Forget-Me-Nots { Completed }

By popophoenix207

309K 16.5K 2.3K

A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်း... More

Author's Note
1. Happy Birthday Your Highness
2. When we first met
3. I'll protect you
4. Friends
5.The bond between us
6. Who I am with you
7. Fairness
8. Just take my hand
9. Why are you too perfect?
10. Christmas with you
11. Hug me tight
12. Growing up ain't easy
13. To the trouble I'm in
14. Wherever you go
15. No Sex, No Drug
16. By your side
17. Your Lips , Your Hands
19. May I dance with you?
20. At age eighteen
21. First kiss I won't ever forget
22. Official boyfriend
23. King of my heart
24. On new year's day
25. " Jag vill kyssa dig " eyes
26. The way I love you
27. Take me to the stars
28. You're my energy
29. Be my forever
30. Can't imagine my life without you
ဘုဏ်းဇေယျာကျော်
31. A Photograph
32. Our Last Date
33. Chapter closed
34. Life goes on
35. One day
36. Give me a small chance
37. Please don't go away
38. Because I love you
39. The smile on your face
40. Loving can hurt sometimes ( Unicode )
40. Loving can hurt sometimes ( Zawgyi )
41. Dear Prince
ရှင်းသန့်တည်ကြည်
42. Love me again
43. You're my destiny
44. The Love of My Life
45. Prince is mine
46. Love wins
47. Till death do us part
48.Final Part - Forget Me Not
Extra - 1

18. Under the moonlight

4.1K 257 48
By popophoenix207

( Unicode )

" ဘာဖြစ်လို့ လေးငါးနှစ် နောက်ဆုတ်ခိုင်းနေရတာလဲ ၊ ခမည်းတော်က သားကို အခုချက်ချင်း စစ်မှုထမ်းခိုင်းနေတာလဲ မဟုတ်ဘူး ၊ ကြားထဲမှာ တစ်နှစ်နီးပါး အချိန်ရသေးတယ်လေ ၊ ဒီကိစ္စကို အခုကတည်းက ငြင်းဆန်နေရအောင် သားက စစ်မှု မထမ်းချင်လို့လား "

" သားက စစ်မှု မထမ်းချင်တာ မဟုတ်ပါဘူး ခမည်းတော် ၊ ငြင်းဆန်နေတာလဲ မဟုတ်ပါဘူး ၊ သား စစ်မှုထမ်းဖို့ လိုလိုချင်ချင် ဆန္ဒရှိပါတယ် ၊ အခုက သားကို အချိန်တစ်ခု နောက်ရွှေ့ပေးဖို့ တောင်းဆိုတာပါ ၊ သား တက္ကသိုလ်က ဘွဲ့ရမှ အဲဒီတာဝန်ကို ထမ်းဆောင်ပါရစေ "

ညနေ ခြောက်နာရီထိုးပြီမို့ မယ်တော်ကြီး၏ ဘုံထည်ဝါနန်း အဆောင်၌ တော်ဝင်မိသားစုအားလုံး ညစာစားဖို့ ရောက်ရှိနေကြချိန် ။ စားပွဲပေါ်တွင် ညစာအတွက် အစားအသောက်အားလုံး အဆင်သင့်ပြင်ထားပြီးသား ဖြစ်သော်လည်း ဘယ်သူမှ မစားနိုင်ကြသေး။ ဧကရာဇ်နှင့် အိမ်ရှေ့စံတို့၏ မျက်နှာကိုသာ တစ်လှည့်စီ အကဲခတ်နေကြရသည်။

သားတော်အိမ်ရှေ့စံ၏ဆန္ဒကို အမြဲတစေ ထည့်တွက်ပြီး ငဲ့ညှာပေးလေ့ရှိသော အရှင်မင်းကြီးက သည်တစ်ခါ သူ့သားတော် တောင်းဆိုလာသည်ကို လိုက်လျောမပေးလိုသည့် သဘောဖြင့် တင်းမာလျက်ရှိသည်။ ထို့အတူ တစ်သက်လုံး နန်းတွင်း စည်းမျဉ်းများနှင့်အညီ နေလာပြီး သူ့ကိုပေးအပ်လာသော တာဝန်မှန်သမျှ ငြင်းဆန်ခြင်းမရှိဘဲ နာခံခဲ့သော အိမ်ရှေ့စံသည်လည်း သည်တစ်ကြိမ်မှာတော့ သူ့ဆုံးဖြတ်ချက်ကို လုံးဝ ပြောင်းလဲမည့်ပုံမပေါ်ပေ။

စစ်ရေးပြအခမ်းအနားမှ ပြန်ရောက်လာကတည်းက စစ်မှုထမ်းရမည့်အကြောင်းကိုသာ ဘုဏ်းဇေ တစ်ချိန်လုံး စဉ်းစားနေခဲ့သည်။ အချိန် တစ်နှစ်နီးပါး လိုသေးသည်ဆိုသော်လည်း အခုကတည်းက သည်ကိစ္စကို ရှင်းရှင်းလင်းလင်း လုပ်ထားချင်သည်။ ထို့ကြောင့် ညစာစားမည့်အချိန် လူစုံတုန်း သူ့သဘောထားကို ခမည်းတော်အား ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ခြင်းပင်။

" ဒါဆို သားက တက္ကသိုလ်ကနေ ဘွဲ့မရမှာ စိုးနေတာလား ၊ မပူပါနဲ့ ၊ စစ်မှုထမ်းရင်း ကာကွယ်ရေးတက္ကသိုလ်က ပို့ချတဲ့ သင်ခန်းစာတွေကို လေ့လာရမှာပါ ၊ ပြီးတာနဲ့ သားက အဲဒီကပေးတဲ့ ဘွဲ့အပြင် ငြိမ်းအေးသာစံရဲ့ မြို့စားဆိုတဲ့ ဂုဏ်ပုဒ်ကိုရော ရမှာ "

" သား အဲဒီဘွဲ့ကိုလဲ လိုချင်ပါတယ် ၊ ဒါပေမဲ့ သူငယ်ချင်းတွေနဲ့အတူ တက္ကသိုလ်တက်ပြီး သာမန် တက္ကသိုလ်ကျောင်းသား ဘဝကိုလဲ ဖြတ်သန်းချင်တယ် ခမည်းတော် "

ဘုဏ်းဇေ သူငယ်ချင်းတွေနှင့်အတူ တက္ကသိုလ် တက်ချင်သည်။ အပျော်သက်သက်တော့ မဟုတ်ပါ ။ တက္ကသိုလ်ရောက်လျှင် စီးပွားရေးနှင့် သက်ဆိုင်သည့် မေဂျာတစ်ခုခုကိုယူမည် ။ အိမ်ရှေ့မင်းသားနှင့် စီးပွားရေးမေဂျာက သိပ်တော့မအပ်စပ်ပေမဲ့ ဘုဏ်းဇေမှာလည်း ကိုယ့်အနာဂတ်အစီအစဉ်နှင့်ကိုယ်ရှိသေးသည်။

" ခမည်းတော်တို့ သားကို လွတ်လပ်ခွင့်တွေ ပေးတာ သိပ်များသွားပြီနဲ့တူတယ် ၊ နန်းတော်ထဲအထိပါ သားသူငယ်ချင်းတွေကို စိတ်ကြိုက် ဝင်ထွက်ခွင့် ပေးထားခဲ့တယ် ... သား ပျော်ပါစေဆိုပြီးတော့ ၊ အခုကျ သားက သာမန်လူတွေလိုပဲ နေချင်နေပြီ၊ ကြာရင် ကိုယ့်ကိုကိုယ် အိမ်ရှေ့မင်းသားဆိုတာပါ မေ့သွားတော့မယ်ထင်ပါရဲ့ "

" အို ...အဲလို မပြောပါနဲ့ရှင် ၊ ကျမတို့သားက ဘယ်တုန်းက စည်းလွတ်ဝါးလွတ် နေခဲ့ဖူးလို့လဲ ၊ အခုလဲ သူ့ဆန္ဒကို သူထုတ်ပြောနေတာ ဘာမှမမှားဘူး ၊ သားက သူ့တာဝန်ကို မထမ်းဆောင်ချင်ဘူး ပြောနေတာလဲ မဟုတ်ဘူးလေ ၊ အချိန်တစ်ခု ရွှေ့ပေးဖို့ပဲ ၊ ဒီလောက် ခက်ခဲပင်ပန်းတဲ့ နေရာမှာ သုံးနှစ်တောင် သားကို ပို့ထားရမှာ ကျမကတော့ သားပြောတဲ့အချိန်မှဆို သားကို ပိုတောင်စိတ်ချသေးတယ် "

တစ်ချိန်လုံး ဘေးကနေ အသာငြိမ်နားထောင်နေခဲ့သော မယ်မယ်က ဘုဏ်းဇေဘက်က ဝင်ပြောလာသည်။ ခမည်းတော်နှင့် အခုလို အချေအတင်တွေ ပြောနေရတာ ဘုဏ်းဇေလည်း စိတ်ထဲမှာ မကောင်းပါ ။ သို့သော် သူ့ဘက်ကလည်း လုံးဝလက်လျှော့မည်မဟုတ် ။ နောက်ဆို အခုထက်ပိုခက်ခဲသည့်ကိစ္စတွေပါ ရင်ဆိုင်ရဦးမည် ။

" သဘောတူပေးလိုက်ပါကွယ် ၊ ငါ့မြေးလဲ သူ့အစ်ကိုတွေအစ်မတွေလို တက္ကသိုလ်ကို လွတ်လွတ်လပ်လပ် တက်ချင်ရှာတာ နေမှာပေါ့ "

မယ်တော်ကြီးလည်း မနေသာတော့။ သားတော်နှင့်မြေးတော်ကြားမှာ ဝင်ပါရတော့သည်။

ဘယ်လိုပဲ နန်းတော်မှာ သတ်မှတ်ထားသည့် ဆက်ခံသူတစ်ယောက်၏ တာဝန် ဆိုစေဦး။ ချစ်ရသည့် မြေးတော်လေးအလှည့်မှာတော့ စည်းမျဉ်းစည်းကမ်းတွေပါ ပြောင်းသင့်လျှင် ပြောင်းပေးဦးမည်။ အခုတောင် မြေးတော်လေးမျက်နှာက ပြုံးမနေဘဲ ညှိုးနွမ်းနေတာ မြင်ပြီး ရင်ထဲမကောင်းလှ။

" မဟုတ်သေးပါဘူး ၊ မယ်မယ်ကပါ ဘာလို့ ဒီလိုမျိုး ပြောရတာလဲ ၊ ဒါက ထီးနန်းဆက်ခံသူတစ်‌ယောက် လိုက်နာဆောင်ရွက်ရမဲ့ ထုံးစံမှန်း သိရဲ့သားနဲ့ "

" ဒါဆိုလဲ ငါ့မြေးလက်ထက်ကစပြီး ထုံးစံအသစ်
ပြောင်းလိုက်ကြတာပေါ့ ၊ နောက်မျိုးဆက်တွေအလှည့်ကျရင်လဲ ဆယ့်ရှစ်နှစ်မှာ စစ်မှုမထမ်းဘဲ နှစ်ဆယ်ကျော်မှ စစ်မှုထမ်းကြပါစေ "

" မယ်မယ်နဲ့တော့ ခက်တော့တာပါပဲ "

" ဘာကများ ခက်ခဲနေရတာပါလိမ့်ကွယ် ၊ ကာကွယ်ရေးဝန်ကြီးကို အိမ်ရှေ့မင်းသား တက္ကသိုလ်က ဘွဲ့ရပြီးမှ စစ်မှုထမ်းတာဝန် ဆောင်ရွက်မယ်လို့ အကြောင်းကြားလိုက်ရင် ပြီးနေရောဟာကို ၊ မင်းကြီးအနေနဲ့ ဒီကိစ္စကို ခက်တယ်ထင်ရင် ဘေးဖယ်နေလိုက် ၊ မယ်မယ်ပဲ ကိုင်တွယ်လိုက်မယ် "

" အဲဒါက ခက်တာမဟုတ်ဘူး ၊ မြေးကို နေရာတကာ အလိုလိုက်ချင်နေတဲ့ မယ်မယ်က ခက်နေတာ "

ဧကရာဇ်က စည်းမျဉ်းပြောင်းလဲ သတ်မှတ်ရမည်ကို သဘောတူလိုသည့်ပုံ မပေါ်သော်လည်း သူ့မယ်တော်ကိုလည်း အတိုက်အခံ မလုပ်ဝံ့ပေ။ ပါးစပ်ကနေ ခက်တယ်ချည်းသာ ငြီးတွားနေသည်။

" စား... ငါ့မြေး ၊ စိတ်ချလက်ချသာနေ ၊ မြေး ဆန္ဒအတိုင်း ဖြစ်စေရမယ် ၊ ဘာမှမပူနဲ့ ၊ ဒီကိစ္စကို ဘွား တာဝန်ယူတယ် "

နောက်ဆုံးတွင် မကိုဋ်ရတနာ နန်းတော်အတွင်း ဧကရာဇ်ကစပြီး တစ်ယောက်မကျန် မလွန်ဆန်ဝံ့သော မယ်တော်ကြီး၏ အသည်းညှာကို ကိုင်ထားနိုင်သည့် အိမ်ရှေ့စံကသာ သည်ပွဲမှာ ခမည်းတော် ဧကရာဇ်ကို အနိုင်ရရှိသွားတော့သည် ။

*****

အထက်တန်း နောက်ဆုံးနှစ်မှာတော့ အိမ်ရှေ့စံတို့အားလုံး ကိုယ်တက်ချင်သည့် တက္ကသိုလ် ရဖို့အတွက် ကျောင်းစာကိုသာ အားစိုက်လုပ်ကြရသည်။ အားလပ်ချိန်ဆိုတာပင် မရှိကြသလောက် ။ သီတင်းကျွတ်ကျောင်းပိတ်ရက်သည်ပင် နောက်ဆုံးနှစ်ကျောင်းသားများအတွက် ကောင်းကောင်းမနားရဘဲ ဗော်လံတီယာ တစ်ပတ် သွားလုပ်ကြရမည့်ကာလဖြစ်သည် ။ ကျေးလက်ဒေသဖွံ့ဖြိုးရေး ၊ ကမ်းခြေ သန့်ရှင်းသာယာရေး ၊ စာကြည့်တိုက် ၊ ဘိုးဘွားရိပ်သာနှင့် အစိုးရဆေးရုံဆိုပြီး လုပ်အားပေးရမည့် နေရာများကို ကျောင်းဘက်က သတ်မှတ်ကာ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးထား၏။ ထိုနေရာတွေထဲကမှ ကျောင်းသားများက ကိုယ်နှစ်သက်ရာ အဖွဲ့အစည်းကို ရွေးချယ်ကြရမည်။

" ကိုယ်လုပ်နိုင်တဲ့နေရာကို သေချာရွေးချယ်ကြပါ ၊ ဒီကရလာတဲ့ အမှတ်က မင်းတို့ တက္ကသိုလ် လျှောက်တဲ့နေရာမှာ အရေးကြီးတယ်ဆိုတာ မမေ့ပါနဲ့ ၊ ရွေးပြီးပြီဆိုရင် ဆရာမတို့ဆီကို စာရင်းလာပေးလို့ ရပါပြီ "

အတန်းပိုင်ဆရာမ ပြောပြီးသည်နှင့် တစ်ခါတည်း ကောင်းယံက ရှင်းသန့်အနားသို့ ကပ်လာကာ ...

