Forget-Me-Nots { Completed }

By popophoenix207

314K 16.8K 2.4K

A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်း... More

Author's Note
1. Happy Birthday Your Highness
2. When we first met
3. I'll protect you
4. Friends
5.The bond between us
6. Who I am with you
7. Fairness
8. Just take my hand
9. Why are you too perfect?
10. Christmas with you
11. Hug me tight
12. Growing up ain't easy
13. To the trouble I'm in
14. Wherever you go
15. No Sex, No Drug
16. By your side
18. Under the moonlight
19. May I dance with you?
20. At age eighteen
21. First kiss I won't ever forget
22. Official boyfriend
23. King of my heart
24. On new year's day
25. " Jag vill kyssa dig " eyes
26. The way I love you
27. Take me to the stars
28. You're my energy
29. Be my forever
30. Can't imagine my life without you
ဘုဏ်းဇေယျာကျော်
31. A Photograph
32. Our Last Date
33. Chapter closed
34. Life goes on
35. One day
36. Give me a small chance
37. Please don't go away
38. Because I love you
39. The smile on your face
40. Loving can hurt sometimes ( Unicode )
40. Loving can hurt sometimes ( Zawgyi )
41. Dear Prince
ရှင်းသန့်တည်ကြည်
42. Love me again
43. You're my destiny
44. The Love of My Life
45. Prince is mine
46. Love wins
47. Till death do us part
48.Final Part - Forget Me Not
Extra - 1

17. Your Lips , Your Hands

4.8K 274 55
By popophoenix207

( Unicode )

မှတ်ဉာဏ်ထဲမှာ
ပျော်တဲ့အရာတွေပဲ ရှိစေချင်တယ်
ခဲ့ဖူးတဲ့ ဒဏ်ရာတွေကို
ဖျက်လို့ရင် ဖျက်ပေးချင်တယ်
မျက်ရည်တွေကို
လူမမြင်အောင် ထိန်းထားစေချင်ဘူး
မင်းအတွက်ဆို
ပျော်ချင်ရင် ပျော်ပြလို့ပြီး
ငိုချင်ရင်လဲ ငိုချလို့တဲ့ရပ်ဝန်းလေးအဖြစ်
ကိုယ်ရှိနေတာ သိစေချင်တယ်...

2012၊ April

ညနေဆည်းဆာအောက်တွင် ပင်လယ်ရေမျက်နှာပြင်ပေါ်ရှိ လှိုင်းကြက်ခွပ်လေးများက  တလက်လက်တောက်ပနေသည်။ ပင်လယ်ပြင်အထက် ပေသုံးဆယ်ခန့်မှာရှိသော  ကျွန်းအငူလေးပေါ်တွင် ခါးသာသာရှိသည့် မြက်ပင်ရှည်များက လူတစ်ယောက်ဆီမှလာသော တယောသံနှင့်အတူ ယိမ်းနွဲ့လှုပ်ရှားလျက်ရှိကြ၏။ တယောသံက ငြိမ့်ညောင်းလှသလို တစ်နေရာရာကို တမ်းတလွမ်းဆွေးနေသော ခံစားချက်များလည်း ပေါင်းစပ်ထားသည်။

ကျွန်းအငူလေးပေါ်ကနေ ပင်လယ်ပြင်ကို မျက်နှာမူပြီး တယောထိုးနေသူသည် ပျော်ရွှင်ခြင်းနှင့်ဝမ်းနည်းခြင်းကို တစ်ပြိုင်နက်တည်း ခံစားနေရပုံပင်။ သံစဉ်အလိုက် စီးမျောရင်း နှုတ်ခမ်းထက်မှာ အပြုံးပန်းလေး ပွင့်လန်းနေသည့်တိုင် ဟိုးအဝေးက မိုးကုတ်စက်ဝိုင်းဆီ မျှော်ငေးနေသည့် မျက်ဝန်းအိမ်ထဲတွင်လည်း အရည်ကြည်တို့ ရစ်ဝိုင်းနေပြန်၏။

" နန်းတော်ကို လွမ်းနေသလား မင်းသားလေး "

စကားသံနှင့်အတူ ရောက်ရှိလာပြီး စန္ဒကူးနံ့ပါသော လေပြည်ကို သယ်ဆောင်လာသည့် ရင်ခွင်တစ်စုံသည် တယောသမားလေးကို နောက်ကျောဆီကနေ ထွေးဖက်ထားလေသည်။ ထိုရင်ခွင်သည် အိစက်ခြင်းလည်းမမည်၊ မာကျောခြင်းလည်းမရှိ။ ဆောင်းညလယ်မှာ တွေ့ရသည့်မီးလင်းဖိုလေးလို နွေးထွေးသည် ။ ခြေဆန့်လက်ဆန့် လှဲအိပ်ပစ်လို့ရသည့် စက်ရာတစ်ခုလို သက်တောင့်သက်သာရှိလှ၏။ နောက်မဆုတ်ဘဲ ရှေ့သို့သာ တစ်ရစ်ပြီးတစ်ရစ်၊ တစ်လွှာပြီးတစ်လွှာ တိုးဝင်သွားရလောက်အောင်လည်း ယစ်မူးချင်စရာကောင်းလွန်းသည်။

ပုခုံးပေါ်က တယောကိုချကာ ကျောဘက်မှ ရင်ခွင်ပိုင်ရှင်ကို မျက်နှာမူလိုက်သည်။ မျက်တောင်ဖျားတွေပေါ်အထိ နေရာယူထားသော မျက်ရည်ကြည်တို့ကာဆီးထားသဖြင့် မြင်ကွင်းက ဝေဝါးနေ၏ ။ ပါးနှစ်ဖက်ပေါ် အုပ်ကိုင်လာသည့် လက်ဖဝါးတို့၏ ညံ့သက်မှုကို ခံစားရသည်။ မျက်နှာချင်းဆိုင်မှလာသော ဝင်သက်ထွက်သက်လေးက တဖြည်းဖြည်းနီးကပ်လာခဲ့ပြီ။ မျက်ဝန်းတို့ကို ပိတ်လိုက်သည့်အခါ နဖူးပြင်ထက် ကျရောက်လာသည့် နှုတ်ခမ်းပါးတစ်စုံ၏ အထိအတွေ့က တစ်ကိုယ်လုံးရှိ ဆံခြည်မျှင်သွေးကြောလေးများကို လှုပ်နိုးသွားစေ၏ ။  ဝါဂွမ်းလေးလို အိစက်သည်။ ပွင့်ဖတ်လေးလို နူးညံ့သည်။ သည်ထိတွေ့မှုလေးကို ကွဲကွာမသွားစေချင် ။ သံမှိုလိုစွဲ၍သာနေစေချင်သည်။

သို့သော် ဆုတောင်းမပြည့်။

မျက်ဝန်းတွေကို ဖွင့်ကြည့်လိုက်သည်။ နံရံပေါ်မှာ မီးလင်းနေသော တယောသင်္ကေတလေးကို တွေ့ရ၏။ ပတ်ဝန်းကျင်မှာ ပင်လယ်မရှိ ။ မြက်ပင်ရှည်တို့မရှိ ။ နွေးထွေးသောရင်ခွင်တစ်စုံလည်းမရှိ။ သူရောက်နေသည့် နေရာကလည်း ကျွန်းအငူလေးပေါ်မှာ မဟုတ်တော့။ ဘုံမြနန်းစံအိမ်တော်ပေါ်က အိမ်ရှေ့မင်းသား၏ အိပ်ခန်းကျယ်ထဲမှာ ။

ဘုဏ်းဇေယျာကျော် အိပ်မက်ကနိုးလာခဲ့ပြီ။ လွိုင်လီက ပြန်လာပြီးနောက်ပိုင်း မကြာခဏ မက်နေသည့်အိပ်မက်တွေ ။ တစ်ပုံစံတည်းမဟုတ်သော်လည်း အိပ်မက်တိုင်းက ခပ်ဆင်ဆင်တွေချည်းသာ ။ အိပ်မက်တွေထဲမှာ သူက တူရိယာတစ်မျိုးမျိုးကို တီးခတ်နေတတ်သည်။ ပြီးတော့ အိပ်မက်တွေထဲမှာ သူဘယ်နေရာတွေကို ရောက်နေမှန်းမသိ။ နောက်ကျောကနေလာပြီး သူ့ကိုဖက်ထားသော တစ်စုံတစ်ယောက်ကလွဲလျှင် အိပ်မက်ထဲကနေရာတွေမှာ တခြားဘယ်သူမှရှိမနေ။

အိပ်မက်ထဲမှာ သူက တစ်စုံတစ်ရာကို လွမ်းဆွေးနေသလို အိပ်မက်ကနေ နိုးထလာတိုင်းလည်း အိပ်မက်ထဲက တစ်စုံတစ်ယောက်ကို လွမ်းဆွတ်တသရမြဲ။ နောက်ကျောကနေဖက်ထားသော ရင်ငွေ့နွေးနွေးလေး ။ နဖူးပြင်ထက်မှာ အနမ်းတံဆိပ်ရိုက်ခတ်သွားသော နှုတ်ခမ်းအိအိလေး ။ ဝေ့သီနေသော မျက်ရည်တို့ကြောင့် မျက်နှာကို ပီပီပြင်ပြင် မမြင်ခဲ့ရသော်လည်း စိတ်ထဲမှာ ရင်းနှီးနေသည်။ ကိုယ်သင်းနံ့လေးကို မှတ်မိနေ၏။ မင်းသားလေးဆိုသော ခေါ်သံကို အကြိမ်ပေါင်းများစွာ နားရည်ဝနေခဲ့သည် ။

အိပ်မက်လား၊ လက်တွေ့လား ခွဲခြားမရတော့ ။

' မင်းပဲမလား ရှင်း ၊ အိပ်မက်ထဲမှာ ငါ့ကိုနမ်းသွားတာ မင်းဟုတ်တယ်မလား '

*****

Linn ကော်ပိုရေးရှင်း လက်အောက်မှာရှိသည့် 'Hotel City ' ၏ မြက်ခင်းပြင်ပေါ်တွင် ဂုဏ်သရေရှိ လူပုဂ္ဂိုလ်များဖြင့် ပြည့်နေသည်။ ပညာသင်ကြားရာတွင် ငွေကြေးအခက်အခဲရှိသော ကျောင်းသားများအား တာဝန်ယူပံ့ပိုးပေးသည့် " Linn ပညာရေး ဖောင်ဒေးရှင်း "၏ ငါးနှစ်ပြည့် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြခြင်းပင်။

" အခုတလော အိပ်မက်တွေ ခဏခဏ မက်နေတယ်၊ အိပ်မက်တွေက တစ်ပုံစံတည်းမဟုတ်ပေမဲ့ အိပ်မက်ထဲမှာ တစ်ယောက်‌ယောက်က ငါ့ကို နမ်းသွားတယ်ဆိုတာတော့ အမြဲပါတယ် ၊ အဲဒီတစ်ယောက်က ဘယ်သူမှန်းလဲ မသိဘူး "

