💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--35}
************💘**************
" အငယ်ကောင် "
" ဟင်...ကိုကြီး "
စိုင်း အိပ်နေရာ ကုတင်နားဆီ ဦးဝဏ္ဏတွန်းပေးလာသည့် ဝှီးချဲပေါ် ပါလာသည့် ကိုကြီး
ဖြစ်တာပဲသိပြီး မမြင်လိုက်ရ၍ ရစ်အခန်းမှာမြင်ကတည်းက ရင်ထဲမကောင်းလွန်းလို့ စကားတောင်မပြောနိုင်ခဲ့
အမြဲ မာနတွေ အတ္တတွေဖြင့် ဂုဏ်သိက္ခာကြီးမားခဲ့
သည့် အစ်ကိုဖြစ်သူကို ဒီအနေအထားဖြင့် မြင်ရသည်က ဘယ်လိုမှ အပ်စပ်မနေပါလေ
" ဟင့်...ကိုကြီး "
" မငိုရဘူးလေ...နေကောင်းကာစကို !
ခရီးလည်းပမ်းလာတာ ထပ်ဖျားနေမယ် တိတ် "
" တကယ်ပဲ မကောင်းလာတော့ဘူးလားဟင် "
စိုင်း မေးခွန်းအတွက် အဖြေက အားဖျော့သောအပြုံးတစ်ပွင့်သာ
" ဖေဖေနဲ့မေမေ ရော နေကောင်းကြတယ်
မဟုတ်လား ...ညီ "
" ဟုတ်...ကောင်းကြပါတယ် !
ကိုကြီးကို ဂရုစိုက်ဖို့ မှာတယ်...ဖုန်းဆက်ပါတဲ့ "
ပြင်ဦးလွင်စရောက်ကတည်းက ဂုဏ့်ဘက်က ဘယ်သူ့ကိုမှ မဆက်သွယ်မိတာမို့ ဖေဖေနဲ့မေမေ မှာလိုက်တာပင်
" အင်းပါကွာ...!
ခန္ဓာကိုယ်ထဲ နေလို့ရောအဆင်ပြေရဲ့လား ညီ !
ကိုယ်တော့ နွေးနေတုန်းပဲ !
တစ်ခုခုစားပြီး ဆေးသောက်ရမယ်လေ "
" ခုနက...!
ကိတ်နဲ့ကော်ဖီ စားပြီး ဆေးသောက်ထားတယ်!
ဦး သေချာလေးလုပ်ပေးခဲ့တယ်လေ "
" အဟား ဟုတ်ပါပြီကွာ !
မသိလို့ မေးမိတာပါ...ငါ့ ညီငယ်ရာ "
" ရစ် ဘယ်လိုနေလဲဟင် ကိုကြီး "
" အိပ်မက်ယောင်ပြီး အဖျားတွေတက်လာလို့လေ
ခုနပဲ ကိုဝဏ္ဏ ဆေးထိုးပေးခဲ့ရတယ် !
ကိုကြီးကိုလည်း မထားခဲ့ပါနဲ့ဆိုပြီး ငိုနေရှာတယ် "
" ရစ်...သနားပါတယ်ဗျာ !
ဦးကလည်း စိုင်းနဲ့ ယူပြီး မကြာဘူး ကိုကြီးကပါ
အဲ့လို အဆက်အသွယ်ဖြတ်လိုက်တော့
အရမ်း အားငယ်သွားရှာမှာ !
ရစ် ဆီကနေ ဦးကို ခွဲထုတ်မိတာ စိတ်မကောင်းဘူး ဗျာ ! ရစ်က ဦးကို သိပ်ချစ်တဲ့သား "
" အဲ့လိုမတွေးရဘူးလေ ကွာ !
ညီငယ့် ဦးကို အများကြီးဂရုစိုက်ပေးပြီး
ရစ်လေးကိုလည်း နားလည်ပေးရင် ရပြီလေ !
မဟုတ်ဘူးလား "
" ဟုတ်ကဲ့ပါ...ကိုကြီး "
" ဆေးသောက်ထားတာဆိုတော့ အိပ်လိုက် ညီ !
