ချောက်ချားဖွယ်ရာဘော့စ်ကြီးကို...
By Swae_Nyoe
100K 13.9K 162
ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို... More
Description
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
တယ်လီဂရုလေး ရရှိပါကြောင်း..
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
တယ်လီပေးဂရုပြီး‌ဆုံးပါကြောင်း...
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
တယ်လီဂရုနောက်တစ်ခု စဆုံးပြီးဆုံးပါကြောင်း...
BL Completed Package Promotion
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
☘️သင်္ကြန်ပရိုမိုးရှင်း
Part 88
Part 89
Part 90
Part 91
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 92
Part 93
Part 94
Part 95
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
Part 96
Part 97
🌧️ချစ်ခြင်းမေတ္တာများနှင့် မိုးရာသီပရိုမိုးရှင်း🌧️
🌧️ချစ်မေတ္တာများဖြင့် မိုးရာသီ ပရိုမိုးရှင်း 2nd Day🌧️
Part 40
1K 181 1
By Swae_Nyoe
40 01
အပိုင်း (၄၀)
"ဒီကို သူ့ကိုရှာဖို့ လာခဲ့တာ"
ဤစကားကိုပြောပြီးနောက် ယင်ညန်သည် ဘာမှ မထူးခြားသလို သူ့ကို ကြည့်နေခဲ့သည်။
ကျန်းကျိရင် မထင်မှတ်ထားသော အကြောင်းအရင်းကို ပြောလိုက်သည့် ရှေ့မှ လူကြောင့် အလန့်တကြားဖြစ်သွားသည်။ သူကိုလည်း ထိုမိုက်မဲလှပါသည်ဆိုသော "မီမီ" မှန်း သိသွားမည်ကို ကြောက်လာသည်။
အပြစ်ရှိစိတ်ကြီး........
ကျန်းကျိရင် ခေါင်းယမ်း၍ သူ၏ လက်တွေ့မကျသော အတွေးများကို ထုတ်လိုက်သည်။ ယင်ညန်ကို အလွန်ရိုးသားသော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး
"ဒေါက်တာက ဒီလောက်ကောင်းတာ သေချာပေါက် ဒေါက်တာ့ရဲ့ ကြောင်ကလေးကို ရှာတွေ့မှာပါ ဘာကိစ္စမှ မရှိတာ့ဘူးဆိုရင် ကျွန်တော့်ကို ခွင့်ပြုပါဦး နောက်မှ တွေ့မယ်နော်"
အသက်တစ်ရှိုက်အတွင်း စကားကုန်ပြော၍ မြန်မြန် လှည့်ထွက်သွားသည်။ သူ၏ ထွက်သွားသော နောက်ကျောကို ကြည့်၍ ယင်ညန် နှုတ်ခမ်းစေ့လိုက်သည်။
'သူ ထပ်ပြီး ထွက်ပြေးသွားပြန်ပြီ'
ဒေါက်တာယင် မပျော်တော့ပါ။
ကျန်းကျိရင် သူ့အခန်းကို ဖင်မီးစွဲနေသလို အမြန်ပြေးလာသည်။ သူ့မျက်နှာကို လက်နှင့်အုပ်၍ ကုတင်ပေါ်သို့ ခုန်တက်လိုက်သည်။ ယင်ရှောက်ရှန်းက အသံပေးပြီး သူ့နားသို့ ရောက်လာသည်။ သူ့ကို ရေခဲပြာရောင် မျက်လုံးဝိုင်းဝိုင်းလေးများအဖြစ် စူးစမ်းသလို ကြည့်နေသေးသည်။
ကျန်းကျိရင် ရှောက်ရှန်းကို လက်တစ်ဖက်တည်းနှင့် ချီလိုက်ပြီး ပေါင်ပေါ်တင်လိုက်သည်။ သူ၏ လက်ညှိုးလေးဖြင့် ကြောင်နှာခေါင်းသေးသေးလေးကို အသာအယာ ပုတ်လိုက်သည်။
ယင်ရှောက်ရှန်း သူ့ခေါင်းကို မပျော်ရွှင်စွာ လှည့်ပစ်သည်။
ကျန်းကျိရင် သူ့ကိုယ်သူ ပြောသည်။
"ဘော့စ်က ကြောင်ကလေးတွေကို အရမ်းကို ကြိုက်တာပဲ မင်းကလည်း အဲဒီတုန်းက ငါနဲ့ တစ်ပုံစံတည်းနီးနီးပဲ သူ မင်းကိုလည်း ကြိုက်လောက်တယ်............ မင်းကို တွေ့ရင် သူအရမ်းပျော်သွားလောက်တယ်"
"သူက မင်းကို အရမ်းသဘောကျသွားပြီး သူနဲ့အတူ ခေါ်သွားချင်တယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ ပါးပါး ကလေးလေးနဲ့ မခွဲချင်သေးဘူး........ ကိစ္စမရှိပါဘူး သူပျော်ရင်ပြီးတာပဲ.......... သူနဲ့အတူနေရရင် ပါးပါးနဲ့နေရတာထက်တောင် ကောင်းကောင်းနေရမှာ...နော်"
"နောက်ဆုံးတော့ သူက ကြောင်ကလေးတွေကို အရမ်းချစ်တာ"
ယင်ရှောက်ရှန်းမှာ သူပြောနေသည်တို့ကို တစ်လုံးမှ နားမလည်ပေ။ သူ့ကို ဘေးတိုက်မော့ကြည့်လိုက်ပြီး
"အောင်းဝ်?"
