ချောက်ချားဖွယ်ရာဘော့စ်ကြီးကို...

De Swae_Nyoe

100K 13.9K 162

ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို... Mai multe

Description
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
တယ်လီဂရုလေး ရရှိပါကြောင်း..
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
တယ်လီပေးဂရုပြီး‌ဆုံးပါကြောင်း...
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
တယ်လီဂရုနောက်တစ်ခု စဆုံးပြီးဆုံးပါကြောင်း...
BL Completed Package Promotion
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
☘️သင်္ကြန်ပရိုမိုးရှင်း
Part 88
Part 89
Part 90
Part 91
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 92
Part 93
Part 94
Part 95
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
Part 96
Part 97
🌧️ချစ်ခြင်းမေတ္တာများနှင့် မိုးရာသီပရိုမိုးရှင်း🌧️
🌧️ချစ်မေတ္တာများဖြင့် မိုးရာသီ ပရိုမိုးရှင်း 2nd Day🌧️

Part 42

948 148 4
De Swae_Nyoe

အပိုင်း (၄၂)

သို့သော် ယခုသည် နောင်တရနေရမည့် အချိန်မဟုတ်ပေ။ အဖွဲ့သုံး၏ ကပ္ပတိန်သည် မြန်မြန် ထပြီး ကျန်းကျိရင်ကို သွားရှာကာ ထိုကျောက်တုံးကို သလင်းအမြုတေများဖြင့် လဲရန် ကြိုးစားသည်။ သဘာဝကျကျပင် ကျန်းကျိရင် သဘောမတူခဲ့ပေ။

အဆင့်ငါး စွမ်းအားရှင်များအတွက် အဆင့်ငါးအောက် သလင်းအမြုတေများက ဘာမှ အသုံးမဝင်တော့ပေ။ ထို့အပြင် အဆင့်ငါးနှင့်အထက် အမြုတေများမှာလည်း အလွန်ဈေးကြီးလှသည်။ အဆင့်တစ်ဆင့်မြှင့်လာရန် သလင်းအမြုတေ အတော်များများ လိုအပ်သည်။ ဤသည်မှာ လူအများအတွက် မသင့်တော်သော ဈေးနှုန်းအချိုးဖြစ်သည်။

ကျန်းကျိရင် သူ၏ ငွေများကို နတ်ဘုရားအဆင့်ဝတ်စုံဝယ်ရန် သုံးလိုက်ခြင်း၏ အကြောင်းပြချက်လည်းဖြစ်ကာ ဤဝတ်စုံဝတ်ထားသည်ကပင် အမြုတေအများကြီးသုံးရသည်ထက် ပို၍ သက်သာသည်။

ရွေးချယ်စရာမရှိတော့ပေ။ အဖွဲ့သုံး၏ ကပ္ပတိန်သည် ထိုလူကို စိတ်မပျက်သွားစေချင်ပေ။ ထို့ကြောင့် သူတို့၏ ကြီးကြပ်ရေးမှူးအသစ်ကိုသာ သွားရှာခဲ့သည်။

"အဲတာပဲလား"

ဤသို့သော ရှားပါးဖြစ်ရပ်မျိုးတွင် ရှန်းရှီသည် စကားနည်းနည်းပိုပြောခဲ့သော်လည်း ချက်ချင်း မျက်မှောင်ကြုတ်သွားကာ

"မသိတဲ့နေရာက ရလာတဲ့ ပစ္စည်းတွေအားလုံးက အထက်ကို တင်ပေးလိုက်ရမှာ မဟုတ်ဘူးလား"

သူသည် ချက်ချင်း ကျန်းကျိရင်ကို ဆင့်ခေါ်လိုက်ပြီး သစ်သားကျောက်တုံးကို သိမ်းလိုက်သည်။ ရှေ့တန်းမှ စည်းမျဉ်းများသည် စခန်းမှ စည်းမျဉ်းများနှင့် လုံးဝ ကွာခြားသည်။ အန္တာရာယ်ကလည်း ပိုများရာ အားလုံးက စည်းလုံးစွာ တိုက်ခိုက်ကြမှ အောင်နိုင်လိမ့်မည်ဖြစ်သည်။

ရှေ့တန်းတပ်ဖွဲ့များသည် မတူညီသော အခြေစိုက်စခန်းများမှ စွမ်းအားရှင်များနှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ စစချင်းတွင် အကြောင်းမသိကြသေးဘဲ မကြာခန ပြင်းထန်သည့် မတော်တဆမှုများ ပေါ်တတ်သည်။ တဖြည်းဖြည်းနှင့် "ဖီဆန်သည်" ဟူ၍ နာမည်တပ်လိုက်ကာ ထိုသူများကို စာရင်းယူ၍ ရှေ့တန်းကို ပြင်းပြင်းထန်ထန် ကိုင်တွယ်လာသည်။

တပ်စုတစ်ခုစီတိုင်းသည် သူတို့၏ ကြီးကြပ်ရေးမှူးကို အကြွင်းမဲ့နာခံရမည်။ သူတို့ မကျေနပ်လျှင်ပင် နာခံရမည်။ သူတို့သည် မသိချင်ယောင်ဆောင်၍ ပြဿနာကို ဖန်တီးကြပါလျှင် ထိုသူသည် လူတိုင်း၏ရှေ့တွင် အပြစ်ပေးခံရမည်။ ယခင်ကြီးကြပ်ရေးမှူးဟောင်းမီကဲ့သို့ပင် သူ၏ ပြဿနာက ကြီးလွန်းသောကြောင့် မိုးတိမ်မဟာမိတ်အဖွဲ့ကသာ သူ့ကို အပြစ်ပေးနိုင်မည်ဖြစ်သည်။

ထို့အပြင် မူလစည်းမျဉ်းများကလည်း ပြဌာန်းထားပြီး ဖြစ်သောကြောင့် ကျန်းကျိရင် နာနာခံခံဖြင့်ပင် သစ်သားကျောက်တုံးကို လွှဲပေးလိုက်ရသည်။ ထို့အပြင် စံနမူနာပြဌာန်းချက်အတိုင်း တိုက်ပွဲတွင် ပါဝင်သော တစ်စုံတစ်ယောက်အနေနှင့် သူ၊ အဖွဲ့သုံး၏ ကပ္ပတိန် နှင့် သူတို့၏ အဖွဲ့သားများက ပစ္စည်းများ ရလျှင် ဦးစားပေးစာရင်းထဲ ပါမည်ဖြစ်သည်။ ထို့ကြောင့် ‌ဤကျောက်တုံးကို သလင်းအမြုတေ အမြောက်အများနှင့် ပြန်လဲယူနိုင်ရန်လည်း ဖြစ်နိုင်သည်။

သို့သော် ရှန်းရှီ သစ်သားကျောက်တုံးကို သိမ်းပြိးသွားသည့်နောက်တွင် မည်သည့် သတိပေးချက်မှ ထွက်မလာခဲ့ပေ။ ကြီးကြပ်ရေးမှူးဟောင်းမီ၏ ဖြစ်ရပ်ကို ရှေးရှု၍ အဖွဲ့သုံး ကပ္ပတိန်၏ ပထမဆုံး တုံ့ပြန်ချက်မှာ

