..................
ခန့်စေ လေဆိပ်ကနေ လမင်းကိုခေါ်ကာ ဒယ်ဒီ့ကို သွားတွေ့ခဲ့ပြီး
Hotel မှာ တည်းရန်သာ ထွက်လာခဲ့ခြင်း။
လမင်းဟာ ကိုယ်ထင်ထားသလောက် ဒယ်ဒီနှင့် စိမ်းမနေပါ။
ကိုယ်မသိလိုက်ချိန် ဘယ်ကတည်းက ဖေဖေဟု ပါးစပ်ကနေမချရလောက်အောင်အထိ ရင်းနှီးနေနှင့်မှန်းမသိရပါ။
ကိုယ့်အဖေ ကိုယ်တိုင်ကိုက သားလမင်းလေး ဆိုတာနှင့် သည်းသည်းလှုပ်။ ဒါလည်း ကောင်းတာပါပဲ။ ကိုယ့်မိဘနဲ့ ကိုယ့်ချစ်သူ အဆင်ပြေပြေရှိနေတာ စိတ်ချမ်းသာစရာပါပဲ။
ခန့်စေ ဒယ်ဒီ့အိမ်မှာ တည်းဖို့အဆင်ပြေပါရက်နှင့် Hotel ကိုသာ
ထွက်လာခဲ့သည်ကိုလည်း ဒယ်ဒီက မတားပါ။
သူ့သားနှင့် သူ့အမျိုးသမီး ဆက်ဆံရေးက အခုချိန်ထိ မကောင်းသေးတာမို့။ သားဖြစ်သူစိတ်တိုင်းကျသာ ။
လမင်းဟာလည်း ခန့်စေ လက်ဆွဲခေါ်သမျှ အနောက် တကောက်ကောက်နှင့်သာ မငြီးမငြူ လိုက်၏။
~~~~
ကျွီ~~~
တံခါးပွင့်သွားသည် ဆိုယုံနှင့်ပဲ ခန့်စေလက်ထဲက လမင်းလက်ကလေးဟာ ရုန်းထွက်သွားပြီး ခန့်စေကို ကျော်ကာ
မှန်ဖြင့်သာ ကာရံထားသော နေရာစီ ပြေးသွား၏။ ပါးစပ်မှလည်း အံ့ဩမှုတမ်းခြင်းတွေ အစုံ။
" ဝိုး~~~~ ဒီအပေါ်က ကြည့်လို့လား မသိဘူး ရန်ကုန်မြို့က လှသားပဲ "
မှန်နံရံအား လက်ကလေးထောက်ကာ တပြုံးပြုံးနှင့် ကလေးလေးအတိုင်း ခြေဖျားထောက်ကာ ကြည့်နေသော အသေးလေးမှာ ပါးတခြမ်းဟာ မှန်နဲ့ ဖိမိနေသည်အထိ။
မိုင်းနောင်ကနေ ကျောပိုးအိတ်တစ်လုံးနဲ့
ရန်ကုန်တက်လာသည်မို့ ကျောပိုးအိတ်လေးလွယ်ထားတဲ့ အသေးလေးက ခန့်စေ မျက်လုံးထဲ ဘယ်အချိန်ကြည့်ကြည့် ချစ်ဖို့ကောင်းလွန်းနေ၏။ ချစ်တဲ့ စိတ်ကြောင့် မျက်လုံးထဲ ပိုသာလာတာပဲ ရှိမည်။ လျော့သွားဖို့တော့ မရှိ။
အခုလည်း လက်ဖဝါးနှစ်ဖက်ထဲ မျက်နှာလေးထည့်ကာ မှန်အားပွတ်တိုက်၍ အဝေးကြည့်မှန်ပြောင်း ကြည့်နည်း ကြည့်နေတဲ့ အသေးလေးကြောင့် မချွတ်သေးပဲ လွယ်ထားသည့် ကျောပိုးအိတ်အား ခန့်စေကပဲ ချွတ်ပေးဖို့ အနားကို သွားရ၏။
"ကဲ မောင့်လမင်း ကျောပိုးအိတ်လေးတော့ ချွတ်ပါအုန်း "
"ဪ...ဟီး~~မေ့သွားတာ "
" ရွှတ်!...မောင် ရေချိုးအုန်းမယ် လမင်းရော?..."