နောက်တစ်နေ့ ကျန်းကျိရင် ကြောင်ကလေးကို သူ့အိတ်ကပ်ထဲ ထည့်ထားလိုက်ပြီး အပြင်ထုတ်လိုက်သည်။ သူတို့သည် သုတေသနတစ်ချို့လုပ်ရန် ကျန်သေးသော ယင်ညန်နောက်သို့ ပတ်လိုက်နေရသေးသည်။
မည်သည့် အန္တာရာယ်မှ မရှိသော်လည်းပေါ့
ကျန်းကျိရင်မှာ သူ့ဘေးမှ လူသည် သူ့ကို အန္တာရာယ်ဖြစ်စေမည့် အရာမျိုး တစ်ခုမှ လုပ်လိမ့်မည်မဟုတ်ဟု ပြင်းပြင်းထန်ထန် ယုံကြည်နေသည်။ ယင်ညန်သည် ကြောင်တစ်ကောင်ကို တစ်ချိန်လုံး ဘောင်းဘီအိတ်ထဲ ထည့်သယ်ထားသော ကျန်းကျိရင်ကို တိတ်တဆိတ် ကြည့်နေမိသည်။ သူ့မျက်နှာက အမူအယာမဲ့နေသော်လည်း စိတ်ထဲမှတော့
'ကျိရင်လေးက ချစ်စရာကောင်းလိုက်တာ....'
ဘော့စ်၏ မျက်နှာထားက မပြောင်းလဲသော်လည်း စိတ်အခြေအနေကတော့ သိမ်မွေ့နေသည်ကို ကျန်းကျိရင် ခံစားမိသည်။
ယင်ညန်က ကြောင်ကလေးတွေကို တကယ်ကို ချစ်တာပဲဟု တွေးမိနေသည်။ သို့သော် တစ်လမ်းလုံး ယင်ညန်သည် ရှောက်ရှန်းလေးကို ဂရုလဲမစိုက်သလို စိတ်လဲ မဝင်စားပေ။ ဆန့်ကျင်ဘက်အနေနှင့် ရှောက်ရှန်းလေး ဘောင်းဘီအိတ်ထဲမှ
40 02
သူ့ပေါင်ကို ကိုယ်နှင့် ပွတ်လိုက်ချိန်တိုင်း ဘော့စ်က မျက်မှောင်ကြုတ်ကြုတ်သွားသည်။
'ဗီလိန်ဘော့စ်တစ်ယောက် ပျော့ခွေပြီး သူများကို အားကိုးနေရတဲ့ ကြောင်လေးတွေကို မကြိုက်လောက်ဘူးဆိုတာ တကယ်များလား...'
'မဟုတ်သေးပါဘူး... ရှောက်ရှန်းက နည်းနည်းလေးက နည်းနည်းလေး သေးနေတယ်ဆိုပေမဲ့ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ငါ့ထက်တောင် ကောင်းသေးတယ် မှီခိုတွယ်ကပ်နေတဲ့အကြောင်းပြောရရင်...........ငါ ယင်ညန်နဲ့အတူရှိတုန်းက သူကပဲ ချီချီသွားလို့ ငါ့မှာ လမ်းတောင် မလျှောက်ရတာကို......'