ကိုကြီး စောင့်နေပေးမယ် "
" ဟုတ် "
ဆေးအရှိန်ကြောင့်ရော ပင်ပမ်းတာပါပေါင်းပြီး သိပ်မကြာလိုက် အိပ်ပျော်သွားသည့် ညီဖြစ်သူကို ငေးမိရင်း အမြဲ အေးစက်စွာဆက်ဆံခဲ့မိတာကို စိတ်မကောင်းဖြစ်လျက်
ဂုဏ်ကိုယ်တိုင်က အေးစက်စက်နေတတ်တာ အကျင့်မို့လားမသိ
ညီနှစ်ယောက်အပေါ် တစ်ခါမှမနူးညံ့ပေးခဲ့ဖူးပါ
မနူးညံ့တတ်တာဆို ပိုမှန်ပါလိမ့်မည်
" အင့်...ဦး "
" အဟွန်းး "
ယောင်တာတောင့် ကိုဦးကို တတဲ့ ညီကြောင့်လည်း
ဂုဏ် ရယ်မိတော့သည်။
" သူ့သားအနား ခဏပေးနေလိုက်ပါဦး ညီရာ "
ဟု အိပ်ပျော်နေသော ညီကို ပြောနေတာက အရူးလို တစ်ယောက်တည်း
" ဟင့်...ကိုကြီး ! ဦးရော ဟင် "
ဖျက်ခနဲ မျက်လုံးပွင့်လာပြီး မေးလာသည့် ညီကြောင့် ဂုဏ် မသက်မသာပြုံးမိရင်း
" ရစ်လေး ဆီမှာလေ ! ခေါ်ပေးရမှာလား "
" ဟင့်အင်း...! ညီ ယောင်မေးမိတာပါ ကိုကြီးရဲ့ "
" ခဏ...ကိုကြီး ကုတင်ပေါ်တက်ခဲ့မယ် !
ရင်ခွင်ထဲမှာအိပ် ဟုတ်ပြီလား "
ဂုဏ် ရင်ခွင်ထဲထွေးသိပ်မိတော့ ပြန်အိပ်ပျော်သွားရှာသည့် စိုင်း
ကိုဦးတစ်ယောက်ကတော့ သား နှင့် အိမ်သားက ဖျားနေတော့ ဗျာများရှာတဲ့အဖြစ်
*****
" ဒက်ဒီ "
" ဗျာ "
" ဦးရှရော...ဦးရှက သားကိုထားခဲ့ပြီ "
" မဟုတ်ပါဘူး...သားလေးရယ် !
သားရဲ့ဦးရှက စိုင်းဆီ ခဏသွားတယ်လေ !
သားကို ပြောခဲ့တာပဲလေ ကွာ !
တိတ် တိတ် မငိုရဘူး..."
" ဦးရှက သားကို ခဏခဏထားခဲ့တာပါဆို "
" မဟုတ်ပါဘူး သားလေးရယ် !
အဲ့လို မတွေးရဘူးလေကွာ...အိပ်တော့ !
ဒက်ဒီ သိပ်ပေးမယ် လိမ္မာတယ် "
" ဦးရှဆီ သွားမယ် ! ပို့ "
ကမ္ဘာ့ ရင်ခွင်ထဲ တဂျီဂျီလုပ်နေသည့် သားကို ထပ်မငိုစေချင်တော့တာမို့ ပွေ့ချီပြီး စိုင်းရှိရာအခန်းဆီ သွားရတော့သည်လေ
" ဦးရှ "
" ဟင်...ကလေး ! ဘယ်လိုဖြစ်လို့ "
" ဂျီကျနေတယ် ဂုဏ်ရာ ! မင်းထားခဲ့ပြီဆိုပြီး "
" မဟုတ်တာ...ကလေးရာ "
ကိုဦး ကိုယ်ပေါ်မှ ကလေးက ဂုဏ့်ထံ လာချင်နေရှာပေမယ့် စိုင်းက အိပ်နေတာမို့ ဂုဏ်မှာဘာလုပ်ရမှန်းမသိတော့
" ဦးရှ...စိုင်းနိုးရင် ရစ်လေးဆီ လာခဲ့နော် !
ရစ်လေးကို မထားခဲ့ရဘူးနော် ဦးရှ "
" ကလေးရယ်...ကိုယ်မထားခဲ့ပါဘူး ကွာ "
" ဦးရှက ခဏခဏ ထားခဲ့တယ်လို့ အီး ဟီး ဟီး "
" ဟာ "
" ဒီလောက် ဖျားနေတာကို သားလေးရယ် !
မငိုပါနဲ့ကွာ "
" ဦးရှက လိမ်တယ်လို့ ကတိမတည်ဘူးလို့ "
" ကလေးရာ "
ဂုဏ် ပေးခဲ့သည့် ဒဏ်ရာတွေက ဒီကလေးစိတ်ကို
အနာတရကြီးမားနေခဲ့ပြီလား
ဖအေကိုပဲကပ်တွယ်နေ၍ မိမိကို လက်ထပ်ဖို့တောင် မနည်းဖြောင့်ဖျရမယ် တွေးနေတာ
ခုတော့ ဂုဏ့်အတ္တကြောင့်ပဲ ဒီကလေးကို ထိခိုက်စေမိပြန်ပြီပဲ
" မငိုပါနဲ့ ကလေးရယ် !