ခန့်စေ ပြည့်ဖောင်းဖောင်းလေး ဖြစ်နေသော ပါးတစ်ဖက်ကို နှာခေါင်း နစ်ဝင်သွားသည်အထိ အားပါးတရ မွှေးကြူပြီး မေးတော့
ခေါင်းကို အသာခါယမ်းကာ ပြောလာ၏။
"ဟင့်အင်း လမင်းက မောင့်ကိုလာမကြိုခင် တည်းတဲ့ နေရာကပဲ ချိုးလာခဲ့တာ မောင် မြန်မြန် ချိုးလိုက်လေ နော် "
" အင်း..အခုတော့ လာအုန်း မောင်ဖက်ထားချင်သေးလို့ "
ခါးကနေ ပွေ့ချီပြန်တော့လည်း အလိုက်သင့်လေး ပါလာကာ
ခန့်စေ လည်တိုင်ကို သိုင်းဖက်ထားပြီး ခြေထောက်လေးတွေဟာလည်း ခါးမှာ ခွလျက်ချိတ်ထားပြန်၏။
ထို့ပြင် ပါးဖောင်းဖောင်းလေး တစ်ဖက်ကိုလည်း ခန့်စေ ပါးမှာ လာကပ်ပြန်၏။
ထွန်းလမင်းသာ တို့ကတစ်ကယ့် အချွဲလေး ။
" မောင့်လမင်းက အချွဲလေးပဲ "
" မောင့်ကို ချစ်လို့ ချွဲတာ "
" မောင်ကလည်း ချစ်လို့ နမ်းချင်တယ် အဲ့လိုဆို ရလား "
"ရတာပေါ့ မောင် ဘယ်နား နမ်းချင်လဲ ကြိုက်တဲ့ နေရာကို နမ်း! ဟီးဟီး~~"
"............."
လည်တိုင်ကို ဖက်ထားကာ ပါးချင်း အပ်ထားရာကနေ မျက်နှာချင်းဆိုင် ကြည့်လာကာ ဟီး!ကနဲ ရယ်ပြသော လမင်းကြောင့် ခန့်စေမှာ ကိုယ့်နှုတ်ခမ်းကိုသာ ခပ်ကြိတ်ကြိတ် ကိုက်ထားမိ၏။
ဒီဟာလေးက ခွဲနေရတဲ့ နှစ်တွေအတွင်းမှာ ကိုယ့်ကို ဘယ်လို အရည်ဖျော်ရမလဲ အကုန် သင်ယူထားပုံပါပဲ။
မသိမသာပြုံးပြနေရင်တောင် ခပ်ရေးရေးပေါ်လာတဲ့ ပါးချိုင့်လေးကြောင့် ဒီကောင့်မှာ မနေနိုင်မထိုင်နိုင်။
သွားတန်းလေးတွေ ပေါ်အောင် ရယ်ပြပြီး ကိုယ်ပေါ်ကနေ ချွဲနေတာမို့ ခန့်စေ အနီးအနားက ဆိုဖာပေါ် ခပ်မြန်မြန်သွားကာ
ပွေ့ချီထားသော အသေးလေးကို အသာချကာ အုံ့မိုးထားလိုက်၏။
ဒါကိုတောင် လည်တိုင်မှာ တွဲချိတ်ထားတဲ့ လက်လေးနှစ်ဖက်ဟာ
ဖြုတ်မသွား။
" ပြောပါအုန်း မောင်မရှိတဲ့ အတောအတွင်း မောင့်ကို ခြွေဖို့
ဘာတွေ သင်ထားသေးလဲ "
"မသင်ရပါဘူးနော် မောင့်ဘာသာ ကြွေနေတာ အဟီး! "
" မရတော့ဘူး မောင် အသည်းယားလာပြီ "
မွ!....
မွ!....
မွ!....
" အင့် ! ...."
" ရွှတ်! မောင်အရမ်းလွမ်းနေရတဲ့ ပါးဖောင်းဖောင်းလေးတွေ "
ရွှတ်!....