လင်းရောင်ရှိန်၏ ဖိတ်ကြားချက်ဖြင့် ရောက်ရှိနေသော သူငယ်ချင်းများကြားတွင် အိမ်ရှေ့စံတစ်‌ယောက် အခမ်းအနားနှင့် မသက်ဆိုင်သည့် စကားတစ်ခွန်းကို ထပ်တလဲလဲ ပြောနေသည်မှာ ဘယ်နှစ်ကြိမ်ရှိပြီမှန်းမသိ။

စင်မြင့်ထက်မှာ ရောင်ရှိန့်အဖေ Linn ကော်ပိုရေးရှင်း ဥက္ကဌကြီး နှုတ်ဆက်အမှာစကား ပြောသွားတာကိုလည်း အိမ်ရှေ့စံက အာရုံမရ။ သည်ဖောင်ဒေးရှင်းကနေ ပညာသင်ဆု ရထားသော ဆေးကျောင်းသားတစ်ဦး ပြောကြားနေသည့် ကျေးဇူးတင်စကားကိုလည်း ကြားဟန်မတူ။ ရောက်ကတည်းက သူ့အိပ်မက်သူသာ အဖြေရှာနေသည်။

" တော်ပါတော့ ၊ မင်း အဲဒါပြောနေတာ စိတ်ပုတီး တစ်ပတ်စာ မကတော့ဘူး "

" ငါ့ပါးစပ်နဲ့ငါ ပြောတာလေ ၊ မင်းပါးစပ် ငှားပြောနေလို့လား ၊ မင်းမကြားချင်ရင် နားပိတ်ထား "

" မင်းပါးစပ်နဲ့မင်းဆိုပြီး ပြောချင်တိုင်း ပြောလို့ရမလား ၊ အခု ငါတို့ ရောက်နေတာ ကျောင်းကန်တင်းထဲ မဟုတ်ဘူး  "

" ဘာတွေလာ ပုံကြီးချဲ့နေတာလဲ သီဟမင်းတည် ၊ ငါတို့ထိုင်နေတာ တခြားသူတွေနဲ့ အဝေးကြီး ၊ ငါတို့ပြောနေတာလဲ ဘယ်သူမှ မကြားဘူး ၊ မင်းလိုက်ပြီး ဆရာလုပ်နေရအောင် ဒီနေရာမှာ မင်းကိုယ်မင်း အတန်းခေါင်းဆောင် ထင်မနေနဲ့ "

သီဟနှင့်ဘုဏ်းဇေက အကြီးအကျယ် ရန်ဖြစ်ကြတာမျိုး မဟုတ်ဘဲ မျက်နှာချင်းဆိုင်မိသည်နှင့်တစ်ပြိုင်နက် တစ်ယောက်ကိုတစ်ယောက် အကန်လေးတစ်ခွန်းလောက် ပြောလိုက်ရမှ နေသာထိုင်သာရှိကြသူများပင်။ အကြောင်းသိနေကြသဖြင့် ဘယ်သူကမှ သူတို့ကြား ဝင်ပြီး ဖျန်ဖြေရေး မလုပ်ကြတော့။

" ဒါနဲ့ မင်း ဘာလို့ ဒီနှစ် ပြင်သစ်မသွားတာလဲ အာကာ "

ဘုဏ်းဇေတို့ နှစ်ယောက်စလုံး တိတ်သွားပြီဆိုတော့ ရောင်ရှိန်က သည်နှစ် နွေကျောင်းပိတ်ရက်မှာ အာကာ သူ့မိဘတွေဆီ မသွားသည့်အကြောင်းကို မေး၏။ အာကာက ချက်ချင်းမဖြေဘဲ သွားတက်လေးများပေါ်အောင် အရင်ပြုံးသည်။ ပြောပြရမှာကိုလည်း စိတ်လှုပ်ရှားပြီး အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေပုံပင် ။

" ဟို ... မမက ငါ့ကို ဒီကျောင်းပိတ်ရက်မှာ စဉ်းစားပေးမယ်လို့ ပြောထားလို့၊ အဲဒါ"

" မင်းက ဘယ်အစ်မရှိလို့လဲ "

သီဟက ဘုဏ်းဇေကို တုံးရန်ကောဟူသည့် အကြည့်ဖြင့် ကြည့်သည်။ အာကာ့စကားက အစမရှိအဆုံးမရှိ ဆိုသော်လည်း သည်လောက်ဆို အာကာ ကောင်မလေးတစ်ယောက်ကို လိုက်နေကြောင်း ဘုဏ်းဇေကလွဲပြီး သူတို့အားလုံး သဘောပေါက်ပြီးသားပင် ။

" ငါ့အစ်မ မဟုတ်ဘူးလေကွာ ၊ ငါ သဘောကျလို့ ဖွင့်ပြောထားတဲ့ မိန်းကလေးကိုပြောတာ ၊ ငါ့ထက်သုံးနှစ်ကြီးလို့ မမလို့ခေါ်တာ "

အာကာက သူ့မမကို လက်ရှိ သူတက်နေသည့် မော်ဒယ်လ်သင်တန်းမှာ တွေ့ခဲ့ရသည့်အကြောင်း ပြောပြ၏။ ဆယ်ကျော်သက် ကောင်လေးတစ်ယောက်အတွက် ပထမဆုံး ရင်ခုန်သံတွေဟာ မမနှင့်တွေ့ပြီး ဖြစ်တည်လာသည့်အကြောင်း စာဖွဲ့ပြနေသော အာကာ့မျက်ဝန်းတို့သည် အချစ်ရည်တို့ဖြင့် ရွှန်းလက်နေလေသည်။

" အာကာကသာ မျှော်လင့်နေတာ ၊ ဟိုကဖြင့် သူ့ပြန်ကြိုက်မဲ့ပုံ မပေါ်ပါဘူး ၊ သူအဖြေတောင်းတိုင်း စကားလမ်းကြောင်းတွေ လွှဲလွှဲချတာ ၊ ခေါ်တာတောင် မောင်လေးတဲ့ "

ကောင်းယံက အာကာ့အိမ်မှာ အမြဲဂိမ်းသွားဆော့သူမို့ အကြောင်းစုံသိပြီးသားပင် ။

" ဟေ့ကောင်ရ ၊ မောင်လေးကနေ နောက်ကျ မောင်ဖြစ်လာမှာပေါ့ "

" အေးပါ ၊ စောင့်ကြည့်ဦးမယ် "

စကားဝိုင်းမှာ ဘုဏ်းဇေရဲ့အိပ်မက်အပြင် အာကာ့အချစ်ရေးကိစ္စရော အကြောင်းအရာနှစ်ခုဖြစ်သွားသည်။ ရှင်းသန့်တစ်ယောက်ကတော့ နှစ်ခုစလုံးမှာ ဘာမျှဝင်မပြောပေ။ ဘုဏ်းဇေ ထပ်တလဲလဲ ပြောနေသည့်အိပ်မက်ကိုလည်း မကြားသလိုနေသည်။ အာကာရဲ့မမနှင့် ပတ်သက်ပြီးလည်း ဝင်ပြီး မေးမြန်းခြင်းမရှိ။ သူ့ရှေ့မှာချထားသည့် ကိတ်မျိုးစုံကို တစ်လှည့်စီစားရင်း စင်မြင့်ထက် တစ်ယောက်တစ်လှည့် စကားတက်ပြောကြသူများကိုသာ လှမ်းကြည့်နေခဲ့သည်။

ရှင်းသန့်ရဲ့ ဒီလိုမသိကျိုးကျွံပြုထားသည့်ပုံစံကို မြင်ပြီး ဘုဏ်းဇေစိတ်ထဲမှာ မရိုးမရွတွေ ဖြစ်နေမိတာအမှန်။ ရှင်းသန့်ဆီက တစ်ခုခု တုံ့ပြန်ပုံမျိုး မြင်ရမလားဆိုပြီး သူ့အိပ်မက်အကြောင်းကို အကြိမ်ကြိမ်ပြောနေခဲ့ခြင်း ဖြစ်ပေမဲ့ ရှင်းသန့်က နည်းနည်းလေးတောင် ဟန်မပျက်။

ရှင်းသန့်တည်ကြည်ဆိုသော အငြိမ်းစားဝန်ကြီးချုပ်၏သားငယ်လေးက ဘာလို့များ အဲသည်လောက် တည်ငြိမ်နိုင်ရတာပါလဲ ။

*****

မကိုဋ်ရတနာနန်းတော်ရာအတွင်းရှိ အိမ်ရှေ့မင်းသား အဆောင်တော်တွင် သည်ည ဂီတသံ မကြားရ။ အကြောင်းမှာ စံအိမ်ပေါ်၌ အိမ်ရှေ့ဥပရာဇာလေးအတွက် အရေးကြီးသော တစ်စုံတစ်ယောက် ရောက်ရှိနေခြင်းကြောင့်ပင်။

လေသာခန်းထဲတွင် သီချင်းသံအစား အချင်းချင်း စနောက်ရယ်မောသံများ လွင့်ပျံနေ၏။ စာဖတ်ခန်းသည် ငြိမ်သက်နေရမည့်အစား ဆွေးနွေးငြင်းခုန်သံများဖြင့် ပဲ့တင်နေသည်။ ဥယျာဉ်တော်ဆီမှ ဝေ့ဝဲလာသော လေပြည်ညင်းသည် သည်ညအတွက် ပန်းရနံ့တို့ကို နှစ်ဆပိုပြီး ဆောင်ကျဉ်းလာရပုံပင်။

အရင်ကဆို ဘုဏ်းဇေ တဂျီဂျီခေါ်သော်လည်း နန်းတော်ထဲ လာလေ့မရှိသော ရှင်းသန့်က ဒီနှစ်နွေရာသီမှာ  ဘုဏ်းဇေဆီ မကြာခဏ အလည်လာလေ့ရှိသည် ။ ညအိပ်မဟုတ်တောင် မိုးလင်းကနေမိုးချုပ် ဘုံမြနန်းစံအိမ်မှာပဲ နေတာမျိုးလည်းရှိ၏။

တစ်ခါတရံ နန်းတွင်းထဲက စာကြည့်တိုက်မှာ နှစ်ယောက်သား သမိုင်းမှတ်တမ်းများကို မွှေနှောက်လေ့ရှိကြပြီး တစ်ခါတရံ ဟက်ပီးလေးကို နှစ်ယောက်အတူ အစာကျွေးတတ်ကြသည်။ တစ်ခါတရံ ဝရံတာဘက်မှာ စစ်တုရင်ကစားကြပြီး တစ်ခါတရံ ဓါးရေးလေ့ကျင့်သည့် အခန်းထဲမှာ ဘုဏ်းဇေက ရှင်းသန့်ကို ဓါးရေးသင်ကြားပေးတတ်သည်။

လေ့လာရေးခရီးက ပြန်လာပြီးကတည်းက ရှင်းသန့်တစ်ယောက် အနည်းငယ် ပြောင်းလဲလာသည်ဟု ဘုဏ်းဇေ ခံစားရသည်။ ရှင်းသန့်က သူဖိတ်ခေါ်စရာမလိုဘဲ သူ့ဆီရောက်လာတတ်သည်။ ရှင်းသန့်ဘက်က သူ့ကို ဖုန်းစခေါ်တတ်သည့် အကြိမ်ရေလည်း များလာ၏။ ထိုအပြောင်းအလဲလေးက ဘုဏ်းဇေအတွက်တော့ ပျော်ရွှင်ရသည်ပင်။

