာသည္ ။ လင္ပန႔္ရွေသခ်ာၾကည့္လိုက္ေတာ့နည္းနည္းေလးမွအသက္ရွိမေနတဲ့အေလာင္းကိုေတြ႕လိုက္ရ၏ ။ မိုး႐ြာထားတာေၾကာင့္ေခါင္းတလားထဲမွာမနည္းတဲ့မိုးေရေတြရွိေနသည္ ။ အေလာင္းကလည္းနည္းနည္းေဖာေန၏ ။
ဟယ့္ဟြိဳင္အန္းကတစ္ခ်က္ၾကည့္လိုက္ၿပီးခက္ခက္ခဲခဲေခါင္းလွည့္သြားသည္ ။ လည္ေခ်ာင္းကေနအဆက္မျပတ္ပ်ိဳ႕တက္လာတာေၾကာင့္အန္ခ်င္စိတ္ကိုထိန္းထားရသည္ ။
လင္ပန႔္ရွကေတာ့စိတ္ေအးလက္ေအးနဲ႔အေခါင္းထဲကိုတစ္ေခါက္စစ္ၾကည့္လိုက္၏ ။ ပုံမွန္မဟုတ္တဲ့အသံရဲ႕လားရာကိုရွာေတြ႕လိုက္သည္ ။ ေခါင္းတလားရဲ႕ေထာင့္မွာအစိမ္းေရာင္ဖားတစ္ေကာင္ရွိေနၿပီးသူ႔ရဲ႕မည္းနက္နက္မ်က္လုံးေတြနဲ႔ၾကည့္ေနရင္းပါးစပ္ကလည္းေဖာင္းလိုက္ပိန္လိုက္ျဖစ္ေနသည္ ။ ခဏေလးအတြင္းမွာပဲအျပင္ကိုတစ္ခ်က္ခုန္လိုက္သည္ ။
"လူမဟုတ္ဘူးဖားတစ္ေကာင္ပဲ" လင္ပန႔္ရွကဆိုတယ္
ဟယ့္ဟြိဳင္အန္းကေျပာတယ္ : "ဖား?အေခါင္းထဲမွာဘယ္လိုလုပ္ဖားရွိေနတာလဲ.........."
လင္ပန႔္ရွကဆိုတယ္ : "မိုး႐ြာတဲ့ေန႔ေတြတုန္းကသတိမထားမိလိုက္ခင္ဝင္သြားတာျဖစ္မယ္" သူကေျပာရင္းအေခါင္းထဲကဖားကိုယူလိုက္ၿပီးခႏၶာကိုယ္ေကြးလိုက္ရင္း႐ႊံ႕ထဲလႊတ္ေပးလိုက္သည္ ။ ခုန္ရင္းခုန္ရင္းေပ်ာက္ကြယ္သြားတာကိုၾကည့္လိုက္ၿပီးလင္ပန႔္ရွျပန္ထလိုက္ခ်ိန္ေဘးမွာခ်ထားတဲ့ေခါင္းတလားရဲ႕အဖုံးကေနပုံမွန္မဟုတ္တဲ့အစြန္းအထင္းမ်ိဳးကိုေတြ႕လိုက္သည္ ။ သူတိတ္သြားၿပီးအျမင္မွားေနတာလို႔ထင္ခဲ့တယ္ ၿပီးေတာ့သူေဆာင့္ေဆာင့္ထိုင္လိုက္ၿပီးေသခ်ာစစ္ၾကည့္လိုက္ခ်ိန္မွာအျမင္မမွားဘူးဆိုတာသိလိုက္ရတယ္
အေခါင္းရဲ႕အဖုံးအတြင္းဘက္ထိပ္မွာျခစ္ရာေတြႁပြတ္သိပ္ေနတယ္ၾကက္ေသြးနီေရာင္ေသြးရာေတြကထူးထူးျခားျခားမူးေနာက္ေစ၏ ။
သစ္သားကအရမ္းမာေနတာေၾကာင့္အားထည့္ထားတဲ့လက္သည္းေၾကာင့္သာအရာက်န္ခဲ့ျခင္းပင္ ။ လင္ပန႔္ရွမတ္တပ္ရပ္လိုက္ၿပီးပုပ္ပြေနတဲ့အေလာင္းကိုျပန္ၾကည့္လိုက္သည္ ။ အေလာင္းရဲ႕လက္သည္းကမိုးေရေၾကာင့္ေဖာင္းေနေပမယ့္အရင္အတိုင္းအမာ႐ြတ္ရွိေနတုန္းပဲ သူ႔ရဲ႕လက္သည္းကအကုန္က်ိဳးနီးၿပီးတစ္ခ်က္ၾကည့္လိုက္တာနဲ႔သူ႔ရဲ႕ေမွ်ာ္လင့္ခ်က္မဲ့မႈကိုျမင္ေနရ၏ ။
"ဒါဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ......." လင္ပန႔္ရွေရ႐ြတ္လိုက္တယ္ "ဒီအေခါင္းကအစကတည္းကသံမ႐ိုက္ကေသးတာကိုသူဘာလို႔ဖြင့္မရတာလဲ?"