" ရှင်းသန့် မင်း ဘယ်ရွေးမှာလဲ ၊ ငါက မင်းရွေးတာပဲ ရွေးမှာ "

" ငါရောပဲ ရှင်းသန့် ၊ စာကြည့်တိုက်ပဲ ရွေးမှာမို့လား "

အာကာကလည်း ကောင်းယံအတိုင်း ရှင်းသန့်သဘောသာ ။ ကျန်သုံးယောက်ကတော့ ဘာမှမပြောဘဲ ရှင်းသန့်ကို ကြည့်နေကြသည် ။ အကုန်လုံးက ရှင်းသန့် စာကြည့်တိုက်ပဲ ရွေးလိမ့်မည်ဟု တွက်ထားကြပုံပင်။ စာကြည့်တိုက်မှာသာ လုပ်အားပေးရမည်ဆိုလျှင် ရှင်းသန့်အတွက် သူလုပ်နေကြအရာမို့ အမှတ်ကောင်းကောင်းလည်း ရနိုင်သည်။ သို့သော် ရှင်းသန့်က သူဆုံးဖြတ်ရမည့်အစား ဘုဏ်းဇေကိုသာ ကြည့်ပြီး မေးငေါ့ပြလေသည်။

" မင်း ဘယ်မှာ လုပ်အားပေးချင်လဲ ၊ ငါက မင်းစာရင်းပေးတဲ့ဆီ လိုက်ပေးမှာ "

ရှင်းသန့်ကို အာကာတို့က အထူးအဆန်း ဖြစ်ကုန်ကြ၏။ ဘုဏ်းဇေလည်း သူ့လက်ထဲက စာရင်းပေးရမည့် စာရွက်ကို ငုံ့ကြည့်ရင်း ပြုံးမိသည်။

အခုဆို ရှင်းသန့်တည်လေးက နေရာတကာ ဘုဏ်းဇေဆန္ဒကို ဦးစားပေးတတ်လာခဲ့ပြီ ။

" ကမ်းခြေ ၊ လုပ်အားပေးရင်းနဲ့ ပင်လယ်ကို သွားကြည့်ကြတာပေါ့ "

*****

'ရွှေကံသာ' ကမ်းခြေသည် ငြိမ်းအေးသာစံနှင့် အတန်ငယ်ဝေးပြီး ကားနှင့် သွားလျှင် ငါးနာရီခန့်ကြာမြင့်သည်။ သန့်ရှင်းရေး ဗော်လံတီယာ လုပ်ကြမည့် ကျောင်းသားများမှာ တစ်ပတ်လုံးလုံး ကမ်းခြေက ဟိုတယ်တစ်ခုမှာပဲ နေကြရမည်ဖြစ်၍ နန်းတော်က အိမ်ရှေ့စံကို သည်အတိုင်း မလွှတ်ပေ ။ သက်တော်စောင့်အဖွဲ့ပါ ထည့်ပေးလိုက်သည်။ သို့သော် ကျောင်းစည်းကမ်းအရ အိမ်ရှေ့စံနောက်ကပါလာသော သက်တော်စောင့်များမှာ သူတို့မင်းသားလေးကို ကူပေးခွင့်မရှိ။ ဘေးဘီဝဲယာကနေသာ လိုက်ပါ စောင့်ရှောက်ခွင့်ရှိသည်။

သည်နိုင်ငံတွင် အရှည်ဆုံးနှင့် ခရီးသွားအများဆုံး လာရောက်လေ့ရှိသည့် ရွှေကံသာ ကမ်းခြေမှာ အိမ်ရှေ့မင်းသားကိုယ်တိုင် အမှိုက်လိုက်ကောက်နေသည်ကိုမြင်ပြီး အပန်းဖြေရန် ရောက်နေကြသူအားလုံး ရေထဲပဲဆင်းဆော့ရမှာလိုလို သူတို့မင်းသားလေးနှင့်အတူ အမှိုက်လိုက်ကောက်ရမှာလိုလို ဖြစ်နေကြပုံမှာ ရယ်လည်းရယ်ရသလို ကြည်နူးစရာလည်း ကောင်းလှသည်။

သည်တစ်ခေါက် လုပ်အားပေးခရီးက အဖွဲ့အမျိုးမျိုး နေရာအမျိုးမျိုး ကွဲသွားကြသဖြင့် လွိုင်လီသွားတုန်းကလို ကျောင်းသားမများပေ။ ဘုဏ်းဇေတို့လို ကမ်းခြေသန့်ရှင်းရေးအဖွဲ့မှာ ပါဝင်ဖို့ စာရင်းပေးကြသူက အနည်းဆုံးပင်။ မိန်းကလေးလည်း တစ်ဦးမျှမပါ။ နီစွေးကလည်း ဘိုးဘွားရိပ်သာမှာ လုပ်အားပေးမည်ဖြစ်၍ သူတို့နှင့် အဖွဲ့ကွဲသွားသည်။

ဘုဏ်းဇေတို့တာဝန်မှာ ကမ်းခြေတွင် အမှိုက်ကောက်ပြီး သန့်ရှင်းရေးလုပ်ရုံတင်မဟုတ်ဘဲ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့နှင့် ပူးပေါင်းပြီး (Recycling ) စွန့်ပစ်ပစ္စည်းများအား ပြန်လည်သုံးစွဲခြင်းအတွက်ပါ ကူညီကြရန် ဖြစ်သည်။ ထို့ကြောင့် အမှိုက်တွေ လိုက်သိမ်းပြီးလျှင် စွန့်ပစ်ပစ္စည်းများထဲမှ ပြန်လည်အသုံးပြုနိုင်သည့် အရာများကိုရွေးကာ စက္ကူ ၊ ဖန် ၊ ပလတ်စတစ် ၊ သတ္ထု စသဖြင့် သူ့အမျိုးအစားနှင့်သူ ခွဲထုတ်ကြရသည်။

" Recyclingကို ကမ္ဘာပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာကြတာ သိပ်ကောင်းတယ်လို့ ပြောရမယ် ၊ အမှိုက်ပမာဏ နည်းသွားတော့ လေထု၊ ရေနဲ့ မြေဆီလွှာ ညစ်ညမ်းမှု လျော့နည်းသွားတယ် ၊ ဒါက ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှုကို လျှော့ချပေးပြီး ရာသီဥတုအပြောင်းအလဲအပေါ် သက်ရောက်နေတဲ့ ဖိအားတွေကိုလဲ ‌သက်သာစေတယ်"

ရှင်းသန့်က ထပ်ထားသည့် ဂျပ်စက္ကူများကို ပုံးထဲမှာ စုထည့်ရင်း Recycling နှင့် ပတ်သက်ပြီး ပြောနေသည်။ တချို့က သံဘူးခွံများကို အိတ်တစ်လုံးထဲ စုထည့်ပြီး တချို့က သတ္ထုပစ္စည်းများကို ပြားသွားအောင် ညှပ်စက်ဖြင့် ဖိချကာ သံရည်ကျိုစက်ဆီ ပို့မည့်ပုံးတွေထဲမှာ ထည့်နေကြ၏။ လက်အိတ်တွေအပြင် နှာခေါင်းစည်းတွေပါ တပ်ထားကြရသောကြောင့် စကားပြောရတာ သိပ်တော့မလွတ်လပ်ပေ။

" စက္ကူတစ်တန်ကို ပြန်အသုံးပြုတဲ့အခါ ဝါးပင် တစ်ဆယ့်ခုနစ်ပင်ကို ထိန်းသိမ်းနိုင်တာနဲ့အတူတူပဲ ၊ ဘူးခွံအဟောင်းတွေကို ပြန်သုံးတာကလဲ ဘူးခွံအသစ်တွေထုတ်ဖို့ လိုအပ်တဲ့ စွမ်းအင်ရဲ့ ကိုးဆယ့်ငါးရာခိုင်နှုန်းကို လျှော့ချပေးနိုင်တယ်တဲ့၊ Recyclingလုပ်ဆောင်တာက သဘာဝအရင်းအမြစ်တွေကို ရေရှည်ထိန်းသိမ်းဖို့ ဆောင်ရွက်တဲ့နေရာမှာ တော်တော်အကျိုးရှိတယ်၊ Recyclingစတင်ခဲ့တဲ့သူတွေကို ငါတော့ တကယ်ကျေးဇူးတင်တယ် "

" မင်းက Environmental စိတ်ဝင်စားသားပဲ ရှင်းသန့် ၊ တက္ကသိုလ်ကျရင် Environmental Science ယူပါလား "

ရှင်းသန့်က စက္ကူပုံးတွေကို သေချာအဖုံးပိတ်ပြီးနောက် ပလတ်စတစ်ဘူးခွံတွေကို အိတ်ထဲ ထည့်ရင်း သီဟပြောသည့် စကားကို ခေါင်းရမ်းပြသည်။

" ဟင့်အင်း ၊ ငါက Literatureပဲ ယူမှာ "

" ကောင်းပါတယ် ၊ အဲဒါက မင်းဝါသနာပဲ ၊ ငါကတော့ နောက်လဲ အိမ်ကစီးပွားရေးပဲ ဦးဆောင်ရမှာဆိုတော့ Business Managementပဲ ယူမယ် "

Linn Corporationရဲ့ တစ်ဦးတည်းသော ဆက်ခံသူပီပီ လင်းရောင်ရှိန်က သူ့မိဘတွေခြေရာအတိုင်း တစ်ချိန်မှာ စီးပွားရေးလောကထဲ ဝင်ရောက်ရမည့်သူဖြစ်ကြောင်း သူငယ်ချင်းတွေက သိထားကြပြီးသားဖြစ်သလို တက္ကသိုလ်မှာ ရောင်ရှိန် ဘာမေဂျာ ယူမလဲဆိုတာလည်း ခန့်မှန်းမိကြပြီးသားပင် ။

သို့သော် သူငယ်ချင်းတွေ ခန့်မှန်းထားသည်နှင့် လွဲနေသော တစ်စုံတစ်ယောက်လည်း ရှိသေးသည်။

" ငါရောပဲ ရောင်ရှိန် ၊ ငါလဲ မင်းနဲ့အတူတူ Business Management တက်မယ် "

သူငယ်ချင်းတွေဆီမှ နားမလည်နိုင်သောအကြည့်တို့က ဘုဏ်းဇေဆီသို့ စုပြုံလာကြသည်။ ဘုဏ်းဇေကတော့ အေးအေးဆေးဆေးပဲ လုပ်စရာရှိတာ ဆက်လုပ်နေ၏။

" မင်းက နိုင်ငံရေးသိပ္ပံတို့ ၊ နိုင်ငံတကာ ဆက်ဆံရေးတို့ အဲလိုမေဂျာတွေ မယူဘူးလား "

" ငါလဲ မင်းကို တက္ကသိုလ်ကျ အဲဒီမေဂျာတွေ ယူမယ်ထင်နေတာ "

သူငယ်ချင်းတွေ သူ့ကို သည်လိုပဲ ထင်ကြလိမ့်မည်ဆိုတာ အိမ်ရှေ့စံတစ်ယောက် သိပြီးသားပါ ။ တက္ကသိုလ်က ထိုဘာသာရပ်တွေဆိုတာ သူငယ်ငယ်ကတည်းက နန်းတော်ထဲမှာ နေ့တိုင်းနီးပါး ထုံးလိုမွှေ ရေလိုနှောက်ပြီး လေ့လာနေခဲ့ရသည့် အကြောင်းအရာတွေထက် မကျော်လွန်ဘူးဆိုတာ သူတို့မှ မသိကြဘဲလေ ။

" အဲဒီမေဂျာတွေယူရင် တက္ကသိုလ်မှာ ငါ ပျင်းလို့ သေရလိမ့်မယ် ၊ အဲဒါတွေက ငါ မွေးကတည်းကထမင်းစားရေသောက်လို ပုံမှန် လေ့လာထားခဲ့ရတာတွေ ၊ တက္ကသိုလ်က ပါမောက္ခတွေတောင် ငါ့လောက် သိမှာမဟုတ်ဘူး "

" အဟားဟား ... "

ကြားထဲမှာ ဘူးခွံပုလင်းခွံအပုံကြီး ခြားထားပြီး မျက်နှာချင်းဆိုင်ကနေ ရှင်းသန့်က ရယ်ကာ ...

" အဲလောက်ကြီးကတော့ များသွားပြီ၊ အပြောလေး နည်းနည်းလျှော့ပါဦး အရှင့်သားရာ "

" ဪဟော ... မင်းက ငါ့ကို အထင်သေးတာပဲ ၊ မယုံရင် မင်းအစ်ကို နိုင်ငံရေးသိပ္ပံကျောင်းသားနဲ့ ငါ့ကို တစ်ရက်လောက် ချိန်းပေးလေ ၊ ပြီးရင် သူ တက္ကသိုလ်မှာ သင်ရတဲ့ အကြောင်းအရာတွေကို ငါနဲ့အတူ ဆွေးနွေးကြမယ် ၊ သူမေးသမျှကိုလဲ ငါဖြေပေးမယ် ၊ ဘယ်လိုလဲ "

" ဟုတ်ပါပြီ ၊ ဟုတ်ပါပြီ ၊ ထားလိုက်ပါတော့ ၊ ဟောဒီမိုးမြေတစ်ခွင်မှာ အရှင်မင်းသားကသာ အတော်ဆုံးပါ "

" ရှင်းသန့်တည်ကတော့ နာချင်နေပြီထင်တယ် "

" ဟောဗျာ...တော်တယ်ပြောတော့လဲ မဟုတ်ရပြန်ဘူးလား ၊ အရှင့်သားရဲ့စိတ်ကိုတော့ တကယ်နားမလည်ဘူး "

" မင်းက ရွဲ့နေတာလေ "

ဘုဏ်းဇေ လှမ်းပစ်လိုက်သော ပလတ်စတစ်ဘူးခွံတစ်ခုက ရှင်းသန့်ခေါင်းပေါ်ကနေ ဝဲပျံသွားသည်။ လူကို မထိအောင် တမင် မြှောက်ပစ်တယ်ဆိုတာကတော့ အသိသာကြီးပါ ။

တကယ်တော့ ဘုဏ်းဇေစကားကို ရှင်းသန့် အကြွင်းမဲ့ ယုံကြည်သည် ။ အိမ်ရှေ့မင်းသား၏ စာဖတ်ခန်းထဲ မကြာခဏ ရောက်ဖူးသူတစ်ယောက်အနေဖြင့် ဘုဏ်းဇေပြောသမျှ အပိုတစ်လုံးမှ မပါမှန်းလည်း သိပြီးသား ။ ရှင်းသန့် ဘုဏ်းဇေကို တမင်စနောက်ချင်၍သာ ပြောလိုက်ခြင်းပင် ။

အိမ်ရှေ့ဥပရာဇာလေးအား တစ်စုံတစ်ခုကို တွေးပူပြီး ငိုနေမည့်အစား သည်လိုမျိုး သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုနေသည့်ပုံစံကိုသာ အမြဲ မြင်တွေ့ချင်သည်။

ဖြစ်နိုင်လျှင် ဘုဏ်းဇေရဲ့ အိပ်မက်တွေကိုပါ ရှင်းသန့်ထိန်းချုပ်ခွင့် ရချင်သည်။ သည်လိုသာဆို အိမ်မက်ထဲမှာတောင် မင်းသားလေးကို ဝမ်းနည်းခွင့်ပေးမည် မဟုတ်ပါ ။

" တက္ကသိုလ်ရောက်ရင် ငါတို့တွေ မေဂျာတွေကွဲကုန်တော့မှာပဲ "

" ငါတို့အကုန်လုံး ငြိမ်းအေးသာစံ တက္ကသိုလ်မှာပဲ ဝင်ခွင့်ရအောင် အရင်ဆုတောင်း ၊ မေဂျာကွဲတာက ကိစ္စမရှိဘူး ၊ အတန်းချိန်ပြီးရင် ဆုံလို့ရတယ် ၊ တက္ကသိုလ်ကွဲသွားမှ တစ်နေရာစီဖြစ်ကုန်မှာ "

အာကာ့စကားဆုံးတော့ ကောင်းယံက ဘုဏ်းဇေနှင့် ရှင်းသန့်ကို တစ်လှည့်စီကြည့်ပြီး လက်ညှိုးထိုးကာ ...