ဘုဏ်းဇေဆိုတာ ဖြစ်နိုင်လျှင် ရှင်းသန့်တည်ကြည်ကို ဘေးနားမှာ အမြဲရှိနေစေချင်သူ မဟုတ်လား။

" မင်းသားလေး ၊ မင်း စာရေးတတ်တဲ့အကျင့် လုပ်ကြည့်ပါလား "

ဘုဏ်းဇေ အိပ်ရာပေါ်ကို လှဲလိုက်တော့ ရှင်းသန့်က ဖတ်လက်စ စာအုပ်ကိုပိတ်ပြီး ကျောမှီထားသော ခေါင်းအုံးကို အောက်သို့တိုးကာ ဘုဏ်းဇေနှင့်မျက်နှာချင်းဆိုင် ဖြစ်သွားအောင် ပြင်ရင်း အကြံတစ်ခုပေးလာသည်။

" ဘာလဲ ၊ ငါ့ကိုပါ စာရေးဆရာလုပ်ခိုင်းနေတာလား "

" မဟုတ်ပါဘူး ၊ အဲလိုစာရေးတာမျိုးကို ပြောတာ မဟုတ်ဘူး ၊ မင်းစိတ်ထဲမှာ ဘယ်သူ့ကိုမှ ပြောပြလို့မရဘဲ မျိုသိပ်ထားရတာတွေရှိခဲ့ရင် စာရွက်ပေါ်ချရေးထားကြည့်ပါလားလို့ ၊ အဲဒါက ပြဿနာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတော့ မဟုတ်ဘူးပေါ့ ၊ ဒါပေမဲ့ စိတ်ထဲမှာ သိမ်းထားရတာတွေများပြီး လေးလံလာတဲ့အခါ ဒါက ထွက်ပေါက်တစ်ခု အနေနဲ့ ငါတို့စိတ်ကို နည်းနည်းတော့ ပေါ့သွားစေတယ်လေ "

ရှင်းသန့်က ဘုဏ်းဇေမျက်နှာကို သေချာကြည့်ပြီး လေးလေးနက်နက် ပြောဆိုနေခြင်းပင်။

" ငါ့မှာ မျိုသိပ်ထားရတာတွေ ရှိတယ်လို့ မင်း ထင်နေလို့လား ရှင်း "

" ဒါတော့ ငါမသိဘူးလေ ၊ မင်းမှာ ရှိနေခဲ့ရင်လို့ ပြောတာပါ ၊ လူတော်တော်များများဆီမှာ တခြားသူတွေကို ပြောမပြချင်တဲ့ အကြောင်းအရာမျိုးတွေ ရှိတတ်တာပဲမို့လား "

" အွန်း ၊ ဟုတ်ပါပြီ ၊ မင်းပြောချင်တာ ငါနားလည်ပါတယ် ၊ ဒါဆို မင်းရော အဲဒီလိုပဲ ရေးတတ်သလား "

" တစ်ခါတလေပေါ့ "

ဘုဏ်းဇေ လှဲနေရာကထပြီး အိပ်ခန်းထဲမှာ ထွန်းထားသော မီးဆိုင်းကြီးကို ပိတ်လိုက်သည်။ နံရံပေါ်မှ ဖြာထွက်နေသော အလင်းရောင်ဖြင့်လည်း တစ်ယောက်မျက်နှာတစ်ယောက် ကောင်းစွာ မြင်ရ၏။

" တကယ်လို့ ... "

ရှင်းသန့်က ဆက်မပြောသေးဘဲ ဘုဏ်းဇေ အိပ်ရာပေါ် ပြန်အရောက်လာကို စောင့်နေသေး၏။

" တကယ်လို့ မင်း တစ်ယောက်ယောက်ကို ပြောပြဖို့ လိုအပ်လာတဲ့အခါ ငါရှိနေတယ်ဆိုတာလဲ သိစေချင်တယ် ၊  မင်းစိတ်ထဲ ခံစားရသမျှ ဘာမဆို ငါ့ကို ဝေမျှပေးလို့ ရပါတယ် ၊ ငါက မင်းအတွက် အကူအညီ မဖြစ်စေဘူးဆိုရင်တောင် ငါ့ကြောင့် မင်း အခက်မတွေ့သ၍ မင်းဘေးမှာ ရှိနေပါ့မယ် "

သည်စကားတွေကို ရှင်းသန့်က တည်တည်ငြိမ်ငြိမ် ပြောနေပေမဲ့ နားထောင်ရသည့် ဘုဏ်းဇေရင်ထဲမှာတော့ ခံစားချက်မျိုးစုံဖြင့် လှုပ်ခတ်နေသည်။ စိတ်အတွင်းသားထဲကနေ လှိုက်တက်လာသည့် ကြည်နူးမှုကြောင့် မျက်ရည်များပင် လည်လာရ၏။

သည်မျက်ရည်တွေဟာ ပျော်လို့ကျတဲ့ မျက်ရည်တွေဖြစ်ကြောင်း ရှင်းသန့်တည်လေး သိပါလေစ ။

" မင်း တကယ် ပြောနေတာလား ရှင်း ၊ ငါက မင်းကို အမြဲလိုအပ်တယ်ဆိုရင်ရော၊ မင်းက အမြဲတမ်း ငါ့‌ဘေးမှာ ရှိပေးမှာလား "

" ငါ့ကြောင့် အနှောင့်အယှက် မဖြစ်သ၍ ၊ ငါ့ကြောင့် မင်း အခက်မတွေ့သ၍ပေါ့ "

" ငါက ဘယ်တော့မှ မင်း‌ကြောင့် အခက်တွေ့မှာ မဟုတ်ဘူး ၊ မင်းမရှိရင်သာ  အခက်တွေ့မှာ "

မျက်ရည်တွေကို ဖယ်ရှားပေးဖို့ ပြင်လာသည့် ရှင်းသန့်၏ ပန်းချီဆရာလက်ချောင်းလေးများကို ဘုဏ်းဇေက ဆွဲယူပြီး ဆုပ်ကိုင်ထားလိုက်သည်။

သည်လက်ကို ဘယ်တော့မှ မလွှတ်ချင် ။ ဖြစ်နိုင်လျှင် သံသရာအထိ ပူးချည်သွားချင်သည်။

"  ဒီမျက်ရည်တွေက ဝမ်းနည်းလို့ကျလာတာ မဟုတ်ဘူး ရှင်း "

" ဝမ်းသာလို့ဖြစ်ဖြစ် ဝမ်းနည်းလို့ဖြစ်ဖြစ် ငါ့ရှေ့မှာ မင်းမျက်ရည်ကျလို့ ရပါတယ် ၊ မင်း ဘာမှ ထိန်းချုပ်နေစရာ မလိုဘူး ၊ မင်းသိလား မင်းသားလေး ၊ လူနှစ်ယောက် အတူရှိတဲ့အခါ ပျော်ရွှင်မှုဆို နှစ်ဆတိုး ခံစားရပြီး နာကျင်မှုဆို တစ်ဝက်စီ လျော့ခံစားရတယ်တဲ့ ၊ အဲဒါမို့ မင်းရင်ထဲမှာ ဖြစ်နေသမျှအရာတွေကို မင်း ဆန္ဒရှိရင် ငါ့ကို ပြောပြပြီး ဝေမျှပေးလို့ရတယ်ဆိုတာ မမေ့ပါနဲ့ "

ရှင်းသန့်ရဲ့ လက်ချောင်းလေးများကို ဘုဏ်းဇေ ပိုပြီး ဖျစ်ညှစ်ပစ်မိသည်။

" ဒါဆို ငါ အခု မင်းကို ပြောစရာတစ်ခုရှိတယ် "

" ဘာလဲ "

" ငါ ဒီည မင်းလက်ကို တစ်ညလုံး ကိုင်အိပ်မှာ "

ဘုဏ်းဇေကို ကြည့်နေသော အညိုရောင် မျက်ဝန်းလေးတစ်စုံက လက်ခနဲ ။ မီးရောင်ကြောင့် ပိုပြီး ဝင်းနေသော မျက်နှာလေးပေါ်မှာ ရှက်ဝဲဝဲ အရိပ်လေးများလည်း ဖြတ်ပြေးသွား၏ ။ သို့သော် လက်ကိုတော့ မရုန်း။ မရုန်းသည့်အပြင် ပန်းနုရောင်လွှမ်းနေသော နှုတ်ခမ်းလေးကပါ တဖြည်းဖြည်း ပြုံးရောင်သန်းလာသည်။ ပြုံးရာမှတစ်ဆင့် ရယ်သည်။ ရှင်းသန့်တည်ကြည် ရယ်လိုက်သောအခါ ပေါ်လာသည့် သွားစွယ်ချွန်ချွန်လေးတွေကအစ အနုပညာမြောက်နေသည် ။

" ကလေးကျနေတာပဲ ခွေးပေါက်လေး "

ရှင်းသန့်ဆီက မှတ်ချက်ကြောင့် ဘုဏ်းဇေက ဟွန့်ခနဲ နှာခေါင်းရှုံ့သည်။ ထို့နောက် သူ့အား ရယ်နေသူကို တစ်ကိုယ်လုံး ပေါက်ထွက်မတက် စူးနစ်နေအောင် ကြည့်ကာ

" မင်းကတော့ သိပ်ကို လူကြီးဆန်နေတယ်ပေါ့ ဟုတ်လား ၊ ဒါဆို ငါတို့ လူကြီးအလုပ် လုပ်ကြမလား ရှင်း "

ပြုံးစစဖြင့် မျက်ခုံးပင့်ပြီး မေးလိုက်သည့်အခါ သူ ကိုင်မထား၍ လွတ်နေသော လက်တစ်ဖက်က သူ့မျက်လုံးတွေကို လာဖုံးအုပ်သွားသည် ။

" အိပ်စို့ ၊ ငါ မနက် စောစောပြန်ရမှာ "

" မနက်စာတော့ စားသွားဦးလေ "

" စားမှာပါ ၊ မင်းတို့ ရွှေနန်းတော်က မနက်စာ မစားရဘဲ ငါလဲ မပြန်ပါဘူး "

ပုံမှန်ဆို ဘုဏ်းဇေက အိပ်ရာဝင်နောက်ကျတတ်သလို အိပ်ရာထဲရောက်ပြီးသည့်နောက်လည်း တော်တော်နှင့် အိပ်မပျော်တတ်သူပင် ။ သို့သော် ရှင်းသန့်နှင့်အတူ ရှိလျှင် ဘုဏ်းဇေက အရင်ဆုံး လွယ်လွယ်အိပ်ပျော်တတ်သည်။ ထူးထူးဆန်းဆန်း အိပ်မက်မျိုးလည်းမမက် ။

အိပ်မက်ထဲမှာ ရရနေသည့် အနွေးဓာတ်လေးက အပြင်က သူ့နံဘေးမှာ ရှိနေသောကြောင့် ထင်ပါရဲ့ ။