ဟယ့္ဟြိဳင္အန္းကလင္ပန႔္ရွရဲ႕စကားကိုၾကားေတာ့တစ္ခုခုကိုနားလည္လိုက္သလိုေျခတစ္လွမ္းေနာက္ဆုတ္လိုက္ရင္းအသံနိမ့္နိမ့္ျဖင့္ဆိုသည္ : "ဒီထဲက႐ြာသားကျပႆနာမ်ားျဖစ္ေနမလား?"
လင္ပန႔္ရွကခဏေလာက္တိတ္သြားၿပီးသူလည္းမသိေၾကာင္းေခါင္းရမ္းျပလာသည္ ။
ေလထုကခဏေလာက္ေအးစက္သြားသည္ ။ လင္ပန႔္ရွစဥ္းစားေနခ်ိန္မွာပဲအေနာက္ဘက္ကေန႐ြာသူႀကီးရဲ႕အသံထြက္လာသည္ ။ သူသည္ေဒသိယစကားျဖင့္ ေဒါသတႀကီး ေအာ္ဟစ္ေနသည္။ လင္ပန႔္ရွနဲ႔သူတို႔မေျပာမိပဲဖြင့္လိုက္သည္အတြက္မေက်နပ္သလိုပင္ ။ လက္သီးကိုေဝွ႔ရမ္းလာရင္းလူ႐ိုက္ဖို႔လာသည္ ။
ဟယ့္ဟြိဳင္အန္းကအေလာတႀကီးရွင္းျပ၏ : "႐ြာသူႀကီး ခင္ဗ်ားစိတ္မဆိုးပါနဲ႔ငါတို႔ဒီအေခါင္းထဲလႈပ္ရွားသံတစ္ခုခုၾကားလိုက္မိလို႔ဖြင့္လိုက္တာပါ"
"အေခါင္းထဲလႈပ္ရွားသံရွိတယ္?!အေခါင္းထဲမွာဘယ္လိုလုပ္အသံရွိေနရမွာလဲ!!" ႐ြာသူႀကီးကေအာ္ဟစ္ေန၏ : "မင္းတို႔အျပင္ကေနလာတဲ့သူေတြက ေသသြားတဲ့သူကိုေစာ္ကားေနတာလား?!သူကေသသြားတာေတာင္သူတို႔ကိုမင္းမၿငိမ္းခ်မ္းေစခ်င္ဘူးလား??"
လင္ပန႔္ရွပ်ာယာခတ္သြားရင္း : "႐ြာသူႀကီးငါတို႔အေခါင္းထဲကေနတခ်ိဳ႕ကိုရွာေတြ႕ထားတယ္"
႐ြာသူႀကီးကေအးစက္စက္ဆိုတယ္ : "ဘာလဲ?"