"ရှန်းရှီက အထက်ကို မတင်ပြဘဲ ဘုံးလိုက်ပီဲ"

သူနှင့် ကျန်းကျိရင် နှစ်ယောက်စလုံးက ထိုကျောက်တုံးကို လိုချင်နေသည်ကို သိထားသော ရှန်းရှိက သူတို့ကို လာဘ်ထိုးခိုင်းနေခြင်း ဖြစ်လောက်သည်ဟု ခန့်မှန်းလိုက်သည်။၊

လုံလောက်သော ရပ်တည်ချက်ပေးမည့် ကြီးကြပ်ရေးမှူးလို သရုပ်ပြပြီးနောက် သူနှင့် ကျန်းကျိရင်ကို လာဘ်ထိုးခိုင်းသည်။

'သူ့ကို ပိုပြီး ကျေနပ်စေတဲ့လူက ကျောက်တုံးရမယ်ပေါ့'

'လခွမ်း'

အဖွဲ့သုံးကပ္ပတိန်က ကျိန်ဆဲသည်။ သို့သော် ထိုသူပေးသော တာဝန်ကို အောင်မြင်ရန်အတွက် သူ့တွင် ရွေးချယ်စရာ မရှိတော့ပေ။ တစ်ဖက်လူအတွက် တန်ဖိုးရှိမည်ဟု ထင်ရသော item များကို ရွေးချယ်၍ ပို့ပေးလိုက်သည်။

သို့သော် အက်ရာမရှိသော နံရံဟူ၍ ဤကမ္ဘာပေါ်တွင် မရှိပေ။ လူတိုင်းမြင်နိုင်သော ရှေ့တန်းကိုတော့ ပြောနေစရာပင် မလိုတော့ပေ။ လိကျွင်းနှင့် လောင်ကျူတို့ ညစာစားပြီး ပြန်အလာ အဖွဲ့သုံးခေါင်းဆောင်တစ်ယောက် ရှန်းရှီ၏ ရုံးခန်းအတွင်းမှ မကောင်းဆိုးဝါးလို အပြုံးကြီးဖြင့် ထွက်လာပြီး တံခါးပြန်ပိတ်ပေးနေသည်ကို မြင်ခဲ့ရသည်။

'ဒီကလေးကတော့ မကောင်းတာလုပ်နေပါပြီ လာဘ်သွားထိုးတာပေါ့လေ'

လိကျွင်း အလွန်စိတ်ဆိုးသွားသည်။ ချက်ချင်း လောင်ကျူကို ဆွဲ၍ သူတို့ကပ္ပတိန်ကို ပြေး၍ သတင်းပို့တော့သည်။

"ကပ္ပတိန် ကပ္ပတိန်ရဲ့ အအေးဆိပ်ကို ဖိနှိပ်ဖို့ လိုတဲ့ ကျောက်တုံးလေ အဲတာကို အဖွဲ့သုံးရဲ့ ကပ္ပတိန်က ရှန်းရှီဆီ အနောက်တံခါးကနေ လက်သွားပေးတယ် ကပ္ပတိန် သူ့ကို ရှုံးသွားလို့ မဖြစ်ဘူးနော် ကျွန်တော်တို့ ဝိုင်းစဉ်းစားပေးမယ် ဘာပဲလုပ်ရလုပ်ရ ရှန်းရှီ အဲဒီကျောက်တုံးကို ကျွန်တော်တို့ကိုပဲ ပေးရမယ်"

ဤရှေ့တန်းမှ ကြီးကြပ်ရေးမှူးအနည်းငယ်လောက်သည် ရှေ့တန်းမှ လူအနည်းငယ်ကို မထိန်းချုပ်နိုင်သော်လည်း သူတို့တွင် သိက္ခာရှိရာထူးရှိသည်။ တာဝန်ခံချုပ်တစ်ယောက်ရှိကာ သူ့ကို မန်နေဂျာချုပ်ဖန်ဟု ခေါ်ကြသည်။ ကြီးကြပ်သူများအားလုံးမှ သူ၏ လက်ထောက်များသာ ဖြစ်သည်။

"ကောင်းပြီလေ ကျွန်တော် ကြိုးစားကြည့်မယ်"

အဖွဲ့သားများအားလုံး၏ စိတ်ဆိုးနေသော မျက်နှာကို ကြည့်၍ ကျန်းကျိရင် ဤတစ်ခွန်းသာ ပြန်ပြောလိုက်သည်။

သို့သော် သူသည်လည်းစိတ်အခြေအနေ ကောင်းမနေတော့ပေ။

သူ၏ တစ်ဆယ့်ကိုးနှစ်တာ ကျောင်းတက်ခဲ့သည့် အတွေ့အကြုံတွင်ပင် ဆရာမကို အိမ်စာစာအုပ်ထပ်ခြင်းနှင့် စာမေးပွဲစာရွက် ကမ်းပေးခြင်းမှလွဲ၍ ဘာမှ မပေးဖူးပေ။

သူ၏ အလုပ် လုပ်သက် သုံးနှစ်တွငလည်း အနောက်တံခါးမှ ဝင်ခြင်း တစ်ခါမှ မရှိသလို ခေါင်းဆောင်များ အဖွဲ့မှူးများ' မျက်နှာကိုပင် မမှတ်မိသေးပေ။ ရှန်းရှီကို ဤကိစ္စပြောဖို့ နည်းလမ်းရှာခြင်းက သူ့ကို စိတ်ညစ်လာစေသည်။

သို့သော် လုပ်မှဖြစ်မည်ဖြစ်သောကြောင့် သူ့ကိုယ်သူ အားပေးလိုက်သည်။ သူ့တွင် item store တစ်ခုလုံး ရှိနေခြင်းကြောင့် ကံကောင်းသွားသည်။ item storeထဲမှ ပြိုင်ဘက်ကင်းသော ပစ္စည်းတစ်ခု ဝယ်ပေးလိုက်ပါတော့မည်။

နောက်ဆုံးတွင် ဒစ်စကောင့်ချနေသော မိုးကြိုးဒြပ်စင် ပစ်စတိုတစ်လက်ကို သွားတွေ့သည်။ ယွမ်ငါးရာမှ ယွမ်ငါးဆယ် အထိ လျော့ဈေးပေးနေရာ မဝယ်၍ မဖြစ်တော့ပေ။

လုပ်ဆောင်ချက်များကလည်း အလွန်ကောင်းပြီး အားလပ်ရက် လျော့ဈေးဖြစ်သောကြောင့် တော်တော်လး ဝယ်ရန် သင့်လျော်သည်။ ကျန်းကျိရင် ငွေပေးချေရန် ပြင်ဆင်နေချိန်တွင် item store က ရုတ်တရက် အမှောင်ကျသွားသည်။

"Found"

ကျန်းကျိရင် "........."