*****

ငြိမ်းအေးသာစံမြို့ရှိ စစ်ရေးပြကွင်းထဲတွင် နတ်ရွာစံသွားပြီဖြစ်သော ယခင်ဧကရာဇ်တို့၏ ကြေးရုပ်ထုကြီးများကို မီးရှုးတန်ဆောင်များနှင့်အပြိုင် ထည်ဝါစွာ စိုက်ထူထားသည်။ နိုင်ငံတော်အလံတိုင်ထိပ်တွင် ဘားမားပြည်ထောင်စုအလံက တလူလူ လွင့်ပျံနေ၏။

မေလ (၁၀)ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စုကာကွယ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် စစ်ရေးပြအခမ်းအနားကို ဧကရာဇ် ဦးဘုဏ်းမဟာကျော်နှင့် တော်ဝင်မိသားစုတို့လည်း ရောက်ရှိနေကြသည်။ အစဉ်အလာအတိုင်း အိမ်ရှေ့စံက ဧကရာဇ်ဘေးမှာနေရပြီး ကျန်မိသားစုဝင်များက သူတို့နောက် တစ်လှမ်းအကွာမှာ နေရာယူကြရသည်။

အခမ်းအနားဖွင့်လှစ်သည်နှင့် ဗဟိုကာကွယ်ရေးတီးဝိုင်းအဖွဲ့က ဦးဆောင်ကာ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတပ်လာကြသည့် ကြည်း ၊ ရေ ၊ လေ ကာကွယ်ရေးတပ်ဖွဲ့များမှ စစ်ကြောင်းကြီးများသည်  စစ်ရေးပြတပ်ခွဲများစွာတို့ဖြင့် ကွင်းထဲသို့ စုရုံးရောက်ရှိလာကြသည်။ ထို့နောက် သတ်မှတ်ထားသည့် အစီအစဉ်အတိုင်း ဧကရာဇ်နှင့် တော်ဝင်မိသားစုတို့အား ရိုသေစွာ အလေးပြုကြ၏။ အလေးပြု အခမ်းအနား အစီအစဉ်ပြီးနောက် ကာကွယ်ရေးနေ့ အခမ်းအနားနှင့် ပတ်သက်ပြီး ဧကရာဇ်ကိုယ်တိုင် ဂုဏ်ပြုအမှာစကား ပြောကြားသည်။

နှစ်နာရီခန့်ကြာမြင့်သော ထိုစစ်ရေးပြအခမ်းအနား ပြီးဆုံး၍ နန်းတော်သို့ ပြန်လာရာလမ်းတွင် ဧကရာဇ်၏ မျက်နှာပေါ်မှာ ဂုဏ်ယူဝံ့ကြွားသည့် ပုံရိပ်တို့က ထင်ထင်ရှားရှား ။ သူနှင့် ကားတစ်စီးတည်း လိုက်ပါလာသော သားတော် အိမ်ရှေ့မင်းသားကိုလည်း အားရကျေနပ်သော အပြုံးတို့ဖြင့် တောက်လျှောက် ကြည့်နေခဲ့သည်။

" ခမည်းတော်၊ သားကို ကြည့်ပြီး ဘာတွေပြုံးနေတာလဲ "

" နောက်နှစ်ဆို သား အသက် ဆယ့်ရှစ်နှစ် ပြည့်တော့မှာ တွေးမိလို့ပါ "

" သား ဆယ့်ရှစ်နှစ် ပြည့်တော့ ဘာဖြစ်လို့လဲ ၊ စည်းမျဉ်းတွေ လျှော့ပေးမလို့လား "

ဘုဏ်းဇေအပြောကို ခမည်းတော်က သဘောကျစွာ ရယ်သည်။ ထို့နောက် ဘုဏ်းဇေရဲ့ ခေါင်းပေါ်ကို လက်ဖဝါးဖြင့် သာသာအုပ်ကိုင်ပြီး ...

" သား ဆယ့်ရှစ်နှစ်ပြည့်ပြီးရင် စစ်မှုထမ်း‌ရတော့မှာလေ ၊ ခမည်းတော် သားကို ကာကွယ်ရေးဝတ်စုံအပြည့်နဲ့ မြင်ရဖို့ မစောင့်နိုင်တော့ဘူး ၊ စိတ်ကူးနဲ့ ပုံဖော်ကြည့်တာတောင် ခမည်းတော်ရဲ့သားက သိပ်ကို ခန့်ငြားနေတာပဲ  "

" ခင်ဗျာ ... "

ခမည်းတော်ဆီက မထင်မှတ်ထားသော စကားကြောင့် ဘုဏ်းဇေ နှုတ်ခမ်းများ ပွင့်ဟသွားသည်အထိ ဆွံ့အသွားရသည်။ ခေါင်းတစ်ခုလုံးလည်း ချာချာလည်သွားသလိုပင်။

နောက်နှစ်ဆို သူက စစ်မှုထမ်းရမှာတဲ့ ။ ဘုဏ်းဇေယျာကျော် တစ်ခါလေးမျှ စိတ်ကူးမကြည့်ခဲ့ဖူးသော အရာပါ ။

" သားက ...သားက ဘာလို့ စစ်မှုထမ်းရမှာလဲ ခမည်းတော် "

" သားက မင်းသားတစ်ယောက် ဖြစ်နေလို့လေ ၊ သား မသိဘူးလား ၊ တော်ဝင်မင်းသားတစ်ယောက်အနေနဲ့ စစ်မှုထမ်းရမဲ့တာဝန်ဟာ မဖြစ်မနေဆောင်ရွက်ရမှာပဲလေ ၊ ခမည်းတော်တုန်းကလဲ ဒီလိုပဲ "

ခမည်းတော် စစ်မှုထမ်းခဲ့ဖူးတာကို ဓာတ်ပုံတွေကတစ်ဆင့် ဘုဏ်းဇေ သိခဲ့ပါသည် ။ သို့သော် စစ်မှုထမ်းခြင်းက မဖြစ်မနေ ‌လုပ်ဆောင်ရမည့် တာဝန်တစ်ခုလို့တော့ သူ မထင်ခဲ့။ သူ့ရှေ့က အစ်ကိုတော်တွေလည်း ဘယ်သူမှ စစ်မှုထမ်းတာ မတွေ့ရပါ။

" ဒါဆို ကိုလက်ျာနဲ့ ကိုဉာဏကျရော ခမည်းတော် ၊ သူတို့ကျ ဘာလို့ စစ်မှုမထမ်းရတာလဲ "

" သူတို့က ရိုးရိုးမင်းသားတွေလေ ၊ သူတို့ ဆန္ဒရှိမှ လုပ်လို့ရတယ် ၊ သားကတော့ တစ်ချိန်မှာ ဘုရင်ဖြစ်မဲ့သူမို့ စစ်မှုထမ်းတာဟာ အိမ်ရှေ့မင်းသား တစ်ယောက်အနေနဲ့ မဖြစ်မနေ လုပ်ဆောင်ရမဲ့ တာဝန်တစ်ခုပဲ "

ဘုဏ်းဇေ သူ့စိတ်ကို မနည်းတည်ငြိမ်အောင် ကြိုးစားနေရသည်။ သို့သော် တုန်လှုပ်နေဆဲ။ စစ်မှုထမ်းရမှာကို သူ မကြောက်ပါ။ သူကြောက်တာ တစ်ယောက်သောသူနှင့် အကြာကြီး ခွဲရမှာကိုသာ။

" ဘယ်နှစ်နှစ်လဲ ခမည်းတော် ၊ စစ်မှုထမ်းရတာ ဘယ်လောက်ကြာမှာလဲ "

" သုံးနှစ်ပေါ့ သား ... ကြည်းတပ် ၊ ရေတပ် ၊ လေတပ် ၊ တစ်မျိုးကို တစ်နှစ်စီနဲ့  သုံးနှစ် တာဝန်ထမ်းဆောင်ရလိမ့်မယ် "

ခမည်းတော်ရဲ့ အဖြေက တစ်ကိုယ်လုံးမှာ ရှိသည့် အားအင်တွေကို ဆုတ်ယူသွားသလိုပင်။

သုံးနှစ်တဲ့လေ ။
သူငယ်ချင်းတွေနှင့်ခွဲပြီး ၊ မိသားစုနှင့်ခွဲပြီး ၊ ဟက်ပီးလေးနှင့်ခွဲပြီး နေရမည့်သုံးနှစ် ။
ရှင်းသန့်တည်ကြည် ဘေးမှာမရှိဘဲ နေရမည့်သုံးနှစ် ။

' ငါ ဘယ်လိုလုပ်ရမလဲ ရှင်း '

#PoPoPhoenix

---------------------------------------

{ A/N - My babies have grown up 😭 }

*
*
*
*
*

______________________________

( Zawgyi )

မွတ္ဉာဏ္ထဲမွာ
ေပ်ာ္ရတဲ့အရာေတြပဲ ရွိေစခ်င္တယ္
ရခဲ့ဖူးတဲ့ ဒဏ္ရာေတြကို
ဖ်က္လို႔ရရင္ ဖ်က္ေပးခ်င္တယ္
မ်က္ရည္ေတြကို
လူမျမင္ေအာင္ ထိန္းမထားေစခ်င္ဘူး
မင္းအတြက္ဆို
ေပ်ာ္ခ်င္ရင္ ေပ်ာ္ျပလို႔ရၿပီး
ငိုခ်င္ရင္လည္း ငိုခ်လို႔ရတဲ့ရပ္ဝန္းေလးအျဖစ္
ကိုယ္ရွိေနတာ သိေစခ်င္တယ္...