ကျန်းကျိရင် တစ်လှမ်းလုံး ဤအကြောင်းတွေးလာပြီး ယင်ညန်ကို တစ်စက်ကလေးမှ အာရုံမစိုက်သလို ဖြစ်သွားသည်။
ယင်ညန် ".........."
မနေ့က ခရီးစဉ်အားလုံး ပြင်ဆင်ပြီးသွားပြီ။ ကျိရင်လည်း ငါ နှစ်ရက်အတွင်း ထွက်သွားတော့မှာကို သိလောက်တယ် ဒါပေမဲ့ သူက လုံးဝ ဂရုမစိုက်ဘူး.......... ငါ့ကိုလွမ်းတယ်လို့ ပြောတာလည်းသူပဲ အခု ငါဒီကို ရောက်လာတာလည်း သူက လွမ်းလို့ဆိုလို့ ရောက်လာတာလေ....
ယနေ့တွင် သူတို့နောက်သို့ လိုက်သူသည် အားခုန်းနှင့် အားမုဖြစ်သည်။ နောက်တွင် လမ်းလျှောက်နေသော အားခုန်းသည် ရုတ်တရက် တိတ်တိတ်လေး အားမုဘေးသို့ တိုးသွားပြီး
"မုကော ကပ္ပတိန်ရဲ့ မျက်နှာထားကို သတိထားမိလား အပြုအမူတွေနဲ့ အမူအယာတွေက ဒေါက်တာယင်နဲ့ တစ်ထပ်တည်းပဲနော်...."
အားမု ".......အဲဒါနဲ့တူတယ်....ဘာပါလိမ့် ဪ စုံတွဲမျက်နှာ
အားခုန်း သူ့ကို လှည့်ကြည့်လိုက်သည်။
အားမု "ကျွန်တော် ဘာမှ မပြောဘူးနော်"
အားခုန်းက တိုးတိုးပြောသည်။
"တကယ်တော့ ရှောင်ကျင်းပြောတာ ကပ္ပတိန့်ကို ဒေါက်တာက ကြိုက်နေတယ်လို့ သူထင်နေတယ်တဲ့ မဟုတ်ရင်တောင် ဒေါက်တာက ကပ္ပတိန်အပေါ် အမြင်ကောင်းတော့ ရှိလောက်တယ်တဲ့ အစ်ကိုလည်းသိပါတယ် အဲဒီကောင်လေးက စိတ်စွမ်းအားရှင်ဆိုတော့ သူက ခံစားချက်နဲ့ပတ်သတ်တဲ့ ကိစ္စတွေမှာ အာရုံခံစားမှု တော်တော်ကောင်းတယ်လေ ညီမလည်း သူပြောတာကြားပြီး ဖြစ်နိုင်တယ်လို့ ထင်တယ် ဒေါက်တာယင်က သူတို့နဲ့ လိုက်ပြီး လေ့လာတဲ့ ပထမနေ့မှာ ယန်ဖူအကြောင်းကြားပြီး မပျော်တော့သလို ဖြစ်သွဦးတယ်တဲ့ နောက်တော့ ကပ္ပတိန်ကို ယိုးခွင်တို့နဲ့ တိုက်တုန်းက ကူညီခဲ့သေးတယ်လေ...."
အားမုက ပို၍ပင် တည့်တိုးဆန်သည်။ သူက ဘာမှကို တွေးမနေဘဲ ပြောချလိုက်သည်။
"အစ်ကိုကတော့ ဒေါက်တာယင်က တော်တော်ကောင်းတယ်လို့ ထင်တယ် သူက စွမ်းအားကြီးပြီး ဆွဲဆောင်မှုလည်း ရှိတယ် သူ့ပုံစံက အေးစက်စက်ပေမဲ့ အဓိကက ကပ္ပတိန်အပေါ် ကောင်းဖို့ပဲလေ အနည်းဆုံးတော့ သူကကပ္ပတိန်ကို ကမ္ဘာပျက်ကပ်မှာ အငတ်တော့ မထားလောက်ဘူး"
အားခုန်းက စိတ်မကောင်းစွာ သက်ပြင်းချလိုက်ပြီး
"ဒါပေမဲ့ ကပ္ပတိန်က.......... အိုင်း မပြောတတ်တော့ဘူး ကပ္ပတိန်က ခန့်မှန်းမရဘူး"
ကျန်းကျိရင်ကတော့ သူ့အကြောင်း အတင်းအဖျင်းများက တစ်ဆင့်တိုးသွားပြီဆိုသည်ကို သိကို မသိသေးပေ။
သို့နှင့် နှစ်ရက်ကြာပြီးနောက် လူတိုင်း နှုတ်ဆက်ကြရတော့မည်။ ကျန်းကျိရင်နှင့် သူ၏ အဖွဲ့သားများသည် တပ်ခွဲလေးခေါင်းဆောင်နော်ကမှ လိုက်သွားကြပြီး တိတ်ဆိတ်စွာ ရပ်နေကြသည်။ အဖွဲ့သားများသည် အချင်းချင်း မျက်စပစ်၍ ဆက်သွယ်ကြသည်။
"ဒေါက်တာယင်ကြည့်ရတာ စိတ်အခြေအနေမကောင်းဘူး ထင်တယ်"
"ကပ္ပတိန်လည်းပဲ ပုံမှန်လို တက်ကြွမနေဘူး"
"ကြည့်ဦး သူဒီဘက်ကို ကြည့်နေတယ်"
"ကပ္ပတိန်ကကွာ တကယ်ဘဲ ခေါင်းကြီးငုံ့ပြီး ယင်ရှောက်ရှန်းကိုပဲ ကြည့်နေတယ်......"