အချိန်နှင့် ဒီရေသည် လူကိုမစောင့်။ ယခုတော့ item store ကပါ သူ့ကို မစောင့်တော့ပေ။ တစ်နေ့လုံး စောင့်ပြီးသော်လည်း item store က ပြင်လို့ဆင်လို့ မပြီးတော့ရာ ကျန်းကျိရင် ကိုယ့်ကိုယ်ကို အားပေး၍ ဝင်သာသွားလိုက်တော့သည်။ တကယ်တမ်း သူ၏ သိုလှောင်အိတ်ထဲတွင် အလွန်အံ့အားသင့်စရာကောင်းသော item များ ရှိသော်လည်း ဆွဲဆောင်နိုင်လောက်အောင် တန်ဖိုးမကြီးသည့်အပြင် ထုတ်လိုက်ပါက သူဒုက္ခရောက်သွားနိုင်သော အရာများလည်း ရှိနေသည်။

ခေတ်မှီဆန်းပြားသော ပစ်စတိုသည် ရိုးရှင်းသော လက်ဆောင်ဖြစ်သော်လည်း လက်ရှိ ခေတ်ကာလအရ သိပ္ပံပညာရှင်များ မတွေ့သေးသော နည်းပညာဖြင့် ထုတ်လုပ်ထားရာ လူတိုင်းကို ဆွဲဆောင်နိုင်လောက်သည်။

--------------------------------

"ဒေါက် ဒေါက် ဒေါက်"

ကျန်းကျိရင် ရှန်းရှီ၏ ရုံးခန်းတံခါးဝတွင် ရပ်ပြီး ညင်သာစွာ တံခါးခေါက်လိုက်သည်။ သူ၏ နှလုံးသားထဲမှ တွန့်ဆုတ်မှုကို ဖိနှိပ်မထားနိုင်သေးပေ။

သူတကယ်ကို သစ်သားကျောက်တုံးကို ရချင်သည်ဆိုလျှင်ပင်............

ဘာပြောပြီး တောင်းရမည်နည်း

ဤကိစ္စက လုံးဝကို မဖြစ်နိုင်ဘူးဆိုလျှင်.....

'ဒါဆိုလည်း ထားလိုက်တော့မယ်ကွာ'

'ငါ နည်းနည်းလေး ထပ်စောင့်ပြီး ပိုက်ဆံတွေ သုံးလိုက်မယ်ဆိုရင် သူ့ကို ပေးဖို့ ပစ္စည်းကောင်းလေး ဝယ်နိုင်လောက်ပါပြီ အဲ့ကျမှ သွားတွေ့လည်း မဆိုးဘူး'

"ဝင်ခဲ့ပါ"

အတွင်းမှ အေးစက်သော အသံတစ်ခု ထွက်လာသည်။ ကျန်းကျိရင် အကြောင်းပြချက်မရှိ တုန်ယင်လာသည်။ ရှန်းရှိ၏ အသံမှာ ယင်ညန်နှင့် အလွန်တူနေသော်လည်း ယင်ညန်ထက် အသံနည်းနည်း တိုးသည်။ ကျန်းကျိရင် တံခါးဖွင့်လိုက်ပြီး အထဲဝင်သွားသည်။

ရှန်းရှီသည် စားပွဲနောက်တွင် တည်ငြိမ် လေးနက်သော အမူအယာဖြင့် ထိုင်နေပြီး လက်ထဲတွင် သစ်သားကျောက်တုံးနှင့် ဆော့နေခဲ့သည်။ တဖျတ်ဖျတ်လက်နေသော ကျောက်တုံး၏ အလင်းရောင်က သူ၏ သွယ်လျသော လက်ချောင်းများကို ရောင်ပြန်ဟပ်နေပြီး ပို၍ လှပသွားစေသည်။

တံခါးဖွင့်သံကြားပြီးနောက် ကျန်းကျိရင်ကို ကျီစယ်ဟန် မျက်ဝန်းများဖြင့် ငေးကြည့်ကာ

"မင်း ဒါ လိုချင်လား"

ကျန်းကျိရင် စိတ်လှုပ်ရှားစွာ တံတွေးမျိုချပြီး ခေါင်းညိတ်ပြလိုက်သည်။ ရှန်းရှီ သူ့ကို ပြုံးပြ၍ စိုက်ကြည့်ကာ

"လျိုကျူက ငါ့ကို အဆင့်ငါး မိုးကြိုးအမြုတေ ဆယ်ခု၊ လျှပ်စီးသဲမှုန် တစ်ကီလို၇◌ယ် လျှပ်စီးအခြေပြုချပ်ဝပ်တစ်စုံရယ်.............. ကဲ မင်းကရော ငါ့ကို ဘာပေးမှာလဲ"

လျိုကျူသည် အဖွဲ့သုံး ကပ္ပတိန်၏ နာမည်ဖြစ်သည်။

အဆင့်ငါး သလင်းအမြတေနှင့် ချပ်ဝတ်မဆိုထားနှင့် မိုးကြိုးဒြပ်စင်လက်နက်များလုပ်ရာတွင် အသုံးဝင်သည့် အရေးကြီး ရှားပါးပစ္စည်းဖြစ်သည့် လျှပ်စီးသဲမှုကို သူမြင်ပင် မမြင်ဖူးပါ။ တစ်ကီလိုတောင်ပေးသည်ဆိုကလည်းက မည်မျှ ရက်ရောသည်ကို ခန့်မှန်းနိုင်သည်။

ကျန်းကျိရင်ပို၍ပင် စိတ်လှုပ်ရှားလာသည်။ စိတ်လှုပ်ရှားမှုတို့က သူ၏ မျက်ဝန်းတွင် ထင်ဟပ်နေပြီး မဖုံးထားနိုင်ပေ။

ကျန်းကျိရင်ကို စနောက်နေသည့် တစ်စုံတစ်ယောက်ကတော့ အရည်ပျော်ကျတော့မည်။ သူဆက်ပြီး သရုပ်မဆောင်နိုင်တော့သောကြောင့် အဓိကဆီသို့သာ တည့်တည့်သွားလိုက်တော့မည်။

'ကျိရင်လေးက အရမ်းချစ်စရာကောင်းလိုက်တာ ကြည့်လို့ကို မဝတော့ဘူး'

ကျန်းကျိရင် သိမ်မွေ့စွာ ပြောသည်ကို ကြားလိုက်ရသည်။

"ကျွန်တော် အခုတော့ ဘာမှ မယူလာခဲ့ပါဘူး........... ဒါပေမဲ့ ကျွန်တော် ကြီးကြပ်ရေးမှူးအတွက် လျှပ်စီးအခြေပြု လက်နက်တစ်ခု ရွေးထားပါတယ် ကြီးကြပ်ရေးမှူး သေချာပေါက် ကြိုက်မှာပါ ခနလောက်သာ စောင့်ပေးပါ........... ခနလောက်နေရင် ရစေရပါမယ်"

'တစ်ရာနှစ်ဆယ့်သုံး အချစ်ဇာတ်လမ်းများ ဆိုတာကြီးက ထပ်ပြီး အရှုပ်တွေ မလုပ်တော့ရင် သေချာပေါက် ရမှာပေါ့လေ'

"အို"

ရှန်းရှီ ပေါ့ပါးစွာ တုံ့ပြန်လိုက်သည်။ သူ၏ မျက်နှာတွင်တော့ မည်သည့်အမူအယာမှ မပေါ်လွင်နေပေ။ သို့သော် စိတ်ထဲတွင်တော့ ပျော်ရွှင်မှုများက ထိန်းလို့ပင် မရတော့ပေ။၊

'ကျိရင်လေးက ငါ့အတွက် အထူးတလှယ် လက်နက်ရွေးပေးတယ်တဲ့......'