" ဒါပေမဲ့ မင်းတို့နှစ်ယောက် ဘယ်လိုလုပ်မလဲ "

" ဘာကိုလဲ "

" မင်းတို့က စာသင်ခန်းထဲလဲ အမြဲတမ်း တစ်ယောက်သွားတဲ့နောက် တစ်ယောက် လိုက်နေကြတာလေ ၊ မေဂျာကွဲသွားတော့ ဘယ်လိုလုပ်မှာလဲလို့ "

" ဪ ...ဘာပါလိမ့်လို့ ... "

ဘုဏ်းဇေက ရှင်းသန့်ကို သေချာကြည့်ကာ

" မေဂျာပဲကွဲတာပါ၊ နှလုံးသားတွေက ခွဲလို့မရပါဘူး ၊ ဟုတ်တယ်မလား အသည်းလေး "

မျက်စိတစ်ဖက်မှိတ်ပြပြီး ပြောချလိုက်သော စကားကြောင့် ရှင်းသန့် ရင်ထဲ ဒိတ်ခနဲဖြစ်သွားသည်။ ဘေးမှာက သူတို့အုပ်စုအပြင် တခြားအတန်းဖော်တွေလည်း ရှိသေး၏။

" အဲဒီပါးစပ်က ...."

" အဟားဟား "

သည်တစ်ခါ ဘူးခွံနှင့် လှမ်းပေါက်သူက ရှင်းသန့်ဖြစ်သွားခဲ့ပြီ။ ပြီးတော့ ရှင်းသန့်သည်လည်း ဘုဏ်းဇေလိုမျိုး လူကို မထိအောင်သာ ပစ်တတ်သူပါ။

*****

" ရှင်း ...မင်းအိပ်တော့မလို့လား ၊ မအိပ်ပါနဲ့ဦး ၊ လမ်းလျှောက်သွားရအောင် ၊ မနက်ဖြန်ဆို ငါတို့ ပြန်ကြရတော့မှာ "

ဘုဏ်းဇေက သူတို့တည်းသည့် ဟိုတယ်ခန်းပြတင်းကနေ ပင်လယ်ဆီ လှမ်းကြည့်ပြီး အိပ်ဖို့ပြင်နေသော ရှင်းသန့်ကို တားလိုက်သည်။ အချိန်ကတော့ ကိုးနာရီကျော်နေပြီ။

အမှန်အတိုင်း ပြောရလျှင် ညနေက ကမ်းခြေမှာ ဘောလုံးကန်ကြပြီး ပင်လယ်ရေထဲ အကြာကြီး ဆင်းဆော့ခဲ့ကြသဖြင့် ရှင်းသန့် ခြေထောက်တွေ ညောင်းတောင့်နေပြီ။ အစောပိုင်းကလည်း ညဈေးတန်းမှာ သူငယ်ချင်းတတွေ မုန့်လျှောက်စားခဲ့ကြသေးသည်။ မုန့်စားပြီးအပြန် ရောင်ရှိန်နှင့်ကောင်းယံတို့နေသည့်အခန်းထဲမှာ ခြောက်ယောက်လုံး ထိုင်စကားပြောပြီး လူစုခွဲလာကြတာ မကြာသေးပေ။

သို့သော် ဘုဏ်းဇေက အပြင်ပြန်ထွက်ချင်သည်ဆိုတော့လည်း ရှင်သန့်အနေဖြင့် လိုက်လျောပေးရုံသာ။

" မင်းသွားချင်ရင် သွားမယ်လေ "

သူတို့နှစ်ယောက် အပြင်ထွက်လာတော့ အခန်းရှေ့မှာ ရပ်စောင့်နေသော ဘုဏ်းဇေ၏ သက်တော်စောင့်တစ်ယောက်က ခါတိုင်းလို နောက်ကနေ အဆင်သင့်လိုက်လာသည်။ ‌အနားယူနေပြီဖြစ်သည့် တခြားသက်တော်စောင့်တွေကိုပါ လှမ်းခေါ်လိုက်၏။

" ကိုဗစ်တာ နားတော့လေ ၊ မလိုက်နေတော့နဲ့ ၊ တခြားသူတွေလဲ နားပါစေ ၊ ကျနော်တို့ အဝေးကြီး မသွားပါဘူး "

" ညဘက်ဆိုတော့ စိတ်မချလို့ပါ မင်းသား ၊ ကျနော်တို့လဲ မနားသေးပါဘူး "

" ဘာမှစိတ်ပူစရာမရှိပါဘူး ကိုဗစ်တာရာ ၊ နီးနီးနားနား လမ်းလျှောက်ရုံတင်ပါ ၊ သွားအိပ်ချေတော့နော် "

" မအိပ်ချင်သေးလို့ပါ အရှင့်သား ၊ ကျနော်တို့လဲ လမ်းလျှောက်ရင်း လိုက်ခဲ့ပါ့မယ် "

" ကျစ်! "

ရှင်းသန့်နှင့် နှစ်ယောက်တည်း သွားချင်ပါသည်ဆို နောက်ကနေ လိုက်မည်တကဲကဲ လုပ်နေသော သက်တော်စောင့်များကြောင့် ဘုဏ်းဇေ အကြံအိုက်သွားသည်။ မလိုက်အောင် တားဖို့ နည်းလမ်းတစ်ခုသာ ကျန်တော့၏။

အင်္ကျီအတွင်းအိတ်ထောင်ထဲမှာ ထည့်ထားသည့် ရွှေကိုအပြားခတ်ထားပြီး ကျောက်စိမ်းလေးများဖြင့် သရဖူပုံထွင်းထားသော အိမ်ရှေ့မင်းသားတံဆိပ်တော် ကို ထုတ်လိုက်သည်။ ထို့နောက် ကိုဗစ်တာတို့ရှေ့ ထောင်ပြလိုက်သောအခါ တစ်ယောက်မကျန် ကျောက်ရုပ်တွေလို မတ်မတ်ရပ်ပြီး ခေါင်းငုံ့သွားကြ၏။

နန်းတော်မှာ မယ်တော်ကြီးကို လေးစားမှုနှင့် ချစ်ကြောက်ရိုသေကြရသော်လည်း တကယ်တမ်း ဩဇာအရှိဆုံးက ဧကရာဇ်သာဖြစ်သည်။ ဧကရာဇ်ပြီးလျှင် ဒုတိယဩဇာရှိသူမှာ ထီးနန်းဆက်ခံရမည့် အိမ်ရှေ့မင်းသားပင်။ ထို့ကြောင့် အိမ်ရှေ့မင်းသားတံဆိပ်တော်ကို ကိုင်ပြီး ပေးလာသည့်အမိန့်ဟူသမျှကို ဧကရာဇ်မှလွဲ၍ မည်သူမျှ ပယ်ရှားခွင့်မရှိပေ။

" တစ်ယောက်မှ လိုက်မလာနဲ့ ၊ သွားအိပ်ကြတော့ ၊ ဒါ အမိန့်ပဲ "

" ဟုတ်ကဲ့ပါ မင်းသား "

ဒါမျိုးတွေ မလုပ်ချင်ပါဘူးဆို ။ ခမည်းတော်ဆီသာ သည်အကြောင်း ပြန်ရောက်လျှင် ဘုဏ်းဇေ သေချာပေါက် အဆူခံရဦးမည်။ ခမည်းတော်က အရေးကြီးကိစ္စမျိုး မရှိပါဘဲ ဘယ်သူ့အပေါ်မှ အိမ်ရှေ့စံ၏အာဏာ ထုတ်မသုံးရဟု ထပ်တလဲလဲ မှာထားသည်။ သို့သော်လည်း မတတ်နိုင်။ သူကမှ ရှင်းသန့်တည်နှင့် နှစ်ယောက်တည်း ရှိချင်လို့ တခြားသူငယ်ချင်းတွေကိုတောင် မခေါ်ခဲ့တာလေ။

ဘုဏ်းဇေ ရှင်းသန့်လက်ကို ဆွဲပြီး ဟိုတယ်ထဲက ထွက်လာခဲ့တော့သည်။ ပင်လယ်ပြင်ဘက်ရောက်မှ လက်ကိုလွှတ်ပေး၏။

" သူတို့လိုက်လာတော့ ဘာဖြစ်လဲ ၊ ငါ နေတတ်ပါတယ် ၊ ဖေဖေတို့နဲ့ တစ်နေရာရာသွားလဲ နောက်က အစောင့်တွေပါတာပဲ ၊ မင်းနဲ့သွားလဲ ပါနေကြပဲကို ၊ အခုမှ မင်းက ဘာလို့ တားနေတာလဲ "

ဘုဏ်းဇေက ဘာမျှပြန်မဖြေ။ လမ်းလျှောက်ရင်း ပင်လယ်ပြင်ကိုသာ ငေးကြည့်နေသည်။

ရွှေကံသာ ကမ်းခြေ၏ သဲသောင်ယံက လရောင်အောက်မှာ ငွေမှုံလေးများ ကျဲပက်ထားသည့်နှယ် ။ ပင်လယ်ပြင်ပေါ်ကနေ ပြေးလာသော လှိုင်းခေါင်းဖြူလေးများက ထိုငွေသောင်ယံဆီကို လာလာပြီး မေးတင်သွားကြသည်။ အုန်းပင်များ စီတန်းနေသော ကမ်းပါးပေါ်ရှိ လေရဟတ်များကလည်း ဖြည်းဖြည်းနှင့်မှန်မှန် လည်ပတ်နေကြ၏။ ပင်လယ်ထဲက ကျောက်တောင်တစ်ခုပေါ်မှာ ဆောက်ထားသည့် မီးပြတိုက်လေးက လှိုင်းတွေနှင့် ယှဉ်တွဲလိုက်သောအခါ အသက်ဝင်နေသည့် ပန်းချီကားတစ်ချပ်လိုပင်။

ညဘက်မို့ ပင်လယ်ဘေးမှာ နေ့ခင်းလောက်တော့ လူများများစားစား မရှိ။ တချို့က ရွက်ဖျင်တဲထိုးပြီး တစ်ညလုံး လှိုင်းပုတ်သံကို နားထောင်ကြမည်ထင်သည်။ တချို့ကတော့ မီးဖိုပြီး လတ်လတ်ဆတ်ဆတ် ပင်လယ်စာတွေ ကင်စားနေကြ၏။

ကိုဗစ်တာတို့ကို နီးနီးလေးဟု ပြောပြီး တကယ်တမ်း သူတို့လျှောက်လာခဲ့တာက ဟိုတယ်နှင့် တော်တော်တောင် ဝေးခဲ့ပြီ ။

" ရှေ့ဆို လူပြတ်နေပြီ ဘုဏ်းဇေ ၊ ငါတို့ ဒီမှာပဲ ရပ်ရအောင် "

ရှင်းသန့်စကားကို ဘုဏ်းဇေက လက်ခံပြီး ရှေ့ဆက်မသွားတော့။ ပင်လယ်ပြင်ကိုသာ မျက်နှာမူပြီး တမေ့တမော ငေးကြည့်နေသည်။ လှိုင်းကြမ်းလေကြမ်း မရှိသော ပင်လယ်ပြင်က လရောင်အောက်မှာ အကြည့်မခွာနိုင်ရအောင် စွဲဆောင်မှုရှိလွန်းသည်။

ဘုဏ်းဇေအတွက် ဒီခရီးက ပထမဆုံးအကြိမ် ပင်လယ်ပြင်ကို အနီးကပ် ကြာကြာလေး မြင်ဖူးခြင်းပင် ။ ငယ်ငယ်ကတည်းကနေ အခုအချိန်ထိတခြားသူ‌များလို မိသားစုနှင့်အတူ ကမ်းခြေလာပြီး အပန်းဖြေတာမျိုးလည်း လုပ်ခွင့်မရခဲ့သူမို့ အများအားဖြင့် ပင်လယ်ပြင်ကို ပြည်ပခရီးတွေသွားတိုင်း ဝေဟင်ကနေသာ တွေ့ခဲ့ရဖူးသည်။

နန်းတော်ထဲမှာ ကြီးပြင်းခဲ့ရသော ဘဝကို ဘုဏ်းဇေ မငြီးငွေ့ပေမဲ့ ကမ်းခြေမှာ ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ် လာအနားယူနေကြသည့် မိသားစုများကို မြင်ရတော့လည်း သာမန်ပြည်သူတွေရဲ့ဘဝကို အားကျမိတာတော့ အမှန်ပင်။

" ပင်လယ်ကို အဲလောက်တောင်သဘောကျတာလား "

" ဘာလို့လဲ "

" မင်း တမေ့တမော ကြည့်နေလို့လေ "

နှုတ်ခမ်းလေးတစ်ဖက် အပေါ်တက်သွားအောင်ပြုံးပြီး ဘုဏ်းဇေရဲ့အကြည့်တို့က ပင်လယ်ဆီကနေ ရှင်းသန့်မျက်နှာပေါ် ရောက်လာသည်။

ပင်လယ်ကို ငေးကြည့်သလိုမျိုး မက်မောမှု အပြည့်ဖြင့် ...

" ဒါဆို ငါ မင်းကို ကြည့်ရင်ရော... "

" အာ... "

ရှင်းသန့်က ဘုဏ်းဇေရဲ့မျက်ဝန်းတွေဆီကနေ ရှောင်ထွက်သွားပြီး ကမ်းခြေက ကျောက်စရစ်ခဲလေးများကို ကောက်ကာ ပင်လယ်ထဲ တစ်လုံးချင်း လှမ်းပစ်နေသည်။ သူတို့နှစ်ယောက် ပထမဆုံးတွေ့တဲ့နေ့က ဥယျာဉ်တော်ဘေးရှိ ကြာကန်ကြီးထဲ ခဲပစ်ပြိုင်ခဲ့ကြတာကိုပင် ဘုဏ်းဇေ သတိရသွား၏။

ဘာလိုလိုနှင့် ဘုဏ်းဇေယျာကျော်ရဲ့ ဘဝထဲမှာ ရှင်းသန့်တည်ကြည်ဆိုသောကောင်လေးတစ်ယောက် ရောက်လာခဲ့တာ ဆယ်စုနှစ်တစ်ခုနီးပါး ရှိတော့မည် ။ ကဘေးဘဝကတည်းက ရှင်းသန့်က သူ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေခဲ့တာကို တွေးမိတိုင်း ပျော်ရွှင်ရသည်။

အချိန်တွေကြာလာတာနှင့်အမျှ နှစ်ယောက်ကြားမှာ အမှတ်တရတွေလည်း များလာသလို သံယောဇဉ်ကြိုးတွေကလည်း တစ်ရစ်ပြီးတစ်ရစ် ပိုမိုနှောင်တွယ်လာခဲ့ပြီ။

ရှင်းသန့်တည်အပေါ်မှာ တွယ်ငင်မိသည့် သူ့နှလုံးသားထဲက ခံစားချက်တွေကိုတော့ ဘုဏ်းဇေ အမည်မပေးတတ်ပါ။ အမည် တစ်ခုခုတပ်လိုက်ဖို့ထက် ပိုမိုနက်ရှိုင်းပါသည်ဟု ပြောလျှင် ပိုမှန်လိမ့်မည်။

ရှင်းသန့်က ဘုဏ်းဇေအတွက် ဖြူဖြူစင်စင် သူငယ်ချင်းလေးလို ခင်မင်ရသူ ၊ တိုင်ပင်ဆွေးနွေးစရာ ညီအစ်ကိုကောင်းတစ်ယောက်လိုလည်း အားကိုးအားထားပြုရသူ၊ မျက်ဝန်းချင်းဆုံမိတဲ့ခဏ လက်ဖဝါးချင်းထိတွေ့သွားတဲ့ တဒင်္ဂလေးမှာပင် ရင်ခုန်သံတွေမြန်စေတဲ့သူ။

ပြောရမယ်ဆို ရှင်းသန့်တည်က ဘုဏ်းဇေအတွက်တော့ အနားမှာအမြဲရှိနေအောင် ပိုင်ဆိုင်ချင်မိသည်အထိ လောဘတက်စေသူပါ ။