ကိုယ် ဘယ်တော့မှ ကိုယ့်ကလေးလေးကို မထား
ခဲ့တော့ပါဘူးကွာ !
ကိုယ့်ကို ယုံပေးပါနော် ကလေး "
" ဒီတစ်ခါဆို ရစ်လေး မုန်းလိုက်မှာ "
" ကလေးမုန်းရမယ့်အဖြစ်မျိုးတော့ ကိုယ် ထပ်ပြီး
မလုပ်တော့ပါဘူး ကွာ !
မုန်းမယ့်စကား မပြောပါနဲ့ ကလေးရာ "
" အဲ့ဒါဆို...မထားခဲ့ပါနဲ့တော့လို့ အီး ဟီး ဟီး "
" မထားခဲ့ဘူး မထားခဲ့ဘူးနော် ကလေး "
" ဟင့်...ဒက်ဒီ ! ဒက်ဒီလင်လေးက သားဦးရှဆီ
အိပ်နေတယ်...အဲ့ဒါကြောင့် ဒက်ဒီက သားကို
ချီပြီးသိပ်ပါ ! သား အိပ်ချင်တယ် "
ရစ် အပြောကြောင့် ကမ္ဘာ နှင့် ဂုဏ်တို့မှာ မပြုံးဘဲ မနေနိုင်တော့
ပြောလည်း ပြောတတ်ပါပေတယ်
" ဟုတ်ပါပြီဗျာ...!
ချီပြီးသိပ်ပေးမှာပါ သားလေးရယ် "
ကိုဦး ကိုယ်ပေါ်တွင် အိပ်ပျော်သွားပြီဖြစ်တဲ့ ကလေးက ခုနက ဂျီကျနေတာ သူမဟုတ်တော့သလို
သို့သော် ငိုထားသည့်အရှိန်က အိပ်မက်ထိယောင်နေဆဲမို့ ကိုဦးခမျာ ချော့ရတာအခါခါ
ငဂျီနှစ်ယောက်အိပ်နေလိုက်တာများ ပွေ့ထားရတဲ့လူတွေမှအားမနာ
ဘယ်အချိန် ပြိုင်တူနိုးပြီး ဂျီကပ်ကြဦးမလဲ မသိ
" အမယ်ဗျာ...ဒီ ငဂျီနှစ်ကောင် အိပ်နေကြတာလား
ဟားးး ကိုဂုဏ်နဲ့ ဦးကမ္ဘာတော့ ညောင်းကြောပဲ "
အသံနှင့်အတူ ဝင်လာသူက မင်းဂုဏ်ထည်
" ဥက္ကာကော ... ကိုမင်း "
" ကိုကိုက hotel ဘက် ခဏ သွားတယ် !
ကျွန်တော်က စိုင်း နဲ့ ဦးကမ္ဘာ ရောက်နေတာမို့
ခြံကနေပဲ ပြန်လာလိုက်တာ "
" ဪ...အေးကွာ ! မင်း ညီရော သားရစ်ရော
အပြိုင်ဖျားနေကြတာလေ ... ဂျီလေးနှစ်ကောင် "
" အဟားးး စိုင်းက ကိုဂုဏ်နဲ့ ကျွန်တော့်ကို မချွဲရ
မဂျီရသမျှ ဦးကမ္ဘာကို အတိုးချနေတာဖြစ်မယ် "
" အဟွန်းး အဲ့လိုလား "
အပြုံးဖြင့် မေးနေဟန်က စိတ်လိုလက်ရ အလိုလိုက်တော့မယ့် အနေအထားမို့ ဂုဏ်ရော ထည်ပါ ပြုံးမိကြတာတော့ ကမ္ဘာမမြင်မိတော့
ဘာကြောင့်ဆို ဂုဏ့် ရင်ခွင်ထဲက သူ့လင်လေးကို
လှမ်းကြည့်နေသည်မဟုတ်လား
" ဒီနေ့ည...!
ဖျားနေတဲ့ ဂျီနှစ်ကောင်ကို ပူပူစပ်စပ်လေး
လုပ်တိုက်ရင်ကောင်း မလားဘဲ !