ထို့နောက် အလွန်အမင်း စိတ်တိုသွားသည်။

'ဒီရှန်းရှီက ဘာကောင်တုန်း'

'ဘာလို့ ကျိရင်က သူ့အတွက် လက်နက်ဝယ်ပေးရတာတုန်း'

'ကျိရင်လေးက ငါ့ကိုတောင် တစ်ခါမှ လက်နက် လက်ဆောင် မပေးဖူးသေးဘူး'

ရှန်းရှီက သူကိုယ်တိုင်ဆိုသည်ကို သူ လုံးလုံး မေ့သွားတော့သည်။

ကျန်းကျိရင်သည် သူ့ရှေ့မှ မျက်နှာတည်နှင့်လူက ရုတ်တရက် ခေါင်းမော့၍ မသိလျှင် သူ့သားကောင်ကို ဒီနေရာမှ အသက်ထားခဲ့လိုက်တော့ဟု ပြောနေသည့်အလား သူ့ကို မြွေတစ်ကောင်လို စူးရှစွာ စိုက်ကြည့်နေသည်ကို ခံစားလိုက်မိသည်။

သူ့လက်ထဲမှ သစ်သားကျောက်တုံးနှင့် ကစားနေပြီး သူကို ခေါင်းအသာစောင်း၍ ကြည့်သည်။ သူ၏ မျက်လုံးများသည် နက်ရှိုင်းနေပြီး အသံနိမ့်နိမ့်နှင့် အရိပ်အမြွတ်တစ်ချို့ပါသော စကားတို့ကို ပြောလာသည်။

"လိုချင်လား ကိုယ့်ကို တောင်းဆိုကြည့်လေ"

"တောင်းဆို......ဘာကို တောင်းဆိုရမှာ"

ကျန်းကျိရင်မှာ တစ်ခါမှ ဤသို့သော အခြေအနေမျိုး မကြုံဖူးရာ တစ်စုံတစ်ခု မှားနေသည်ဟူသည့် ခံစားချက်မျိုးသာ ခံစားမိသည်။

"တုံးလိုက်တာ"

ရှန်းရှီက သူ့ကို ခပ်တိုးတိုး မှတ်ချက်ချပြီး လက်ကို ဝေ့ယမ်းပြ၍

"ဒီကိုလာ"

ကျန်းကျိရင် သံသယဝင်စွာဖြင့် ဖြည်းဖြည်းချင်း တိုးသွားသည်။

သူအနားရောက်သွားချိန်တွင် ရှန်းရှီက ရုတ်တရက် ထိုင်ရာမှ ထလာပြီး လက်ကိုဆန့်၍ သူ့ကို ဆွဲလိုက်သည်။ ထို့နောက် သူ့လက်မောင်းများကြားထိ သူ့ကို ဆွဲသွင်းကာ ရင်ခွင်ထဲ တင်းနေအောင် ဖက်ထားပြီး နားနားကပ်၍ တိုးတိုးပြောသည်။

ကိုယ့်အတွက် ဘာမှ ယူမလာဘူးမလား ဆိုတော့ ဒီလိုလုပ် မင်းကိုယ်မင်း ကိုယ့်ကို ပေးလိုက်ရင်ရော"

ကျန်းကျိရင် ရုတ်ချည်း ကြောက်လန့်သွားပြီး ခန္ဓာကိုယ်ထဲမှ ဝိဉာဉ်လွင့်ထွက်သွားသလို ခံစားရကာ နားများပင် အူလာသည်။

သူ၏ ခန္ဓာကိုယ် ပိန်ပိန်လေးမှ ဘယ်ကမှန်းမသိသော အားများထွက်လာကာ ရှန်းရှီ၏ လက်များကို တွန်းထုတ်ပစ်လိုက်သည်။ တံခါးဆီသို့ ပြေးသွားပြီး အခန်းထဲမှ တရှိန်ထိုး ထွက်ပြေးသွားတော့သည်။

ဇွန်ဘီကမ္ဘာကြီးတွင် ဤသို့သော အခြေအနေမျိုးနှင့် ကြုံရလိမ့်မည်ဟု လုံးဝ မထင်ထားပေ။

ရှန်းရှီ နေရာတွင်ပင် ရပ်နေရင်း စိတ်ဓာတ်ကျသွားကာ ခေါင်းငုံ့နေသည်။

'ကျိရင် ဒီလိုကြီး တုံ့ပြန်လာလိမ့်မယ်လို့ မထင်ထားဘူး'

'သူက ရှက်ပြီး ရှက်စနိုးနဲ့ မလိုချင်ဘူးလို ပြောရမှာလေ'

'ဒါပေမဲ့လည်း မတတ်နိုင်တဲ့ပုဲလေးနဲ့ ငါ့ရင်ခွင်ထဲ ပြိုလဲနေပြီး 口口口口 ဖြစ်နေရမှာ မဟုတ်ဘူးလား'

'ဟိုနေ့တွေက ဖတ်ခဲ့တဲ့ စာအုပ်တွေက အကုန်အမှားတွေ ရေးထားတာပဲ လူသားတွေက နားလည်ရခက်လိုက်တာ'

စာအုပ်များထဲတွင် လူသားများသည် နားလည်ရအခက်ဆုံး သတ္တဝါများဟု ရေးထားသည်။

'သူတို့နဲ့ ရင်းနှီးအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဘယ်စာအုပ်ထဲကမှ မှန်အောင်ရေးမထားဘူး'

'ဒါပေမဲ့............ အောင်တော့ အောင်မြင်လိုက်တာပဲ'

ရှန်းရှီ၏ နှုတ်ခမ်းတို့ ကျေနပ်စွာ ကွေးညွတ်သွားသည်။

'ကျိရင်က အရမ်းကို နူးညံ့တာပဲ အရမ်း အရမ်း သဘောကျတယ်'

...................................

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

Zawgyi

အပိုင္း (၄၂)

သို႔ေသာ္ ယခုသည္ ေနာင္တရေနရမည့္ အခ်ိန္မဟုတ္ေပ။ အဖြဲ႕သုံး၏ ကပၸတိန္သည္ ျမန္ျမန္ ထၿပီး က်န္းက်ိရင္ကို သြားရွာကာ ထိုေက်ာက္တုံးကို သလင္းအျမဳေတမ်ားျဖင့္ လဲရန္ ႀကိဳးစားသည္။ သဘာဝက်က်ပင္ က်န္းက်ိရင္ သေဘာမတူခဲ့ေပ။

အဆင့္ငါး စြမ္းအားရွင္မ်ားအတြက္ အဆင့္ငါးေအာက္ သလင္းအျမဳေတမ်ားက ဘာမွ အသုံးမဝင္ေတာ့ေပ။ ထို႔အျပင္ အဆင့္ငါးႏွင့္အထက္ အျမဳေတမ်ားမွာလည္း အလြန္ေဈးႀကီးလွသည္။ အဆင့္တစ္ဆင့္ျမႇင့္လာရန္ သလင္းအျမဳေတ အေတာ္မ်ားမ်ား လိုအပ္သည္။ ဤသည္မွာ လူအမ်ားအတြက္ မသင့္ေတာ္ေသာ ေဈးႏႈန္းအခ်ိဳးျဖစ္သည္။