ရွှတ်!....
ရွှတ်!...
လမင်းရဲ့ ပါးနှစ်ဖက်လုံးကို ဘယ်ပြန်ညာပြန် အခါခါ အားရတဲ့အထိ တရွှတ်ရွှတ် နမ်းနေတာကြောင့် လမင်း ပါးတွေ ပူထူလာရပေမယ့် ချစ်ရတဲ့ မောင်က ပေးနေတဲ့ မြတ်နိုးစရာ အနမ်းတွေကြောင့် ရပ်ပါလို့ မတားမိ။
မောင်ဟာ နဖူးကို ခပ်ကြာကြာ ဖိနမ်းကာ လမင်းကို ငုံ့ကြည့်လာ၏။
သို့သော် လမင်း မောင့်ကို ပေစောင်းစောင်းလေး ကြည့်လိုက်၏။
ဒီလောက် မျက်နှာတစ်ခုလုံးကို မွစာကြဲအောင် နမ်းနေပြီးမှ
ဘာလို့ တစ်နေရာက ကျန်နေခဲ့ရတာလဲ။ သူများကို ကလေး နမ်းသလို လာနမ်းနေတာ အဲ့ မောင် အစုတ်ပလုတ်က။
" မောင့်!...."
"ဗျာ~~"
မောင့်ရဲ့ တန်ပြန် ထူးလာတဲ့ အသံကြောင့် လမင်းမှာ ပြောရမယ့် စကားတွေတောင်ဘယ်ရောက်သွားမှန်းမသိတော့တဲ့အထိ။
ပါးစပ်ကလေး ဟ ကာ မောင့်ကို ငေးကြည့်နေမိ၏။
ရင်ဘတ်ထဲက အကောင်ဟာလည်း မောင့်ရဲ့ "ဗျာ "ဆိုတဲ့ အသံကြောင့် ကဆုန်ပေါက်နေပြီ။ လမင်း နှလုံးခုန်သံတွေဟာ
တဒုတ်ဒုတ်နဲ့ ကိုယ့်နှလုံးခုန်သံတောင် ကိုယ်ပြန်ကြားနေရ၏။
ဒါကို မောင်ကလည်း ကြားနေရပုံပါပဲ။
လမင်းကို ကြည့်ကာ မောင်ဟာ တော်ရုံမြင်ရခဲသည့် အစွယ်လေးပါသော သွားတန်းများ ပေါ်သည်အထိ ရယ်မောကာ
လမင်းနှဖူးကို မောင့်နှဖူးနဲ့ ဖြည်းဖြည်းချင်း တိုက်ကာ နှာထိပ်ချင်း
ပွတ်သပ်လျက် စကားဆိုလာ၏။
" မောင့်ကို ဘာလို့ အဲ့လောက်တောင် ကြည့်နေတာလဲ ဟင်..."
"မောင့်! .."
"ပြောပါဗျာ"
"ဟိုမှာ မောင် အခုလို ရယ်ပြနေကြလား သူများတွေကို "
" ........"
"ဖြေလေလို့ သူများတွေကို ရယ်ပြနေကြလား"
"မရယ်ပြပါဘူးကွာ မောင်ဟိုမှာ တစ်ခါတစ်ခါ ပြုံးဖို့တောင် ခဲယဉ်းပါတယ် "
"ဟုတ်လို့လား "
" ဟုတ်ပါတယ်ဗျ "
" မောင် သိလား မောင် တစ်ခါမှ ဒီလိုရယ်တာ လမင်း မမြင်ဖူးဘူး"
" ရှေ့လျှောက် မောင့်လမင်းကို မောင် အမြဲ ရယ်ပြဖြစ်တော့မှာပဲ "
"လမင်း ကိုပဲ ရယ်ပြရမှာနော် "
"........"