လင္ပန႔္ရွမွေျပာသည္ : "သူအေခါင္းထဲထည့္ခံရတုန္းကမေသေသးဘူး"
႐ြာသူႀကီးတစ္ခ်က္တိတ္သြား၏ ။
"ခင္ဗ်ားၾကည့္ၾကည့္" လင္ပန႔္ရွအေခါင္းေပၚကထင္ရွားေနတဲ့လက္သည္းရာေတြကိုၫႊန္ျပလိုက္ၿပီး : "ခင္ဗ်ားဒီလက္သည္းရာေတြကိုၾကည့္လိုက္သူလုပ္ခဲ့တာ"
႐ြာသူႀကီးကလင္ပန႔္ရွျပတဲ့ေနရာကိုၾကည့္ၿပီးေနာက္မွာအၾကည့္ေျပာင္းသြားသည္ ။ သူ႔ရဲ႕ရင္ဘတ္ကအျပင္းအထန္တက္လိုက္က်လိုက္ျဖစ္ေနရင္းအသံျပာႀကီးႏွင့္ဆိုသည္ : "ဘယ္လိုလုပ္ဒီလိုျဖစ္ႏိုင္မွာလဲဘယ္လိုလုပ္ဒီလို!!"
လင္ပန႔္ရွနဲ႔ဟယ့္ဟြိဳင္အန္းကအခ်င္းခ်င္းတစ္ခ်က္ၾကည့္လိုက္ၿပီးသူကဆိုတယ္ : "တျခားအေခါင္းေတြေရာတစ္ခ်က္ဖြင့္စစ္မလား?"
႐ြာသူႀကီးရဲ႕မ်က္ႏွာကျပာသြားၿပီးအခ်ိန္အေတာ္ၾကာစကားမေျပာေတာ့
ဟယ့္ဟြိဳင္အန္းကစကားဆက္လိုက္၏ : "ဖြင့္ၾကည့္မယ္စိတ္ထဲရွင္းသြားေအာင္"
႐ြာသူႀကီးမတားတာေတြ႕ေတာ့ႏွစ္ေယာက္သားစလႈပ္ရွားလိုက္သည္ ။
လင္ပန႔္ရွနဲ႔ဟယ့္ဟြိဳင္အန္းကတျဖည္းျဖည္းနဲ႔တျခားေခါင္းတလားေတြကိုပါလိုက္ဖြင့္ၾကသည္ ။ တစ္ခုဖြင့္တိုင္း႐ြာသူႀကီးရဲ႕မ်က္ႏွာကတစ္ခါေျပာင္းလဲေနရင္းေနာက္ဆုံးလူေသတစ္ေယာက္မ်က္ႏွာလိုမ်ိဳးျဖဴေဖ်ာ့သြားသည္ ။ ေခါင္းတလားတိုင္းရဲ႕အဖုံးေပၚမွာလက္သည္းရာမ်ားျပည့္သိပ္ေနလ်က္ရွိေန၏ ။ ဒီသုံးေယာက္ကအေခါင္းထဲအထည့္ခံရခ်ိန္တုန္းကအသက္ရွင္ေနတုန္းပဲ သူတို႔အေခါင္းထဲမွာလွဲေနရင္းအကူအညီမဲ့စြာနဲ႔ေခါင္းထိပ္ရွိသစ္သားအဖုံးကိုကုတ္ေန႐ုံသာဘယ္လိုမွတြန္းဖြင့္၍မရေပ.........ဒီလိုနဲ႔ပဲအေၾကာက္တရားထဲမွာေမွ်ာ္လင့္ခ်က္မဲ့ရင္းေသသြားရ၏ ။
႐ြာသူႀကီးရဲ႕ေျခေထာက္ကတစ္ခ်က္ယိုင္သြားၿပီးၿခံထဲရွိညစ္ပတ္ေနတဲ့႐ႊံ႕ထဲေခ်ာ္က်သြားသည္ ။ ဒါကိုလင္ပန႔္ရွျမင္ေတာ့အေလာတႀကီးသူ႔ကိုဆြဲကိုင္လိုက္သည္ ။ ထို႔ေနာက္ဟယ့္ဟြိဳင္အန္းကိုအေခါင္းမ်ားအားအဖုံးျပန္ဖုံးရန္မ်က္ရိပ္ျပလိုက္သည္ ။
"႐ြာသူႀကီးဘယ္လိုျဖစ္တာလဲ?" ႐ြာသူႀကီးရဲ႕တုံ႔ျပန္ခ်က္ကသူဘာမွမသိသလိုပင္ ။ လင္ပန႔္ရွေမးလိုက္တယ္
"မသိဘူးမသိဘူးသူတို႔ေတြကေသၿပီးသားေတြေလ"႐ြာသူႀကီးကတုန္တုန္လႈပ္လႈပ္နဲ႔ဆိုလာသည္ : "အသက္မရွဴဘူး ႏွလုံးမခုန္ဘူး လူေသမဟုတ္ဘူးလား?"