ရှင်းသန့်ရဲ့နှလုံးသားကရော ဘုဏ်းဇေနှင့်ထပ်တူကျပါ့မလား။ ထပ်တူကျလျှင်တောင် ချောမွေ့ဖို့ မလွယ်သည့် အချစ်ခရီးလမ်းမှာ သူ့လက်ကိုတွဲပြီး လျှောက်ရဲပါ့မလား ဘုဏ်းဇေမသိပါ ။

ဘာဖြစ်ဖြစ် ဘုဏ်းဇေဘက်ကတော့ သေချာပါသည်။ ရှင်းသန့်တည်ကြည်တစ်ယောက်သိအောင်လည်း ပြောပြချင်သည်။ ပင်လယ်ပြာထက် မျက်ဝန်းညိုတွေကို ငေးမောရတာ ပိုသဘောကျတဲ့အကြောင်း ။

" စာရေးဆရာ ဟဲမင်းဝေးက ပြောတယ် ၊ လရောင်အောက်မှာ အလှဆုံးအရာနှစ်ခုရှိတယ်တဲ့ ၊ ဘာတွေဖြစ်မယ်ထင်လဲ ဘုဏ်းဇေ "

" မသိဘူး ၊ ဘာတွေတဲ့လဲ "

" ပင်လယ်နဲ့ မိန်းမတဲ့ "

ရှင်းသန့်က သူ့ဟာသူပြောပြီး ပြုံးနေသည် ။ တအားကြီးကောက်ကွေးနေတာမျိုးမဟုတ်ဘဲ လှိုင်းတွန့်လေးတွေနှင့်တူသည့် ရှင်းသန့်ရဲ့ဆံပင်လေးများက လရောင်အောက်မှာ ပင်လယ်ထက် ပိုလှပါသည်။ တချို့ဆံပင်လေးတွေ ခွေနေပုံကလည်း ရှင်းသန့်တည်ရဲ့မူပိုင်အမှတ်အသားလေးပင် ။

" ဟင့်အင်း ၊ အဲဒါတွေထက် မင်းက ပိုလှတယ် "

" အာ့ ... "

သူ့ကို တည့်တည့် ရည်ညွှန်းပြီး ပြောလိုက်သောစကားကြောင့် ရုတ်တရက် ပူထူသွားကာ ပင်လယ်ထဲကို ခဲတစ်လုံး အရှိန်နှင့်ပစ်ဖို့ လုပ်ရင်း ရှင်းသန့် ခြေခေါက်လဲသွားသည်။ သဲသောင်ပြင်ပေါ်ဆိုပေမဲ့ အားနဲ့ပစ်ကျသွားသည်မို့ တော်တော်နှင့်ထ၍မရ။

" ခြေထောက်နာသွားပြီလား ပြဦး "

ဖင်ထိုင်လျက်လဲကျနေသော ရှင်းသန့်ရှေ့ကို ဘုဏ်းဇေက ဒူးထောက်ထိုင်ပြီး ရှင်းသန့်စီးထားသည့် half shoesကို ဆွဲချွတ်ကာ ခြေကျင်းဝတ်လေးကို လက်ဖြင့်ဖိဆုပ်ကြည့်လိုက်သည်။

" အာ့ ... နာတယ်ဟ "

" အကြောနာသွားတာဖြစ်မယ် ၊ ဒီလောက်လေးနဲ့ အရိုးတော့ မထိပါဘူး "

" ဘာနေနေ မင်းကြောင့် "

" ဟင် ! မင်းဟာမင်း အရှိန်မထိန်းနိုင်လို့ လဲတာ ၊ ငါ တွန်းတာမို့လား "

ကိုယ့်ဟာကိုယ် ရှက်ပြီး လဲသွားတာဆိုပေမဲ့ ရှက်အောင် လုပ်တဲ့ တရားခံမှာ အပြစ်ရှိတယ် မဟုတ်လား ။

" မင်း ပေါက်ကရပြောလို့ "

" အမ်! အဟားဟား ... "

ဘုဏ်းဇေရယ်တော့ ရှင်းသန့်က သူ့ခြေကျင်းဝတ်ကို နှိပ်ပေးနေသည့် လက်တွေကို ပုတ်ထုတ်ပြီး ဖိနပ်ပြန်စီးကာ မတ်တပ်ထလိုက်သည်။ ဘုဏ်းဇေက ရှင်းသန့်ရှေ့မှာ ကျောပေးလျက် ဒူးတစ်ဖက်ထောက်ထိုင်ပြီး သူ့ပုခုံးသူပုတ်ပြကာ

" အခန်းထဲရောက်ရင် ဆေးလိမ်းပေးမယ် ၊ လာ ... ငါ့ကျောပေါ်တက် ၊ ဟိုတယ်ပြန်ရောက်တဲ့အထိ ကုန်းပိုးခဲ့ပေးမယ် "

" မလိုပါဘူး ၊ ငါ့ဟာငါ လျှောက်နိုင်ပါတယ် "

" ခြေထောက်က အဲလိုနာနေရင် ချက်ချင်းမထောက်ရဘူး ၊ ပိုနာတတ်တယ် ၊ ခေါင်းမမာနဲ့ ရှင်းသန့်တည် ၊ ပြောစကားနားထောင် ၊ လာ... ငါမင်းခန္ဓာကိုယ်လောက်တော့ သယ်နိုင်တယ် "

" တော်ပါပြီ ၊ ဘယ့်နှယ့် ကုန်းပိုးရမယ်လို့ ၊ဒီတိုင်းပဲ ငါ့ကိုတွဲပေး "‌

" ကဲ .. ပြောမရရင်လဲ ဒီလိုပဲ ပွေ့သွားလိုက်တော့မယ် "

ပြောပြောဆိုဆိုနှင့် ဘုဏ်းဇေက ရှင်းသန့်ရဲ့ချိုင်းနှင့် တံကောက်‌ကွေး အောက်ကနေ လက်တစ်ဖက်စီ လျှိုပြီး ကောက်ပွေ့လိုက်တာ စွေ့ခနဲ ။

" WTF! ဘာလုပ်တာလဲ ဘုဏ်းဇေယျာကျော် ၊ ချပေး ၊ ငါ လမ်းလျှောက်နိုင်တယ်လို့ "

ရှင်းသန့် ဘယ်လောက်ပဲ အောက်ပြန်ဆင်းဖို့ ကြိုးစားကြိုးစား မရပေ။ ဘုဏ်းဇေရဲ့လက်ပေါ်မှာ သူ့ခန္ဓာကိုယ်က ရုန်းရင်းဆန်ခတ်ဖြစ်နေသည်။ နှစ်ယောက်က ခန္ဓာကိုယ်ချင်း သိပ်မကွာသော်လည်း အားချင်းယှဉ်မရဘူးဆိုတာ သည်နေရာမှာ သက်သေပြသွား၏။

" အောက်ချ အောက်ချ ၊ ကုန်းပဲပိုးမယ် "

သည်လိုဆိုမှ ဘုဏ်းဇေက ရှင်းသန့်ကို လက်ပေါ်က ပြန်ချပေးသည်။ ရှင်းသန့်လည်း မတတ်နိုင်တော့။ နောက်တစ်ခါ ထပ်ပွေ့နေမှာစိုးသဖြင့် ဘုဏ်းဇေကျောပေါ်ကနေ လိုက်ခဲ့ရုံသာရှိတော့၏။ ပြုံးစိစိလုပ်နေသော ရုပ်ကိုတော့ မျက်လုံးထောင့်ကပ်ကြည့်ပေးလိုက်သည်။ ရှင်းသန့် ခြေထောက်နာတာပင် ဘယ်ရောက်သွားမှန်း မသိ ။

အိမ်ရှေ့စံတစ်ယောက်ကတော့ သူ့ကျောပြင်ပေါ် ဖိကပ်လာသည့် ရင်ခွင်နွေးနွေးလေးကြောင့် စိတ်ထဲမှာ ကျိတ်ပြီး ကြည်နူးနေမိသည်။ သူ့ခါးမှာချိတ်ထားသည့် ခြေထောက်နှစ်ဖက်ကို သေချာထိန်းကိုင်ပြီး ခြေလှမ်းတွေကို စတင်လိုက်သောအခါ ကျောပေါ်မှ ကောင်လေးက လက်နှစ်ဖက်ဖြင့် သူ့လည်တိုင်ကို ခပ်လျော့လျော့လေးသိုင်းဖက်လာ၏။ လရောင်အောက်က ပင်လယ်ပြင်ကလည်း အခုမှပိုလှလာသလို ခံစားရသည်။

ဘုဏ်းဇေ ခြေလှမ်းတွေ ပုံမှန်ထက် ‌ပိုနှေးနေရသည့်အကြောင်းကတော့ ကျောပေါ်က လူတစ်ယောက်ရဲ့ အလေးချိန်ကြောင့်မဟုတ်ဘဲ သည်အခိုက်အတန့်လေးကို ကြာနိုင်သမျှကြာအောင် ဆွဲဆန့်ထားချင်မိ၍ပါ။

" မြန်မြန်သွား ဘုဏ်းဇေ ၊ ဘာလို့ ဖြည်းဖြည်းလေး လျှောက်နေတာလဲ "

" ဘယ်လိုလုပ်ပြီး မြန်မြန်သွားလို့ ရမှာလဲ ၊ မင်းခန္ဓာကိုယ်က ပေါ့ပေါ့လေး မှတ်နေလား "

" အဲဒါမို့ မင်းကို ဘယ်သူက သယ်ခိုင်းလို့လဲ ၊ အောက်ချပေး ၊ ငါ့ဟာငါ လမ်းလျှောက်နိုင်တယ် "

" ငြိမ်ငြိမ်နေနော် ရှင်းသန့်တည် ၊ ပင်လယ်ထဲ ပစ်ချလိုက်မယ် "

" ငါ့ကို မင်းခြိမ်းခြောက်တိုင်း ကြောက်မယ်ထင်နေလား မင်းသားလေး ၊ မင်းရဲ့အမှုထမ်းတွေလို အိမ်ရှေ့မင်းသား ရွှေတံဆိပ်ပြားကြီး ထုတ်ပြရုံနဲ့ မင်းပြောတိုင်းရမယ် ထင်နေလား ...ဟမ် "

" အား....ဟားဟား "

ရှင်းသန့်ရဲ့လက်နှစ်ဖက်က ဘုဏ်းဇေရဲ့လည်ပင်းကို ခပ်လျော့လျော့ဖက်ထားရာကနေ အားထည့်ပြီး ညှပ်ပစ်လိုက်သော်လည်း ဘုဏ်းဇေက သူ့ကိုကျောပေါ်ကနေ ချမပေးဘဲ တဟားဟားအော်ရယ်ရင်းသာ ရှေ့ဆက်သွားသည်။ ကမ်းခြေမှာ လမ်းလျှောက်နေသော လူတချို့ကလည်း သူတို့နှစ်ယောက်ကိုကြည့်ပြီး ပြုံးနေကြ၏။

လရောင်က ပိုပြီးလင်းလာပြီ။ ညဉ့်နက်လာသည်နှင့်အမျှ ရွှေကံသာကမ်းခြေ၏ ကောင်းကင်ယံမှာ ကြယ်တွေလည်း ပိုစုံလာပြီ ။ ပင်လယ်ပြင်ထဲမှာ တရွေ့ရွေ့ခုတ်မောင်းနေသော ကွန်တိန်နာသင်္ဘောကြီးတစ်စီးကတော့ မြင်ကွင်းထဲကနေ တဖြည်းဖြည်းဝေးကွာသွားခဲ့ပြီ ။ မီးပြတိုက်လေးကတော့ အရင်လိုပဲ သူ့နေရာမှာသူ ရပ်ကျန်နေဆဲ။

လရောင်အောက်မှာ ကောင်လေးတစ်ယောက်က သူနှင့်ရွယ်တူ တခြားကောင်လေးတစ်ယောက်ကို ကျောပေါ်မှာတင်ပြီး သွားနေသည့် ခြေရာတို့က ငွေသောင်ယံပေါ်ဝယ် ထင်ထင်ရှားရှား ။

ပင်လယ်လေက နားရွက်ဖျားတွေကို အေးအောင် တိုက်နေသော်လည်း နှလုံးသားတွေကိုတော့ နွေးစေသည် ထင်ပါရဲ့ ။

#PoPoPhoenix

--------------------------------------

{ A/N - High School ကျောင်းသားဘဝလေးကို နှုတ်ဆက်ရတော့မယ် 🥺

သုံးရက်လို့ပြောထားပြီး ငါးရက်ဖြစ်သွားတဲ့အတွက် ပိုပိုက အကြွေးဆပ်တဲ့အနေနဲ့ နောက်တစ်ပိုင်းကို သဘက်ခါမှာ တင်ပေးပါ့မယ် ။

ခါတိုင်းလိုပဲ နယ်မြေအခြေအနေကတော့ ချွင်းချက်ပေါ့

Stay safe everyone ❤️ }

______________________________

( Zawgyi )

" ဘာျဖစ္လို႔ ေလးငါးႏွစ္ ေနာက္ဆုတ္ခိုင္းေနရတာလဲ ၊ ခမည္းေတာ္က သားကို အခုခ်က္ခ်င္း စစ္မႈထမ္းခိုင္းေနတာလဲ မဟုတ္ဘူး ၊ ၾကားထဲမွာ တစ္ႏွစ္နီးပါး အခ်ိန္ရေသးတယ္ေလ ၊ ဒီကိစၥကို အခုကတည္းက ျငင္းဆန္ေနရေအာင္ သားက စစ္မႈ မထမ္းခ်င္လို႔လား "

" သားက စစ္မႈ မထမ္းခ်င္တာ မဟုတ္ပါဘူး ခမည္းေတာ္ ၊ ျငင္းဆန္ေနတာလဲ မဟုတ္ပါဘူး ၊ သား စစ္မႈထမ္းဖို႔ လိုလိုခ်င္ခ်င္ ဆႏၵရွိပါတယ္ ၊ အခုက သားကို အခ်ိန္တစ္ခု ေနာက္ေ႐ႊ႕ေပးဖို႔ ေတာင္းဆိုတာပါ ၊ သား တကၠသိုလ္က ဘြဲ႕ရမွ အဲဒီတာဝန္ကို ထမ္းေဆာင္ပါရေစ "

ညေန ေျခာက္နာရီထိုးၿပီမို႔ မယ္ေတာ္ႀကီး၏ ဘုံထည္ဝါနန္း အေဆာင္၌ ေတာ္ဝင္မိသားစုအားလုံး ညစာစားဖို႔ ေရာက္ရွိေနၾကခ်ိန္ ။ စားပြဲေပၚတြင္ ညစာအတြက္ အစားအေသာက္အားလုံး အဆင္သင့္ျပင္ထားၿပီးသား ျဖစ္ေသာ္လည္း ဘယ္သူမွ မစားႏိုင္ၾကေသး။ ဧကရာဇ္ႏွင့္ အိမ္ေရွ႕စံတို႔၏ မ်က္ႏွာကိုသာ တစ္လွည့္စီ အကဲခတ္ေနၾကရသည္။

သားေတာ္အိမ္ေရွ႕စံ၏ဆႏၵကို အၿမဲတေစ ထည့္တြက္ၿပီး ငဲ့ညႇာေပးေလ့ရွိေသာ အရွင္မင္းႀကီးက သည္တစ္ခါ သူ႔သားေတာ္ ေတာင္းဆိုလာသည္ကို လိုက္ေလ်ာမေပးလိုသည့္ သေဘာျဖင့္ တင္းမာလ်က္ရွိသည္။ ထို႔အတူ တစ္သက္လုံး နန္းတြင္း စည္းမ်ဥ္းမ်ားႏွင့္အညီ ေနလာၿပီး သူ႔ကိုေပးအပ္လာေသာ တာဝန္မွန္သမွ် ျငင္းဆန္ျခင္းမရွိဘဲ နာခံခဲ့ေသာ အိမ္ေရွ႕စံသည္လည္း သည္တစ္ႀကိမ္မွာေတာ့ သူ႔ဆုံးျဖတ္ခ်က္ကို လုံးဝ ေျပာင္းလဲမည့္ပုံမေပၚေပ။