ခန့်စေ ကိုယ့်ရင်ဘတ်အောက်က အသေးလေးကို အသည်းယားလွန်းလို့ ပါးဖောင်းဖောင်းလေးတွေကို ကိုက်ဖဲ့ပစ်ချင်သည်အထိ ။ ဒါကို နှုတ်ခမ်းဆူကာ ပြောနေသော အသေးလေးက အလိုမကျစွာ ခန့်စေ ပါးကို ဆွဲဖဲ့ကာ ခေါ်၏။
" မောင့်! ပြောနေတာ ကြားလားလို့ "
"အင်း"
"သူများတွေကို ဒီလို သွားပေါ်တဲ့အထိ မရယ်ပြနဲ့။ "
" ဘာလို့လဲ "
" လမင်းရဲ့ မောင်က အရမ်းချောတယ် ။ ဒီအတိုင်း နေရင်တောင်
ကြည့်ကောင်းနေတာ အစွယ်လေးပေါ်အောင် ရယ်ပြတာ မြင်လိုက်ရတော့ အမလေး~~~~တွေးတောင်မတွေးချင်ဘူး
ရင်ဘတ်ထဲက ကောင်က အရမ်းဆိုးတာပဲ လူကိုနေရခက်အောင်"
သူ့ရင်ဘတ်ကလေး သူ ပြန်ဖိကာ ဟန်ပါပါ ပြောနေတာကြောင့်
ခန့်စေ သူ့အောက်က မကြောက်မလန့်နဲ့ ပြောချင်တာ ပြောနေတဲ့
အသေးလေး ရင်ဘတ်ပေါ်သာ ခေါင်းမှောက်ချလိုက်ရင်း ရယ်မိတော့သည်။
"မောင်"
"ဗျာ "
" မောင် လမင်းကို နမ်းဖို့ တစ်နေရာ ကျန်တယ်နော် "
" ဘယ်နားလဲ မောင့်ကိုပြော "
"ဒီနားလေ ဒီနား ! ...."
သူ့နှုတ်ခမ်းကို လက်ညိုးဖြင့် ညွှန်ပြကာ စူပုတ်ပုတ်လေး ပြောလာတာမို့ .....
" အဟင်း~~~အဲ့နေရာကိုသာဆို ဒီနေ့ မောင် ရေချိုးဖြစ်မယ်မထင်ဘူး "
Ring!!!!!!
ခန့်စေ နမ်းမလို့ ငုံ့နေစဉ် စားပွဲပေါ်က လမင်း ဖုန်းလေးက မြည်လာတာမို့ နှစ်ယောက်သား ထို ဖုန်းဆီကိုသာ အာရုံရောက်သွားရ၏။
" မောင် ဘယ်သူဆက်တာလဲ ကြည့်ပေးပါလားဟင်"
ခန့်စေ ဖုန်းအားလှမ်းယူပြီး ကြည့်လိုက်ရာ အသည်း emojiများ
ပြည့်သော contact name. အိုက်လျှမ်း တဲ့။
ခန့်စေ မျက်ခုံးတို့ ပင့်သွားရသည်။
သူငယ်ချင်း ကို အဲ့လောက် တယုတယ အသည်းတွေနဲ့ ဘောင်ခတ်ထားစရာ လိုသလား။ ဒါဆို ကိုယ့်အတွက်ကရော ။
တစ်ကယ့်ကို လမင်းရဲ့ သူငယ်ချင်း စိုင်းဟန်လျှမ်းက ခန့်စေ နာမည်ပေးထားသလို ချီးထုတ်!။ ကောင်းခန်းရောက်ရင် သူ
ဘယ်ကြားကနေ အကြားအမြင်ရပြီး နှောင့်ယှက်မှန်းကိုမသိ။
သန့်စင်ထွန်း ရှိရာဆီ တကူးတက ပို့ပေးခဲ့တာတောင်
သူများတကာတွေ ကြည်နူးနေချိန် ဖုန်းထဆက်သည်။
ကိုယ့်သူငယ်ချင်း ဒီနေ့ ဂျူတီ မရှိဘူး ပြောလို့ ပို့ခဲ့ကာမှ အခုလို ဖုန်းဆက်တယိုတော့ အားယားနေပုံပဲ။