ကိုဂုဏ်...အဆင်ပြေမလား ! စိုင်းကတော့ရလောက်ပေမယ့် ရစ်လေးက သောက်လို့ရပါ့မလား
အရမ်းဖျားနေတော့လေ "
" နိုးလာတော့ တစ်ချက်ကြည့်တာပေါ့ !
မင်း အသံမထုတ်ပြနေနဲ့...သိရင် နိုင်မှာမဟုတ်ဘူး
ကြားလား "
" ဟုတ်ကဲ့ပါ...ကိုဂုဏ်ရ !
အဲ့ဒါဆို ဦးကမ္ဘာ နဲ့ ကိုဂုဏ်...ကျွန်တော် ရေသွား
ချိုးပြီး ခဏနားလိုက်ဦးမယ်နော် !
ညစာ စားချိန်မတိုင်ခင်တော့ ကိုကိုပြန်ရောက်
မှာပါ "
" အင်း "
" အင်း "
*****
" ဦးရှရေ...ဦးရှ ရစ်လေးကို မထားခဲ့ပါနဲ့လို့ "
" ဟင်...ကလေး ! ကိုယ် ဒီမှာ "
စိုင်းက နိုးနှင့်နေပြီမို့ ကိုယ်လက်သန့်စင်ကာ အဝတ်အစားလဲနေတုန်း ရစ်အခန်းမှ အော်ငိုသံက၊
စိုင်းအကူအညီဖြင့် ဝှီးချဲပေါ်ထိုင်ေနသည့် ဂုဏ့်ကို လက်ရှိအခြေအနေကို မေ့လျော့သွားစေပြီး ထလိုက်မိတဲ့အခါ
" ဝုန်း ဒုန်း အားး "
" ဟာ...ကိုကြီး ! ကိုကြီး ဘာလို့ ထလိုက်ရတာလဲ
ခဏလေး ကိုမင်းကို လှမ်းခေါ်လိုက်မယ်...
စိုင်း ကိုကြီးကို မထိန်းနိုင်လောက်ဘူး "
ပစ်စလက်ခတ် ပစ်ကျသွား၍ အရပ်အမောင်းရော ကိုယ်လုံးကိုယ်ထည်ပါ ကွာနေသည့် ဂုဏ့်ကို စိုင်း မထိန်းနိုင်တော့တာမို့ ဝှီးချဲကိုသာ နေသားတကျ ထားလိုက်ပြီး ကိုမင်းကိုခေါ်ဖို့ ပြေးထွက်သွားခဲ့၏
ဂုဏ်ကတော့ စိတ်သွားတိုင်း ကိုယ်မပါနိုင်သည့် အခြေအနေတွက် နာကျင်စွာအံကြိတ်ရုံမှလွဲ မတတ်နိုင်ခဲ့
" ကလေး "
ဂျီကျသံတွေညံစီနေတာကြားသော်ငြား အပြေးမချော့နိုင်သည့် မိမိအဖြစ်ပါလား
စိုင်း မနိုးလောက်သေးဘူးထင်ပြီး ကိုဦးက မိမိဆီ ခေါ်မလာတာထင်ပါရဲ့
" ဂုဏ်...ဘယ်လိုဖြစ်ရတာလဲ ကွာ "
" အမှတ်တမဲ့ ဖြစ်သွားတာပါ ကိုဝဏ္ဏရာ !
ဒါနဲ့ ကိုမင်းရော မရှိဘူးလား အငယ်ကောင် "
" ကိုငယ်က စိုက်ခင်းထဲသွားလိုက်တယ် တဲ့ "
" ဪ...နေစောင်းနေမှကွာ "
ကိုဝဏ္ဏ အကူအညီဖြင့် ဝှီးချဲပေါ်ပြန်ထိုင်နေပြီဖြစ်သည့် ဂုဏ်က ပစ်ကျတုန်းက နာထားသည်ကို အမှုမထားဘဲ ညီဖြစ်သူကို ပူနေသေးတာမို့
" မင်းညီက မုန်ညှင်းတွေ ဆလတ်တွေ ခူးထား
ပြီးသားကို သွား ယူတာဟေ့ !