စစ္ေရးျပအခမ္းအနားမွ ျပန္ေရာက္လာကတည္းက စစ္မႈထမ္းရမည့္အေၾကာင္းကိုသာ ဘုဏ္းေဇ တစ္ခ်ိန္လုံး စဥ္းစားေနခဲ့သည္။ အခ်ိန္ တစ္ႏွစ္နီးပါး လိုေသးသည္ဆိုေသာ္လည္း အခုကတည္းက သည္ကိစၥကို ရွင္းရွင္းလင္းလင္း လုပ္ထားခ်င္သည္။ ထို႔ေၾကာင့္ ညစာစားမည့္အခ်ိန္ လူစုံတုန္း သူ႔သေဘာထားကို ခမည္းေတာ္အား ပြင့္ပြင့္လင္းလင္း ေျပာျပလိုက္ျခင္းပင္။

" ဒါဆို သားက တကၠသိုလ္ကေန ဘြဲ႕မရမွာ စိုးေနတာလား ၊ မပူပါနဲ႔ ၊ စစ္မႈထမ္းရင္း ကာကြယ္ေရးတကၠသိုလ္က ပို႔ခ်တဲ့ သင္ခန္းစာေတြကို ေလ့လာရမွာပါ ၊ ၿပီးတာနဲ႔ သားက အဲဒီကေပးတဲ့ ဘြဲ႕အျပင္ ၿငိမ္းေအးသာစံရဲ႕ ၿမိဳ႕စားဆိုတဲ့ ဂုဏ္ပုဒ္ကိုေရာ ရမွာ "

" သား အဲဒီဘြဲ႕ကိုလဲ လိုခ်င္ပါတယ္ ၊ ဒါေပမဲ့ သူငယ္ခ်င္းေတြနဲ႔အတူ တကၠသိုလ္တက္ၿပီး သာမန္ တကၠသိုလ္ေက်ာင္းသား ဘဝကိုလဲ ျဖတ္သန္းခ်င္တယ္ ခမည္းေတာ္ "

ဘုဏ္းေဇ သူငယ္ခ်င္းေတြႏွင့္အတူ တကၠသိုလ္ တက္ခ်င္သည္။ အေပ်ာ္သက္သက္ေတာ့ မဟုတ္ပါ ။ တကၠသိုလ္ေရာက္လွ်င္ စီးပြားေရးႏွင့္ သက္ဆိုင္သည့္ ေမဂ်ာတစ္ခုခုကိုယူမည္ ။ အိမ္ေရွ႕မင္းသားႏွင့္ စီးပြားေရးေမဂ်ာက သိပ္ေတာ့မအပ္စပ္ေပမဲ့ ဘုဏ္းေဇမွာလည္း ကိုယ့္အနာဂတ္အစီအစဥ္ႏွင့္ကိုယ္ရွိေသးသည္။

" ခမည္းေတာ္တို႔ သားကို လြတ္လပ္ခြင့္ေတြ ေပးတာ သိပ္မ်ားသြားၿပီနဲ႔တူတယ္ ၊ နန္းေတာ္ထဲအထိပါ သားသူငယ္ခ်င္းေတြကို စိတ္ႀကိဳက္ ဝင္ထြက္ခြင့္ ေပးထားခဲ့တယ္ ... သား ေပ်ာ္ပါေစဆိုၿပီးေတာ့ ၊ အခုက် သားက သာမန္လူေတြလိုပဲ ေနခ်င္ေနၿပီ၊ ၾကာရင္ ကိုယ့္ကိုကိုယ္ အိမ္ေရွ႕မင္းသားဆိုတာပါ ေမ့သြားေတာ့မယ္ထင္ပါရဲ႕ "

" အို ...အဲလို မေျပာပါနဲ႔ရွင္ ၊ က်မတို႔သားက ဘယ္တုန္းက စည္းလြတ္ဝါးလြတ္ ေနခဲ့ဖူးလို႔လဲ ၊ အခုလဲ သူ႔ဆႏၵကို သူထုတ္ေျပာေနတာ ဘာမွမမွားဘူး ၊ သားက သူ႔တာဝန္ကို မထမ္းေဆာင္ခ်င္ဘူး ေျပာေနတာလဲ မဟုတ္ဘူးေလ ၊ အခ်ိန္တစ္ခု ေ႐ႊ႕ေပးဖို႔ပဲ ၊ ဒီေလာက္ ခက္ခဲပင္ပန္းတဲ့ ေနရာမွာ သုံးႏွစ္ေတာင္ သားကို ပို႔ထားရမွာ က်မကေတာ့ သားေျပာတဲ့အခ်ိန္မွဆို သားကို ပိုေတာင္စိတ္ခ်ေသးတယ္ "

တစ္ခ်ိန္လုံး ေဘးကေန အသာၿငိမ္နားေထာင္ေနခဲ့ေသာ မယ္မယ္က ဘုဏ္းေဇဘက္က ဝင္ေျပာလာသည္။ ခမည္းေတာ္ႏွင့္ အခုလို အေခ်အတင္ေတြ ေျပာေနရတာ ဘုဏ္းေဇလည္း စိတ္ထဲမွာ မေကာင္းပါ ။ သို႔ေသာ္ သူ႔ဘက္ကလည္း လုံးဝလက္ေလွ်ာ့မည္မဟုတ္ ။ ေနာက္ဆို အခုထက္ပိုခက္ခဲသည့္ကိစၥေတြပါ ရင္ဆိုင္ရဦးမည္ ။

" သေဘာတူေပးလိုက္ပါကြယ္ ၊ ငါ့ေျမးလဲ သူ႔အစ္ကိုေတြအစ္မေတြလို တကၠသိုလ္ကို လြတ္လြတ္လပ္လပ္ တက္ခ်င္ရွာတာ ေနမွာေပါ့ "

မယ္ေတာ္ႀကီးလည္း မေနသာေတာ့။ သားေတာ္ႏွင့္ေျမးေတာ္ၾကားမွာ ဝင္ပါရေတာ့သည္။

ဘယ္လိုပဲ နန္းေတာ္မွာ သတ္မွတ္ထားသည့္ ဆက္ခံသူတစ္ေယာက္၏ တာဝန္ ဆိုေစဦး။ ခ်စ္ရသည့္ ေျမးေတာ္ေလးအလွည့္မွာေတာ့ စည္းမ်ဥ္းစည္းကမ္းေတြပါ ေျပာင္းသင့္လွ်င္ ေျပာင္းေပးဦးမည္။ အခုေတာင္ ေျမးေတာ္ေလးမ်က္ႏွာက ၿပဳံးမေနဘဲ ညႇိဳးႏြမ္းေနတာ ျမင္ၿပီး ရင္ထဲမေကာင္းလွ။

" မဟုတ္ေသးပါဘူး ၊ မယ္မယ္ကပါ ဘာလို႔ ဒီလိုမ်ိဳး ေျပာရတာလဲ ၊ ဒါက ထီးနန္းဆက္ခံသူတစ္‌ေယာက္ လိုက္နာေဆာင္႐ြက္ရမဲ့ ထုံးစံမွန္း သိရဲ႕သားနဲ႔ "

" ဒါဆိုလဲ ငါ့ေျမးလက္ထက္ကစၿပီး ထုံးစံအသစ္
ေျပာင္းလိုက္ၾကတာေပါ့ ၊ ေနာက္မ်ိဳးဆက္ေတြအလွည့္က်ရင္လဲ ဆယ့္ရွစ္ႏွစ္မွာ စစ္မႈမထမ္းဘဲ ႏွစ္ဆယ္ေက်ာ္မွ စစ္မႈထမ္းၾကပါေစ "

" မယ္မယ္နဲ႔ေတာ့ ခက္ေတာ့တာပါပဲ "

" ဘာကမ်ား ခက္ခဲေနရတာပါလိမ့္ကြယ္ ၊ ကာကြယ္ေရးဝန္ႀကီးကို အိမ္ေရွ႕မင္းသား တကၠသိုလ္က ဘြဲ႕ရၿပီးမွ စစ္မႈထမ္းတာဝန္ ေဆာင္႐ြက္မယ္လို႔ အေၾကာင္းၾကားလိုက္ရင္ ၿပီးေနေရာဟာကို ၊ မင္းႀကီးအေနနဲ႔ ဒီကိစၥကို ခက္တယ္ထင္ရင္ ေဘးဖယ္ေနလိုက္ ၊ မယ္မယ္ပဲ ကိုင္တြယ္လိုက္မယ္ "

" အဲဒါက ခက္တာမဟုတ္ဘူး ၊ ေျမးကို ေနရာတကာ အလိုလိုက္ခ်င္ေနတဲ့ မယ္မယ္က ခက္ေနတာ "

ဧကရာဇ္က စည္းမ်ဥ္းေျပာင္းလဲ သတ္မွတ္ရမည္ကို သေဘာတူလိုသည့္ပုံ မေပၚေသာ္လည္း သူ႔မယ္ေတာ္ကိုလည္း အတိုက္အခံ မလုပ္ဝံ့ေပ။ ပါးစပ္ကေန ခက္တယ္ခ်ည္းသာ ၿငီးတြားေနသည္။

" စား... ငါ့ေျမး ၊ စိတ္ခ်လက္ခ်သာေန ၊ ေျမး ဆႏၵအတိုင္း ျဖစ္ေစရမယ္ ၊ ဘာမွမပူနဲ႔ ၊ ဒီကိစၥကို ဘြား တာဝန္ယူတယ္ "

ေနာက္ဆုံးတြင္ မကိုဋ္ရတနာ နန္းေတာ္အတြင္း ဧကရာဇ္ကစၿပီး တစ္ေယာက္မက်န္ မလြန္ဆန္ဝံ့ေသာ မယ္ေတာ္ႀကီး၏ အသည္းညႇာကို ကိုင္ထားႏိုင္သည့္ အိမ္ေရွ႕စံကသာ သည္ပြဲမွာ ခမည္းေတာ္ ဧကရာဇ္ကို အႏိုင္ရရွိသြားေတာ့သည္ ။

*****

အထက္တန္း ေနာက္ဆုံးႏွစ္မွာေတာ့ အိမ္ေရွ႕စံတို႔အားလုံး ကိုယ္တက္ခ်င္သည့္ တကၠသိုလ္ ရဖို႔အတြက္ ေက်ာင္းစာကိုသာ အားစိုက္လုပ္ၾကရသည္။ အားလပ္ခ်ိန္ဆိုတာပင္ မရွိၾကသေလာက္ ။ သီတင္းကြၽတ္ေက်ာင္းပိတ္ရက္သည္ပင္ ေနာက္ဆုံးႏွစ္ေက်ာင္းသားမ်ားအတြက္ ေကာင္းေကာင္းမနားရဘဲ ေဗာ္လံတီယာ တစ္ပတ္ သြားလုပ္ၾကရမည့္ကာလျဖစ္သည္ ။ ေက်းလက္ေဒသဖြံ႕ၿဖိဳးေရး ၊ ကမ္းေျခ သန႔္ရွင္းသာယာေရး ၊ စာၾကည့္တိုက္ ၊ ဘိုးဘြားရိပ္သာႏွင့္ အစိုးရေဆး႐ုံဆိုၿပီး လုပ္အားေပးရမည့္ ေနရာမ်ားကို ေက်ာင္းဘက္က သတ္မွတ္ကာ သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ားႏွင့္ ခ်ိတ္ဆက္ေပးထား၏။ ထိုေနရာေတြထဲကမွ ေက်ာင္းသားမ်ားက ကိုယ္ႏွစ္သက္ရာ အဖြဲ႕အစည္းကို ေ႐ြးခ်ယ္ၾကရမည္။

" ကိုယ္လုပ္ႏိုင္တဲ့ေနရာကို ေသခ်ာေ႐ြးခ်ယ္ၾကပါ ၊ ဒီကရလာတဲ့ အမွတ္က မင္းတို႔ တကၠသိုလ္ ေလွ်ာက္တဲ့ေနရာမွာ အေရးႀကီးတယ္ဆိုတာ မေမ့ပါနဲ႔ ၊ ေ႐ြးၿပီးၿပီဆိုရင္ ဆရာမတို႔ဆီကို စာရင္းလာေပးလို႔ ရပါၿပီ "

အတန္းပိုင္ဆရာမ ေျပာၿပီးသည္ႏွင့္ တစ္ခါတည္း ေကာင္းယံက ရွင္းသန႔္အနားသို႔ ကပ္လာကာ ...

" ရွင္းသန႔္ မင္း ဘယ္ေ႐ြးမွာလဲ ၊ ငါက မင္းေ႐ြးတာပဲ ေ႐ြးမွာ "

" ငါေရာပဲ ရွင္းသန႔္ ၊ စာၾကည့္တိုက္ပဲ ေ႐ြးမွာမို႔လား "

အာကာကလည္း ေကာင္းယံအတိုင္း ရွင္းသန႔္သေဘာသာ ။ က်န္သုံးေယာက္ကေတာ့ ဘာမွမေျပာဘဲ ရွင္းသန႔္ကို ၾကည့္ေနၾကသည္ ။ အကုန္လုံးက ရွင္းသန႔္ စာၾကည့္တိုက္ပဲ ေ႐ြးလိမ့္မည္ဟု တြက္ထားၾကပုံပင္။ စာၾကည့္တိုက္မွာသာ လုပ္အားေပးရမည္ဆိုလွ်င္ ရွင္းသန႔္အတြက္ သူလုပ္ေနၾကအရာမို႔ အမွတ္ေကာင္းေကာင္းလည္း ရႏိုင္သည္။ သို႔ေသာ္ ရွင္းသန႔္က သူဆုံးျဖတ္ရမည့္အစား ဘုဏ္းေဇကိုသာ ၾကည့္ၿပီး ေမးေငါ့ျပေလသည္။

" မင္း ဘယ္မွာ လုပ္အားေပးခ်င္လဲ ၊ ငါက မင္းစာရင္းေပးတဲ့ဆီ လိုက္ေပးမွာ "

ရွင္းသန႔္ကို အာကာတို႔က အထူးအဆန္း ျဖစ္ကုန္ၾက၏။ ဘုဏ္းေဇလည္း သူ႔လက္ထဲက စာရင္းေပးရမည့္ စာ႐ြက္ကို ငုံ႔ၾကည့္ရင္း ၿပဳံးမိသည္။

အခုဆို ရွင္းသန႔္တည္ေလးက ေနရာတကာ ဘုဏ္းေဇဆႏၵကို ဦးစားေပးတတ္လာခဲ့ၿပီ ။

" ကမ္းေျခ ၊ လုပ္အားေပးရင္းနဲ႔ ပင္လယ္ကို သြားၾကည့္ၾကတာေပါ့ "

*****

'ေ႐ႊကံသာ' ကမ္းေျခသည္ ၿငိမ္းေအးသာစံႏွင့္ အတန္ငယ္ေဝးၿပီး ကားႏွင့္ သြားလွ်င္ ငါးနာရီခန႔္ၾကာျမင့္သည္။ သန႔္ရွင္းေရး ေဗာ္လံတီယာ လုပ္ၾကမည့္ ေက်ာင္းသားမ်ားမွာ တစ္ပတ္လုံးလုံး ကမ္းေျခက ဟိုတယ္တစ္ခုမွာပဲ ေနၾကရမည္ျဖစ္၍ နန္းေတာ္က အိမ္ေရွ႕စံကို သည္အတိုင္း မလႊတ္ေပ ။ သက္ေတာ္ေစာင့္အဖြဲ႕ပါ ထည့္ေပးလိုက္သည္။ သို႔ေသာ္ ေက်ာင္းစည္းကမ္းအရ အိမ္ေရွ႕စံေနာက္ကပါလာေသာ သက္ေတာ္ေစာင့္မ်ားမွာ သူတို႔မင္းသားေလးကို ကူေပးခြင့္မရွိ။ ေဘးဘီဝဲယာကေနသာ လိုက္ပါ ေစာင့္ေရွာက္ခြင့္ရွိသည္။