က်န္းက်ိရင္ သူ၏ ေငြမ်ားကို နတ္ဘုရားအဆင့္ဝတ္စုံဝယ္ရန္ သုံးလိုက္ျခင္း၏ အေၾကာင္းျပခ်က္လည္းျဖစ္ကာ ဤဝတ္စုံဝတ္ထားသည္ကပင္ အျမဳေတအမ်ားႀကီးသုံးရသည္ထက္ ပို၍ သက္သာသည္။

ေ႐ြးခ်ယ္စရာမရွိေတာ့ေပ။ အဖြဲ႕သုံး၏ ကပၸတိန္သည္ ထိုလူကို စိတ္မပ်က္သြားေစခ်င္ေပ။ ထို႔ေၾကာင့္ သူတို႔၏ ႀကီးၾကပ္ေရးမႉးအသစ္ကိုသာ သြားရွာခဲ့သည္။

"အဲတာပဲလား"

ဤသို႔ေသာ ရွားပါးျဖစ္ရပ္မ်ိဳးတြင္ ရွန္းရွီသည္ စကားနည္းနည္းပိုေျပာခဲ့ေသာ္လည္း ခ်က္ခ်င္း မ်က္ေမွာင္ၾကဳတ္သြားကာ

"မသိတဲ့ေနရာက ရလာတဲ့ ပစၥည္းေတြအားလုံးက အထက္ကို တင္ေပးလိုက္ရမွာ မဟုတ္ဘူးလား"

သူသည္ ခ်က္ခ်င္း က်န္းက်ိရင္ကို ဆင့္ေခၚလိုက္ၿပီး သစ္သားေက်ာက္တုံးကို သိမ္းလိုက္သည္။ ေရွ႕တန္းမွ စည္းမ်ဥ္းမ်ားသည္ စခန္းမွ စည္းမ်ဥ္းမ်ားႏွင့္ လုံးဝ ကြာျခားသည္။ အႏၲာရာယ္ကလည္း ပိုမ်ားရာ အားလုံးက စည္းလုံးစြာ တိုက္ခိုက္ၾကမွ ေအာင္ႏိုင္လိမ့္မည္ျဖစ္သည္။

ေရွ႕တန္းတပ္ဖြဲ႕မ်ားသည္ မတူညီေသာ အေျခစိုက္စခန္းမ်ားမွ စြမ္းအားရွင္မ်ားႏွင့္ ဖြဲ႕စည္းထားျခင္းျဖစ္သည္။ စစခ်င္းတြင္ အေၾကာင္းမသိၾကေသးဘဲ မၾကာခန ျပင္းထန္သည့္ မေတာ္တဆမႈမ်ား ေပၚတတ္သည္။ တျဖည္းျဖည္းႏွင့္ "ဖီဆန္သည္" ဟူ၍ နာမည္တပ္လိုက္ကာ ထိုသူမ်ားကို စာရင္းယူ၍ ေရွ႕တန္းကို ျပင္းျပင္းထန္ထန္ ကိုင္တြယ္လာသည္။

တပ္စုတစ္ခုစီတိုင္းသည္ သူတို႔၏ ႀကီးၾကပ္ေရးမႉးကို အႂကြင္းမဲ့နာခံရမည္။ သူတို႔ မေက်နပ္လွ်င္ပင္ နာခံရမည္။ သူတို႔သည္ မသိခ်င္ေယာင္ေဆာင္၍ ျပႆနာကို ဖန္တီးၾကပါလွ်င္ ထိုသူသည္ လူတိုင္း၏ေရွ႕တြင္ အျပစ္ေပးခံရမည္။ ယခင္ႀကီးၾကပ္ေရးမႉးေဟာင္းမီကဲ့သို႔ပင္ သူ၏ ျပႆနာက ႀကီးလြန္းေသာေၾကာင့္ မိုးတိမ္မဟာမိတ္အဖြဲ႕ကသာ သူ႔ကို အျပစ္ေပးႏိုင္မည္ျဖစ္သည္။

ထို႔အျပင္ မူလစည္းမ်ဥ္းမ်ားကလည္း ျပဌာန္းထားၿပီး ျဖစ္ေသာေၾကာင့္ က်န္းက်ိရင္ နာနာခံခံျဖင့္ပင္ သစ္သားေက်ာက္တုံးကို လႊဲေပးလိုက္ရသည္။ ထို႔အျပင္ စံနမူနာျပဌာန္းခ်က္အတိုင္း တိုက္ပြဲတြင္ ပါဝင္ေသာ တစ္စုံတစ္ေယာက္အေနႏွင့္ သူ၊ အဖြဲ႕သုံး၏ ကပၸတိန္ ႏွင့္ သူတို႔၏ အဖြဲ႕သားမ်ားက ပစၥည္းမ်ား ရလွ်င္ ဦးစားေပးစာရင္းထဲ ပါမည္ျဖစ္သည္။ ထို႔ေၾကာင့္ ‌ဤေက်ာက္တုံးကို သလင္းအျမဳေတ အေျမာက္အမ်ားႏွင့္ ျပန္လဲယူႏိုင္ရန္လည္း ျဖစ္ႏိုင္သည္။

သို႔ေသာ္ ရွန္းရွီ သစ္သားေက်ာက္တုံးကို သိမ္းၿပိးသြားသည့္ေနာက္တြင္ မည္သည့္ သတိေပးခ်က္မွ ထြက္မလာခဲ့ေပ။ ႀကီးၾကပ္ေရးမႉးေဟာင္းမီ၏ ျဖစ္ရပ္ကို ေရွးရႈ၍ အဖြဲ႕သုံး ကပၸတိန္၏ ပထမဆုံး တုံ႔ျပန္ခ်က္မွာ

"ရွန္းရွီက အထက္ကို မတင္ျပဘဲ ဘုံးလိုက္ပီဲ"

သူႏွင့္ က်န္းက်ိရင္ ႏွစ္ေယာက္စလုံးက ထိုေက်ာက္တုံးကို လိုခ်င္ေနသည္ကို သိထားေသာ ရွန္းရွိက သူတို႔ကို လာဘ္ထိုးခိုင္းေနျခင္း ျဖစ္ေလာက္သည္ဟု ခန႔္မွန္းလိုက္သည္။၊

လုံေလာက္ေသာ ရပ္တည္ခ်က္ေပးမည့္ ႀကီးၾကပ္ေရးမႉးလို သ႐ုပ္ျပၿပီးေနာက္ သူႏွင့္ က်န္းက်ိရင္ကို လာဘ္ထိုးခိုင္းသည္။

'သူ႔ကို ပိုၿပီး ေက်နပ္ေစတဲ့လူက ေက်ာက္တုံးရမယ္ေပါ့'

'လခြမ္း'

အဖြဲ႕သုံးကပၸတိန္က က်ိန္ဆဲသည္။ သို႔ေသာ္ ထိုသူေပးေသာ တာဝန္ကို ေအာင္ျမင္ရန္အတြက္ သူ႔တြင္ ေ႐ြးခ်ယ္စရာ မရွိေတာ့ေပ။ တစ္ဖက္လူအတြက္ တန္ဖိုးရွိမည္ဟု ထင္ရေသာ item မ်ားကို ေ႐ြးခ်ယ္၍ ပို႔ေပးလိုက္သည္။