လင္ပန႔္ရွသတိထားလိုက္ၿပီးသူ႔ကိုအခန္းထဲျပန္တြဲလာရင္းေျပာသည္ :ခင္ဗ်ားငါ့ကိုေသခ်ာေျပာျပေပးပါလား??"
႐ြာသူႀကီးကမ်က္ႏွာတစ္ခုလုံးေခြၽးေစးျပန္ေနရင္းေျပာတယ္ : "ဒီလူေတြကငါ့ေဆြမ်ိဳးေတြ႐ြာထဲလူအၿမဲေသေနေတာ့အကုန္လုံးကအက်င့္ျဖစ္ေနၾကၿပီသူတို႔မိသားစုလြန္ခဲ့တဲ့ရက္ကပဲေယာက်ာ္းက႐ုတ္တရက္ဖ်ားေသတယ္ဈာပနလုပ္ၿပီးၿပီးခ်င္းမွာပဲတျခားသူေတြျဖစ္တယ္" သူ႔အသံကတုန္ေနသည္ "သူတို႔ေသတာအရမ္းထူးဆန္းတယ္ပထမရက္မွာေကာင္းေသးတယ္ဒုတိယရက္မွာတစ္အိမ္လုံးအသက္မရွိၾကေတာ့ဘူးလူေတြေတြ႕တဲ့အခ်ိန္မွာအေလာင္းကေအးစက္ေနခဲ့ၿပီဒီ႐ြာထဲကအေခါင္းေတြကသုံးလို႔ေတာင္မေလာက္ဘူးငါကိုယ့္ဘာသာကိုယ္ဆုံးျဖတ္လိုက္ၿပီးသူတို႔ကိုအေခါင္းထဲအရင္ထည့္ထားတာ ေန႔ေကာင္းရက္ေကာင္းတစ္ရက္ရက္ရွာခ်င္ၿပီးသုႆန္ကိုသြားပို႔ခ်င္ခဲ့တာ"
လင္ပန႔္ရွကဆိုတယ္ : "လတ္စသတ္ေတာ့ဒီလိုကိုး.......အဲ့ဒီအေခါင္းမွာပုံမွန္မဟုတ္တဲ့ဟာရွိလား?"
"မရွိဘူး" ႐ြာသူႀကီးကေျပာတယ္ "အစကအေခါင္းေတြကိုဟယ္အဘိုးႀကီးရဲ႕ဘက္မွာထားတာဒါေပမဲ့လူအရမ္းမ်ားတာမလို႔အဲ့ဒီဘက္မွာထားမရေတာ့ဘူးငါ့ၿခံထဲမွာပဲရက္နည္းနည္းအရင္ထားဖို႔စိတ္ကူးခဲ့တယ္......."သူကစိတ္ပ်က္ေနၿပီး "ဘယ္လိုလုပ္ဒီလိုျဖစ္ရတာလဲဘယ္လိုလုပ္ဒီလိုျဖစ္ရတာလဲ........."
လင္ပန႔္ရွကဆိုတယ္ : "ခင္ဗ်ားတို႔ေသတဲ့အေၾကာင္းအရာကိုစစ္ၾကည့္ခဲ့ေသးလား?"
႐ြာသူႀကီးကေခါင္းရမ္းလိုက္ၿပီးခါးခါးသီးသီးၿပဳံးလိုပ္ရင္းဆိုသည္ : "႐ြာထဲကေသတဲ့အေၾကာင္းအရင္းေတြကထူးဆန္းေထြလာေတြခ်ည္းအေၾကာင္းအရင္းရွာဖို႔အရမ္းခက္တယ္ဒါေပမဲ့သူတို႔ရဲ႕ကိုယ္ေပၚမွာအျပင္ဒဏ္ရာမရွိတာပဲ........."