သည္ႏိုင္ငံတြင္ အရွည္ဆုံးႏွင့္ ခရီးသြားအမ်ားဆုံး လာေရာက္ေလ့ရွိသည့္ ေ႐ႊကံသာ ကမ္းေျခမွာ အိမ္ေရွ႕မင္းသားကိုယ္တိုင္ အမႈိက္လိုက္ေကာက္ေနသည္ကိုျမင္ၿပီး အပန္းေျဖရန္ ေရာက္ေနၾကသူအားလုံး ေရထဲပဲဆင္းေဆာ့ရမွာလိုလို သူတို႔မင္းသားေလးႏွင့္အတူ အမႈိက္လိုက္ေကာက္ရမွာလိုလို ျဖစ္ေနၾကပုံမွာ ရယ္လည္းရယ္ရသလို ၾကည္ႏူးစရာလည္း ေကာင္းလွသည္။

သည္တစ္ေခါက္ လုပ္အားေပးခရီးက အဖြဲ႕အမ်ိဳးမ်ိဳး ေနရာအမ်ိဳးမ်ိဳး ကြဲသြားၾကသျဖင့္ လြိဳင္လီသြားတုန္းကလို ေက်ာင္းသားမမ်ားေပ။ ဘုဏ္းေဇတို႔လို ကမ္းေျခသန္႔ရွင္းေရးအဖြဲ႕မွာ ပါဝင္ဖို႔ စာရင္းေပးၾကသူက အနည္းဆုံးပင္။ မိန္းကေလးလည္း တစ္ဦးမွ်မပါ။ နီေစြးကလည္း ဘိုးဘြားရိပ္သာမွာ လုပ္အားေပးမည္ျဖစ္၍ သူတို႔ႏွင့္ အဖြဲ႕ကြဲသြားသည္။

ဘုဏ္းေဇတို႔တာဝန္မွာ ကမ္းေျခတြင္ အမႈိက္ေကာက္ၿပီး သန႔္ရွင္းေရးလုပ္႐ုံတင္မဟုတ္ဘဲ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးအဖြဲ႕ႏွင့္ ပူးေပါင္းၿပီး (Recycling ) စြန႔္ပစ္ပစၥည္းမ်ားအား ျပန္လည္သုံးစြဲျခင္းအတြက္ပါ ကူညီၾကရန္ ျဖစ္သည္။ ထို႔ေၾကာင့္ အမႈိက္ေတြ လိုက္သိမ္းၿပီးလွ်င္ စြန႔္ပစ္ပစၥည္းမ်ားထဲမွ ျပန္လည္အသုံးျပဳႏိုင္သည့္ အရာမ်ားကိုေ႐ြးကာ စကၠဴ ၊ ဖန္ ၊ ပလတ္စတစ္ ၊ သတၳဳ စသျဖင့္ သူ႔အမ်ိဳးအစားႏွင့္သူ ခြဲထုတ္ၾကရသည္။

" Recyclingကို ကမာၻေပၚမွာ က်ယ္က်ယ္ျပန႔္ျပန႔္ လုပ္ေဆာင္လာၾကတာ သိပ္ေကာင္းတယ္လို႔ ေျပာရမယ္ ၊ အမႈိက္ပမာဏ နည္းသြားေတာ့ ေလထု၊ ေရနဲ႔ ေျမဆီလႊာ ညစ္ညမ္းမႈ ေလ်ာ့နည္းသြားတယ္ ၊ ဒါက ဖန္လုံအိမ္ဓာတ္ေငြ႕ ထုတ္လုပ္မႈကို ေလွ်ာ့ခ်ေပးၿပီး ရာသီဥတုအေျပာင္းအလဲအေပၚ သက္ေရာက္ေနတဲ့ ဖိအားေတြကိုလဲ ‌သက္သာေစတယ္"

ရွင္းသန႔္က ထပ္ထားသည့္ ဂ်ပ္စကၠဴမ်ားကို ပုံးထဲမွာ စုထည့္ရင္း Recycling ႏွင့္ ပတ္သက္ၿပီး ေျပာေနသည္။ တခ်ိဳ႕က သံဘူးခြံမ်ားကို အိတ္တစ္လုံးထဲ စုထည့္ၿပီး တခ်ိဳ႕က သတၳဳပစၥည္းမ်ားကို ျပားသြားေအာင္ ညႇပ္စက္ျဖင့္ ဖိခ်ကာ သံရည္က်ိဳစက္ဆီ ပို႔မည့္ပုံးေတြထဲမွာ ထည့္ေနၾက၏။ လက္အိတ္ေတြအျပင္ ႏွာေခါင္းစည္းေတြပါ တပ္ထားၾကရေသာေၾကာင့္ စကားေျပာရတာ သိပ္ေတာ့မလြတ္လပ္ေပ။

" စကၠဴတစ္တန္ကို ျပန္အသုံးျပဳတဲ့အခါ ဝါးပင္ တစ္ဆယ့္ခုနစ္ပင္ကို ထိန္းသိမ္းႏိုင္တာနဲ႔အတူတူပဲ ၊ ဘူးခြံအေဟာင္းေတြကို ျပန္သုံးတာကလဲ ဘူးခြံအသစ္ေတြထုတ္ဖို႔ လိုအပ္တဲ့ စြမ္းအင္ရဲ႕ ကိုးဆယ့္ငါးရာခိုင္ႏႈန္းကို ေလွ်ာ့ခ်ေပးႏိုင္တယ္တဲ့၊ Recyclingလုပ္ေဆာင္တာက သဘာဝအရင္းအျမစ္ေတြကို ေရရွည္ထိန္းသိမ္းဖို႔ ေဆာင္႐ြက္တဲ့ေနရာမွာ ေတာ္ေတာ္အက်ိဳးရွိတယ္၊ Recyclingစတင္ခဲ့တဲ့သူေတြကို ငါေတာ့ တကယ္ေက်းဇူးတင္တယ္ "

" မင္းက Environmental စိတ္ဝင္စားသားပဲ ရွင္းသန႔္ ၊ တကၠသိုလ္က်ရင္ Environmental Science ယူပါလား "

ရွင္းသန႔္က စကၠဴပုံးေတြကို ေသခ်ာအဖုံးပိတ္ၿပီးေနာက္ ပလတ္စတစ္ဘူးခြံေတြကို အိတ္ထဲ ထည့္ရင္း သီဟေျပာသည့္ စကားကို ေခါင္းရမ္းျပသည္။

" ဟင့္အင္း ၊ ငါက Literatureပဲ ယူမွာ "

" ေကာင္းပါတယ္ ၊ အဲဒါက မင္းဝါသနာပဲ ၊ ငါကေတာ့ ေနာက္လဲ အိမ္ကစီးပြားေရးပဲ ဦးေဆာင္ရမွာဆိုေတာ့ Business Managementပဲ ယူမယ္ "

Linn Corporationရဲ႕ တစ္ဦးတည္းေသာ ဆက္ခံသူပီပီ လင္းေရာင္ရွိန္က သူ႔မိဘေတြေျခရာအတိုင္း တစ္ခ်ိန္မွာ စီးပြားေရးေလာကထဲ ဝင္ေရာက္ရမည့္သူျဖစ္ေၾကာင္း သူငယ္ခ်င္းေတြက သိထားၾကၿပီးသားျဖစ္သလို တကၠသိုလ္မွာ ေရာင္ရွိန္ ဘာေမဂ်ာ ယူမလဲဆိုတာလည္း ခန႔္မွန္းမိၾကၿပီးသားပင္ ။

သို႔ေသာ္ သူငယ္ခ်င္းေတြ ခန႔္မွန္းထားသည္ႏွင့္ လြဲေနေသာ တစ္စုံတစ္ေယာက္လည္း ရွိေသးသည္။

" ငါေရာပဲ ေရာင္ရွိန္ ၊ ငါလဲ မင္းနဲ႔အတူတူ Business Management တက္မယ္ "

သူငယ္ခ်င္းေတြဆီမွ နားမလည္ႏိုင္ေသာအၾကည့္တို႔က ဘုဏ္းေဇဆီသို႔ စုၿပဳံလာၾကသည္။ ဘုဏ္းေဇကေတာ့ ေအးေအးေဆးေဆးပဲ လုပ္စရာရွိတာ ဆက္လုပ္ေန၏။

" မင္းက ႏိုင္ငံေရးသိပၸံတို႔ ၊ ႏိုင္ငံတကာ ဆက္ဆံေရးတို႔ အဲလိုေမဂ်ာေတြ မယူဘူးလား "

" ငါလဲ မင္းကို တကၠသိုလ္က် အဲဒီေမဂ်ာေတြ ယူမယ္ထင္ေနတာ "

သူငယ္ခ်င္းေတြ သူ႔ကို သည္လိုပဲ ထင္ၾကလိမ့္မည္ဆိုတာ အိမ္ေရွ႕စံတစ္ေယာက္ သိၿပီးသားပါ ။ တကၠသိုလ္က ထိုဘာသာရပ္ေတြဆိုတာ သူငယ္ငယ္ကတည္းက နန္းေတာ္ထဲမွာ ေန႔တိုင္းနီးပါး ထုံးလိုေမႊ ေရလိုေႏွာက္ၿပီး ေလ့လာေနခဲ့ရသည့္ အေၾကာင္းအရာေတြထက္ မေက်ာ္လြန္ဘူးဆိုတာ သူတို႔မွ မသိၾကဘဲေလ ။

" အဲဒီေမဂ်ာေတြယူရင္ တကၠသိုလ္မွာ ငါ ပ်င္းလို႔ ေသရလိမ့္မယ္ ၊ အဲဒါေတြက ငါ ေမြးကတည္းကထမင္းစားေရေသာက္လို ပုံမွန္ ေလ့လာထားခဲ့ရတာေတြ ၊ တကၠသိုလ္က ပါေမာကၡေတြေတာင္ ငါ့ေလာက္ သိမွာမဟုတ္ဘူး "

" အဟားဟား ... "

ၾကားထဲမွာ ဘူးခြံပုလင္းခြံအပုံႀကီး ျခားထားၿပီး မ်က္ႏွာခ်င္းဆိုင္ကေန ရွင္းသန႔္က ရယ္ကာ ...

" အဲေလာက္ႀကီးကေတာ့ မ်ားသြားၿပီ၊ အေျပာေလး နည္းနည္းေလွ်ာ့ပါဦး အရွင့္သားရာ "

" ဪေဟာ ... မင္းက ငါ့ကို အထင္ေသးတာပဲ ၊ မယုံရင္ မင္းအစ္ကို ႏိုင္ငံေရးသိပၸံေက်ာင္းသားနဲ႔ ငါ့ကို တစ္ရက္ေလာက္ ခ်ိန္းေပးေလ ၊ ၿပီးရင္ သူ တကၠသိုလ္မွာ သင္ရတဲ့ အေၾကာင္းအရာေတြကို ငါနဲ႔အတူ ေဆြးေႏြးၾကမယ္ ၊ သူေမးသမွ်ကိုလဲ ငါေျဖေပးမယ္ ၊ ဘယ္လိုလဲ "

" ဟုတ္ပါၿပီ ၊ ဟုတ္ပါၿပီ ၊ ထားလိုက္ပါေတာ့ ၊ ေဟာဒီမိုးေျမတစ္ခြင္မွာ အရွင္မင္းသားကသာ အေတာ္ဆုံးပါ "

" ရွင္းသန႔္တည္ကေတာ့ နာခ်င္ေနၿပီထင္တယ္ "

" ေဟာဗ်ာ...ေတာ္တယ္ေျပာေတာ့လဲ မဟုတ္ရျပန္ဘူးလား ၊ အရွင့္သားရဲ႕စိတ္ကိုေတာ့ တကယ္နားမလည္ဘူး "

" မင္းက ႐ြဲ႕ေနတာေလ "

ဘုဏ္းေဇ လွမ္းပစ္လိုက္ေသာ ပလတ္စတစ္ဘူးခြံတစ္ခုက ရွင္းသန႔္ေခါင္းေပၚကေန ဝဲပ်ံသြားသည္။ လူကို မထိေအာင္ တမင္ ေျမႇာက္ပစ္တယ္ဆိုတာကေတာ့ အသိသာႀကီးပါ ။

တကယ္ေတာ့ ဘုဏ္းေဇစကားကို ရွင္းသန႔္ အႂကြင္းမဲ့ ယုံၾကည္သည္ ။ အိမ္ေရွ႕မင္းသား၏ စာဖတ္ခန္းထဲ မၾကာခဏ ေရာက္ဖူးသူတစ္ေယာက္အေနျဖင့္ ဘုဏ္းေဇေျပာသမွ် အပိုတစ္လုံးမွ မပါမွန္းလည္း သိၿပီးသား ။ ရွင္းသန႔္ ဘုဏ္းေဇကို တမင္စေနာက္ခ်င္၍သာ ေျပာလိုက္ျခင္းပင္ ။

အိမ္ေရွ႕ဥပရာဇာေလးအား တစ္စုံတစ္ခုကို ေတြးပူၿပီး ငိုေနမည့္အစား သည္လိုမ်ိဳး သူ႔ကိုယ္သူ ယုံၾကည္မႈအျပည့္ျဖင့္ ေျပာဆိုေနသည့္ပုံစံကိုသာ အၿမဲ ျမင္ေတြ႕ခ်င္သည္။

ျဖစ္ႏိုင္လွ်င္ ဘုဏ္းေဇရဲ႕ အိပ္မက္ေတြကိုပါ ရွင္းသန႔္ထိန္းခ်ဳပ္ခြင့္ ရခ်င္သည္။ သည္လိုသာဆို အိမ္မက္ထဲမွာေတာင္ မင္းသားေလးကို ဝမ္းနည္းခြင့္ေပးမည္ မဟုတ္ပါ ။

" တကၠသိုလ္ေရာက္ရင္ ငါတို႔ေတြ ေမဂ်ာေတြကြဲကုန္ေတာ့မွာပဲ "

" ငါတို႔အကုန္လုံး ၿငိမ္းေအးသာစံ တကၠသိုလ္မွာပဲ ဝင္ခြင့္ရေအာင္ အရင္ဆုေတာင္း ၊ ေမဂ်ာကြဲတာက ကိစၥမရွိဘူး ၊ အတန္းခ်ိန္ၿပီးရင္ ဆုံလို႔ရတယ္ ၊ တကၠသိုလ္ကြဲသြားမွ တစ္ေနရာစီျဖစ္ကုန္မွာ "

အာကာ့စကားဆုံးေတာ့ ေကာင္းယံက ဘုဏ္းေဇႏွင့္ ရွင္းသန႔္ကို တစ္လွည့္စီၾကည့္ၿပီး လက္ညႇိဳးထိုးကာ ...

" ဒါေပမဲ့ မင္းတို႔ႏွစ္ေယာက္ ဘယ္လိုလုပ္မလဲ "

" ဘာကိုလဲ "

" မင္းတို႔က စာသင္ခန္းထဲလဲ အၿမဲတမ္း တစ္ေယာက္သြားတဲ့ေနာက္ တစ္ေယာက္ လိုက္ေနၾကတာေလ ၊ ေမဂ်ာကြဲသြားေတာ့ ဘယ္လိုလုပ္မွာလဲလို႔ "

" ဪ ...ဘာပါလိမ့္လို႔ ... "

ဘုဏ္းေဇက ရွင္းသန႔္ကို ေသခ်ာၾကည့္ကာ

" ေမဂ်ာပဲကြဲတာပါ၊ ႏွလုံးသားေတြက ခြဲလို႔မရပါဘူး ၊ ဟုတ္တယ္မလား အသည္းေလး "

မ်က္စိတစ္ဖက္မွိတ္ျပၿပီး ေျပာခ်လိုက္ေသာ စကားေၾကာင့္ ရွင္းသန႔္ ရင္ထဲ ဒိတ္ခနဲျဖစ္သြားသည္။ ေဘးမွာက သူတို႔အုပ္စုအျပင္ တျခားအတန္းေဖာ္ေတြလည္း ရွိေသး၏။

" အဲဒီပါးစပ္က ...."