သို႔ေသာ္ အက္ရာမရွိေသာ နံရံဟူ၍ ဤကမာၻေပၚတြင္ မရွိေပ။ လူတိုင္းျမင္ႏိုင္ေသာ ေရွ႕တန္းကိုေတာ့ ေျပာေနစရာပင္ မလိုေတာ့ေပ။ လိကြၽင္းႏွင့္ ေလာင္က်ဴတို႔ ညစာစားၿပီး ျပန္အလာ အဖြဲ႕သုံးေခါင္းေဆာင္တစ္ေယာက္ ရွန္းရွီ၏ ႐ုံးခန္းအတြင္းမွ မေကာင္းဆိုးဝါးလို အၿပဳံးႀကီးျဖင့္ ထြက္လာၿပီး တံခါးျပန္ပိတ္ေပးေနသည္ကို ျမင္ခဲ့ရသည္။

'ဒီကေလးကေတာ့ မေကာင္းတာလုပ္ေနပါၿပီ လာဘ္သြားထိုးတာေပါ့ေလ'

လိကြၽင္း အလြန္စိတ္ဆိုးသြားသည္။ ခ်က္ခ်င္း ေလာင္က်ဴကို ဆြဲ၍ သူတို႔ကပၸတိန္ကို ေျပး၍ သတင္းပို႔ေတာ့သည္။

"ကပၸတိန္ ကပၸတိန္ရဲ႕ အေအးဆိပ္ကို ဖိႏွိပ္ဖို႔ လိုတဲ့ ေက်ာက္တုံးေလ အဲတာကို အဖြဲ႕သုံးရဲ႕ ကပၸတိန္က ရွန္းရွီဆီ အေနာက္တံခါးကေန လက္သြားေပးတယ္ ကပၸတိန္ သူ႔ကို ရႈံးသြားလို႔ မျဖစ္ဘူးေနာ္ ကြၽန္ေတာ္တို႔ ဝိုင္းစဥ္းစားေပးမယ္ ဘာပဲလုပ္ရလုပ္ရ ရွန္းရွီ အဲဒီေက်ာက္တုံးကို ကြၽန္ေတာ္တို႔ကိုပဲ ေပးရမယ္"

ဤေရွ႕တန္းမွ ႀကီးၾကပ္ေရးမႉးအနည္းငယ္ေလာက္သည္ ေရွ႕တန္းမွ လူအနည္းငယ္ကို မထိန္းခ်ဳပ္ႏိုင္ေသာ္လည္း သူတို႔တြင္ သိကၡာရွိရာထူးရွိသည္။ တာဝန္ခံခ်ဳပ္တစ္ေယာက္ရွိကာ သူ႔ကို မန္ေနဂ်ာခ်ဳပ္ဖန္ဟု ေခၚၾကသည္။ ႀကီးၾကပ္သူမ်ားအားလုံးမွ သူ၏ လက္ေထာက္မ်ားသာ ျဖစ္သည္။

"ေကာင္းၿပီေလ ကြၽန္ေတာ္ ႀကိဳးစားၾကည့္မယ္"

အဖြဲ႕သားမ်ားအားလုံး၏ စိတ္ဆိုးေနေသာ မ်က္ႏွာကို ၾကည့္၍ က်န္းက်ိရင္ ဤတစ္ခြန္းသာ ျပန္ေျပာလိုက္သည္။

သို႔ေသာ္ သူသည္လည္းစိတ္အေျခအေန ေကာင္းမေနေတာ့ေပ။

သူ၏ တစ္ဆယ့္ကိုးႏွစ္တာ ေက်ာင္းတက္ခဲ့သည့္ အေတြ႕အႀကဳံတြင္ပင္ ဆရာမကို အိမ္စာစာအုပ္ထပ္ျခင္းႏွင့္ စာေမးပြဲစာ႐ြက္ ကမ္းေပးျခင္းမွလြဲ၍ ဘာမွ မေပးဖူးေပ။

သူ၏ အလုပ္ လုပ္သက္ သုံးႏွစ္တြငလည္း အေနာက္တံခါးမွ ဝင္ျခင္း တစ္ခါမွ မရွိသလို ေခါင္းေဆာင္မ်ား အဖြဲ႕မႉးမ်ား' မ်က္ႏွာကိုပင္ မမွတ္မိေသးေပ။ ရွန္းရွီကို ဤကိစၥေျပာဖို႔ နည္းလမ္းရွာျခင္းက သူ႔ကို စိတ္ညစ္လာေစသည္။

သို႔ေသာ္ လုပ္မွျဖစ္မည္ျဖစ္ေသာေၾကာင့္ သူ႔ကိုယ္သူ အားေပးလိုက္သည္။ သူ႔တြင္ item store တစ္ခုလုံး ရွိေနျခင္းေၾကာင့္ ကံေကာင္းသြားသည္။ item storeထဲမွ ၿပိဳင္ဘက္ကင္းေသာ ပစၥည္းတစ္ခု ဝယ္ေပးလိုက္ပါေတာ့မည္။

ေနာက္ဆုံးတြင္ ဒစ္စေကာင့္ခ်ေနေသာ မိုးႀကိဳးျဒပ္စင္ ပစ္စတိုတစ္လက္ကို သြားေတြ႕သည္။ ယြမ္ငါးရာမွ ယြမ္ငါးဆယ္ အထိ ေလ်ာ့ေဈးေပးေနရာ မဝယ္၍ မျဖစ္ေတာ့ေပ။

လုပ္ေဆာင္ခ်က္မ်ားကလည္း အလြန္ေကာင္းၿပီး အားလပ္ရက္ ေလ်ာ့ေဈးျဖစ္ေသာေၾကာင့္ ေတာ္ေတာ္လး ဝယ္ရန္ သင့္ေလ်ာ္သည္။ က်န္းက်ိရင္ ေငြေပးေခ်ရန္ ျပင္ဆင္ေနခ်ိန္တြင္ item store က ႐ုတ္တရက္ အေမွာင္က်သြားသည္။

"Found"

က်န္းက်ိရင္ "........."

အခ်ိန္ႏွင့္ ဒီေရသည္ လူကိုမေစာင့္။ ယခုေတာ့ item store ကပါ သူ႔ကို မေစာင့္ေတာ့ေပ။ တစ္ေန႔လုံး ေစာင့္ၿပီးေသာ္လည္း item store က ျပင္လို႔ဆင္လို႔ မၿပီးေတာ့ရာ က်န္းက်ိရင္ ကိုယ့္ကိုယ္ကို အားေပး၍ ဝင္သာသြားလိုက္ေတာ့သည္။ တကယ္တမ္း သူ၏ သိုေလွာင္အိတ္ထဲတြင္ အလြန္အံ့အားသင့္စရာေကာင္းေသာ item မ်ား ရွိေသာ္လည္း ဆြဲေဆာင္ႏိုင္ေလာက္ေအာင္ တန္ဖိုးမႀကီးသည့္အျပင္ ထုတ္လိုက္ပါက သူဒုကၡေရာက္သြားႏိုင္ေသာ အရာမ်ားလည္း ရွိေနသည္။

ေခတ္မွီဆန္းျပားေသာ ပစ္စတိုသည္ ႐ိုးရွင္းေသာ လက္ေဆာင္ျဖစ္ေသာ္လည္း လက္ရွိ ေခတ္ကာလအရ သိပၸံပညာရွင္မ်ား မေတြ႕ေသးေသာ နည္းပညာျဖင့္ ထုတ္လုပ္ထားရာ လူတိုင္းကို ဆြဲေဆာင္ႏိုင္ေလာက္သည္။

--------------------------------

"ေဒါက္ ေဒါက္ ေဒါက္"

က်န္းက်ိရင္ ရွန္းရွီ၏ ႐ုံးခန္းတံခါးဝတြင္ ရပ္ၿပီး ညင္သာစြာ တံခါးေခါက္လိုက္သည္။ သူ၏ ႏွလုံးသားထဲမွ တြန႔္ဆုတ္မႈကို ဖိႏွိပ္မထားႏိုင္ေသးေပ။

သူတကယ္ကို သစ္သားေက်ာက္တုံးကို ရခ်င္သည္ဆိုလွ်င္ပင္............