2012၊ April

ညေနဆည္းဆာေအာက္တြင္ ပင္လယ္ေရမ်က္ႏွာျပင္ေပၚရွိ လႈိင္းၾကက္ခြပ္ေလးမ်ားက  တလက္လက္ေတာက္ပေနသည္။ ပင္လယ္ျပင္အထက္ ေပသုံးဆယ္ခန႔္မွာရွိေသာ  ကြၽန္းအငူေလးေပၚတြင္ ခါးသာသာရွိသည့္ ျမက္ပင္ရွည္မ်ားက လူတစ္ေယာက္ဆီမွလာေသာ တေယာသံႏွင့္အတူ ယိမ္းႏြဲ႕လႈပ္ရွားလ်က္ရွိၾက၏။ တေယာသံက ၿငိမ့္ေညာင္းလွသလို တစ္ေနရာရာကို တမ္းတလြမ္းေဆြးေနေသာ ခံစားခ်က္မ်ားလည္း ေပါင္းစပ္ထားသည္။

ကြၽန္းအငူေလးေပၚကေန ပင္လယ္ျပင္ကို မ်က္ႏွာမူၿပီး တေယာထိုးေနသူသည္ ေပ်ာ္႐ႊင္ျခင္းႏွင့္ဝမ္းနည္းျခင္းကို တစ္ၿပိဳင္နက္တည္း ခံစားေနရပုံပင္။ သံစဥ္အလိုက္ စီးေမ်ာရင္း ႏႈတ္ခမ္းထက္မွာ အၿပဳံးပန္းေလး ပြင့္လန္းေနသည့္တိုင္ ဟိုးအေဝးက မိုးကုတ္စက္ဝိုင္းဆီ ေမွ်ာ္ေငးေနသည့္ မ်က္ဝန္းအိမ္ထဲတြင္လည္း အရည္ၾကည္တို႔ ရစ္ဝိုင္းေနျပန္၏။

" နန္းေတာ္ကို လြမ္းေနသလား မင္းသားေလး "

စကားသံႏွင့္အတူ ေရာက္ရွိလာၿပီး စႏၵကူးနံ႔ပါေသာ ေလျပည္ကို သယ္ေဆာင္လာသည့္ ရင္ခြင္တစ္စုံသည္ တေယာသမားေလးကို ေနာက္ေက်ာဆီကေန ေထြးဖက္ထားေလသည္။ ထိုရင္ခြင္သည္ အိစက္ျခင္းလည္းမမည္၊ မာေက်ာျခင္းလည္းမရွိ။ ေဆာင္းညလယ္မွာ ေတြ႕ရသည့္မီးလင္းဖိုေလးလို ေႏြးေထြးသည္ ။ ေျခဆန႔္လက္ဆန႔္ လွဲအိပ္ပစ္လို႔ရသည့္ စက္ရာတစ္ခုလို သက္ေတာင့္သက္သာရွိလွ၏။ ေနာက္မဆုတ္ဘဲ ေရွ႕သို႔သာ တစ္ရစ္ၿပီးတစ္ရစ္၊ တစ္လႊာၿပီးတစ္လႊာ တိုးဝင္သြားရေလာက္ေအာင္လည္း ယစ္မူးခ်င္စရာေကာင္းလြန္းသည္။

ပုခုံးေပၚက တေယာကိုခ်ကာ ေက်ာဘက္မွ ရင္ခြင္ပိုင္ရွင္ကို မ်က္ႏွာမူလိုက္သည္။ မ်က္ေတာင္ဖ်ားေတြေပၚအထိ ေနရာယူထားေသာ မ်က္ရည္ၾကည္တို႔ကာဆီးထားသျဖင့္ ျမင္ကြင္းက ေဝဝါးေန၏ ။ ပါးႏွစ္ဖက္ေပၚ အုပ္ကိုင္လာသည့္ လက္ဖဝါးတို႔၏ ညံ့သက္မႈကို ခံစားရသည္။ မ်က္ႏွာခ်င္းဆိုင္မွလာေသာ ဝင္သက္ထြက္သက္ေလးက တျဖည္းျဖည္းနီးကပ္လာခဲ့ၿပီ။ မ်က္ဝန္းတို႔ကို ပိတ္လိုက္သည့္အခါ နဖူးျပင္ထက္ က်ေရာက္လာသည့္ ႏႈတ္ခမ္းပါးတစ္စုံ၏ အထိအေတြ႕က တစ္ကိုယ္လုံးရွိ ဆံျခည္မွ်င္ေသြးေၾကာေလးမ်ားကို လႈပ္ႏိုးသြားေစ၏ ။  ဝါဂြမ္းေလးလို အိစက္သည္။ ပြင့္ဖတ္ေလးလို ႏူးညံ့သည္။ သည္ထိေတြ႕မႈေလးကို ကြဲကြာမသြားေစခ်င္ ။ သံမႈိလိုစြဲ၍သာေနေစခ်င္သည္။

သို႔ေသာ္ ဆုေတာင္းမျပည့္။

မ်က္ဝန္းေတြကို ဖြင့္ၾကည့္လိုက္သည္။ နံရံေပၚမွာ မီးလင္းေနေသာ တေယာသေကၤတေလးကို ေတြ႕ရ၏။ ပတ္ဝန္းက်င္မွာ ပင္လယ္မရွိ ။ ျမက္ပင္ရွည္တို႔မရွိ ။ ေႏြးေထြးေသာရင္ခြင္တစ္စုံလည္းမရွိ။ သူေရာက္ေနသည့္ ေနရာကလည္း ကြၽန္းအငူေလးေပၚမွာ မဟုတ္ေတာ့။ ဘုံျမနန္းစံအိမ္ေတာ္ေပၚက အိမ္ေရွ႕မင္းသား၏ အိပ္ခန္းက်ယ္ထဲမွာ ။

ဘုဏ္းေဇယ်ာေက်ာ္ အိပ္မက္ကႏိုးလာခဲ့ၿပီ။ လြိဳင္လီက ျပန္လာၿပီးေနာက္ပိုင္း မၾကာခဏ မက္ေနသည့္အိပ္မက္ေတြ ။ တစ္ပုံစံတည္းမဟုတ္ေသာ္လည္း အိပ္မက္တိုင္းက ခပ္ဆင္ဆင္ေတြခ်ည္းသာ ။ အိပ္မက္ေတြထဲမွာ သူက တူရိယာတစ္မ်ိဳးမ်ိဳးကို တီးခတ္ေနတတ္သည္။ ၿပီးေတာ့ အိပ္မက္ေတြထဲမွာ သူဘယ္ေနရာေတြကို ေရာက္ေနမွန္းမသိ။ ေနာက္ေက်ာကေနလာၿပီး သူ႔ကိုဖက္ထားေသာ တစ္စုံတစ္ေယာက္ကလြဲလွ်င္ အိပ္မက္ထဲကေနရာေတြမွာ တျခားဘယ္သူမွရွိမေန။

အိပ္မက္ထဲမွာ သူက တစ္စုံတစ္ရာကို လြမ္းေဆြးေနသလို အိပ္မက္ကေန ႏိုးထလာတိုင္းလည္း အိပ္မက္ထဲက တစ္စုံတစ္ေယာက္ကို လြမ္းဆြတ္တသရၿမဲ။ ေနာက္ေက်ာကေနဖက္ထားေသာ ရင္ေငြ႕ေႏြးေႏြးေလး ။ နဖူးျပင္ထက္မွာ အနမ္းတံဆိပ္႐ိုက္ခတ္သြားေသာ ႏႈတ္ခမ္းအိအိေလး ။ ေဝ့သီေနေသာ မ်က္ရည္တို႔ေၾကာင့္ မ်က္ႏွာကို ပီပီျပင္ျပင္ မျမင္ခဲ့ရေသာ္လည္း စိတ္ထဲမွာ ရင္းႏွီးေနသည္။ ကိုယ္သင္းနံ႔ေလးကို မွတ္မိေန၏။ မင္းသားေလးဆိုေသာ ေခၚသံကို အႀကိမ္ေပါင္းမ်ားစြာ နားရည္ဝေနခဲ့သည္ ။

အိပ္မက္လား၊ လက္ေတြ႕လား ခြဲျခားမရေတာ့ ။

' မင္းပဲမလား ရွင္း ၊ အိပ္မက္ထဲမွာ ငါ့ကိုနမ္းသြားတာ မင္းဟုတ္တယ္မလား '

*****

Linn ေကာ္ပိုေရးရွင္း လက္ေအာက္မွာရွိသည့္ 'Hotel City ' ၏ ျမက္ခင္းျပင္ေပၚတြင္ ဂုဏ္သေရရွိ လူပုဂၢိဳလ္မ်ားျဖင့္ ျပည့္ေနသည္။ ပညာသင္ၾကားရာတြင္ ေငြေၾကးအခက္အခဲရွိေသာ ေက်ာင္းသားမ်ားအား တာဝန္ယူပံ့ပိုးေပးသည့္ " Linn ပညာေရး ေဖာင္ေဒးရွင္း "၏ ငါးႏွစ္ျပည့္ အခမ္းအနားကို စည္ကားသိုက္ၿမိဳက္စြာ က်င္းပေနၾကျခင္းပင္။

" အခုတေလာ အိပ္မက္ေတြ ခဏခဏ မက္ေနတယ္၊ အိပ္မက္ေတြက တစ္ပုံစံတည္းမဟုတ္ေပမဲ့ အိပ္မက္ထဲမွာ တစ္ေယာက္‌ေယာက္က ငါ့ကို နမ္းသြားတယ္ဆိုတာေတာ့ အၿမဲပါတယ္ ၊ အဲဒီတစ္ေယာက္က ဘယ္သူမွန္းလဲ မသိဘူး "

လင္းေရာင္ရွိန္၏ ဖိတ္ၾကားခ်က္ျဖင့္ ေရာက္ရွိေနေသာ သူငယ္ခ်င္းမ်ားၾကားတြင္ အိမ္ေရွ႕စံတစ္‌ေယာက္ အခမ္းအနားႏွင့္ မသက္ဆိုင္သည့္ စကားတစ္ခြန္းကို ထပ္တလဲလဲ ေျပာေနသည္မွာ ဘယ္ႏွစ္ႀကိမ္ရွိၿပီမွန္းမသိ။

စင္ျမင့္ထက္မွာ ေရာင္ရွိန္႔အေဖ Linn ေကာ္ပိုေရးရွင္း ဥကၠဌႀကီး ႏႈတ္ဆက္အမွာစကား ေျပာသြားတာကိုလည္း အိမ္ေရွ႕စံက အာ႐ုံမရ။ သည္ေဖာင္ေဒးရွင္းကေန ပညာသင္ဆု ရထားေသာ ေဆးေက်ာင္းသားတစ္ဦး ေျပာၾကားေနသည့္ ေက်းဇူးတင္စကားကိုလည္း ၾကားဟန္မတူ။ ေရာက္ကတည္းက သူ႔အိပ္မက္သူသာ အေျဖရွာေနသည္။

" ေတာ္ပါေတာ့ ၊ မင္း အဲဒါေျပာေနတာ စိတ္ပုတီး တစ္ပတ္စာ မကေတာ့ဘူး "

" ငါ့ပါးစပ္နဲ႔ငါ ေျပာတာေလ ၊ မင္းပါးစပ္ ငွားေျပာေနလို႔လား ၊ မင္းမၾကားခ်င္ရင္ နားပိတ္ထား "

" မင္းပါးစပ္နဲ႔မင္းဆိုၿပီး ေျပာခ်င္တိုင္း ေျပာလို႔ရမလား ၊ အခု ငါတို႔ ေရာက္ေနတာ ေက်ာင္းကန္တင္းထဲ မဟုတ္ဘူး  "

" ဘာေတြလာ ပုံႀကီးခ်ဲ႕ေနတာလဲ သီဟမင္းတည္ ၊ ငါတို႔ထိုင္ေနတာ တျခားသူေတြနဲ႔ အေဝးႀကီး ၊ ငါတို႔ေျပာေနတာလဲ ဘယ္သူမွ မၾကားဘူး ၊ မင္းလိုက္ၿပီး ဆရာလုပ္ေနရေအာင္ ဒီေနရာမွာ မင္းကိုယ္မင္း အတန္းေခါင္းေဆာင္ ထင္မေနနဲ႔ "