ခန့်စေ နှာခေါင်းတစ်ချက် ရှုံ့ကာ မြည်နေသည့် ဖုန်းကို ချကာ
ကိုယ့် contact name ဘယ်လိုရှိသလဲ ရှာကြည့်လိုက်တော့
တွေ့လိုက်ရတာက အပြာရောင် အသည်းပုံ emoji တွေကြားက
ကိုယ့် နာမ်စား "မောင်" ဆိုတာကို တွေ့လိုက်ရတာကြောင့်
ကျေနပ်သွားသလိုတော့ ရှိပါ၏။
ဟွန်း~~။
ဖုန်းကို စားပွဲပေါ် ပြန်ချကာ လမင်းအပေါ် အုံ့မိုးထားရာကနေလည်း
ထ ကာ ရေချိုးဖို့ ပြင်ရ၏။
" မောင် ဘယ်သူ ဆက်တာလဲ "
" ဟို ချီးထုတ် "
" မောင်နော် ...အိုက်လျှမ်းကို အဲ့လို မခေါ်ပါနဲ့ "
" ခေါ်မှာပဲ အဲ့ကောင် တစ်ကယ့် ချီးထုတ် ! "
" သူများ သူငယ်ချင်းလေးကို "
မောင်ဟာ ပြောချင်တာပြောပြီး ရေချိုးခန်းထဲ ဝင်သွားတာမို့
လမင်း မောင့် နောက်ကျောကိုသာ မျက်စောင်း လှမ်းထိုးလိုက်၏။
လမင်း မောင့်ကို ကြည့်ရင်းကနေ ရေချိုးခန်း တံခါးမှ ကုတင်ဆီ အာရုံရောက်သွားပြီး ထိုကုတင်၏ ဘေး တွင်ရှိနေသော အရာအား
တစ်ခါမှ မမြင်ဖူးတာမို့ စပ်စပ်စုစုဖြင့် ဆိုဖာမှ ထကာ အနားထိ သွားကြည့်လိုက်၏။ မှန်နံရံနဲ့ အနီးကပ် ထား ထားသည် မလား။
လမင်းတစ်ခါမှ Hotel တွေမှာ မတည်းဖူးတာမို့ အခန်းတွင်း သုံးတဲ့ ပစ္စည်းတွေနဲ့သိပ်မရင်းနှီး။
တောသားမြို့တက် လို့ပဲ ဆိုဆို ။ မိုင်းနောင်မြို့ကနေ တောင်ကြီးမြို့ေပါ်ကိုတောင် လက် ၅ချောင်းပြည့်အောင် မရောက်ဖူး။
တည်းခိုခန်းတောင် မောင့်ဆီ လာရင်းကမှ တည်းခဲ့ဖူးတာ။
အခန်းက အခုလောက်မကျယ်ဘူး မလား။
လမင်းတို့ အခု ယူထားတဲ့အခန်းက မိသားစု လိုက် တည်းလို့ရတဲ့
အခန်းများလားနော်။ ကုတင်ကြီးကလည်း အကြီးကြီး ။
အခန်းကလည်း ကျယ်၊ ရေချိုးခန်း အိမ်သာ အကုန်ပါ၏။
အခုလမင်း မြင်နေရတဲ့ ဟာကြီးက မိသားစုလိုက်လာတည်းရင်
ကလေးတွေကစားဖို့ ဆော့စရာ ထင်ပါရဲ့။
လျှောစီးတဲ့ဟာလိုမျိုး။ လမင်း ထိုအရာနား သွားကာ တက်ပြီး လျှောစီးကြည့်ရင် ကောင်းမလား ကြည့်လိုက်၏။
"ငါ့အရွယ်ကြီး စီးရင် ရပါ့မလား လျှောကလည်း တိုလိုက်တာ
မြင့်တာပဲ ကလေးတွေ အောက်ထိ ပြုတ်မကျအောင် ထင်တယ် "
Ring !!!!!!