လင္ပန႔္ရွအေတြးထဲလည္ေန၏ ။
ဟယ့္ဟြိဳင္အန္းအေခါင္းကိုအဖုံးေတြအုပ္ၿပီးေတာ့တစ္ကိုယ္လုံးေခြၽးျပန္ထြက္ေန၏ ။ မိုရွင္းေစးကသူ႔ေနာက္လိုက္ေနၿပီးေၾကာက္လန႔္ေနသည္။ ဟယ့္ဟြိဳင္အန္းသူမမ်က္ႏွာမေကာင္းတာေတြ႕ေတာ့သူမကိုဘယ္ေနရာအဆင္မေျပျဖစ္ေနလဲေမးလိုက္သည္ ။
"နည္းနည္းေအးေနတယ္အေအးမိတာျဖစ္မယ္"မိုရွင္းေစးကႏွာေခ်လိုက္ၿပီးႏွာေခါင္းကိုပြတ္လိုက္သည္ : "စစခ်င္းလာတဲ့အခ်ိန္ကမိုးနည္းနည္းစိုသြားတယ္......."
ဟယ့္ဟြိဳင္အန္းကသူမကိုဂ႐ုတစိုက္ရွိေနေသး၏ : "အဲ့ဒါဆိုနင္ေသာက္ဖို႔ငါေဆးသြားယူေပးမယ္"
"နင့္ကိုအလုပ္ရႈပ္ေစမိၿပီ" သူမအားနည္းစြာေဘးမွာထိုင္လိုက္ရင္းစိတ္ဓာတ္က်ေနသည္ ။
႐ြာသူႀကီးကေၾကကြဲမႈကေနမထြက္လာႏိုင္ေသး၍လင္ပန႔္ရ်အသံနိမ့္နိမ့္နဲ႔သူ႔ကိုႏွစ္သိမ့္ေနလိုက္သည္ ။ ဒီကိစၥကတိုက္ဆိုင္မႈျဖစ္တာမလို႔မိမိကိုယ္ကိုအျပစ္မတင္ရန္ေျပာလိုက္သည္ ။
"တိုက္ဆိုင္မႈဘယ္မွာဒီေလာက္မ်ားတဲ့တိုက္ဆိုင္မႈရွိလို႔လဲ?"႐ြာသူႀကီးကထုံထႈိင္းစြာေျပာသည္ : "ငါတို႔႐ြာကက်ိန္စာအတိုက္ခံရလို႔ပဲေနမွာ"
"ဒါေပမယ့္က်ိန္စာအတိုက္ခံရတာလည္းအေၾကာင္းအရင္းရွိရမယ္မလား?"လင္ပန႔္ရွကဆိုတယ္ : "ခင္ဗ်ားတို႔စဥ္းစားလို႔ရတာေရာမရွိဘူးလား?"