သီဟႏွင့္ဘုဏ္းေဇက အႀကီးအက်ယ္ ရန္ျဖစ္ၾကတာမ်ိဳး မဟုတ္ဘဲ မ်က္ႏွာခ်င္းဆိုင္မိသည္ႏွင့္တစ္ၿပိဳင္နက္ တစ္ေယာက္ကိုတစ္ေယာက္ အကန္ေလးတစ္ခြန္းေလာက္ ေျပာလိုက္ရမွ ေနသာထိုင္သာရွိၾကသူမ်ားပင္။ အေၾကာင္းသိေနၾကသျဖင့္ ဘယ္သူကမွ သူတို႔ၾကား ဝင္ၿပီး ဖ်န္ေျဖေရး မလုပ္ၾကေတာ့။

" ဒါနဲ႔ မင္း ဘာလို႔ ဒီႏွစ္ ျပင္သစ္မသြားတာလဲ အာကာ "

ဘုဏ္းေဇတို႔ ႏွစ္ေယာက္စလုံး တိတ္သြားၿပီဆိုေတာ့ ေရာင္ရွိန္က သည္ႏွစ္ ေႏြေက်ာင္းပိတ္ရက္မွာ အာကာ သူ႔မိဘေတြဆီ မသြားသည့္အေၾကာင္းကို ေမး၏။ အာကာက ခ်က္ခ်င္းမေျဖဘဲ သြားတက္ေလးမ်ားေပၚေအာင္ အရင္ၿပဳံးသည္။ ေျပာျပရမွာကိုလည္း စိတ္လႈပ္ရွားၿပီး အနည္းငယ္ ရွက္ကိုးရွက္ကန္း ျဖစ္ေနပုံပင္ ။

" ဟို ... မမက ငါ့ကို ဒီေက်ာင္းပိတ္ရက္မွာ စဥ္းစားေပးမယ္လို႔ ေျပာထားလို႔၊ အဲဒါ"

" မင္းက ဘယ္အစ္မရွိလို႔လဲ "

သီဟက ဘုဏ္းေဇကို တုံးရန္ေကာဟူသည့္ အၾကည့္ျဖင့္ ၾကည့္သည္။ အာကာ့စကားက အစမရွိအဆုံးမရွိ ဆိုေသာ္လည္း သည္ေလာက္ဆို အာကာ ေကာင္မေလးတစ္ေယာက္ကို လိုက္ေနေၾကာင္း ဘုဏ္းေဇကလြဲၿပီး သူတို႔အားလုံး သေဘာေပါက္ၿပီးသားပင္ ။

" ငါ့အစ္မ မဟုတ္ဘူးေလကြာ ၊ ငါ သေဘာက်လို႔ ဖြင့္ေျပာထားတဲ့ မိန္းကေလးကိုေျပာတာ ၊ ငါ့ထက္သုံးႏွစ္ႀကီးလို႔ မမလို႔ေခၚတာ "

အာကာက သူ႔မမကို လက္ရွိ သူတက္ေနသည့္ ေမာ္ဒယ္လ္သင္တန္းမွာ ေတြ႕ခဲ့ရသည့္အေၾကာင္း ေျပာျပ၏။ ဆယ္ေက်ာ္သက္ ေကာင္ေလးတစ္ေယာက္အတြက္ ပထမဆုံး ရင္ခုန္သံေတြဟာ မမႏွင့္ေတြ႕ၿပီး ျဖစ္တည္လာသည့္အေၾကာင္း စာဖြဲ႕ျပေနေသာ အာကာ့မ်က္ဝန္းတို႔သည္ အခ်စ္ရည္တို႔ျဖင့္ ႐ႊန္းလက္ေနေလသည္။

" အာကာကသာ ေမွ်ာ္လင့္ေနတာ ၊ ဟိုကျဖင့္ သူ႔ျပန္ႀကိဳက္မဲ့ပုံ မေပၚပါဘူး ၊ သူအေျဖေတာင္းတိုင္း စကားလမ္းေၾကာင္းေတြ လႊဲလႊဲခ်တာ ၊ ေခၚတာေတာင္ ေမာင္ေလးတဲ့ "

ေကာင္းယံက အာကာ့အိမ္မွာ အၿမဲဂိမ္းသြားေဆာ့သူမို႔ အေၾကာင္းစုံသိၿပီးသားပင္ ။

" ေဟ့ေကာင္ရ ၊ ေမာင္ေလးကေန ေနာက္က် ေမာင္ျဖစ္လာမွာေပါ့ "

" ေအးပါ ၊ ေစာင့္ၾကည့္ဦးမယ္ "

စကားဝိုင္းမွာ ဘုဏ္းေဇရဲ႕အိပ္မက္အျပင္ အာကာ့အခ်စ္ေရးကိစၥေရာ အေၾကာင္းအရာႏွစ္ခုျဖစ္သြားသည္။ ရွင္းသန႔္တစ္ေယာက္ကေတာ့ ႏွစ္ခုစလုံးမွာ ဘာမွ်ဝင္မေျပာေပ။ ဘုဏ္းေဇ ထပ္တလဲလဲ ေျပာေနသည့္အိပ္မက္ကိုလည္း မၾကားသလိုေနသည္။ အာကာရဲ႕မမႏွင့္ ပတ္သက္ၿပီးလည္း ဝင္ၿပီး ေမးျမန္းျခင္းမရွိ။ သူ႔ေရွ႕မွာခ်ထားသည့္ ကိတ္မ်ိဳးစုံကို တစ္လွည့္စီစားရင္း စင္ျမင့္ထက္ တစ္ေယာက္တစ္လွည့္ စကားတက္ေျပာၾကသူမ်ားကိုသာ လွမ္းၾကည့္ေနခဲ့သည္။

ရွင္းသန႔္ရဲ႕ ဒီလိုမသိက်ိဳးကြၽံျပဳထားသည့္ပုံစံကို ျမင္ၿပီး ဘုဏ္းေဇစိတ္ထဲမွာ မ႐ိုးမ႐ြေတြ ျဖစ္ေနမိတာအမွန္။ ရွင္းသန႔္ဆီက တစ္ခုခု တုံ႔ျပန္ပုံမ်ိဳး ျမင္ရမလားဆိုၿပီး သူ႔အိပ္မက္အေၾကာင္းကို အႀကိမ္ႀကိမ္ေျပာေနခဲ့ျခင္း ျဖစ္ေပမဲ့ ရွင္းသန႔္က နည္းနည္းေလးေတာင္ ဟန္မပ်က္။

ရွင္းသန႔္တည္ၾကည္ဆိုေသာ အၿငိမ္းစားဝန္ႀကီးခ်ဳပ္၏သားငယ္ေလးက ဘာလို႔မ်ား အဲသည္ေလာက္ တည္ၿငိမ္ႏိုင္ရတာပါလဲ ။

*****

မကိုဋ္ရတနာနန္းေတာ္ရာအတြင္းရွိ အိမ္ေရွ႕မင္းသား အေဆာင္ေတာ္တြင္ သည္ည ဂီတသံ မၾကားရ။ အေၾကာင္းမွာ စံအိမ္ေပၚ၌ အိမ္ေရွ႕ဥပရာဇာေလးအတြက္ အေရးႀကီးေသာ တစ္စုံတစ္ေယာက္ ေရာက္ရွိေနျခင္းေၾကာင့္ပင္။

ေလသာခန္းထဲတြင္ သီခ်င္းသံအစား အခ်င္းခ်င္း စေနာက္ရယ္ေမာသံမ်ား လြင့္ပ်ံေန၏။ စာဖတ္ခန္းသည္ ၿငိမ္သက္ေနရမည့္အစား ေဆြးေႏြးျငင္းခုန္သံမ်ားျဖင့္ ပဲ့တင္ေနသည္။ ဥယ်ာဥ္ေတာ္ဆီမွ ေဝ့ဝဲလာေသာ ေလျပည္ညင္းသည္ သည္ညအတြက္ ပန္းရနံ႔တို႔ကို ႏွစ္ဆပိုၿပီး ေဆာင္က်ဥ္းလာရပုံပင္။

အရင္ကဆို ဘုဏ္းေဇ တဂ်ီဂ်ီေခၚေသာ္လည္း နန္းေတာ္ထဲ လာေလ့မရွိေသာ ရွင္းသန႔္က ဒီႏွစ္ေႏြရာသီမွာ  ဘုဏ္းေဇဆီ မၾကာခဏ အလည္လာေလ့ရွိသည္ ။ ညအိပ္မဟုတ္ေတာင္ မိုးလင္းကေနမိုးခ်ဳပ္ ဘုံျမနန္းစံအိမ္မွာပဲ ေနတာမ်ိဳးလည္းရွိ၏။

တစ္ခါတရံ နန္းတြင္းထဲက စာၾကည့္တိုက္မွာ ႏွစ္ေယာက္သား သမိုင္းမွတ္တမ္းမ်ားကို ေမႊေႏွာက္ေလ့ရွိၾကၿပီး တစ္ခါတရံ ဟက္ပီးေလးကို ႏွစ္ေယာက္အတူ အစာေကြၽးတတ္ၾကသည္။ တစ္ခါတရံ ဝရံတာဘက္မွာ စစ္တုရင္ကစားၾကၿပီး တစ္ခါတရံ ဓါးေရးေလ့က်င့္သည့္ အခန္းထဲမွာ ဘုဏ္းေဇက ရွင္းသန႔္ကို ဓါးေရးသင္ၾကားေပးတတ္သည္။

ေလ့လာေရးခရီးက ျပန္လာၿပီးကတည္းက ရွင္းသန႔္တစ္ေယာက္ အနည္းငယ္ ေျပာင္းလဲလာသည္ဟု ဘုဏ္းေဇ ခံစားရသည္။ ရွင္းသန႔္က သူဖိတ္ေခၚစရာမလိုဘဲ သူ႔ဆီေရာက္လာတတ္သည္။ ရွင္းသန႔္ဘက္က သူ႔ကို ဖုန္းစေခၚတတ္သည့္ အႀကိမ္ေရလည္း မ်ားလာ၏။ ထိုအေျပာင္းအလဲေလးက ဘုဏ္းေဇအတြက္ေတာ့ ေပ်ာ္႐ႊင္ရသည္ပင္။

ဘုဏ္းေဇဆိုတာ ျဖစ္ႏိုင္လွ်င္ ရွင္းသန႔္တည္ၾကည္ကို ေဘးနားမွာ အၿမဲရွိေနေစခ်င္သူ မဟုတ္လား။

" မင္းသားေလး ၊ မင္း စာေရးတတ္တဲ့အက်င့္ လုပ္ၾကည့္ပါလား "

ဘုဏ္းေဇ အိပ္ရာေပၚကို လွဲလိုက္ေတာ့ ရွင္းသန႔္က ဖတ္လက္စ စာအုပ္ကိုပိတ္ၿပီး ေက်ာမွီထားေသာ ေခါင္းအုံးကို ေအာက္သို႔တိုးကာ ဘုဏ္းေဇႏွင့္မ်က္ႏွာခ်င္းဆိုင္ ျဖစ္သြားေအာင္ ျပင္ရင္း အႀကံတစ္ခုေပးလာသည္။

" ဘာလဲ ၊ ငါ့ကိုပါ စာေရးဆရာလုပ္ခိုင္းေနတာလား "