စားပွဲပေါ်က ဖုန်းဟာ ထပ်မြည်လာတာမို့ လမင်း ကိုယ့်နဖူးသာ ကိုယ်ပြန်ရိုက်လိုက်သည်။ မေ့သွားတာ အိုက်လျှမ်း ဖုန်းဆက်တာကို ခုနကမကိုင်မိသလို ပြန်လည်း မဆက်မိ။ အော်တော့မှာပဲ။
" ဟယ်လို အိုက်လျှမ်း"
📱..." ခုနက ဖုန်းမကိုင်ပဲ ဘာလုပ်နေတာလဲ အိုက်လမင်းသာ! "
ဖုန်းထဲကနေ စူးကနဲ ထွက်လာတဲ့ အသံကြောင့် နားနဲ့တောင် ဖုန်းကို ခွာထားလိုက်ရသည်။
" မောင်နဲ့ စကားပြောနေလို့ပါ "
📱...."ဟမ့် ကတုံးကောင်နဲ့ မပြီးနိုင်မစီးနိုင် အလွမ်းသယ်နေကြ"
" မင်းလည်း အလွမ်းမသယ် လို့လားနော် ဟွန့်! "
📱..." ဆရာဝန်ပေါက်စက သူ့ ဆေးစာအုပ်လောက် ငါ့ကို အဖက်မလုပ်ဘူး သိလား "
အင်း....သူ့ဟာကို မပွားရတော့ လူကို မကျေနပ်သမျှ ဖုန်းဆက်ပြောပြီပေါ့။
"အိုက်လျှမ်း ငါ မင်းကို မေးမလို့ သိလား ငါတို့အခုတည်းတဲ့ အခန်းမှာလေ ကလေးတွေ လျှောစီးတဲ့ဟာလည်း ပါတယ်သိလား"
📱..."အမ်!.. မင်းတို့က အခု ဘယ်မှာလဲ ကတုံးကောင်က သူ့အဖေအိမ်မှာ မတည်းဘူးလား "
"အင်း..မတည်းဘူး အခု Hotel မှာ "
📱..."ခဏ ဖုန်းချပြီး လိုင်းတက်ခဲ့ VC ခေါ်လိုက်မယ် "
"Ok ... "
လမင်း ဖုန်းချကာ လိုင်းတက်ပြီး သိပ်မကြာ အိုက်လျှမ်းက video callခေါ်လာတာမို့ ချက်ချင်း ကိုင်ကာ...
"အေး...."
"ဘယ်မှာလည်း မင်းပြောတဲ့ ကလေးကစားတဲ့ဟာ "
" ခဏ ငါပြမယ် "
ဆိုဖာပေါ် ထိုင်နေရာကနေ ထကာ မှန်နံရံနား ချထားသော အရာ
နား သွား၍ အိုက်လျှမ်းဘက်ကို camera လှည့်ပြလိုက်ရာ
တစ်ဖက်က စိုင်းဟန်လျှမ်းတို့က အာပြဲလျှာပြဲကြီးနှင့် အတောမသတ်နိုင်အောင် အော်ရယ်ပါတော့သည်။
"ဟ!...ဟား!....ဟား!...ဟား!..."
လူလိုမရယ်တော့ တံတွေးသီးကာ ချောင်းဆိုးတဲ့အသံတွေကပါ အတိုင်းသား ကြားနေရ၏။
လမင်းမှာ မျက်မှောင်လေး ကြုံ့ကာ သကောင့်သား အရယ်ရပ်မယ့်
အချိန်ကို ထိုင်စောင့်နေရ၏။ စိတ်ထဲမှာလည်း ....
* လူလိုမရယ်ဘူး ရယ်နေရင်း အသက်လည်း ထွက်ကုန်အုန်းမယ်*
" မင်း ရယ်လို့ ပြီးအုန်းမှာလား အိုက်လျှမ်း "
"အဟမ်း!... အိုက်လမင်းသာ အဲ့တာ ဘာလဲ မင်းတစ်ကယ်မသိဘူးလား "
" မသိလို့ပဲ ငါထင်တဲ့ ဟာများလား ပြောပြတာပေါ့
မင်းကဘာလို့ အော်ရယ်နေတာလဲ "
"အဲ့တာ ကလေးတွေ လျှောစီးတဲ့ ကစားစရာမဟုတ်ဘူး
ဟဲ ဟဲ ~~လူကြီးတွေ ဆော့တဲ့ဟာကွ "
"ဟမ်! "
" ဟီးဟီး!! အဲ့တာ Sex chairကွ Sex chair "
"ဟင်!... Sex chair! ဒါကြီးကလေ "
ချောက်! ...