ဘာေျပာၿပီး ေတာင္းရမည္နည္း

ဤကိစၥက လုံးဝကို မျဖစ္ႏိုင္ဘူးဆိုလွ်င္.....

'ဒါဆိုလည္း ထားလိုက္ေတာ့မယ္ကြာ'

'ငါ နည္းနည္းေလး ထပ္ေစာင့္ၿပီး ပိုက္ဆံေတြ သုံးလိုက္မယ္ဆိုရင္ သူ႔ကို ေပးဖို႔ ပစၥည္းေကာင္းေလး ဝယ္ႏိုင္ေလာက္ပါၿပီ အဲ့က်မွ သြားေတြ႕လည္း မဆိုးဘူး'

"ဝင္ခဲ့ပါ"

အတြင္းမွ ေအးစက္ေသာ အသံတစ္ခု ထြက္လာသည္။ က်န္းက်ိရင္ အေၾကာင္းျပခ်က္မရွိ တုန္ယင္လာသည္။ ရွန္းရွိ၏ အသံမွာ ယင္ညန္ႏွင့္ အလြန္တူေနေသာ္လည္း ယင္ညန္ထက္ အသံနည္းနည္း တိုးသည္။ က်န္းက်ိရင္ တံခါးဖြင့္လိုက္ၿပီး အထဲဝင္သြားသည္။

ရွန္းရွီသည္ စားပြဲေနာက္တြင္ တည္ၿငိမ္ ေလးနက္ေသာ အမူအယာျဖင့္ ထိုင္ေနၿပီး လက္ထဲတြင္ သစ္သားေက်ာက္တုံးႏွင့္ ေဆာ့ေနခဲ့သည္။ တဖ်တ္ဖ်တ္လက္ေနေသာ ေက်ာက္တုံး၏ အလင္းေရာင္က သူ၏ သြယ္လ်ေသာ လက္ေခ်ာင္းမ်ားကို ေရာင္ျပန္ဟပ္ေနၿပီး ပို၍ လွပသြားေစသည္။

တံခါးဖြင့္သံၾကားၿပီးေနာက္ က်န္းက်ိရင္ကို က်ီစယ္ဟန္ မ်က္ဝန္းမ်ားျဖင့္ ေငးၾကည့္ကာ

"မင္း ဒါ လိုခ်င္လား"

က်န္းက်ိရင္ စိတ္လႈပ္ရွားစြာ တံေတြးမ်ိဳခ်ၿပီး ေခါင္းညိတ္ျပလိုက္သည္။ ရွန္းရွီ သူ႔ကို ၿပဳံးျပ၍ စိုက္ၾကည့္ကာ

"လ်ိဳက်ဴက ငါ့ကို အဆင့္ငါး မိုးႀကိဳးအျမဳေတ ဆယ္ခု၊ လွ်ပ္စီးသဲမႈန္ တစ္ကီလို၇◌ယ္ လွ်ပ္စီးအေျချပဳခ်ပ္ဝပ္တစ္စုံရယ္.............. ကဲ မင္းကေရာ ငါ့ကို ဘာေပးမွာလဲ"

လ်ိဳက်ဴသည္ အဖြဲ႕သုံး ကပၸတိန္၏ နာမည္ျဖစ္သည္။

အဆင့္ငါး သလင္းအျမေတႏွင့္ ခ်ပ္ဝတ္မဆိုထားႏွင့္ မိုးႀကိဳးျဒပ္စင္လက္နက္မ်ားလုပ္ရာတြင္ အသုံးဝင္သည့္ အေရးႀကီး ရွားပါးပစၥည္းျဖစ္သည့္ လွ်ပ္စီးသဲမႈကို သူျမင္ပင္ မျမင္ဖူးပါ။ တစ္ကီလိုေတာင္ေပးသည္ဆိုကလည္းက မည္မွ် ရက္ေရာသည္ကို ခန႔္မွန္းႏိုင္သည္။

က်န္းက်ိရင္ပို၍ပင္ စိတ္လႈပ္ရွားလာသည္။ စိတ္လႈပ္ရွားမႈတို႔က သူ၏ မ်က္ဝန္းတြင္ ထင္ဟပ္ေနၿပီး မဖုံးထားႏိုင္ေပ။

က်န္းက်ိရင္ကို စေနာက္ေနသည့္ တစ္စုံတစ္ေယာက္ကေတာ့ အရည္ေပ်ာ္က်ေတာ့မည္။ သူဆက္ၿပီး သ႐ုပ္မေဆာင္ႏိုင္ေတာ့ေသာေၾကာင့္ အဓိကဆီသို႔သာ တည့္တည့္သြားလိုက္ေတာ့မည္။

'က်ိရင္ေလးက အရမ္းခ်စ္စရာေကာင္းလိုက္တာ ၾကည့္လို႔ကို မဝေတာ့ဘူး'

က်န္းက်ိရင္ သိမ္ေမြ႕စြာ ေျပာသည္ကို ၾကားလိုက္ရသည္။

"ကြၽန္ေတာ္ အခုေတာ့ ဘာမွ မယူလာခဲ့ပါဘူး........... ဒါေပမဲ့ ကြၽန္ေတာ္ ႀကီးၾကပ္ေရးမႉးအတြက္ လွ်ပ္စီးအေျချပဳ လက္နက္တစ္ခု ေ႐ြးထားပါတယ္ ႀကီးၾကပ္ေရးမႉး ေသခ်ာေပါက္ ႀကိဳက္မွာပါ ခနေလာက္သာ ေစာင့္ေပးပါ........... ခနေလာက္ေနရင္ ရေစရပါမယ္"

'တစ္ရာႏွစ္ဆယ့္သုံး အခ်စ္ဇာတ္လမ္းမ်ား ဆိုတာႀကီးက ထပ္ၿပီး အရႈပ္ေတြ မလုပ္ေတာ့ရင္ ေသခ်ာေပါက္ ရမွာေပါ့ေလ'

"အို"

ရွန္းရွီ ေပါ့ပါးစြာ တုံ႔ျပန္လိုက္သည္။ သူ၏ မ်က္ႏွာတြင္ေတာ့ မည္သည့္အမူအယာမွ မေပၚလြင္ေနေပ။ သို႔ေသာ္ စိတ္ထဲတြင္ေတာ့ ေပ်ာ္႐ႊင္မႈမ်ားက ထိန္းလို႔ပင္ မရေတာ့ေပ။၊

'က်ိရင္ေလးက ငါ့အတြက္ အထူးတလွယ္ လက္နက္ေ႐ြးေပးတယ္တဲ့......'