" မဟုတ္ပါဘူး ၊ အဲလိုစာေရးတာမ်ိဳးကို ေျပာတာ မဟုတ္ဘူး ၊ မင္းစိတ္ထဲမွာ ဘယ္သူ႔ကိုမွ ေျပာျပလို႔မရဘဲ မ်ိဳသိပ္ထားရတာေတြရွိခဲ့ရင္ စာ႐ြက္ေပၚခ်ေရးထားၾကည့္ပါလားလို႔ ၊ အဲဒါက ျပႆနာကို ေျဖရွင္းႏိုင္တဲ့ နည္းလမ္းေတာ့ မဟုတ္ဘူးေပါ့ ၊ ဒါေပမဲ့ စိတ္ထဲမွာ သိမ္းထားရတာေတြမ်ားၿပီး ေလးလံလာတဲ့အခါ ဒါက ထြက္ေပါက္တစ္ခု အေနနဲ႔ ငါတို႔စိတ္ကို နည္းနည္းေတာ့ ေပါ့သြားေစတယ္ေလ "

ရွင္းသန႔္က ဘုဏ္းေဇမ်က္ႏွာကို ေသခ်ာၾကည့္ၿပီး ေလးေလးနက္နက္ ေျပာဆိုေနျခင္းပင္။

" ငါ့မွာ မ်ိဳသိပ္ထားရတာေတြ ရွိတယ္လို႔ မင္း ထင္ေနလို႔လား ရွင္း "

" ဒါေတာ့ ငါမသိဘူးေလ ၊ မင္းမွာ ရွိေနခဲ့ရင္လို႔ ေျပာတာပါ ၊ လူေတာ္ေတာ္မ်ားမ်ားဆီမွာ တျခားသူေတြကို ေျပာမျပခ်င္တဲ့ အေၾကာင္းအရာမ်ိဳးေတြ ရွိတတ္တာပဲမို႔လား "

" အြန္း ၊ ဟုတ္ပါၿပီ ၊ မင္းေျပာခ်င္တာ ငါနားလည္ပါတယ္ ၊ ဒါဆို မင္းေရာ အဲဒီလိုပဲ ေရးတတ္သလား "

" တစ္ခါတေလေပါ့ "

ဘုဏ္းေဇ လွဲေနရာကထၿပီး အိပ္ခန္းထဲမွာ ထြန္းထားေသာ မီးဆိုင္းႀကီးကို ပိတ္လိုက္သည္။ နံရံေပၚမွ ျဖာထြက္ေနေသာ အလင္းေရာင္ျဖင့္လည္း တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ေကာင္းစြာ ျမင္ရ၏။

" တကယ္လို႔ ... "

ရွင္းသန႔္က ဆက္မေျပာေသးဘဲ ဘုဏ္းေဇ အိပ္ရာေပၚ ျပန္အေရာက္လာကို ေစာင့္ေနေသး၏။

" တကယ္လို႔ မင္း တစ္ေယာက္ေယာက္ကို ေျပာျပဖို႔ လိုအပ္လာတဲ့အခါ ငါရွိေနတယ္ဆိုတာလဲ သိေစခ်င္တယ္ ၊  မင္းစိတ္ထဲ ခံစားရသမွ် ဘာမဆို ငါ့ကို ေဝမွ်ေပးလို႔ ရပါတယ္ ၊ ငါက မင္းအတြက္ အကူအညီ မျဖစ္ေစဘူးဆိုရင္ေတာင္ ငါ့ေၾကာင့္ မင္း အခက္မေတြ႕သ၍ မင္းေဘးမွာ ရွိေနပါ့မယ္ "

သည္စကားေတြကို ရွင္းသန႔္က တည္တည္ၿငိမ္ၿငိမ္ ေျပာေနေပမဲ့ နားေထာင္ရသည့္ ဘုဏ္းေဇရင္ထဲမွာေတာ့ ခံစားခ်က္မ်ိဳးစုံျဖင့္ လႈပ္ခတ္ေနသည္။ စိတ္အတြင္းသားထဲကေန လႈိက္တက္လာသည့္ ၾကည္ႏူးမႈေၾကာင့္ မ်က္ရည္မ်ားပင္ လည္လာရ၏။

သည္မ်က္ရည္ေတြဟာ ေပ်ာ္လို႔က်တဲ့ မ်က္ရည္ေတြျဖစ္ေၾကာင္း ရွင္းသန႔္တည္ေလး သိပါေလစ ။

" မင္း တကယ္ ေျပာေနတာလား ရွင္း ၊ ငါက မင္းကို အၿမဲလိုအပ္တယ္ဆိုရင္ေရာ၊ မင္းက အၿမဲတမ္း ငါ့‌ေဘးမွာ ရွိေပးမွာလား "

" ငါ့ေၾကာင့္ အေႏွာင့္အယွက္ မျဖစ္သ၍ ၊ ငါ့ေၾကာင့္ မင္း အခက္မေတြ႕သ၍ေပါ့ "

" ငါက ဘယ္ေတာ့မွ မင္း‌ေၾကာင့္ အခက္ေတြ႕မွာ မဟုတ္ဘူး ၊ မင္းမရွိရင္သာ  အခက္ေတြ႕မွာ "

မ်က္ရည္ေတြကို ဖယ္ရွားေပးဖို႔ ျပင္လာသည့္ ရွင္းသန႔္၏ ပန္းခ်ီဆရာလက္ေခ်ာင္းေလးမ်ားကို ဘုဏ္းေဇက ဆြဲယူၿပီး ဆုပ္ကိုင္ထားလိုက္သည္။

သည္လက္ကို ဘယ္ေတာ့မွ မလႊတ္ခ်င္ ။ ျဖစ္ႏိုင္လွ်င္ သံသရာအထိ ပူးခ်ည္သြားခ်င္သည္။

"  ဒီမ်က္ရည္ေတြက ဝမ္းနည္းလို႔က်လာတာ မဟုတ္ဘူး ရွင္း "

" ဝမ္းသာလို႔ျဖစ္ျဖစ္ ဝမ္းနည္းလို႔ျဖစ္ျဖစ္ ငါ့ေရွ႕မွာ မင္းမ်က္ရည္က်လို႔ ရပါတယ္ ၊ မင္း ဘာမွ ထိန္းခ်ဳပ္ေနစရာ မလိုဘူး ၊ မင္းသိလား မင္းသားေလး ၊ လူႏွစ္ေယာက္ အတူရွိတဲ့အခါ ေပ်ာ္႐ႊင္မႈဆို ႏွစ္ဆတိုး ခံစားရၿပီး နာက်င္မႈဆို တစ္ဝက္စီ ေလ်ာ့ခံစားရတယ္တဲ့ ၊ အဲဒါမို႔ မင္းရင္ထဲမွာ ျဖစ္ေနသမွ်အရာေတြကို မင္း ဆႏၵရွိရင္ ငါ့ကို ေျပာျပၿပီး ေဝမွ်ေပးလို႔ရတယ္ဆိုတာ မေမ့ပါနဲ႔ "

ရွင္းသန႔္ရဲ႕ လက္ေခ်ာင္းေလးမ်ားကို ဘုဏ္းေဇ ပိုၿပီး ဖ်စ္ညႇစ္ပစ္မိသည္။

" ဒါဆို ငါ အခု မင္းကို ေျပာစရာတစ္ခုရွိတယ္ "

" ဘာလဲ "

" ငါ ဒီည မင္းလက္ကို တစ္ညလုံး ကိုင္အိပ္မွာ "

ဘုဏ္းေဇကို ၾကည့္ေနေသာ အညိဳေရာင္ မ်က္ဝန္းေလးတစ္စုံက လက္ခနဲ ။ မီးေရာင္ေၾကာင့္ ပိုၿပီး ဝင္းေနေသာ မ်က္ႏွာေလးေပၚမွာ ရွက္ဝဲဝဲ အရိပ္ေလးမ်ားလည္း ျဖတ္ေျပးသြား၏ ။ သို႔ေသာ္ လက္ကိုေတာ့ မ႐ုန္း။ မ႐ုန္းသည့္အျပင္ ပန္းႏုေရာင္လႊမ္းေနေသာ ႏႈတ္ခမ္းေလးကပါ တျဖည္းျဖည္း ၿပဳံးေရာင္သန္းလာသည္။ ၿပဳံးရာမွတစ္ဆင့္ ရယ္သည္။ ရွင္းသန႔္တည္ၾကည္ ရယ္လိုက္ေသာအခါ ေပၚလာသည့္ သြားစြယ္ခြၽန္ခြၽန္ေလးေတြကအစ အႏုပညာေျမာက္ေနသည္ ။

" ကေလးက်ေနတာပဲ ေခြးေပါက္ေလး "

ရွင္းသန႔္ဆီက မွတ္ခ်က္ေၾကာင့္ ဘုဏ္းေဇက ဟြန႔္ခနဲ ႏွာေခါင္းရႈံ႕သည္။ ထို႔ေနာက္ သူ႔အား ရယ္ေနသူကို တစ္ကိုယ္လုံး ေပါက္ထြက္မတက္ စူးနစ္ေနေအာင္ ၾကည့္ကာ

" မင္းကေတာ့ သိပ္ကို လူႀကီးဆန္ေနတယ္ေပါ့ ဟုတ္လား ၊ ဒါဆို ငါတို႔ လူႀကီးအလုပ္ လုပ္ၾကမလား ရွင္း "

ၿပဳံးစစျဖင့္ မ်က္ခုံးပင့္ၿပီး ေမးလိုက္သည့္အခါ သူ ကိုင္မထား၍ လြတ္ေနေသာ လက္တစ္ဖက္က သူ႔မ်က္လုံးေတြကို လာဖုံးအုပ္သြားသည္ ။

" အိပ္စို႔ ၊ ငါ မနက္ ေစာေစာျပန္ရမွာ "

" မနက္စာေတာ့ စားသြားဦးေလ "

" စားမွာပါ ၊ မင္းတို႔ ေ႐ႊနန္းေတာ္က မနက္စာ မစားရဘဲ ငါလဲ မျပန္ပါဘူး "

ပုံမွန္ဆို ဘုဏ္းေဇက အိပ္ရာဝင္ေနာက္က်တတ္သလို အိပ္ရာထဲေရာက္ၿပီးသည့္ေနာက္လည္း ေတာ္ေတာ္ႏွင့္ အိပ္မေပ်ာ္တတ္သူပင္ ။ သို႔ေသာ္ ရွင္းသန႔္ႏွင့္အတူ ရွိလွ်င္ ဘုဏ္းေဇက အရင္ဆုံး လြယ္လြယ္အိပ္ေပ်ာ္တတ္သည္။ ထူးထူးဆန္းဆန္း အိပ္မက္မ်ိဳးလည္းမမက္ ။

အိပ္မက္ထဲမွာ ရရေနသည့္ အေႏြးဓာတ္ေလးက အျပင္က သူ႔နံေဘးမွာ ရွိေနေသာေၾကာင့္ ထင္ပါရဲ႕ ။