ခြံအလုပ်သမားတွေပါတယ် ပူမနေနဲ့ ! မင်းဖာသာ
ဘယ်နား နာနေလဲ စဉ်းစားပြီး ပြော ငါ့ကို "
" လက်ဖနောင့်နဲ့ထောက်လိုက်တော့ အဲ့နေရာပဲ
နာတာပါ ကျန်တာက မခံစားမိနိုင်တဲ့ အနေအထား
မဟုတ်လား ! ဒီ ဘယ်လက်ပဲ အားပြုလိုက်တော့
အောင့်နေတာ "
" ဂုဏ်ရယ် "
" ကလေးဆီ သွားဦးမယ်ဗျာ ! ငိုနေတုန်းလား မသိဘူး ... ဖျားနေတာဆိုတော့ မငိုစေချင်ဘူး "
ဆေးလူးပေးပြီးတာနဲ့ ဂုဏ့်အလိုကျ ရစ်အခန်းဆီ ပို့ပေးရတော့သည်။
" ကလေး "
" ဟင့်...ဦးရှ "
ဖခင်ရင်ခွင်ထဲ တိုးဝင်ဂျီကျနေသည့် ကလေးက ဂုဏ့်ကိုမြင်တာနဲ့ လက်ကမ်းတော့၏
အပြေး ထွေးမပွေ့နိုင်သည့် အဖြစ်က ဆိုးလိုက်တာ
ကလေးရာ
" ဘာလို့ငိုနေတာလဲ ကလေးရယ် "
" ဦးရှကို ရစ်လေးနိုးတော့ မတွေ့လို့လေ "
" ကိုယ် စိုင်းအခန်းမှာရှိတယ်လေ ကလေးရာ "
" မရဘူး ဂုဏ်ရေ ! မင်းဟာလေးက တကယ်ပဲ "
" ဒက်ဒီနော်...ကိုယ့်သားလေးကို ပြောချင်နေတာ"
" အာ...အာ မပြောရပါဘူးကွာ "
" ဟုတ်ပ...စိုင်းရဲ့ ရစ်ကို မပြောနဲ့နော် ဦး ဟင့် "
" အာ...အားကိုးက တိုးလာပြီပဲ !
ဂုဏ်ရေ ငါတို့တော့ မနိူင်လောက်တော့ဘူး "
" ကဲ ကဲ ကိုဦးနဲ့ ဂုဏ်ရေ !
ဂျီနှစ်ဂျီကို လွှတ်ထားပေးပြီး ကျွန်တော်တို့က
အောက်ဆင်းကြစို့ "
" ဦးဝဏ္ဏနော် "
" အစ်ကိုဝဏ္ဏကို မချစ်တော့ပါဘူးဆို "
" ဟားး ဟားး ဟားး "
ရစ်အပြောက စိုင်းကို ကြောင်အသွားစေပေမယ့် ဂုဏ်နဲ့ ကမ္ဘာ့ကိုတော့ ရယ်မောစေခဲ့တာပင်
" ရစ်...ဦးဝဏ္ဏကို ဘာလို့မချစ်တော့တာလဲ "
စိုင်း အမေးကို ရစ်ကမဖြေဘဲ စူပွပွလုပ်နေ၍ ဝဏ္ဏက သဘောကျမိရင်း
" သူ့ကို ဆေးထိုးလို့တဲ့ကွာ "
" အမ်...အဟီးး !
ငရစ်ကတော့ ဆေးထိုးအပ်ကို အဲ့လိုကြောက်တာ
တကယ့် ငရစ်လေး !
ဆေးထိုးအပ်ကြောက် ဆေးကြောက်တဲ့ ငရစ်က
ယူမယ့်ယောက်ျားက ဆရာဝန်တဲ့ ကွာ "
" စိုင်း စုတ် "
" အဟား ငရစ်လေး "
" ဦးးးးးရှ "
" အာ...ဟာ ဘာလို့အော်ရတာလဲ ကလေးရာ "
" ဦးရှ ညီက ရစ်လေးကို ပြောနေတယ်လေ "
" အာ...!
အငယ်ကောင် ငါ့ကလေးကို မပြောနဲ့လေ !
ငါ့ကလေးက နေကောင်းတာမဟုတ်ဘူး !
ငါ့ကလေးလေးကို စမနေနဲ့ "
" ဦးးးး ကမ္ဘာဦး "
" အမ်...ဘာဖြစ် "
" စိုင်းကို ပြောနေတယ် မမြင်ဘူးလားလို့ "
" ဟောဗျာ..."
ဒီ အတွဲ နှစ်တွဲ ကြား မတ်တပ်စုံရပ်လို့ ဘာလုပ်ရမှန်း မသိဖြစ်နေသူက ဝဏ္ဏအပြင် ရှိဦးမတဲ့လား
နေပါဦး
ငါ့ကို လည်း အားနာကြပါဦးလားဟ
" ကျွန်တော်ရှိသေးတယ်နော်...သတိရကြဦးဗျ "
ဝဏ္ဏပြောမှ လေးယောက်သား အားနာသွားကြပြီး
" Sorry...ငါ့ ညီရာ !