"ဒေါက်တာယင်ကြီး ဘယ်လောက်တောင် စိတ်ပျက်သွားလိုက်မလဲ အား..."
40 03
လူအုပ်နောက်တွင် ပုန်းနေပြီးနောက် ကျန်းကျိရင် ဆက်တိုက်ခေါင်းငုံ့ထားပြီး ယင်ရှောက်ရှန်းနှင့် ဆော့ချင်ယောင်ဆောင်နေသည်။
ဤလူထွက်သွားမည်ကို သူ့လောက် တားချင်သည့်သူ မည်သူမှ ရှိမှာ မဟုတ်ပေ။
သူ့စိတ်ထဲတွင် ယင်ညန်သည် ဤကမ္ဘာပေါ်တွင် သူ့ကို အမြဲစောင့်နေပြီး ဘယ်သောအခါမှ ထားမသွားမည့် တစ်ဦးတည်းသောလူဖြစ်သည်။
သူ့ချစ်သူ ပျောက်ကွယ်သွားမည့်နေ့ ရှိလာမည်ဟု ဘယ်သောအခါမှ မစိုးရိမ်သလို သူ့ချစ်သူက သူ့ကို သစ္စာဖောက်မည့်နေ့ ရှိလာမှ မဟုတ်ကြောင်းလည်း ယုံကြည်သည်။
သူထွက်ခွာသွားသည်ကို စောင့်ကြည့်ရင်း သူကိုယ်တိုင် ထွက်သွားခြင်းကို စောင့်ကြည့်နေရသည်။ သူမခံစားနိုင်တော့ပါ။
သူတို့က တစ်ယောက်နှင့်တစ်ယောက် မသိကြသလို ဆိုပေမဲ့လည်း...
ထုတ်မပြောနိုင်သော နှလုံးသားထဲမှ ဝမ်းနည်းမှုအား ဖြေလျော့ရန် ကျန်းကျိရင် သူ့အခန်းသူ ပြန်သွားသည်။ ထို့နောက် Item Store၏ ကံစမ်းမဲနေရာသို့ သွားသည်။ အစတုန်းက သူသည် ထောင်ချောက်တစ်ခုရခဲ့ပြီး ထိုထောင်ချောက်က ရှောက်ရှန်းကို ခေါ်လာပေးသည်။ သူသည် တစ်ခါမှ ပစ္စည်းကောင်းများ မရဖူးသလို လတ်တလောတွင်လည်း အလွန်အလုပ်များနေခဲ့ရာ ကျန်းကျိရင် ကံစမ်းမဲကို မေ့မေ့သွားပြီး လွဲချော်သွားခဲ့သည်။
ရလဒ်ကတော့ အချိန်က ချွင်းချက်မဟုတ်ပေ။ သူ နောက်ထပ် ဖျောဖြေရေး item တစ်ခုဖြစ်သော အသွင်ပြောင်းအဆောင်စာရွက် ပေါက်လေသည်။
သုံးရက်ခံပြီး သင်နှင့်ထိတွေ့မှုအများဆုံးသော တိရစ္ဆာန်တစ်ကောင်အဖြစ် ပြောင်းလဲနိုင်သည်။ အသွင်ပြောင်းသက်ရောက်မှုကို ပယ်ဖျက်ရန် right-click နှိပ်ပြီး အဆောင်ကို ဆွဲဖြဲပစ်ပါ။
ကျန်းကျိရင် မျက်နှာကြီး မည်းသွားပြီး အသွင်ပြောင်းအဆောင်ကို ကိုယ်ပိုင် သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။
.......................