အိုက်လျှမ်းနဲ့ VC ပြောနေတုန်းရေချိုးပြီး အောက်ပိုင်းကို တပတ်အဖြူသာ ပတ်ပြီး ခေါင်းကို တပတ်တစ်ထည်ဖြင့်သုတ်ကာ ထွင်လာသော မောင့်ကို ကြည့်ကာ လမင်း တံတွေးကို မသိမသာ မြိုချလိုက်၏။ မောင့်ဗိုက်မှာ အဖုအထစ်တွေနဲ့။ မောင်ဟာ ခေါင်းကို သုတ်နေရင်း လမင်းအနားရောက်လာ၏။
မောင့် မျက်နှာဟာလည်း ပြုံးစိစိနှင့်။
လမင်းအခု ရောက်နေတာက အိုက်လျှမ်း ပြောပြတဲ့ sex chair ကြီး ပေါ်မှာကို။ သူ့ကို ပြချင်ဇောနဲ့ လူက ဒီဟာကြီးအပေါ် တက်ထိုင်နေတာ။
အစက ဘာမှန်းမသိပေမယ့် အိုက်လျှမ်းရဲ့ မျက်နှာထားနဲ့ sex chair ဆိုတဲ့ အသံထွက်ကြီးကြောင့် တောသားပေမယ့် အဲ့လောက်တော့ မတုံးအ ပါ။ လူက မောင့်ရဲ့ အပေါ်ပိုင်းဗလာနှင့် အောက်ပိုင်းကိုသာ တပတ် ပတ်ထားသော မောင့်ပုံစံနှင့် ခုနက ကြားထားတာကြီးကြောင့်ရော မျက်နှာက ခရမ်းချဉ်သီး ဖြစ်နေပြီ။
မောင်ကအနားကိုရောက်လာပြီး ...
" ဘယ်သူနဲ့ပြောနေတာလဲ "
"အိုက်လျှမ်းနဲ့ "
"ဪ...ဘာတွေပြောနေကြတာလဲ"
"အဟမ်း! အိုက်လမင်းသာ အခု မင်းတက်ထိုင်နေတဲ့ဟာက
ကလေးတွေ လျှောစီးတဲ့ဟာ မဟုတ်ဘူးသိလား
လူကြီးတွေ ဆော့တဲ့ဟာ ဟဲဟဲ ခန့်စေထွဋ်နောင် နဲ့ ဆော့လို့ရတယ် "
"ဟာ ..အိုက်လျှမ်း! "
မောင့်အသံကြားတာနဲ့ ပေါက်ကရစကားတော့ ပြောဖြစ်အောင် ပြောသွားပြီး call endသွားတဲ့ အိုက်လျှမ်း။
လမင်းမှာတော့ မျက်နှာကို ဘယ်နားသွားထားရမှန်း မသိတော့။
" မောင်နဲ့ ကစားကြည့်ချင်လား~~~~ "
နား နားကပ်ကာ လေသံဖြင့် မထိတထိ ပြောသော မောင်ကြောင့်
လမင်းမှာ ကြက်သီးတွေ တဖြန်းဖြန်းထကုန်၏။
ထို့ပြင် မောင်ဟာ သူ့ခေါင်းပေါ်က သုတ်လက်စ တပတ်ကို ကုတင်ပေါ် ပစ်တင်ကာ လမင်းအနားကပ်လာတာမို့ လူက တဖြည်းဖြည်း အနောက်ကို ဆုတ်မိပါသော်လည်း မာတောင်တောင်
အရာကြီးနဲ့သာ ကျောပြင်ကပ်သွားရ၏။
မောင့် ဒူးတစ်ဖက်ဟာ Chair ပေါ် ထောက်လာတာမို့ ဒူးအထက်လောက်သာ ရှိသော တပတ် ပတ်ထားရာ နေရာက
ဟ လာ၏။ လမင်း ထိုနေရာကို အကြည့်ပို့မိရာ........
"အား!!.......ပြောင်းဖူးကြီး!!! "
>>>><<<<<
ပျောက်ချက်သားကောင်းပြီး ပေါ်လာပြန်တော့လည်း
ပေါက်ပန်းလေးဆယ်တွေနဲ့နော်🥴။
-pont-00-