မင်းလည်း တစ်ယောက်တော့ ရှာသင့်နေပြီကွ "
" တော်ပါဗျာ...ထည်ရယ် စိုင်းရယ် ရစ်ရယ်ကို
ကြည့်ပြီး ကြောက်နေပါပြီ "
" ဘာဗျ "
" ဘာပြောတယ် "
" ကိုကိုနဲ့ တိုင်မယ် သိလား "
" အမ် "
ကိုမင်းပါ ရောက်လာပြီး ဝဏ္ဏစကားကိုကြားတဲ့အခါ ထိုသို့ သုံးယောက်သား ဝိုင်းအော်လိုက်ကြစဉ်မှာတော့
Hotel မှ ပြန်ရောက်လာပြီး ရစ်ဆီလာကြည့်တဲ့ ဥက္ကာရယ် ကမ္ဘာ နှင့် ဂုဏ် တို့ပါ မက ပြောလိုက်မိတဲ့ ဝဏ္ဏပါ ရယ်ရမလို ငိုရမလိုပါပဲ
မလွယ်ဘူး ဒီသုံးယောက်ပေါင်းမိသွားပြီဆို
" ကျွန်တော်...အောက်ဆင်းတော့မယ် "
ပြောပြီး မပြေးရုံထွက်သွားသည့် ဝဏ္ဏ
" ခဏနေ ညစာ စားကြမယ်လေ !
နေမကောင်းတဲ့ ကလေးနှစ်ယောက်ကတော့
ကြက်ပေါင်းပဲရမယ်နော် "
" မသောက်ဘူး "
" အာ "
ရစ် နဲ့ စိုင်း တို့ ပြိုင်တူအော်လိုက်တာမို့ ပြောမိသည့် ဥက္ကာမှာ ဘာဆက်ပြောရမှန်းမသိတော့
" စိုင်းငယ်...ထမင်းစားလို့မဖြစ်ဘူးလေ "
" စိုင်း နေကောင်းနေပြီလို့ ဦးကလည်း !
စိုင်းက ဆရာဝန်ပါဗျ...ထမင်းပဲစားမယ် နော်
နော် လို့ ဦးးးးလို့ "
အားလုံးရှေ့မှာ အချွဲခံလိုက်ရသည့်အခါ နဂိုရ်အရှက်ကြီးသည့် ကမ္ဘာတစ်ယောက် မျက်နှာကြီးရဲတက်လာတာ သိသိသာသာပင်
" အင်း...အင်းပါကွာ ! ဦးက စိတ်ပူလို့ပါ "
" အဟီးး မပူနဲ့ဗျ! စိုင်းက နေကောင်းနေပြီ ...
ဒါပေမယ့် လေ ဦးး သိလား စိုင်းငယ်လေ..."
သူ့ကိုယ်သူ စိုင်းငယ်လို့ သုံးနှုန်းလိုက်ပြီး မျက်နှာလေးငြှိုးကျသွားတဲ့ ကောင်ငယ်လေးကြောင့် ကမ္ဘာ့မှာ စိတ်ပူနေပေမယ့်
ဂုဏ်နှင့်ကိုမင်းကတော့ အညာမိတော့မယ့် ကမ္ဘာ့
အတွက် မချိပြုံးပြုံးနေကြတော့သည်။
" ဘာဖြစ်လို့လဲ...စိုင်းငယ် ! ဦးကိုပြော "
" ခြေထောက်တွေ ညောင်းချိနေတယ် သိလား !
လမ်းလျှောက်ရတာ မကောင်းဘူး ဟင့် "
အမ်
ခြေထောက်ကဘာကိစ္စ ညောင်းရတာလဲ
ဒီကောင်ငယ်လေးကတော့ ကမ္ဘာ့ကို ချွဲနေပြန်ပါပြီ
သို့သော် ဒီကောင်ငယ်လေးမျက်နှာငြိုရင်ကို မနေတတ်တော့သည့် ကမ္ဘာဖြစ်နေပါပြီဆို လှောင်ရယ်ခံရတော့မှာပဲ
ခက်တာက သူ့အစ်ကိုတွေရှေ့ မိမိသားရှေ့မှာ ချီသွားရမှာတော့ နည်းနည်းအနေရခက်မိတာမို့
" မလျှောက်နိုင်ရင်...ဦး တွဲပေးမှာပေါ့ ကွ "
" ယာ့...ဦး ကမ္ဘာဦး ! သွားးး လာမခေါ်နဲ့ "
" အာ...စိုင်းငယ် "
" မလိုက်ခဲ့နဲ့ "
" ဒုန်း "
" ဟာ့...ဒီကောင်ငယ်လေးကတော့ "
မလိုက်ခဲ့နဲ့ဆိုပြီး တံခါးပါပိတ်ပစ်ခဲ့၍ ကမ္ဘာဆက်မလိုက်ရဲပေ
ဒီဟာလေးစိတ်ကို မသိတာမှမဟုတ်ဘဲ
" ကိုဦးတော့...ချော့ရတော့မယ် "
" အေးကွာ "
" ညစာ သွားစားကြရအောင်ပါဗျာ !