ယင်ညန်ထွက်ခွာသွားပြီးနောက် စခန်းသည် ပုံမှန်အတိုင်း ပြန်လည်ပတ်သွားသည်။ သို့သော် သူနှင့် ပိုင်မုန့်အဖွဲ့အစည်းတို့၏ သတင်းတို့ကတော့ အချိန်နှင့် တပြေးညီ ကြားနေရဆဲပင်။
ဥပမာပြောရလျှင်... ဒေါက်တာယင်နှင့် တကျော့ပြန်အခြေစိုက်စခန်းခေါင်းဆောင် ယန်ဖူတို့၏ ဆက်ဆံရေးက သိပ်မကောင်းဟု ထင်ရသည် ဆိုတာမျိုး ဖြစ်သည်။
သို့သော် လူသားအခြေစိုက်စခန်းများ၏ မဟာမိတ်ဖွဲ့ စုစည်းမှု အခြေအနေသည် ထင်ထားသည်ထက် ပိုကောင်းသည့်ဘက်သို့ ဦးတည်နေခဲ့သည်။ ရက်အနည်းငယ်ခန့်က မျှော်လင့်ချက်စခန်းခေါင်းဆောင်သည် အစည်းအဝေးတက်ရန် တကျော့ပြန်စခန်းသို့ သွားရောက်ခဲ့သည်။
သူဘာမှ မလုပ်နိုင်လျှင်ပင် ထိုနေရာသို့ ရောက်တိုင်း အမြဲတမ်း သက်တောင့်သက်သာ ဖြစ်သလို ခံစားရသည်။ သူ့တွင် အကျိုးအမြတ်အချို့ ရနိုင်ပြီး သူ့စခန်းတွင် ကြံစည်ခံရခြင်းမှ သူ့ကိုယ်သူ ကယ်တင်နိုင်မည်။ သို့သော် ဤအဆင့်ရောက်ကာမှ ပြဿနာအကြီးကြီး တက်သွားသည်။
ဒေါက်တာယင် ပျောက်သွားပြီ
ယန်ဖူသည် ကမ္ဘာပျက်ကပ်မတိုင်ခင်ကတည်းက လွှမ်းမိုးနိုင်စွမ်း ကြီးမားသော လူတစ်ယောက်ဖြစ်သည်။
အစတုန်းက တကျော့ပြန်အခြေစိုက်စခန်းသည် ဤဆွေးနွေးပွဲကို လက်ခံကျင်းပရမည့် အိမ်ရှင်ဖြစ်သည်။ သူက ယွင်လေ့ထျန်းလောက် စွမ်းအားမကြီးသော်လည်း လာမည့် မဟာမိတ်တပ်ပေါင်းစုအတွက် ခေါင်းဆောင်တစ်ယောက်ဖြစ်လာနိုင်မည့် အနေအထားမျိုးတော့ ရှိပါသေးသည်။
သို့သော် အမြဲ ကြားနေရပ်တည်သည့် ဒေါက်တာယင်က သူ့ပိုင်နက်ထဲမှ အကြောင်းအရင်းမရှိ ပျောက်သွားသည်။ သူ့တွင် ဤကိစ္စအတွက် တာဝန်တစ်ချို့ ရှိပြီး ဆိုးကျိုးများလည်း ရလာသည်။
ထိုအကြောင်းကို ကြားပြီး အဖွဲ့သားများက ကျန်းကျိရင်ကို တိတ်တိတ်လေး ခိုးကြည့်လိုက်ကြသည်။
ကျန်းကျိရင်မှာ တစ်ခါမှ မမြင်ဖူးသော ဤမစ်စတာ ယန် ဆိုသူကို သနားသွားသည်။ ယင်ညန်၏ တကယ့်ပုံရိပ်အစစ်အမှန်ကို သိထားရာ ဤအဖြစ်အပျက်တွင် ယန်ဖူက လုံးဝ အပြစ်ကင်းသည်ကို သူနားလည်သည်။
တစ်လကြာပြီးနောက် မျှော်လင့်ချက် စခန်းခေါင်းဆောင် ပြန်ရောက်လာသည်။ တစ်ချိန်တည်းမှာပင် မိုးတိမ်မဟာမိတ်တပ်ပေါင်းစုကို တရားဝင် တည်ထောင်လိုက်ပြီဖြစ်ကြောင်း သတင်းကလည်း တရားဝင်ထွက်လာသည်။
40 04
ကစားသမားများ ရင်းနှီးထားပြီးဖြစ်သော ဦးလေး ယွင်လေ့ထျန်းက ခေါင်းဆောင်ဖြစ်လာသည်။