႐ြာသူႀကီးကေခါင္းပဲရမ္းလာၿပီးစကားမေျပာေပ
ဟယ့္ဟြိဳင္အန္းကမိုရွင္းေစးကိုေဆးေပးလိုက္ၿပီးသူမေဆးေသာက္ၿပီး
ေတာ့အိပ္ခိုင္းလိုက္သည္။ မိုရွင္းေစးကေဆးေသာက္ၿပီးေတာ့ေအးတာေၾကာင့္သူမေရေႏြးနဲ႔ေရခ်ိဳးခ်င္ေၾကာင္းေျပာလာ၏ ။
"နင္သြားေလတစ္ခုခုရွိရင္ငါ့ကိုေခၚလိုက္ေနာ္" ဟယ့္ဟြိဳင္အန္းကလုပ္ေဖာ္ကိုင္ဖက္အသစ္ကိုစိတ္ပူေနေသးသည္ ။
မိုရွင္းေစးေခါင္းညိမ့္လိုက္သည္ ။
႐ြာရွိေရခ်ိဳးခန္းက႐ိုးရွင္းၿပီးအၾကမ္းထည္ဆန္ေနေပမယ့္ေကာင္းတာကေရအပူေပးစက္ရွိေနျခင္းပင္ ။ ခဏေလာက္က်ိဳဖို႔ပဲလိုသည္ ။ မိုရွင္းေစးကေရက်က္တာကိုေစာင့္လိုက္ၿပီးေရခ်ိဳးဝတ္လဲလိုက္၏ ။ ထို႔ေနာက္ေရခ်ိဳးခန္းထဲဝင္လိုက္သည္ ။ သူမေရပူကိုဖြင့္လိုက္ၿပီးသူမမ်က္ႏွာေပၚက်လာေစသည္ ။
အပူခ်ိန္ေႏြးေႏြးကသူမခႏၶာေပၚရွိေအးစက္မႈကိုေမာင္းထုတ္လိုက္တာေၾကာင့္သူမသက္ျပင္းခ်လိုက္တယ္ သူမေခါင္းငုံ႔လိုက္ရင္းသူမ ေခါင္းေပၚေရက်ေစသည္ ။ ႐ုတ္တရက္သူမေခါင္းထိပ္ကေနတ႐ြ႐ြျဖစ္လာသည္ ။ သူမအနည္းငယ္တိတ္သြား၏____လက္ဆန႔္ရင္းတစ္ခ်က္ကိုင္ၾကည့္ေတာ့တစ္ခုခုကိုကိုင္မိလိုက္သလိုပဲ မိုရွင္းေစးတစ္ခ်က္စူးစိုက္ၾကည့္လိုက္ေတာ့လက္ၾကားကေနအနက္ေရာင္ဆံပင္ကိုေတြ႕လိုက္ရသည္ ။ စီးဆင္းေနတဲ့ေရလိုမ်ိဳးစိုစြတ္ေနတဲ့ၾကမ္းျပင္ေပၚက်ေနသည္ ။
ဒီဆံပင္ေတြကိုေတြ႕လိုက္ရတဲ့တစ္ခဏမွာပဲမိုရွင္းေစးအ႐ိုးထဲထိေအးသြားသည္ ။ သာမန္လူသာဆံပင္ေတြကိုေတြ႕မယ္ဆိုရင္ကိုယ့္ကိုယ္ကိုဖ်ားေနမလားအရင္စိုးရိမ္မွာျဖစ္ေပမယ့္မိုရွင္းေစးကိုယ့္ကိုယ္ကိုမလွည့္းစားႏိုင္ေပ ။ သူမမွာအရင္ကအနက္ေရာင္ဆံပင္ရွိေပမယ့္အခုအဝါေရာင္ေျပာင္းဆိုးထားသည္ပင္ ။
ဒီအနက္ေရာင္ဆံပင္ေတြကဘယ္ကလာတာလဲ?မိုရွင္းေစးရဲ႕လည္ပင္းကေတာင့္တင္းသြားၿပီးအေပၚဘက္ကိုေျဖးေျဖးခ်င္းေမာ့ၾကည့္လိုက္ေတာ့ေခါင္းထိပ္ကအိုေဟာင္းေနတဲ့မ်က္ႏွာၾကက္ကိုေတြ႕လိုက္ရသည္ ။ မ်က္ႏွာၾကက္ကေနအနက္ေရာင္ဆံပင္ေတြတန္းလန္းက်ေနတာကိုေတြ႕လိုက္ရ၏ ။ ပင့္ကူမွ်င္လိုမ်ိဳးသူမရဲ႕မ်က္ႏွာေပၚ ၊ ခႏၶာကိုယ္ေပၚ.........
စာေရးသူတြင္ေျပာစရာရွိပါသည္ :
လင္ပန႔္ရွ : စုန႔္ခ်င္းေလာ္မရွိတဲ့တစ္နာရီအတြင္းသူမ်ားအိမ္ကအေခါင္းအဖုံးေတြကိုဖယ္ခဲ့တယ္
စုန႔္ခ်င္းေလာ္ : .........မင္းေျဖးေျဖးခ်င္းလုပ္ပါ
__
လင္ပန႔္ရွ : စုန႔္လူႀကီးမင္း
စုန႔္ခ်င္းေလာ္
ခ်င္းေလာ္
_____________________