ဦးကမ္ဘာလည်း အိပ်ယာထဲရောက်မှ ချော့တော့ "
" အာ "
" ဟာ့...baby အဲ့လိုမပြောရဘူးလေကွာ "
" ထည်က ဘာပြောလို့လဲ ကိုကိုကလည်း !
ထမင်းဝိုင်းမှာ ဘယ်လိုချော့မှာလဲ အိပ်ယာထဲကျမှ အေးဆေး ချော့လို့ ပြောတဲ့ဟာ !
တော်ပြီဗျာ...ထည် သွားစားနှင့်တော့မယ် "
" ဟောဗျာ...သူကပါ ကောက်သွားတာလား !
ဂုဏ်ရေ မင်းညီ နှစ်ယောက်က ငါတို့ညီအစ်ကိုကို
အဲ့လို ရစ်သွားတာဟ တွေ့လား "
" သား ဦးရှကို မပြောနဲ့ "
" အမယ်ဗျာ...ရစ်အကြီးစားကြီး မင်းက "
" ဥက္ကာရာ ငါ့သားလေးကိုကွာ "
" ကိုဥက္ကာနော်...ကျွန်တော့်ကလေးကို ပြောနေတာ
ကျွန်တော့်ကလေးက မရစ်ပါဘူးဗျ !
ချွဲလည်း မချွဲတတ်ဘူး နော် ကိုယ့်ကလေး "
" ဦးရှက ရွဲ့နေတာ ဗျ "
" မရွဲ့ပါဘူးဗျာ...ချစ်လို့စတာပါ !
ကြောက်တယ်လေနော်...လေးခွနဲ့ အပစ်ခံရမှာကို"
" ဟီးး ဦးရှကလည်း "
ဂုဏ်တို့ပြောနေတာကို နားမလည်သည့် ဥက္ကာက ကိုဦးကို တီးတိုးမေးမိမှ လေးခွဖြင့် ဝိုင်ပုလင်းကိုပစ်ခွဲတဲ့အကြောင်း သိရပြီး ကိုယ့်တူကို လက်ဖျားခါမိသွားရသည်။
တကယ့် ရစ်အကြီးစားပါပဲ
∆∆∆∆∆∆∆
" ဆေးသောက်ရမယ် ကလေး "
" မသောက်လို့မရဘူးလားဗျာ "
ရင်ခွင်ထဲအတင်းတိုးဝင်ပြီး ဆေးမသောက်ချင်လို့
ဂျီကျနေသည့် ဒီကလေးကို ဂုဏ် အလိုလိုက်တော့မဖြစ်
" မရဘူးလေ ကလေးရယ် !
လိမ္မာတယ် ဆေးသောက်နော် ကိုယ့်ကလေး
အဲ့ဒါမှ ကလေးစားချင်တာ စားလို့ရမှာလေ "
" ခါးတယ်လို့ ဦးရှရဲ့ "
" ခါးရင် မုန့်လေးစားလေ နော် လိမ္မာတယ် "
ရစ်ကတော့ ဦးရှရင်ခွင်ထဲမှာ ခေါင်းဖွက်ထားရင်း
အတော်လေး အံ့ဩမိနေတာ တခြားတော့မဟုတ်
ဒီလူသားကြီးက အခုလောက်နူးညံ့တတ်နေတာကိုပင်
" ကလေး...ဟေ့ ကလေး အိပ်မသွားနဲ့နော် !