*****

ၿငိမ္းေအးသာစံၿမိဳ႕ရွိ စစ္ေရးျပကြင္းထဲတြင္ နတ္႐ြာစံသြားၿပီျဖစ္ေသာ ယခင္ဧကရာဇ္တို႔၏ ေၾကး႐ုပ္ထုႀကီးမ်ားကို မီးရႈးတန္ေဆာင္မ်ားႏွင့္အၿပိဳင္ ထည္ဝါစြာ စိုက္ထူထားသည္။ ႏိုင္ငံေတာ္အလံတိုင္ထိပ္တြင္ ဘားမားျပည္ေထာင္စုအလံက တလူလူ လြင့္ပ်ံေန၏။

ေမလ (၁၀)ရက္ေန႔တြင္ က်ေရာက္ေသာ ျပည္ေထာင္စုကာကြယ္ေရးေန႔ အထိမ္းအမွတ္အျဖစ္ က်င္းပသည့္ စစ္ေရးျပအခမ္းအနားကို ဧကရာဇ္ ဦးဘုဏ္းမဟာေက်ာ္ႏွင့္ ေတာ္ဝင္မိသားစုတို႔လည္း ေရာက္ရွိေနၾကသည္။ အစဥ္အလာအတိုင္း အိမ္ေရွ႕စံက ဧကရာဇ္ေဘးမွာေနရၿပီး က်န္မိသားစုဝင္မ်ားက သူတို႔ေနာက္ တစ္လွမ္းအကြာမွာ ေနရာယူၾကရသည္။

အခမ္းအနားဖြင့္လွစ္သည္ႏွင့္ ဗဟိုကာကြယ္ေရးတီးဝိုင္းအဖြဲ႕က ဦးေဆာင္ကာ စစ္ေရးျပအခမ္းအနားတြင္ ပါဝင္ခ်ီတပ္လာၾကသည့္ ၾကည္း ၊ ေရ ၊ ေလ ကာကြယ္ေရးတပ္ဖြဲ႕မ်ားမွ စစ္ေၾကာင္းႀကီးမ်ားသည္  စစ္ေရးျပတပ္ခြဲမ်ားစြာတို႔ျဖင့္ ကြင္းထဲသို႔ စု႐ုံးေရာက္ရွိလာၾကသည္။ ထို႔ေနာက္ သတ္မွတ္ထားသည့္ အစီအစဥ္အတိုင္း ဧကရာဇ္ႏွင့္ ေတာ္ဝင္မိသားစုတို႔အား ႐ိုေသစြာ အေလးျပဳၾက၏။ အေလးျပဳ အခမ္းအနား အစီအစဥ္ၿပီးေနာက္ ကာကြယ္ေရးေန႔ အခမ္းအနားႏွင့္ ပတ္သက္ၿပီး ဧကရာဇ္ကိုယ္တိုင္ ဂုဏ္ျပဳအမွာစကား ေျပာၾကားသည္။

ႏွစ္နာရီခန႔္ၾကာျမင့္ေသာ ထိုစစ္ေရးျပအခမ္းအနား ၿပီးဆုံး၍ နန္းေတာ္သို႔ ျပန္လာရာလမ္းတြင္ ဧကရာဇ္၏ မ်က္ႏွာေပၚမွာ ဂုဏ္ယူဝံ့ႂကြားသည့္ ပုံရိပ္တို႔က ထင္ထင္ရွားရွား ။ သူႏွင့္ ကားတစ္စီးတည္း လိုက္ပါလာေသာ သားေတာ္ အိမ္ေရွ႕မင္းသားကိုလည္း အားရေက်နပ္ေသာ အၿပဳံးတို႔ျဖင့္ ေတာက္ေလွ်ာက္ ၾကည့္ေနခဲ့သည္။

" ခမည္းေတာ္၊ သားကို ၾကည့္ၿပီး ဘာေတြၿပဳံးေနတာလဲ "

" ေနာက္ႏွစ္ဆို သား အသက္ ဆယ့္ရွစ္ႏွစ္ ျပည့္ေတာ့မွာ ေတြးမိလို႔ပါ "

" သား ဆယ့္ရွစ္ႏွစ္ ျပည့္ေတာ့ ဘာျဖစ္လို႔လဲ ၊ စည္းမ်ဥ္းေတြ ေလွ်ာ့ေပးမလို႔လား "

ဘုဏ္းေဇအေျပာကို ခမည္းေတာ္က သေဘာက်စြာ ရယ္သည္။ ထို႔ေနာက္ ဘုဏ္းေဇရဲ႕ ေခါင္းေပၚကို လက္ဖဝါးျဖင့္ သာသာအုပ္ကိုင္ၿပီး ...

" သား ဆယ့္ရွစ္ႏွစ္ျပည့္ၿပီးရင္ စစ္မႈထမ္း‌ရေတာ့မွာေလ ၊ ခမည္းေတာ္ သားကို ကာကြယ္ေရးဝတ္စုံအျပည့္နဲ႔ ျမင္ရဖို႔ မေစာင့္ႏိုင္ေတာ့ဘူး ၊ စိတ္ကူးနဲ႔ ပုံေဖာ္ၾကည့္တာေတာင္ ခမည္းေတာ္ရဲ႕သားက သိပ္ကို ခန႔္ျငားေနတာပဲ  "

" ခင္ဗ်ာ ... "

ခမည္းေတာ္ဆီက မထင္မွတ္ထားေသာ စကားေၾကာင့္ ဘုဏ္းေဇ ႏႈတ္ခမ္းမ်ား ပြင့္ဟသြားသည္အထိ ဆြံ႕အသြားရသည္။ ေခါင္းတစ္ခုလုံးလည္း ခ်ာခ်ာလည္သြားသလိုပင္။

ေနာက္ႏွစ္ဆို သူက စစ္မႈထမ္းရမွာတဲ့ ။ ဘုဏ္းေဇယ်ာေက်ာ္ တစ္ခါေလးမွ် စိတ္ကူးမၾကည့္ခဲ့ဖူးေသာ အရာပါ ။

" သားက ...သားက ဘာလို႔ စစ္မႈထမ္းရမွာလဲ ခမည္းေတာ္ "

" သားက မင္းသားတစ္ေယာက္ ျဖစ္ေနလို႔ေလ ၊ သား မသိဘူးလား ၊ ေတာ္ဝင္မင္းသားတစ္ေယာက္အေနနဲ႔ စစ္မႈထမ္းရမဲ့တာဝန္ဟာ မျဖစ္မေနေဆာင္႐ြက္ရမွာပဲေလ ၊ ခမည္းေတာ္တုန္းကလဲ ဒီလိုပဲ "

ခမည္းေတာ္ စစ္မႈထမ္းခဲ့ဖူးတာကို ဓာတ္ပုံေတြကတစ္ဆင့္ ဘုဏ္းေဇ သိခဲ့ပါသည္ ။ သို႔ေသာ္ စစ္မႈထမ္းျခင္းက မျဖစ္မေန ‌လုပ္ေဆာင္ရမည့္ တာဝန္တစ္ခုလို႔ေတာ့ သူ မထင္ခဲ့။ သူ႔ေရွ႕က အစ္ကိုေတာ္ေတြလည္း ဘယ္သူမွ စစ္မႈထမ္းတာ မေတြ႕ရပါ။

" ဒါဆို ကိုလက္်ာနဲ႔ ကိုဉာဏက်ေရာ ခမည္းေတာ္ ၊ သူတို႔က် ဘာလို႔ စစ္မႈမထမ္းရတာလဲ "

" သူတို႔က ႐ိုး႐ိုးမင္းသားေတြေလ ၊ သူတို႔ ဆႏၵရွိမွ လုပ္လို႔ရတယ္ ၊ သားကေတာ့ တစ္ခ်ိန္မွာ ဘုရင္ျဖစ္မဲ့သူမို႔ စစ္မႈထမ္းတာဟာ အိမ္ေရွ႕မင္းသား တစ္ေယာက္အေနနဲ႔ မျဖစ္မေန လုပ္ေဆာင္ရမဲ့ တာဝန္တစ္ခုပဲ "

ဘုဏ္းေဇ သူ႔စိတ္ကို မနည္းတည္ၿငိမ္ေအာင္ ႀကိဳးစားေနရသည္။ သို႔ေသာ္ တုန္လႈပ္ေနဆဲ။ စစ္မႈထမ္းရမွာကို သူ မေၾကာက္ပါ။ သူေၾကာက္တာ တစ္ေယာက္ေသာသူႏွင့္ အၾကာႀကီး ခြဲရမွာကိုသာ။

" ဘယ္ႏွစ္ႏွစ္လဲ ခမည္းေတာ္ ၊ စစ္မႈထမ္းရတာ ဘယ္ေလာက္ၾကာမွာလဲ "

" သုံးႏွစ္ေပါ့ သား ... ၾကည္းတပ္ ၊ ေရတပ္ ၊ ေလတပ္ ၊ တစ္မ်ိဳးကို တစ္ႏွစ္စီနဲ႔  သုံးႏွစ္ တာဝန္ထမ္းေဆာင္ရလိမ့္မယ္ "

ခမည္းေတာ္ရဲ႕ အေျဖက တစ္ကိုယ္လုံးမွာ ရွိသည့္ အားအင္ေတြကို ဆုတ္ယူသြားသလိုပင္။

သုံးႏွစ္တဲ့ေလ ။
သူငယ္ခ်င္းေတြႏွင့္ခြဲၿပီး ၊ မိသားစုႏွင့္ခြဲၿပီး ၊ ဟက္ပီးေလးႏွင့္ခြဲၿပီး ေနရမည့္သုံးႏွစ္ ။
ရွင္းသန႔္တည္ၾကည္ ေဘးမွာမရွိဘဲ ေနရမည့္သုံးႏွစ္ ။

' ငါ ဘယ္လိုလုပ္ရမလဲ ရွင္း '

#PoPoPhoenix

---------------------------------------

{ A/N - My babies have grown up 😭 }

Continue Reading

You'll Also Like

1M 60.8K 58
❦{Own Creation}❦ Unicode "မေ့လျော့ခံရတဲ့ ချစ်ခြင်းမေတ္တာတွေ" အလေးအနက် မထားမိခြင်းနဲ့ ပေါ့ရော့မှုတွေရဲ့ အဆုံးသတ်မှာ ဘာတွေများရှိနေနိုင်မလဲ။ Author-Lil...
356K 16.1K 37
"မင်းရှိတဲ့အရပ်ကိုသာမျက်နှာမူချင်တဲ့သူပါ မင်းသာ မောင့်အနားကမထွက်သွားပါနဲ့ ဘာပဲပေးဆပ်ရဆပ်ရ အဆင်ပြေတယ်ဘေဘီ" 𝐌𝐢𝐧𝐞 𝐍𝐲𝗼𝐡 𝐒𝐡𝐢𝐧+ 𝐍𝐠𝐚𝐲 𝐍𝐚𝐲...
308K 21K 62
မွဴးထက္ပိုင္ =ဘယ္သူကထင္မိမွာလဲ ေပါက္စ မင္းဟာ ကို႔ ဘဝရဲ႕ အရာရာျဖစ္လာမယ္လို႔ သူရိယကိုကို =တကယ္ေတာ့ အာ့ဦးေလးႀကီးးကႏွာဘူးးႀကီး ျမတ္ခ်ယ္ရီ= မ အခ်စ္ေတြကိ...
5.4M 719K 198
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...