ထို႔ေနာက္ အလြန္အမင္း စိတ္တိုသြားသည္။

'ဒီရွန္းရွီက ဘာေကာင္တုန္း'

'ဘာလို႔ က်ိရင္က သူ႔အတြက္ လက္နက္ဝယ္ေပးရတာတုန္း'

'က်ိရင္ေလးက ငါ့ကိုေတာင္ တစ္ခါမွ လက္နက္ လက္ေဆာင္ မေပးဖူးေသးဘူး'

ရွန္းရွီက သူကိုယ္တိုင္ဆိုသည္ကို သူ လုံးလုံး ေမ့သြားေတာ့သည္။

က်န္းက်ိရင္သည္ သူ႔ေရွ႕မွ မ်က္ႏွာတည္ႏွင့္လူက ႐ုတ္တရက္ ေခါင္းေမာ့၍ မသိလွ်င္ သူ႔သားေကာင္ကို ဒီေနရာမွ အသက္ထားခဲ့လိုက္ေတာ့ဟု ေျပာေနသည့္အလား သူ႔ကို ေႁမြတစ္ေကာင္လို စူးရွစြာ စိုက္ၾကည့္ေနသည္ကို ခံစားလိုက္မိသည္။

သူ႔လက္ထဲမွ သစ္သားေက်ာက္တုံးႏွင့္ ကစားေနၿပီး သူကို ေခါင္းအသာေစာင္း၍ ၾကည့္သည္။ သူ၏ မ်က္လုံးမ်ားသည္ နက္ရႈိင္းေနၿပီး အသံနိမ့္နိမ့္ႏွင့္ အရိပ္အႁမြတ္တစ္ခ်ိဳ႕ပါေသာ စကားတို႔ကို ေျပာလာသည္။

"လိုခ်င္လား ကိုယ့္ကို ေတာင္းဆိုၾကည့္ေလ"

"ေတာင္းဆို......ဘာကို ေတာင္းဆိုရမွာ"

က်န္းက်ိရင္မွာ တစ္ခါမွ ဤသို႔ေသာ အေျခအေနမ်ိဳး မႀကဳံဖူးရာ တစ္စုံတစ္ခု မွားေနသည္ဟူသည့္ ခံစားခ်က္မ်ိဳးသာ ခံစားမိသည္။

"တုံးလိုက္တာ"

ရွန္းရွီက သူ႔ကို ခပ္တိုးတိုး မွတ္ခ်က္ခ်ၿပီး လက္ကို ေဝ့ယမ္းျပ၍

"ဒီကိုလာ"

က်န္းက်ိရင္ သံသယဝင္စြာျဖင့္ ျဖည္းျဖည္းခ်င္း တိုးသြားသည္။

သူအနားေရာက္သြားခ်ိန္တြင္ ရွန္းရွီက ႐ုတ္တရက္ ထိုင္ရာမွ ထလာၿပီး လက္ကိုဆန႔္၍ သူ႔ကို ဆြဲလိုက္သည္။ ထို႔ေနာက္ သူ႔လက္ေမာင္းမ်ားၾကားထိ သူ႔ကို ဆြဲသြင္းကာ ရင္ခြင္ထဲ တင္းေနေအာင္ ဖက္ထားၿပီး နားနားကပ္၍ တိုးတိုးေျပာသည္။

ကိုယ့္အတြက္ ဘာမွ ယူမလာဘူးမလား ဆိုေတာ့ ဒီလိုလုပ္ မင္းကိုယ္မင္း ကိုယ့္ကို ေပးလိုက္ရင္ေရာ"

က်န္းက်ိရင္ ႐ုတ္ခ်ည္း ေၾကာက္လန႔္သြားၿပီး ခႏၶာကိုယ္ထဲမွ ဝိဉာဥ္လြင့္ထြက္သြားသလို ခံစားရကာ နားမ်ားပင္ အူလာသည္။

သူ၏ ခႏၶာကိုယ္ ပိန္ပိန္ေလးမွ ဘယ္ကမွန္းမသိေသာ အားမ်ားထြက္လာကာ ရွန္းရွီ၏ လက္မ်ားကို တြန္းထုတ္ပစ္လိုက္သည္။ တံခါးဆီသို႔ ေျပးသြားၿပီး အခန္းထဲမွ တရွိန္ထိုး ထြက္ေျပးသြားေတာ့သည္။

ဇြန္ဘီကမာၻႀကီးတြင္ ဤသို႔ေသာ အေျခအေနမ်ိဳးႏွင့္ ႀကဳံရလိမ့္မည္ဟု လုံးဝ မထင္ထားေပ။

ရွန္းရွီ ေနရာတြင္ပင္ ရပ္ေနရင္း စိတ္ဓာတ္က်သြားကာ ေခါင္းငုံ႔ေနသည္။

'က်ိရင္ ဒီလိုႀကီး တုံ႔ျပန္လာလိမ့္မယ္လို႔ မထင္ထားဘူး'

'သူက ရွက္ၿပီး ရွက္စႏိုးနဲ႔ မလိုခ်င္ဘူးလို ေျပာရမွာေလ'

'ဒါေပမဲ့လည္း မတတ္ႏိုင္တဲ့ပုဲေလးနဲ႔ ငါ့ရင္ခြင္ထဲ ၿပိဳလဲေနၿပီး 口口口口 ျဖစ္ေနရမွာ မဟုတ္ဘူးလား'

'ဟိုေန႔ေတြက ဖတ္ခဲ့တဲ့ စာအုပ္ေတြက အကုန္အမွားေတြ ေရးထားတာပဲ လူသားေတြက နားလည္ရခက္လိုက္တာ'

စာအုပ္မ်ားထဲတြင္ လူသားမ်ားသည္ နားလည္ရအခက္ဆုံး သတၱဝါမ်ားဟု ေရးထားသည္။

'သူတို႔နဲ႔ ရင္းႏွီးေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာ ဘယ္စာအုပ္ထဲကမွ မွန္ေအာင္ေရးမထားဘူး'

'ဒါေပမဲ့............ ေအာင္ေတာ့ ေအာင္ျမင္လိုက္တာပဲ'

ရွန္းရွီ၏ ႏႈတ္ခမ္းတို႔ ေက်နပ္စြာ ေကြးၫြတ္သြားသည္။

'က်ိရင္က အရမ္းကို ႏူးညံ့တာပဲ အရမ္း အရမ္း သေဘာက်တယ္'

...................................

Telegram မွာ အၿပီးအထိ တင္ၿပီးပါၿပီေနာ္။ 

Continuă lectura

O să-ți placă și

747K 30K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
595K 108K 102
Original Novel - 论以貌取人的下场 English Title - The Consequence of Judging Others by Appearance Author - Yue Xia Die Ying / 月下蝶影 Status in COO - 164 Chapte...
7.6K 1.1K 6
Description Recently, my childhood buddy has been giving me some very ambiguous signs. Is he trying to turn me gay? Author - Jiao Hua Qing Jiu/浇花清酒 S...