ဆေးသောက်ရမှာကွ ခေါင်းမော့ဦး ကလေးရ "
" ဟင့်...မသောက်ချင်ပါဘူးဆို "
မရမက ဆေးထိုးအပ်နဲ့ခြိမ်းခြောက်ပြီး ဆေးတိုက်ရသည့်အဖြစ်က လွယ်ကူမနေဘူး
အောက်ပိုင်းချိနေသည့် ဂုဏ့်အဖြစ်က ခုလိုလေး
လုပ်ပေးနိုင်တာကိုပဲ ကျေးဇူးတင်နေရဦးမှာပါ
" ဦးရှ "
" ဗျာ...ကလေး "
" ဒက်ဒီ နဲ့ ဦးကာတော့ ချွေးပျံနေလောက်ပြီ "
" အဟွန်း...ဟုတ်ပကွာ ! ကျိန်းသေတာပေါ့ "
" ဦးရှ "
" ဗျာ "
" ဦးရှ ခြေထောက်တွေက ပြန်မကောင်းတော့ဘူး
လားဟင် "
ကလေး အမေးကြောင့် ဂုဏ် သက်ပြင်းချမိရင်း
" မကောင်းနိုင်တော့ဘူး ပြောတာပဲ ကလေးရယ်"
" ဦးရှက ဆရာဝန်ပဲဟာ !
ကိုယ့်ကိုယ်ကိုယ် မသိဘူးလား မခန့်မှန်းမိဘူးလား
ကောင်းနိုင် မကောင်းနိုင်ကို "
ကလေး အမေးက သဘာဝကျပေမယ့် လေးလေးဆီက မှတ်ချက်က ပြန်ကောင်းဖို့မသေချာနိုင်ဘူး
ဟု ဆိုလာသည့်အခါ
ဂုဏ် ဘယ်လောက်ပြိုလဲကျခဲ့ရလဲ ကိုယ်တိုင်အသိဆုံးပါလေ
" ဦးရှ...ရစ်လေး စိတ်မကောင်းစရာတွေ ထပ်မမေး
တော့ဘူးနော် !
ဦးရှ ခြေထောက်တွေက ပြန်ကောင်းသည်ဖြစ်စေ
မကောင်းတော့သည်ဖြစ်စေ !
ဦးရှ အနားမှာ ရစ်လေးအမြဲတမ်းရှိသွားမှာပါ "
" ကလေးရယ်...!
ကိုယ့်ကြောင့် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူးကွာ
ကိုယ့်အတွက် အပင်ပမ်းခံနေတာလည်း မလိုချင်
ဘူး ကလေးရာ "
" ဟင့်အင်း...အဲ့လိုမပြောပါနဲ့ ဗျာ !
ရစ်လေးအတွက် ဝန်ထုပ်ဝန်ပိုးရော ပင်ပမ်းတာ
ရော လုံးဝမဖြစ်ပါဘူး ဦးရှရယ် !
အဲ့လိုမတွေးပါနဲ့နော်...ရစ်လေးကိုချစ်ရင် အဲ့လို
စကားမျိုး ထပ်မပြောပါနဲ့ "
" ကလေးရယ်...ကိုယ်က "
" တော်ပြီ...!
သာမှအတူရှိနေရမှာလား ဦးရှရယ်
နာလည်း ဖေးကူချင်တာ ရစ်လေးစိတ်ရင်းပါ !
တခြား ဘာမှမတွေးရဘူးနော် ဦးရှ !
ရင်ဘတ်ကိုဖွင့်ပြီး နှလုံးသားကို လွတ်လပ်ခွင့်ပေး
လိုက်ပါ နော် !
ဘယ်အရာကိုမှ အများကြီးလိုက်တွေးပြီး မခံစား
ပါနဲ့ လားဗျာ !
ရစ်လေး ချစ်ရသူအတွက် ရစ်လေး စိတ်ပူတာ
နားလည်ပေးတာ ဂရုစိုက်တာလေဗျာ !
ဦးရှက အတ္တကိုရှေ့တန်းတင်ပြီး ရစ်လေးအပေါ်
နာကျင်စေခဲ့ပါစေ ဥပေက္ခာပြုခဲ့ပါစေ
ရစ်လေးကတော့ မမုန်းနိုင် ဥပေက္ခာမပြုနိုင်ပါဘူး
ရစ်လေး ဦးရှကို သိပ်ချစ်တယ် "
" ကလေးရယ် "
စကားတွေတတ်လွန်းတဲ့ ကလေးကို ခပ်တင်းတင်း
ဖက်ထားမိရင်း ဂုဏ်သိက္ခာကြီးမားခဲ့သည့်
ဒေါက်တာဂုဏ်ရှိန်ပြင်းရှ ၏ ပါးထက်မှာ မျက်ရည်
တွေဟာ နေရာယူလျက်
မကောင်းနိုင်ဘူးလို့ ချထားသည့်မှတ်ချက်ကို ပြောင်းပြန်လှန်ပစ်ဖို့ အတွေးတွေဟာ ခိုင်မာစွာဖြစ်တည်နေသည့်အခါ
💘💘💘💘💘💘💘
Author -- Ahtarsaung