" အဟားဟား "

သည္တစ္ခါ ဘူးခြံႏွင့္ လွမ္းေပါက္သူက ရွင္းသန႔္ျဖစ္သြားခဲ့ၿပီ။ ၿပီးေတာ့ ရွင္းသန႔္သည္လည္း ဘုဏ္းေဇလိုမ်ိဳး လူကို မထိေအာင္သာ ပစ္တတ္သူပါ။

*****

" ရွင္း ...မင္းအိပ္ေတာ့မလို႔လား ၊ မအိပ္ပါနဲ႔ဦး ၊ လမ္းေလွ်ာက္သြားရေအာင္ ၊ မနက္ျဖန္ဆို ငါတို႔ ျပန္ၾကရေတာ့မွာ "

ဘုဏ္းေဇက သူတို႔တည္းသည့္ ဟိုတယ္ခန္းျပတင္းကေန ပင္လယ္ဆီ လွမ္းၾကည့္ၿပီး အိပ္ဖို႔ျပင္ေနေသာ ရွင္းသန႔္ကို တားလိုက္သည္။ အခ်ိန္ကေတာ့ ကိုးနာရီေက်ာ္ေနၿပီ။

အမွန္အတိုင္း ေျပာရလွ်င္ ညေနက ကမ္းေျခမွာ ေဘာလုံးကန္ၾကၿပီး ပင္လယ္ေရထဲ အၾကာႀကီး ဆင္းေဆာ့ခဲ့ၾကသျဖင့္ ရွင္းသန႔္ ေျခေထာက္ေတြ ေညာင္းေတာင့္ေနၿပီ။ အေစာပိုင္းကလည္း ညေဈးတန္းမွာ သူငယ္ခ်င္းတေတြ မုန႔္ေလွ်ာက္စားခဲ့ၾကေသးသည္။ မုန႔္စားၿပီးအျပန္ ေရာင္ရွိန္ႏွင့္ေကာင္းယံတို႔ေနသည့္အခန္းထဲမွာ ေျခာက္ေယာက္လုံး ထိုင္စကားေျပာၿပီး လူစုခြဲလာၾကတာ မၾကာေသးေပ။

သို႔ေသာ္ ဘုဏ္းေဇက အျပင္ျပန္ထြက္ခ်င္သည္ဆိုေတာ့လည္း ရွင္သန႔္အေနျဖင့္ လိုက္ေလ်ာေပး႐ုံသာ။

" မင္းသြားခ်င္ရင္ သြားမယ္ေလ "

သူတို႔ႏွစ္ေယာက္ အျပင္ထြက္လာေတာ့ အခန္းေရွ႕မွာ ရပ္ေစာင့္ေနေသာ ဘုဏ္းေဇ၏ သက္ေတာ္ေစာင့္တစ္ေယာက္က ခါတိုင္းလို ေနာက္ကေန အဆင္သင့္လိုက္လာသည္။ ‌အနားယူေနၿပီျဖစ္သည့္ တျခားသက္ေတာ္ေစာင့္ေတြကိုပါ လွမ္းေခၚလိုက္၏။

" ကိုဗစ္တာ နားေတာ့ေလ ၊ မလိုက္ေနေတာ့နဲ႔ ၊ တျခားသူေတြလဲ နားပါေစ ၊ က်ေနာ္တို႔ အေဝးႀကီး မသြားပါဘူး "

" ညဘက္ဆိုေတာ့ စိတ္မခ်လို႔ပါ မင္းသား ၊ က်ေနာ္တို႔လဲ မနားေသးပါဘူး "

" ဘာမွစိတ္ပူစရာမရွိပါဘူး ကိုဗစ္တာရာ ၊ နီးနီးနားနား လမ္းေလွ်ာက္႐ုံတင္ပါ ၊ သြားအိပ္ေခ်ေတာ့ေနာ္ "

" မအိပ္ခ်င္ေသးလို႔ပါ အရွင့္သား ၊ က်ေနာ္တို႔လဲ လမ္းေလွ်ာက္ရင္း လိုက္ခဲ့ပါ့မယ္ "

" က်စ္! "

ရွင္းသန႔္ႏွင့္ ႏွစ္ေယာက္တည္း သြားခ်င္ပါသည္ဆို ေနာက္ကေန လိုက္မည္တကဲကဲ လုပ္ေနေသာ သက္ေတာ္ေစာင့္မ်ားေၾကာင့္ ဘုဏ္းေဇ အႀကံအိုက္သြားသည္။ မလိုက္ေအာင္ တားဖို႔ နည္းလမ္းတစ္ခုသာ က်န္ေတာ့၏။

အက်ႌအတြင္းအိတ္ေထာင္ထဲမွာ ထည့္ထားသည့္ ေ႐ႊကိုအျပားခတ္ထားၿပီး ေက်ာက္စိမ္းေလးမ်ားျဖင့္ သရဖူပုံထြင္းထားေသာ အိမ္ေရွ႕မင္းသားတံဆိပ္ေတာ္ ကို ထုတ္လိုက္သည္။ ထို႔ေနာက္ ကိုဗစ္တာတို႔ေရွ႕ ေထာင္ျပလိုက္ေသာအခါ တစ္ေယာက္မက်န္ ေက်ာက္႐ုပ္ေတြလို မတ္မတ္ရပ္ၿပီး ေခါင္းငုံ႔သြားၾက၏။

နန္းေတာ္မွာ မယ္ေတာ္ႀကီးကို ေလးစားမႈႏွင့္ ခ်စ္ေၾကာက္႐ိုေသၾကရေသာ္လည္း တကယ္တမ္း ဩဇာအရွိဆုံးက ဧကရာဇ္သာျဖစ္သည္။ ဧကရာဇ္ၿပီးလွ်င္ ဒုတိယဩဇာရွိသူမွာ ထီးနန္းဆက္ခံရမည့္ အိမ္ေရွ႕မင္းသားပင္။ ထို႔ေၾကာင့္ အိမ္ေရွ႕မင္းသားတံဆိပ္ေတာ္ကို ကိုင္ၿပီး ေပးလာသည့္အမိန႔္ဟူသမွ်ကို ဧကရာဇ္မွလြဲ၍ မည္သူမွ် ပယ္ရွားခြင့္မရွိေပ။

" တစ္ေယာက္မွ လိုက္မလာနဲ႔ ၊ သြားအိပ္ၾကေတာ့ ၊ ဒါ အမိန႔္ပဲ "

" ဟုတ္ကဲ့ပါ မင္းသား "

ဒါမ်ိဳးေတြ မလုပ္ခ်င္ပါဘူးဆို ။ ခမည္းေတာ္ဆီသာ သည္အေၾကာင္း ျပန္ေရာက္လွ်င္ ဘုဏ္းေဇ ေသခ်ာေပါက္ အဆူခံရဦးမည္။ ခမည္းေတာ္က အေရးႀကီးကိစၥမ်ိဳး မရွိပါဘဲ ဘယ္သူ႔အေပၚမွ အိမ္ေရွ႕စံ၏အာဏာ ထုတ္မသုံးရဟု ထပ္တလဲလဲ မွာထားသည္။ သို႔ေသာ္လည္း မတတ္ႏိုင္။ သူကမွ ရွင္းသန႔္တည္ႏွင့္ ႏွစ္ေယာက္တည္း ရွိခ်င္လို႔ တျခားသူငယ္ခ်င္းေတြကိုေတာင္ မေခၚခဲ့တာေလ။

ဘုဏ္းေဇ ရွင္းသန႔္လက္ကို ဆြဲၿပီး ဟိုတယ္ထဲက ထြက္လာခဲ့ေတာ့သည္။ ပင္လယ္ျပင္ဘက္ေရာက္မွ လက္ကိုလႊတ္ေပး၏။

" သူတို႔လိုက္လာေတာ့ ဘာျဖစ္လဲ ၊ ငါ ေနတတ္ပါတယ္ ၊ ေဖေဖတို႔နဲ႔ တစ္ေနရာရာသြားလဲ ေနာက္က အေစာင့္ေတြပါတာပဲ ၊ မင္းနဲ႔သြားလဲ ပါေနၾကပဲကို ၊ အခုမွ မင္းက ဘာလို႔ တားေနတာလဲ "

ဘုဏ္းေဇက ဘာမွ်ျပန္မေျဖ။ လမ္းေလွ်ာက္ရင္း ပင္လယ္ျပင္ကိုသာ ေငးၾကည့္ေနသည္။

ေ႐ႊကံသာ ကမ္းေျခ၏ သဲေသာင္ယံက လေရာင္ေအာက္မွာ ေငြမႈံေလးမ်ား က်ဲပက္ထားသည့္ႏွယ္ ။ ပင္လယ္ျပင္ေပၚကေန ေျပးလာေသာ လႈိင္းေခါင္းျဖဴေလးမ်ားက ထိုေငြေသာင္ယံဆီကို လာလာၿပီး ေမးတင္သြားၾကသည္။ အုန္းပင္မ်ား စီတန္းေနေသာ ကမ္းပါးေပၚရွိ ေလရဟတ္မ်ားကလည္း ျဖည္းျဖည္းႏွင့္မွန္မွန္ လည္ပတ္ေနၾက၏။ ပင္လယ္ထဲက ေက်ာက္ေတာင္တစ္ခုေပၚမွာ ေဆာက္ထားသည့္ မီးျပတိုက္ေလးက လႈိင္းေတြႏွင့္ ယွဥ္တြဲလိုက္ေသာအခါ အသက္ဝင္ေနသည့္ ပန္းခ်ီကားတစ္ခ်ပ္လိုပင္။

ညဘက္မို႔ ပင္လယ္ေဘးမွာ ေန႔ခင္းေလာက္ေတာ့ လူမ်ားမ်ားစားစား မရွိ။ တခ်ိဳ႕က ႐ြက္ဖ်င္တဲထိုးၿပီး တစ္ညလုံး လႈိင္းပုတ္သံကို နားေထာင္ၾကမည္ထင္သည္။ တခ်ိဳ႕ကေတာ့ မီးဖိုၿပီး လတ္လတ္ဆတ္ဆတ္ ပင္လယ္စာေတြ ကင္စားေနၾက၏။

ကိုဗစ္တာတို႔ကို နီးနီးေလးဟု ေျပာၿပီး တကယ္တမ္း သူတို႔ေလွ်ာက္လာခဲ့တာက ဟိုတယ္ႏွင့္ ေတာ္ေတာ္ေတာင္ ေဝးခဲ့ၿပီ ။

" ေရွ႕ဆို လူျပတ္ေနၿပီ ဘုဏ္းေဇ ၊ ငါတို႔ ဒီမွာပဲ ရပ္ရေအာင္ "

ရွင္းသန္႔စကားကို ဘုဏ္းေဇက လက္ခံၿပီး ေရွ႕ဆက္မသြားေတာ့။ ပင္လယ္ျပင္ကိုသာ မ်က္ႏွာမူၿပီး တေမ့တေမာ ေငးၾကည့္ေနသည္။ လႈိင္းၾကမ္းေလၾကမ္း မရွိေသာ ပင္လယ္ျပင္က လေရာင္ေအာက္မွာ အၾကည့္မခြာႏိုင္ရေအာင္ စြဲေဆာင္မႈရွိလြန္းသည္။

ဘုဏ္းေဇအတြက္ ဒီခရီးက ပထမဆုံးအႀကိမ္ ပင္လယ္ျပင္ကို အနီးကပ္ ၾကာၾကာေလး ျမင္ဖူးျခင္းပင္ ။ ငယ္ငယ္ကတည္းကေန အခုအခ်ိန္ထိတျခားသူ‌မ်ားလို မိသားစုႏွင့္အတူ ကမ္းေျခလာၿပီး အပန္းေျဖတာမ်ိဳးလည္း လုပ္ခြင့္မရခဲ့သူမို႔ အမ်ားအားျဖင့္ ပင္လယ္ျပင္ကို ျပည္ပခရီးေတြသြားတိုင္း ေဝဟင္ကေနသာ ေတြ႕ခဲ့ရဖူးသည္။

နန္းေတာ္ထဲမွာ ႀကီးျပင္းခဲ့ရေသာ ဘဝကို ဘုဏ္းေဇ မၿငီးေငြ႕ေပမဲ့ ကမ္းေျခမွာ ေပ်ာ္ေပ်ာ္ပါးပါး လြတ္လြတ္လပ္လပ္ လာအနားယူေနၾကသည့္ မိသားစုမ်ားကို ျမင္ရေတာ့လည္း သာမန္ျပည္သူေတြရဲ႕ဘဝကို အားက်မိတာေတာ့ အမွန္ပင္။

" ပင္လယ္ကို အဲေလာက္ေတာင္သေဘာက်တာလား "

" ဘာလို႔လဲ "

" မင္း တေမ့တေမာ ၾကည့္ေနလို႔ေလ "

ႏႈတ္ခမ္းေလးတစ္ဖက္ အေပၚတက္သြားေအာင္ၿပဳံးၿပီး ဘုဏ္းေဇရဲ႕အၾကည့္တို႔က ပင္လယ္ဆီကေန ရွင္းသန႔္မ်က္ႏွာေပၚ ေရာက္လာသည္။

ပင္လယ္ကို ေငးၾကည့္သလိုမ်ိဳး မက္ေမာမႈ အျပည့္ျဖင့္ ...

" ဒါဆို ငါ မင္းကို ၾကည့္ရင္ေရာ... "

" အာ... "

ရွင္းသန႔္က ဘုဏ္းေဇရဲ႕မ်က္ဝန္းေတြဆီကေန ေရွာင္ထြက္သြားၿပီး ကမ္းေျခက ေက်ာက္စရစ္ခဲေလးမ်ားကို ေကာက္ကာ ပင္လယ္ထဲ တစ္လုံးခ်င္း လွမ္းပစ္ေနသည္။ သူတို႔ႏွစ္ေယာက္ ပထမဆုံးေတြ႕တဲ့ေန႔က ဥယ်ာဥ္ေတာ္ေဘးရွိ ၾကာကန္ႀကီးထဲ ခဲပစ္ၿပိဳင္ခဲ့ၾကတာကိုပင္ ဘုဏ္းေဇ သတိရသြား၏။

ဘာလိုလိုႏွင့္ ဘုဏ္းေဇယ်ာေက်ာ္ရဲ႕ ဘဝထဲမွာ ရွင္းသန႔္တည္ၾကည္ဆိုေသာေကာင္ေလးတစ္ေယာက္ ေရာက္လာခဲ့တာ ဆယ္စုႏွစ္တစ္ခုနီးပါး ရွိေတာ့မည္ ။ ကေဘးဘဝကတည္းက ရွင္းသန႔္က သူ႔ဘဝရဲ႕ အစိတ္အပိုင္းတစ္ခုအျဖစ္ ရွိေနခဲ့တာကို ေတြးမိတိုင္း ေပ်ာ္႐ႊင္ရသည္။

အခ်ိန္ေတြၾကာလာတာႏွင့္အမွ် ႏွစ္ေယာက္ၾကားမွာ အမွတ္တရေတြလည္း မ်ားလာသလို သံေယာဇဥ္ႀကိဳးေတြကလည္း တစ္ရစ္ၿပီးတစ္ရစ္ ပိုမိုေႏွာင္တြယ္လာခဲ့ၿပီ။

ရွင္းသန႔္တည္အေပၚမွာ တြယ္ငင္မိသည့္ သူ႔ႏွလုံးသားထဲက ခံစားခ်က္ေတြကိုေတာ့ ဘုဏ္းေဇ အမည္မေပးတတ္ပါ။ အမည္ တစ္ခုခုတပ္လိုက္ဖို႔ထက္ ပိုမိုနက္ရႈိင္းပါသည္ဟု ေျပာလွ်င္ ပိုမွန္လိမ့္မည္။