ဤအချိန်အတွင်းတွင် ကျန်းကျိရင် အစစ်အမှန်ကမ္ဘာသို့ နှစ်ကြိမ် ပြန်သွားခဲ့သည်။
ဓာတ်ခွဲခန်းထဲမှ ဝိုင်ကို ကြည့်ရင်း ရှုပ်ထွေးနေသလိုသာ ခံစားရသည်။
သူသ်ည တကယ့်အသက်ရှူနေ လမ်းလျှောက်နေပြီး စကားပြောနိုင်ကာ တုံ့ပြန်နိုင်သော ယင်ညန်ကို တွေ့ခဲ့ရသည်။ သို့သော် ဤပုဂ္ဂိုလ်ရှေ့တွင် တကယ်တမ်း ရပ်လိုက်သည့်အချိန်တိုင်းတွင် သူ့ကိုယ်သူ မထိန်းချုပ်တော့ဘဲ ပြေးဖက်လိုက်ဖို့ မဝံ့ရဲတော့ပေ။ သူ့ကို စကားပင် မပြောနိုင်ရာ သူ့ကို ချစ်ကြောင်း မည်သို့ ပြောထွက်ပါတော့မည်နည်း။
သူထွက်သွားသည်ကိုသာ စောင့်ကြည့်နိုင်ပြီး "မသွားပါနဲ့" ဟူသည့် စကားတစ်ခွန်းကိုမှ မပြောနိုင်သလို သူ့နောက်သို့ လိုက်သွားဖို့လည်း မလုပ်နိုင်ခဲ့ပါချေ။
"ခင်များသာ တစ်ဘဝလုံး ကျွန်တော့်ကို ဒီလိုမျိုး အဖော်ပြုပြီး ထာဝရစောင့်ပေးနိုင်မယ်ဆိုရင်..."
"တစ်နေ့ကျရင် ခင်များ ကျွန်တော့်ကို မလိုချင်တော့ဘဲ ထားသွားမှာကို ကျွန်တော် ကြောက်နေစရာ မလိုတော့ဘူး"
"အခုလက်ရှိ ခင်များက အကောင်းဆုံးပဲ"
"ကျွန်တော် ခင်များကို နေ့တိုင်း တွေ့ချင်ပြီး နေ့တိုင်း အဖော်ပြုပေးချင်တယ်"
"ခင်များက ကျွန်တော့်အပိုင်ဖြစ်လာဖို့ ဆုတောင်းပါတယ်"
"ယင်ညန်"
'ကျွန်တော် ခင်များကို ချစ်တယ်'
............................................
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။ 
Zawgyi
40 01
အပိုင်း (၄၀)
အပြစ်ရှိစိတ်ကြီး........
"အောင်းဝ်?"
40 02
ယင်ညန် ".........."
40 03
.......................
40 04
"ယင်ညန်"
............................................
Continue Reading
You'll Also Like
7.6K 1.1K 6
Description Recently, my childhood buddy has been giving me some very ambiguous signs. Is he trying to turn me gay? Author - Jiao Hua Qing Jiu/浇花清酒 S...
3.2K 106 30
လက်တွေ့လူငယ်တွေရဲ့ စိတ်ခံစားမှုကနေ ဘဝအတွက်ရုန်းကန်ရင်း နှလုံးသားနဲ့ဉီးနှောက် ယှဉ်ပြီးစဉ်းစားလာရတဲ့အခါ..... မိဘတွေရဲ့အမြင် စိတ်သဘောထားကရော... သားသမီးတ...
256K 34.2K 131
ဘာသာပြန်သူ - Swae Nyoe Team, ဆုမြတ်လှိုင်
3.5K 436 8
MCရှင်းယန်နဲ့အတူ မ္ဘာပေါင်းများစွာ လိုက်ပါသွားကြရအောင် I own nothing for this book just translation only translation Started date-17.11.2021 End da...