ရွင္းသန႔္က ဘုဏ္းေဇအတြက္ ျဖဴျဖဴစင္စင္ သူငယ္ခ်င္းေလးလို ခင္မင္ရသူ ၊ တိုင္ပင္ေဆြးေႏြးစရာ ညီအစ္ကိုေကာင္းတစ္ေယာက္လိုလည္း အားကိုးအားထားျပဳရသူ၊ မ်က္ဝန္းခ်င္းဆုံမိတဲ့ခဏ လက္ဖဝါးခ်င္းထိေတြ႕သြားတဲ့ တဒဂၤေလးမွာပင္ ရင္ခုန္သံေတြျမန္ေစတဲ့သူ။

ေျပာရမယ္ဆို ရွင္းသန႔္တည္က ဘုဏ္းေဇအတြက္ေတာ့ အနားမွာအၿမဲရွိေနေအာင္ ပိုင္ဆိုင္ခ်င္မိသည္အထိ ေလာဘတက္ေစသူပါ ။

ရွင္းသန႔္ရဲ႕ႏွလုံးသားကေရာ ဘုဏ္းေဇႏွင့္ထပ္တူက်ပါ့မလား။ ထပ္တူက်လွ်င္ေတာင္ ေခ်ာေမြ႕ဖို႔ မလြယ္သည့္ အခ်စ္ခရီးလမ္းမွာ သူ႔လက္ကိုတြဲၿပီး ေလွ်ာက္ရဲပါ့မလား ဘုဏ္းေဇမသိပါ ။

ဘာျဖစ္ျဖစ္ ဘုဏ္းေဇဘက္ကေတာ့ ေသခ်ာပါသည္။ ရွင္းသန႔္တည္ၾကည္တစ္ေယာက္သိေအာင္လည္း ေျပာျပခ်င္သည္။ ပင္လယ္ျပာထက္ မ်က္ဝန္းညိဳေတြကို ေငးေမာရတာ ပိုသေဘာက်တဲ့အေၾကာင္း ။

" စာေရးဆရာ ဟဲမင္းေဝးက ေျပာတယ္ ၊ လေရာင္ေအာက္မွာ အလွဆုံးအရာႏွစ္ခုရွိတယ္တဲ့ ၊ ဘာေတြျဖစ္မယ္ထင္လဲ ဘုဏ္းေဇ "

" မသိဘူး ၊ ဘာေတြတဲ့လဲ "

" ပင္လယ္နဲ႔ မိန္းမတဲ့ "

ရွင္းသန႔္က သူ႔ဟာသူေျပာၿပီး ၿပဳံးေနသည္ ။ တအားႀကီးေကာက္ေကြးေနတာမ်ိဳးမဟုတ္ဘဲ လႈိင္းတြန္႔ေလးေတြႏွင့္တူသည့္ ရွင္းသန႔္ရဲ႕ဆံပင္ေလးမ်ားက လေရာင္ေအာက္မွာ ပင္လယ္ထက္ ပိုလွပါသည္။ တခ်ိဳ႕ဆံပင္ေလးေတြ ေခြေနပုံကလည္း ရွင္းသန႔္တည္ရဲ႕မူပိုင္အမွတ္အသားေလးပင္ ။

" ဟင့္အင္း ၊ အဲဒါေတြထက္ မင္းက ပိုလွတယ္ "

" အာ့ ... "

သူ႔ကို တည့္တည့္ ရည္ၫႊန္းၿပီး ေျပာလိုက္ေသာစကားေၾကာင့္ ႐ုတ္တရက္ ပူထူသြားကာ ပင္လယ္ထဲကို ခဲတစ္လုံး အရွိန္ႏွင့္ပစ္ဖို႔ လုပ္ရင္း ရွင္းသန႔္ ေျခေခါက္လဲသြားသည္။ သဲေသာင္ျပင္ေပၚဆိုေပမဲ့ အားနဲ႔ပစ္က်သြားသည္မို႔ ေတာ္ေတာ္ႏွင့္ထ၍မရ။

" ေျခေထာက္နာသြားၿပီလား ျပဦး "

ဖင္ထိုင္လ်က္လဲက်ေနေသာ ရွင္းသန႔္ေရွ႕ကို ဘုဏ္းေဇက ဒူးေထာက္ထိုင္ၿပီး ရွင္းသန႔္စီးထားသည့္ half shoesကို ဆြဲခြၽတ္ကာ ေျခက်င္းဝတ္ေလးကို လက္ျဖင့္ဖိဆုပ္ၾကည့္လိုက္သည္။

" အာ့ ... နာတယ္ဟ "

" အေၾကာနာသြားတာျဖစ္မယ္ ၊ ဒီေလာက္ေလးနဲ႔ အ႐ိုးေတာ့ မထိပါဘူး "

" ဘာေနေန မင္းေၾကာင့္ "

" ဟင္ ! မင္းဟာမင္း အရွိန္မထိန္းႏိုင္လို႔ လဲတာ ၊ ငါ တြန္းတာမို႔လား "

ကိုယ့္ဟာကိုယ္ ရွက္ၿပီး လဲသြားတာဆိုေပမဲ့ ရွက္ေအာင္ လုပ္တဲ့ တရားခံမွာ အျပစ္ရွိတယ္ မဟုတ္လား ။

" မင္း ေပါက္ကရေျပာလို႔ "

" အမ္! အဟားဟား ... "

ဘုဏ္းေဇရယ္ေတာ့ ရွင္းသန႔္က သူ႔ေျခက်င္းဝတ္ကို ႏွိပ္ေပးေနသည့္ လက္ေတြကို ပုတ္ထုတ္ၿပီး ဖိနပ္ျပန္စီးကာ မတ္တပ္ထလိုက္သည္။ ဘုဏ္းေဇက ရွင္းသန႔္ေရွ႕မွာ ေက်ာေပးလ်က္ ဒူးတစ္ဖက္ေထာက္ထိုင္ၿပီး သူ႔ပုခုံးသူပုတ္ျပကာ

" အခန္းထဲေရာက္ရင္ ေဆးလိမ္းေပးမယ္ ၊ လာ ... ငါ့ေက်ာေပၚတက္ ၊ ဟိုတယ္ျပန္ေရာက္တဲ့အထိ ကုန္းပိုးခဲ့ေပးမယ္ "

" မလိုပါဘူး ၊ ငါ့ဟာငါ ေလွ်ာက္ႏိုင္ပါတယ္ "

" ေျခေထာက္က အဲလိုနာေနရင္ ခ်က္ခ်င္းမေထာက္ရဘူး ၊ ပိုနာတတ္တယ္ ၊ ေခါင္းမမာနဲ႔ ရွင္းသန႔္တည္ ၊ ေျပာစကားနားေထာင္ ၊ လာ... ငါမင္းခႏၶာကိုယ္ေလာက္ေတာ့ သယ္ႏိုင္တယ္ "

" ေတာ္ပါၿပီ ၊ ဘယ့္ႏွယ့္ ကုန္းပိုးရမယ္လို႔ ၊ဒီတိုင္းပဲ ငါ့ကိုတြဲေပး "‌

" ကဲ .. ေျပာမရရင္လဲ ဒီလိုပဲ ေပြ႕သြားလိုက္ေတာ့မယ္ "

ေျပာေျပာဆိုဆိုႏွင့္ ဘုဏ္းေဇက ရွင္းသန႔္ရဲ႕ခ်ိဳင္းႏွင့္ တံေကာက္‌ေကြး ေအာက္ကေန လက္တစ္ဖက္စီ လွ်ိဳၿပီး ေကာက္ေပြ႕လိုက္တာ ေစြ႕ခနဲ ။

" WTF! ဘာလုပ္တာလဲ ဘုဏ္းေဇယ်ာေက်ာ္ ၊ ခ်ေပး ၊ ငါ လမ္းေလွ်ာက္ႏိုင္တယ္လို႔ "

ရွင္းသန႔္ ဘယ္ေလာက္ပဲ ေအာက္ျပန္ဆင္းဖို႔ ႀကိဳးစားႀကိဳးစား မရေပ။ ဘုဏ္းေဇရဲ႕လက္ေပၚမွာ သူ႔ခႏၶာကိုယ္က ႐ုန္းရင္းဆန္ခတ္ျဖစ္ေနသည္။ ႏွစ္ေယာက္က ခႏၶာကိုယ္ခ်င္း သိပ္မကြာေသာ္လည္း အားခ်င္းယွဥ္မရဘူးဆိုတာ သည္ေနရာမွာ သက္ေသျပသြား၏။

" ေအာက္ခ် ေအာက္ခ် ၊ ကုန္းပဲပိုးမယ္ "

သည္လိုဆိုမွ ဘုဏ္းေဇက ရွင္းသန႔္ကို လက္ေပၚက ျပန္ခ်ေပးသည္။ ရွင္းသန႔္လည္း မတတ္ႏိုင္ေတာ့။ ေနာက္တစ္ခါ ထပ္ေပြ႕ေနမွာစိုးသျဖင့္ ဘုဏ္းေဇေက်ာေပၚကေန လိုက္ခဲ့႐ုံသာရွိေတာ့၏။ ၿပဳံးစိစိလုပ္ေနေသာ ႐ုပ္ကိုေတာ့ မ်က္လုံးေထာင့္ကပ္ၾကည့္ေပးလိုက္သည္။ ရွင္းသန႔္ ေျခေထာက္နာတာပင္ ဘယ္ေရာက္သြားမွန္း မသိ ။

အိမ္ေရွ႕စံတစ္ေယာက္ကေတာ့ သူ႔ေက်ာျပင္ေပၚ ဖိကပ္လာသည့္ ရင္ခြင္ေႏြးေႏြးေလးေၾကာင့္ စိတ္ထဲမွာ က်ိတ္ၿပီး ၾကည္ႏူးေနမိသည္။ သူ႔ခါးမွာခ်ိတ္ထားသည့္ ေျခေထာက္ႏွစ္ဖက္ကို ေသခ်ာထိန္းကိုင္ၿပီး ေျခလွမ္းေတြကို စတင္လိုက္ေသာအခါ ေက်ာေပၚမွ ေကာင္ေလးက လက္ႏွစ္ဖက္ျဖင့္ သူ႔လည္တိုင္ကို ခပ္ေလ်ာ့ေလ်ာ့ေလးသိုင္းဖက္လာ၏။ လေရာင္ေအာက္က ပင္လယ္ျပင္ကလည္း အခုမွပိုလွလာသလို ခံစားရသည္။

ဘုဏ္းေဇ ေျခလွမ္းေတြ ပုံမွန္ထက္ ‌ပိုေႏွးေနရသည့္အေၾကာင္းကေတာ့ ေက်ာေပၚက လူတစ္ေယာက္ရဲ႕ အေလးခ်ိန္ေၾကာင့္မဟုတ္ဘဲ သည္အခိုက္အတန႔္ေလးကို ၾကာႏိုင္သမွ်ၾကာေအာင္ ဆြဲဆန႔္ထားခ်င္မိ၍ပါ။

" ျမန္ျမန္သြား ဘုဏ္းေဇ ၊ ဘာလို႔ ျဖည္းျဖည္းေလး ေလွ်ာက္ေနတာလဲ "

" ဘယ္လိုလုပ္ၿပီး ျမန္ျမန္သြားလို႔ ရမွာလဲ ၊ မင္းခႏၶာကိုယ္က ေပါ့ေပါ့ေလး မွတ္ေနလား "

" အဲဒါမို႔ မင္းကို ဘယ္သူက သယ္ခိုင္းလို႔လဲ ၊ ေအာက္ခ်ေပး ၊ ငါ့ဟာငါ လမ္းေလွ်ာက္ႏိုင္တယ္ "

" ၿငိမ္ၿငိမ္ေနေနာ္ ရွင္းသန႔္တည္ ၊ ပင္လယ္ထဲ ပစ္ခ်လိုက္မယ္ "

" ငါ့ကို မင္းၿခိမ္းေျခာက္တိုင္း ေၾကာက္မယ္ထင္ေနလား မင္းသားေလး ၊ မင္းရဲ႕အမႈထမ္းေတြလို အိမ္ေရွ႕မင္းသား ေ႐ႊတံဆိပ္ျပားႀကီး ထုတ္ျပ႐ုံနဲ႔ မင္းေျပာတိုင္းရမယ္ ထင္ေနလား ...ဟမ္ "

" အား....ဟားဟား "

ရွင္းသန႔္ရဲ႕လက္ႏွစ္ဖက္က ဘုဏ္းေဇရဲ႕လည္ပင္းကို ခပ္ေလ်ာ့ေလ်ာ့ဖက္ထားရာကေန အားထည့္ၿပီး ညႇပ္ပစ္လိုက္ေသာ္လည္း ဘုဏ္းေဇက သူ႔ကိုေက်ာေပၚကေန ခ်မေပးဘဲ တဟားဟားေအာ္ရယ္ရင္းသာ ေရွ႕ဆက္သြားသည္။ ကမ္းေျခမွာ လမ္းေလွ်ာက္ေနေသာ လူတခ်ိဳ႕ကလည္း သူတို႔ႏွစ္ေယာက္ကိုၾကည့္ၿပီး ၿပဳံးေနၾက၏။

လေရာင္က ပိုၿပီးလင္းလာၿပီ။ ညဥ့္နက္လာသည္ႏွင့္အမွ် ေ႐ႊကံသာကမ္းေျခ၏ ေကာင္းကင္ယံမွာ ၾကယ္ေတြလည္း ပိုစုံလာၿပီ ။ ပင္လယ္ျပင္ထဲမွာ တေ႐ြ႕ေ႐ြ႕ခုတ္ေမာင္းေနေသာ ကြန္တိန္နာသေဘၤာႀကီးတစ္စီးကေတာ့ ျမင္ကြင္းထဲကေန တျဖည္းျဖည္းေဝးကြာသြားခဲ့ၿပီ ။ မီးျပတိုက္ေလးကေတာ့ အရင္လိုပဲ သူ႔ေနရာမွာသူ ရပ္က်န္ေနဆဲ။

လေရာင္ေအာက္မွာ ေကာင္ေလးတစ္ေယာက္က သူႏွင့္႐ြယ္တူ တျခားေကာင္ေလးတစ္ေယာက္ကို ေက်ာေပၚမွာတင္ၿပီး သြားေနသည့္ ေျခရာတို႔က ေငြေသာင္ယံေပၚဝယ္ ထင္ထင္ရွားရွား ။

ပင္လယ္ေလက နား႐ြက္ဖ်ားေတြကို ေအးေအာင္ တိုက္ေနေသာ္လည္း ႏွလုံးသားေတြကိုေတာ့ ေႏြးေစသည္ ထင္ပါရဲ႕ ။

#PoPoPhoenix

--------------------------------------

{ A/N - High School ေက်ာင္းသားဘဝေလးကို ႏႈတ္ဆက္ရေတာ့မယ္ 🥺

Stay safe everyone ❤️ }

Continue Reading

You'll Also Like

3.8K 326 14
Unicode BL Short Story လေးပါ ။ ဖတ်ကြည့်ပြီးဝေဖန်ပေးနိုင်ပါတယ်နော် ။ ❣️❣️❣️ မွေးရာပါကိုယ်အဂ်ါမပြည့်စုံတဲ့ကောင်လေး..ဒီမိုးစက် နာမည်ကြီးအဆိုတော်ဖြစ်ဖို့...
1.6M 87.7K 87
This is a work of fiction. Any names, characters or events are fictional.
199K 2.5K 18
"ရွင့္ကိုသိပ္မုန္းတယ္ ေဒၚျမတ္သဒၵါေသြး"
308K 21K 62
မွဴးထက္ပိုင္ =ဘယ္သူကထင္မိမွာလဲ ေပါက္စ မင္းဟာ ကို႔ ဘဝရဲ႕ အရာရာျဖစ္လာမယ္လို႔ သူရိယကိုကို =တကယ္ေတာ့ အာ့ဦးေလးႀကီးးကႏွာဘူးးႀကီး ျမတ္ခ်ယ္ရီ= မ အခ်စ္ေတြကိ...